Return to Video

ဆင့်ကဲဖြစ်စဉ်ရဲ့ အကြီးမားဆုံး ပဟေဠိ။ ဘာသာစကား။ Michael Corballis

  • 0:07 - 0:10
    ၁၉၈၀ နှစ်လွန်တွေမှာ Kanzi လို့အမည်ရတဲ့
    ချင်ပင်ဇီ တစ်ကောင်ဟာ
  • 0:10 - 0:14
    မကြံစဖူး အဆင့်အတန်းတစ်ခုအထိ လူသားတွေနဲ့
    ဆက်သွယ်ဖို့ သင်ယူခဲ့တယ်။
  • 0:14 - 0:16
    နှုတ်ပြော (သို့) အမူအရာတွေနဲ့ မဟုတ်ဘဲ
  • 0:16 - 0:21
    ဝတ္ထုတွေ၊လှုပ်ရှားမှုတွေကို ကိုယ်စားပြုတဲ့
    ယေဘုယျ သင်္ကေတတွေ ကီးဘုတ်ကို သုံးရင်းပါ။
  • 0:21 - 0:26
    ဒါတွေ အတော်များများကို အစဉ်လိုက်
    ထောက်ပြရင်း တောင်းဆိုချက်တွေ လုပ်ဖို့၊
  • 0:26 - 0:28
    လူသား သုတေတီတွေဆီက
    နှုတ်ပြော မေးခွန်းတွေဖြေဖို့နဲ့
  • 0:28 - 0:32
    ရုပ်ပိုင်းအရ မရှိတဲ့ အရာဝတ္ထုတွေကို
    ရည်ညွှန်းဖို့ အစဉ်တွေကို သူ ဖန်တီးခဲ့တယ်။
  • 0:32 - 0:37
    Kanzi စွန့်စားမှုတွေက မေးခွန်းတစ်ခုဆိုင်ရာ
    လက်ငင်း အငြင်းပွားစရာတစ်ခုကို စပေးခဲ့တယ်။
  • 0:37 - 0:40
    Kanzi ဟာ ဘာသာစကားကို သင်ယူထားခဲ့လား။
  • 0:40 - 0:44
    ဘာသာစကားလို့ ကျွန်ုပ်တို့ ခေါ်ကြတဲ့အရာက
    ဆက်သွယ်ရေးဆိုတာထက် ပိုထူးခြားပါတယ်။
  • 0:44 - 0:47
    ဘာသာစကားက ကျွန်ုပ်တို့ စိတ်ထဲမှာ
    ရှိတာကို မျှဝေခြင်းပါ။
  • 0:47 - 0:50
    ဇာတ်လမ်းတွေ၊အမြင်တွေ၊ မေးခွန်းတွေ၊
    အတိတ်(သို့) အနာဂတ်၊စိတ်ကူးထားတဲ့
  • 0:50 - 0:53
    အချိန်တွေနဲ့ နေရာတွေ၊ စိတ်ကူးတွေပါ။
  • 0:53 - 0:56
    အခြေခံအားဖြင့် ဘယ်လိုမှ ကန့်သတ်ထားခြင်း
    မရှိတဲ့ အကြောင်းအရာတွေ
  • 0:56 - 0:59
    ပါဝင်နိုင်ပြီး ကန့်သတ်မထားတဲ့ အရာများကို
    ပြောဆိုဖို့ သုံးနိုင်ပါတယ်။
  • 0:59 - 1:03
    သုတေသီ များစွာ အခိုင်အမာ ယုံကြည်တာက

    လူသားတွေသာ ဘာသာစကားရှိတယ်၊
  • 1:03 - 1:08
    အခြားမျိုးစိတ်တွေ အသုံးပြုတဲ့ အော်သံတွေနဲ့
    အမူအရာတွေဟာ ဘာသာစကား မဟုတ်ဘူးဆိုတာပါ။
  • 1:08 - 1:12
    ဒီအော်သံတွေနဲ့ အမူအရာတွေ တစ်ခုစီဟာ
    သီးခြား သတင်းစကားတစ်ခုနဲ့ ကိုက်ညီပါတယ်။
  • 1:12 - 1:15
    ပိုရှုပ်ထွေးတဲ့ စိတ်ကူးတွေအဖြစ်
  • 1:15 - 1:18
    ပေါင်းစပ်မထားတဲ့ အကန့်အသတ်ရှိ
    သတင်းစကားအရေအတွက် စုစုပေါင်းတစ်ခုအတွက်ပါ
  • 1:18 - 1:21
    ဥပမာ မျောက် မျိုးစိတ် တစ်ခုဟာ
    မြွေတစ်ကောင်လို သားရဲ တစ်ကောင်ကောင်နဲ့
  • 1:21 - 1:25
    ကိုက်ညီတဲ့ သီးခြား သတိပေးချက်
    အော်သံတစ်ခု ရှိနိုင်လောက်ပေမဲ့
  • 1:25 - 1:29
    ဘာသာစကားနဲ့ဆို "မြွေ သတိထားပါ"
    လို့ ပြောဖို့ အနမတဂ္ဂ နည်းလမ်းတွေရှိတယ်။
  • 1:29 - 1:33
    ဒီအထိတော့ ဘယ်တိရစ္ဆာန် ဆက်သွယ်ရေး
    မှာမှ လူသား ဘာသာစကားရဲ့ အကန့်အသတ်မဲ့မှု
  • 1:33 - 1:35

    ရှိပုံမရဘူး။
  • 1:35 - 1:38
    တိရစ္ဆာန်တွေ ခေါင်းထဲမှာ
    ဖြစ်ပျက်နေတာကို အတိအကျ မသိရဘူး။
  • 1:38 - 1:40
    ဘာသာစကားရဲ့ ဒီဖွင့်ဆိုချက်
    (သို့) ဒါကို
  • 1:40 - 1:43
    ကျွန်ုပ်တို့ တိုင်းတာပုံတွေက
    ဒါတွေနဲ့ မသက်ဆိုင်တာ ဖြစ်နိုင်တယ်။
  • 1:43 - 1:47
    ဒါပေမဲ့ သိရသလောက်ကတော့
    လူသားတွေသာ ဘာသာစကားရှိတာပါ။
  • 1:47 - 1:51
    လူသားတွေဟာ ကွဲပြားတဲ့ ဘာသားစကား
    ၇၀၀၀ ခန့်ကို ပြောဆိုကြပေမဲ့
  • 1:51 - 1:53
    ကလေးတိုင်းဟာ ဘာသာစကားတိုင်းကို
    သင်ယူနိုင်ပါတယ်။
  • 1:53 - 1:57
    ဘာသာစကားကို အခြေခံနေတဲ့ ဇီဝပိုင်း
    ယန္တရားဟာ ကျွန်ုပ်တို့ အားလုံးမှာ
  • 1:57 - 1:59
    တူညီနေတာကို ဖော်ပြနေခြင်းပါ။
  • 1:59 - 2:02
    ဒီတော့ ဘာသာစကားက လူ့လောကအတွက်
    ဘာကို ဆိုလိုတာလဲ။
  • 2:02 - 2:06
    ဒါက ကျွန်ုပ်တို့ကို ဘာကို လုပ်ခွင့်ပေးပြီး
    ဒါကို ဘယ်လို ရလာခဲ့တာလဲ။
  • 2:06 - 2:10
    အတိအကျ ဘယ်အချိန်က ဒီအစွမ်းကို ဆည်းပူးခဲ့
    လဲဆိုတာက အကန့်အသတ်မဲ့မေးခွန်းဖြစ်နေဆဲပါ။
  • 2:10 - 2:14
    ချင်ပင်ဇီ မျိုးနွယ်တွေဟာ ကျွန်ပ်တို့ရဲ့
    အနီးဆုံး နေတဲ့ ဆွေမျိုးဆိုပေမဲ့
  • 2:14 - 2:18
    ဒီအဆက်အနွယ်က လွန်ခဲ့တဲ့ နှစ်သန်းပေါင်း
    လေးသန်းကျော်က လူသားတွေကို
  • 2:18 - 2:21
    အခြား မျောက်ဝံတွေကနေ ကွဲပြားစေခဲ့တာပါ။
  • 2:21 - 2:24
    ဒီနှစ်ခုကြားမှာ အခု အာလုံး မျိုးသုဉ်း
    ကုန်တဲ့ မျိုးစိတ်များစွာ ရှိပါတယ်။
  • 2:24 - 2:29
    ဒါက ၎င်းတို့မှာ ဘာသာစကား(သို့) ဒါမျိုး တစ်
    ခုခုရှိလားဆိုတာ သိဖို့အလွန်ခက်ခဲစေတာပါ။
  • 2:29 - 2:33
    မျောက်ဝံကြီးတွေက ဘာသာစကားရဲ့မူလအစ
    အတွက် အလားအာလာရှိတဲ့ သဲလွန်စတစ်ခု ပေးပေမဲ့
  • 2:33 - 2:37
    ဒါက နှုတ်ပြောစကားထက် ကိုယ်ဟန်
    အမူအရာအဖြစ် စတင်ခဲ့လောက်တယ်။
  • 2:37 - 2:41
    မျောက်ဝံကြီးတွေဟာ အသံထုတ်ပြတာထက်
    တောထဲမှာ အချင်းချင်း ပိုလွတ်လပ်စွာ
  • 2:41 - 2:43
    လက်ဟန်ခြေဟန် လုပ်ပြတယ်။
  • 2:43 - 2:46
    ဘာသာစကားဟာ ကျွန်တော်တို့ မျိုးစိတ်
    Homo sapiens ကိုပေါ်လာစေခဲ့တဲ့
  • 2:46 - 2:50
    လူမျိုးစု Homo ပေါ်လာမှုနဲ့အတူ
    လွန်ခဲ့တဲ့ နှစ်ပေါင်း၂ သန်းကနေ ၃ သန်းကြား
  • 2:50 - 2:55
    Pleistocene ခေတ်အတွင်းမှာ
    စတင် ပုံပေါ်ခဲ့လောက်တယ်။
  • 2:55 - 2:59
    ဦးနှောက် သုံးဆကြီးလာကာ ခြေနှစ်ချောင်းဖြင့်
    သွားလာမှုက လက်တွေနဲ့ ဆက်သွယ်လာစေတယ်။
  • 2:59 - 3:02
    အမူအရာ ဆက်သွယ်ရေးကနေ
    အမူအရာ ဘာသာစကားအထိ၊
  • 3:02 - 3:04
    အရာဝတ္ထုတွေကို ညွှန်ပြတာ၊
  • 3:04 - 3:07
    အပြုအမူတွေကို သရုပ်ဖော်တာကန​ေ
    ပိုထိရောက်တဲ့ ယေဘုယျအမူအရာပြတာ အထိ
  • 3:07 - 3:10
    အကူးအပြောင်းတစ်ခု ရှိခဲ့လောက်တယ်၊
  • 3:10 - 3:15
    အမူအရာ ဆက်သွယ်ရေးရဲ့ စိတ်ကူးစိတ်သန်းက
    အမြင်ပိုင်း လိုအပ်ချက်ကို ဖယ်ရှားခဲ့မယ်။
  • 3:15 - 3:18
    နှုတ်ပြော ဘာသာစကားဆီ အကူးအပြောင်း
    တစ်ခုအတွက် အခြေအနေကို ဖန်တီးပေးခြင်းပါ။
  • 3:18 - 3:21
    ဒါပေမဲ့ ဒီအကူးအပြောင်းက နောက်ပိုင်းမှ
    ဖြစ်လာနိင်ခဲ့မှာပါ။
  • 3:21 - 3:26
    ပီသစွာ ရွတ်ဆိုတဲ့ အပြောဟာ ပုံစံတစ်ခုခုရဲ့
    အသံပိုင်း လမ်းကြောင်းတစ်ခုအပေါ် မူတည်တယ်။
  • 3:26 - 3:30
    ကျွန်ုပ်တို့ရဲ့ ဘိုးဘေးဘီဘင်တွေဖြစ်တဲ့
    Neanderthals နဲ Denisovans တို့တောင်
  • 3:30 - 3:33
    အသင့်ဆုံး အသံပိုင်း
    လမ်းကြောင်းတွေ မရှိခဲ့ပေမဲ့
  • 3:33 - 3:35
    အသံပိုင်းစွမ်းရည်တချို့
    ရှိဖို့ ဖြစ်နိုင်ပြီး
  • 3:35 - 3:37
    ဘာသာစကားတောင် ဖြစ်နိုင်ပါတယ်။
  • 3:37 - 3:40
    လူသားတွေမှာပဲ အသင့်ဆုံး
    အသံ လမ်းကြောင်းရှိတာပါ။
  • 3:40 - 3:46
    အပြော စကားလုံးတွေက ကိရိယာသုံးတာ၊ပို့တာလို
    လုပ်ဆောင်မှုတွေအတွက် လက်တွေကို အားစေတယ်။
  • 3:46 - 3:48
    ဒါကြောင့် ကျွန်ုပ်တို့
    မျိုးစိတ်ရဲ့ ကြီးစိုးမှု
  • 3:48 - 3:52
    ဖြစ်စေခဲ့တာက ဘာသာစကား ကိုယ်၌ မဟုတ်ဘဲ
    နှုတ်ပြော ပေါ်ထွန်းမှု ဖြစ်ခဲ့လောက်တယ်။
  • 3:52 - 3:58
    ဘာသာစကားဟာ ရှုပ်ထွေးတဲ့အတွေး၊ အသိလှုပ်ရှား
    လုပ်ဆောင်မှုတွေနဲ့ ရင်းနှီးစွာ ဆက်နွယ်တယ်။
  • 3:58 - 4:02
    ဒါက ဇီဝဗေဒဆိုင်ရာ မူလအစတွေကို
    ရှင်းဖို့ ခက်ခဲတာပါ။
  • 4:02 - 4:04
    အကြီးမားဆုံး ပဟေဠိတချို့ ကျန်နေဆဲပါ။
  • 4:04 - 4:08
    ဘာသာစကားက ဘယ်အတိုင်းအတာအထိ လူ့လောကကို
    အစွမ်းတစ်ခုအဖြစ် ပုံသွင်းပေးခဲ့လဲ။
  • 4:08 - 4:11
    ဘယ်အတိုင်းအတာအထိ လူ့လောကက
    ဘာသာစကားကို ပုံသွင်းပေးခဲ့လဲ။
  • 4:11 - 4:16
    ကျွန်ပ်တို့ မှန်းကြည့်နိုင်တဲ့ စိတ်မှန်း
    ဖြစ်နိုင်ခြေတွေရဲ့ ဧရာမ ကိန်းဂဏန်း (သို့)
  • 4:16 - 4:18
    ဒါတွေကို မျှဝေနိုင်စွမ်း
    ဘာက အရင် ဖြစ်ခဲ့တာလဲ။
Title:
ဆင့်ကဲဖြစ်စဉ်ရဲ့ အကြီးမားဆုံး ပဟေဠိ။ ဘာသာစကား။ Michael Corballis
Speaker:
Michael Corballis
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/evolution-s-great-mystery-language-michael-corballis တွင် ကြည့်ရှုပါ။
ဘာသာစကားလို့ ကျွန်ုပ်တို့ ခေါ်ကြတဲ့အရာက ဆက်သွယ်ရေးဆိုတာထက် ပိုထူးခြားပါတယ်။ ဘာသာစကားဆိုတာက ကျွန်ုပ်တို့ စိတ်တွေထဲမှာ ရှိနေတာကို မျှဝေခြင်းနဲ့ဆိုင်ပါတယ်။ ဇာတ်လမ်းတွေ၊ အမြင်တွေ၊ မေးခွန်းတွေ၊ အတိတ် သို့မဟုတ် အနာဂတ်၊ စိတ်ကူးထားတဲ့ အချိန်တွေ၊ နေရာတွေနဲ​့ စိတ်ကူးတွေပါ။ အခြေခံအားဖြင့် ဘယ်လိုမှ ကန့်သတ်ထားခြင်း မရှိတဲ့ အကြောင်းအရာတွေ ပါဝင်နိုင်ပြီး ကန့်သတ်မထားတဲ့ အရာများကို ပြောဆိုဖို့ အသုံးပြုနိုင်ပါတယ်။ ဒီတော့ ဘာသာစကားက လူ့လောကအတွက် ဘာကို ဆိုလိုတာလဲ။ ဒါကို ကျွန်ုပ်တို့ ဘယ်လို ရလာခဲ့တာလဲ။ Michael Corballis က လေ့လာစူးစမ်'ထားပါတယ်။
သင်ခန်းစာကို Michael Corballis က ပြုစုပြီး Biljana Labovic က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:21

Burmese subtitles

Revisions Compare revisions