Return to Video

အမှားများမှ သင်ယူကြပါ | Diana Laufenberg | TEDxMidAtlantic

  • 0:04 - 0:07
    မင်္ဂလာ နေ့ခင်းပါ၊ ကျွန်မ မစခင်မှာ
    ရှေးဦးစွာ ပြောချင်တာက၊
  • 0:09 - 0:12
    ကျောင်းမှနေပြီး ဒီကို လာခွင့် ပြုခဲ့ကြတဲ့
    ကျောင်းသားတွေကို နှုတ်ဆက်လိုပါတယ်၊
  • 0:12 - 0:14
    သူတို့ဟာ ကျောင်းမှာ စောင့်နေကြတာ
    ဒါကို ကြည့်ကြမှာပါ။
  • 0:14 - 0:17
    Philadelphia ရှိနေကြတဲ့ သူတွေ အားလုံးးကို
    နှုတ်ဆက်လိုက်တယ်၊
  • 0:17 - 0:19
    သူတို့အားလုံးကို အားလုံးဝိုင်းပြီး လက်ခုပ်တီး
    အားပေးကြပါရှင်။
  • 0:19 - 0:22
    (လက်ခုပ်တီးသံများ)
  • 0:27 - 0:30
    ဒီနေ့ ကျွန်မဟာ ပုံပြင် နှစ်ခုလောက်ကို
    ပြောပြချင်ပါတယ်။
  • 0:30 - 0:33
    ကျွန်မ ဟောပြောမယ့် ခေါင်းစီးအမည်ဟာ
    နည်းနည်းလေး ဆွပေးချင်တဲ့ သဘောရှိတယ်၊
  • 0:33 - 0:36
    ကျွန်မနဲ့အတူ အဲဒီကို သွားကြမှာပါ။
  • 0:36 - 0:38
    ကျွန်မ ပြောပြချင်တာ တခု ရှိပါတယ်။
  • 0:38 - 0:40
    ကျွန်မ စာသင်လာတာ ကြာလှပါပြီ။
  • 0:40 - 0:41
    အဲဒီလို သင်ကြားရင်းနဲ့
  • 0:41 - 0:44
    ကျွန်မဟာ ကလေးတွေ အကြောင်း နဲ့
    စာသင်ယူမှုအကြောင်း သိလာတာ အများကြီးပါပဲ၊
  • 0:45 - 0:48
    အဲဒါကြောင့်မို့လို့ ကျောင်းသားတွေရဲ့
    အလားအလာကို ပိုပြီးများတဲ့ လူတွေ
  • 0:48 - 0:50
    သိရှိလာဖို့အတွက် မျှဝေပြောပြ လာချင်တာပါ။
  • 0:51 - 0:53
    ၁၉၃၁ ခုနှစ်တွင်၊ ကျွန်မ အဘွားဖြစ်သူဟာ -
  • 0:53 - 0:56
    ဟိုမှာ ညာဘက် အောက်ခြေက ကလေးတွေအတွက် -
  • 0:56 - 0:58
    ရှစ်တန်းကို အောင်မြင်ခဲ့ပါတယ်။
  • 0:58 - 1:00
    သူဟာ အသိပညာကို ရယူချင်နေခဲလို့
  • 1:00 - 1:02
    ကျောင်းကို သွားခဲ့တာပါ၊ အသိပညာက
    အဲဒီမှာ ရှိနေခဲ့ကြတာကိုး။
  • 1:02 - 1:04
    အဲဒါတွေဟာ စာအုပ်တွေထဲတွင်၊
    ဆရာတွေရဲ့ ခေါင်းထဲတွင် ရှိနေခဲ့ကြတယ်-
  • 1:04 - 1:07
    အဲဒါကြောင့်မို့လို့ သူဟာလည်း အဲဒီကို
    သွားပြီး အသိပညာကို ရယူခဲ့တယ်၊
  • 1:07 - 1:09
    အဲဒီလိုနည်းနဲ့သာ သင်ယူလို့ ရနိုင်ခဲ့တာကိုး။
  • 1:09 - 1:10
    ရှေ့ကို နောက်မျိုးဆက် တခုဆီ
    အမြန်သွားကြမယ်-
  • 1:10 - 1:12
    ဒါက Oak Grove ဆိုတဲ့ ဒေသက
    တခန်းကျောင်းကလေးပါ၊
  • 1:12 - 1:14
    ကျွန်မ ကြီးပြင်းလာခဲ့ရာ
    လမ်းနဲ့ကပ်လျက် ရှိနေတဲ့
  • 1:14 - 1:17
    ကျွန်မ ဖခင် တက်ခဲ့တဲ့ တခန်းကျောင်းကလေးပါ။
  • 1:17 - 1:19
    သူဟာလည်းပဲ ကျောင်းဆီကို
    ခရီးရှည် သွားရပါတယ်၊
  • 1:19 - 1:21
    ဆရာထံမှနေပြီး အသိပညာကို ရယူဖို့ အတွက်ပါ၊
  • 1:21 - 1:24
    သူနဲ့အတူ ပါလာခဲ့တဲ့ ခရီးဆောင် မှတ်ဉာဏ်၊
    တနည်း သူ့ခေါင်းထဲမှာ သိုလှောင်ခဲ့ရတယ်၊
  • 1:24 - 1:25
    ပြီးတော့ သူနဲ့အတူ ယူလာခဲ့ရတယ်၊
  • 1:25 - 1:28
    ဆရာ့ထံမှနေပြီး ကျောင်းသားဆီကို ဗဟုသုတကို
    အဲဒီလိုနည်းနဲ့ လွှဲပြောင်းပေးခဲ့လို့
  • 1:28 - 1:30
    အဲဒီနောက်မှာ ကမ္ဘာကြီး ပေါ်မှာ
    လိုတဲ့အခါ သုံးလာနိုင်တာပါ။
  • 1:31 - 1:32
    ကျွန်မ ကလေးငယ် ဘဝတုန်းက၊
  • 1:32 - 1:34
    ကျွန်မတို့ အိမ်မှာ စွယ်စုံကျမ်း တစုံ ရှိနေပြီ။
  • 1:34 - 1:37
    ကျွန်မ မွေးခဲ့တဲ့ နှစ်ထဲမှာ ဝယ်ခဲ့ကြတယ်။
  • 1:37 - 1:39
    အဲဒါဟာ အံ့အားသင့်စရာကြီး ဖြစ်ခဲ့တယ်၊
  • 1:39 - 1:42
    ကျွန်မဟာ ဗဟုသုတတွေကို ရယူဖို့အတွက်
    စာကြည့်တိုက်ကို သွားရန် မလိုခဲ့လို့ပါ။
  • 1:42 - 1:44
    ဗဟုသုတဟာ ကျွန်မ အိမ်ထဲမှာကို ရှိနေခဲ့တယ်၊
  • 1:44 - 1:45
    မယုံကြည်နိုင်စရာကြီးပါပဲ။
  • 1:45 - 1:47
    အဲဒီအချက်ဟာ အရင့်အရင်
  • 1:47 - 1:50
    ရှိခဲ့ဘူးကြတဲ့ မျိုးဆက်နဲ့
    မတူခြားနားခဲ့ပါတယ်။
  • 1:50 - 1:53
    အဲဒီအချက်က ကျွန်မ ငယ်ခဲ့ပေမဲ့၊
    ကျွန်မ ဗဟုသုတ အချက်အလက်တွေ
  • 1:53 - 1:54
    ရယူပုံကို ပြောင်းပစ်ခဲ့ပါတယ်။.
  • 1:54 - 1:56
    ဗဟုသုတဟာ ကျွန်မနဲ့ ကပ်လျက် ရှိနေခဲ့တယ်။
  • 1:56 - 1:58
    ကျွန်မဟာ ၎င်းကို ရယူသုံးနိုင်ခဲ့တယ်။
  • 1:58 - 2:00
    ကျွန်မ ကလေးတုန်းက ကျောင်းတက်ခဲ့တဲ့ ကာလ နဲ့
  • 2:00 - 2:02
    ကျွန်မ စပြီး စာသင်လာတဲ့ ကာလ နှစ်ခု အကြားမှာ
  • 2:02 - 2:04
    နှစ်တွေ ကုန်သွားကြတဲ့ အချိန်မှာ၊
  • 2:04 - 2:06
    ဒီနေ့ မနက်ပိုင်းမှာ
    Steve Case ထောက်ပြသွားသလို၊
  • 2:06 - 2:08
    ကျွန်မတို့ဟာ တကယ့်ကိုပဲ အင်တာနက်ရဲ့
    အစကို မြင်လာကြရပါပြီ။
  • 2:08 - 2:10
    အင်တာနက်ဟာ ပညာပို့ချရေး
    ကိရိယာ တခုအဖြစ်
  • 2:10 - 2:12
    စပေါ်ပေါက် လာချိန်မှာပဲ၊
  • 2:12 - 2:13
    ကျွန်မဟာ Wisconsin မှ ထွက်ခွာလာခဲ့ကာ
  • 2:13 - 2:16
    Kansas ကို၊ Kansas ထဲက မြို့လေးဆီကို
  • 2:16 - 2:18
    စာသင်ဖို့ ရွှေ့ပြောင်း လာခဲ့ပါတယ်။
  • 2:18 - 2:20
    ချစ်စရာ မြို့လေးပါ၊
  • 2:20 - 2:23
    Kansas ကျေးလက် ဒေသထဲက ကျောင်းပါ၊
  • 2:23 - 2:25
    အဲဒီမှာ ကျွန်မဟာ ကျွန်မ အကြိုက်ဆုံး ဘာသာရပ်
  • 2:25 - 2:26
    ဖြစ်တဲ့ အမေရိကန် အစိုးရ အကြောင်း ပို့ချခဲ့တယ်။
  • 2:26 - 2:30
    ကျွန်မရဲ့ ပထမနှစ်မှာ -ဆူပါ အကြိုက်ဆုံး -
    အမေရိက အစိုးရ အကြောင်းကို သင်ဖို့ပါ၊
  • 2:30 - 2:32
    နိုင်ငံရေး စနစ်ကို ကြိုက်ခဲ့တာကိုး။
  • 2:32 - 2:34
    ၁၂ တန်းထဲက ကလေးတွေ၊
  • 2:34 - 2:36
    အမေရိက အစိုးရ စနစ်ကို အရမ်းကြီး
  • 2:36 - 2:38
    စိတ်ဝင်စားခဲ့ကြတာတော့ မဟုတ်လှပါဘူး။
  • 2:38 - 2:41
    ဒုတိယ နှစ် - တချို့ အရာတွေကို သိလာတယ် -
    ကျွန်မ နည်းဗျူဟာကို ပြောင်းရတယ်။
  • 2:41 - 2:43
    သူတို့ရှေ့မှာ မလုပ်စဖူး
    စမ်းသပ်မှုကို ချပြလိုက်တယ်
  • 2:43 - 2:46
    သူတို့ဘာသာသူတို့ လေ့လာခွင့် ပြုလိုက်ပါတယ်။
  • 2:46 - 2:48
    ဘာကို လုပ်ရမယ်၊ ဘယ်လို လုပ်ရမယ်
    ကျွန်မ သူတို့ကို မပြောခဲ့ဘူး။
  • 2:48 - 2:50
    သူတို့ရှေ့မှာ ကျွန်မ ချပြလိုက်တဲ့ တာဝန်က၊
  • 2:50 - 2:53
    သူတို့ ကိုယ်တိုင်ရဲ့ ရပ်ကွက်ဒေသ အတွက်
    ရွေးကောက်ပွဲ ဖိုရမ်ကို ထူထောင်ရန်ပါ။
  • 2:53 - 2:55
    သူတို့ဟာ လက်ကမ်း ကြော်ငြာတွေ ထုတ်လုပ်ကြတယ်၊
    ရုံးတွေကို ဖုန်းဆက်ကြတယ်။
  • 2:55 - 2:58
    သူတို့ဟာ အချိန်ဇယားတွေကို ဆန်းစစ်ကြတယ်။
    အတွင်းရေးမှူတွေနဲ့ တွေ့ဆုံခဲ့ကြတယ်။
  • 2:58 - 3:00
    သူတို့ဟာ တမြို့လုံးအတွက်ကို ရွေးကောက်ပွဲ
    ဖိုရမ် စာစောင်ကို ထုတ်ဝေခဲ့ကြကာ
  • 3:00 - 3:03
    ကိုယ်စားလှယ်လောင်းတွေ အကြောင်းကို ပိုပြီး
    သိရှိနိုင်အောင် ကြိုးစားခဲ့ကြတယ်။
  • 3:03 - 3:05
    သူတို့ဟာ လူတိုင်းကို ကျောင်းဆီ ဖိတ်ကြားခဲ့ကြပြီး
  • 3:05 - 3:06
    အစိုးရ နဲ့ နိုင်ငံရေး ဆိုတာကို ဆွေးနွေးရေး
  • 3:06 - 3:08
    ညနေပိုင်း အစီအစဉ် အတွက်ပါ။
  • 3:08 - 3:10
    သူတို့ဟာ အနည်းနဲ့အများ
    လမ်းများအလိုက် အတော့်ကို ကြိုးစားခဲ့ကြတယ်၊
  • 3:10 - 3:13
    သူတို့ဟာ အဲဒီ စမ်းသပ်ရေး သင်ကြားမှုကို
    လက်တွေ့ လုပ်နိုင်ခဲ့ကြပါတယ်။
  • 3:13 - 3:15
    ပိုအသက်ကြီးကြလို့ ပိုဝါရင်တဲ့ ဆရာတွေက -
  • 3:15 - 3:17
    ကျွန်မကို စောင့်ကြည့်နေရင်း၊
  • 3:17 - 3:20
    "အို၊ သူက ဒီလိုကိုး၊ စိတ်ဝင်စားစရာကြီးပဲ။
    သူဟာ တကယ့်ကို လုပ်ပြဖို့ ကြိုးစားနေတယ်။"
  • 3:20 - 3:21
    (ရယ်မောသံများ)
  • 3:21 - 3:23
    "သူဟာ သူဒီမှာ ဘာ့အတွက်လဲ ဆိုတာကို
    သိပုံမရဘူး။"
  • 3:23 - 3:25
    ဒါပေမဲ့ ကလေးတွေဟာ လက်တွေ့ ပြနိုင်ကြမှာကို
    ကျွန်မ သိခဲ့တယ်၊
  • 3:25 - 3:27
    အဲဒါကို ကျွန်မ ယုံကြည်ခဲ့တယ်၊
  • 3:27 - 3:30
    သူတို့ဆီကနေပြီး ကျွန်မ မျှော်လင့်ထားတာကို
    ကျွန်မက သူတို့ကို အပတ်စဉ် ပြောခဲ့တယ်။
  • 3:31 - 3:33
    အဲဒါနဲ့ ကြေညာထားတဲ့ ညအချိန် ရောက်လာပြီ၊
    ကလေးတွေ ၉၀ စလုံး၊
  • 3:33 - 3:36
    သပ်ယပ်စွာ ဝတ်ဆင်ထားလျက် သူတို့ အလုပ်ကို
    ပိုင်ပိုင်နိုင်နိုင် လုပ်ပြခဲ့ကြတယ်။
  • 3:36 - 3:37
    ကျွန်မဟာ ထိုင်လျက် စောင့်ကြည့်ရုံပါပဲ။
  • 3:37 - 3:40
    အဲဒါဟာ သူတို့ရဲ့ ရလဒ်ပါ။ စမ်းသပ်မှုပါ။
    တကယ့်ကို စစ်မှန်ခဲ့တဲ့ ရလဒ်ပါ။
  • 3:40 - 3:42
    အဲဒါဟာ ကျွန်မအတွက်လည်း အနည်းငယ်
    အရေးပါခဲ့ပါတယ်။
  • 3:42 - 3:44
    သူတို့ဟာ ရှေ့ကို ဆက်ပြီး တက်လှမ်းကြမှာပါ။
  • 3:44 - 3:47
    Kansas မှနေပြီး ကျွန်မဟာ ချစ်စရာ
    Arizona ကို ရောက်လာရာ၊
  • 3:47 - 3:50
    Flagstaff ဆိုတဲ့ မြို့မှာ
    နှစ်ပေါင်း အတော်ကြာ သင်ခဲ့တယ်၊
  • 3:50 - 3:52
    ဒီတချီမှာ အလယ်တန်း ကျောင်းသာလေးတွေကိုပါ။
  • 3:52 - 3:55
    ကံကောင်းချင်တော့၊ ကျွန်မဟာ သူတို့ကို
    အမေရိက အစိုးရ အကြောင်း မသင်ခဲ့ရပါ။
  • 3:55 - 3:58
    ပိုလို့ကို စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့
    ပထဝီ အကြောင်းကို ပို့ချခဲ့ပါတယ်။
  • 3:58 - 4:01
    ထပ်ပြီးတော့ ပို့ချခဲ့ရတာ ကျောချမ်းစရာကြီးပါပဲ။
  • 4:01 - 4:03
    ဒါပေမဲ့ ကျွန်မရဲ့ Arizona ထဲက
    ရာထူးနဲ့ ပတ်သက်ပြီး
  • 4:03 - 4:06
    စိတ်ဝင်စားစရာ ကောင်းခဲ့တာက
  • 4:07 - 4:08
    ကျွန်မဟာ တကယ့်ကိုပဲ ထူးထူးကဲကဲ
    လက်ရွေးစင် ဖြစ်ကြတဲ့
  • 4:08 - 4:11
    ကလေးတွေရဲ့ အုပ်စုထဲမှာ လုပ်ခွင့် ရခဲ့ခြင်း၊
  • 4:11 - 4:12
    တကယ့်ကို အစိုးရ ကျောင်းထဲမှာ သင်ခဲ့ရခြင်း၊
  • 4:13 - 4:16
    ကျွန်မတို့ဆီမှာ အဲဒီလို အခွင့်အလမ်းတွေ
    ရယူနိုင်ခဲ့တဲ့ ကာလတွေ ရှိခဲ့ခြင်းပါပဲ။
  • 4:16 - 4:17
    ကျွန်မတို့ အဲဒီလို ရလာတဲ့ အခွင့်အရေး တခုက
  • 4:17 - 4:20
    Paul Rusesabagina ကို သွားပြီး
    တွေ့ဆုံရန်ပါပဲ၊
  • 4:20 - 4:22
    အဲဒီ ပုဂ္ဂိုလ်ကြီးကတော့
  • 4:22 - 4:25
    "Hotel Rwanda" ရုပ်ရှင်ကားရဲ့
    အခြေခံ မူရင်း ပုဂ္ဂိုလ်ကြီးပါပဲ။
  • 4:25 - 4:27
    သူဟာ ကျွန်မတို့ ကျောင်းနဲ့ ကပ်လျက် ရှိနေတဲ့
    ကျောင်းမှာ မိန့်ခွန်း ပြောဖို့ ရှိခဲ့တယ်။
  • 4:27 - 4:30
    ကျွန်မတို့ဟာ အဲဒီမှာ စကားပြောနိုင်ခဲ့ကြတယ်။
    ပေးပြီး သွားဖို့တောင် မလိုခဲ့ပါဘူး။
  • 4:30 - 4:33
    ဘာတခုမှ ကုန်ကျစရာ မရှိခဲ့ဘူး။
    သိပ်ကို ကောင်းမွန်တဲ့ ကွင်းဆင်း လေ့လာမှုပါ။
  • 4:34 - 4:35
    ဒါပေမဲ့ နောက်ပိုင်းမှာ ပေါ်လာခဲ့တဲ့ ပြဿနာက
  • 4:35 - 4:37
    လူမျိုးတုံးစေရေးဝါဒ
    အကြောင်း ဆွေးနွေးပွဲထဲကို
  • 4:37 - 4:40
    ခုနစ်တန်း နဲ့ ရှစ်တန် ကျောင်းသာတွေကို
    ဘယ်လို ခေါ်သွားရမလဲ၊
  • 4:40 - 4:42
    အဲဒီပြဿနာကို တာဝန်သိသိ နဲ့
    လေးစားစရာ ပုံစံမျိုးဖြင့်
  • 4:42 - 4:44
    သူတို့အနေနဲ့ အဲဒါကို ဘယ်လို လုပ်ရမယ်ဆိုတာ
    ဘယ်လို ရှင်းပြကြမလဲ။
  • 4:44 - 4:46
    ကျွန်မတို့ဟာ Paul Rusesabagina
    အား သွားတွေ့ဖို့ ရွေးလိုက်ကြတယ်၊
  • 4:46 - 4:48
    ထူးခြားတဲ့ ပုဂ္ဂိုလ်ကြီး တဦးရဲ့ သာဓကအဖြစ်၊
  • 4:48 - 4:51
    မိမိဘဝကို အပြုသဘော တခုခုကို လုပ်ရန်
    ထူးကဲစွာ ကြိုးစားခဲ့သူအဖြစ် ရွေးခဲ့ကြတယ်။
  • 4:52 - 4:54
    အဲဒီနောက်မှာ ကျွန်မက သူတို့ကို
    စိန်ခေါ်လိုက်သေးတာက
  • 4:54 - 4:57
    သူတို့ကိုယ်တိုင်ရဲ့ ဘဝထဲက၊ သူတို့ရဲ့
    ဖြစ်ရပ်ထဲက သူတို့ ကမ္ဘာထဲကနေပြီး၊
  • 4:57 - 5:00
    အလားတူ အရာကို လုပ်နိုင်ခဲ့တယ်လို့
    ထောက်ပြနိုင်တဲ့ လူကို ရှာကြည့်ဖို့ကိုပါ။
  • 5:00 - 5:02
    အဲဒီအကြောင်းကို ရုပ်ရှင် ဇာတ်ကားအသေးလေး
    ထုတ်လုပ်ဖို့ ပန်ကြားခဲ့တယ်။
  • 5:02 - 5:04
    ကျွန်မတို့ဟာ အဲဒါကို ပထမဦးဆုံး
    အကြိမ် လုပ်ခဲ့ကြရတာပါ။
  • 5:04 - 5:07
    အဲဒီလို ရုပ်ရှင်ဇာတ်ကား အသေးကို
    ကွန်ပျူတာမှာ ဘယ်လိုလုပ်ရမှန်း ဘယ်သူမှ မသိခဲ့ပါ၊
  • 5:07 - 5:08
    ဒါပေမဲ့ သူတို့ဟာ အဲဒါကို လုပ်ကိုင်လာကြတယ်။
  • 5:08 - 5:10
    ပြီးတော့ သူတို့အား အဲဒါကို ကိုယ့်အသံဖြင့်
    အသံသွင်းပြောရန်ကိုပါ မှာခဲ့တယ်။
  • 5:10 - 5:13
    ကလေးတွေကို သူတို့က မျှဝေပေးချင်လိုတာကို
    အသံသွင်း ပြောပြရေးကိစ္စဟာ
  • 5:13 - 5:16
    သူတို့ကို ကိုယ့်ဘာသာကိုယ် ပြောပြရန်
    တောင်းဆိုမှုဟာ
  • 5:16 - 5:19
    အသံသွင်းရန် တောင်းဆိုမှုဟာ
  • 5:19 - 5:21
    အရမ်းကို စိတ်ဝင်စားစရာ
    ကောင်းမှန်း တွေ့လာရတယ်။
  • 5:21 - 5:23
    သူတို့ကို ပေးလိုက်တဲ့ တာဝန်ထဲက
    နောက်ဆုံး မေးခွန်းက၊
  • 5:23 - 5:25
    အခြားသူတွေကို အပြုသဘော
    အကျိုးပြုပေးဖို့အတွက်
  • 5:25 - 5:27
    မိမိဘဝကို အသုံးပြုရန်
    ဘယ်လို စီမံချက် ရှိသလဲ?
  • 5:27 - 5:29
    ကလေးတွေကို ပြောပြဖို့ အခွင့်အရေးပေးမယ်၊
  • 5:29 - 5:32
    ပြီးတော့ သူတို့ကို နားထောင်ဖို့
    အချိန်ပေးမယ်ဆိုရင်
  • 5:32 - 5:34
    အံ့အားသင့်စရာတွေကို ကြားသိလာရမှာပါ။
  • 5:35 - 5:38
    ရှေ့ကို သွားကြမယ်ဆိုရင် ကျွန်မရဲ့ လက်ရှိ
    နေထိုင်ရာ Pennsylvania ကို ရောက်လာကြပါမယ်၊
  • 5:38 - 5:40
    ခုနက အစပိုင်းမှာ ရှင်တို့အားလုံး လက်ခုပ်တီး
    အားပေးခဲ့ကြတဲ့ ကျောင်းသားတွေနဲ့ပါ-
  • 5:40 - 5:43
    ကျွန်မဟာ Science Leadership Academy မှာ
    သင်ကြားပေးနေရာ၊
  • 5:43 - 5:45
    Franklin Institute နဲ့ Philadelphia
    ပညာရေး ခရိုင်တို့က
  • 5:45 - 5:47
    လက်တွဲလျက် ထူထောင်ထားတဲ့ ဌာန တခုပါ။
  • 5:47 - 5:50
    ကိုးတန်းမှ အစ ၁၂ တန်းအထိ
    သင်နိုင်တဲ့ အစိုးရကျောင်းပါ၊
  • 5:50 - 5:52
    ဒါပေမဲ့ ကျွန်မတို့ ပို့ချပုံဟာ
    အတော်လေး ကွာခြားပါတယ်။
  • 5:53 - 5:55
    ကျွန်မ အဲဒီကို ပြောင်းခဲ့တာက အဓိကအားဖြင့်
  • 5:55 - 5:57
    ကျွန်မက သိထားတဲ့ ကလေးတွေရဲ့
    ပညာသင်ယူရေး နည်းလမ်းကို တန်ဖိုးထားကာ
  • 5:57 - 5:59
    ဝန်းကျင်မျိုးမှာ ပညာသင်နိုင်မယ့်
    အခွင့်အလမ်းကို ဖန်တီး ရယူနိုင်ဖို့အတွက်၊
  • 5:59 - 6:02
    ပြီးတော့ ကျွန်မတို့က အတိတ်ခေတ်တုန်းက၊
    ကျွန်မရဲ့ အဘွား ကျောင်းတက်ခဲ့စဉ်တုန်းက၊
  • 6:02 - 6:03
    ကျွန်မ ဖခင် ကျောင်းတက်ခဲ့စဉ် နဲ့
    ကျွန်မကိုယ်တိုင် ကျောင်းတက်ခဲ့စဉ်
  • 6:03 - 6:05
    အသိပညာ အသိပညာတွေ ရှားပါးခဲ့တဲ့ ခေတ်တုန်းက
  • 6:05 - 6:07
    ခံယူချက် အချို့တို့ကို စွန့်ပစ်နိုင်ကာ
  • 6:07 - 6:10
    ကျွန်မတို့ ဒီနေ့မှာ တွေ့ကြုံနေရတဲ့
  • 6:10 - 6:13
    အသိပညာ အချက်အလက်တွေ လိုတာထက်
    ပိုများနေတဲ့
  • 6:13 - 6:15
    ခေတ်ကာလမျိုးထဲမှာ ပညာပို့ချရေး အလားအလာကို
    စူးစမ်းချင်တာ ကြောင့်ပါ။
  • 6:16 - 6:18
    ဒီတော့ နေရာတိုင်းမှာ အသိပညာတွေ
    ရှိလာတော့ ကျွန်မတို့ ဘာလုပ်ကြလဲ?
  • 6:18 - 6:20
    ကလေးတွေဟာ အသိပညာတွေကို ရယူဖို့
    ကျောင်းကို လာရန် မလိုတော့တဲ့ နောက်မှာ
  • 6:20 - 6:23
    ဘာလုပ်ဖို့ ကျောင်းကို လာဖို့ လိုအပ်တာလဲ?
  • 6:23 - 6:26
    Philadelphia မှာဆိုရင် လူတိုင်းဆီမှာ
    လက်တော့ ရှိရတဲ့ အစီအစဉ် ရှိပါတယ်၊
  • 6:26 - 6:29
    အဲဒီကလေးတွေဟာ နေ့စဉ် လက်တော့တွေကို
    သူတို့နဲ့အတူ ယူလာကြရပါတယ်၊
  • 6:29 - 6:32
    ပြီးတော့ အိမ်ကို ပြန်သွာကြကာ
    အသိပညာတွေကို ရယူသုံးကြပါတယ်။
  • 6:32 - 6:35
    အဲဒီလို အခြေအနေမျိုးထဲတွင်၊
    ကျောင်းသားတွေကို
  • 6:35 - 6:37
    အသိပညာတွေကို ရယူနိုင်တဲ့ ကိရိယာကို
    လက်ထဲ ထည့်ပေးလိုက်တဲ့ နောက်မှာ၊
  • 6:37 - 6:39
    အဲဒီလို သင်ယူရေး ဖြစ်စဉ်ရဲ့
    အစိတ်အပိုင်း တရပ်အနေနဲ့
  • 6:39 - 6:41
    ကလေးတွေဟာ ကျရှံးနိုင်ကြတယ်ဆိုတဲ့
  • 6:41 - 6:43
    အတွေးအခေါ်စိတ်ကူးကိုပါ ကျွန်မတို့ဟာ
  • 6:43 - 6:45
    ခွင့်လွတ် လက်ခံဖို့ အသင့်ရှိနေရန်
    လိုအပ်ပါလိမ့်မယ်။
  • 6:46 - 6:48
    ကျွန်မတို့ ပညာရေး နယ်ပယ်ထဲမှာ
    အခုရင်ဆိုင်နေရတာက
  • 6:48 - 6:50
    ပျမ်းမျှအားဖြင့် လူတိုင်းအတွက် သုံးလို့ရနိုင်တဲ့
  • 6:50 - 6:52
    တခုတည်းသော မှန်ကန်တဲ့ အဖြေရှိတယ်
  • 6:52 - 6:55
    အဲဒါကို နေရာတိုင်းမှာ သုံးနိုင်တယ်ဆိုတဲ့
    အရူးအမူး စွဲလမ်းမှုပါပဲ၊
  • 6:55 - 6:57
    အဲဒါကြောင့်မို့လို့ ကျွန်မ အခု ဒီကနေပြီး
    ကြေညာလိုတာက:
  • 6:57 - 6:59
    အဲဒါဟာ စာသင်ယူမှု မဟုတ်ပါ။
  • 6:59 - 7:02
    ကလေးတွေကို အမှားကို ဘယ်တော့မှ
    မလုပ်မိကြနဲ့လို့
  • 7:02 - 7:04
    ပြောဆိုမှုဟာ လုံးဝကို မှားနေတယ်။
  • 7:05 - 7:07
    သူတို့ဆီမှာ အမြဲတမ်း မှန်တဲ့ အဖြေ
    ရှိနေရမယ်လို့ တောင်းဆိုခြင်းဟာ
  • 7:07 - 7:09
    သူတို့ကို သင်ခွင့် ပြုမှာ မဟုတ်ပါ။
  • 7:10 - 7:11
    အဲဒါကြောင့် ကျွန်မတို့ရဲ့
    ပရိုဂျက် ပေါ်လာခဲ့ရတယ်၊
  • 7:11 - 7:14
    ကျွန်မ ဒီနေ့ ဒီမှာ နောက်ဆုံး ပြောပြချင်တာ
    သိပ်ကို ရယ်စရာကောင်းတဲ့ ဖြစ်ရပ်ပါ၊
  • 7:14 - 7:16
    ပြီးတော့ အဲဒါဟာ ပရိုဂျက်ရဲ့
    အမွေအနှစ် တခုလည်းဖြစ်ပါတယ်။
  • 7:16 - 7:18
    အောင်မြင်မှာ မဟုတ်ဘူးလို့ စိုးနေခဲ့လို့
    ကျွန်မဟာ အဲဒါကို
  • 7:18 - 7:20
    ဘယ်တော့မှာမှ မပြဖြစ်ခဲ့ပါဘူး။
  • 7:20 - 7:22
    ဒီနေ့မှာ ကျွန်မတို့ အများကြီးကို
    ကြားခဲ့ကြရတဲ့
  • 7:22 - 7:25
    ရေနံ ယိုဖိတ်မှု ပြဿနာကို တုံ့ပြန်တဲ့ အနေနဲ့
  • 7:25 - 7:27
    ဒီနှစ်ကုန်ပိုင်းမှာ ကျွန်မရဲ့
    ကျောင်းသားတွေနဲ့ ပြုလုပ်ခဲ့တဲ့ လုပ်ငန်းရဲ့
  • 7:27 - 7:29
    ရလဒ်ဖြစ်တဲ့ အင်ဖို-ဂရပ်ပုံတွေကို ပြချင်ပါတယ်။
  • 7:29 - 7:32
    ကျွန်မတို့ မြင်တွေ့နေခဲ့ကြရတဲ့
    အင်ဖို-ဂရပ်ပုံတွေကို
  • 7:32 - 7:34
    နမူနာအဖြစ် ယူလျက်
  • 7:34 - 7:36
    လူထု မီဒီယာတွေ အများအပြားထဲမှ
    ယူလျက်
  • 7:36 - 7:39
    အဲဒီထဲက စိတ်ဝင်စားစရာ ကောင်းတဲ့
    အစိတ်အပိုင်းတွေကို လေ့လာလျက်၊
  • 7:39 - 7:40
    သူတို့ကိုယ်တိုင်အတွက် အမေရိက သမိုင်းထဲက
    လူ့လက်ချက်ကြောင့် ဖြစ်ပေါ်လာခဲ့တဲ့
  • 7:41 - 7:43
    အခြား ကပ်ဘေးကြီး တခုအကြောင်းကို
    ရေးဆွဲပြရန် သူတို့ကို မှာလိုက်တယ်။
  • 7:43 - 7:46
    သူတို့ဆီမှာ အဲဒီလုပ်ကိုင်ဖို့
    သတ်မှတ်ချက် အချို့လည်း ရှိခဲ့ပါတယ်။
  • 7:46 - 7:48
    သူတို့ဟာ အဲဒါမျိုးကို ဘယ်တုန်းကမှ
    မလုပ်ခဲ့ကြလို့
  • 7:48 - 7:51
    ဘယ်လို လုပ်ကိုင်ရမှန်း အတိအကျ မသိခဲ့ကြလို့
    သူတို့ဟာ ကသိကအောင့် ဖြစ်ခဲ့ကြပါတယ်။
  • 7:51 - 7:53
    သူတို့ ပြောဆိုရာမှာ မွန်ရည်ကြပါတယ်၊
  • 7:53 - 7:55
    ပြီးတော့ အရေးအသားလည်း
    အရမ်း၊အရမ်းကို ကောင်းကြပါတယ်၊
  • 7:55 - 7:58
    ဒါပေမဲ့ အတွေးအခေါ်တွေကို နောက်တနည်းဖြင့်
    ဖေါ်ပြပေးဖို့ တာဝန်ဟာ
  • 7:58 - 7:59
    သူတို့အတွက် နည်းနည်းလေး အဆင်မပြေခဲ့ပါ။
  • 7:59 - 8:02
    ဒါပေမဲ့၊ ကျွန်မဟာ သူတို့ကို လွတ်လပ်ခွင့်ကို
    ပေးခဲ့ကာ ပြီးအောင် လုပ်ဖို့ကိုသာ မှာခဲ့တယ်။
  • 8:02 - 8:04
    ဖန်တီးကြပါ။ အဲဒါကို ကြံဆကြပါ။
  • 8:04 - 8:06
    ကျွန်မတို့ ဘာလုပ်နိုင်ကြတယ်
    ဆိုတာကို ကြည့်ဖို့ပါ။
  • 8:06 - 8:08
    အဲဒါနဲ့ ကျောင်းသားတွေ ဇွဲရှိရှိနဲ့
    လုပ်လာခဲ့ကြလို့
  • 8:08 - 8:11
    ထုတ်လုပ်လိုက်ကြတဲ့ ကြည့်ရှုလို့ ရနိုင်တဲ့
    ထုတ်ကုန်ဟာ စိတ်ပျက်စရာ မဟုတ်ခဲ့ပါ။
  • 8:12 - 8:14
    သူတို့ဟာ အဲဒါကို နှစ်ရက်-သုံးရက်နဲ့
    ပြီးအောင် လုပ်ခဲ့ကြတာပါ။
  • 8:14 - 8:16
    ဇွဲအရှိဆုံး ကျောင်းသားက ထုတ်လုပ်လိုက်တဲ့
    လက်ရာက ဟောဒါပါပဲ။
  • 8:16 - 8:20
    ကျောင်းသားတွေကို ထိုင်ခိုင်းလိုက်တဲ့ နောက်မှာ
    "ဘယ်သူ့ဟာ အကောင်းဆုံးလဲ?"
  • 8:20 - 8:22
    သူတို့က ချက်ချင်းဘဲ "ဒီဟာပါပဲ။"
  • 8:22 - 8:24
    သူတို့ ပြောလိုက်တဲ့ စကားလုံးတွေက
    "ဒီဟာပါပဲ"တဲ့။
  • 8:24 - 8:26
    အဲဒါနဲ့၊ "ကောင်းပြီ အဲဒါကို အကောင်းဆုံး
    ဖြစ်အောင် လုပ်ခဲ့တာက ဘာလဲ?"
  • 8:26 - 8:29
    သူတို့ အဖြေတွေဟာ ခပ်ဆင်ဆင်ပါပဲ။
    "ဒီဇိုင်း ကောင်းတယ်၊ အရောင်သုံးပုံ တော်တယ်။
  • 8:29 - 8:31
    ကျွန်မတို့ဟာ ကျယ်ကျယ်လောင်လောင်
    ဆွေးနွေးခဲ့ကြတယ်။
  • 8:31 - 8:32
    အဲဒီနောက်မှာ၊ "အဲဒါကို ဖတ်ကြည့်ကြစမ်းပါ။"
  • 8:32 - 8:35
    ထပ်ပြီးတော့ "အို၊ အဲဒါကတော့
    သိပ်မကောင်းလှဘူး။"
  • 8:35 - 8:37
    အဲဒီနောက်မှာ ကျွန်မတို့ဟာ
    နောက်တခုဆီကို သွားကြတယ် -
  • 8:37 - 8:40
    အဲဒါဟာ ကြည့်လို့ သိပ်မကောင်းခဲ့ပေမဲ့၊
    သိနိုင်တာတွေ အရမ်းကို ကောင်းခဲ့တယ် -
  • 8:40 - 8:43
    သင်ယူရေး ဖြစ်စဉ်ကို ဆွေးနွေးခဲ့ကြတာ
    တနာရီ ကြာခဲ့တယ်၊
  • 8:43 - 8:45
    အဲဒါဟာ ကောင်းတယ် မကောင်းဘူး မဟုတ်ခဲ့ဘဲ
    ပြောစရာမရှိ ကောင်းခဲ့တာပါ၊
  • 8:45 - 8:47
    ဒါမှမဟုတ် ကောင်းကေင်း မကောင်းကောင်း
    ကျွန်မတို့ ထုတ်လုပ်နိုင်ခဲ့ကြတာတွေပါ။
  • 8:47 - 8:49
    သူတို့ ကိုယ်တိုင်အတွက် ဖန်တီးကြရန်
    မှာလိုက်တာမို့လို့၊
  • 8:49 - 8:51
    သူတို့ဆီမှာ ကျရှုံးခွင့်လည်း ရှိခဲ့ပါတယ်၊
  • 8:51 - 8:53
    ဖြစ်စဉ်ထဲမှ သင်ယူရန် ဖြစ်ခဲ့တယ်။
  • 8:53 - 8:56
    အလားတူပဲ နောက်တချီ ကျွန်မ အတန်းထဲ
    ဒီနှစ်တွင် လုပ်ကြပြန်တော့၊
  • 8:56 - 8:58
    သူတို့ဟာ ပိုကောင်းစွာ လုပ်နိုင်ကြတယ်၊
  • 8:58 - 8:59
    သင်ကြားရေး ဖြစ်စဉ်ထဲတွင်
  • 9:00 - 9:02
    ကျရှုံးနိုင်တယ် ဆိုတာကိုပါ အနည်းနဲ့အများ
    ထည့်တွက်ထားခဲ့တယ်၊
  • 9:02 - 9:05
    အဲဒီလို ကျရှုံးမှုဟာ အဲဒီဖြစ်စဉ်
    အတွင်းမှာ
  • 9:05 - 9:07
    သူတို့ကို လမ်းညွှန်ပေးနိုင်ခဲ့တယ်။
  • 9:08 - 9:11
    ကျွန်မဟာ ကလစ်နှိပ်ပြီး ပြနိုင်တဲ့ ပုံတွေ
  • 9:11 - 9:13
    ဒီမှာ တသန်းခန့် ရှိပါတယ်၊
  • 9:13 - 9:16
    ကျွန်မဟာ ကျွန်မရဲ့ မအကြိုက်ဆုံးပုံကို
    မနည်းကြီး သတိထာ ရွေးခဲ့ရတယ် -
  • 9:16 - 9:17
    ကျောင်းသားတွေ သင်ယူနိုင်မှု၊
  • 9:17 - 9:19
    ပညာပို့ချမှု ဘာနဲ့တူနိုင်တယ်၊
  • 9:19 - 9:22
    ကလေးတွေ ကျောင်းကို လာကြတာက
    အသိပညာတွေကို ရယူဖို့ ဖြစ်တယ်ဆိုတဲ့
  • 9:22 - 9:25
    အယူအဆကို စွန့်ပစ်လိုက်ကြကာ
  • 9:25 - 9:27
    အဲဒါအစား၊ သူတို့ဟာ အသိပညာတွေကို သုံးပြီး
    ဘာလုပ်နိုင်ကြတယ်လို့ မေးရန်လိုပါတယ်။
  • 9:27 - 9:29
    သူတို့ တကယ့်ကို စိတ်ဝင်စားနိုင်ကြမယ့်
    မေးခွန်းတွေကို မေးကြည့်ပါ။
  • 9:29 - 9:31
    သူတို့ စိတ်ပျက်အောင် မလုပ်နိင်ကြပါ။
  • 9:31 - 9:33
    သူတို့ကို နေရာတွေကို သွားလည်ရန်၊
  • 9:33 - 9:35
    သူတို့ကိုယ်တိုင် အတွက် အရာတွေကို
    ကြည့်ရှုရန်၊
  • 9:35 - 9:37
    သင်ယူရေး အတွေ့အကြုံကို လက်တွေ့
    ရယူကြရန်၊
  • 9:37 - 9:38
    ကစားကြည့်ရန်၊
  • 9:40 - 9:42
    စုံစမ်းကြည့်ရန် ခိုင်းပါ။
  • 9:43 - 9:45
    ဒါကတော့ ကျွန်မ အကြိုက်ဆုံး ဓာတ်ပုံတပုံပါ၊
  • 9:45 - 9:47
    အဲဒါကို အင်္ဂါနေ့တုန်းက ရိုက်ယူခဲ့လို့ပါ၊
  • 9:47 - 9:49
    မဲပေးရုံတွေကို သွားကြည့်ရန်
    ကျောင်းသားတွေကို ပြောခဲ့စဉ် ရိုက်ခဲ့ကြတာ။
  • 9:49 - 9:52
    ဒါက Robbie ပါ၊ သူဟာ ပထမဦးဆုံး
    အကြိမ်အဖြစ် မဲပေးခဲ့တာပါ၊
  • 9:52 - 9:55
    သူဟာ သူ့အတွေ့အကြုံကို
    လူတိုင်းကို မျှဝေချင်ပါတယ်။
  • 9:55 - 9:56
    အဲဒါဟာလည်း သင်ယူမှုပါပဲ၊
  • 9:56 - 9:59
    တကယ့် နေရာတွေကို သွားပြီး လေ့လာရန်
    ကျွန်မတို့ မှာခဲ့ကြလို့ပါ။
  • 10:02 - 10:04
    အဓိက ပြောချင်တဲ့ အချက်က
  • 10:04 - 10:07
    ကျွန်မတို့ဟာ ပညာရေးဆိုတာဟာ
  • 10:08 - 10:10
    ကျောင်းကို သွားရခြင်းဖြစ်တယ်၊
  • 10:11 - 10:12
    အသိပညာတွေ ရယူချင်ဖြစ်တယ်လို့
    ခံယူကြကာ
  • 10:12 - 10:15
    စမ်းသပ်လေ့လာရင်း သင်ယူခြင်းမျိုး
  • 10:15 - 10:17
    ကျောင်းသားတွေကို ပြောဆိုခွင့် ပေးပြီး
    ကျရှုံးခွင့် ပြုတာမျိုး မဟုတ်ဘူးဆိုရင်၊
  • 10:17 - 10:19
    ကျွန်မတို့ဟာ ဦးတည်ချက် လွဲနေပါပြီ။
  • 10:19 - 10:22
    ကျွန်မတို့က အဲဒါတွေကို တန်ဖိုး
    မထားတဲ့ ပညာရေး စနစ်ကို
  • 10:22 - 10:25
    ဆက်ကျင့်သုံးနေကြမယ်ဆိုရင်
    လူတိုင်း ဒီနေ့ ပြောဆို
  • 10:25 - 10:27
    ဆွေးနွေးနေကြတာတွေဟာ ဖြစ်မလာနိုင်ကြပါ၊
  • 10:27 - 10:29
    ကျွန်မတို့ဟာ ပုံမှန် စမ်းသပ်မှုနဲ့
    အဲဒီဆီကို မရောက်နိုင်ကြလို့ပါ၊
  • 10:29 - 10:32
    တခုတည်းသော မှန်ကန်တဲ့ အဖြေမျိုးဖြင့်
    ကျွန်မတို့ အဲဒီဆီကို မရောက်နိုင်ကြပါ။
  • 10:32 - 10:34
    အဲဒါကို ပိုကောင်းမွန်စွာ ဘယ်လို
    လုပ်ရမယ် ဆိုတာ ကျွန်မတို့ သိပါတယ်၊
  • 10:34 - 10:35
    ပိုကောင်းမွန်စွာ ကြိုးစားကြရမယ့်
    အခု အချိန် ရောက်လာပါပြီ။
  • 10:35 - 10:38
    (လက်ခုပ်တီးသံများ)
Title:
အမှားများမှ သင်ယူကြပါ | Diana Laufenberg | TEDxMidAtlantic
Description:

Diana Laufenberg ဟာ စာပို့ချမှုနှင့် ပတ်သက်ပြီး သူ နားလည်လိုက်တဲ့ အံ့အားသင့်စရာ သုံးချက်ကို၊ အမှားများမှ သင်ယူရေး ဆိုတဲ့ သူကိုယ်တိုင်ရဲ့ တွေ့ရှိချက်ကို အပါအ၀င် မျှဝေတင်ပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
10:53

Burmese subtitles

Revisions