Return to Video

ဘဝရဲ့ နှစ်စဉ်တိုင်းမှာ ပြောင်မြောက်တဲ့ စာရေးဆရာကြီးဆီကရတဲ့ အသိပညာ။

  • 0:01 - 0:03
    နောက်လဆို ကျွန်တော်
    အသက် ၄၄ နှစ်ပြည့်မှာဖြစ်ပြီး
  • 0:03 - 0:08
    ၄၄ နှစ်ဟာ အရမ်းကောင်းတဲ့နှစ်
    စိတ်ချမ်းမှု၊ ပြည့်မြောက်မှုဖြစ်တဲ့
  • 0:08 - 0:11
    နှစ်ဖြစ်မယ်လို့ခံစားမိတယ်။
  • 0:12 - 0:13
    ခံစားမိတဲ့အကြောင်းက
  • 0:13 - 0:16
    ကျွန်တော့မှာ ထူးခြားတာတစ်ခုခု
    ရှိနေတာကြောင့် မဟုတ်ပဲ
  • 0:16 - 0:19
    ဒါဟာ နှစ်ကောင်းတစ်နှစ် ဖြစ်လိမ့်မယ်ဆိုတဲ့
  • 0:19 - 0:22
    Norman Mailer ရဲ့ ၁၉၆၈ စာအုပ်တစ်အုပ်
    ဖတ်ခဲ့တာကြောင့်ပါ။
  • 0:22 - 0:25
    "အသက် လေးဆယ့်လေးမှာ သူ့ပိုင်တဲ့
    အသက်ကို ခံစားမိခဲ့တယ်။"လို့
  • 0:25 - 0:28
    Mailer က "The Armies of the Night"
    ထဲမှာ ရေးသားခဲ့တယ်လေ။
  • 0:28 - 0:31
    "အရိုး၊ ကြွက်သား၊ နှလုံးနဲ့ ယောက်ျား
  • 0:31 - 0:35
    တစ်ယောက်ဖြစ်ဖို့ ရပ်တည်ချက်ရဲ့
    ခိုင်မာတဲ့ ပြယုဂ်တစ်ခုအလား ခံစားရတယ်၊
  • 0:35 - 0:37
    သူ ရောက်ရှိပြီးခဲ့သလို မျိုးပေါ့။"
  • 0:37 - 0:40
    အင်း၊ Mailer က ကျွန်တော့အကြောင်း
    မရေးခဲ့တာ သိပါတယ်။
  • 0:40 - 0:42
    ဒါပေမဲ့ သိသေးတာက
    အားလုံးအတွက်
  • 0:43 - 0:47
    သူရေးနေခဲ့တာလို့ပါ၊ ကျွန်တော်၊
    ခင်ဗျားဟာ သူ့စာအုပ်ရဲ့ ဇာတ်ကောင်ပါ။
  • 0:47 - 0:49
    အရွယ်ကတော့ မတိမ်းမယိမ်း အဆင့်မှာ
  • 0:49 - 0:52
    မွေးဖွားရာကနေ အစဉ်ကြီးတစ်လျှောက်
    တိုးတိုးသွားတယ်
  • 0:53 - 0:56
    ကလေးဘဝရဲ့ အံ့ဖွယ်ရာတွေနဲ့
    အချုပ်အချယ်တွေကနေ၊
  • 0:56 - 1:00
    ကြီးကောင်ဝင်ချိန်ရဲ့ လွတ်မြောက်ခြင်းတွေနဲ့
    စိတပျက်စရာတွေ၊
  • 1:00 - 1:03
    လူလားမြောက်တဲ့အရွယ်ရဲ့
    လုပ်ပိုင်ခွင့်တွေနဲ့ သမိုင်းမှတ်တိုင်တွေ
  • 1:04 - 1:08
    ဇရာအိုအရွယ်ရဲ့ အသိအမှတ်ပြုခြင်းတွေနဲ့
    စိတ်လျှော့ရခြင်းတွေပေါ့။
  • 1:08 - 1:10
    ဘဝဆိုတာ ပုံစံတွေရှိပြီး
  • 1:10 - 1:12
    သူတို့ဟာ တူညီကြပါတယ်။
  • 1:12 - 1:17
    Thomas Mann ရေးခဲ့သလို
    "သူတို့လိုပဲ ငါလည်းဖြစ်လာလိမ့်မယ်"ပေါ့။
  • 1:18 - 1:20
    ဒီပုံစံတွေကို ရှင်သန်ရုံမဟုတ်ပဲ
  • 1:20 - 1:22
    ဒါတွေကို မှတ်တမ်းတင်ပါသေးတယ်။
  • 1:22 - 1:25
    ဒါတွေကို စာအုပ်တွေထဲမှာ ရေးချတယ်၊
    အဲဒီထဲမှာ ကျွန်တော်တို့ နောက်မှာ
  • 1:25 - 1:27
    ဖတ်နိုင်၊ မှတ်မိနိုင်တဲ့
    ဇာတ်လမ်းတွေဖြစ်လာတယ်။
  • 1:28 - 1:30
    စာအုပ်တွေဟာ ကျွန်တော်တို့
    ဘယ်သူဖြစ်ဖူးတယ်၊
  • 1:30 - 1:33
    ဘယ်သူဖြစ်နေရုံသာမက ဘယ်သူ
    ဖြစ်လိမ့်မယ်ဆိုတာကိုပါ ပြောပြတယ်။
  • 1:33 - 1:35
    နှစ်ထောင်ပြည့်နှစ် အတွက်လည်း ရှိတာပေါ့။
  • 1:36 - 1:38
    James Salter ရေးခဲ့သလို
  • 1:38 - 1:42
    "ဘဝဟာ တစ်ခုခုကို ဖြတ်သန်းတယ်ဆိုရင်
    စာမျက်နှာတွေကို ဖြတ်သန်းမှုပဲ"တဲ့။
  • 1:43 - 1:46
    ဒါနဲ့ လွန်ခဲ့တဲ့ ခြောက်နှစ်က
    စိတ်ထဲကို အတွေးတစ်စ ခုန်ဝင်လာတယ်။
  • 1:46 - 1:50
    ဘဝဟာ စာမျက်နှာတွေကို ဖြတ်သန်းနေခြင်း
    ဆိုရင် တစ်နေရာရာမှာ ဘဝနှစ်တိုင်းအတွက်
  • 1:50 - 1:53
    ရေးထားတဲ့ စာပိုဒ်တွေရှိရမယ်။
  • 1:53 - 1:56
    ဒါတွေကို ရှာတွေ့နိုင်ရင် ဒါတွေကို
    ဇာတ်လမ်းတစ်ပုဒ်အဖြစ် စုစည်းနိုင်ကာ၊
  • 1:56 - 1:58
    ဒါတွေကို ဘဝတစ်ခုအဖြစ် စုစည်းနိုင်မယ်ပေါ့။
  • 1:58 - 2:01
    ရှည်လျားတဲ့ ဘဝ၊ အသက်တစ်ရာ ရှိတဲ့ဘဝ၊
  • 2:01 - 2:03
    ကျွန်တော်တို့ထဲက ကံအကောင်းဆုံးတွေ
    ကျော်ဖြတ်တာကကနေ
  • 2:03 - 2:06
    ထပ်တူညီတဲ့ အစီအစဉ်တန်းကြီး တစ်ခုလုံးပေါ့။
  • 2:07 - 2:10
    ဒီတုန်းက ကျွန်တော်က ၃၇ နှစ်ပါ၊
  • 2:11 - 2:13
    "လိမ္မာသိုသိပ်တဲ့ အရွယ်"လို့
    William Trevor ကရေးခဲ့တယ်။
















  • 2:15 - 2:18
    အချိန်နဲ့ အရွယ်ကို ရှုမှတ်ပွားများဖို့
    ဖြစ်တတ်ခဲ့တာပေါ့။
  • 2:18 - 2:21
    မိသားစုထဲမှာ မမာမကျန်းခြင်းနဲ့
    နောက် ကိုယ်ဖြစ်တဲ့ ဒဏ်ရာက
  • 2:21 - 2:24
    အိုမင်းခြင်းဆိုတာဟာ ဟန်ဆောင်
    မရနိုင်တာကို ရှင်းလင်းစေခဲ့တယ်။
  • 2:25 - 2:29
    ဒါ့အပြင် အိုမင်းခြင်းဟာ ရှောင်လွှဲမရတာကို
    ရွေ့ဆိုင်းရုံပါပဲ၊
  • 2:29 - 2:31
    အခြေအနေက မလုပ်နိုင်ခဲ့တာကို
    ရိပ်စားမိနေတဲ့ အချိန်ပါ။
  • 2:32 - 2:34
    ဒါဟာ စိတ်ပျက်အားလျော့စရာပါ။
  • 2:34 - 2:37
    ဒါပေမဲ့ စာရင်းတစ်ခုကတော့
    ကျန်နေလိမ့်မယ်။
  • 2:37 - 2:40
    ခံနိုင်ရည်မဲ့တဲ့ နှစ်နဲ့ ဘဝ တစ်နှစ်တာကို
    မှတ်တမ်းတင်ဖို့ဟာ
  • 2:41 - 2:44
    တဒင်္ဂဖြစ်နေတာကို ဆုပ်ကိုင်
    တာဆီးတာ ဖြစ်ပါလိမ့်မယ်၊
  • 2:44 - 2:47
    ကိုယ်တိုင်နဲ့ အခြားသူတွေကို အနာဂတ်အား
    ဖြတ်ကနဲ ပေးကြည့်တာ ဖြစ်လိမ့်မယ်၊
  • 2:47 - 2:49
    အဲဒီကို ရောက်ခဲ့ခဲ့၊ မရောက်ခဲ့ခဲ့ပါ။
  • 2:50 - 2:54
    ဒီနောက် ကျွန်တော့ စာရင်းကို စပြုစုတော့
    ရုတ်ခြည်း စွဲလမ်းသွားခဲ့တာက
  • 2:54 - 2:57
    အရွယ်တွေ၊ အရွယ်တွေရဲ့
    စာမျက်နှာတွေကို ရှာတာပါ။
  • 2:58 - 3:02
    ဒီမှာ ကျွန်တော်တို့ရဲ့ ပထမ နှစ်တစ်ရာကနေ
    နှစ်ပတ်လည်တိုင်းမှာ ရှိခဲ့တာပါ။
  • 3:03 - 3:06
    "နှစ်ဆယ့်ခုနှစ် ရုတ်တရက် ဉာဏ်အမြင်
    ပေါက်တဲ့ ကာလတစ်ခု၊"
  • 3:07 - 3:11
    "ခြောက်ဆယ့်နှစ် သိမ်မွေ့တဲ့
    ဆုတ်ယုတ်မှုတွေရဲ့ ..."
  • 3:12 - 3:16
    တကယ်ပဲ ဒီလို ထိုးထွင်းအမြင်တွေဟာ
    ပတ်သက်မှုရှိတာ သတိထားမိခဲ့ပါတယ်။
  • 3:16 - 3:20
    စတင်သူတွေအတွက် အခု ကျွန်တော်တို့ဟာ
    အသက်ပိုရှည်တော့ နှေးနှေးပဲ အိုမင်းပါတယ်။
  • 3:21 - 3:24
    Christopher Isherwood က ၅၃ နှစ်ရှိတဲ့
    လူတစ်ယောက်ကို သရုပ်ဖော်ဖို့
  • 3:24 - 3:26
    ရွက်ဝါ ဆိုတဲ့ စကားစုကို သုံးခဲ့တယ်၊
  • 3:27 - 3:31
    ရာစုတစ်ခုကြာမှာပဲ Lord Byron က ၃၆ နှစ်
    သူ့ကိုယ်သူ သရုပ်ဖော်ဖို့ ဒါကိုသုံးခဲ့တယ်။
  • 3:31 - 3:33
    (ရယ်သံများ)
  • 3:33 - 3:37
    သတိချပ်မိသေးတာက ဘဝဆိုတာ
    တစ်နှစ်က တစ်နှစ် အထိန်းအကွပ်မဲ့
  • 3:37 - 3:39
    ခန့်မှန်းမရ ပြောင်းလဲနိုင်တာနဲ့
  • 3:39 - 3:41
    လူတွေဟာ ဒီအသက်မှာပဲ ခြားနားစွာ
    တွေ့ကြုံခံစားနိုင်တာပါ။
  • 3:42 - 3:46
    ဒါတောင်မှပဲ စာရင်းက ပေါင်းစည်းလာတော့
  • 3:46 - 3:49
    စာမျက်နှာပေါ်မှာရော မှန်ပြင်ထဲက
    အရိပ်လို ကိုယ်ရှင်သန်နေခဲ့တဲ့
  • 3:49 - 3:51
    ဘဝဟာ ကြည်လင်လာတယ်
  • 3:52 - 3:55
    ၂၀ မှာ တွေ့ရှိတာက "ကိုယ့်ကိုကိုယ် ဘယ်သူဆို
    တာ သေချာမှု နည်းနည်းလာတယ်။"
  • 3:56 - 4:01
    ၃၀ မှာ ပေါ်ထွက်တာက "တက်ကြွတဲ့ ဘဝထဲ
    ကို ပြင်ဆင်ခြင်းရဲ့ မြေရိုင်း၊"
  • 4:01 - 4:05
    ၄၀ မှာ " သင်ယူလိုက်တာက အခန်းတံခါးတွကို
    ညင်သာစွာ ပိတ်ဖို့ပါ၊
  • 4:05 - 4:07
    ငါပြန်မလာတော့ဘူး။"
  • 4:09 - 4:10
    ကျွန်တော်က အဲဒီမှာလေ။
  • 4:12 - 4:14
    တကယ်တော့ ကျွန်တော်တို့အားလုံး အဲဒီမှာပါ။
  • 4:15 - 4:17
    ဂရပ်ဖစ် ဒီဇိုင်နာကြီး Milton Glaser ရဲ့
  • 4:17 - 4:20
    လှပတဲ့ စက္ခုပသာဒကို ဒီမှာ မြင်ရပါတယ်။
  • 4:21 - 4:22
    ဒီနေ့ဆို ၈၅ နှစ်ရှိသူပါ...
  • 4:22 - 4:27
    ဒီနှစ်တွေမှာ "ရင့်မှည့်ခြင်းနဲ့ အထွတ်
    အထိပ်"လို့ Nabokov ကရေးခဲ့တယ်။
  • 4:27 - 4:31
    ကျွန်တော် မှတ်သားမိတာက အနုပညာလို၊
    အရောင်လို
  • 4:31 - 4:34
    စာပေက ကျွန်တော်တို့ တွေ့ကြုံရတာကို
    မှတ်မိဖို့ ကူညီပေးတယ်။
  • 4:35 - 4:39
    တကယ်တမ်းက ကျွန်တော့ စာရင်းကို
    အဖိုးနဲ့ မျှကြည့်လိုက်တော့
  • 4:39 - 4:41
    သူက အသိအမှတ်ပြုဟန် ခေါင်းညိတ်ခဲ့တယ်။
  • 4:41 - 4:45
    ဒီတုန်းက သူက ၉၅ နှစ်ဖြစ်ပြီး
    မကြာခင် ဆုံးတော့မှာ၊
  • 4:45 - 4:47
    ဒါကို Roberto Bolaño ရေးခဲ့တာက
  • 4:47 - 4:50
    " ...က ဘယ်တော့မှ မသေတာလိုပဲ"တဲ့။
  • 4:52 - 4:54
    ပြန်ကြည့်တော့ အင်းလို့ သူက
    ကျွန်တော့ကို ပြောခဲ့တယ်။
  • 4:55 - 5:00
    Proust မှန်တယ် အသက် ၂၂ မှာ ကျွန်တော်တို့
    သေမှာမဟုတ်တာ သေချာတယ်၊
  • 5:02 - 5:05
    သေခြင်းနဲ့ စိတ်ပညာဖြစ်စဉ် ပညာရှင်
    Edwin Shneidman
  • 5:05 - 5:07
    ပြောတာမှန်ခဲ့သလိုပဲ၊ အသက်၉၀
    မှာ သေမယ်ဆိုတာ သေချာကြတယ်၊
  • 5:09 - 5:11
    ဒါက သူတို့ကို ဖြစ်ခဲ့သလို
  • 5:11 - 5:12
    သူကိုဖြစ်ခဲ့တယ်၊
  • 5:15 - 5:17
    အခု စာရင်းက ပြီးပြီ၊
  • 5:18 - 5:20
    အနှစ်တစ်ရာပေါ့။
  • 5:21 - 5:23
    ဒါကို ပြန်လည်ကြည့်လိုက်တော့
  • 5:24 - 5:26
    ကျွန်တော် မပြီးသေးတာကို
    သိလိုက်တယ်။
  • 5:27 - 5:29
    နေရဦးမယ့် ဘဝဟာ ရှိပါသေးတယ်၊
  • 5:29 - 5:31
    နောက်စာမျက်နှာများစွာ ဖြတ်သန်းဖို့
    ရှိသေးတယ်။
  • 5:33 - 5:34
    Mailer ကို စိတ်မှာစွဲမှတ်ပြီး
  • 5:34 - 5:36
    အသက် ၄၄ နှစ်ကို စောင့်စားပါတယ်။
  • 5:37 - 5:38
    ကျေးဇူးတင်ပါတယ်။
  • 5:38 - 5:49
    (လက်ခုပ်သံများ)
Title:
ဘဝရဲ့ နှစ်စဉ်တိုင်းမှာ ပြောင်မြောက်တဲ့ စာရေးဆရာကြီးဆီကရတဲ့ အသိပညာ။
Speaker:
Joshua Prager
Description:

လူသားတွေဟာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားသလိုပဲ ကျွန်တော်တို့ဟာ တူညီတဲ့ အစီအစဉ်တန်းကြီးကို ဖြတ်လျှောက်ရင်း အိုမင်းလာကြတယ်၊ ပြီးတော့ ကျွန်တော်တို့ ဘဝတွေရဲ့ တူညီတဲ့ ပုံစံတွေဟာ ကျွန်တော်တို့မြတ်နိုးတဲ့ စာအုပ်တွေရဲ့ စာမျက်နှာတွေ ဖြစ်လာကြပါတယ်။ ဒီစိတ်လှုပ်ရှားဖွယ် ဟောပြောချက်မှာ သတင်းစာဆရာ Joshua Prager ကနေပြီး Norman Mailer, Joyce Carol Oates, William Trevor နဲ့ အခြားသော ပြောင်မြောက်တဲ့ စာရေးဆရာကြီးတွေဆီက ကိုးကားချက်တွေကနေ ဘဝရဲ့ အဆင့်ဆင့်ကို စူးစမ်းရှာဖွေထားကာ ဂရပ်ဖစ် ဒီဇိုင်နာ Milton Glaser ကနေ စက္ခုပသာဒ မြင်ကွင်းတွေအဖြစ် တင်ဆက်ထားပါတယ်။ "စာအုပ်တွေဟာ ကျွန်တော်တို့ ဘယ်သူဖြစ်ဖူးတယ်၊ ဘယ်သူဖြစ်နေတယ်ကိုသာမ ဘယ်သူဖြစ်လိမ့်မယ်ဆိုတာကိုပါ ကျွန်တော်တို့အား ပြောပြကြတယ်" လို့ Prager က ဆိုပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:01

Burmese subtitles

Revisions