ဘာကြောင့် COVID-19 က ကျွန်ုပ်တို့ကို အခု တိုက်ခိုက်နေတာလဲနှင့် နောင်လာမယ့် ရောဂါဖြစ်ပွားမှုအတွက် ဘယ်လို ပြင်ဆင်သင့်ပုံ။
-
0:01 - 0:05သင်တို့ဆီ တင်ပြချင်တာကို
ကျွန်မရဲ့ အထောက်အထားတွေအကြောင်း -
0:05 - 0:06အနည်းငယ် ပြောတာနဲ့ စတင်ချင်ပါတယ်။
-
0:06 - 0:08အကြောင်းကတော့ ပွင့်ပွင့်လင်းပြောရရင်
-
0:08 - 0:13COVID-19.နဲ့ပတ်သက်တဲ့ ထင်မြင်ချက်တစ်ခုနဲ့
ဘယ်လူအိုတစ်ယောက် ပြောတာကိုမှ -
0:13 - 0:15သင်တို့ နားမထောင်သင့်တာကြောင့်ပါ။
-
0:15 - 0:16(ရယ်သံများ)
-
0:16 - 0:20ဆိုတော့ ကျွန်မက ကမ္ဘာအနှံ့ ကျန်းမာရေးမှာ
အနှစ် ၂၀ လောက် အလုပ်လုပ်လာတာပါ။ -
0:20 - 0:25ကျွန်မရဲ့ သီးခြား နည်းပညာ အထူးပြုမှုကတော့
ကျန်းမာရေး စနစ်ပိုင်းတွေမှာပါ။ -
0:25 - 0:29ကျန်းမာရေး စနစ်တွေက ပြင်းထန်တဲ့
ထိတ်လန့်မှုတွေ တွေ့ကြုံတဲ့အခါ ဖြစ်တာတွေပါ။ -
0:29 - 0:31ကမ္ဘာ ကျန်းမာရေး သတင်းစာပိုင်းမှာလည်း
လုပ်ခဲ့သေးတယ်။ -
0:31 - 0:35ကမ္ဘာအနှံ့ ကျန်းမာရေးနဲ့ ဇီဝလုံခြုံရေး
အကြောင်းသတင်းစာတွေနဲ့ -
0:35 - 0:38ဝက်ဘ်ဆိုဒ်ခွဲတွေမှာ ရေးသားခဲ့ပြီး
-
0:38 - 0:40ဂြိုဟ်တစ်ခုလုံးအနေနဲ့
ကျွန်မတို့ရင်ဆိုင်နေရတဲ့ -
0:40 - 0:44ကမ္ဘာ့ကျန်းမာရေး ခြိမ်းခြောက်မှုတွေ
အကြောင်းစာအုပ် နှစ်အနည်းငယ်ကထုတ်တယ်။ -
0:44 - 0:48အီဘိုလာ ကုသမှု ဗဟိုဌာနတွေကို အကဲဖြတ်
တာကနေ ကျန်မာရေး ပံ့ပိုးမှုပစ္စည်းတွေနဲ့ -
0:48 - 0:52အဆုတ်ရောဂါ ကူးစက်မှုကို ကြည့်ပေးတာနဲ့
ကြက်ငှက်တုပ်ကွေးရောဂါ -
0:52 - 0:56အရံသင့်ရှိအောင် လုပ်တာအထိအထိ
-
0:56 - 0:59ကြိုးပမ်းမှုတွေမှာ ထောက်ပံ့ ဦးဆောင်ခဲ့တယ်။
-
0:59 - 1:02ကျွန်မက နိုင်ငံတကာ ကျန်းမာရေး
မဟာဘွဲ့တစ်ခု ရထားတယ်။ -
1:03 - 1:05ကျွန်မဟာ သမားတော်မဟုတ်ဘူး၊
သူနာပြုမဟုတ်ဘူး။ -
1:05 - 1:09ကျွန်မရဲ့ အထူးပြုမှုက လူနာ စောင်ရှောက်မှု
(သို့) တစ်ဦးချင်းစောင့်ရှောက်တာမဟုတ်ဘူး။ -
1:09 - 1:13ကျွန်မရဲ့ အထူးပြုက လူတွေနဲ့ ကျန်းမာရေး
စနစ်တွေကို ကြည့်ရှုတာပါ။ -
1:13 - 1:16ရောဂါတွေ ကြီးမားတဲ့ အဆင့်တွေ
ရွေ့သွားရင် ဖြစ်ပျက်တာကိုပါ။ -
1:17 - 1:21ကမ္ဘာ့ ကျန်းမာရေး ကျွမ်းကျင်မှုရဲ့
ရင်းမြစ်တွေကို ၁ ကနေ ၁၀ အထိ -
1:21 - 1:24အမှတ်ပေးကြမယ်ဆိုရင်
-
1:24 - 1:27၁ က ကျပန်းလူတစ်ယောက် Facebook မှာ
အာဘောင်အာရင်းသန်သန် ပြောနေတာဖြစ်ပြီး -
1:27 - 1:31၁၀ ကတော့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းပါ။
-
1:31 - 1:35ကျွန်မကို ၇ (သို့) ၈ နေရာမှာ သင်တို့
ထားနိုင်လာက်တယ်လို့ ပြောပါရစေ။ -
1:35 - 1:37ဒီတော့ ကျွန်မ ပြောနေစဉ် ဒါကို
စိတ်မှာစွဲထားပါ။ -
1:39 - 1:42ဒီမှာတော့ အခြေခံနဲ့ စပါမယ်။
အကြောင်းက ဒါဟာ COVID-19 ဝန်းကျင်က -
1:42 - 1:46မီဒီယာ ဆူညံမှုထဲမှာ
ပျောက်ဆုံးသွားပြီလို့ ထင်တာကြောင့်ပါ။ -
1:46 - 1:50ဒါကြောင့် COVID-19 ဟာ
ကိုရိုနာဗိုင်းရပ်စ်တစ်ခုဖြစ်ပြီး -
1:50 - 1:54ကိုရိုနာဗိုင်းရပ်စ်တွေဟာ ဗိုင်းရပ်ရဲ့
သီးခြား အပိုင်းခွဲတစ်ခုပါ။ -
1:54 - 1:58ဗိုင်းရပ်စ်တွေလိုပဲ ထူးခြားတဲ့
စရိုက်လက္ခဏာ တချို့ရှိပါတယ်။ -
1:58 - 2:01သူတို့ဟာ မျိုးရိုးဗီဇ ပစ္စည်းအနေနဲ့
DNA အစား RNA ကို သုံးပြီး -
2:01 - 2:05ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်မှာ
ဆူးချွန်တွေနဲ့ ဖုံးလွှမ်းနေတယ်။ -
2:05 - 2:07ဒီဆူးချွန်တွေ ဆဲလ်တွေကို
ထိုးဖောက်ဖို့ အသုံးပြုကြတယ်။ -
2:08 - 2:11ဒီဆူးချွန်တွေဟာ ကိုရိုနာဗိုင်းရပ်အတွင်းက
ကိုရိုနာပါ။ -
2:12 - 2:16COVID-19 ကို ဆန်းသစ်တဲ့ ကိုရိုနာ
ဗိုင်းရပ်အဖြစ် လူသိများတာက -
2:16 - 2:20ဒီဇင်ဘာမတိုင်ခင်အထိ ကိုရိုနာဗိုင်းရပ်စ်
ခြောက်ခုသာ ကြားခဲ့ရလိုပါ။ -
2:20 - 2:22COVID-19 ဟာ ခုနှစ်ခုမြောက်ပါ။
-
2:22 - 2:23ကျွန်မတို့အတွက် အသစ်ပါ၊
-
2:23 - 2:25၎င်းဟာ ၎င်းရဲ့ ဗီဇ အစဉ်ချကာစ၊
-
2:25 - 2:26၎င်းရဲ့ အမည်ရလာစပါ။
-
2:26 - 2:27ဒါကြောင့် ဆန်းသစ်တာပါ။
-
2:28 - 2:32ဆိုးဝါးပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်း
ရောလက္ခဏာစု SARS ကို မှတ်မိရင် -
2:32 - 2:34(သို့) MERS
-
2:34 - 2:36အရှေ့အလယ်ပိုင်း အသက်ရှုလမ်းကြောင်း
ရောဂါ -
2:36 - 2:38ဒါတွေဟာ ကိုရိုနာဗိုင်းရပ်စ်တွေပါ။
-
2:38 - 2:41နှစ်ခုစလုံးကို အသက်ရှုလမ်းကြောင်း
ရောလက္ခဏာစုလို့ ခေါ်တဲ့အကြောင်းက -
2:41 - 2:44ဒါကိုရိနာဗိုင်းရပ်က လုပ်တာဖြစ်လို့ပါ။
-
2:44 - 2:46၎င်းတို့ဟာ သင့်အဆုတ်တွေကို ရွေးတယ်။
-
2:46 - 2:49အန်မထုတ်စေဘူး၊
မျက်ဆန်တွေကနေ သွေးမထွက်စေဘူး။ -
2:49 - 2:50သင့်ကို သွေးမလွန်စေဘူး။
-
2:50 - 2:52သင့်အဆုတ်တွေဆီ သွားတယ်။
-
2:53 - 2:55COVID-19 က ကွာခြားမှုမရှိပါ။
-
2:55 - 2:59ချောင်းခြောက် (သို့) အဖျားတစ်ခုလို အရာကနေ
-
2:59 - 3:02သေလောက်တဲ့ အဓိက အဆုတ်ရောင်ရောဂါ
အထိ တောက်လျှောက်သွားတဲ့ -
3:02 - 3:05အသက်ရှုဆိုင်ရာ ရောဂါလက္ခဏာ
အစဉ်တစ်ခုဖြစ်ပေါ်စေပါတယ်။ -
3:05 - 3:09လက္ခဏာ အစဉ်က ဒီရောဂါဖြစ်ပွားမှုကို
ခြေရာခံဖို့ -
3:09 - 3:12ခက်ခဲလွန်းစေတဲ့ အကြောင်းတွေထဲက
တစ်ခုပါ။ -
3:12 - 3:17COVID-19 ရတဲ့ လူတွေ အများကြီးဆိုပေမဲ့
သိပ် ညင်သာပါတယ်၊ -
3:17 - 3:21ရောဂါလက္ခဏာတွေက ကျန်းမာရေး စောင့်ရှောက်မှု
ပေးသူဆီသွားဖို့လောက် မပြင်းဘူး။ -
3:21 - 3:23ဒီစနစ်ထဲမှာ စာရင်းမပြဘူး။
-
3:23 - 3:27အထူးသဖြင့် ကလေးတွေမှာ COVID-19
နဲ့ပတ်သက်ပြီး သိရှိဖို့က အလွန်လွယ်ကူပါတယ်။ -
3:27 - 3:29ဒါက ကျွန်မတို့အားလုံး
ကျေးဇူးတင်သင့်တဲ့ အရာပါ။ -
3:32 - 3:34ကိုရိုနာဗိုင်းရပ်တွေဟာ တိရစ္ဆာန်မှ
ကူးတဲ့ရောဂါပါ။ -
3:34 - 3:37ဆိုလိုတာက တိရစ္ဆာန်တွေကနေ
လူတွေကို ကူးစက်တာပါ။ -
3:37 - 3:42တချို့ ကိုရိုနာဗိုင်းရပ်စ်တွေဟာ COVID-19
လိုပဲ လူအချင်းချင်းကိုပါ ကူးစက်တယ်။ -
3:43 - 3:46လူအချင်းချင်း ကူးစက်တာတွေက
ပိုမြန်မြန်၊ ပိုဝေးဝေးရောက်ရှိတယ်၊ -
3:46 - 3:48COVID-19 လိုပါပဲ။
-
3:48 - 3:51တိရစ္ဆာန်မှ ကူးစက်တဲ့ရောဂါတွေကို
ရှင်းပစ်ဖို့ ခက်ခဲတဲ့အကြောင်းက -
3:51 - 3:54၎င်းတို့မှာ တိရစ္ဆာန်
သိုမှီးရာတစ်ခုရှိလို့ပါ။ -
3:54 - 3:57ဥပမာတစ်ခုက ကြက်ငှက်တုပ်ကွေးရောဂါပါ။
-
3:57 - 4:02ကြက်ဆင်တွေ၊ ဘဲတွေ မွေမြူရေးတိရစ္ဆာန်တွေ
မှာရှိတဲ့ ဒီရောဂါကို ရှင်းလင်းလို့ရပေမဲ့ -
4:02 - 4:07နှစ်စဉ် ပြန်ပြန်လာနေတာက ကျွန်မတို့ဆီကို
ငှက်ရိုင်းတွေက ယူဆောင်လာတာကြောင့်ပါ။ -
4:07 - 4:08ဒီအကြောင်း သိပ်မကြားဖူးကြတာက
-
4:08 - 4:11ကြက်ငှက်တုပ်ကွေးဟာ လူအချင်းချင်း
မကူးစက်ပေမဲ့ -
4:11 - 4:15ကမ္ဘာတစ်လွှားက ကြက်ဘဲမွေးမြူရေးခြံတွေမှာ
နှစ်စဉ်ဖြစ်ပွားတာတွေတော့ ရှိလို့ပါ။ -
4:17 - 4:21COVID-19 က တိရစ္ဆာန်တွေဆီကနေ တရုတ်နိုင်ငံ၊
ဝူဟန်က တောရိုင်းတိရစ္ဆာန် စျေးက -
4:21 - 4:23လူတွေဆီကို ခုန်ကူးသွားတာက
ဖြစ်နိုင်ခြေအရှိဆုံးပါ။ -
4:25 - 4:27အခုတော့ ပိုနည်းတဲ့ အခြေခံ အပိုင်းတွေပါ။
-
4:28 - 4:32ဒါက ကျွန်မတို့ မြင်ကြရဦးမယ့် နောက်ဆုံး
ဖြစ်ပွားမှုကြီးတော့ မဟုတ်ဘူး။ -
4:32 - 4:36ဖြစ်ပွားမှုတွေ ထပ်ရှိနေမှာဖြစ်ပြီး
ပိုများတဲ့ ကူးစက်ရောဂါတွေ ရှိနေဦးမှာပါ။ -
4:36 - 4:39ဒါက ဖြစ်နိုင်ခြေတစ်ခုမဟုတ်ဘူး၊
ပြဌာန်းချက်တစ်ခုပါ။ -
4:40 - 4:43ဒါက လူသားတွေအဖြစ်နဲ့ ကျွန်မတို့ဂြိုဟ်နဲ့
တုံပြန်ဆက်သွယ်ပုံရဲ့ -
4:43 - 4:45အကျိုးဆက်တစ်ခုပါ။
-
4:45 - 4:48လူသားရွေးချယ်မှုတွေဟာ ပိုများတဲ့
ရောဂါဖြစ်ပွားမှုတွေကို -
4:48 - 4:51မြင်တွေ့ရတော့မယ့်
နေရာဆီ ကျွန်မတို့ကို မောင်းပို့နေတယ်။ -
4:52 - 4:53တစ်ပိုင်းက ဥတု ပြောင်းလဲမှုနဲ့
-
4:53 - 4:56ကမ္ဘာကို ဗိုင်းရပ်၊ ဘက်တီးရီးယားတွေ
ပိုနေပျော်စေတဲ့ နွေးလာတဲ့ -
4:56 - 4:58ရာသီဥတုတစ်ခု ဖြစ်ပုံနဲ့ဆိုင်တယ်။
-
4:58 - 5:04ဒါပေမဲ့ ဂြိုဟ်ပေါ်ကို နောက်ဆုံး မျိုးစိတ်
ရိုင်းတွေကို တွန်းပို့နေပုံနဲ့ပါ ဆိုင်တယ်။ -
5:05 - 5:08မွေးမြူရေးလုပ်ငန်းအတွက် စျေးပေါတဲ့
မြေကွက်ရနိုင်ဖို့ -
5:08 - 5:10အမေဇုံ မိုးသစ်တောကို မီးရှို့၊
ထွန်ယက်တဲ့အခါ၊ -
5:10 - 5:14နောက်ဆုံးသော အာဖရိကန် ချုံပုတ်ကို
လယ်ယာမြေတွေအဖြစ် ပြောင်းလိုက်တဲ့အခါ -
5:14 - 5:19တရုတ်ပြည်က တောရိုင်း တိရစ္ဆာန်တွေဟာ
မျိုးသုဉ်းတဲ့အထိ အမဲလိုက်ခံရတဲ့အခါ -
5:19 - 5:22လူသားတွေဟာ အရင်က လုံးဝ ထိတွေ့မှု
မရှိဖူးတဲ့ တောရိုင်း အုပ်စုတွေနဲ့ -
5:22 - 5:25ထိတွေ့မှု ရှိလာခံ့ပြီး ဒီအုပ်စုတွေမှာ
-
5:25 - 5:28ရောဂါ အမျိုးအစား အသစ်တွေပါလာတယ်။
-
5:28 - 5:32ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊
ကျွန်မတို့ အသင့်မဖြစ်သေးတာတွေပေါ့။ -
5:33 - 5:34အထူးသဖြင့် လင်းနို့တွေမှာ
-
5:34 - 5:37လူသားတွေကို ကူးစက်နိုင်တဲ့
ရောဂါတွေကို လက်ခံတဲ့ ဉာဉ်တစ်ခုရှိတယ်။ -
5:37 - 5:40ဒါပေမဲ့ ဒါလုပ်တဲ့ တိရစ္ဆာန်တွေက
သူတိုပဲမဟုတ်ပါ။ -
5:41 - 5:45ဒီတော့ ဝေးလံခေါင်ပါးတဲ့ နေရာရာတွေကို
ဝေးလံမှု ပိုနည်းအောင် လုပ်နေသရွေ့တော့ -
5:45 - 5:47ရောဂါဖြစ်ပွားမှုတွေဟာ ဆက်လာနေဦးမှာပါ။
-
5:49 - 5:54စောင့်ကြည့်စစ်ဆေးတာ၊ ခရီးသွားကန့်သတ်တာ
တွေနဲ ရောဂါဖြစ်ပွားမှုကို မတားဆီးနိုင်ဘူး။ -
5:54 - 5:56ဒါက လူတိုင်းရဲ့ ပထမဆုံး စေ့ဆော်မှုပါ။
-
5:56 - 6:00လူတွေ ရွှေ့ပြောင်းတာ တားဆီးကြစို့။
ရောဂါဖြစ်ပွားတာကို တားဆီးကြစို့။ -
6:00 - 6:05ဒါပေမဲ့ ကောင်းမွန်တဲ့ စောင့်ကြည့်စစ်ဆေးမှု
နေရာကျဖို့က တကယ် ခက်တဲ့အချက်ပါ။ -
6:05 - 6:08ခရီးသွား ကန့်သတ်ချက်တွေ ချမှတ်ဖို့က
တကယ်ခက်ခဲပါတယ်။ -
6:08 - 6:12အမေရိကား၊ တောင်ကိုရီးယားလို ပြည်သူ့
ကျန်းမာရေးမှာ အရေးတယူ မြှုပ်နှံမှုတွေ -
6:12 - 6:14လုပ်ထားတဲ့ တိုင်းပြည်တွေမှာတောင်
-
6:14 - 6:16ရောဂါဖြစ်မှု အမှန်တကယ် တားဆီးဖို့
ဒီကန့်သတ်ချက်မျိုးကို -
6:16 - 6:19အတန်အသင့် မြန်မြန်
နေရာကျအောင် မလုပ်နိုင်ဘူး။ -
6:19 - 6:23ဒါအတွက် ဆီလျော်တဲ့ အကြောင်းရင်းတွေနဲ့
ဆေးဘက်ဆိုင်ရာ အကြောင်းရင်းတွေရှိတယ်။ -
6:23 - 6:26COVID-19 ကို ကြည့်မယ်ဆိုရင်
-
6:26 - 6:30လောလောဆယ် ရောဂါစွဲကပ်ပြီး လက္ခဏာတွေ
မပြတဲ့ကာလတစ်ခု ရှိနိုင်တယ်လို့ ထင်ရတာပါ။ -
6:30 - 6:32ဒါက ၂၄ ရက်လောက်ထိ ကြာနိုင်ပါတယ်။
-
6:32 - 6:36ဒီတော့ လက္ခဏာတွေ မပြတဲ့ လူတွေဟာ
ဒီဗိုင်းရပ်စ်နဲ့ လှည့်လည်သွားနေတယ်၊ -
6:36 - 6:40သူတို့ဟာ စောင့်ကြည့် မခံရတော့ဘူး။
စောင့်ကြည့်ဖို့လိုတာ ဘယ်သူမှ မသိဘူး။ -
6:43 - 6:47စောင့်ကြည့်စစ်ဆေးဖို့နဲ့ ခရီး ကန့်သတ်ချက်
တွေအတွက် တကယ့် ကုန်ကျစရိတ်တွေရှိတယ်။ -
6:48 - 6:50လူသားတွေဟာ လူမှုရေးသတ္တဝါတွေဖြစ်ပြီး
-
6:50 - 6:53နေရာထဲမှာ သူတို့ကို ထိန်းဖို့ ကြိုးစားတဲ့
အခါနဲ့ သူတို့ကို -
6:53 - 6:54ခွဲဖို့ ကြိုးစားရင် ဆန့်ကျင်ကြတယ်။
-
6:55 - 7:01အီဘိုလာ ဖြစ်ပွားမှုမှာ မြင်ခဲ့တာက နေရာမှာ
စောင့်ကြည့်၊စစ်ဆေးဖို့ လုပ်ပ်တာနဲ့ လူတွေဟာ -
7:01 - 7:03ဒါကို ရှောင်ရှားဖို့ စကြိုးစားတော့တာပဲ။
-
7:03 - 7:07တစ်ဦးချင်း လူနာတွေဟာ တင်းကျပ်တဲ့ စောင့်
ကြည့်၊ စစ်ဆေးတဲ့ ကျင့်ဝတ်ရှိတာ သိတဲ့အခါ -
7:07 - 7:09ကျန်းမားရေး စောင့်ရှောက်မှုဆီ
မသွားလောက်ဘူး။ -
7:09 - 7:13အကြောင်းက ဒီဆေးဘက်ဆိုင်ရာစနစ်ကို
ကြောက်လို့ (သို့) စရိတ် မတတ်နိုင်လို့၊ -
7:13 - 7:16ပြီးတော့ သူတို့ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့
အခွဲမခံချင်လို့ပါ။ -
7:16 - 7:18နိုင်ငံရေးသမားတွေ၊ အစိုးရ အရာရှိတွေကတော့
-
7:18 - 7:21စောင့်ကြည့်ခံရတော့မယ်လို့
သိတဲ့အခါ ဖြစ်ပွားမှုတွေ၊ -
7:21 - 7:22ရောဂါတွေအကြောင်း
ပြောတယ်ဆိုရင် -
7:22 - 7:27စောင့်ကြည့်ခံမှု ကျင့်ဝတ်ကို အစပျိုးမှာ
ကြောက်လို့ သတင်းမှန်ကို ဖုံးနိုင်တယ်။ -
7:28 - 7:31တကယ်တမ်းကျတော့ ဒီရှောင်ရှားမှုတွေနဲ့
မရိုသားမှုမျိုးတွေဟာ -
7:31 - 7:35ရောဂါဖြစ်ပွားမှုကို ခြေရာခံဖို့ တကယ့်ကို
ခက်ခဲအောင်လုပ်တာဆိုတာ အတိအကျပါ။ -
7:37 - 7:41စောင့်ကြည့်မှုနဲ့ ခရီး ကန့်သတ်ချက်တွေမှာ
ပိုတော်နိုင်ပြီးကျွန်မတို့ ပိုတော်သင့်တယ်။ -
7:41 - 7:44ဒါပေမဲ့ ရွေးစရာက ဒါတွေပဲမဟုတ်ပါ
ဒါတွေက အခြေအနေတွေကိုကိုင်တွယ်ရာမှာ -
7:44 - 7:46အကောင်းဆုံး ရွေးချယ်မှုတော့ မဟုတ်ဘူး။
-
7:47 - 7:52ဖြစ်ပွားမှုတွေကို စိုးရိမ်မှုနည်းအောင်လုပ်
ဖို့ ရေရှည်လုပ်ရမယ့် နည်းလမ်းအစစ်က -
7:52 - 7:55နိင်ငံအားလုံးဟာ ဆင်းရဲတဲ့နိုင်ငံတွေတောင်
-
7:55 - 8:00ကူးစက်ရောဂါ အသစ်တွေ စပေါ်လာတဲ့
အလျင်အမြန် ရှာဖွေ၊ ကုသနိုင်အောင် -
8:00 - 8:02ကမ္ဘာ့နိုင်ငံတိုင်းက အဓိက ကျန်းမာရေး
-
8:02 - 8:07စောင့်ရှောက်မှု လုပ်ငန်းတွေကို ပံ့ပိုးဖို့
ကမ္ဘာ့ ကျန်းမာရေးစနစ်တည်ဆောက်ဖို့ပါ။ -
8:08 - 8:13COVID-19 ကို တုံပြန်တာအတွက်
တရုတ်ပြည်ဟာ များစွာ ဝေဖန်ခံခဲ့ရတယ်။ -
8:13 - 8:17ဒါပေမဲ့ တကယ့်အချက်က COVID-19 ဟာ
Chad မှာ ပေါ်ခဲ့ရင်ရော။ -
8:18 - 8:21အဲဒီမှာက လူ ၁၀၀၀၀၀ အတွက်
ဆရာဝန် ၃.၅ ယောက်ပဲရှိတာလေ။ -
8:22 - 8:25ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ
ပေါ်ခဲ့တယ်ဆိုရင်ရော။ -
8:25 - 8:29ဒီနိုင်ငံရဲ့ နောက်ဆုံး အီဘိုလာ လူနာက
ကုသမှုကနေ လွတ်မြောက်ကာစပဲရှိသေးတာလေ။ -
8:29 - 8:32အမှန်က ဒီလိုနိုင်ငံတွေမှာ
ကူးစက်ရောဂါ တစ်ခုကို တုံ့ပြန်ဖို့၊ -
8:32 - 8:34လူတွေကို ကုသဖို့၊
ကျန်တဲ့ ကမ္ဘာကို ကူညီဖို့ -
8:34 - 8:37ဒီအကြောင်းကိုအတော်အသင့် မြန်မြန်
သတင်းပို့ဖို့ -
8:37 - 8:39ရင်းမြစ်တွေ မရှိဘူး။
-
8:41 - 8:46ကျွန်မက Sierra Leone က အီဘိုလာ ကုသရေး
ဗဟိုဌာနတွေရဲ့ အကဲဖြတ်မှုကို ဦးဆောင်ခဲ့တယ်။ -
8:46 - 8:49တကယ့်အချက်က Sierra Leone က
ဒေသတွင်း ဆရာဝန်တွေဟာ -
8:49 - 8:52အီဘိုလာ ကပ်ဆိုက်မှုကို အမြန် ရှာတွေ့တယ်။
-
8:52 - 8:55ပထမ အန္တရာယ်ရှိတဲ့၊ ကူးစက်တတ်တဲ့၊
သွေးလွန်တတ်တဲ့ ဗိုင်းရပ်စ်၊ -
8:55 - 8:57နောက်တော့ အီဘိုလာအဖြစ်နဲ့ပါ။
-
8:57 - 9:02ဒါပေမဲ့ တွေ့ရှိပြီးဖြစ်ပေမဲ့ သူတို့မှာ
တုံ့ပြန်ဖို့ ရင်းမြစ်တွေ မရှိခဲ့ဘူး။ -
9:02 - 9:05ဆရာဝန်တွေ၊ ဆေးရုံခုတင်တွေ
အလုံအလောက် မရှိခဲ့ဘူး။ -
9:05 - 9:08အီဘိုလာ ကုသပုံနဲ့ ကူးစက်မှု
ထိန်းချုပ်တာ အကောင်အထည်ဖော်ဖို့ -
9:08 - 9:10လုံလောက်တဲ့ သတင်းအချက်အလက် မရှိခဲ့ဘူး။
-
9:11 - 9:16Sierra Leone မှာ အီဘိုလာနဲ့
ဆရာဝန် ၁၁ ယောက် သေဆုံးခဲ့တယ်။ -
9:16 - 9:19ကပ်ဆိုက်မှု စစဉ်က တိုင်းပြည်မှာ
အယောက် ၁၂၀ ပဲရှိတာပါ။ -
9:20 - 9:21ဆန့်ကျင်ဘက်အနေနဲ့
-
9:21 - 9:25Dallas Baylor Medical Center မှာ
သမားတော် ၁၀၀၀ ကျော် ခန့်ထားပါတယ်။ -
9:27 - 9:29ဒါတွေက လူတွေကို သေစေတဲ့
မညီမျှမှုမျိုးတွေပါ။ -
9:29 - 9:32ပထမ ရောဂါဖြစ်ပွားမှုတွေ စတဲ့အခါ
ဆင်းရဲသားတွေကို သေစေပြီး -
9:32 - 9:35နောက်တော့ ရောဂါပျံ့သွားတဲ့အခါ
-
9:35 - 9:36ကမ္ဘာတစ်လွှားက လူတွေကို သေစေတယ်။
-
9:37 - 9:39ဖြစ်ပွားမှုတွေ နှေးစေပြီး
ဒါတွေရဲ့သက်ရောက်မှုကို -
9:39 - 9:41အနည်းဆုံးဖြစ်အောင် လုပ်ချင်ရင်
-
9:41 - 9:44ကမ္ဘာ့နိုင်ငံတိုင်းမှာ
ရောဂါသစ်တွေ ရှာဖွေ၊ ကုသပြီး -
9:44 - 9:47သတင်းအချက်အလက် မျှဝေနိုင်အောင်
-
9:47 - 9:48ဒါတွေအကြောင်း
-
9:48 - 9:51သတင်းပို့ နိုင်စွမ်းရှိတာ
သေချာစေဖို့လိုတယ်။ -
9:52 - 9:56COVID-19 ဟာ ကျန်မာရေး စနစ်မှာ
ဧရာမ ဝန်ထုပ်တစ်ခု ဖြစ်တော့မှာပါ။ -
9:57 - 10:00COVID-19 က ကျွန်မတို့ ကမ္ဘာ ကျန်းမာရေး
ထောက်ပံ့မှု ကွင်းဆက်တွေမှာရှိတဲ့ -
10:00 - 10:02တကယ့် အားနည်းချက်ကိုပါ
ထုတ်ဖော်ပြတယ်။ -
10:02 - 10:07အခြေအနေတွေ ကောင်းနေစဉ်မှာ LEAN
စနစ်တွေကို အချိန်မီ မှာတာက ကောင်းပေမဲ့ -
10:07 - 10:11အကျပ်အတည်းကာလမှာတော့ ဆိုလိုတာက
ကျွန်မတို့မှာ အရန်ထားတာတွေ မရှိတာပါ။ -
10:11 - 10:14ဆေးရုံတစ်ရုံ (သို့) နိုင်ငံတစ်နိုင်ငံဟာ
-
10:14 - 10:17နှာခေါင်းစည်းတွေ၊ (သို့) တစ်ကိုယ်ရေသုံး
ကာကွယ်ရေး ပစ္စည်း ပြတ်လပ်သွားရင် -
10:18 - 10:21ကျွန်မတို့ ထပ်ပြီးသွားယူနိုင်တဲ့
ဘူးတွေနဲ့ ပြည့်နေတဲ့ ကုန်လှောင်ရုံမရှိဘူး။ -
10:21 - 10:23ပေးသွင်းသူဆီကနေ ထပ်မှာ၊
ထုတ်ဖို့ စောင့်။ -
10:23 - 10:27ဒါကို ပို့ပေးဖို့ စောင့်ဖို့လိုတယ်။
ယေဘုယျကတော့ -
10:27 - 10:28တရုတ်ပြည်ကပါ။
-
10:28 - 10:33အလျင်အမြန် ရွေ့ဖို့က အရေးကြီးဆုံးဖြစ်
တဲ့အခါ တစ်ကြိမ်မှာ ကြားချိန်တစ်ခုရှိတယ်။ -
10:33 - 10:37COVID-19 အတွက် ပြည့်ပြည်စုံစုံ
ပြင်ဆင်ထားခဲ့တယ်ဆိုရင် -
10:37 - 10:41တရုတ်ဟာ ဖြစ်ပွားမှုကို
ပိုမြန်မြန် ရှာတွေခဲ့မှာပေါ့။ -
10:41 - 10:45အဆောက်အအုံသစ်တွ တည်ဆောက်စရာ
မလိုဘဲ ကူးစက်ခံရသူတွေအတွက် -
10:45 - 10:47စောင့်ရှောက်မှု
ပေးဖို့ အသင့်ဖြစ်ခဲ့မှာပေါ့။ -
10:47 - 10:50တရုတ်ပြည်က လူမှု မီဒီယာတွေပေါ်မှာ
ပျံ့နှံ့နေတဲ့ ပေါက်ကရ ကောလာဟလတွေကို -
10:50 - 10:53ကျွန်မတို့ မမြင်အောင် နိုင်ငံသားတွေနဲ့
-
10:53 - 10:55
ရိုးသားတဲ့ သတင်းကို မျှဝေပေးခဲ့မှာပေါ့။ -
10:55 - 10:58အမျိုးသား ကျန်းမာရေး စနစ်တွေဆီ
စတင် သတင်းပို့ပြီး -
10:58 - 11:01ဗိုင်းရပ်စ် ပျံ့တဲ့အခါ အသင့်
ဖြစ်နေဖို့ ကမ္ဘာ့ ကျန်းမာရေး -
11:01 - 11:03အာဏာပိုင်တွေနဲ့
သတင်းအချက်အလက် မျှဝေခဲ့မယ်။ -
11:04 - 11:07အမျိုးသား ကျန်းမာရေး စနစ်တွေဟာ
လိုအပ်တဲ့ ကာကွယ်ရေး -
11:07 - 11:09ပစ္စည်းတွေ သိုမှီး၊ ကုသမှု၊ ကူးစက်မှု
-
11:09 - 11:13ထိန်းချုပ်ရာမှာကျန်းမာရေး စောင့်ရှာက်မှု
ပေးသူတွေကိုလေ့ကျင့်ပေးခဲ့ကြမှာပေါ့။ -
11:13 - 11:17ဖြစ်တဲ့အခါ လုပ်ဖို့လိုတာအတွက် ကျွန်မ
တို့မှာ သိပ္ပံအခြေပြု ကျင့်ဝတ်တွေရှိတယ်။ -
11:17 - 11:19ဥပမာ ကူးစက်လူနာပါတဲ့
အပျော်စီးသင်္ဘောတွေ -
11:20 - 11:24နေရာတိုင်းက လူတွေဆီရောက်တဲ့
သတင်းအချက်အလက်မှန်ရှိမှာဆိုတော့ -
11:24 - 11:28သူစိမ်းကြောက်ရောဂါလို ကသိကအောက်၊
အရှက်ရစရာ အဖြစ်တွေရှိမှာ မဟုတ်ဘူး။ -
11:28 - 11:33ဥပမာ၊ အာရှပုံပေါက်တဲ့ လူတွေ Philadelphia
က လမ်းတွေပေါ်မှာ တိုက်ခိုက်ခံရတာမျိုး။ -
11:33 - 11:35ဒါပေမဲ့ ဒါအားလုံး နေရာကျတယ်ဆိုတာတောင်
-
11:35 - 11:38ရောဂါဖြစ်ပွားမှုတွေ ရှိနေဦးမှာပါ။
-
11:39 - 11:42ဒီဂြိုဟ်ကို ယူထားပုံနဲ့ဆိုင်တဲ့
လုပ်နေတဲ့ရွေးချယ်မှုတွေက -
11:42 - 11:43မရှောင်နိုင်အောင် ဖြစ်စေတာ။
-
11:44 - 11:48COVID-19 မှာ ကျွမ်းကျင်တဲ့
အများသဘောတစ်ခုရှိသမျှက ဒါပါပဲ။ -
11:49 - 11:51ဒီ အမေရိကနဲ့ တစ်ကမ္ဘာလုံးပါ၊
-
11:51 - 11:54ပိုကောင်းမလာခင်တော့ ပိုဆိုးလာတော့မှာပါ။
-
11:54 - 11:59ခရီးကနေ ပြန်လာတာမဟုတ်တဲ့
လူလူချင်းကူးစက်မှုရဲ့ ရောဂါတွေ တွေ့နေတယ်။ -
11:59 - 12:01ဒါတွေက လူစုထဲမှာ စဖြစ်နေတာပါ။
-
12:01 - 12:03ကူးစက်မှုက ဘယ်ကနေ လာတာကိုတောင် မသိခင်
-
12:03 - 12:07COVID-19 ကူးစက်ခံရတဲ့သူတွေ တွေ့နေပါတယ်။
-
12:07 - 12:09ပိုဆိုးလာနေတဲ့ ရောဂါဖြစ်ပွားမှုတစ်ခုရဲ့
လက္ခဏာတွေ ရှိတယ်။ -
12:09 - 12:12ထိန်းချုပ်မှုအောက်မှရှိတဲ့
ဖြစ်ပွားမှုမဟုတ်ဘူး။ -
12:14 - 12:17ဒါက စိတ်ပျက်စရာဆိုပေမဲ့
အံ့ဩစရာတော့ မဟုတ်ဘူး။ -
12:18 - 12:19ကမ္ဘာ့ ကျန်မာရေးပါဂူတွေ
-
12:19 - 12:22ေဗိုင်းရပ်သစ်ရဲ့
စိတ်မှန်းဖြစ်နိုင်ခြေတွေကို ပြောတဲ့အခါ -
12:22 - 12:25ဒါက ကျွန်မတို့ ကြည့်တဲ့
စိတ်မှန်းဖြစ်နိုင်ခြေတစ်ခုပါ။ -
12:25 - 12:28ကျွန်မတို့ အလွယ် လွတ်သွားဖို့
အားလုံး မျှော်လင့်တယ်။ -
12:28 - 12:31ဒါပေမဲ့ ပညာရှင်တွေ ဗိုင်းရပ်စပ်ပိုင်း
အစီအစဉ်ကို ပြောကြတဲ့အခါ -
12:31 - 12:35ဒီလို အခြေအနေတစ်ခုဖြစ်ပြီး ဗိုင်းရပ်စ်
ရွေ့သွားဖို့ သူတို့ မျှော်လင့်ကြပုံပါ။ -
12:37 - 12:40ကိုယ်ပိုင် အကြံပေးချက်နဲ့
ဒီမှာ နိဂုံးချုပ်ချင်ပါတယ်။ -
12:41 - 12:42သင့်လက်တွေကို ဆေးပါ။
-
12:42 - 12:45လက်တွေ များများဆေးပါ။
-
12:45 - 12:48သင်တို့ဟာ ရွံစရာမဟုတ်တာကြောင့်
လက်များများ ဆေးတယ်ဆိုတာ သိပြီးသားပါ။ -
12:48 - 12:50ဒါပေမဲ့ လက်တွေကို ပိုပြီးတောင်
ဆေးလိုက်ပါဦး။ -
12:50 - 12:54လက်တွေ ဆေးဖြစ်စေဖို့ သင့်ဘဝထဲမှာ
အချက်ပြမှုတွေ၊ အကျင့်တွေ သတ်မှတ်ပါ။ -
12:54 - 12:57အဆောက်အဦတစ်ခုကို ဝင်တိုင်း၊
ထွက်တိုင်း လက်တွေကို ဆေးပါ။ -
12:57 - 13:01အစည်းအဝေးတစ်ခု ဝင်တဲ့၊ ထွက်တဲ့အခါ
လက်တွေကို ဆေးပါ။ -
13:01 - 13:03လက်ဆေးခြင်းတစ်ခွင်မှာ အခြေခံတဲ့
အကျင့်ဖြစ်ပါစေ။ -
13:04 - 13:06သင့်ဖုန်းကို သန့်ရှင်းရေးလုပ်ပါ။
-
13:06 - 13:10သင်ဟာ သင့်ရဲ့ ညစ်ပတ်ပြီး ဆေးကြောမထားတဲ့
လက်တွနဲ့ တစ်ချိန်လုံး ထိတွေနေတာပါ။ -
13:10 - 13:12ဒါကို သန့်စင်ခန်းထဲကို
ယူသွားတာ သိတယ်နော်။ -
13:12 - 13:14(ရယ်သံများ)
-
13:15 - 13:20ဒီတော့ ဖုန်း သန့်ရှင်းရေးလုပ်ပါ။လူကြားမှာ
မကြာခဏ မသုံးမိဖို့ ထည့်သွင်းစဉ်းစားပါ။ -
13:20 - 13:23TikTok နဲ့ Instagram က အိမ်မှာပဲ
လုပ်တာတွေ ဖြစ်လောက်တယ်မို့လား။ -
13:25 - 13:26သင့်မျက်နှာကို မထိပါနဲ့။
-
13:27 - 13:29မျက်လုံးတွေကို မပွတ်ပါနဲ့။
-
13:29 - 13:30လက်သည်းတွေ မကိုက်ပါနဲ့။
-
13:30 - 13:32နှာခေါင်းကို လက်ဖမိုးနဲ့ မသုတ်ပါနဲ့။
-
13:32 - 13:34ဆိုလိုတာက လုံးဝ မလုပ်ပါနဲ့။
ရုပ်ပေါက်တယ်လေ။ -
13:34 - 13:36(ရယ်သံများ)
-
13:36 - 13:38နှာခေါင်းစည်း မဝတ်ပါနဲ့။
-
13:38 - 13:41နှာခေါင်းစည်း တွေဟာ ဖျားနာသူတွေနဲ့
ကျန်းမာရေး စောင့်ရှောက်သူတွေအတွက်ပါ -
13:41 - 13:45သင် နေမကောင်းရင် နှာခေါင်းစည်းက
ချောင်းဆိုးတာ၊ နှာချေတာကို ထိန်းပေးပြီး -
13:45 - 13:48သင့်ဝန်းကျင်က လူတွေကို ကာကွယ်ပေးတယ်။
-
13:48 - 13:49သင်ဟာ ကျန်းမာရေး စောင့်ရှောက်သူဆိုရင်
-
13:49 - 13:52နှာခေါင်းစည်းးက တစ်ကိုယ်ရေ
ကာကွယ်မှုပစ္စည်းလို့ခေါ်တဲ့ -
13:52 - 13:54ကိရိယာအစုထဲက
ကိရိယာတစ်ခုပါ။ -
13:54 - 13:57လူနာကို စောင့်ရှောက်ပြီး
သင့်ကိုယ်သင် ကာကွယ်နိုင်အောင် -
13:57 - 13:58သုံးဖို့ သင့်ကို သင်ကြားပေးထာတာပါ
-
13:58 - 14:01သင်ဟာ ပုံမှန် ကျန်းမာသူတစ်ဦးဆိုရင်
နှာခေါင်းစည်း ဝတ်တာက -
14:01 - 14:04မျက်နှာကို ချွေးထွက်အောင်
လုပ်နေတာ သက်သက်ပဲ။ -
14:04 - 14:05(ရယ်သံများ)
-
14:05 - 14:07ဆရာဝန်တွေ၊ သူနာပြုတွေနဲ့
-
14:07 - 14:10ဖျားနာသူတွေအတွက် စတိုးဆိုင်တွေမှာ
နှာခေါင်းစည်းတွေထားခဲ့ပါ -
14:11 - 14:14သင့်မှာ COVID-19 ရောဂါ
လက္ခဏာတွေ ရှိတယ်ထင်ရင် -
14:14 - 14:16အိမ်မှာနေပါ၊ အကြံဉာဏ်အတွက်
ဆရာဝန်ခေါ်ပါ။ -
14:17 - 14:23သင့်မှာ COVID-19 တွေ့ရှိတယ်ဆိုရင်ယေဘုယျ
အနေနဲ့ ဒါဟာ သိပ်မပြင်းထန်ဘူးဆိုတာ သတိရပါ။ -
14:23 - 14:24သင်ဟာ ဆေးလိပ်သောက်သူဆိုရင်
-
14:24 - 14:27အခုက ဆေးလိပ်ဖြတ်ဖို့
အကောင်းဆုံး ဖြစ်နိုင်ခြေရှိတဲ့ အချိန်ပါ။ -
14:28 - 14:29ဆိုလိုတာက ဆေးလိပ်သောက်သူဆို
-
14:29 - 14:32အခုက ဆေးလိပ်ဖြတ်ဖို့ အကောင်းဆုံး
ဖြစ်နိုင်ရှိတဲ့ အချိန်ဆိုတာက အမြဲပါ။ -
14:32 - 14:35ဒါပေမဲ့ သင်ဟာ ဆေးလိပ်သောက်ပြီး
COVID-19 ကို ပူပန်နေတယ်ဆိုရင် -
14:35 - 14:39ဖြတ်ပစ်ခြင်းက COVID-19 ရဲ့ အဆိုးဆုံး
သက်ရောက်မှုတွေကနေ မိမိကိုယ်ကို ကာကွယ်ဖို့ -
14:39 - 14:43သင်လုပ်နိုင်တဲ့ အကောင်းဆုံးဟာ
အသေအချာပါလို့ ကျွန်မ အာမခံတယ်။ -
14:45 - 14:47ကျွန်မတို့ သတင်းအတော်များများဟာ
-
14:47 - 14:52ထိတ်လန့်စရာ လိုမျိုးဖြစ်တဲ့အခါ
COVID-19 ဟာ ထိတ်လန့်စရာပါ။ -
14:52 - 14:57ဒါကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အတော်
ဆိုးပေမဲ့ နှစ်သက်ဖွယ် ရွေးစရာတွေရှိတယ်။ -
14:57 - 15:02ထိတ်လန့်မှု၊သူစိမ်းကြောက်မှု၊ ဟင်းလင်းပြင်
ကြောက်လန့်မှု၊ အာဏာရှင်ဆန်မှု၊ -
15:02 - 15:07အမုန်း၊ဒေါသ၊ အထီးကျန်မှုက ရောဂါဖြစ်မှုတွေ
အတွက်အဖြေလို့ ကျွန်မတို့ကို တွေးမိစေတဲ့ -
15:07 - 15:09ပေါ့ပြက်ပြက်လုပ်ထားတဲ့ လိမ်ညာမှုတွေပါ။
-
15:09 - 15:11ဒါပေမဲ့ ဒါတွေ မဟုတ်ပါဘူး၊
-
15:11 - 15:13ဒါတွေက
ကျွန်မတို့ကို ပြင်ဆင်မှု ပိုနည်းစေတယ်။ -
15:13 - 15:18ငြီးငွေ့စရာကောင်းပေမဲ့
အသုံးကျတဲ့ ဖြစ်ပွားမှုကို တုံ့ပြန်ရာမှာ -
15:18 - 15:20အသုံးပြုနိုင်တဲ့ ရွေးချယ်စရာ တစ်စုံရှိတယ်။
-
15:20 - 15:24ဒီမှာနဲ့နေရာတိုင်းမှာ ကျန်းမာရေး
စောင့်ရှောက်မှု တိုးတက်အောင်လုပ်တာတွေ -
15:24 - 15:27ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံနဲ့
ရောဂါသစ်လာချိန်ကို သိနိုင်ဖို့ -
15:27 - 15:29ရောဂါစောင့်ကြပ်ရေးမှာ
ရင်းနှီးမြှုပ်နှံတာပါ၊ -
15:29 - 15:32ကမ္ဘာတစ်လွှားမှာ
ကျန်းမာရေး စနစ်တွေ တည်ဆောက်ခြင်းပါ။ -
15:32 - 15:37အရေးပေါ်အခြေအနေတွေအတွက် အသင့်ဖြစ်ဖို့
ထောက်ပံ့ရေးအစဉ်တွေ အားဖြည့်တာကိုကြည့်တာပါ -
15:37 - 15:39ပြီးတော့ ရောဂါ ဖြစ်ပွားမှုတွေနဲ့
-
15:39 - 15:44မျက်ကန်း ထိတ်လန့်မှုမပါတဲ့
စွန့်စားမှု သင်္ချာအကြောင်း -
15:44 - 15:46ပြောနိုင်စွမ်းရှိတဲ့ ပိုကောင်းတဲ့ပညာရေးပါ။
-
15:47 - 15:49လူမှုစာနာမှုကနေ လမ်းပြဖို့ လိုအပ်ပါတယ်၊
-
15:49 - 15:51အကြောင်းကတော့ ဒီအခြေအနေမှာ
အခြားများစွာလိုပဲ -
15:51 - 15:55စာနာမှုဟာ တကယ်ပဲ ကျွန်မတို့ရဲ့
ကိုယ်ကျိုးကြည့်မှုထဲမှာ ရှိနေလို့ပါ။ -
15:56 - 15:58ဒီတော့ ဒီနေ့ နားထောင်
ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ -
15:58 - 16:00ပြီးတော့ "ရုံထဲက ထွက်တဲ့အခါ လက်တွေ
-
16:00 - 16:03ဆေးကြပါ" လို့ ပထမဆုံးပြောသူ
ဖြစ်ခွင့်ရလို့ပါ။ -
16:03 - 16:05(လက်ခုပ်သံများ)
- Title:
- ဘာကြောင့် COVID-19 က ကျွန်ုပ်တို့ကို အခု တိုက်ခိုက်နေတာလဲနှင့် နောင်လာမယ့် ရောဂါဖြစ်ပွားမှုအတွက် ဘယ်လို ပြင်ဆင်သင့်ပုံ။
- Speaker:
- Alanna Shaikh
- Description:
-
ကိုရိုနာဗိုင်းရပ် အသစ်က ဘယ်ကနေ စတင်ပေါ်ပေါက်လာတာလဲ။ ဘယ်လိုဖြစ်ပြီး ဒီလောက်မြန်မြန် ပျံ့နံ့သွားတာလဲ။ နောက်လာမှာက ဘာလဲ။ ဒီရောဂါ ဖြစ်ပွားမှုမှ သိမြင်လာရတဲ့ အတွင်းသဘောတွေကို မျှဝေရင်း ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ကျွမ်းကျင်သူ၊ TED ဝိုင်းတော်သား Alanna Shaikh ကနေပြီး COVID-19 ပျံ့ပွားမှုကို ခြေရာခံကာ ခရီးသွား ကန့်သတ်ချက်တွေဟာ ဘာကြောင့် ထိရောက်မှု မရှိဘူးဆိုတာကို ဆွေးနွေးထားပြီး နောက်လာမယ့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအတွက် ပြင်ဆင်ဖို့ ကမ္ဘာအနှံ့ လိုအပ်နေတဲ့ ဆေးဘက်ဆိုင်ရာ ပြောင်းလဲမှုတွေကို မီးမောင်းထိုးပြထားပါတယ်။ "ကမ္ဘာထဲမှာရှိတဲ့ နိုင်ငံတိုင်းဟာ ရောဂါသစ်တွေကို ရှာဖွေ၊ ကုသနိုင်စွမ်းရှိတယ်ဆိုတာ သေချာအောင် လုပ်ဖို့လိုတယ်လို့ သူက ဆိုပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 16:19
sann tint edited Burmese subtitles for Why COVID-19 is hitting us now -- and how to prepare for the next outbreak | ||
sann tint approved Burmese subtitles for Why COVID-19 is hitting us now -- and how to prepare for the next outbreak | ||
Myo Aung accepted Burmese subtitles for Why COVID-19 is hitting us now -- and how to prepare for the next outbreak | ||
Myo Aung edited Burmese subtitles for Why COVID-19 is hitting us now -- and how to prepare for the next outbreak | ||
sann tint edited Burmese subtitles for Why COVID-19 is hitting us now -- and how to prepare for the next outbreak | ||
sann tint edited Burmese subtitles for Why COVID-19 is hitting us now -- and how to prepare for the next outbreak | ||
sann tint edited Burmese subtitles for Why COVID-19 is hitting us now -- and how to prepare for the next outbreak | ||
sann tint edited Burmese subtitles for Why COVID-19 is hitting us now -- and how to prepare for the next outbreak |