Return to Video

DNA စစ်ဆေးမှုတွေက ကျုပ်တို့ ဘေးဘိုးတွေ အကြောင်းကို ဘာတွေများ ပြောပြနိုင်ကြလဲ - Prosanta Chakrabarty

  • 0:07 - 0:11
    ညီအစ်မနှစ်ယောက်တို့ဟာ DNA စစ်ဆေးမှုကို
    အတူတူ ပြုလုပ်ခဲ့ကြတယ်။
  • 0:11 - 0:18
    ရလဒ်အရ ညီမ တစ်ယောက်ထံတွင် ပြင်သစ်သွေး ၁၀%
    ပါခဲ့ပြီး နောက်တစ်ယောက်မှာ ၀% ဖြစ်ခဲ့တယ်။
  • 0:18 - 0:21
    အဲဒီ ညီအစ်မနှစ်ဦးစလုံးရဲ့
    မိဘနှစ်ပါး တူခဲ့ကြလို့၊
  • 0:21 - 0:23
    သူတို့ရဲ့ ဘိုးဘေးတွေလည်း တူခဲ့ကြတယ်။
  • 0:23 - 0:29
    ဒီတော့ တစ်ယောက်က ဘယ်လိုလုပ်ပြီး
    ပြင်သစ်သွေး ၁၀% ပိုပါနေတာလဲ။
  • 0:29 - 0:34
    ဒီလို စစ်ဆေးမှုတွေက ကျုပ်တို့ရဲ့ DNA အရ
    ဘိုးဘေးတွေကို ဖေါ်ထုတ်နိုင်ပေမဲ့၊
  • 0:34 - 0:37
    တကယ်ကျတော့ DNA က ကျုပ်တို့ ဘယ်သူတွေလဲ၊
    ဘယ်က ဆင်းသက်လာကြတာလဲ
  • 0:37 - 0:42
    အပြည့်အစုံ ဖြေမပေးနိုင်ပါဘူး။
  • 0:42 - 0:45
    DNA စစ်ဆေးမှုဟာ ကျုပ်တို့ မိဘတွေက
    ဘယ်သူတွေလဲ တိကျစွာ ဖြေပေးနိုင်ပေမဲ့၊
  • 0:45 - 0:50
    ကိုယ့်ဘိုးဘေးတွေဟာ
    ဒေသတစ်စုံတစ်ခုထဲ နေထိုင်ခဲ့ကြသူတွေလား
  • 0:50 - 0:54
    ဆိုတာကို ဖြေပေးရာတွင်
    အဖြေဟာ သေချာဖို့ မလွယ်ပါ။
  • 0:54 - 1:01
    ဒီလို ဖြစ်ရတာကို နားလည်ဖို့ ကျုပ်တို့
    DNA ဘယ်က လာတာလဲ သိဖို့ လိုပါမယ်။
  • 1:01 - 1:06
    လူတစ်ဦးရဲ့ DNA ထဲတွင်
    အခြေခံအတွဲပေါင်း ၆ ဘီလီယံခန့်ရှိပြီး
  • 1:06 - 1:11
    chromosomes အတွဲပေါင်း ၂၃ ခု၊
    စုစုပေါင်း ၄၆ ထဲတွင် သိုလှောင်ထားပါတယ်။
  • 1:11 - 1:14
    အဲဒါဟာ စဉ်းစားမရအောင်ကို များပြားတဲ့
    အချက်အလက်တွေလို့ ထင်စရာ ရှိပေမဲ့၊
  • 1:14 - 1:19
    ကျုပ်တို့ရဲ့ မျိုးရိုးဗီဇထဲက ၉၉% တို့ဟာ
    လူသားအားလုံးဆီမှာ အတူတူပါပဲ။
  • 1:19 - 1:27
    ကျန်တဲ့ ၁% က လူတစ်ယောက်ရဲ့ ဘိုးဘေးဆိုင်ရာ
    ထူးခြားချက်ကို သိမ်းဆည်းပေးတာပါ။
  • 1:27 - 1:34
    ငွေပေးပြီး ပြုလုပ်ကြတဲ့ DNA စစ်ဆေးမှုထဲမှ
    ခုနက ၁% ရဲ့ ၁% မျှကိုသာ ဖေါ်ထုတ်ပေးတာပါ။
  • 1:34 - 1:39
    အတွဲတိုင်းထဲက chromosome တစ်ခုစီဟာ
    မိဘတစ်ဦးချင်းထံမှ ရတဲ့ဟာပါ။
  • 1:39 - 1:43
    အတွဲရဲ့ တစ်ဝက်စီဟာ သုက်ပိုးနဲ့ ဥတွေရဲ့
    chromosome ၂၃ ခုစီ
  • 1:43 - 1:47
    သန္ဓေတည်ချိန်မှာ ရောစပ်ပြီး တွဲမိတာပါ။
  • 1:47 - 1:52
    သန္ဓေမတည်မီတွင် ကျုပ်တို့ ဘိုးဘေးများရဲ့
    ဇာတ်မြစ်တွေ ရောယှက်ကုန်ပါတယ်။
  • 1:52 - 1:56
    သုက်ပိုးနဲ့ ဥတွေရဲ့ chromosome ၂၃ ခုတို့ဟာ
  • 1:56 - 2:01
    ခန္ဓာကိုယ်ထဲက အခြားဆဲလ်တွေရဲ့ chromosome
    တွေနဲ့ ထပ်တူ မဟုတ်ကြလို့ပါ။
  • 2:01 - 2:07
    ၎င်းတို့က chromosome ၄၆ ခုပါ ဆဲလ်များထဲက
    လိင်ဆိုင်ရာ ဆဲလ်ဆီ ၂၃ ခုသာ လွှတ်ပေးကြလို့
  • 2:07 - 2:11
    အတွဲတိုင်းထဲက chromosome တွေဟာ
    တချို့အပိုင်းတွေကို ဖလှယ်ပစ်ကြပါတယ်။
  • 2:11 - 2:18
    ဒီဖြစ်စဉ်ကို ပြန်လည်ရောစပ်မှုလို့
    ခေါ်ပြီး သုက်ပိုး ဒါမှမဟုတ် ဥတိုင်းထဲတွင်
  • 2:18 - 2:24
    chromosome တစ်ခုစီသာပါပြီး အတွဲတိုင်းဟာ
    လုံးဝမတူတဲ့ ရောစပ်မှု ဖြစ်လာတတ်ပါတယ်။
  • 2:24 - 2:28
    လိင်ဆိုင်ရာ ဆဲလ်တစ်ခုစီဟာ သူ့နည်းသူဟန်နဲ့
    ပြန်လည်ရောစပ်မိတဲ့ အတွက်
  • 2:28 - 2:33
    ညီအစ်မနှစ်ယောက်ရဲ့ chromosome တွေဟာ
    သူတို့မိဘတွေနဲ့ မတူရုံတင်မက
  • 2:33 - 2:35
    သူတို့နှစ်ဦးစလုံးတောင် မတူကြပါဘူး။
  • 2:35 - 2:39
    ပြန်လည်ရောစပ်မှုဟာ
    သန္ဓေမတည်မီတွင် ဖြစ်ပျက်တာမို့လို့၊
  • 2:39 - 2:44
    ကျုပ်တို့ဟာ မိမိတို့ မိဘတစ်ဦးချင်းထံမှ
    ကိုယ့် DNA တစ်ဝက်စီကို အတိအကျ ရရှိကြပေမဲ့၊
  • 2:44 - 2:48
    ရှေ့ဆက် လေ့လာကြည့်ရင်
    အရာတွေဟာ ပိုရှုပ်ထွေးတာကို တွေ့ရပါမယ်။
  • 2:48 - 2:53
    ပြန်လည်ရောစပ်မှုသာ မရှိခဲ့ရင် ကျုပ်တို့
    အဘိုးအဘွားတို့ထံမှ ၁/၄ စီ ရရှိခဲ့လျက်
  • 2:53 - 2:57
    ဘေးများထံမှ ၁/၈ စီ
    စသဖြင့် ရရှိခဲ့ကြရမှာပါ၊
  • 2:57 - 3:03
    ဒါပေမဲ့ မျိုးဆက်တိုင် ပြန်လည်ရောစပ်မှု
    ရှိနေလို့ အဲဒီအချိုးအစားဟာ ကွဲပြားတတ်တယ်။
  • 3:03 - 3:06
    မျိုးဆက်တစ်ခုဟာ ဘိုးဘေးများနဲ့ ဝေးလေလေ၊
  • 3:06 - 3:12
    အဲဒီဘိုးဘေးတို့ဟာ အဲဒီမျိုးဆက်ရဲ့ DNA ထဲ
    နည်းလာတ၊ လုံးဝမပါတာမျိုး ဖြစ်နိုင်လေပါ။
  • 3:12 - 3:15
    ဥပမာ၊ ပြန်လည်ရောစပ်မှုသာ မရှိခဲ့ရင်၊
  • 3:15 - 3:22
    ကျုပ်တို့ဟာ အထက်ရှိ ခြောက်ခုမြောက် ဘိုးဘေး
    ထံမှ ကျုပ်တို့ DNA ရဲ့ ၁/၆၄ ကို ရခဲ့မှာပါ။
  • 3:22 - 3:26
    ပြန်လည်ရောစပ်မှုကြောင့်
    အဲဒီအချိုးအစားဟာ ပိုများနိုင်သလို
  • 3:26 - 3:32
    ဘယ်လောက် များမယ် ဒါမှမဟုတ် သုညတောင်
    ဖြစ်မှာကို ကျုပ်တို့ သေချာပေါက် မသိကြပါ။
  • 3:32 - 3:35
    အဲဒါကြောင့် ညီမတစ်ယောက်ထံတွင်
    ပြင်သစ်သွေး ပိုများနေတာ၊
  • 3:35 - 3:39
    ပြင်သစ်ဘိုးဘေးတွေ ပါဝင်မှု
    ပိုများနေတာကို မဆိုလိုပါဘူး။
  • 3:39 - 3:45
    အဲဒီလိုပြောမယ့်အစား ပြင်သစ်ဘိုးဘေးတွေ
    DNA ထဲပါဝင်မှု ပိုများနေတာပါ။
  • 3:45 - 3:48
    ဒီဇာတ်လမ်းဟာ ဒီမှာတင် ပြီးမသွားပါဘူး။
  • 3:48 - 3:53
    စစ်ဆေးမှုတွေက ညီမတွေရဲ့ ပြင်သစ်ဘိုးဘေးရဲ့
    လက်တွေ့ DNA ကို ခြေရာခံကြည့်တာ မဟုတ်ဘဲ၊
  • 3:53 - 3:57
    ကွယ်လွန်သွားကြပြီဖြစ်တဲ့ ယခင်
    မျိုးဆက်များရဲ့ မျိုးရိုးဗီဇတွေ
  • 3:57 - 4:00
    ကျုပ်တို့ဆီမှာ မရှိဘူးဆိုတော့၊
  • 4:00 - 4:03
    အဲဒီအစား၊ အဲဒီလိုရလဒ်တွေကို
    ဒီနေ့ ပြင်သစ်နိုင်ငံမှာ နေထိုင်နေကြတဲ့
  • 4:03 - 4:08
    ပြည်သူတို့ရဲ့ DNA နဲ့
    ယှဉ်ကြည့်မှုမှ ရရှိခဲ့တာပါ။
  • 4:08 - 4:14
    စစ်ဆေးမှုတွေက မျိုးရိုးဗီဇ အမှတ်အသားတွေ၊
    မျိုးရိုးဗီဇ ရောစပ်မှုကို ရှာကြည့်တာပါ။
  • 4:14 - 4:19
    သက်ဆိုင်ရာ ဒေသတွေမှာ တွေ့ရတတ်တဲ့
    တိုတောင်းတဲ့ ကွင်းဆက်တွေပါ။
  • 4:19 - 4:23
    "ပြင်သစ်သွေး ပိုပါတယ်" လို့
    ယူဆရတဲ့ ညီမထဲတွင်
  • 4:23 - 4:27
    ပြင်သစ်နိုင်ငံမှာ အခုနေထိုင်နေသူတို့ရဲ့
    မျိုးရိုးဗီဇ အမှတ်အအသားတွေ ပိုပါဝင်နေတာပါ။
  • 4:27 - 4:31
    အဲဒီလို ပါဝင်နေကြတဲ့ အမှတ်အသားတွေက
  • 4:31 - 4:35
    ပြင်သစ်ဆိုတဲ့ နေရာမှ
    အမှတ်အသားတွေနဲ့ တူနေလို့ပါ။
  • 4:35 - 4:39
    အဲဒီလို ရလဒ်တွေဟာ မျိုးရိုးဗီဇ
    ကွင်းဆက်တွေကို ဖေါ်ထုတ်ပြီးသား
  • 4:39 - 4:41
    ဥရောပတိုက်မှ ဆင်းသက်လာသူတို့ထဲက
  • 4:41 - 4:45
    ၈၀-၉၀% အထိပါဝင်တဲ့ ပြည်သူတွေ
    ဖြစ်ကြောင်း အရေးကြီးပါတယ်။
  • 4:45 - 4:50
    တိုင်းရင်းသားလူမျိုး အများအပြားတို့အတွက်
    အဲဒီလို ဖေါ်ထုတ်ထားတာ မရှိသလောက်ပါပဲ။
  • 4:50 - 4:55
    လက်ရှိ ဒေတာဘေ့စ်ထဲ မပါဝင်တဲ့ လူမျိုးတွေရဲ့
    အမွေအနှစ်ကို ဖေါ်ထုတ်မရနိုင်သလို
  • 4:55 - 5:00
    ဘယ်လူမျိုး ဒါမှမဟုတ် ဘယ်တိုင်းရင်းသား
    ဖြစ်ကြောင်း သက်သေထူဖို့ သုံးမရနိုင်ပါဘူး။
  • 5:00 - 5:05
    လူမျိုးတွေကို တိုးတိုး စီစဉ်ဖေါ်ထုတ်လာလို့
    ကျုပ်တို့ ရလဒ်တွေပါ ပြောင်းလဲသွားနိုင်တယ်။
  • 5:05 - 5:11
    ရှေးခေတ်သို့ နောက်ကိုပြန်သွားရင် ကျုပ်တို့
    ထဲ Neanderthal ၂% ပါဝင်တာ တွေ့နိုင်ပါတယ်။
  • 5:11 - 5:14
    Neanderthal တို့ဟာ
    လူသားတွေနဲ့ မတူတဲ့ မျိုးစိတ် ဖြစ်ခဲ့ပေမဲ့၊
  • 5:14 - 5:21
    ခုနက ၂% ဟာ လူသားအားလုံးတို့ဆီမှာ
    အတူတူရှိတဲ့ မျိုးရိုးဗီဇ ၉၉% ထဲက မဟုတ်ဘဲ၊
  • 5:21 - 5:24
    မတူခြားနားနိုင်တဲ့ ၁% ထဲကပါ။
  • 5:24 - 5:28
    အဲဒီလို ဖြစ်ရတာက လွန်ခဲ့တဲ့
    နှစ်ပေါင်း ၄၀,၀၀၀ လောက်တုန်းက၊
  • 5:28 - 5:32
    လူသားထဲက တချို့သောသူတွေဟာ
    Neanderthal တို့နဲ့ သွေးရောစပ်ခဲ့ကြလို့ပါ၊
  • 5:32 - 5:36
    ဒီနေ့ အသက်ရှင် နေထိုင်နေတဲ့ လူတချို့ထံမှာ
    Neanderthal ဘိုးဘေးတွေ ရှိတဲ့ သဘောပါ။
  • 5:36 - 5:40
    Neanderthal ဘေးဘိုးတွေ များပြားခဲ့ပြီး
  • 5:40 - 5:43
    နှစ်ပေါင်း ၄၀၀၀၀ အတွင်းမှာ မျိုးဆက်တွေ
    အများကြီး ပေါ်ပေါက်လာခဲ့ကြလို့၊
  • 5:43 - 5:49
    Neanderthal တို့ထံက တစ်ခုတည်းသော မျိုးရိုး
    ဗီဇကို ခြေရာခံကြည့်ဖို့ မလွယ်ပါဘူး၊
  • 5:49 - 5:54
    လူတစ်ဦး တချိန်တည်းမှာ ၁၀၀% ပြင်သစ်သွေး
    ပါနိုင်ပြီး Neanderthal ၂% လည်းပါနိုင်တယ်၊
  • 5:54 - 5:59
    ဒါတောင် အဲဒီနှစ်ခုစလုံးဟာ ကျုပ်တို့ကို
  • 5:59 - 6:02
    မတူကွဲပြားလာစေတဲ့ ၁% ထဲက လာတာပါ။
  • 6:02 - 6:09
    ကျုပ်တို့ DNA ထဲတွင် ဘိုးဘေးတွေရဲ့ အရိုက်
    အရာကို ခြေရာခံကြည့်ဖို့ သိပ်ခက်ခဲပါတယ်။
  • 6:09 - 6:14
    ကျုပ်တို့က DNA အမွေကိုရယူကြပုံနဲ့
    အချက်အလက်တွေ စစ်ဆေးနိုင်ပုံအရ
  • 6:14 - 6:20
    တစ်ခုခုကို ၁၀၀% ယတိပြတ်
    ပြောဖို့ မလွယ်ကူပါဘူး။
Title:
DNA စစ်ဆေးမှုတွေက ကျုပ်တို့ ဘေးဘိုးတွေ အကြောင်းကို ဘာတွေများ ပြောပြနိုင်ကြလဲ - Prosanta Chakrabarty
Speaker:
Prosanta Chakrabarty
Description:

သင်ခန်းစာ အပြည့်အဝကို ကြည့်ရှုရန်မှာ- https://ed.ted.com/lessons/what-can-dna-tests-really-tell-us-about-our-ancestry-prosanta-chakrabarty

ညီအစ်မနှစ်ယောက်တို့ဟာ DNA စစ်ဆေးမှုကို အတူတူ ပြုလုပ်ခဲ့ကြတယ်။ ရလာတဲ့ ရလဒ်အရ ညီမ တစ်ယောက်ထံတွင် ပြင်သစ်သွေး ၁၀% ပါခဲ့ပြီး နောက်တစ်ယောက်ထံတွင် ဘာမှ မပါခဲ့ပါ။ ဒီလို စစ်ဆေးမှုတွေက ကျုပ်တို့ရဲ့ DNA ကို ကြည့်ပြီး ဘိုးဘေးတွေအကြောင်း ဖြေပေးနိုင်ပေမဲ့၊ တကယ်ကျတော့ DNA က ကျုပ်တို့ ဘယ်သူတွေလဲ၊ ဘယ်က ဆင်းသက်လာကြတာလဲ အပြည့်အစုံ ဖြေမပေးနိုင်ပါဘူး။ Prosanta Chakrabarty ကနေပြီး DNA စစ်ဆေးမှုတွေရဲ့ တိကျမှု အကြောင်းကို စူးစမ်းလေ့လာပြီး ကျုပ်တို့အတွက် တင်ပြပေးထားပါတယ်။

Prosanta Chakrabarty ရဲ့ ပို့ချချက်ကို Artrake Studio မှ ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
06:21

Burmese subtitles

Revisions