Return to Video

သင့်ရဲ့အသက်နဲ့ အောင်မြင်နိုင်ခြေတို့ တကယ့် ဆက်နွယ်နေကြပုံ

  • 0:00 - 0:03
    ဒီနေ့က ကျွန်တော့်အတွက် တကယ့်ကို
    ထူးခြားတဲ့နေ့ပါ။
  • 0:03 - 0:05
    ဘာလို့ဆို ဒီနေ့က ကျွန်တော့်မွေးနေ့မို့ပါ။
  • 0:05 - 0:09
    (လက်ခုပ်သံများ)
  • 0:09 - 0:12
    ပြီးတော့ ကျွန်တော့်ပါတီပွဲကို တက်ရောက်ပေး
    ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
  • 0:12 - 0:13
    (ရယ်သံများ)
  • 0:13 - 0:18
    ဒါပေမဲ့ ပါတီပွဲတစ်ခုကျင်းပတိုင်း အဖျက်
    အမှောင့်တစ်ယောက်တော့ ရှိစမြဲပဲမို့လား။
  • 0:18 - 0:19
    (ရယ်သံများ)
  • 0:19 - 0:21
    ကျွန်တော်က ရူပဗေဒပညာရှင်ပါ။
  • 0:21 - 0:25
    ဒီတစ်ခါ ကျွန်တော့ပွဲပါတီကို ဖျက်ဆီးဖို့
    တခြားရူပ‌ဗေဒပညာရှင် တစ်ယောက်ကို ခေါ်လာတယ်
  • 0:25 - 0:29
    သူ့နာမည်က အဲဘတ်အိုင်းစတိုင်းပါ
    အဲဘတ်လို့လည်းခေါ်တယ်။ သူ ပြောခဲ့တာက
  • 0:29 - 0:34
    လူတစ်ယောက်ဟာ သိပ္ပံပညာရပ်ပေါ်
    အသက် ၃၀ နေလို့မှ အကျိုးထူးမပြုသေးရင်
  • 0:34 - 0:36
    အဲဒီလူဟာ ဘယ်တော့မှ
  • 0:36 - 0:37
    အကျိုးပြုနိုင်မှာမဟုတ်ဘူးတဲ့။
  • 0:37 - 0:38
    (ရယ်သံများ)
  • 0:38 - 0:41
    အခု ခင်ဗျားတို့ ဝီကိပိဒိယကို
    ကြည့်စရာမလိုပါဘူး
  • 0:41 - 0:42
    ကျွန်တော်အသက် ၃၀ ကျော်ပါပြီ
  • 0:42 - 0:44
    (ရယ်သံများ)
  • 0:44 - 0:47
    သူ ကျွန်တော့်ကို ပြောတာက
  • 0:47 - 0:50
    သိပ္ပံပညာနဲ့ပတ်သက်လာရင်
  • 0:50 - 0:51
    ကျွန်တော်က အသုံးမကျသူတဲ့။
  • 0:52 - 0:58
    ကျွန်တော့်အလုပ်ထဲမှာတော့
    ကျွန်တော်ကံကောင်းတဲ့ထဲမှာပါခဲ့တယ်
  • 0:58 - 1:02
    အသက် ၂၈ နှစ်လောက်မှာ ကျွန်တော်
    ချိတ်ဆက်မှုတွေကို စိတ်ဝင်စားလာခဲ့တယ်
  • 1:02 - 1:06
    နောက်နှစ်အနည်းငယ်ကြာတော့
    ကျွန်တော်တို့ အဓိကကျတဲ့ စာတမ်းတွေဖြစ်တဲ့
  • 1:06 - 1:10
    scale-free networks ကို
    ရှာဖွေတွေ့ရှိခြင်းနဲ့
  • 1:10 - 1:15
    ဒီနေ့ network science လို့ခေါ်တဲ့
    စည်းမျဉ်းအသစ်ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်
  • 1:15 - 1:18
    တကယ်လို့ network science ကို
    စိတ်ဝင်စားတယ်ဆိုရင် ဘူဒါပတ်စ်တို့
  • 1:19 - 1:21
    ဘော်စတွန်တို့မှာ PhD ယူနိုင်ပါပြီ
  • 1:21 - 1:23
    ကမ္ဘာအနှံ့မှာလည်း လေ့လာလို့ရပါတယ်
  • 1:23 - 1:25
    နှစ်အနည်းငယ်ကြာပြီးတော့
  • 1:25 - 1:28
    ကျွန်တော် ဟားဗတ်ကို ပထမအကြိမ်
    ခွင့်နဲ့ပြောင်းခဲ့တုန်းက
  • 1:28 - 1:31
    ကျွန်တော် network နောက်တစ်မျိုးကို
    စိတ်ဝင်စားခဲ့ပါတယ်
  • 1:31 - 1:34
    အဲဒီတုန်းက ကျွန်တော့်တို့အတွင်းမှာရှိတဲ့
    network တွေအကြောင်းပါ
  • 1:35 - 1:38
    မျိုးရိုးဗီဇတွေ ပရိုတိန်းတွေ ဇီဝဖြစ်ပျက်
    မှုတွေအချင်းချင်း ဘယ်လိုချိတ်ဆက်ကြတယ်
  • 1:38 - 1:41
    ရောဂါတွေနဲ့ သူတို့နဲ့ ဘယ်လို
    ချိတ်ဆက်တယ်ဆိုတာပေါ့။
  • 1:41 - 1:46
    အဲဒီစိတ်ဝင်စားမှုကနေတစ်ဆင့် ခုဆေးပညာမှာ
    ပေါက်ကွဲမှုအကြီးကြီးဖြစ်စေခဲ့ပါတယ်
  • 1:46 - 1:50
    ဟားဗတ်မှာရှိတဲ့ ချိတ်ဆက်မှုဆေးပညာဌာန
    အပါအဝင်ပေါ့
  • 1:50 - 1:53
    အဲဒီမှာ သုသေတနပြုသူ ၃၀၀ ကျော်ဟာ
    ဒီရှုထောင့်ကို အသုံးပြုပြီး
  • 1:53 - 1:56
    လူနာတွေကို ကုသဖို့နဲ့ ကုသနည်းအသစ်တွေကို
    တီထွင်နေကြပါတယ်။
  • 1:57 - 1:59
    လွန်ခဲ့တဲ့နှစ်တွေတုန်းက
  • 1:59 - 2:02
    ဒီချိတ်ဆက်မှုသဘောတရားတွေနဲ့
    မတူတဲ့ နယ်ပယ်တစ်ခုထဲက
  • 2:02 - 2:04
    ကွန်ရက်တွေမှာရှိတဲ့ ကျွမ်းကျင်မှုကို
  • 2:04 - 2:05
    ယူဖို့ တွေးမိတယ်။
  • 2:05 - 2:07
    ဆိုလိုတာက အောင်မြင်မှုကို
    နားလည်ဖို့ပါ
  • 2:07 - 2:08
    ဘာလို့ ဒါကိုလုပ်တာလဲ။
  • 2:08 - 2:11
    ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရှိနေတဲ့
    ချိတ်ဆက်မှုတွေက
  • 2:11 - 2:15
    ကျွန်တော့်တို့ အောင်မြင်မှုကို အတိုင်းအတာ
    တစ်ခုအထိ ဆုံးဖြတ်ပေးနိုင်မယ် ထင်လို့ပါ။
  • 2:15 - 2:19
    ကျွန်တော်တို့ရဲ့ ချိတ်ဆက်မှုတွေက ရှေ့ကို
    တွန်းပို့နိုင်သလို နောက်ကိုလည်းဆွဲထားမယ်။
  • 2:19 - 2:22
    ကျွန်တော်တို့ရဲ့ အသိပညာတွေ၊
    အချက်အလက်တွေနဲ့
  • 2:22 - 2:24
    ဒီချိတ်ဆက်မှုတွေကို တည်ဆောက်တဲ့
    ကျွမ်းကျင်မှုတွေက
  • 2:25 - 2:28
    ဒါတွေဘယ်လိုဖြစ်လာသလဲ တကယ်တိုင်းနိုင်လား
    ဆိုတာ ကျွန်တော်အရမ်းသိချင်ခဲ့တယ်။
  • 2:28 - 2:29
    ဒါ အဲ့ဒီကရလာတဲ့ ရလဒ်တစ်ခုပါ
  • 2:30 - 2:33
    ဒီမှာပြတိုက်တွေမှာရှိတဲ့ ပြခန်းတွေရဲ့
    တစ်ခုနဲ့တစ်ခုချိတ်ဆက်မှုကို
  • 2:33 - 2:34
    တွေ့မြင်ရပါမယ်
  • 2:35 - 2:39
    ကျွန်တော်တို့ အရင်နှစ်က လုပ်ခဲ့တဲ့
    ဒီမြေပုံကိုအခြေခံပြီး
  • 2:39 - 2:44
    သူတို့လုပ်ငန်းသက်အတွင်း
    ပြသခဲ့တဲ့ ပထမဆုံးပွဲ ၅ ပွဲကို ကြည့်ပြီး
  • 2:44 - 2:48
    ကျွန်တော်တို့က အနုပညာရှင်တစ်ယောက်ရဲ့
    အောင်မြင်မှုကို အတိအကျခန့်မှန်းနိုင်ပါတယ်
  • 2:49 - 2:52
    အောင်မြင်မှုအကြောင်း
    ကျွန်တော်တို့ တွေးထားသလိုပါပဲ
  • 2:52 - 2:55
    အောင်မြင်မှုဆိုတာ ချိတ်ဆက်မှု
    တွေကြောင့်ချည်းပဲ မဟုတ်ပါဘူး
  • 2:55 - 2:58
    တခြားအချက်တွေလည်း ရှိပါသေးတယ်
    ဆိုတာ သိခဲ့ရပါတယ်
  • 2:58 - 3:01
    အဲဒီထဲကမှ အောင်မြင်မှုအတွက် လိုအပ်တဲ့
    တစ်ချက်က
  • 3:01 - 3:03
    လုပ်ဆောင်ချက်ပါပဲ။
  • 3:03 - 3:06
    လုပ်ဆောင်ချက်နဲ့ အောင်မြင်မှုကြား
    ကွဲပြားခြားနားချက်ကို ပြောကြည့်ရအောင်
  • 3:06 - 3:08
    လုပ်ဆောင်ချက်ဆိုတာ
    မင်းလုပ်တဲ့ဟာကို ခေါ်တယ်
  • 3:08 - 3:12
    မင်းဘယ်လောက်မြန်မြန်ပြေးတယ်
    မင်းဘယ်လိုပန်းချီကားတွေဆွဲတယ်
  • 3:12 - 3:14
    မင်းဘယ်လိုစာတမ်းတွေရေးတယ်ဆိုတာမျိုးပေါ့။
  • 3:14 - 3:16
    ကျွန်တော်တို့ အလုပ်သတ်မှတ်ချက်အရတော့
  • 3:16 - 3:21
    အောင်မြင်မှုဆိုတာ မင်းလုပ်တဲ့အလုပ်
    အကြောင်း မင်းရဲ့လုပ်ဆောင်ချက်ကနေ
  • 3:21 - 3:22
    လူတွေဘာတွေသိသလဲ လို့ဆိုပါတယ်
  • 3:22 - 3:26
    လူတွေဘယ်လိုအသိအမှတ်ပြုသလဲ
    လူတွေ ဘာချီးမွမ်းကြသလဲ
  • 3:26 - 3:28
    နောက်တစ်နည်းပြောရရင်
  • 3:28 - 3:32
    မင်းရဲ့လုပ်ဆောင်ချက်က မင်းနဲ့ပဲဆိုင်တယ်
    အောင်မြင်မှုက အားလုံးနဲ့ဆိုင်တယ်
  • 3:33 - 3:37
    ဒါက ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့
    အရွေ့တစ်ခုပဲ
  • 3:37 - 3:41
    ကျွန်တော်တို့က အောင်မြင်မှုဆိုတာ
    လူတွေကပေးတဲ့ တိုင်းတာချက်တွေနဲ့
  • 3:41 - 3:43
    တိုင်းတာလို့ရတယ်လို့
    သတ်မှတ်လိုက်တဲ့အချိန်မှာ
  • 3:43 - 3:44
    တိုင်းတာလို့ရသွားပါတယ်
  • 3:44 - 3:49
    အောင်မြင်မှုဆိုတာ လူတွေကြားထဲကအရာဖြစ်ပြီး
    အချက်အလက်ပေါင်းများစွာ ချိန်ထိုးရလို့ပါ။
  • 3:49 - 3:54
    ကျွန်တော်တို့ ကျောင်းသွားတယ်
    လေ့ကျင့်ခန်းတွေလုပ်တယ် လေ့ကျင့်ကြတယ်
  • 3:54 - 3:58
    ကျွန်တော်တို့လုပ်ဆောင်ချက်တွေ အောင်မြင်မှု
    တွေကို သယ်ဆောင်လာမယ်ဆိုတာ ယုံကြည်ကြလို့လေ
  • 3:58 - 4:00
    ဒါပေမဲ့ ကျွန်တော်တို့ တဖြည်းဖြည်း
    သိလာတာလေးရှိပါတယ်
  • 4:00 - 4:03
    လုပ်ဆောင်ချက်နဲ့ အောင်မြင်မှုနဲ့ဆိုတာ
    သင်္ချာရှုထောင့်ကနေကြည့်ရင်
  • 4:03 - 4:06
    ဘာဆိုဘာမှမဆိုင်တဲ့ သတ္တဝါနှစ်ကောင်ပါပဲ
  • 4:06 - 4:08
    ကျွန်တော် သရုပ်ဖော်ပုံလေးနဲ့ပြပါရစေ။
  • 4:08 - 4:13
    ဒီမှာ ကမ္ဘာ့အပြေးမြန်ဆုံးလူသား
    ယူစိန်ဘော့ကို တွေ့ရမှာပါ
  • 4:13 - 4:17
    သူက သူဝင်ပြိုင်တဲ့ပြိုင်ပွဲတော်တော်များ
    များမှာ အနိုင်ရရှိသူပါ။
  • 4:17 - 4:21
    ကျွန်တော်တို့ သူ့ကို ကမ္ဘာမှာအပြေးမြန်ဆုံး
    လို့သိတယ်၊ ဘာလို့လဲဆို သူ့ပြေးနှုန်းကို
  • 4:21 - 4:23
    တိုင်းတာနိုင်တဲ့ နာရီရှိလို့ပါပဲ။
  • 4:23 - 4:27
    သူ့အကြောင်း စိတ်ဝင်စားစရာကောင်းတာက
    သူနိုင်ပြီဆိုရင်
  • 4:27 - 4:32
    သူ့ပြိုင်ဘက်တွေကို အပြတ်အသတ်အသာစီးရပြီး
    နိုင်တာမဟုတ်ပါဘူး
  • 4:32 - 4:37
    သူက ပြိုင်ပွဲမှာ ရှုံးသွားသူရဲ့ တစ်ရာခိုင်
    နှုန်းစာလောက်ပဲ ပိုပြေးနိုင်တာပါ။
  • 4:37 - 4:41
    ဒုတိယရတဲ့သူရဲ့ တစ်ရာခိုင်နှုန်းပဲ
    ပိုမြန်ရုံတင်မဟုတ်ဘူး၊
  • 4:41 - 4:43
    ကျွန်တော်ပြေးတာထက် ၁၀ ဆ သူပိုမမြန်ပါဘူး
  • 4:43 - 4:46
    ဒါတောင် ကျွန်တော် အပြေးကောင်းတဲ့
    သူမဟုတ်ဘူးနော်
  • 4:46 - 4:47
    (ရယ်သံများ)
  • 4:47 - 4:51
    ကျွန်တော့်တို့ဟာ ကျွန်တော်တို့ လုပ်ဆောင်
    ချက်တွေကို တိုင်းလို့ရတဲ့အခါတိုင်း
  • 4:51 - 4:53
    ကျွန်တော်တို့ လုပ်ဆောင်ချက်က
    ကန့်သတ်ချက်ရှိတယ်ဆိုတာကို
  • 4:53 - 4:56
    သတိထားမိပါတယ်၊
    အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်
  • 4:56 - 5:00
    ဆိုလိုတာက လူသားတွေရဲ့ လုပ်ဆောင်ချက်တွေမှာ
    ကြီးကြီးမားမားကွာဟချက်တွေဆိုတာမရှိပါဘူး
  • 5:00 - 5:02
    အတိုင်းအတာသေးသေးလေးတစ်ခုပဲ ကွာခြားကြတာပါ
  • 5:02 - 5:06
    အဲလိုကွာခြားချက်တွေကို နှိုင်းမယ်ဆိုရင်
    အပြေးပြိုင်ပွဲကလိုမျိုး နာရီလိုပါမယ်
  • 5:06 - 5:10
    အကောင်းဆုံးဆိုသူတွေဆီက ကောင်းတာတွေ မြင်ရ
    ဖို့ မဖြစ်နိုင်ပါဘူးလို့ပြောတာမဟုတ်ပါဘူး
  • 5:10 - 5:12
    အကောင်းဆုံးဆိုတာလဲ ခွဲခြားသတ်မှတ်ဖို့
    ခက်ပါတယ်
  • 5:12 - 5:15
    ဘာလို့လဲဆိုတော့ ကျွန်တော်တို့အလုပ်လုပ်တဲ့
    နယ်ပယ်တွေက
  • 5:15 - 5:19
    ကျွန်တော့်တို့ရဲ့ လုပ်ဆောင်ချက်ကို
    တိုင်းတာနိုင်တဲ့ နာရီမရှိလို့ပါ
  • 5:19 - 5:21
    ဟုတ်ပြီ၊ လုပ်ဆောင်ချက်တွေဟာ
    ကန့်သတ်ချက်ရှိတယ်
  • 5:21 - 5:23
    လုပ်ဆောင်ချက်တွေမှာ
    ကြီးကြီးမားမားကွာဟချက် မရှိဘူး
  • 5:23 - 5:25
    ဒါဆို အောင်မြင်မှုကရော။?
  • 5:25 - 5:29
    ကဲ အခု တစ်ခြားခေါင်းစဉ်အကြောင်း ပြောင်း
    ပြောရအောင်၊ စာအုပ်တွေအကြောင်းလိုမျိုးပေါ။
  • 5:29 - 5:34
    စာရေးဆရာတွေအောင်မြင်လား တိုင်းတာတဲ့နည်းက
    သူ့စာအုပ်တွေ ဖတ်တဲ့လူတွေနဲ့ တိုင်းတာပါ။
  • 5:34 - 5:38
    ကျွန်တော့်ရဲ့ အရင်စာအုပ် ၂၀၀၉ မှာ
    ထွက်ပါတယ်
  • 5:38 - 5:41
    ကျွန်တော် ဥရောပမှာ ကျွန်တော့်
    အယ်ဒီတာနဲ့ ပြောဖြစ်ပါတယ်
  • 5:41 - 5:43
    ကျွန်တော့်ပြိုင်ဘက်ဘယ်သူလဲဆိုတာ
    စိတ်ဝင်စားပါတယ်။
  • 5:44 - 5:47
    ပြိုင်ဘက်ကောင်းတွေရရှိခဲ့ပါတယ်
  • 5:47 - 5:48
    အဲဒီအပတ်မှာ
  • 5:48 - 5:49
    (ရယ်သံများ)
  • 5:49 - 5:53
    ဒန်ဘရောင်းရဲ့ “The Lost Symbol” ထွက်ပါတယ်။
  • 5:53 - 5:56
    Nicholas Sparks ရဲ့
  • 5:56 - 5:57
    “The Last Song” လည်း ထွက်ပါတယ်။
  • 5:57 - 6:00
    ဒီစာရင်းတွေကို ကြည့်လိုက်ရင်
  • 6:00 - 6:03
    ဒီစာအုပ်တွေချင်းရော
    ကျွန်တော့်စာအုပ်တေွနဲ့ရော
  • 6:03 - 6:05
    လုပ်ဆောင်ချက်အရ ကွာခြားမှန်း
    ခင်ဗျားတို့ သိနိုင်ပါတယ်
  • 6:05 - 6:07
    ဟုတ်တယ်ဟုတ်
  • 6:07 - 6:11
    Nicolas Spark’s တို့အဖွဲ့သာ နည်းနည်းလေး
    ပိုကြိုးစားခဲ့ရင်
  • 6:11 - 6:14
    နံပတ်တစ်ကို လွယ်လွယ်လေးရောက်နိုင်ပါတယ်၊
  • 6:14 - 6:16
    ဘာလို့ဆို ထိပ်ရောက်နေတာက
    တိုက်ဆိုင်မှုကြောင်လဲဖြစ်နိုင်တာပဲ
  • 6:16 - 6:20
    ကျွန်တော်က အချက်အလက်နဲ့အလုပ်လုပ်တဲ့သူမို့
    ဒီကိန်းဂဏန်းတွေကို ကြည့်ကြည့်ရအောင်
  • 6:20 - 6:24
    ဒါက Nicolas Sparks ရဲ့ ရောင်းအား
    ကို တွေ့ရမှာပါ
  • 6:24 - 6:26
    အဖွင့်ရက်သတ္တပတ်မှာတင်
  • 6:26 - 6:29
    Nicolas Sparks က စောင်ရေ
    သန်းနဲ့ချီရောင်းခဲ့ရပါတယ်
  • 6:29 - 6:31
    အံ့ဩစရာကောင်းတဲ့ အရေအတွက်ဖြစ်ပါတယ်
  • 6:31 - 6:34
    တစ်ပတ်ကို စောင်ရေ တစ်သောင်းရောင်းနိုင်ရင်
  • 6:34 - 6:37
    New York Times ရဲ့ ရောင်းအားအကောင်းဆုံး
    စာရင်းမှာ ထိပ်ဆုံးမှာ၊
  • 6:37 - 6:40
    သူက နံပတ်တစ်ရဖို့ လိုအပ်တဲ့အရေအတွက်ထက်
    ၁၀ ပိုရောင်းခဲ့ရပါတယ်
  • 6:40 - 6:42
    ဒါတောင် သူက နံပတ် တစ် မဟုတ်ပါဘူး
  • 6:42 - 6:43
    ဘာလို့လဲ?
  • 6:43 - 6:47
    ဘာလို့လဲဆိုတော့ ဒန်ဘရောင်းက အဲ့ဒီအပတ်မှာပဲ
    အုပ်ရေ ၁.၂ သန်းရောင်းရခဲ့လို့ပါ
  • 6:47 - 6:49
    (ရယ်သံများ)
  • 6:49 - 6:53
    ကျွန်တော် ဒီကိန်းဂဏန်းတွေကို
    ဘာလို့ကြိုက်သလဲဆိုတော့
  • 6:53 - 6:57
    အောင်မြင်မှုနဲ့ပတ်သက်လာရင် ကန့်သတ်ချက်
    မရှိဘူး ဆိုတာ သူတို့က ပြနေတယ်
  • 6:57 - 7:03
    အကောင်းဆုံးလူက ဒုတိယအကောင်းဆုံးထက်
    အနည်းငယ်ပဲ ပိုရတာမဟုတ်ပါဘူး
  • 7:03 - 7:06
    ပမာဏအကြီးကြီးကို ရလိုက်တာပါ
  • 7:06 - 7:08
    ဘာလို့ဆိုတော့ အောင်မြင်မှုက
    တိုင်းတာနိုင်လို့ပါပဲ။
  • 7:08 - 7:13
    ကျွန်တော်တို့က လုပ်ဆောင်ချက်ကနေ ကြည့်
    ရမယ့်အစား အောင်မြင်မှုကို ပေးပလိုက်တယ်။
  • 7:13 - 7:18
    သိလိုက်တဲ့တစ်ချက်က ကျွန်တော်တို့လုပ်တဲ့
    လုပ်ဆောင်ချက်က ကန့်သတ်ချက်ရှိတယ်၊
  • 7:18 - 7:21
    ရေတွက်လို့ရတဲ့ အောင်မြင်မှုက
    ကန့်သတ်ချက်မရှိဘူး
  • 7:21 - 7:22
    စဉ်းစားစရာဖြစ်လာတာက
  • 7:22 - 7:25
    လုပ်ဆောင်ချက်မှာ ကြီးကြီးမားမား
    ကွာခြားချက်မရှိဘဲနဲ့
  • 7:25 - 7:28
    အောင်မြင်မှုမှာကျတော့ ဘာကြောင့်
    ကွာခြားချက် ကြီးမားရတာလဲ
  • 7:28 - 7:32
    အဲဒီမေးခွန်း ဖြေဖို့ ကြိုးစားထားတဲ့ စာအုပ်
    ကျွန်တော်ထုတ်ဝေထားတာ မကြာသေးပါဘူး။
  • 7:32 - 7:35
    တစ်အုပ်လုံးအကြောင်းပြောရလောက်အောင်
    ကျွန်တော့်ကို အချိန်မပေးထားကြဘူး
  • 7:35 - 7:37
    ဒါကြောင့် ကျွန်တော်ဒီမေးခွန်းလေးဆီ
    ပြန်သွားပါမယ်၊
  • 7:37 - 7:40
    အော်မြင်မှုရတယ်ဆိုရင်
    ဘယ်အချိန်မှာ ရသင့်လဲ
  • 7:40 - 7:44
    ကျွန်တော့်ပါတီပွဲကို ဖျက်ဆီးတဲ့သူပြောတာကို
    ကျွန်တော်တို့ ပြန်ဆန်းစစ်ကြည့်ရအောင်-
  • 7:45 - 7:49
    ဘာလို့ အိုင်းစတိုင်းက ဒီလို
    ရူးကြောင်ကြောင် စကားမျိုး ပြောတာလဲ၊
  • 7:49 - 7:52
    တကယ်ပဲ အသက် ၃၀ မတိုင်ခင်မှာပဲ
    ဖန်တီးနိုင်စွမ်းရှိတာလား
  • 7:52 - 7:56
    သူဘာလို့အဲဒီလိုပြောလဲဆိုတော့ သူ့ပတ်ဝန်း
    ကျင်မှာရှိတဲ့ ဒိတ်ဒိတ်ကြဲရူပဗေဒပညာရှင်တွေက
  • 7:56 - 7:59
    quantum mechanics နဲ့ ခေတ်သစ်ရူပဗေဒကို
    ဖန်တီးခဲ့ကြတုန်းက
  • 7:59 - 8:03
    သူတို့ အသက်တွေက
    ၂၀ ကျော် နဲ့ ၃၀ စွန်းစွန်းတွေပဲမို့လို့ပါ။
  • 8:03 - 8:04
    သူတစ်ယောက်ထဲမဟုတ်ပါဘူး
  • 8:04 - 8:06
    သူ့ဘက် ဘက်လိုက်ပြီးတော့
    ပြောတာလည်းမဟုတ်ဘူး
  • 8:07 - 8:11
    ဉာဏ်ကြီးရှင်တွေကို သုတေသနလုပ်ထားတာ
    တစ်ကယ်ရှိပါတယ်
  • 8:11 - 8:13
    ဘယ်အချက်ကို ထွက်ပေါ်စေလဲဆိုတော့
  • 8:13 - 8:16
    အတိတ်က ကျွန်တော်တို့လေးစားတဲ့
    လူတွေကို ကြည့်လိုက်ရင်
  • 8:16 - 8:19
    သူတို့ရဲ့ အအောင်မြင်ဆုံး ဖန်တီးမှုကို
    ဘယ်အရွယ်မှာလုပ်လဲ ကြည့်ကြည့်ရင်
  • 8:19 - 8:22
    ဂီတနယ်ပယ်ဖြစ်ဖြစ်
    သိပ္ပံပညာဖြစ်ဖြစ်
  • 8:22 - 8:23
    အင်ဂျင်နီယာပညာဖြစ်ဖြစ်
  • 8:23 - 8:29
    သူတို့အများစုက ၂၀၊ ၃၀၊ အရွယ်တွေပါ
    အလွန်ဆုံးရှိလှ ၄၀ စွန်းစွန်းပေါ့
  • 8:30 - 8:33
    ဒီဉာဏ်ကြီးရှင်ပညာရှင်တွေအကြောင်း သုတေသနမှာ
    ပြဿနာတစ်ခုရှိတာက
  • 8:33 - 8:36
    ပထမဆုံး ကျွန်တော်တို့ကို
  • 8:37 - 8:40
    တီထွင်ဖန်တီးနိုင်စွမ်း = လူငယ် လို့
    ထင်စေပါတယ်
  • 8:40 - 8:42
    ရင်နာစရာမကောင်းဘူးလားဗျာ
  • 8:42 - 8:44
    (ရယ်သံများ)
  • 8:44 - 8:48
    ဒါက လေ့လာတဲ့နေရာမှာ ဘက်လိုက်မှုရှိပါတယ်
  • 8:48 - 8:53
    အကြောင်းက ဉာဏ်ကြီးရှင်တွေပဲ ကြည့်ပြီး
    သာမာန်သိပ္ပံပညာရှင်တွေကို မကြည့်လို့ပါ။
  • 8:53 - 8:54
    ကျွန်တော်တို့အားလုံးကို မလေ့လာပါဘူး
  • 8:54 - 8:58
    အသက်ကြီးလို့ ဖန်တီးနိုင်စွမ်းကျဆင်းသွားတာ
    အမှန်လားလို့ ကျွန်တော်တို့ကို လာမမေးပါဘူး
  • 8:58 - 9:01
    အဲဒီဟာက ကျွန်တော်တို့
    လုပ်ဖို့ကြိုးစားနေတာပါ၊
  • 9:01 - 9:04
    လုပ်ဖို့ဆို ကျမ်းကိုးတွေရှိဖို့လည်း
    အရေးကြီးသေးတယ်ဗျ
  • 9:04 - 9:07
    ကျွန်တော့်လိုသာမာန်
    သိပ္ပံပညာရှင်ကို ကြည့်ရအောင်
  • 9:07 - 9:09
    ကျွန်တော့် လုပ်ငန်းသက်ကို ကြည့်ကြည့်ရအောင်
  • 9:09 - 9:12
    ကျွန်တော်တင်ထားတဲ့ စာတမ်း တွေ့ပါလိမ့်မယ်
  • 9:12 - 9:17
    ၁၉၈၉ ရိုမေးနီးယားမှာ နေတုန်းက တင်ခဲ့တဲ့
    ပထမဆုံးစာတမ်းကနေ
  • 9:17 - 9:19
    ဒီနှစ်ထိ တင်ထားတဲ့
    စာတမ်းတွေ တွေ့နိုင်ပါတယ်။
  • 9:19 - 9:21
    ဒေါင်လိုက်မှာတော့ ဒီစာတမ်းရဲ့
    အကျိုးသက်ရောက်မှု
  • 9:21 - 9:23
    ဒီစာတမ်းကို ဘယ်လောက်ကိုးကားထားလဲ၊
  • 9:23 - 9:27
    ဒီစာတမ်းကို ကိုးကားပြီး နောက်ထပ်စာတမ်း
    ဘယ်နှစောင်ရေးထားလဲ တွေ့ရမှာပါ
  • 9:27 - 9:28
    ကြည့်လိုက်မယ်ဆိုရင်
  • 9:28 - 9:32
    ကျွန်တော့် လုပ်သက်မှာ အကြမ်းအားဖြင့် မတူ
    ညီတဲ့အဆင့် (၃) ဆင့်ရှိတာကိုတွေ့ရပါလိမ့်မယ်
  • 9:32 - 9:34
    ပထမ(၁၀)နှစ်မှာအလုပ်အရမ်း
    ကြိုးစားပါတယ်
  • 9:34 - 9:35
    အရမ်းကြီးအောင်မြင်မှုမရပါဘူး။
  • 9:35 - 9:37
    ကျွန်တော်ဘာလုပ်နေလဲ ဘယ်သူမှ
    စိတ်မဝင်စားပါဘူး
  • 9:37 - 9:39
    ဘာအကျိုးသက်ရောက်မှုမှ
    မရှိဘူးပေါ့ဗျာ
  • 9:39 - 9:41
    (ရယ်သံများ)
  • 9:41 - 9:43
    အဲ့တုန်းက သိပ္ပံပညာရပ်ကို လေ့လာပြီးတော့
  • 9:44 - 9:46
    ချိတ်ဆက်မှုတွေအကြောင်း တွေ့ရှိခဲ့ပါတယ်
  • 9:46 - 9:49
    အဲဒီချိတ်ဆက်မှုတွေအကြောင်းကို
    စာတမ်းတွေထုတ်ဝေခဲ့ပါတယ်
  • 9:49 - 9:52
    အဲ့ဒီစာတမ်းတွေက တစ်စောင်ကနေ တစ်စောင်
    အကျိုးသက်ရောက်မှုကြီးပါတယ်
  • 9:52 - 9:55
    အရမ်းကို ခံစားဖို့နှစ်သက်ရာပါပဲ
    ကျွန်တော့်လုပ်သက်ရဲ့ အဆင့်တစ်ခုပေါ့ဗျာ
  • 9:55 - 9:57
    (ရယ်သံများ)
  • 9:57 - 10:00
    မေးစရာရှိတာက
    ခုဘာဖြစ်နေပြီလဲဆိုတာပါပဲ
  • 10:00 - 10:04
    ကျွန်တော်တို့မသိပါဘူး။ ဘာလို့ဆို ကျွန်တော်
    တို့ အချိန်တွေအလုံအလောက်မရသေးလို့ပါ။
  • 10:04 - 10:07
    ဒီစာတမ်းတွေ ဘယ်လောက်အကျိုးသက်ရောက်မှု
    ရှိတယ်ဆိုတာ ပြောဖို့က
  • 10:07 - 10:08
    အချိန်ယူရပါလိမ့်မယ်
  • 10:08 - 10:10
    အချက်အလက်တွေပြန်ကြည့်ရင်တော့
  • 10:10 - 10:13
    အိန်းစတိန်းပြောတဲ့ အဲ့ဒီလူတော်တွေနဲ့
    ပတ်သက်တဲ့သုတေသနက မှန်တယ်ဗျ။
  • 10:13 - 10:15
    ကျွန်တော်က အဲ့ဒီအဆင့်ကို
    ရောက်နေလို့လည်းဖြစ်တယ်။
  • 10:15 - 10:17
    (ရယ်သံများ)
  • 10:17 - 10:23
    ဟုတ်ပြီ၊ ဒါဆို ဒါတကယ်ဖြစ်နိုင်ပါ့မလားဆိုတာ
    ပြောကြည့်ရအောင်
  • 10:23 - 10:25
    သိပ္ပံနယ်မှာ အရင်ကြည့်ရအောင်
  • 10:25 - 10:28
    ရွေးချယ်တဲ့နေရာမှာ ဘက်လိုက်မှုမရှိအောင်
  • 10:28 - 10:30
    ဉာဏ်ကြီးရှင်တွေကိုပဲ ကြည့်မယ်၊
  • 10:30 - 10:33
    ကျွန်တော်တို့ ၁၉၀၀ ခုနှစ်ကစလို့
    ခုထိ သိပ္ပံပညာရှင်တစ်ယောက်ချင်းစီရဲ့
  • 10:33 - 10:36
    အလုပ်တွေကို ပြန်ပြီးကြည့်ကြတယ်
  • 10:36 - 10:40
    သူတို့ရဲ့ တစ်ယောက်ချင်းစီရဲ့ အကောင်းဆုံးက
    ဘယ်ဟာလဲဆိုတာရှာကြတယ်
  • 10:40 - 10:42
    နိုဘယ်ဆုရရ မရရ
  • 10:42 - 10:46
    လူတွေသိသိမသိသိ သူတို့ရဲ့
    အကောင်းဆုံးဆိုတာတွေကိုပဲကြည့်မယ်
  • 10:46 - 10:48
    ဒီ Slide ကိုကြည့်ကြည့်ပါ
  • 10:48 - 10:50
    မျဉ်းတစ်ကြောင်းချင်းစီက
    သူတို့ရဲ့ အလုပ်သက်တမ်းပါ
  • 10:50 - 10:52
    အပြာရောင်အစက်လေးက
    သူတို့လုပ်သက်မှာ အကောင်းဆုံးဆိုတာကို
  • 10:52 - 10:54
    ပြထားတယ်။
  • 10:54 - 10:56
    မေးခွန်းက
  • 10:56 - 10:59
    သူတို့ဒီမဟာရှာဖွေတွေရှိမှုကို
    ဘယ်အရွယ်မှာတွေ့ကြတာလဲ
  • 10:59 - 11:00
    အဲဒီကိန်းဂဏန်းကိုသိဖို့
  • 11:00 - 11:03
    မဟာရှာဖွေတွေ့ရှိမှုကို လုပ်တဲ့
    ဖြစ်နိုင်ခြေရှိတဲ့ အရွယ်ကိုကြည့်ပါမယ်၊
  • 11:03 - 11:06
    လုပ်သက် တစ်နှစ်လား၊ နှစ်နှစ်လား၊
    သုံးနှစ်လား ဒါမှမဟုတ် ၁၀နှစ်လား
  • 11:07 - 11:09
    ကျွန်တော်တို့ တကယ့်အသက်ကို
    ပြောနေတာမဟုတ်ပါဘူး။
  • 11:09 - 11:11
    “ပညာသက်”လို့ခေါ်တဲ့ အသက်ကို
    ကြည့်နေတာပါ။
  • 11:11 - 11:13
    ပညာသက်က ခင်ဗျားရဲ့ ပထမဆုံးစာတမ်းကို
    စတင်ထုတ်ဝေတာကနေ စရေပါတယ်
  • 11:13 - 11:16
    ခင်ဗျားတို့ တစ်ချို့တွေ ကလေးပဲရှိသေးတယ်
    ဆိုတာ ကျွန်တော်သိပါတယ်
  • 11:16 - 11:17
    (ရယ်သံများ)
  • 11:17 - 11:20
    ခင်ဗျားရဲ့ သက်ရောက်မှုအရှိဆုံး
    စာတမ်းကို ထုတ်ဝေနိုင်တဲ့
  • 11:20 - 11:21
    ခန့်မှန်းနှစ်ကို ကြည့်ရအောင်
  • 11:21 - 11:25
    ဉာဏ်ကြီးရှင်တွေကိုလုပ်တဲ့ သုတေသနက
    တကယ်မှန်ကန်တာကိုတွေ့ရမှာပါ
  • 11:25 - 11:28
    သိပ္ပံပညာရှင်အများစုက သက်ရောက်မှု
    အရှိဆုံးစာတမ်းကို သူတို့လုပ်သက်ရဲ့
  • 11:28 - 11:31
    ပထမ ၁၀ နှစ် ၁၅ နှစ်မှာ ထုတ်ဝေကြလေ့ရှိပါတယ်
  • 11:31 - 11:34
    အဲဒါပြီးရင် ကျသွားလေ့ရှိပါတယ်
  • 11:34 - 11:39
    ကျွန်တော်လည်း လုပ်သက် နှစ် ၃၀
    အတိရှိပါပြီ
  • 11:39 - 11:42
    ကျွန်တော်လည်းအကျမြန်ပါတယ်
    ကျွန်တော်ထုတ်ခဲ့တဲ့ စာတမ်းတွေထက်
  • 11:42 - 11:44
    သက်ရောက်မှုပိုရှိတဲ့ စာတမ်းထုတ်ဝေနိုင်ဖို့
  • 11:44 - 11:46
    အခွင့်အရေးက တစ်ရာခိုင်နှုန်းထက်ကို
    နည်းနေပါပြီ
  • 11:46 - 11:49
    ဒီအချက်အလက်တွေအရ ကျွန်တော်က
    လုပ်သက်ရဲ့ ဒီအဆင့်မှာပါ
  • 11:50 - 11:51
    အဲ့ဒါနဲ့ပတ်သက်ပြီး ပြဿနာရှိပါတယ်
  • 11:52 - 11:55
    ကျွန်တော်တို့က နှိုင်းယှဉ်တာတွေကို
    သေချာမလုပ်ပါဘူး။
  • 11:55 - 11:57
    နှိုင်းယှဉ်ရမှာက
  • 11:57 - 12:01
    သိပ္ပံပညာကို ကျပမ်းအကျိုးပြုနေတဲ့
    သိပ္ပံပညာရှင်က ဘယ်လိုလဲ။
  • 12:01 - 12:04
    အဲ့ဒီသိပ္ပံပညာရှင်ရဲ့
    ထုတ်လုပ်နိုင်စွမ်းက ဘာလဲ။
  • 12:04 - 12:06
    စာတမ်းတွေကို ဘယ်အချိန်မှာရေးကြသလဲ။
  • 12:06 - 12:09
    သူတို့ထုတ်လုပ်နိုင်စွမ်းတွေကို
    တိုင်းကြည့်ပါတယ်၊
  • 12:09 - 12:11
    အံ့ဩစရာပါပဲ။
  • 12:11 - 12:15
    သင်ရဲ့ စာတမ်းကို ရေးဖြစ်နိုင်​ခြေက
    လုပ်သက်ရဲ့ ၁ နှစ် ၁၀ နှစ်နဲ့ ၂၀ နှစ်မှာပါ
  • 12:15 - 12:19
    ပြီးတော့ အဲ့ဒီစာတမ်းရေးတဲ့နှစ်တွေမှာပဲ
    အကျိုးသက်ရောက်မှုများကလည်း
  • 12:19 - 12:20
    တွဲပါလာမှာပါ။
  • 12:21 - 12:23
    ရှည်လျားထွေပြားတဲ့
    ဒီပုံပြင်ကို အတိုချုပ်ရရင်၊
  • 12:23 - 12:27
    အချက်အလက်စစ်ဆေးမှုတွေ အများကြီးလုပ်ရင်
    ရှင်းလင်းချက်တစ်ခုပဲရှိပါတယ်၊
  • 12:27 - 12:30
    ကျွန်တော်တို့ သိပ္ပံပညာရှင်တွေ
    အလုပ်လုပ်ပုံက
  • 12:30 - 12:34
    ကျွန်တော်တို့ ရေးတဲ့ စာတမ်းတိုင်း၊
    ကျွန်တော်တို့ လုပ်တဲ့ project တိုင်း၊
  • 12:34 - 12:38
    ကျွန်တော်တို့ရဲ့ အကောင်းဆုံးဖြစ်လာဖို့
    အခွင့်အရေးတူတူရှိပါတယ်။
  • 12:38 - 12:43
    ရှာဖွေတွေ့ရှိမှုက ထီလက်မှတ်လိုပါပဲ။
  • 12:43 - 12:45
    ထီလက်မှတ်များများဝယ်လေလေ
  • 12:45 - 12:47
    ပေါက်နိုင်ခြေများလေပါပဲ။
  • 12:47 - 12:48
    အဲဒါဆို ဒီလိုဖြစ်လိမ့်မယ်-
  • 12:48 - 12:51
    သိပ္ပံပညာရှင်အများစုက
    သူတို့ရဲ့ ထီလက်မှတ်အများစုကို
  • 12:51 - 12:54
    လုပ်သက်ရဲ့ ပထမ ၁၀ နှစ် ၁၅ နှစ်မှာ
    ဝယ်ကြပါတယ်
  • 12:54 - 12:57
    အဲ့ဒါပြီးတော့ productivity ကျသွားပါတယ်။
  • 12:57 - 12:59
    ထီလက်မှတ်တွေ ထပ်မဝယ်ကြတော့ဘူး။
  • 13:00 - 13:03
    သူတို့ ဖန်တီးနိုင်စွမ်းမရှိတော့လို့လို့
    ထင်ရပေမဲ့၊
  • 13:03 - 13:05
    တကယ်တမ်းကျ သူတို့
    ကြိုးစားတာကို ရပ်လိုက်လို့ပါ။
  • 13:06 - 13:09
    အချက်အလက်တွေ ပေါင်းလိုက်ရင် သုံးသပ်ချက်က
    အလွန်ရိုးရိုးရှင်းရှင်းထွက်လာပါတယ်။
  • 13:09 - 13:12
    အောင်မြင်မှုက အချိန်မရွေးလာနိုင်ပါတယ်။
  • 13:12 - 13:16
    ခင်ဗျားတို့လုပ်သက်မှာ ပထမဆုံးစာတမ်း ဖြစ်
    နိုင်သလို နောက်ဆုံးစာတမ်းလည်းဖြစ်နိုင်တယ်။
  • 13:16 - 13:20
    Projects တွေထဲမှာ ဘယ် project မဆို
    ဖြစ်နိုင်ပါတယ်
  • 13:20 - 13:22
    အလုပ်လုပ်နိုင်စွမ်းကသာ ပြောင်းသွားတာပါ
  • 13:22 - 13:23
    ပုံလေးနဲ့ပြပါရစေ
  • 13:23 - 13:26
    ဒါ ရူပဗေဒမှာ နိုဘယ်ဆုရတဲ့ Frank Wilczek ပါ
  • 13:26 - 13:30
    ဘွဲ့ရကျောင်းသားတစ်ယောက်အနေနဲ့
    သူ့လုပ်သက်ရဲ့ ပထမဆုံးစာတမ်းမှာ ဆုရတာပါ။
  • 13:31 - 13:32
    (ရယ်သံများ)
  • 13:32 - 13:35
    ပိုစိတ်ဝင်စားစရာကောင်းတာက John Fenn ပါ။
  • 13:35 - 13:39
    အသက် ၇၀ မှာ ယေးလ် တက္ကသိုလ်ကနေ
    အနားယူခိုင်းခြင်းခံရပါတယ်။
  • 13:39 - 13:41
    သူရဲ့ ဓာတ်ခွဲခန်းကို ပိတ်လိုက်ကြတယ်
  • 13:41 - 13:45
    အဲဒီမှာ Virginia Commonwealth
    တက္ကသိုလ်ကို ပြောင်းတယ်၊
  • 13:45 - 13:47
    နောက်ထပ် ဓာတ်ခွဲခန်းတစ်ခုဖွင့်တယ်၊
  • 13:47 - 13:50
    အသက် ၇၂ နှစ်မှာ စာတမ်းတစ်စောင်ထုတ်တယ်၊
  • 13:50 - 13:54
    နောက် ၁၅ နှစ်အကြာမှာ ဓာတုဗေဒအတွက်
    နိုဘယ်ဆုချီးမြှင့်ခံရတယ်။
  • 13:55 - 13:58
    ခင်ဗျားကထင်မှာပေါ့ သိပ္ပံပညာက ထူးခြားလို့
  • 13:58 - 14:01
    ကျန်တဲ့ ဖန်တီးမှုစွမ်းရည်လိုတဲ့
    ပညာရပ်တွေကျရောပေါ့။
  • 14:01 - 14:06
    နောက်ထပ် ပုံမှန်ဉပမာတစ်ခုပေးပါရစေ
    စွန့်ဦးတီထွင်ကဏ္ဍပါ၊
  • 14:07 - 14:08
    Silicon Valley ပါ။
  • 14:08 - 14:11
    လူငယ်တွေရဲ့ အောင်မြေပါ၊ ဟုတ်တယ်မလား?
  • 14:11 - 14:12
    ကြည့်လိုက်မယ်ဆိုရင်၊
  • 14:12 - 14:17
    အကြီးဆုံးဆုဖြစ်တဲ့ TechCrunch ဆု နဲ့
    တစ်ခြားဆုတွေအားလုံးကို
  • 14:17 - 14:19
    ရထားတဲ့သူတွေရဲ့
  • 14:19 - 14:24
    ပျမ်းမျှအသက်ဟာ ၂၀ နောက်ပိုင်းနဲ့
    ၃၀ စွန်းစွန်းတွေပါ။
  • 14:24 - 14:30
    အချို့ VCs လုပ်ငန်းအကြီးကြီးတွေ
    ဘယ်သူ့ကို ပိုက်ဆံပေးလဲကြည့်ကြည့်လိုက်
  • 14:30 - 14:32
    အသက် ၃၀ စွန်းစွန်းတွေအကုန်ပါပဲ။
  • 14:33 - 14:34
    ကျွန်တော်တို့ သိပြီးသားပဲ
  • 14:34 - 14:39
    Silicon Valley မှာ လူငယ် = အောင်မြင်မှု
    ဆိုပြီး အတွေးအခေါ်တွေရှိပါတယ်။
  • 14:39 - 14:41
    ဒီအချက်အလက်တွေကိုကြည့်ကြည့်ပါ
  • 14:41 - 14:44
    ဒါဟာ ကုမ္ပဏီတစ်ခုတည်ထောင်တဲ့
    အကြောင်းချည်းပဲ မဟုတ်ပါဘူး--
  • 14:44 - 14:47
    ကုမ္ပဏီတစ်ခုတည်ထောင်ထာက အလုပ်ကြိုးစားနေ
    ခြင်းပါ-- ကြိုးစား ကြိုးစား ကြိုးစားရင်း
  • 14:47 - 14:51
    ဘယ်သူတွေ အောင်မြင်တဲ့
    ကုမ္ပဏီတည်ထောင်နိုင်တယ်၊
  • 14:51 - 14:53
    အောင်မြင်စွာဆုတ်ခွာရတယ်ဆိုတာ
    ကြည့်ကြည့်လိုက်ပါ။
  • 14:53 - 14:57
    မကြာသေးမီက ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်
    အချို့က ဒီမေးခွန်းတွေကို ကြည့်ခဲ့ကြသေးတယ်
  • 14:57 - 15:01
    အသက် ၂၀၊ ၃၀ တွေမှာ
  • 15:04 - 15:05
    အများစုက ဒေဝါလီခံလိုက်ရတာပဲ
  • 15:05 - 15:10
    ဒီအခြေအနေမျိုးမှာ အောင်မြင်စွာဆုတ်ခွာတယ်
    ဆိုတကာကို ကြည့်လိုက်ပါ
  • 15:10 - 15:13
    အသက်ကြီးလာတာနဲ့အမျှ ဈေးကွက်မှာပိုပြီး
    ပေါက်ဖို့ရယ်
  • 15:13 - 15:17
    ကုမ္ပဏီကို အောင်အောင်မြင်မြင်
    ရောင်းနိုင်ဖို့ရယ် ပိုဖြစ်နိုင်ပါတယ်။
  • 15:17 - 15:20
    ဒီအချက်က သိပ်ခိုင်လုံတယ်
    အသက် ၅၀ ပိုင်းမှာဆိုရင်
  • 15:20 - 15:24
    အသက် ၃၀ ပိုင်းမှာထက် အောင်မြင်စွာ
    ဆုတ်ခွာဖို့ ၂ ဆ ပိုဖြစ်နိုင်ပါတယ်၊
  • 15:27 - 15:31
    (လက်ခုပ်သံများ)
  • 15:32 - 15:35
    နောက်ဆုံး ကျွန်တော်တို့
    တွေ့လိုက်ရတာ ဘာပါလဲ။
  • 15:35 - 15:39
    ကျွန်တော်တို့ သိလိုက်တာက တီထွင်
    ဖန်တီးခြင်းမှာ အသက်ကန့်သတ်ချက်မရှိဘူး။
  • 15:39 - 15:41
    အလုပ်လုပ်နိုင်ခြင်းမှာ ရှိတယ်၊ ဟုတ်တယ်မလား
  • 15:41 - 15:46
    ဒီနေ့အဆုံးသတ်မှာ ကျွန်တော့် သိနေတာက၊
  • 15:46 - 15:48
    တစ်စိုက်မတ်မတ်ကြိုးစားနေမယ်ဆိုရင်၊
  • 15:48 - 15:50
    (ရယ်သံများ)
  • 15:50 - 15:54
    အောင်မြင်နိုင်ပါတယ်
    ထပ်ခါထပ်ခါ အောင်မြင်နိုင်ပါတယ်၊
  • 15:54 - 15:56
    ကျွန်တော့်နိဂုံးသုံးသပ်ချက်က
    အလွန်ရှင်းပါတယ်
  • 15:56 - 15:58
    ကျွန်တော်စင်ပေါ်ကဆင်းပြီး
    Lab ခန်းကို ပြန်သွားပါတော့မယ်။
  • 15:58 - 16:00
    ကျေးဇူးတင်ပါတယ်ခင်ဗျား
  • 16:00 - 16:03
    (လက်ခုပ်သံများ)
Title:
သင့်ရဲ့အသက်နဲ့ အောင်မြင်နိုင်ခြေတို့ တကယ့် ဆက်နွယ်နေကြပုံ
Speaker:
Albert-LĂĄszlĂł BarabĂĄsi
Description:

Network ပညာရှင် Albert-László Barabási က သင်္ချာနည်းကျ ခွဲခြားစိတ်ဖြာမှုတွေကို အခြေခံပြီးတော့ အောင်မြင်မှုကို ဘယ်လိုအရာတွေက မောင်းနှင်လဲဆိုတဲ့ လျှို့ဝက်ချက်တွေကို ဖော်ထုတ်ထားပါတယ်။ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ်ပေါ့၊ သင်ရဲ့အသက်နဲ့ အောင်မြင်နိုင်ချေကြားက စိတ်ဝင်စားဖွယ်ဆက်နွယ်မှုတွေကို ဖော်ပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
16:16

Burmese subtitles

Revisions