-
Title:
သတ္တိနှင့် ကြောက်စိတ်ကြားက လှပတဲ့ ဟန်ချက်ညီမှု။
-
Description:
ကြွက်သား ယိုယွင်းလာစေတဲ့ ရှားပါးတဲ့ မျိုးရိုးဗီဇဆိုင်ရာ အခြအနေရောဂါတစ်ခု တွေ့ရှိပြီးနောက်မှာ သူ့ရဲ့ သက်မွေးမှုလုပ်ငန်း ရည်မှန်းချက်တွေကို ကန့်သတ်ဖို့နဲ့ သူ့စိတ်ကူးအိပ်မက်တွေကို လျှော့ချပစ်ဖို့ လို့တယ်လို့ Cara E. Yar Khan ကို ပြောကြတယ်။ ဒီအကြံပေးချက်ကို လျစ်လျူရှုပြီး ဒီအစား သူ့ရဲ့ အကြီးမားဆုံး အိပ်မက်တွေကို နောက်ကို ဆက်လိုက်ခဲ့တယ်။ ဒီအားကောင်းပြီး စိတ်လှုပ်ရှားစေတဲ့ ဟောပြောချက်မှာ သူ့အတွက် အရေးပါဆုံး စီမံကိန်းတွေကို လုပ်ကိုင်ခြင်းအတွက် သူ့ရဲ့ဒဿနကို မျှဝေထားပါတယ်။ သတ္တိနဲ့ ကြောက်စိတ် အတူတကွ ယှဉ်တွဲနေစေရင်းပါ။ သူ့ရဲ့ အဆိုအတိုင်း အပြည့်အဝ ရှင်သန်ခြင်းကို ပြသတဲ့ ခရီးတစ်ခုရဲ့ ရင်ဖိုစရာ၊ မူးနောက်ရီဝေစေတဲ့ ဗီဒီယိုပြကွက်ကို ကြည့်လိုက်ပါဦး။
-
Speaker:
Cara E. Yar Khan
-
ကျွန်မတို့ ငယ်စဉ်အခါမှာ
သဘောရိုးနဲ့ သတ္တိရှိကြပြီး
-
ဘဝတွေ ဘယ်လို ဖြစ်နိုင်လောက်တာ
ကို မကြောက်မလန့် အိပ်မက်မက်ကြတယ်။
-
သင်ဟာ အာကာသယာဉ်မှုတစ်ဦး (သို့) ဂြိုဟ်တု
သိပ္ပံပညာရှင်တစ်ဦးဖြစ်ချင်လောက်တယ်။
-
သင်ဟာ ကမ္ဘာ့တိုက်တိုင်းကို ခရီးထွက်တာကို
အိပ်မက်မက်နေခဲ့လောက်တယ်။
-
ကျွန်မ ငယ်စဉ်ကတည်းက
-
ကမ္ဘာ့ အခက်ခဲဆုံး နိုင်ငံတချိုမှာ
-
ကုလသမဂ္ဂ အတွက် အလုပ်လုပ်ဖို့
အိပ်မက်မက်ခဲ့တယ်။
-
များပြားလှတဲ့ သတ္တိ ကျေးဇူးကြောင့်
-
ဒီအိပ်မက် အမှန်ဖြစ်လာခဲ့တယ်။
-
ဒါပေမဲ့ ဒီမှာက သတ္တိနဲ့ ဆိုင်တဲ့ အရာပါ။
¶
-
လိုအပ်ချိန်တိုင်းမှာ ပေါ်ကို မလာတာပါ။
-
ဒါက ကြောက်စိတ်နဲ့ သတ္တိရှိမှုကြားက
ဟန်ချက်ညီမှု ပါဝင်တဲ့
-
ခက်မာတဲ့ ဆင်ခြင် သုံးသပ်ချက်တဲ့
လက်တွေ့ အလုပ်ရဲ့ ရလဒ်ပါ။
-
ကြောက်စိတ်မဲ့ရင် ရူးမိုက်တာတွေကို
ကျွန်မတို့ လုပ်ကြလိမ့်မယ်
-
သတ္တိရှိမဲ့ရင် မကျွမ်းတဲ့နေရာကို
ဘယ်တော့မှ လှမ်းဝင်ကြမှာမဟုတ်ဘူး။
-
ဒီနှစ်ခုကြားက ဟန်ချက်ညီမှုက
မှော်ဆန်မှု ကိန်းအောင်းရာပါ။
-
ကျွန်မတို့ နေ့စဉ် ရင်ဆိုင်ရတာအားလုံးက
ဟန်ချက်ညီမှု တစ်ခုပါ။
-
ပထမ ကျွန်မရဲ့ဆန်းပြားတဲ့
ဘီးတွေအကြောင်း စကားတစ်လုံးက
¶
-
ကျွန်မ ဘီးတပ်လှည်းကို အမြဲ မသုံးခဲ့ဘူး။
-
အတော်များများလိုပဲ ပြေးလိုက်၊
-
ခုန်လိုက်၊ ကလိုက်နဲ့
ကျွန်မ ကြီးပြင်းခဲ့တာပါ။
-
ကျွန်မက ကရတာ ကြိုက်တယ်။
-
ဒါပေမဲ့ အသက်နှစ်ဆယ့်ငါးနှစ်လောက်မှာ
-
နားလည်ရခက်တဲ့ ကျဆုံးမှုတွေ အစဉ်လိုက်
စတင် တွေ့ကြုံတယ်။
-
နှစ်အနည်းငယ်အကြာမှာ
-
HIBM (သို့) ခန္ဓာကိုယ်ကြွက်သား
တစ်ရှူးရောဂါပါတဲ့
-
မျိုးရိုးလိုက်တာလို့ခေါ်တဲ့ ငုပ်နေတဲ့
ဗီဇဆိုင်ရာ အခြေအနေရောဂါ
-
စဖြစ်ခဲ့တယ်။
-
ဒါက ခေါင်းကနေ ခြေဖျားအထိ
ကြွက်သားအားလုံးကို
-
ထိခိုက်စေတဲ့ တိုးဖြစ်နေတဲ့ ကြွက်သား
ပြုန်းတီးမှု ရောဂါတစ်ခုပါ။
-
HIBM က အတော် ဖြစ်ခဲပါတယ်။
-
အမေရိကန် ပြည်ထောင်စုမှာ
ရောဂါဖြစ်သူ ၂၀၀ မရှိပါဘူး။
-
ဒီနေ့အထိ ကုသနိုင်ခဲ့ကြောင်း
အထောက်အထား မရှိသေးဘူး။
-
စဖြစ်တဲ့ ၁၀ နှစ် (သို့) ၁၅ နှစ်အတွင်း
-
HIBM ဟာ ထုံးစံအတိုင်း လေးဘက်နာ
ဖြစ်စေတာကြောင့်
-
အခု ကျွန်မ ဘီးတပ်လှည်းကို
အသုံးပြုတာပါ။
-
ကျွန်မ ပထမဆုံး ရောဂါဖြစ်တော့
အရာတိုင်း ပြောင်းလဲသွားတယ်။
¶
-
ဒါက ထိတ်လန့်စရာ သတင်းဖြစ်ခဲ့တာက
-
ကျွန်မဟာ နာတာရှည် နေမကောင်းတာ (သို့)
မသန်စွမ်းမှုတွေ မကြုံဖူးခဲ့လို့ပါ။
-
ရောဂါက ဘယ်လို တိုးဖြစ်နိုင်တာ
ကျွန်မ မသိခဲ့ဘူး။
-
ဒါပေမဲ့ အားငယ်စရာအဖြစ်ဆုံးက
-
ကျွန်မရဲ့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို
ကန့်သတ်ပြီး
-
ဘဝကနေ မျှော်လင့်တဲ့
မျှော်လင့်ချက်အားလုံးကို
-
ပြောင်းလဲဖို့လူတွေက ကျွန်မကို
အကြံပေးတာကို နားထောင်ဖို့ပါ။
-
"မင်းရဲ့ နိုင်ငံတကာ အလုပ်အကိုင်ကို
ထွက်သင့်တယ်။"
-
"ဒီလိုဆို မင်းကို ဘယ်သူမှ
လက်ထပ်မှာမဟုတ်ဘူး။"
-
"ကလေးယူမယ်ဆို မင်း တစ်ကိုယ်ကောင်း
ဆန်ရာ ကျမှာပေါ့။"
-
ကျွန်မ မဟုတ်တဲ့ တစ်ယောက်ယောက်က
-
ကျွန်မရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေကို
ကန်သတ်နေတာဟာ
-
ယုတ္တိမရှိဘူးလေ။
-
လက်မခံနိုင်စရာပါ။
-
ဒီတော့ လျစ်လျူရှုခဲ့တယ်။
-
(အားပေးသံ၊ လက်ခုပ်သံများ)
¶
-
-
ကလေးမယူဖို့ ကိုယ်တိုင်
ဆုံးဖြတ်ချက်ချခဲ့တယ်။
-
ရောဂါတွေ့ရှိအပြီးမှာ ကုလသမဂ္ဂနဲ့အတူ
ကျွန်မ သက်မေွးအလုပ်ကို
-
ဆက်လုပ်ခဲ့တယ်။
-
အန်ဂိုလာမှာ နှစ်နှစ်တာ အလုပ်ဆင်းရင်းပါ။
-
ရက်စက်တဲ့ ပြည်တွင်းစစ်ရဲ့ ၂၇ နှစ်ကနေ
နလံထူလာတဲ့ နိုင်ငံတစ်ခုပါ။
-
ဒါပေမဲ့ အလုပ်ရှင်ကို ကျွန်မရဲ့ရောဂါ
-
တွေ့ရှိမှုကို တရားဝင် မကြေညာခင်အထိ
နောက်ထပ် ငါးနှစ် ကြာခဲ့လိမ့်မယ်။
-
ကျွန်မရဲ့စွမ်းဆောင်မှုကို
-
သူတို့ မေးခွန်းထုတ်ပြီး
ကျွန်မ အလုပ်ပြုတ်မှာ စိုးရိမ်တာကြောင့်ပါ။
-
ကျွန်မက ပိုလီယို အဖြစ်များတဲ့
နိုင်ငံတွေမှာ အလုပ်လပ်နေတာကြောင့်
-
ကျွန်မဟာ ပိုလီယိုရောဂါကနေ
-
ရှင်ကျန်နိုင်ခဲ့လောက်မယ်လို့
တစ်ယောက် ပြောတာ ကြားခဲ့တယ်။
-
ကျွန်မရဲ့ လျှို့ဝှက်ချက်တော့
စိတ်ချရပြီလို့ ထင်ခဲ့တယ်။
-
ဘာလို့ ကျွန်မ ခြေဆာနေတာလဲလို့
ဘယ်သူမှ မမေးကြတော့
-
ဘာမှ ကျွန်မ မပြောခဲ့ဘူး။
-
-
လုပ်ဆောင်မှုတွေက
တိုးတိုးပြီး ခက်ခဲလာတာတောင်မှ
-
HIBM ရဲ့ ပြင်းထန်မှုကို နှလုံးသွင်းဖို့
ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့တယ်။
-
ဒါပေမဲ့ တစ်ကမ္ဘာလုံးမှာ အလုပ်လုပ်ဖို့
ကျွန်မရဲ့ အိပ်မက်နောက် ဆက်လိုက်ခဲ့ပြီး
-
ဟေတီက UNICEF အတွက် မသန်စွမ်း
ဗဟိုမှာတောင်
-
ခန့်အပ်ခံခဲ့ရတယ်။
-
အကြီးအကျယ် ပျက်စီးစေတဲ့ ၂၀၁၀
ငလျင်အပြီး နှစ်နှစ်ကြာ အမှုထမ်းခဲ့တယ်။
-
ဒီနောက် အလုပ်က ကျွန်မကို
အမေရိကန် ပြည်ထောင်စုကို ခေါ်ခဲ့တယ်။
-
ရောဂါက သိသိသာသာ တိုးလာပြီး
-
လျှောက်လည်ဖို့ ခြေထိန်းတွေ၊ လမ်းလျှောက်
ကိရိယာတွေလိုအပ်တာတောင်
-
စွန့်စားဖို့ တောင့်တနေသေးတယ်။
-
ဒီတစ်ကြိမ်မှာတော့
-
ကြီးကျယ်တဲ့ အပြငင်ဘက်
စွန့်စားမှုကို စတင် အိပ်မက်မက်ခဲ့တယ်။
-
Grand Canyon ထက် ဘာက
ပိုကြီးကျယ်ဦးမှာလဲ။
-
Rim ကို လည်ပတ်သူ ငါးသန်းတိုင်းမှာ
တစ်ရာခိုင်နှုန်းပဲ
¶
-
တောင်ကြားရဲ့အခြေကို ဆင်းတာ သိကြပါသလား။
-
ကျွန်မက ဒီတစ်ရာခိုင်းနှုန်းရဲ့
တစ်စိတ်တစ်ပိုင်းဖြစ်ချင်တယ်။
-
တစ်ခုတည်းသော အရာက
-
-
တစ်ခုတည်းသောအရာ Grand Canyon ဟာ
ဝင်ခွင့်ရဘူးဆိုတာ အတိအကျပါ။
¶
-
ထောင်လိုက် မြေပြင်အနေအထားရဲ့
-
ပေ ၅၀၀၀အဆင်းကို ဆင်းသွားဖို့
အကူအညီ လိုအပ်တော့မှာလေ။
-
ကဲ အတားအဆီးတွေ ကြံုရတဲ့အခါ
-
ကြောက်စိတ်က သေချာပေါက်
ချက်ချင်း ဝင်မလာတာက
-
တစ်နည်းနည်းနဲ့ ဒါကို ကျွန်မ
-
တွက်ဆမယ်လို့ ယူဆမိလို့ပါ။
-
ဒီဖြစ်ရပ်မှာ ကျွန်မရဲ့အတွေးက
-
ကောင်းပြီ၊ ငါ လမ်းလျှောက် မဆင်းနိုင်ရင်
-
မြင်းစီးသင်လို့ရတာပဲလို့ပါ။
-
ဒါနဲ့ မြင်းစီးသင်လိုက်တယ်လေ။
-
ဒီကြမ္မာငင်တဲ့ ဆုံးဖြတ်ချက်နဲ့
¶
-
၁၂ ရက် စူးစမ်းလေ့လာရေးတစ်ခု
လုပ်ဆောင်ဖို့
-
ကြောက်စိတ်နဲ့ သတ္တိကြား ရှေ့တိုး
နောက်ငင် လူးလွန့်ရင်း
-
လေးနှစ်တာ နှစ်မြှုပ်မှုတစ်ခု စခဲ့တယ်။
-
Grand Canyon အနားတစ်ဘက်စီကို
ဖြတ်သန်းဖို့ မြင်း လေးရက်စီးပြီး
-
ကိုလိုရာဒိုမြစ်ရဲ့ မိုင် ၁၅၀ ရှစ်ရက်
ဖောင်စီးခဲ့တယ်။
-
ရိုက်ကူးရေးအဖွဲ့ တန်းလန်းနဲ့ပေါ့။
-
ဖျက်ဆီးရေး သတိ၊ ကျွန်မတို့ ရောက်ခဲ့တယ်။
-
ဒါပေမဲ့ ကျွန်မရဲ့ အနက်ရှိုင်းဆုံး
ကြောက်စိတ်က တူညီတဲ့
-
သတ္တိရဲ့တုံ့ပြန်မှု မှန်ပြင်တစ်ခု ပေါ်ပုံ
ကျွန်မကို မပြသဘဲတော့ မဟုတ်ဘူးပေါ့။
¶
-
ဧပြီလ ၁၃ ရက် ၂၀၁၈ မှာ
-
မြေပြင်ရဲ့ ရှစ်ပေအမြင့်မှာ ထိုင်ရင်း
-
Sheriff လို့ခေါ်တဲ့ မြင်းပုကို စီးရင်း
-
ကျွန်မရဲ့ Grand Canyon ပထမဆုံး ခံစားမှုက
-
ချောက်ချား၊ထိတ်လန့်မှုတစ်ခု ဖြစ်ခဲ့တယ်။
-
ကျွန်မမှာ အမြင့်ကြောက်စိတ်တစ်ခုရှိတာ
ဘယ်သူ သိခဲ့လို့တုန်း။
-
-
ဒါပေမဲ့ အခု လက်လျှော့စရာ မရှိခဲ့တော့ဘူးလေ။
¶
-
ကြောက်စိတ်က ကျွန်မရဲ့ အကောင်းဆုံးဆီ
မရောက်စေဖို့
-
ကျွန်မကိုယ်တွင်းက ရှိသမျှ သတ္တိကို
စုစည်းခဲ့တယ်။
-
South Rim ကို တက်ရာမှာ
-
ကိုယ့်ကိုယ်ကို တည်ငြိမ်စေဖို
ကျွန်မ လုပ်နိုင်တာဆိုလို့
-
အသက်ပြင်းပြင်းရှုပြီး
တိမ်တွေကို မော့ကြည့်ကာ
-
ကျွန်မအဖွဲ့ရဲ့ အသံတွေကို
အာရုံစိုက်ခဲ့တာပါ။
-
ဘယ်လိုပဲဖြစ်ဖြစ် ပထမ နာရီအတွင်းမှာ
ဘေးဒုက္ခ ရောက်ခဲ့တယ်။
-
ကုန်းနှီးမှာ မတ်မတ် တောင့်မထားနိုင်တော့
-
ပုံမှန်ထက်ကျယ်တဲ့ လှေကားထစ်ကို ဆင်းတုန်း
-
ရှေ့ကို ပစ်လဲပြီး မြင်းခေါင်းရဲ့ အနောက်နဲ့
မျက်နှာကို ရိုက်မိခဲ့တယ်။
-
ကြောက်စိတ်မွှန်သွားခဲ့တယ်။
-
ခေါင်း အပြင်းအထန် နာသွားပေမဲ့
-
မြင်းပေါ်က ဆင်းဖို့ လမ်းကြောင်းက
ကျဉ်းလွန်းနေခဲ့တယ်။
-
ပေ ၂၃၀၀ အမှတ် လမ်းတစ်ဝက်ပဲရှိသေးပြီး
-
အနည်းဆုံး နောက်ထပ် နှစ်နာရီ အဆင်းဆိုတော့
-
ကျွန်မတို့ ရပ်ပြီး ခေါင်းဆောင်းကို ချွတ်ကာ
-
နဖူကနေ ကြက်ဥအရွယ် အဖုထွက်နေတာကို
ကြည့်လို့ရခဲ့တယ်။
-
ဒီအစီအစဉ်နဲ့ အသုံးအဆောင်အားလုံးအတွက်
-
ဘာလို့များ ရေခဲအိတ်တစ်ခုတောင်မှ
မရှိခဲ့တာပါလိမ့်နော်။
-
-
ကျွန်မတို့အားလုံးအတွက် ကံကောင်းတာက
ဖူးရောင်တာက ထွက်လာပြီး
¶
-
ဆန်းပြားတဲ့ မျက်လုံးမည်းနှစ်ခုအဖြစ်
ကျွန်မ မျက်နှာထဲကို စီးဝင်သွားတယ်။
-
မှတ်တမ်းတင် ရုပ်ရှင်ကားမှာ
ကြည့်ဖို့ အံ့ဩဖွယ်နည်းလမ်းတစ်ခုလေ။
-
-
(လက်ခုပ်သံ၊ အားပေးသံများ)
¶
-
ဒါက လွယ်ကူ၊ငြိမ်းချမ်းတဲ့
ခရီးတစ်ခုမဟုတ်ပေမဲ့
¶
-
ဆိုလိုချက် အတိအကျက ဒါပါ။
-
ကုန်းနှီးထဲကို ပြန်ရောက်ဖို့
စိုးရွံ့ခဲ့တာတောင်မှ
-
ကျွန်မ ပြန်သွားခဲ့တယ်။
-
ချောက်ကြမ်းပြင်ဆီ အဆင်းတစ်ခုတည်းကို
-
စုစုပေါင်း ၁၀ နာရီကြာခဲ့ပြီး
-
ဒါက လေးရက်စီးတာရဲ့ တစ်ရက်ပဲရှိသေးတယ်။
-
နောက်လာတာက ဧရာမ ရေမော်တွေပါ။
¶
-
Grand Canyon က ကိုလိုရာဒို မြစ်မှာ
-
နိုင်ငံမှာရှိတဲ့ အမြင့်ဆုံး
ရေမော်တစ်ချို့ရှိတယ်။
-
မှောက်များမှာက်ရင်ဆိုပြီး
ပြင်ဆင်ထားဖို့အတွက်
-
ပိုငယ်တဲ့ ရေမော်တစ်ခုကနေ
ကျွန်မကို ရေကူးလေ့ကျင့်ခိုင်းတယ်။
-
ဒါက စွဲမက်ဖွယ်ရာ မဟုတ်ဘူးလို့
ပြောဖို့အထိ စိတ်ချရတယ်လေ။
-
-
လှိုင်းရဲ့ မှားယွင်းတဲ့အပိုင်းမှာ
အသက်အောင့်လိုက်တာ
¶
-
မြစ်ရေမှာ မွန်းသွားပြီး
-
ကိုယ့်ကိုယ်ကို ထိန်းမရဖြစ်ခဲ့တယ်။
-
ဟုတ်ပါတယ်၊ လန့်စရာဆိုပေမဲ့
-
သိပ်ပြီးတော့လည်း ကောင်းပါတယ်။
-
ရေတံခွန်တွေ၊ ချောနေတဲ့ ချောက်တွေနဲ့
-
နှစ် ဘီလီယံအနည်းငယ်ချီတဲ့
အခင်းကျောက်ဟာ
-
တစ်နေ့လုံး အရောင်ပြောင်းနေတဲ့ပုံပါ။
-
Grand Canyon ဟာ ကန္တာရ အစစ်ဖြစ်ပြီး
-
ချီးကျူးဂုဏ်ပြုမှုတွေ အားလုံးနဲ့
ထိုက်တန်ပါတယ်။
-
-
-
အစီအစဉ်နဲ့ ခရီးကိုယ်၌က
-
ကျွန်မ အရင် မကြုံဖူးခဲ့တဲ့ ကြောက်စိတ်ရဲ့
ရေချိန်တစ်ခုကို ပြသခဲ့တယ်။
-
ဒါပေမဲ့ ပိုအရေးကြီးတာက
-
ကျွန်မဟာ ဘယ်လို ရဲဝင့်စွာ
သတ္တိရှိနိုင်ပုံကို ပြသခဲ့တယ်။
-
ကျွန်မရဲ့ Grand Canyon
ခရီးရှည်က မလွယ်ကူခဲ့ဘူး။
-
သည်းထိတ်ရင်ဖိုနောက်ခံကားကနေ
မပင်မပန်း ရှေ့တိုးသွားနေတဲ့
-
အမေဇုံတောတွင်းအမျိုးသမီး
တစ်ယောက်ရဲ့ အမြင်မဟုတ်ဘူး။
-
ဒါက ကျွန်မ ငိုနေတာပါ။
-
မျက်လုံးမည်းနှစ်လုံးနဲ့အတူ
ပင်ပန်းပြီး ခြေကုန်လက်ပန်းကျနေတယ်။
-
ကြောက်စရာပါ။
-
စိတ်ဖီစီးခဲ့တယ်။
-
ရင်ဖိုစရာကောင်းတယ်။
-
ကဲ ဒီခရီးက ပြီးသွားပါပြီ။
¶
-
ကျွန်မတို့ အောင်မြင်ခဲ့တာကို
မတုန်လှုပ်ဖို့က လွယ်ပါတယ်။
-
မြစ်ကို ဖောင်နဲ့ ထပ်ကူးချင်တာ
ကျွန်မ သိတယ်။
-
ဒီတစ်ကြိမ်က ဒါရဲ့ ၂၇၇ မိုင်လုံးပါ။
-
-
ဒါပေမဲ့ မြင်းစီးတဲ့ အခန်းကို ဘယ်တော့မှ
ထပ်မလုပ်တော့ဘူဆိုတာလည်း သိတယ်။
¶
-
-
ဒါက အန္တရာယ်များလွန်းတယ်။
¶
-
ဒါက ကျွန်မရဲ့ အဓိက အချက်ပါ။
-
ကျွန်မရဲ့ ရုပ်ရှင်ရိုက်ကွက်ကို
ပြဖို့ပဲ ဒီမှာ ရှိတာမဟုတ်ဘူး။
-
ကျွန်မ ဒီမှာရှိနေတာက
ကြောက်စိတ်နဲ့
-
သတ္တိကြားက ဟန်ချက်ညီမှု
တစ်ခုကို ရှာဖွေရာမှာ
-
ဘဝဆိုတာ တကယ့် သင်ခန်းစာ
တစ်ခုဆိုတာကို အားလုံးကို သတိပေးဖို့ပါ။
-
ဘာက စိတ်ကူကောင်းတစ်ခု
ဟုတ်၊မဟုတ်ဆိုတာကို နားလည်ခြင်းပါ။
-
-
ဘဝဟာ ကြောက်စရာဖြစ်ပြီးသားဆိုတော့
¶
-
အိပ်မက်တွေ တကယ်ဖြစ်လာဖို့
ကျွန်မတို့ သတ္တိရှိဖို့လိုပါတယ်။
-
ကြောက်စိတ်ကို ရင်ဆိုင်ပြီး
-
ဒါတွေကို တွန်းထုတ်ဖို့ သတ္တိမွေးရာမှာ
-
ကျွန်မဘဝဟာ ထူးခြားခဲ့တယ်ဆိုတာ
ကျိန်ရဲတယ်။
-
ဒီတော့ ကြီးကျယ်စွာ ရှင်သန်ပြီး
-
သင့်ကြောက်စိတ်ထက် သတ္တိက
ပိုအချိန်စီးစေဖို့ ကြိုးစားပါ။
-
သင့်ကို ဘယ်ဆီခေါ်သွားနိုင်တာ
ဘယ်တော့မှ မသိရဘူးလေ။
-
-
(လက်ခုပ်သံ၊ အားပေးသံများ)
¶