Return to Video

ဘာလို့ အဆစ်ရောင်တာကို မကုနိုင်သေးတာလဲ - Kaitlyn Sadtler နဲ့ Heather J. Faust

  • 0:07 - 0:09
    အဖွားရဲ့ငယ်စဉ်က အကြောင်းတွေ
    စားမြုံပြန်ရင်း
  • 0:09 - 0:13
    သင့်အဖွားဟာ ကျွမ်းဘားမယ်ဆိုရင်
    သင်ယုံဖို့ခက်နေပါလိမ့်မယ်။
  • 0:13 - 0:18
    တကယ်တော့ ခါးနာ၊ တံတောင်နာ၊ ဒူးကိုက်တာတွေ
    အသက်အရွယ်ကြီးရင့်လာတဲ့
  • 0:18 - 0:20
    လူကြီးသူမတွေမှာ အိုနာ အနေနဲ့
    ဖြစ်လာသလို
  • 0:20 - 0:25
    လူငယ်တွေမှာလည်း
    ဖြစ်နေတဲ့ ပြဿနာပါ။
  • 0:25 - 0:27
    တရားခံကတော့ အဆစ်ရောင်ရောဂါပါ။
  • 0:27 - 0:30
    အဆစ်တွေရောင်ပြီး နာတဲ့ရောဂါပေါ့။
  • 0:30 - 0:34
    အမေရိကမှာဆို လူသန်း ၉၀ ကျော်
    ခံစားနေရတဲ့ရောဂါပါ။
  • 0:34 - 0:37
    ဒီလိုအဆစ်ရောင်တာဟာ ရှောင်လွှဲမရဘူးလား?
  • 0:37 - 0:39
    နေရာအနှံ့မှာ ဘာကြောင့်ဖြစ်နေရသလဲ?
  • 0:39 - 0:43
    ဒါကို အရှင်းပျောက်ဖို့ ကုထုံး
    ဘာလို့ ရှာမရသေးတာလဲ?
  • 0:43 - 0:46
    ပထမဆုံးအနေနဲ့ ပြောရရင်
    အဆစ်ရောင်တယ်ဆိုတာ
  • 0:46 - 0:49
    ရောဂါပေါင်း ၁၀၀ ကျော်ကို
    စုစည်းခေါ်၀ေါ်လိုက်တာပါ။
  • 0:49 - 0:53
    ဒီရောဂါတိုင်းဟာ အဆစ်ရောင်ပြီး နာတဲ့
    လက္ခဏာတွေ တူညီကြတယ် ဆိုပေမဲ့
  • 0:53 - 0:57
    ဇစ်မြစ်နဲ့ ရောဂါအတိမ်အနက်
    ကွဲပြားခြားနားပါတယ်။
  • 0:57 - 1:00
    အများဆုံးဖြစ်တဲ့ရောဂါကတော့
    ထင်တာထက် ပိုပြီးကာကွယ်ရခက်တဲ့
  • 1:00 - 1:02
    osteoarthritis ပါ။
  • 1:02 - 1:06
    ယေဘုယျအားဖြင့် အသက်ကြီးလို့ဖြစ်တာ
    ဆိုပေမဲ့
  • 1:06 - 1:11
    နောက်ကြောင်းပြန်စစ်လိုက်ရင်
    ငယ်စဉ်အခါက
  • 1:11 - 1:14
    အဆစ်ထိခိုက်ဒဏ်ရာရခဲ့တာတွေကနေ
    အခြေတည်လာခဲ့တာ ဖြစ်ပါတယ်။
  • 1:14 - 1:18
    ထိခိုက်မှုဖြစ်တဲ့အခါ ကိုယ်ခံအားဆဲလ်တွေက
    ထိခိုက်မိတဲ့နေရာကို ပြင်ဆင်ရှင်းလင်းဖို့
  • 1:18 - 1:20
    metalloproteinases နဲ့
  • 1:20 - 1:24
    aggrecanases တွေပါတဲ့
    အင်ဇိုင်းတွေကို ထုတ်ပါတယ်။
  • 1:24 - 1:28
    ဒီအင်ဇိုင်းတွေက ပျက်နေတဲ့ဆဲလ်တွေရှင်းရင်း
    ရောင်ရမ်းတာကို ဖြစ်စေပါတယ်။
  • 1:28 - 1:32
    ရောင်ရမ်းတာဟာ ပြင်ဆင်နေချိန်မှာ
    အဆစ်ကို ကာကွယ်ထားတာဖြစ်ပေမဲ့
  • 1:32 - 1:36
    ချက်ခြင်းအနာမကျက်နိုင်သေးတဲ့ ဆဲလ်တွေဟာ
    ကိုယ်ခံအားဆဲလ်တွေကို ဆက်လက်လက်ခံထားရာက
  • 1:36 - 1:40
    အင်ဇိုင်းတွေ ဆက်တိုက်ထွက်နေပြီး
    အရွတ်တွေ စတင်ထိခိုက်ရာမှ
  • 1:40 - 1:43
    အဆစ်တွေအားနည်းလာကာ
    နောက်ပိုင်း အဆစ်ရောင်ရောဂါ ဖြစ်လာတာပါ။
  • 1:43 - 1:48
    အားလုံးကတော့ ငယ်စဉ်က ဒဏ်ကြောင့်
    မဟုတ်ပါဘူး။
  • 1:48 - 1:53
    အမေရိကန်လူလတ် ၁.၃သန်းမှာ လေးဘက်နာအဆစ်ရောင်
    rheumatoid arthritis ဖြစ်နေတာပါ။
  • 1:53 - 1:55
    သူကတော့ မိမိကိုယ်ခံစွမ်းအားကြောင့်
    ဖြစ်ပွားလာတဲ့ ရောဂါပါ။
  • 1:55 - 1:59
    အရွတ်ဆဲလ်တွေက ထုတ်တဲ့
    သာမန်ပရိုတိန်းတွေကို
  • 1:59 - 2:02
    ကိုယ်ခံအားဆဲလ်တွေက
    လိုက်တိုက်ရာက ဖြစ်တာပါ။
  • 2:02 - 2:04
    ဘာလို့ ဒီလိုဖြစ်လဲဆိုတာ
    ဘယ်သူမှ မသိသေးပါဘူး၊
  • 2:04 - 2:08
    သာမန်တစ်ရှူးတွေကို ပြင်ပက ဝင်ရောက်လာသလို
    သဘောထားတိုက်ခိုက်နေတာနဲ့တူပါတယ်။
  • 2:08 - 2:13
    ဘာပြင်ဆင်စရာ ဘာဒဏ်ရာမှ မရှိပဲ
    ကိုယ်ခံအားဆဲလ်တွေ အဆစ်ထဲ စိမ့်ဝင်ရာက
  • 2:13 - 2:16
    နာတာရှည် အဆစ်ရောင်ရောဂါ ဖြစ်လာပြီး
  • 2:16 - 2:19
    အရိုးနဲ့ အရွတ်ကို ဖျက်ပါတော့တယ်။
  • 2:19 - 2:22
    နောက်ရောဂါတစ်မျိုးကတော့
    spondyloarthritis ဖြစ်ပါတယ်။
  • 2:22 - 2:25
    သူကတော့ တခြားအဆစ်ရောင်တာတွေနဲ့
    လက္ခဏာတွေ ဆင်တူပါတယ်။
  • 2:25 - 2:28
    သူဟာ အဆစ်တွေ (အထူးသဖြင့် အရိုးနဲ့အရွတ်
    တွဲဆက်တဲ့ နေရာတွေ) ကို
  • 2:28 - 2:31
    ဘာဒဏ်မှ မဖြစ်ဖူးပါဘဲနဲ့
  • 2:31 - 2:33
    ကာလရှည်ကြာ ရောင်ရမ်းနေစေပါတယ်။
  • 2:33 - 2:38
    ဒီလိုကြောင့် အင်ဇိုင်းတွေ ဗလပွဖြစ်လာပြီး
    အရွတ်တွေ ပျက်လာပါတော့တယ်။
  • 2:38 - 2:42
    သူကတော့ မတူကွဲပြားတဲ့ cytokines ဆိုတဲ့
    ပရိုတိန်း လက်ချက်ပါ။
  • 2:42 - 2:44
    အင်ဇိုင်းတွေက အရွတ်တွေကို
    စားထုတ်ပစ်လိုက်တဲ့အခါ
  • 2:44 - 2:48
    ခန္ဓာကိုယ်က အရိုးတွေကို ပူးပြီး
    အဆစ်ငယ်တွေကို ထိန်းဖို့ကြိုးစားရာက
  • 2:48 - 2:53
    အရိုးအတက်ထွက်လာပြီး
    အဆစ်ခိုင်ပြီး နာတဲ့
  • 2:53 - 2:56
    ကျီးပေါင်းရောဂါပါ ဖြစ်လာတတ်ပါတယ်။
  • 2:56 - 2:58
    အဆစ်ရောင်ရောဂါ ဖြစ်စေတဲ့အချက်
    များစွာရှိနေပေမယ့်
  • 2:58 - 3:01
    လက်ရှိကုသမှုတွေဟာ
    ရောဂါဖြစ်စေတဲ့ အချက်တွေထက်
  • 3:01 - 3:03
    လက္ခဏာတွေကိုပဲ
    လိုက်လံကုသနေရတာဖြစ်ပါတယ်။
  • 3:03 - 3:06
    ကုနည်းတွေကတော့ MACI ခေါ်တဲ့
    အရွတ်ကနေ ဆဲလ်ထုတ်ယူပြီး
  • 3:06 - 3:10
    တစ်ရှူးအစားထိုး ပျိုးပေးတာမျိုးကနေ
  • 3:10 - 3:12
    microfracture လို့ခေါ်တဲ့
  • 3:12 - 3:15
    အရိုးမှာ အပေါက်လေးတွေ ဖေါက်ပြီး
  • 3:15 - 3:19
    ရိုးတွင်းခြင်ဆီပင်မဆဲလ်တွေ စိမ့်ထွက်လာစေကာ
    အရွတ်အသစ်ဖြစ်စေမယ့်နည်းအထိ ရှိပါတယ်။
  • 3:19 - 3:20
    နောက်ဆုံးနည်းကတော့
  • 3:20 - 3:25
    အရွတ်ခမ်းသွားတဲ့သူကို
    အဆစ်အစားထိုးနည်းနဲ့ ကုသပေးပါတယ်။
  • 3:25 - 3:27
    ဒီလိုကုသနည်းတွေ ရှိပေမဲ့
  • 3:27 - 3:29
    ကိုယ်ခံအားကြောင့်ဖြစ်တဲ့
    အဆစ်ရောင်ရောဂါတွေကတော့
  • 3:29 - 3:32
    ကုထုံး ရှာဖွေနေရဆဲပါပဲ။
  • 3:32 - 3:37
    သိပ္ပံပညာရှင်တွေဟာ လေးဘက်နာအဆစ်ရောင်မှာ
    ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့
  • 3:37 - 3:41
    TNF-alpha ပရိုတိန်းကို တားဆီးမယ့်
    ကုထုံးကို ဖော်ထုတ်နေပါတယ်။
  • 3:41 - 3:46
    ဒါကလည်း လက္ခဏာကို ကုတဲ့ကုထုံးပါ။
    ဇစ်မြစ်ကိုကုဖို့ မဟုတ်ပါဘူး။
  • 3:46 - 3:52
    တချိန်တည်းမှာပဲ ကျွန်တော်တို့ကလည်းပဲ
    အဆစ်တွေ ဝိတ်အများကြီး မထမ်းရအောင်
  • 3:52 - 3:55
    ကိုယ်အလေးချိန်ချ၊ ယောဂနဲ့ စက်ဘီးစီးတာလို
    ပေါ့ပါးတဲ့အားကစားလေးတွေလုပ်၊
  • 3:55 - 3:59
    ဆေးလိပ်သောက်ခြင်းကိုရှောင်
    စတာတွေလုပ်သင့်ပါတယ်။
  • 3:59 - 4:03
    ဒီလို အမူအကျင့်တွေက တဖက်ကများပြားလှတဲ့
    အဆစ်ရောင်ရောဂါတွေကို
  • 4:03 - 4:06
    ကုသမယ့်နည်းလမ်းတွေကို
    ရှာဖွေလေ့လာနေချိန်မှာပဲ
  • 4:06 - 4:09
    ကျွန်တော်တို့ အသက်ရှည်အောင်
    ကူညီပေးပါလိမ့်မယ်။
Title:
ဘာလို့ အဆစ်ရောင်တာကို မကုနိုင်သေးတာလဲ - Kaitlyn Sadtler နဲ့ Heather J. Faust
Speaker:
Kaitlyn Sadtler နဲ့ Heather J. Faust
Description:

သင်ခန်းစာအပြည့်အစုံ - https://ed.ted.com/lessons/why-haven-t-we-cured-arthritis-kaitlyn-sadtler-and-heather-j-faust

ခါးနာ၊ တံတောင်နာ၊ ဒူးကိုက်တာတွေဟာ အသက်ကြီးသူတွေမှာ ဖြစ်နေကြပြဿနာတွေပါ။ လူငယ်တွေမှာလဲ ဖြစ်နေတတ်ပါတယ်။ ပြဿနာတွေရဲ့ တရားခံကတော့ အဆစ်ရောင်ရောဂါဖြစ်ပြီး အမေရိကမှာဆို လူသန်းကိုးဆယ်ကျော် ခံစားနေရတဲ့ရောဂါပါ။ ဒီရောဂါ ဘာလို့ နေရာအနှံ့မှာ ဖြစ်နေတာလဲ? ဘာလို့မကုနိုင်သေးတာလဲ? Kaitlyn Sadtler နဲ့ Heather J. Faust တို့က လေ့လာတင်ဆက်ထားပါတယ်။

သင်ခန်းစာပို့ချသူ - Kaitlyn Sadtler နဲ့ Heather J. Faust
စီစဥ်ညွှန်ကြားသူ - CUB ကာတွန်းရုပ်ရှင်

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:10

Burmese subtitles

Revisions