Return to Video

လျှပ်စွန်းဖြစ်ခြင်းက ရေကို ထူးထူးခြားခြား ပြုမူစေပုံ - Christina Kleinberg

  • 0:15 - 0:17
    တချို့ အင်းဆက်တွေ
    ကန် ရေမျက်နှာပြင်ပေါ်မှာ
  • 0:17 - 0:18
    သွားနိုင်ပေမဲ့
    ခင်ဗျားသာ
  • 0:18 - 0:20
    ရေပေါ်မှာ သွားတဲ့အခါ
    မြန်မြန်ဆန်ဆန်
  • 0:20 - 0:21
    မြှပ်သွားတာက ဘယ်လိုဖြစ်ရတာလဲ။
  • 0:21 - 0:25
    ဆောင်းတွင်းမှာ ရေကန်တွေက
    အပေါ်ပိုင်းပဲ ခဲတာရော ဘာကြောင့်လဲ။
  • 0:25 - 0:29
    ဒီမေးခွန်းအားလုံးကို ဖြေဆိုစရာ
    စကားတစ်ခွန်းက Polarity ပါ။
  • 0:29 - 0:30
    ရေက အောက်စီဂျင် အက်တမ် တစ်လုံး၊
  • 0:30 - 0:34
    ဟိုက်ဒရိုဂျင် အက်တမ် နှစ်လုံးနဲ့
    ပြုလုပ်ထားတဲ့ မော်လီကျူး ရိုးရိုးလေးပါ။
  • 0:34 - 0:36
    ဒါပေမဲ့ အသက်ဇီ၀အတွက် မရှိမဖြစ်ပါ။
  • 0:36 - 0:39
    တကယ်တော့ အရွယ်ရောက်ပြီးသူ
    တစ်ဦးရဲ့
  • 0:39 - 0:42
    ခန္ဓာကိုယ် အလေးချိန် ၆၀% လောက်က
    ရေဓာတ်ပါ။
  • 0:42 - 0:44
    ဒီရေမော်လီကျူးတွေထဲက Polarity ဟာ
    ဒီသာမည အရာကို
  • 0:44 - 0:47
    ထူးခြားပြီး ဇီ၀ဓာတ်ကို ရှင်သန်စေတဲ့
  • 0:47 - 0:49
    ဂုဏ်သတ္တိတွေ ပေးလိုက်ပါတယ်။
  • 0:49 - 0:52
    Polarity ဟာ မော်လီကျူးအတွင်းက
    အီလက်ထရွန်တွေ
  • 0:52 - 0:54
    မညီမျှတဲ့ ဝေမျှမှုကို ရည်ညွှန်းပါတယ်။
  • 0:54 - 0:57
    ရေမှာဆို.. တစ်ခုတည်းသော
    ရေမော်လီကျူး အတွင်း
  • 0:57 - 1:00
    အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်
    နှစ်လုံးကြား စည်းနှောင်းမှုက
  • 1:00 - 1:03
    အားကောင်းမောင်သန်တဲ့ ဘောလုံးသမားနဲ့
    ချစ်စဖွယ် လူမမယ်လေးတစ်ဦး
  • 1:03 - 1:05
    လွန်ဆွဲကြ သလိုမျိုးပါ။
  • 1:05 - 1:07
    အောက်စီဂျင်က ပိုကြီးပြီး
    နျူးကလီးယပ်ထဲမှာ
  • 1:07 - 1:10
    ဟိုက်ဒရိုဂျင် အက်တမ်ထက်
    ပရိုတွန်ပိုများပါတယ်။
  • 1:10 - 1:13
    လျှပ်ဖို ဓာတ်ဆောင်တဲ့ ထိုအရာတွေက
    လူတစ်ဦးရဲ့ ကာယဗလလိုပါပဲ၊
  • 1:13 - 1:14
    ၎င်းတို့ ဓာတ်စည်းထဲက
  • 1:14 - 1:17
    လျှပ်မ ဓာတ်ဆောင်
    အီလက်ထရွန်ကို ဆွဲနိုင်တာက
  • 1:17 - 1:19
    လွန်ဆွဲပွဲမှာ ဗလကြီးက လူဖလံလေးကို
  • 1:19 - 1:22
    အပြတ်အသတ်နိုင်သလို ဆွဲနိုင်တာပါ။
  • 1:22 - 1:24
    ဒီတော့ အောက်စီဂျင်က ၎င်းမျှပေးထားတဲ့
  • 1:24 - 1:27
    အီလက်ထရွန်ထက်ကို ပိုဆွဲနိုင်ပါတယ်။
  • 1:27 - 1:30
    ဟိုက်ဒရိုဂျင်က ပိုသေးပြီး အားပိုနည်းတာ
    သို့မဟုတ်
  • 1:30 - 1:32
    ပရိုတွန်ပိုနည်းတာကြောင့်
  • 1:32 - 1:34
    လွန်ဆွဲပွဲမှာ ရှုံးနိမ့်ပြီး
  • 1:34 - 1:37
    ၎င်းမျှထားတဲ့ အီလက်ထရွန်လောက်
    မဆွဲနိုင်ပါဘူး။
  • 1:37 - 1:40
    ဒီတော့ ရေထဲက အောင်စီဂျင်က လျှပ်မ အဖြစ်
    ယူဆတဲ့အတိုင်း ပြုမူပြီး
  • 1:40 - 1:43
    ဟိုက်ဒရိုဂျင်ကလည်း လျှပ်ဖို အဖြစ်
    ယူဆတဲ့ အတိုင်းပြုမူပါတယ်။
  • 1:43 - 1:46
    တစ်လုံးတည်းသော ရေမော်လီကျူးအတွင်းက
    ဓာတ်စည်းနှောင်မှုကို
  • 1:46 - 1:48
    Polar Covalent Bonds ခေါ်ပါတယ်။
  • 1:48 - 1:51
    Covalent က အီလက်ထရွန်တွေ
    မျှဝေကြောင်းကို ဆိုလိုတာပါ။
  • 1:51 - 1:53
    ဒါပေမဲ့.. ကျုပ်တို့ သိထားတဲ့အတိုင်း
  • 1:53 - 1:56
    Polar ဆိုတာက ဒီအီလက်ထရွန်တွေ
    မျှဝေမှုက မညီမျှကြောင်းဆိုလိုပါတယ်။
  • 1:56 - 1:59
    ရေမှာဆို အောက်စီဂျင်က
    လျှပ်မအဖြစ် ဆောင်ရွက်ပြီး
  • 1:59 - 2:02
    ဟိုက်ဒရိုဂျင်က လျှပ်ဖိုအဖြစ်
    ဆောင်ရွက်ပါတယ်။
  • 2:02 - 2:04
    လျှပ်ဖိုနဲ့ လျှပ်မ ဆွဲငင်ခြင်းကြောင့်
  • 2:04 - 2:06
    အောက်စီဂျင်က နီးစပ်ရာ
    ရေမော်လီကျူးထဲက
  • 2:06 - 2:08
    ဟိုက်ဒရိုဂျင်ကို ဆွဲပါတယ်။
  • 2:08 - 2:12
    ရေမော်လီကျူးတွေကြာမှာဖြစ်တဲ့
    ထူးခြားသော ဓာတ်စည်းနှောင်မှု ပုံစံကို
  • 2:12 - 2:14
    Hydrogen bond အဖြစ် သိကြပါတယ်။
  • 2:14 - 2:17
    Hydrogen bond တွေက
    ရေမှာပဲ ဖြစ်တာမဟုတ်ပါဘူး။
  • 2:17 - 2:19
    ၎င်းတို့က ရေမော်လီကျူးတစ်လုံးနဲ့
  • 2:19 - 2:22
    Ploar သို့မဟုတ် Ionic ဖြစ်တဲ့ မတူတဲ့
    အရာတွေကြားမှာ ဖွဲ့စည်းနိုင်ပါတယ်။
  • 2:22 - 2:26
    ရေက ၎င်းတိုအချင်းချင်း တွယ်ကပ်နိုင်တာကို
    ပေါင်းစပ်ခြင်း ခေါ်ပြီး
  • 2:26 - 2:28
    အခြားအရာနဲ့ တွယ်ကပ်နိုင်တာကို
  • 2:28 - 2:31
    စွဲကပ်ခြင်း ခေါ်ပါတယ်။
  • 2:31 - 2:33
    ကဲ.. စခဲ့တဲ့ မေးခွန်းတွေကို
    ပြန်တွေးကြည့်စို့။
  • 2:33 - 2:37
    တစ်.. အင်းဆက်တချို့ ရေပေါ်မှာ
    သွားနိုင်တာ ဘာကြောင့်လဲ။
  • 2:37 - 2:40
    ဟိုက်ဒရိုဂျင် ဓာတ်စည်းကြောင့်
    မျက်နှာပြင် တင်းအားက
  • 2:40 - 2:42
    ရေမျက်နှာပြင်ပေါ်မှာ
    အလွှာပါးလေး ဖန်တီးမယ်
  • 2:42 - 2:43
    ဒါက အထူး ပေါ့ပါးတဲ့
    အင်းဆက်တွေ
  • 2:43 - 2:46
    အပေါ်မှာ သွားဖို့ ခံနိုင်ရည်က
    လုံလောက်ပါတယ်။
  • 2:46 - 2:47
    ခင်ဗျား မသွားနိုင်တာက
  • 2:47 - 2:49
    ဟိုက်ဒရိုဂျင် ဓာတ်စည်းတွေမှာ
    ခင်ဗျားကို
  • 2:49 - 2:51
    ပင့်ထားဖို့ အား မလောက်တာကြောင့်ပါ။
  • 2:51 - 2:53
    ရေခဲက ရေပေါ်မှာ
    ပေါ်တာ ဘာကြောင့်လဲ။
  • 2:53 - 2:55
    တခြားအရာတွေမှာတော့..
  • 2:55 - 2:58
    အခဲအခြေအနေက အရည်အခြေအနေထက်
    ပို သိပ်သည်းပေမဲ့
  • 2:58 - 3:00
    ရေမှာတော့ ဒါမျိုးမဖြစ်ပါဘူး။
  • 3:00 - 3:03
    ရေမော်လီကျူးကို ထိန်းထားတဲ့
    ဟိုက်ဒရိုဂျင် ဓာတ်စည်းက
  • 3:03 - 3:06
    အရည်ဖြစ်တဲ့ ရေမှာထက် ခဲနေတဲ့
    ရေမှာ ပိုကွာဝေးပါတယ်။
  • 3:06 - 3:08
    မော်လီကျူးတွေ ဝေးလေလေ
  • 3:08 - 3:10
    ဒီအခဲရဲ့ သိပ်သည်းမှုက နည်းလေလေပါ။
  • 3:10 - 3:13
    ဒီတော့ ရေခဲက ရေထက်
    သိပ်သည်းမှု ၉% ပိုနည်းလို့
  • 3:13 - 3:15
    ၎င်းက အပေါ်မှာ ပေါ်တာပါ။
  • 3:15 - 3:18
    ဒါ့ကြောင့် ရေကန်တွေက
    အပေါ်ပိုင်းမှာ ခဲပြီး
  • 3:18 - 3:20
    နှစ်စဉ် အေးခဲတဲ့
    ဆောင်းရာသီ တလျှောက်
  • 3:20 - 3:22
    ရေနေ သတ္တဝါတွေ ရှန်သန်နိုင်တာပါ။
  • 3:22 - 3:25
    ဒါက ရေမော်လီကျူးရဲ့ Polarity နဲ့
  • 3:25 - 3:27
    ရေရဲ့ ထူးကဲဂုဏ် သတ္တိတွေမှာ
    ထည့်စဉ်းစားရမည့်
  • 3:27 - 3:30
    အကျိုးဆက်ဖြစ်လာတဲ့ ဟိုက်ဒရိုဂျင်ရဲ့
    ဓာတု ဓာတ်စည်းနှောင်မှုပါ။
  • 3:30 - 3:33
    ဒီတော့ ခင်ဗျားရဲ့ ဆလ်ထဲမှ
    ရေကနေ
  • 3:33 - 3:34
    ကမ္ဘာ့ သမုဒ္ဒတွေရှိ
    ရေအထိ
  • 3:34 - 3:36
    လွန်စွာထူးကဲတဲ့ အကြောင်းက
  • 3:36 - 3:41
    ယင်းသည် ပိုလာ မော်လီကျူး တစ်လုံး
    ဖြစ်တာကြောင့်မို့ပါပဲ။
Title:
လျှပ်စွန်းဖြစ်ခြင်းက ရေကို ထူးထူးခြားခြား ပြုမူစေပုံ - Christina Kleinberg
Description:

သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/how-polarity-makes-water-behave-strangely-christina-kleinberg
ရေက မရှိမဖြစ်နဲ့ တစ်မူထူးခြားပါတယ်။ ၎င်းရဲ့ အထူးခြားဆုံး အရည်အသွေးတွေက ဟိုက်ဒရိုဂျင်နှစ်လုံးနဲ့ အောက်စီဂျင်တစ်လုံးနဲ့ ပါဝင်တဲ့ ဆိုတဲ့ အချက်မှ မြစ်ဖျားခံတာကြောင့်
မညီမျှတဲ့ အီလက်ထရွန်တွေကိုဝေမျှမှု တစ်ရပ်ကို ဖန်တီးပါတယ်။ ရေခဲနေတဲ့ ကန်မှ ငါးတွေကနေ ရေပေါ် ပေါလောပေါ်နေတဲ့ ရေခဲတုံးအထိ လျှပ်စွန်းဖြစ်ခြင်းရဲ့ အကျိုးတရားကို Christina Kleinberg က ဖော်ပြထားပါတယ်။
သင်ခန်းစာတင်ဆက်သူ- Christina Kleinberg၊ ရုပ်သံလှုပ်ရှားမှု ပုံရိပ်- Alan Foreman။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
03:52

Burmese subtitles

Revisions