-
Title:
လူထု ဟောပြောပွဲအား ကြောက်ရွံ့မှုနောက်ကွယ် ကျွန်မနေနေရတဲ့ အကြောင်းရင်း
-
Description:
Megan Washington ဟာ သြစတေးလျမှ အကောင်းဆုံး အဆိုတော်နှင့် သီချင်းစာသားရေးဆရာများထဲမှ တစ်ယောက်ဖြစ်ပါတယ်။ ကလေးဘဝကတည်းက သူမဟာ စကားထစ်ခဲ့တာပါ။ ဒီရဲရင့်ပြီး ကိုယ်ရေးဆန်တဲ့ ဟောပြောပွဲမှာ သူမက- ခက်ခဲတဲ့ “st” တွဲဖတ်ရမှာကို ရှောင်ရှားခြင်းမှအစ သူမ ဦးနှောက်ကိုလှည့်စားခဲ့တာနဲ့ စကားလုံးကိုပြောဆိုရမယ်အစား သီချင်းလိုဆိုတာတွေအထိ- ဒီစကားထစ်တဲ့ ပြဿနာကို ဘယ်လိုကျော်လွှားခဲ့တယ်ဆိုတာကို ဖော်ထုတ်ပြောထားပါတယ်။
-
Speaker:
Megan Washington
-
ကျွန်မ ဒါကိုလုပ်ဖို့ သဘောတူလိုက်တော့
-
ကျွန်မ စကားဘဲပြောရမလား
သီချင်းဘဲဆိုရမလားဆိုတာ မသိခဲ့ပါဘူး။
-
ဒါပေမဲ့ ကျွန်မကို ခေါင်းစဉ်က
ဘာသာစကားလို့ ပြောဆိုလာတော့
-
အကြောင်းတစ်ခု ခဏပြောရမယ်ဆိုတာ
ကျွန်မ သိလိုက်ရပါတယ်။
-
ကျွန်မမှာ ပြဿနာတစ်ခုရှိပါတယ်။
¶
-
အဲဒါတော့ ကမ္ဘာပေါ်မှာ
အဆိုးဆုံး အရာမဟုတ်ပါဘူး။
-
ကျွန်မ အခြေအနေကောင်းပါတယ်။
-
ကျွန်မ မီးလောင်းနေတာတော့ မဟုတ်ပါဘူး။
-
တစ်ခြားသူတွေလည်း ပိုဆိုးတဲ့ ပြဿနာတွေနဲ့
-
ရင်ဆိုင်နေရတယ်ဆိုတာ
ကျွန်မသိပါတယ်။
-
ဒါပေမဲ့ ကျွန်မအတွက်
ဘာသာစကား နဲ့ ဂီတဟာ
-
ဒီအရာလေး နဲ့ ခွဲမရအောင် ပူးတွဲနေပါတယ်။
-
အဲဒါကတော့ ကျွန်မ စကားထစ်ခြင်းပါ။
¶
-
ဒါ နည်းနည်း ထူးဆန်းပါလိမ့်မယ်
-
ဘာလို့လဲဆိုတော့ ကျွန်မဘဝကို
စင်ပေါ်မှာဘဲ ဖြတ်ကျော်နေရတာလေ။
-
လူတွေက ကျွန်မ ဒီလူထုရှေ့မှာ
-
စကားပြောဖို့ ရှင်တို့ကို စကားပြောဖို့
-
သက်တောင့်သက်သာ ရှိလိမ့်မယ်လို့ ယူဆကြမှာလေ။
-
အမှန်ကတော့ ကျွန်မက အခုထိ
အခုအချိန်လည်းပါပါတယ်
-
ဟောပြောပွဲအား ကြောက်ရွံ့မှုရဲ့ နောက်ကွယ်မှာ
-
နေရင်းနဲ့ ဘဝကို ဖြတ်သန်းနေတာပါ။
-
လူထုရှေ့မှာ သီချင်းဆိုတာ
လုံးဝတစ်ခြားစီပါ။ (ရယ်သံများ)
-
ဒါပေမဲ့ ကျွန်မတို့ အဲဒါကို မကြာခင်ရောက်မှာပါ။
-
ကျွန်မ ဒီလို ရှင်းရှင်းလင်းလင်း
တစ်ခေါက်မှ မပြောခဲ့ဖူးပါဘူး။
-
ကျွန်မထင်တာ ဘာလို့လဲဆိုတော့
ကျွန်မကြီးလာရင်
-
ဒီစကားထစ်တာက
ပျောက်သွားလိမ့်မယ်ဆိုတဲ့
-
မျှော်လင့်ချက်နဲ့ နေနေခဲ့လို့ပါ။
-
ကျွန်မ ကြီးလာရင်
-
ကျွန်မ ပြင်သစ်စကား
ပြောတက်ပါလိမ့်မယ်
-
ကြီးလာရင် ငွေကို ကိုင်တွယ်တတ်ပါလိမ့်မယ်
-
ကြီးလာရင် စကားထစ်တာပျောက်ပြီး
-
လူထုရှေ့မှာ စကားပြောတတ်မယ်
ပြီးရင် ဝန်ကြီးချုပ်ရယ်
-
တစ်ခြားဖြစ်နိုင်တာတွေ ဖြစ်လိမ့်မယ်ဆိုတဲ့
အတွေးနဲ့ နေနေခဲ့တာပါ။
-
(ရယ်သံများ)
-
ကျွန်မ ဒီအကြောင်းကို ပြောပြနိုင်ပြီလေ
-
အကြောင်းက ကျွန်မ ဒီအချိန်ကို ရောက်နေပြီလေ။
-
ကျွန်မ ဆိုလိုချင်တာက
ကျွန်မ ၂၈ နှစ်ရှိပါပြီ။
-
ကျွန်မ အရွယ်ရောက်ပြီဆိုတာလဲ သေချာပါတယ်။
-
(ရယ်သံများ)
-
ပြီးရင် ကျွန်မက စကားထစ်တဲ့
-
ဖျော်ဖြေသူတစ်ယောက်အနေနဲ့
ဘဝကို ဖြတ်သန်းနေရတဲ့
-
အရွယ်ရောက် အမျိုးသမီးတစ်ယောက်ပါ။
-
ဒါကြောင့် ကျွန်မ ဒါနဲ့ပတ်သတ်ပြီး
ဝန်ခံတာဘဲ ကောင်းပါလိမ့်မယ်။
-
စကားထစ်မှုထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့
ရှုထောင့်လေးတွေ ရှိပါတယ်။
¶
-
ကျွန်မ ကြုံခဲ့ဖူးခဲ့တဲ့
အဆိုးရွားဆုံးအရာကတော့
-
တစ်ခြား စကားထစ်တဲ့သူနဲ့ တွေ့ဆုံခြင်းပါဘဲ။
-
(ရယ်သံများ)
-
ဒါက Hamburg မှာတုန်းက ကြုံကြိုက်ခဲ့တာပါ။
-
ဒီကောင်လေးနဲ့ တွေ့တော့
သူကပြောတယ်
-
"ဟဲလို၊ ကျ-ကျ-ကျ-
ကျန်တော်နာမည်ကတော့ Joe ပါ။"
-
ကျွန်မကလည်း "ဟဲလို၊ ကျ-ကျ-ကျ-
ကျွန်မနာမည်ကတော့ Meg ပါ။"
-
ကျွန်မ ဘယ်လောက်ကြောက်ခဲ့ရလဲဆိုတာ
စဉ်းစားကြည့်လိုက်ပါ
-
သူကို ပြောင်နေတယ်လို့ ထင်နေချိန်မှာလေ။
-
(ရယ်သံများ)
-
လူတွေက ကျွန်မကို အချိန်ပြည့်
အရက်မူးနေတယ်လို့ ထင်နေကြပါတယ်။
¶
-
(ရယ်သံများ)
-
လူတွေက ကျွန်မ သူတို့နာမည်ကို
ပြောဖို့ တွန့်ဆုတ်တိုင်း
¶
-
မေ့သွားပြီလို့ ထင်တတ်ကြပါတယ်။
-
ဒါကတော်တော် ထူးဆန်းတယ်လေ၊ ဘာလို့လဲဆိုတော့
-
ကိုယ်ပိုင်နာမ်တွေက အခက်ဆုံးပါ။
-
ကျွန်မက ဗုဒ္ဓဟူးဆိုတဲ့ စကားလုံးကို
စာတစ်ကြောင်းမှာ သုံးမယ်ဆိုရင်
-
ကျွန်မက အဲဒီဆီကို ရောက်လာရင်
-
ကျွန်မ ထစ်တော့မယ်ဆိုတာ သိနိုင်ပါတယ်။
-
အဲကျရင် ကျွန်မက အဲဒါကို "မနက်ဖြန်"
-
ဒါမှမဟုတ် "အင်္ဂါနောက်တစ်နေ့"
-
ဒါမှမဟုတ် တစ်ခုခု ပြောင်းလို့ရတယ်လေ။
-
အဲ့ဒါ အခက်တော့တွေ့တယ်။ ဒါပေမဲ့
ဒါနဲ့ဘဲ အလစ်ပြေးလို့ရတယ်လေ။
-
ကြာလာတော့ စကားပြောတိုင်း
-
ဒီဖြတ်လမ်းနည်းကို သုံးတတ်လာပြီး
-
နောက်ဆုံးတစ်မိနစ်လေးမှာ
-
စာလုံးကို ပြောင်းပြီးတော့
ဦးနှောက်ကိုလှည့်စားလိုက်တာပေါ့။
-
ဒါပေမဲ့ လူတွေရဲ့ နာမည်ကျတော့
အဲလိုပြောင်းလို့မရဘူးလေ။
-
(ရယ်သံများ)
-
ကျွန်မ jazz သီချင်းတွေဆိုတုန်းက
-
Steve ဆိုတဲ့ စန္ဒရားပညာရှင် တစ်ယောက်နဲ့
အလုပ်လုပ်ခဲ့ဖူးပါတယ်။
-
ရှင်တို့သိမှာပါ
-
S နဲ့ T တစ်စုတည်းလား သက်သက်စီလား
-
ကျွန်မအတွက်တော့ သေကြွင်းတွေပါ။
-
ဒါပေမဲ့ ကျွန်မ ဒီသီချင်းလေ့ကျင့်ဖို့အတွက်
-
တီဝိုင်းအဖွဲ့ကို မိတ်ဆက်ရပါတယ်။
-
Steve နားရောက်တော့
-
"St" နားလေးမှာ တစ်နေတာကို
ကျွန်မ သတိထားမိပါတယ်။
-
အဲဒါကအခက်တွေ့ပြီး သက်တောင့်သက်သာမရှိသလို
စိတ်ပျက်ဖို့လည်းကောင်းပါတယ်။
-
ဒါနဲ့ ဒီလို တစ်ခါနှစ်ခါ ဖြစ်ပြီးနောက်
-
Steve က ကြည်ဖြူစွာနဲ့ဘဲ
Seve လို့ဖြစ်လာပါတယ်။
-
ပြီးရင် ဒီနည်းနဲ့ဘဲ ကျွန်မတို့
အလုပ်ဖြစ်သွားတာပါဘဲ။ (ရယ်သံများ)
-
ကျွန်မ ကုထုံးတွေ အများကြီးစမ်းခဲ့ဖူးပါတယ်။
¶
-
သာမန်သုံးနေကျ ကုထုံးကတော့
-
ချောမွေ့စကားပြောကုထုံးဖြစ်ပါတယ်။
-
အဲဒါကတော့ ရှင်ပြောသမျှ
အရာကို သီချင်းလို ဆိုတာပါ။
-
ရှင် အရာရာတိုင်းကို မူကြိုကျောင်းဆရာမ
-
သီချင်းဆိုသလို ဆက်ပြောသွားလိုက်ပါ။
-
ရှင်က တည်ငြိမ်နေတယ်လို့ ထင်ရပါလိမ့်မယ်။
အိပ်ဆေး အများကြီး သောက်ထားသလိုပေါ့
-
ပြီးရင် အရာရာက ငြိမ်သက်နေတယ်လေ။ (ရယ်သံများ)
-
အဲဒါ ကျွန်မမှ မဟုတ်တာ။
-
အဲနည်းကို ကျွန်မသုံးတယ်လေ။
-
ရုပ်မြင်သံကြားအစီအစဉ်မှာ ပါဝင်ရတဲ့အချိန်
-
ရေဒီယို အမေးအဖြေ ဖြေရတဲ့အချိန်
-
ရုပ်သံမှ ကြေညာမှုနှုန်း ဈေးကြီးတဲ့
အချိန်မှာဆို သုံးရပါတယ်။
-
(ရယ်သံများ)
-
ကျွန်မ အလုပ်အတွက်လည်း
အဲနည်းနဲ့ဘဲ ဖြစ်မြောက်သွားတာဘဲလေ။
-
ဒါပေမဲ့ အနုပညာရှင် တစ်ယောက်အနေနဲ့
-
သူတို့အလုပ်က စစ်မှန်ရိုးသားမှု
-
လိုအပ်တဲ့အချိန်မှာ
-
ဒါက လိမ်လည်ရာကျပါတယ်။
-
ဒါကြောင့် သီချင်းမဆိုခင်လေး
သီချင်းဆိုတယ် ဆိုတာ
¶
-
ကျွန်မအတွက် ဘာကိုဆိုလိုတာလဲ ဆိုတာကို
ရှင်တို့ကို ပြောပြချင်ပါတယ်။
-
အဲဒါက အသံကောင်းအောင်
လုပ်တာတစ်ခုထက်ပိုပါတယ်။
-
သီချင်းကောင်းကောင်းလေး လုပ်တာထက်ပိုပါတယ်။
-
သိရှိနားလည်နိုင်မှု တစ်ခုထက်လည်း ပိုပါတယ်။
-
ကျွန်မခံစားနေတာတွေကို ရှင်တို့
ခံစားလို့ရအောင် လုပ်တာထက်လည်း ပိုပါတယ်။
-
ဒါက ဒဏ္ဍာရီအကြောင်းလည်း မဟုတ်သလို
-
ရှင်တို့ကို ကျွန်မအကြောင်းကို
ပုံပြင်လိုတင်ပြနေတာလည်း မဟုတ်ပါဘူး။
-
တစ်နည်းနည်းတော့ လူ့ဦးနှောက်ရဲ့
-
အံဖွယ်အလုပ်လုပ်မှုအရ
-
သီချင်းဆိုတဲ့အချိန်
ထစ်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။
-
ကျွန်မ ငယ်ငယ်တုန်းက ဒီနည်းက
-
ကျွန်မအတွက် အရမ်းအလုပ်ဖြစ်ခဲ့ပါတယ်။
-
သီချင်းဆိုခြင်းပါ။ ဒါကြောင့် ကျွန်မ
သီချင်းအများကြီး ဆိုခဲ့ပါတယ်။
-
ပြီးရင် ဒါက ဒီနေ့ ကျွန်မ ဒီကိုရောက်နေတဲ့
အကြောင်းရင်းဖြစ်ပါတယ်။
-
-
-
ကျွန်မအတွက် သီချင်းဆိုခြင်းဆိုတာ
ချိုမြိန်တဲ့ ဖြေဖျောက်ခြင်းဖြစ်ပါတယ်။
¶
-
အဲ့ဒီအချိန်လေးဘဲ
ချောမွေ့တယ်လို့ ခံစားရတာပါ။
-
အဲ့ဒီအချိန်လေးဘဲ ကျွန်မပါးစပ်က
ထွက်လာတဲ့အရာက
-
ကျွန်မရည်ရွယ်သလို
ပြည့်ပြည့်စုံစုံ တိတိကျကျဖြစ်တာပါ။
-
(ရယ်သံများ)
-
ဒါက TED ဟောပြောပွဲဆိုတာ ကျွန်မသိပါတယ်။
-
ဒါပေမဲ့ ကျွန်မ အခု TED သီချင်းဆိုပါမယ်။
-
ဒီသီချင်းကတော့ အရင်တစ်နှစ်က
-
ကျွန်မရေးခဲ့တာပါ။
ကျေးဇူးအများကြီးတင်ပါတယ်။
¶
-
-
-
♪ ငါက အချောအလှလေး ဖြစ်ပါလိမ့်မယ်။ ♪
¶
-
♪ ဒါပေမဲ့ ငါနှာခေါင်းလေးက ♪
¶
-
-
♪ နည်းနည်းကြီးလွန်းလှပါတယ်။ ♪
¶
-
♪ ငါက အိပ်မက်မက်သူလေး ဖြစ်ပါလိမ့်မယ်။ ♪
¶
-
♪ ဒါပေမဲ့ ငါ့ အိပ်မက်ဟာ ♪
¶
-
♪ ဒီ နေရာလွတ်လေး အတွက်တော့ ♪
¶
-
♪ နည်းနည်းကြီးလွန်းလှပါတယ်။ ♪
¶
-
♪ ငါက နတ်သမီးလေးဖြစ်ပါလိမ့်မယ်။ ♪
¶
-
ဒါပေမဲ့ ငါ့ ရောင်ခြည်စက်ဝန်းလေးက
¶
-
♪ မင်း တန်ခိုးတောက်ပမှုကြောင့် ♪
¶
-
-
♪ ပြီးရင် ငါက ဂျိုကာလေး ဖြစ်ပါလိမ့်မယ်။ ♪
¶
-
♪ ဒါပေမဲ့ ဒီဖဲချပ်လေးက
ရူးမိုက်သလိုဖြစ်နေပါတယ်။ ♪
¶
-
♪ မင်းရဲ့ ဖဲချပ်ကို
ထုတ်လိုက်တဲ့အချိန်မှာပေါ့။ ♪
¶
-
♪ ငါသိချင်လိုက်တာကွယ် ♪
¶
-
♪ ငရဲပြည်မှာ ကြယ်တွေရှိလား ♪
¶
-
♪ ငါသိချင်လိုက်တာကွယ် ♪
¶
-
♪ မင်းများ ပြောပြနိုင်မလား ♪
¶
-
♪ ငါသိသမျှအရာကို မေ့ပျောက်သွားအောင်
မင်းလုပ်လိုက်တာကိုလေ ♪
¶
-
♪ လက်လွတ်လိုက်ရမလား မလွတ်ရဘူးလားတောင်
မရွေးချယ်နိုင်တော့ပါဘူးကွယ် ♪
¶
-
♪ ငါ ထာဝစဉ် ကျန်နေရစ်ပါလိမ့်မယ် ♪
¶
-
♪ ဒါပေမဲ့ ငါအိမ်လေးဟာ ♪
¶
-
-
♪ နည်းနည်းဝေးလွန်းတယ် ♪
¶
-
♪ ငါကြိုးစားခဲ့တာကိုလည်း ကျိန်ဆိုပါတယ် ♪
¶
-
♪ အရှိန်လျှော့ဖို့ကိုလေ ♪
¶
-
♪ မင်းရဲ့လျှောက်လှမ်းအတိုင်း
ငါလမ်းလျှောက်နေတုန်း ♪
¶
-
♪ ဒါပေမဲ့ ငါတွေးလို့ရသမျှ ♪
¶
-
♪ မြို့ထဲမှာ အလေလိုက်ရင်းပေါ့ ♪
¶
-
♪ မိုးထဲမှာ ငါကြည့်လို့လှရဲ့လား ♪
¶
-
♪ ပြီးရင် ငါမသိလိုက်ပါဘူးကွယ် ♪
¶
-
-
♪ ငါကိုရုပ်ဆိုးအောင် လုပ်ရက်တယ်ဆိုတာကို ♪
¶
-
-
♪ ငါသိချင်လိုက်တာကွယ် ♪
¶
-
♪ ငရဲပြည်မှာ ကြယ်တွေရှိလား ♪
¶
-
♪ ငါသိချင်လိုက်တာကွယ် ♪
¶
-
♪ မင်းများ ပြောပြနိုင်မလား ♪
¶
-
♪ ငါသိသမျှအရာကို မေ့ပျောက်သွားအောင်
မင်းလုပ်လိုက်တာကိုလေ ♪
¶
-
♪ လက်လွတ်လိုက်ရမလား မလွတ်ရဘူးလားတောင်
မရွေးချယ်နိုင်တော့ပါဘူးကွယ် ♪
¶
-
ကျေးဇူးအများကြီးတင်ပါတယ်။ (လက်ခုပ်သံများ)
¶