လျှပ်စွန်းဖြစ်ခြင်းက ရေကို ထူးထူးခြားခြား ပြုမူစေပုံ - Christina Kleinberg
-
0:15 - 0:17တချို့ အင်းဆက်တွေ
ကန် ရေမျက်နှာပြင်ပေါ်မှာ -
0:17 - 0:18သွားနိုင်ပေမဲ့
ခင်ဗျားသာ -
0:18 - 0:20ရေပေါ်မှာ သွားတဲ့အခါ
မြန်မြန်ဆန်ဆန် -
0:20 - 0:21မြှပ်သွားတာက ဘယ်လိုဖြစ်ရတာလဲ။
-
0:21 - 0:25ဆောင်းတွင်းမှာ ရေကန်တွေက
အပေါ်ပိုင်းပဲ ခဲတာရော ဘာကြောင့်လဲ။ -
0:25 - 0:29ဒီမေးခွန်းအားလုံးကို ဖြေဆိုစရာ
စကားတစ်ခွန်းက Polarity ပါ။ -
0:29 - 0:30ရေက အောက်စီဂျင် အက်တမ် တစ်လုံး၊
-
0:30 - 0:34ဟိုက်ဒရိုဂျင် အက်တမ် နှစ်လုံးနဲ့
ပြုလုပ်ထားတဲ့ မော်လီကျူး ရိုးရိုးလေးပါ။ -
0:34 - 0:36ဒါပေမဲ့ အသက်ဇီ၀အတွက် မရှိမဖြစ်ပါ။
-
0:36 - 0:39တကယ်တော့ အရွယ်ရောက်ပြီးသူ
တစ်ဦးရဲ့ -
0:39 - 0:42ခန္ဓာကိုယ် အလေးချိန် ၆၀% လောက်က
ရေဓာတ်ပါ။ -
0:42 - 0:44ဒီရေမော်လီကျူးတွေထဲက Polarity ဟာ
ဒီသာမည အရာကို -
0:44 - 0:47ထူးခြားပြီး ဇီ၀ဓာတ်ကို ရှင်သန်စေတဲ့
-
0:47 - 0:49ဂုဏ်သတ္တိတွေ ပေးလိုက်ပါတယ်။
-
0:49 - 0:52Polarity ဟာ မော်လီကျူးအတွင်းက
အီလက်ထရွန်တွေ -
0:52 - 0:54မညီမျှတဲ့ ဝေမျှမှုကို ရည်ညွှန်းပါတယ်။
-
0:54 - 0:57ရေမှာဆို.. တစ်ခုတည်းသော
ရေမော်လီကျူး အတွင်း -
0:57 - 1:00အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်
နှစ်လုံးကြား စည်းနှောင်းမှုက -
1:00 - 1:03အားကောင်းမောင်သန်တဲ့ ဘောလုံးသမားနဲ့
ချစ်စဖွယ် လူမမယ်လေးတစ်ဦး -
1:03 - 1:05လွန်ဆွဲကြ သလိုမျိုးပါ။
-
1:05 - 1:07အောက်စီဂျင်က ပိုကြီးပြီး
နျူးကလီးယပ်ထဲမှာ -
1:07 - 1:10ဟိုက်ဒရိုဂျင် အက်တမ်ထက်
ပရိုတွန်ပိုများပါတယ်။ -
1:10 - 1:13လျှပ်ဖို ဓာတ်ဆောင်တဲ့ ထိုအရာတွေက
လူတစ်ဦးရဲ့ ကာယဗလလိုပါပဲ၊ -
1:13 - 1:14၎င်းတို့ ဓာတ်စည်းထဲက
-
1:14 - 1:17လျှပ်မ ဓာတ်ဆောင်
အီလက်ထရွန်ကို ဆွဲနိုင်တာက -
1:17 - 1:19လွန်ဆွဲပွဲမှာ ဗလကြီးက လူဖလံလေးကို
-
1:19 - 1:22အပြတ်အသတ်နိုင်သလို ဆွဲနိုင်တာပါ။
-
1:22 - 1:24ဒီတော့ အောက်စီဂျင်က ၎င်းမျှပေးထားတဲ့
-
1:24 - 1:27အီလက်ထရွန်ထက်ကို ပိုဆွဲနိုင်ပါတယ်။
-
1:27 - 1:30ဟိုက်ဒရိုဂျင်က ပိုသေးပြီး အားပိုနည်းတာ
သို့မဟုတ် -
1:30 - 1:32ပရိုတွန်ပိုနည်းတာကြောင့်
-
1:32 - 1:34လွန်ဆွဲပွဲမှာ ရှုံးနိမ့်ပြီး
-
1:34 - 1:37၎င်းမျှထားတဲ့ အီလက်ထရွန်လောက်
မဆွဲနိုင်ပါဘူး။ -
1:37 - 1:40ဒီတော့ ရေထဲက အောင်စီဂျင်က လျှပ်မ အဖြစ်
ယူဆတဲ့အတိုင်း ပြုမူပြီး -
1:40 - 1:43ဟိုက်ဒရိုဂျင်ကလည်း လျှပ်ဖို အဖြစ်
ယူဆတဲ့ အတိုင်းပြုမူပါတယ်။ -
1:43 - 1:46တစ်လုံးတည်းသော ရေမော်လီကျူးအတွင်းက
ဓာတ်စည်းနှောင်မှုကို -
1:46 - 1:48Polar Covalent Bonds ခေါ်ပါတယ်။
-
1:48 - 1:51Covalent က အီလက်ထရွန်တွေ
မျှဝေကြောင်းကို ဆိုလိုတာပါ။ -
1:51 - 1:53ဒါပေမဲ့.. ကျုပ်တို့ သိထားတဲ့အတိုင်း
-
1:53 - 1:56Polar ဆိုတာက ဒီအီလက်ထရွန်တွေ
မျှဝေမှုက မညီမျှကြောင်းဆိုလိုပါတယ်။ -
1:56 - 1:59ရေမှာဆို အောက်စီဂျင်က
လျှပ်မအဖြစ် ဆောင်ရွက်ပြီး -
1:59 - 2:02ဟိုက်ဒရိုဂျင်က လျှပ်ဖိုအဖြစ်
ဆောင်ရွက်ပါတယ်။ -
2:02 - 2:04လျှပ်ဖိုနဲ့ လျှပ်မ ဆွဲငင်ခြင်းကြောင့်
-
2:04 - 2:06အောက်စီဂျင်က နီးစပ်ရာ
ရေမော်လီကျူးထဲက -
2:06 - 2:08ဟိုက်ဒရိုဂျင်ကို ဆွဲပါတယ်။
-
2:08 - 2:12ရေမော်လီကျူးတွေကြာမှာဖြစ်တဲ့
ထူးခြားသော ဓာတ်စည်းနှောင်မှု ပုံစံကို -
2:12 - 2:14Hydrogen bond အဖြစ် သိကြပါတယ်။
-
2:14 - 2:17Hydrogen bond တွေက
ရေမှာပဲ ဖြစ်တာမဟုတ်ပါဘူး။ -
2:17 - 2:19၎င်းတို့က ရေမော်လီကျူးတစ်လုံးနဲ့
-
2:19 - 2:22Ploar သို့မဟုတ် Ionic ဖြစ်တဲ့ မတူတဲ့
အရာတွေကြားမှာ ဖွဲ့စည်းနိုင်ပါတယ်။ -
2:22 - 2:26ရေက ၎င်းတိုအချင်းချင်း တွယ်ကပ်နိုင်တာကို
ပေါင်းစပ်ခြင်း ခေါ်ပြီး -
2:26 - 2:28အခြားအရာနဲ့ တွယ်ကပ်နိုင်တာကို
-
2:28 - 2:31စွဲကပ်ခြင်း ခေါ်ပါတယ်။
-
2:31 - 2:33ကဲ.. စခဲ့တဲ့ မေးခွန်းတွေကို
ပြန်တွေးကြည့်စို့။ -
2:33 - 2:37တစ်.. အင်းဆက်တချို့ ရေပေါ်မှာ
သွားနိုင်တာ ဘာကြောင့်လဲ။ -
2:37 - 2:40ဟိုက်ဒရိုဂျင် ဓာတ်စည်းကြောင့်
မျက်နှာပြင် တင်းအားက -
2:40 - 2:42ရေမျက်နှာပြင်ပေါ်မှာ
အလွှာပါးလေး ဖန်တီးမယ် -
2:42 - 2:43ဒါက အထူး ပေါ့ပါးတဲ့
အင်းဆက်တွေ -
2:43 - 2:46အပေါ်မှာ သွားဖို့ ခံနိုင်ရည်က
လုံလောက်ပါတယ်။ -
2:46 - 2:47ခင်ဗျား မသွားနိုင်တာက
-
2:47 - 2:49ဟိုက်ဒရိုဂျင် ဓာတ်စည်းတွေမှာ
ခင်ဗျားကို -
2:49 - 2:51ပင့်ထားဖို့ အား မလောက်တာကြောင့်ပါ။
-
2:51 - 2:53ရေခဲက ရေပေါ်မှာ
ပေါ်တာ ဘာကြောင့်လဲ။ -
2:53 - 2:55တခြားအရာတွေမှာတော့..
-
2:55 - 2:58အခဲအခြေအနေက အရည်အခြေအနေထက်
ပို သိပ်သည်းပေမဲ့ -
2:58 - 3:00ရေမှာတော့ ဒါမျိုးမဖြစ်ပါဘူး။
-
3:00 - 3:03ရေမော်လီကျူးကို ထိန်းထားတဲ့
ဟိုက်ဒရိုဂျင် ဓာတ်စည်းက -
3:03 - 3:06အရည်ဖြစ်တဲ့ ရေမှာထက် ခဲနေတဲ့
ရေမှာ ပိုကွာဝေးပါတယ်။ -
3:06 - 3:08မော်လီကျူးတွေ ဝေးလေလေ
-
3:08 - 3:10ဒီအခဲရဲ့ သိပ်သည်းမှုက နည်းလေလေပါ။
-
3:10 - 3:13ဒီတော့ ရေခဲက ရေထက်
သိပ်သည်းမှု ၉% ပိုနည်းလို့ -
3:13 - 3:15၎င်းက အပေါ်မှာ ပေါ်တာပါ။
-
3:15 - 3:18ဒါ့ကြောင့် ရေကန်တွေက
အပေါ်ပိုင်းမှာ ခဲပြီး -
3:18 - 3:20နှစ်စဉ် အေးခဲတဲ့
ဆောင်းရာသီ တလျှောက် -
3:20 - 3:22ရေနေ သတ္တဝါတွေ ရှန်သန်နိုင်တာပါ။
-
3:22 - 3:25ဒါက ရေမော်လီကျူးရဲ့ Polarity နဲ့
-
3:25 - 3:27ရေရဲ့ ထူးကဲဂုဏ် သတ္တိတွေမှာ
ထည့်စဉ်းစားရမည့် -
3:27 - 3:30အကျိုးဆက်ဖြစ်လာတဲ့ ဟိုက်ဒရိုဂျင်ရဲ့
ဓာတု ဓာတ်စည်းနှောင်မှုပါ။ -
3:30 - 3:33ဒီတော့ ခင်ဗျားရဲ့ ဆလ်ထဲမှ
ရေကနေ -
3:33 - 3:34ကမ္ဘာ့ သမုဒ္ဒတွေရှိ
ရေအထိ -
3:34 - 3:36လွန်စွာထူးကဲတဲ့ အကြောင်းက
-
3:36 - 3:41ယင်းသည် ပိုလာ မော်လီကျူး တစ်လုံး
ဖြစ်တာကြောင့်မို့ပါပဲ။
- Title:
- လျှပ်စွန်းဖြစ်ခြင်းက ရေကို ထူးထူးခြားခြား ပြုမူစေပုံ - Christina Kleinberg
- Description:
-
သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/how-polarity-makes-water-behave-strangely-christina-kleinberg
ရေက မရှိမဖြစ်နဲ့ တစ်မူထူးခြားပါတယ်။ ၎င်းရဲ့ အထူးခြားဆုံး အရည်အသွေးတွေက ဟိုက်ဒရိုဂျင်နှစ်လုံးနဲ့ အောက်စီဂျင်တစ်လုံးနဲ့ ပါဝင်တဲ့ ဆိုတဲ့ အချက်မှ မြစ်ဖျားခံတာကြောင့်
မညီမျှတဲ့ အီလက်ထရွန်တွေကိုဝေမျှမှု တစ်ရပ်ကို ဖန်တီးပါတယ်။ ရေခဲနေတဲ့ ကန်မှ ငါးတွေကနေ ရေပေါ် ပေါလောပေါ်နေတဲ့ ရေခဲတုံးအထိ လျှပ်စွန်းဖြစ်ခြင်းရဲ့ အကျိုးတရားကို Christina Kleinberg က ဖော်ပြထားပါတယ်။
သင်ခန်းစာတင်ဆက်သူ- Christina Kleinberg၊ ရုပ်သံလှုပ်ရှားမှု ပုံရိပ်- Alan Foreman။ - Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 03:52
sann tint approved Burmese subtitles for How polarity makes water behave strangely - Christina Kleinberg | ||
sann tint accepted Burmese subtitles for How polarity makes water behave strangely - Christina Kleinberg | ||
sann tint edited Burmese subtitles for How polarity makes water behave strangely - Christina Kleinberg | ||
sann tint edited Burmese subtitles for How polarity makes water behave strangely - Christina Kleinberg | ||
sann tint edited Burmese subtitles for How polarity makes water behave strangely - Christina Kleinberg | ||
Tun Lin Aung + 1 edited Burmese subtitles for How polarity makes water behave strangely - Christina Kleinberg | ||
Tun Lin Aung + 1 edited Burmese subtitles for How polarity makes water behave strangely - Christina Kleinberg | ||
sann tint declined Burmese subtitles for How polarity makes water behave strangely - Christina Kleinberg |