Return to Video

ဒီပဟေဠိကိုဖြေရှင်းပြီး ဟေးဒီးစ်လက်ကလွတ်မြောက်အောင် လုပ်ပေးနိုင်မလား-Dan Finkel

  • 0:08 - 0:09
    ကြမ္မာတေွကကိုးရိုးကားရာနိုင်လောက်တယ်
  • 0:09 - 0:12
    ပိုဆိုင်ဒွန်အမျက်တော်ရှတဲ့
    နေ့တစ်နေ့ဖြစ်လောက်တယ်။
  • 0:12 - 0:16
    သို့သော်ဖြစ်ခ့ဲ့တာကတော့
    ငရဲမှာ ပြည့်ကျပ်လာခဲ့တယ်။
  • 0:16 - 0:20
    ဝိဉာဉ်အချို့ကို ပြန်လွှတ်ဖို့ ဇူးစ်က
    ဟေးဒီးစ်အားအမိန့်ပေးလိုက်တယ်။
  • 0:20 - 0:25
    ဟေးဒီးစ်းစ်က မရဏဝိညာဉ်အားလုံးကို
    ဆီးဘားရပ်စ်ရှေ့မှာ တန်းစီစေတယ်။
  • 0:25 - 0:28
    သူ့ခေါင်းသုံးလုံးအနက် တစ်လုံးက
    ရှေ့မှာရှိတဲ့ ဝိဉာဉ်ကို ကိုက်လိုက်ရင်
  • 0:28 - 0:31
    အကိုက်ခံရသူဟာ ရှင်သန်ရာမြေ
    ကမ္ဘာကို ပြန်ရမယ်။
  • 0:31 - 0:36
    ဘယ်ဘက်မှာရှိသူတိုင်းဟာ အတန်းထဲကနေ
    ထွက်ပြီး ဟေးဒီးစ်နဲ့ ထာဝရနေရမယ်
  • 0:36 - 0:42
    ကျန်သူတိုင်းက ဆီးဘာရပ်စ် ထပ်စားတာခံရမယ့်
    နေရာအထိ ရှေ့တိုး ရှပ်တိုက်လျှောက်တယ်။
  • 0:42 - 0:47
    ခွေးခေါင်းတစ်လုံးစီဟာ
    အကြိမ်တိုင်း ကိုက်စားခံရနိုင်ခြေတူတယ်
  • 0:47 - 0:51
    ဘယ်တော့မှ နှစ်လုံးပြိုင်တူမကိုက်ဘူး။
  • 0:51 - 0:55
    ကံဆိုးစွာ ဟေးဒ္းစ်ရဲငယ်သားတွေက ဘာဖြစ်နေ
    တယ်ဆိုတာ သင့်ကိုပြောဖို့မေ့သွားတယ်၊
  • 0:55 - 1:00
    သင်ရောက်လာချိန်မှာတော့
    ၉၉ယောက်သာကျန်တော့တယ်။
  • 1:00 - 1:05
    ဟေးဒီးစ်ကဒေါသထွက်နေပုံရလို့ သင့်ကို
    သတိထားမိတာက အဆုံးသတ် ကောင်းမှာမဟုတ်တော့ပါ။
  • 1:05 - 1:10
    သို့သော်အချိန်ရပ်တန့်သွားပြီး
    ဟားမိစ်ဟာ အရိပ်ထဲကထွက်လာတယ်။
  • 1:10 - 1:13
    သူဟာ သင့်ကိုချက်ချင်း
    လူတန်းထဲ ထည့်လို့ရပြီး
  • 1:13 - 1:16
    ဖြစ်ပျက်တာကို ဘယ်သူမှ
    သိမှာမဟုတ်ဘူးလို့ ပြောတယ်။
  • 1:16 - 1:20
    သို့သော် သူ့ရဲ့ကောင်းချီးကို
    အပြည့်အဝ အကျိုးရှိရှိသုံးနိုင်လောက်အောင်
  • 1:20 - 1:21
    ပါးနပ်သူမျိုးကိုသာပေးလိမ့်မယ်။
  • 1:21 - 1:24
    လူတန်းထဲကအကောင်းဆုံး
    နေရာကိုရွေးနိုင်ရင် အဲဒီနေရာရမယ်
  • 1:24 - 1:28
    မှားရွေးမိရင်သင့်ကို ပစ်ထားခဲ့မယ်
  • 1:28 - 1:30
    ဘယ်နေရာကိုရွေးသင့်သလဲ
  • 1:30 - 1:32
    ကိုယ့်ဘာသာစဥ်းစားရန် ဗွီဒီယိုကိုရပ်ပါ
  • 1:32 - 1:33
    ၃ မှာ ဖြေပါ
  • 1:33 - 1:35
    ၂ မှာ ဖြေပါ
  • 1:35 - 1:38
    ၁ မှာ ဖြေပါ။
  • 1:38 - 1:42
    ‌ဒီနေရာ ၁၀၀ စလုံးမှာ လွတ်မြောက်
    ရန် တိကျတဲ့ ဖြစ်နိုင််ခြေကို
  • 1:42 - 1:44
    တွက်မယ်ဆိုလည်းရပါတယ်။
  • 1:44 - 1:47
    ဒါ‌ေပမဲ့ အဖြေကို တွက်ချက်မှုနည်းနည်းနဲ့
  • 1:47 - 1:50
    ရောက်နိုင်မယ့် အံဲ့ဖွယ် ပိုရိုးရှင်းတဲ့
    လမ်းလည်းရှိပါတယ်။
  • 1:50 - 1:52
    လူတန်းရဲ့တစ်နေရာရာမှာ
    ရှိ‌ေနတယ်လို့စိတ်ကူးကြည့်ပါ။
  • 1:52 - 1:56
    အရှေ့ဆုံးမှာတော့ ခေါင်း၃ လုံးထဲက
    ၁ခုကတစ်ယောက်ယောက်ကို ကျပန်းရွေးကာ
  • 1:56 - 2:00
    သင်လည်းရှေ့သို့၁၊၂(သို့)၃နေရာတိုးသွားပါမယ်
  • 2:00 - 2:02
    အကြိမ်တိုင်းဟာဖြစ်နိုင်ခြေတူနေတာကြောင့်
  • 2:02 - 2:05
    သင် ဘယ်‌ေနရာ‌ေရာက်‌​ေရာက်
    သင့်အသက်ရှင်နိုင်ခြေဟာ
  • 2:05 - 2:11
    သင့်ရှေ့က ၃ဦးရှင်နိုင်ခြေရဲ့
    ပျမ်းမျှဖြစ်ပါတယ်
  • 2:11 - 2:15
    ဒီမှာဖြတ်လမ်းကြီးတစ်ခုကို
    ရှာတွေ့လိုက်တာပါပဲ
  • 2:15 - 2:21
    ပျမ်းမျှဆိုတာအစွန်းနှစ်ဖက်‌ေပါ်
    (သို့)နှစ်ဖက်ရဲ့ကြားမှာသာရှိရပါတယ်
  • 2:21 - 2:24
    အမြင့်ဆုံး တန်ဖိုးထက်မမြင့်နိုင်သလို
  • 2:24 - 2:26
    အနိမ့်ဆုံးထက်လည်းမနိမ့်နိုင်ပါဘူး
  • 2:26 - 2:29
    သင့်ရဲ့ရှင်နိုင်ခြေဘယ်လောက်ဖြစ်ဖြစ်
  • 2:29 - 2:34
    သင့်ရှေ့၃နေရာထဲက၁နေရာက
    သင့်နေရာလောက်တော့ကောင်းနိုင်ပါတယ်
  • 2:34 - 2:35
    ပိုတောင်ကောင်းေနနိုင်ပါတယ်
  • 2:35 - 2:39
    ဒီတွေ့ရှိမှုဟာအလွန်ပဲအကျိုးရှိပါတယ်
  • 2:39 - 2:41
    ဆိုလိုတာက လူတန်းရဲ့
    ဘယ်နေရာ သင်ရောက်ရောက် သင့်နေရာကို
  • 2:41 - 2:46
    သင့်ရှေ့၃နေရာက၁နေရာနဲ့
    လဲလိုက်ခြင်းကအမြော်အမြင်ရှိတာပါပဲ
  • 2:46 - 2:50
    အခုကျန်တာခဏမေ့ပြီး
    အဲဒီ၃နေရာကို၃ခုတစ်စုအနေနဲ့မြင်လိုက်ပါ
  • 2:50 - 2:55
    ဒီအစုရဲ့အများဆုံးရှင်နိုင်ခြေက
    ဟိုအစုထက်များတယ်
  • 2:55 - 2:57
    ဒီလိုနဲ့သွားရင်း သင်ဟာ
    ရှေ့ဆုံးကိုရောက်သွားလိမ့်မယ်
  • 2:57 - 3:02
    ဒီရှေ့ဆုံး ၃ နေရာမှာလူတန်းကြီးတစ်ခုလုံးရဲ့
  • 3:02 - 3:04
    အစွန်းနှစ်ဖက် တန်ဖိုးတွေ
    ဖြစ်တဲ့ အကောင်းဆုံးနဲ့
  • 3:04 - 3:06
    အဆိုးဆုံးဖြစ်စ်နိုင်‌ေြခတွေရှိတယ်
  • 3:06 - 3:10
    တစ်နည်းပြောရရင် ဒီ၃နေရာကိုသာစဉ်းစားရုံပါပဲ
  • 3:10 - 3:11
    ပထမနေရာက ဆိုးပါတယ်
  • 3:11 - 3:15
    ခေါင်း၁ကသင့်ကိုကယ်‌‌‌‌မယ်၊ ကျန်တဲ့နှစ်‌
    ခေါင်းက ထာဝရဂြိုဟ်ဆိုးဝင်‌ေစမယ်။
  • 3:15 - 3:18
    လွတ်နိုင်ခြေ ၃ပုံ၁ပုံပဲရှိတယ်
  • 3:18 - 3:21
    ဒုတိယနေရာက ပိုကောင်းတယ်။ ခေါင်း၂ကကောင်းတယ်
  • 3:21 - 3:27
    ခေါင်း၃ကဆိုးတယ်၊ခေါင်း၁က
    နောက်အခွင့်ရေးရမှာဆိုတော့အဆင်‌ေပြတယ်
  • 3:27 - 3:31
    ဒါပေမဲ့ တတိယနေရာကတော့အကောင်းဆုံးပဲ
    အကြောင်းကခေါင်း၃က သင့်ကိုကယ်စဉ်မှာ
  • 3:31 - 3:36
    ခေါင်း၁နဲ့၂က အခွင့်ရေးတွေ ထပ်ပေးမယ်။
  • 3:36 - 3:39
    ြဖစ်တန်စွမ်းအတိအကျစဉ်းစားမယ်ဆိုရင်
  • 3:39 - 3:46
    တတိယနေရာရဲ့ရှင်ကျန်ရစ်နိုင်
    ‌ေြခက၂၇မှာ၁၆(သို့)၆၀% နီးပါးရှိတယ်
  • 3:46 - 3:52
    တတိယနောက်ကနေရာတွေကတော့၅၀% နီးပါးရှိတယ်
  • 3:52 - 3:53
    ဘာလို့ ၅၀% လဲဆိုတော့
  • 3:53 - 3:57
    ဆီးဘားရပ်စ်က၁ယောက်ကို
    ရှင်သန်ဖို့လွှတ်လိုက်တိုင်း
  • 3:57 - 4:02
    ငရဲမှာ ၀၊၁(သို့)၂ယောက်ကျန်ခဲ့တယ်
  • 4:02 - 4:07
    ပျမ်းမျှ၁ယောက်လွတ်တိုင်း၁ယောက်ကျန်ခဲ့ရတယ်
  • 4:07 - 4:11
    ဒါပေမဲ့ သင်အခုသိထားတာနဲ့ဆိုရင်
    ဒီရှုပ်ထွေးတာတွေကို မလိုတော့ပါဘူး
  • 4:11 - 4:14
    ဟေးဒီးစ်သွားရတော့မှာဖြစ်သလို
    သင်လဲသွားရ ‌ေတာ့ပါမယ်
  • 4:14 - 4:18
    သူကတတိယနေရာမှာထားပြီး
    သင့်ရဲ့အမြင်ကိုချီးမြှောက်လိုက်ပါတယ်
  • 4:18 - 4:22
    အဲဒီနေရာကနေခဏ‌အကြာမှာ သင့်ရဲ့
    နောက်ဆုံး ကံတရားကိုတွေ့မြင်ရပါတော့မယ်
Title:
ဒီပဟေဠိကိုဖြေရှင်းပြီး ဟေးဒီးစ်လက်ကလွတ်မြောက်အောင် လုပ်ပေးနိုင်မလား-Dan Finkel
Speaker:
Dan Finkel
Description:

သင်ခန်းစာအပြည့်ကြည့်ရန် : https://ed.ted.com/lessons/can-you-solve-the-riddle-and-escape-hades-dan-finkel
ငရဲတွင်လူပိုလျှံများပြားနေရာဇူးစ်ကဟေးဒီးစ်ကိုအချို့အား ပြန်လွှတ်စေတယ်။ဟေးဒီးစ်းစ်ကဝိညာဉ်အားလုံးကိုဆီးဘားရပ်စ်ရှေ့တွင်တန်းစီစေတယ်။သူ့ခေါင်းသုံးလုံးမှတစ်လုံးကရှေ့မှာရှိသူကိုကိုက်ရင်ကိုက်ခံရသူမှာရှင်သန်ရာမြေကမ္ဘာသို့ပြန်ရမယ်။ဘယ်ဘက်မှာရှိသူတိုင်းမှာဟေးဒီးစ်နှင့်ထာဝရနေရမယ်။မှန်ကန်တဲ့နေရာကိုရှာပြီးငရဲမှလွတ်မြောက်နိုင်မလား။ ဘယ်လိုရှာလဲဆိုတာကို Dan Finkel ကပြထားပါတယ်။
သင်ခန်;စာကို Dan Finkel က ပြုစုပြီး Artake Studio မှ ရိုက်ကူးထားပါသည်။

more » « less
Video Language:
English
Team:
TED
Project:
TED-Ed
Duration:
04:24

Burmese subtitles

Revisions