Return to Video

ဒီဂီတကို နားဆင်ဖို့ အဲဒီမှာ သင်တကယ်ကို ရှိနေရပါမယ်။

  • 0:03 - 0:08
    (ဂီတသံတေးသွား)
  • 0:08 - 0:11
    ခင်ဗျားတို့အထဲက နယူးယော့(ခ်)မြို့ကြီးကို အလည်အပတ်ရောက်ဖူးသူတွေ၊
    ဒါမှမဟုတ် အဲဒီမှာ နေထိုင် သူတွေအတွက်တော့
  • 0:11 - 0:16
    ဒီဓါတ်ပုံတွေကို မြင်လိုက်ရတာနဲ့
    ရင်းနှီးကျွမ်းဝင်နေသလိုလို ခံစားမိလာမှာပါ။
  • 0:16 - 0:18
    ဒါကတော့ Central Park ပန်းခြံပါ။
  • 0:18 - 0:20
    အမေရိကထဲက အလှပဆုံး ပုံစံ ထုတ်ဆောက်လုပ်ထားတဲ့
  • 0:20 - 0:22
    အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေထဲက တစ်ခုပေါ့။
  • 0:22 - 0:25
    ဒါပေမဲ့ ဒီနေရာကို အလည်မရောက်ဖူးတဲ့သူတွေ
    အတွက်ကတော့
  • 0:25 - 0:29
    ဒီပုံတွေကို တကယ်အပြည့်အဝ
    ခံစားနိုင်မှာ မဟုတ်ပါဘူး။
  • 0:29 - 0:31
    Central Park ပန်းခြံကို တကယ့်ကို
    နားလည်ဖို့ဆိုရင်တော့
  • 0:31 - 0:34
    အဲဒီနေရာကို ကိုယ်တိုင်ကိုယ်ကျ
    ရောက်ဖူးဖို့ လိုတာပေါ့။
  • 0:34 - 0:38
    အလားတူပဲ Central Park ပန်းခြံအတွက်ကိုမှ
    အထူးပြုပြီး အနုစိတ် ရေးဖွဲ့သီကုံးထားတဲ့
  • 0:38 - 0:41
    ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ရဲ့
  • 0:41 - 0:44
    ဂီတတေးသွားဟာလည်း အဲဒီအတိုင်းပဲ ဖြစ်မှာပေါ့။
  • 0:44 - 0:49
    (ဂီတသံတေးသွား)
  • 0:49 - 0:52
    ဒီနေ့ကျွန်တော် အနည်းငယ် ပြောပြချင်တာက
  • 0:52 - 0:55
    ကျွန်တော်နဲ့ ကျွန်တော့ ညီအစ်ကို ဟေး(စ်) လုပ်ကိုင်နေတဲ့
    လက်ရာကလေး တစ်ခုအကြောင်းပါ။
  • 0:55 - 0:58
    ဒါကတော့ ကျွန်တော်တို့နှစ်ယောက်ပေါ့။
    ဒါဟာ ကျွန်တော်တို့ တကယ်ပါ။
  • 0:58 - 1:02
    ကျွန်တော်တို့ နှစ်ယောက်စလုံး လွန်ခဲ့နှစ်အနည်းငယ် အတွင်းမှာ
    တီထွင်ဖန်တီးနေကြတဲ့ အယူအဆတစ်ခု အကြောင်းပါ။
  • 1:02 - 1:06
    ဝန်းကျင်နိူးကြားမှုဆိုင်ရာ
    ဂီတဆိုင်ရာ စိတ်ကူးလေးပါ။
  • 1:06 - 1:08
    အခုချိန်မှာတော့ ကျွန်တော်တို့ ညီအစ်ကို
    နှစ်ယောက်ဟာ ဂီတပညာရှင်များ နဲ့
  • 1:08 - 1:09
    ဂီတထုတ်လုပ်သူတွေပါ။
  • 1:09 - 1:11
    ကျွန်တော်တို့ ပူးပေါင်း
    လုပ်ကိုင်နေကြတာက ...အင်း ...
  • 1:11 - 1:13
    တကယ်တော့ ကျွန်တော်တို့ကလေးဘဝ
    ကတည်းကဆိုပါတော့။
  • 1:13 - 1:16
    ဒါပေမယ့် မကြာသေးခင် အချိန်ကစပြီး
  • 1:16 - 1:17
    အနုပညာနဲ့နည်းပညာ ပေါင်းဆုံ
    ယှက်နွယ်မှုရှိတဲ့ အစီအစဉ်တွေကို
  • 1:17 - 1:20
    ပိုပို စိတ်ဝင်စား လာမိတယ်။
  • 1:20 - 1:22
    ဝန်းကျင် တခုခုဆိုင်ရာ သီးသန့်အသံပိုင်းနဲ့
  • 1:22 - 1:24
    ဗီဒိယ်ို တင်ဆက်မှု အစ
    စက်မှုပညာများကို သုံးထားတဲ့
  • 1:24 - 1:27
    အပြန်အလှန် ဆက်သွယ်မှုပါတဲ့
    ဂီတဖျော်ဖြေပွဲ အဆုံးပေါ့။
  • 1:27 - 1:30
    ဒါပေမယ့် ကျွန်တော် ဒီနေ့ အဓိကထားပြီး
    ပြောပြချင်တာကတော့
  • 1:30 - 1:34
    သဘာဝ ဟင်းလင်းပြင် အတွက် တေးဂီတသီဖွဲ့
    သီကုံးခြင်းဆိုင်ရာ အယူအဆကိုပါ။
  • 1:34 - 1:36
    ဒါပေမယ့် ဒီအကြောင်းကို
    အတွင်းကျကျ မဆွေးနွေးခင်
  • 1:36 - 1:38
    ကျွန်တော်တို့ ဒီစိတ်ကူးကို ဘယ်လို
  • 1:38 - 1:40
    စတင်ရရှိလာပုံ ကလေးကို
    အနည်းငယ် ပြောကြားပါရစေ။
  • 1:40 - 1:42
    ကျွန်တော်တို့ ညီအစ်ကို
    နယူးယော့(ခ်)မြို့မှာ နေတုန်းက
  • 1:42 - 1:44
    ပန်းပုပညာရှင်တွေဖြစ်တဲ့ ခရစ်စတိုနဲ့
    ဂျင်းကလော့(ဒ်)တို့ဟာ
  • 1:44 - 1:46
    သူတို့ရဲ့ ခေတ်ပြိုင် အနုပညာပြပွဲကလေးကို
  • 1:46 - 1:48
    " The Gates" ဆိုတဲ့အမည်နဲ့ Central Park မှာ
    ခင်ကျင်းပြသခဲ့ကြတယ်။
  • 1:48 - 1:49
    ရာနဲ့ချီပြီးရှိတဲ့ အရောင်တောက်တောက်
    ပန်းပုလက်ရာတွေဟာ
  • 1:49 - 1:52
    ပန်းခြံကို သီတင်းပတ်ပေါင်း များစွာကြာအောင်
    အလှဆင်ထားခဲ့တယ်။
  • 1:52 - 1:54
    ပြီးတော့ သာမည ဟင်းလင်းပြင် နေရာတစ်ခုက
  • 1:54 - 1:56
    ပြခန်းနှင့် မတူဘဲ၊
  • 1:56 - 1:59
    ပြတိုက် ဒါမှမဟုတ် ပြခန်း တစ်ခုရဲ့
    နံရံတွေပေါ်က
  • 1:59 - 2:01
    လက်ရာတွေနဲ့မတူပဲ ဒီလက်ရာဟာ
    အဲဒီနေရာနဲ့ အရမ်းကြီးကို
  • 2:01 - 2:03
    တကယ့်ကို လိုက်ဖက်လွန်းပါတယ်။
  • 2:03 - 2:05
    ပြီးတော့ ရှုဒေါင့် အမျိုးမျိုးမှကြည့်
    ပြောရရင် The Gates ဆိုတာက
  • 2:05 - 2:06
    အမှန်တကယ်မှာတော့
    ဖရက်ဒရစ် အွန်းစတက်(ဒ်) ရဲ့
  • 2:06 - 2:09
    မယုံနိူင်စရာကောင်းတဲ့ ဒီဇိုင်းရဲ့
    အောင်ပွဲ အထိမ်းအမှတ်တစ်ခုပါ။
  • 2:09 - 2:11
    ဒီတွေ့ကြုံခံစားမှုက ကျွန်တော်တို့ဆီမှာ
    အတော်ကြာကြာ ကိန်းအောင်းနေခဲ့တာပါ။
  • 2:11 - 2:13
    နောက်နှစ်အတော်ကလေး ကြာလာတော့
  • 2:13 - 2:16
    ကျွန်တော်တို့ ညီအစ်ကို နှစ်ဦး
    ဝါရှင်တန်ဒီစီကို ပြန်ပြောင်းလာခဲ့ပါတယ်။
  • 2:16 - 2:19
    ပြီးတော့ ကျွန်တော်တို့ မေးခွန်းထုတ်မိတာက
  • 2:19 - 2:20
    ပန်းခြံထဲက သဘာဝအပြင်အဆင်ကို
  • 2:20 - 2:22
    The Gates က တုံ့ပြန်ခဲ့သလိုမျိုး
  • 2:22 - 2:25
    သဘာဝရှုခင်းအတွက်
  • 2:25 - 2:30
    တေးဂီတကို သီကုံးဖွဲ့နွဲ့လို့များ ရနိုင်မလားပေါ့။
  • 2:30 - 2:32
    အဲဒါနှင့် ကျွန်တော်တို့ကို ဒီဆီကို ဆောင်ကြဉ်းခဲ့တာပါ။
  • 2:32 - 2:37
    (ဂီတသံတေးသွား)
  • 2:37 - 2:41
    အောက်မေ့ဖွယ်ရာ အထိမ်းအမှတ်နေ့မှာတော့
    ဒေသဆိုင်ရာ နိုးကြားမှု တေးစုကလေးဖြစ်တဲ့
  • 2:41 - 2:43
    National Mall ကိုဖြန့်ချီခဲ့ပါတယ်။
  • 2:43 - 2:46
    GPS လုပ်ဆောင်ချက် စနစ်ပါဝင်တဲ့
  • 2:46 - 2:50
    မိုဘိုင်း ကိရိယာတွေကို ရည်စူးပြီး
    သီးသန့်ဖြန့်ချီခဲ့တာပါ။
  • 2:50 - 2:53
    ကျွန်တော်တို့ရဲ့ ဇာတိမြို့
    ဝါရှင်တန် ဒီစီရဲ့ ပန်းခြံ တစ်ခုလုံးကို
  • 2:53 - 2:58
    အသံလှိုင်းအားဖြင့် မြေပုံကို
    ချယ်မှုန်ထားတာပါ။
  • 2:58 - 3:00
    ရာနဲ့ချီပြီးရှိတဲ့ တေးဂီတ အပိုင်းအပိုင်း
    ကလေးတွေကို ပန်းခြံတစ်ခုလုံးရှိ
  • 3:00 - 3:04
    ဘူမိနေရာများနဲ့ ချိတ်ဆက် ပေးထားခဲ့တဲ့အတွက်
  • 3:04 - 3:07
    နားဆင်နေသူ တစ်ယောက်ဟာ မြေပြင်
    အနေအထားတစ်ခုကို ဖြတ်လျှောက်သွားခိုက်မှာ
  • 3:07 - 3:10
    ဂီတတေးသွားတွေက သူတို့အနီးတဝိုက်က
    ပတ်ဝန်းကျင်ကို တကယ်ပဲ ဖြန့်ခင်းပြနေတာပေါ့။
  • 3:10 - 3:12
    ဒါကြောင့် ဒါဟာ ပန်းခြံတစ်ခုအတွက်
    စီစဉ်ထားတဲ့ တေးသွားစာရင်း ဒါမှမဟုတ်
  • 3:12 - 3:15
    သီချင်းစု မဟုတ်ခဲ့ဘဲ
  • 3:15 - 3:18
    ပဟေဠိကားချပ် တစ်ခုပါ်မှာ အစိတ်အပိုင်းတွေကို
    ဆက်စပ် ချိတ်ဆက် ပေးရသလိုပဲ၊
  • 3:18 - 3:20
    နားဆင်သူက ရွေးချယ်ထားတဲ့
    လမ်းကြောင်းကို အခြေခံလိုက်ပြီး
  • 3:20 - 3:22
    ခြားနားတဲ့ တေးသွားနဲ့
    စည်းချက်အခင်းအကျင်း များထဲက
  • 3:22 - 3:24
    တေးသွားများကိုယူပြီး မရပ်မနား
    ချောမွေ့စွာ တီးမှုတ် ကစားပေးတာပါ။
  • 3:24 - 3:25
    ဒါကြောင့်မို့လို့ သင့်ကိုယ်တိုင်
    ရွေးချယ် ဆန်းသစ် တီထွင်လိုက်တဲ့
  • 3:25 - 3:28
    တေးစုတစ်ခုအဖြစ် ခံယူနိုင်ပါတယ်။
  • 3:28 - 3:30
    အနီးကပ် ကြည့်ကြရအောင်။
  • 3:30 - 3:31
    ဒီမှာ နမူနာလေး တစ်ခုကို ကြည့်ကြတာပေါ့။
  • 3:31 - 3:34
    ဒီပရိုဂရမ်လေးကို သုံးပြီး
  • 3:34 - 3:36
    ဝါရှင်တန် အထိမ်းအမှတ် အဆောက်အဦ
  • 3:36 - 3:38
    ပတ်ပတ်လည်က ကွင်းပြင်တွေကို သွားနေခိုက်မှာ
  • 3:38 - 3:42
    တူရိယာတွေရဲ့ ပဏာမ
    တေးသွားလေးတွေ ကြားရတယ်။
  • 3:42 - 3:45
    အဲဒီကနေ အသင့်သွင်းယူထားတဲ့
  • 3:45 - 3:50
    အင်မတန်ကို ရိုးစင်းလှတဲ့ တေးသံဟာ
    တစ်လုံးချင်း တစ်လုံးချင်းလိမ့်ဆင်းလာတာပေါ့။
  • 3:50 - 3:56
    ဒီနောက်မှာတော့ ဒီအသံက ဝေ့ဝဲပျံလွင့်နေတဲ့
    တယောသံနဲ့ပေါင်းစပ်သွားမိတယ်။
  • 3:56 - 4:00
    ဆက်လျှောက်သွားလိုက်ပါဦး။ အင်ပြည့်အားပြည့်
    သံစုံကျူးရင့်သံကပါ ပေါင်းစပ်ပါဝင်လာပါတယ်။
  • 4:00 - 4:02
    နောက်ဆုံး တောင်ထိပ် ရောက်သွားတဲ့အထိပေါ့။
  • 4:02 - 4:05
    နောက်ပြီးတော့ ဒရမ်သံတွေ၊
    မီးရှူးမီးပန် ဖောက်သံတွေ၊
  • 4:05 - 4:07
    ဆန်းကြယ်တဲ့ ဂီတသံမျိုးစုံကို
    နားဆင်ရပါလိမ့်မယ်။
  • 4:07 - 4:10
    ဒီအသံတွေဟာ ပန်းခြံကြီးရဲ့ အလယ်ဗဟိုရှိ
    မော်ကွန်းကျောက်တိုင်ကြီးကနေ
  • 4:10 - 4:12
    ဖောက်ထွက်လျက်
  • 4:12 - 4:15
    ဖြာထွက်လာနေသယောင် ပျံ့လွင့်နေပါတယ်။
  • 4:15 - 4:18
    ဒါပေမယ့် ဆန့်ကျင်ဖက်အရပ်ကို
    လျှောက်သွားမယ်ဆိုရင်တော့
  • 4:18 - 4:23
    ခုနက အစီအစဉ် တစ်ခုလုံးဟာ ပြောင်းပြန်
    အနေအထား ဖြစ်သွားမှာပါ။
  • 4:23 - 4:26
    တကယ်လို့ သင်ဟာ ပန်းခြံရဲ့ ပတ်လည်အဝန်းကနေ
    ထွက်ခွာတော့မယ် ဆိုရင်တော့
  • 4:26 - 4:28
    ဂီတသံဟာ မှေးမှိန် တိတ်ဆိတ်သွာမှာ ဖြစ်ပြီး
  • 4:28 - 4:32
    ဖွင့်ပိတ် ခလုတ်ဟာလည်း ပျောက်ကွယ်သွားမှာပါ။
  • 4:32 - 4:35
    တစ်ခါတစ်လေကျတော့ အမေရိကကို
    လာမလည်နိုင်တဲ့
  • 4:35 - 4:37
    ကမ္ဘာကြီးရဲ့အခြားသော အရပ်ဒေသတွေက
    ဒီတေးဂီတကို နားဆင်ချင်တဲ့
  • 4:37 - 4:39
    လူတွေက ကျွန်တော်တို့ကို ဆက်သွယ်ကြတယ်။
  • 4:39 - 4:41
    အင်း ......ဒီတေးစုက
    ပုံမှန်တခြားတေးတွေနဲ့ မတူလေတော့
  • 4:41 - 4:44
    ဒီတောင်းဆိုချက်ကို
    မလိုက်လျောပေးနိုင်ဘူး ပေါ့ဗျာ။
  • 4:44 - 4:47
    သူတို့က CD ဒါမှမဟုတ် MP3 ပုံစံမျိုးဖြစ်ဖြစ်
    တောင်းခံတဲ့အခါမှာ
  • 4:47 - 4:49
    ကျွန်တော်တို့က လုပ်မပေးနိူင်ဘူးပေါ့။
  • 4:49 - 4:51
    အကြောင်းရင်းကတော့ အစဉ်အလာ
  • 4:51 - 4:53
    ဓာတ်ပြားချပ် တစ်ခုကို ဖြန့်ချီရာမှာ
    အရောင်းမြှင့်တင်ဖို့ ဒါမှမဟုတ်
  • 4:53 - 4:56
    အဲဒါနဲ့ တွဲဖက်ထည့်ပေးလိုက်တဲ့
    ကြော်ငြာ ပရိုဂရမ် ဒါမှမဟုတ်
  • 4:56 - 4:58
    ကစားစရာ (ဂိမ်း) တစ်ခုမဟုတ်တဲ့
    အတွက်ကြောင့်ပါ။
  • 4:58 - 5:02
    ဒီလုပ်ဆောင်ချက် ပရိုဂရမ်ကိုယ်နှိုက်ကိုက
    အဓိကအလုပ်ပါ။
  • 5:02 - 5:03
    ရှုမျော်ခင်းဆိုင်ရာ မြေပြင် အသွင်အပြင်
    တည်ဆောက်ထားထဲမှာ
  • 5:03 - 5:08
    သောတပိုင်းဆိုင်ရာ အတွေ့အကြုံအတွက်
    နဂိုကတည်းက ပူးတွဲပါဝင်ပြီးသားပါ။
  • 5:08 - 5:11
    နောက် (၆)လ အကြာမှာတော့ Central Park ပန်းခြံအတွက်
    "ပတ်ဝန်းကျင်ဆိုင်ရာနူးကြားမှု" တေးစုလေး တစ်ခု ။
  • 5:11 - 5:12
    ကျွန်တော်တို့ ထုတ်လုပ်ဖြစ်ခဲ့ပါတယ်
  • 5:12 - 5:16
    ဒါက National Mall ထက်အရွယ်အစား
    နှစ်ဆကျော်ပိုကြီးတဲ့ ပန်ခြံတစ်ခုပါ။
  • 5:16 - 5:18
    ဂီတတေးသွားက Sheep's Meadow ကနေ
  • 5:18 - 5:22
    Ramble အထိ၊ အဲဒီကနေ Reservoir အထိ
    လွှမ်းခြုံဖြတ်သန်းနေပါတယ်။
  • 5:22 - 5:24
    လောလောဆယ်မှာတော့ ကျွန်တော်တို့
    ညီအစ်ကို နှစ်ယောက်ဟာ
  • 5:24 - 5:26
    တစ်နိူင်ငံလုံး အဝှမ်းမှာ အစီအစဉ်တွေ
    လုပ်ဆောင်နေပါတယ်။
  • 5:26 - 5:28
    ပြီးခဲတဲ့ နွေဦးကတော့ ဒီက
  • 5:28 - 5:30
    စတန်းဖို့(ဒ်) လူထုဆက်သွယ်ရေး အနုပညာ
  • 5:30 - 5:32
    စမ်းသပ်ခြင်းဆိုင်ရာ ဌာနမှာ
    စီမံချက်တစ်ခုကို စတင်ခဲ့ပါတယ်။
  • 5:32 - 5:35
    အဲဒီမှာ ကျွန်တော်တို့ရဲ့အကြီးမားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ
    နိုးကြားမှု တေးစုကို မှတ်တမ်းတင်ဖို့ ဖန်တီးနေပါတယ်။
  • 5:35 - 5:37
    ဒီတစ်ခုကတော့ တောင်ပစိဖိတ်
    ကမ်းခြေဒေသက အမှတ်(၁)
  • 5:37 - 5:40
    အဝေးပြေး လမ်းမတစ်ခုလုံးကို
    လွှမ်းခြုံဖြတ်သန်း နေပါလိမ့်မယ်။
  • 5:40 - 5:44
    ဒါပေမယ့် ကျွန်တော်တို့ အခုဖန်တီးနေတဲ့
    GPS စနစ်နဲ့ တေးဂီတကို ပေါင်းစပ်ရေးဟာ
  • 5:44 - 5:46
    တကယ်တော့ စိတ်ကူးတစ်ခုပါပဲ။
  • 5:46 - 5:49
    ဒါပေမယ့် အခု ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ
    ခြေချဖို့ တစ်ခါတစ်ရံ ရုန်းကန်နေကြရတဲ့
  • 5:49 - 5:51
    ဂီတ လုပ်ငန်း တစ်ခုအတွက်တော့
  • 5:51 - 5:54
    ပိုမိုကြီးမားတဲ့ အမြင်တစ်ခုကို
    ပြောပြနေပါတယ်။
  • 5:54 - 5:56
    သူတို့အနေနဲ့ ဒီနည်းပညာ
    အသစ်တွေကို စတင်ရှုမြင်ဖြစ်ဖို့၊
  • 5:56 - 5:58
    တည်ရှိပြီးသား ပုံစံတွေထဲကို
    ခေါင်းလောင်း သံလေးတွေ၊
  • 5:58 - 6:00
    လေချွန်သံလေးတွေ ထပ်ဖြည့်ရုံမျှ မကပဲ
  • 6:00 - 6:02
    လူတွေနဲ့ တုံ့ပြန်ဆက်သွယ်မှု ရှိလာမယ့်၊
  • 6:02 - 6:04
    ဂီတကို တွေ့ကြုံခံစားဖို့
  • 6:04 - 6:05
    တကယ့် နည်းလမ်းသစ်တွေကို
    စိတ်ကူးမြင်မက်ဖို့ အတွက်ပါ။
  • 6:05 - 6:07
    ကျေးဇူးတင်ပါတယ်ခင်ဗျာ။
  • 6:07 - 6:11
    (လက်ခုပ်သံများ)
Title:
ဒီဂီတကို နားဆင်ဖို့ အဲဒီမှာ သင်တကယ်ကို ရှိနေရပါမယ်။
Speaker:
Ryan Holladay
Description:

ဒစ်ဂျစ်တယ် ကမ္ဘာကြီးထဲမှာ ဂီတလုပ်ငန်းအနေဖြင့် အခြေချစရာ ရှာတွေ့ဖို့ ရံဖန်ရံခါ ရုန်းကန် လှုပ်ရှားရမှုများကိုကြုံတွေ့ရပါတယ်။ ဒီနှစ်လို့ဖွယ်ရာကောင်းတဲ့ ဟောပြောချက်မှာ TED ရဲ့ဝိုင်းတော်သား Ryan Holladay က "ပတ်ဝန်းကျင်နိူးကြားမှုဆိုင်ရာဂီတ"လို့ သူ သရုပ်ပြရှင်းလင်းထားတဲ့ တေးဂီတကို သူဘာကြောင့် စမ်းသပ်နေပါ သလဲ ဆိုတဲ့ အကြောင်းကို ကျွန်ုပ်တို့ကိုပြောပြထားပါတယ်။ ဒီပရိုဂရမ်ပိုင်းဆိုင်ရာ နဲ့ ဂီတပိုင်းဆိုင်ရာ စွမ်းဆောင်မှုမှာ ရာနဲ့ချီပြီးရှိတဲ့ ဘူမိနည်းပညာနဲ့ ချိတ်ဆက်ထားတဲ့ အသံတွေရဲ့ အပိုင်းအစတွေ ပါဝင်နေပြီး နားဆင်သူ တစ်ယောက်ဟာ အဲဒီနေရာ အနီးအနားမှာ ကိုယ်တိုင်ကိုယ်ကျရှိတဲ့အခိုက်မှာသာ ဖွင့်ယူနားဆင် နိုင်တာပါ။ ( TED@BCG မှာ ရိုက်ကူးခဲ့သည်)

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:29
  • The Original Translator did a fine job. I corrected some minor things!

  • Thank you very much , Ko myoma Aung !

Burmese subtitles

Revisions Compare revisions