Return to Video

မြို့ကြီးတစ်မြို့ထဲက သစ်ပင်အားလုံးကို ခုတ်လှဲလိုက်ရင် ဘာဖြစ်သွားမလဲ။ Stefan Al

  • 0:07 - 0:10
    ဒါကတော့ ရှေးဟောင်း မြို့ကြီးနှစ်မြို့နဲ့
  • 0:10 - 0:14
    ၎င်းတို့ရဲ့ ကံကြမ္မာတွေကို ပိုင်းဖြတ်ပေး
    ခဲ့တဲ့ သစ်ပင်တွေရဲ့ ပုံပြင်ပါ။
  • 0:14 - 0:20
    ဘီစီ ၃၀၀၀ က Uruk ဟာ ယနေ့ခေတ်
    New York City ထက် လူဦးရေ ပိုထူထပ်ခဲ့တယ်။
  • 0:20 - 0:25
    ဒီလူပြည့်ကျပ်နေတဲ့ မြို့တော်ဟာ ၎င်းရဲ့
    တိုးလာနေတဲ့ လူဦးရေကို ကျွေးမွေးဖို့
  • 0:25 - 0:27
    ရေသွယ်မြောင်းစနစ်ကို
    မပြတ် တိုးချဲ့ပေးရတယ်။
  • 0:27 - 0:34
    နောင် နှစ်ပေါင်း ၂၅၀၀ အကြာမှာ Sri Lanka က
    Anuradhapura မှာ အလားတူ ပြဿနာရှိခဲ့တယ်။
  • 0:34 - 0:36
    သူတို့ဟာလည်း အစဉ်မပြတ်
    တိုးပွားလာနေပြီး
  • 0:36 - 0:42
    Uruk မှာလို သူတို့မြို့ဟာ အကျအနလုပ်ထားတဲ့
    ရေသွယ်မြောင်းစနစ်ကို အလွန် မှီခိုခဲ့ရတယ်။
  • 0:42 - 0:48
    Uruk ကြီးထွားလာတော့ လယ်သမားတွေဟာ နောက် သီး
    နှံတွေအတွက် နေရာလုပ်ဖို့ အပင်တွေ စခုတ်တယ်။
  • 0:48 - 0:52
    ဒါပေမဲ့ Anuradhapura မှာတော့
    သစ်ပင်တွေကို အလေးအမြတ်ထားတယ်။
  • 0:52 - 0:55
    သူတို့ရဲ့မြို့ဟာ ဒီအပင်အောက်မှာ
    ဗုဒ္ဓကိုယ်တော်တိုင်
  • 0:55 - 0:59
    သဗ္ဗညုတဉာဏ် ရတယ်ဆိုတဲ့ ဗောဓိပင်
    လက်တက်တစ်ခုကို ထည့်သွင်းထားတယ်။
  • 0:59 - 1:02
    ဘာသာရေး ကြည်ညိုမှုက
    လယ်သမားရဲ့ ပုဆိန်တွေကို နှေးစေပြီး
  • 1:02 - 1:07
    မြို့ကို မြို့ပြ ပန်းခြံတွေမှာ နောက်ထပ်
    သစ်ပင်တွေစိုက်ဖို့ ဖြစ်စေခဲ့တယ်။
  • 1:07 - 1:10
    ကနဦးအနေနဲ့ Uruk ချဲ့ထွင်မှုက
    ကောင်းကောင်း အလုပ်ဖြစ်ခဲ့တယ်။
  • 1:10 - 1:13
    ဒါပေမဲ့ သူတို့ရဲ့ ရေအထောက်အပံ့ကို
    စစ်ပေးဖို့ သစ်ပင်တွေမရှိတော့
  • 1:13 - 1:17
    Uruk ရဲ့ ရေသွယ်မြောင်းစနစ်ဟာ
    ညစ်ညမ်းလာတယ်။
  • 1:17 - 1:20
    အငွေ့ပျံနေတဲ့ ရေက သတ္တုဓာတ်ပါတဲ့
    နုန်းတွေ ကျန်ရစ်ပြီး
  • 1:20 - 1:23
    ဒါက စိုက်ပျိုးရေးအတွက် မြေဆီလွှာကို
    ဆားဓာတ် များလွန်းစေတယ်။
  • 1:23 - 1:27
    ဆန့်ကျင်ဘက်အနေနဲ့ Anuradhapura ရဲ့
    ရေသွယ်မြောင်းစနစ်က ဝန်းရံနေတဲ့
  • 1:27 - 1:30
    သစ်တောနဲ့ အတူပေါင်း
    လုပ်ဖို့ ပုံစံထုတ်ထားတယ်။
  • 1:30 - 1:34
    နောက်ဆုံးတော့ သူတို့ရဲ့မြို့ဟာ Uruk ရဲ့
    လူဦးရေထက် နှစ်ဆကျော် တိုးလာခဲ့ပြီး
  • 1:34 - 1:41
    ယနေ့ Anuradhapura ဟာ လွန်ခဲ့တဲ့ နှစ် ၂၀၀၀
    ကျော်က စိုက်တဲ့သစ်ပင်ကို ဂရုစိုက်တုန်းပါ။
  • 1:41 - 1:45
    သဘာဝဟာ ကျေးလက် နေရာလွတ်တွေနဲ့
    အဆက်အစပ်ရှိမနေတာအဖြစ် ထင်လောက်ကြပေမဲ့
  • 1:45 - 1:50
    အပင်တွေဟာ အောင်မြင်တဲ့မြိုတွေအတွက် မရှိ
    မဖြစ် အစိတ်အပိုင်းတစ်ခု အမြဲ ဖြစ်ခဲ့တယ်။
  • 1:50 - 1:54
    သစ်ပင်တွေဟာ သဘာဝ ရေမြှုပ်သဖွယ်
    လုပ်ဆောင်ပြီး
  • 1:54 - 1:57
    မုန်တိုင်း စီးရ​ေကို လေထုလွာထဲကို
    ပြန်မရောက်ခင် စုပ်ပေးတယ်။
  • 1:57 - 2:00
    အမြစ်တွေရဲ့ ကွန်ရက်တွေက နွံအစုအပုံတွေကို
    ကာကွယ်ပေးခိုက်မှာ
  • 2:00 - 2:04
    မြေဆီလွှာကို ရေကို ထိန်းထားပြီး
    အဆိပ်တွေ စစ်ထုတ်ခွင့်ပေးတယ်။
  • 2:04 - 2:06
    အမြစ်တွေက ရေကြီးမှုတွေကို တားဆီးပေးစဉ်
  • 2:06 - 2:10
    မုန်တိုင်း ရေပြွန်တွေနဲ့ ရေသန့်စင်ရေး
    စက်ရုံတွေ လိုအပ်မှုကို လျှော့ချပေးတယ်။
  • 2:10 - 2:15
    စိမ့်ဝင်နိုင်တဲ့အရွက်တွေက ကာဗွန်နဲ့ အခြား
    ညစ်ညမ်းပစ္စည်းတွေကို စစ်ပေးရင်း လေကို
  • 2:15 - 2:18
    သန့်စင်စေကာရာသီဥတု ပြောင်းလဲမှုကို
    ဆန့်ကျင်ရာမှာ မရှိမဖြစ် ဖြစ်စေတာပါ။
  • 2:18 - 2:23
    လူ့လောကဟာ ဒီသစ်ပင်ဆိုင်ရာ အကျိုး
    ကျေးဇူးတွေကို ဖော်ထုတ်နေတာ ရာစုချီပါပြီ။
  • 2:23 - 2:27
    ဒါပေမဲ့ သစ်ပင်တွေဟာ မြို့တစ်မြို့ရဲ့အခြေခံ
    အဆောက်အအုံရဲ့ ကျန်းမာရေးအတွက်အရေးပါရုံမက
  • 2:27 - 2:31
    ၎င်းရဲ့နိုင်ငံသားတွေရဲ့ ကျန်းမာရေးမှာ
    အဓိက ကဏ္ဍက ပါဝင်ပါတယ်။
  • 2:31 - 2:36
    ၁၈၇၀ နှစ်လွန်က Manhattan မှာ ကျွန်းပန်းခြံ
    တွေ အပြင်မှာသစ်ပင် အနည်းပဲရှိခဲ့တယ်။
  • 2:36 - 2:38
    အရိပ်ပေးတဲ့ သစ်ပင်တွေမရှိရင်
  • 2:38 - 2:42
    အဆောက်အအုံတွေက ကြောက်စရာ
    နွေရာသီ အပူလှိုင်းတွေအတွင်း
  • 2:42 - 2:45
    နေရောင်ခြည်ကို ကိုးဆအထိ ပိုစုပ်ယူတယ်။
  • 2:45 - 2:48
    ဒီကာလရဲ့ ညံ့ဖျင်းတဲ့ မိလ္လာအဆင့်တွေနဲ့
    ပေါင်းစပ်တဲ့ စိတ်လေးဖွယ်အပူက
  • 2:48 - 2:53
    မြို့ကို ကာလဝမ်းရောဂါလို ဘက်တီးရီးယား
    တွေ ပေါက်ဖွားရာတွေ ဖြစ်စေတယ်။
  • 2:53 - 2:58
    ခေတ်သစ်ကာလ Hong Kong မှာ မိုးမျှော်တိုက်
    မြင့်တွေနဲ့ မြေအောက် အခြေခအဆောက်အအုံမှာ
  • 2:58 - 3:00
    သစ်ပင်တွေ ကြီးထွားဖို့ ခက်ခဲစေတယ်။
  • 3:00 - 3:04
    ဒါက မြို့ရဲ့ ကြောက်ဖွယ်လိလိ ညံ့ဖျင်းတဲ့
    လေထု အရည်အသွေးကို ဖြစ်စေတယ်။
  • 3:04 - 3:08
    ဒါက ချောင်းဆိုးရင်ကျပ်နာနဲ့ ဆုတ်ယုတ်လာတဲ့
    အဆုတ်လုပ်ဆောင်မှုကို ဖြစ်စေတယ်။
  • 3:08 - 3:10
    သစ်ပင်တွေဟာ စိတ်ကျန်းမာရေးကိုလည်း
    သက်ရောက်စေတယ်။
  • 3:10 - 3:15
    အစိမ်းရောင်သစ်ရွက် ရှိတာက အာရုံစိုက်မှု
    သက်တမ်းတွေကို တိုးစေပြီး စိတ်ဖိစီးမှုကို
  • 3:15 - 3:18
    လျော့စေတယ်လို့ လေ့လာမှုက ညွှန်ပြတယ်။
  • 3:18 - 3:22
    အုတ်နံရံတွေရဲ့ မြင်ကွင်းတွေနဲ့ ာတွေဟာ
    ဆေးရုံလူနသစ်ပင်တွေရဲ့ မြင်ကွင်းတွေနဲ့
  • 3:22 - 3:26
    လူနာတွေထက် ပိုနှေးကွေးစွာ နေပြန်ကောင်း
    တယ်လို့တောင် ပြသပါတယ်။
  • 3:26 - 3:29
    ကံကောင်းချင်တော့ မြို့များစွာဟာ
    ဒီလို မြင်ကွင်းတွေနဲ့ ပြည့်နေပြီး
  • 3:29 - 3:31
    ဒါက တိုက်ဆိုင်မှု မဟုတ်ပါ။
  • 3:31 - 3:33
    ၁၈ ရာစုလောက် စောစောကကို
  • 3:33 - 3:38
    မြို့ပြစီမံကိန်း ဆွဲသူတွေဟာ မြို့ပြ သစ်ပင်
    တွေရဲ့ အရေးပါမှုကို စတင် ကျင့်သုံးခဲ့တယ်။
  • 3:38 - 3:43
    ၁၇၃၃ မှာ Colonel James Oglethorpe က
    ပန်းခြံတစ်ခုဆီ ၂ မိနစ်ထက် ပိုမလျှောက်ရတဲ့
  • 3:43 - 3:48
    ရပ်ကွက် မရှိရေးကို သေချာစေဖို့ Savannah,
    Georgia ရဲ့ မြို့တော်ကို အကွက်ချခဲ့တယ်။
  • 3:48 - 3:54
    ဒုတိယ ကမ္ဘာစစ်နောက် Copenhagen က လမ်း ၅ ခု
    ပါတဲ့ တည်ဆောက်မှု အသစ်ကို ညွှန်ကြားတယ်။
  • 3:54 - 3:57
    တစ်ခုစီကို ပန်းခြံတစ်ခုကြားမှာ ညှပ်တယ်။
  • 3:57 - 3:59
    ဒီအဆင်အပြင်က ညစ်ညမ်းမှုနဲ့
    သဘာဝ ဘေးတွေမှာ
  • 3:59 - 4:01
    မြို့ရဲ့ ခံနိုင်ရည်ရှိမှုကို တိုးစေတယ်။
  • 4:01 - 4:04
    မြို့ပြသစ်ပင်တွေဟာ လူတွေကို
    အကျိုးရှိစေရုံမကပါဘူး။
  • 4:04 - 4:08
    Portland ရဲ့ Forest Park ဟာ ဒေသရဲ့
    သဘာဝ ဇီဝစုံလင်မှုကို ထိန်းသိမ်းပေးတယ်။
  • 4:08 - 4:11
    မြို့ကို ဒေသတွင်း အပင်မျိုးစုံ၊
    ကျေးငှက်မျိုးစိတ်တွေနဲ့
  • 4:11 - 4:16
    နို့တိုက်သတ္တဝါ မျိုးစိတ်
    ၆၂ မျိုးအတွက် အိမ်ရာဖြစ်စေတယ်။
  • 4:16 - 4:20
    ဘယ်မြို့မှ Singapore ထက် သစ်ပင်တွေကို
    နှစ်မြှပ်ထားတာ မရှိဘူး။
  • 4:20 - 4:26
    ၁၉၆၇ ကတည်းက Singapore အစိုးရဟာ
    အပင် ၁.၂ သန်းကျော် စိုက်ပျိုးခဲ့တယ်။
  • 4:26 - 4:32
    supertrees လို့ခေါ်တဲ့ ထောင်လိုက်
    ဥယျာဉ်တွေ အပါအဝင်တွေပါ။
  • 4:32 - 4:36
    ဒီတည်ဆောက်မှုတွေဟာ ၎င်းတို့ကိုယ်တိုင်နဲ့
    နေရောင်ခြည် စွမ်းအင်နဲ့ စုထားတဲ့ မိုးရေနဲ့
  • 4:36 - 4:39
    အနီးက မှန်လုံဆောင်တွေကို အကျိုးပြုတယ်။
  • 4:39 - 4:44
    သစ်ပင်တွေနဲ့ သဘာဝပေါက်ပင်တွေက Singapore
    မြေထုရဲ့ ၅၀% ကို လက်ရှိ ဖုံးထားတယ်။
  • 4:44 - 4:46
    လေအေးပေးစက် လိုအပ်မှုကို လျှော့ချပြီး
  • 4:46 - 4:49
    ညစ်ညမ်းမှု နိမ့်တဲ့ သယ်ယူပို့ဆောင်ရေးကို
    အားပေးတယ်။
  • 4:49 - 4:55
    ၂၀၅၀ မတိုင်မီ ကမ္ဘာ့ ၆၅%ကျော်ဟာ မြို့ကြီး
    တွေမှာ နေထိုင်လိမ့်မယ်လို့ ခန့်မှန်းတယ်။
  • 4:55 - 4:59
    မြို့ပြစီမံကိန်းဆွဲသူတွေက ပတ်ဝန်းကျင်
    သဟဇာတဖြစ်တဲ့ အုတ်မြစ်ကို ချနိုင်ပေမဲ့
  • 4:59 - 5:02
    ဒါတွေကို လူသားတွေ အတွက်သာမက
    ဂေဟာရိပ်သာအဖြစ် ဖန်တီးဖို့ကတော့
  • 5:02 - 5:05
    ဒီမြို့ပြ သစ်တောတွေမှာ နေထိုင်တဲ့
    လူတွေအပေါ် မူတည်ပါတယ်။
Title:
မြို့ကြီးတစ်မြို့ထဲက သစ်ပင်အားလုံးကို ခုတ်လှဲလိုက်ရင် ဘာဖြစ်သွားမလဲ။ Stefan Al
Speaker:
Stefan Al
Description:

သင်ခန်းစာအပြည့်အစုံကို https://ed.ted.com/lessons/what-happens-if-you-cut-down-all-of-a-city-s-trees-stefan-al တွင် ကြည့်ရှုပါ။

၂၀၅၀ မတိုင်မီမှာ ကမ္ဘာ့လူဦးရေ ၆၅ ရာခိုင်နှုန်းကျော်ဟာ မြို့ကြီးတွေမှာ နေထိုင်ကြလိမ့်မယ်လို့ ခန့်မှန်းကြတယ်။ သဘာဝဟာ ကျွန်ုပ်တို့ရဲ့ ကျေးလက် နေရာလွတ်တွေနဲ့ အဆက်အစပ်မရှိတော့ဘူးလို့ ထင်လောက်ပေမဲ့ သစ်ပင်တွေဟာ အောင်မြင်တဲ့ မြိုကြီးတွေအတွက် မရှိမဖြစ် အစိတ်အပိုင်းတစ်ခု အမြဲတမ်း ဖြစ်ခဲ့ပါတယ်။ လူ့လောကဟာ လွန်ခဲ့တဲ့ နှစ်ထောင်ချီက မြို့ကြီးတွေကို ဖန်တီးကတည်းက ဒီသစ်ပင်ဆိုင်ရာ အကျိုးကျေးဇူးတွေကို ဖော်ထုတ်နေခဲ့တာပါ။ ဒီတော့ အောင်မြင်တဲ့ မြို့ကြီးတစ်မြို့ရဲ့ ရှင်ကျန်မှုအတွက် သစ်ပင်တွေကို ဒီလောက် အရေးပါကြတာ ဘာ​ကြောင့်များလဲ။

သင်ခန်းစာကို Stefan Al က ဖန်တီးပြီး Mette Ilene Holmriis က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:05

Burmese subtitles

Revisions