Return to Video

ပိရမစ်စီးပွားရေးဆိုတာ ဘယ်လိုသတိပြုနိုင်မလဲ

  • 0:07 - 0:09
    ၂၀၀၄ ခုနှစ်မှာ
  • 0:09 - 0:11
    Vemma Nutrition လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုဟာ
  • 0:11 - 0:13
    အချိန်ပိုင်းအလုပ်လုပ်ရုံနဲ့
    အချိန်ပြည့်ပိုက်ဆံရနေပြီး
  • 0:13 - 0:17
    ဘဝပြောင်းသွားစေမယ့် အခွင့်အရေးကို
    ကမ်းလှမ်းခဲ့ကြတယ်
  • 0:17 - 0:19
    Vemma ရဲ့ ကမ်းလှမ်းမှုက
    လူတိုင်းအတွက်ဖြစ်တယ်
  • 0:19 - 0:23
    ပညာအရည်အချင်းတွေ
    အတွေ့အကြုံတွေလဲ မလိုအပ်ဘူး
  • 0:23 - 0:25
    ပိုက်ဆံစရဖို့အတွက်
    စ လုပ်စရာနှစ်ခုပဲရှိတယ်
  • 0:25 - 0:29
    ဒေါ်လာ ၅၀၀၊ ၆၀၀ တန်တဲ့
    အာဟာရဖြည့်အရည် တစ်စုံဝယ်ပြီး
  • 0:29 - 0:33
    ဒီလိုထပ်ဝယ်မယ့်
    လူနှစ်ယောက်ထပ်စုဆောင်းပေးရုံပါပဲ
  • 0:33 - 0:35
    Vemma Nutrition ကုမ္ပဏီဟာ
    အမြန် ကြီးထွားလာတယ်၊
  • 0:35 - 0:36
    တစ်လအဖွ့ဲဝင် အများဆုံး ၃၀၀၀၀ အထိ
  • 0:36 - 0:41
    ဆွယ်နိုင်လာတဲ့ ကမ္ဘာလုံးဆိုင်ရာ
    လုပ်ငန်းတစ်ခုဖြစ်လာခဲ့တယ်။
  • 0:41 - 0:43
    ပြဿနာတစ်ခုပဲ ရှိခဲ့တယ်
  • 0:43 - 0:49
    ၂၀၁၃ခုနှစ်မှာ ကုမ္ပဏီအနေနဲ့
    နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း၂၀၀ ရနေခဲ့ချိန်မှာ
  • 0:49 - 0:53
    အဖွဲ့ဝင် အများစုကတော့ သူတို့ပေး
    ခဲ့ရတာထက် ပြန်ရတာက နည်းနေခဲ့တယ်
  • 0:53 - 0:56
    Vemma ကုမ္ပဏီဟာ ပိရမစ်စနစ်
    ဖော်ဆောင်နေမှုကြောင့် တရားစွဲခံခဲ့ရတယ်
  • 0:56 - 0:58
    အဖွဲ့ဝင်တွေဟာ အဝယ်လိုက်ဖို့
  • 0:58 - 0:59
    လူထပ်စုဆောင်းတဲ့နည်းနဲ့
  • 0:59 - 1:02
    ငွေရှာတဲ့ အသိများဆဲ့ လိမ်နည်းတစ်မျိုးပါ။
  • 1:02 - 1:05
    ထုံးစံအတိုင်းပဲ တည်ထောင်သူက
    ပစ္စည်းတွေဝယ်ခိုင်းပြီး
  • 1:05 - 1:07
    အစီအစဉ် လူပိုသိဖို့
    ကနဦးလူစုကို ဖျားယောင်းတာပါ။
  • 1:07 - 1:09
    အခြားသူတွေကို စုဆောင်းဖို့
    တွန်းအားပေးကာ
  • 1:09 - 1:12
    သူတို့ရှာထားတဲ့လူတွေရဲ့
    မြှုပ်နှံငွေအချို့ပေးမယ်လို့ ကတိပေးမယ်
  • 1:12 - 1:15
    တည်ထောင်တဲ့သူကလဲ
    ဝေစုအချို့ယူမယ်ပေါ့
  • 1:15 - 1:18
    ဒီပုံစံဟာ လူသစ်ဝင်လာတဲ့အဖွဲ့တိုင်းမှာ
    ထပ်ကာထပ်ကာ ဖြစ်နေမယ်
  • 1:18 - 1:22
    အသစ်ဝင်လာသူတွေရဲ့ ငွေတွေဟာ
    သူတို့ကိုစုဆောင်းခဲ့သူတွေဆီ စီးဆင်းနေတယ်
  • 1:22 - 1:24
    Ponzi စနစ်နဲ့ ကွဲပြားတာက
  • 1:24 - 1:26
    တည်ထောင်သူက အဖွဲ့ဝင်သစ်တွေစုဆောင်းပြီး
  • 1:26 - 1:29
    သူတို့ငွေတွေကို အဖွဲ့ဝင်ပြီးသားသူတွေကို
    လူမသိအောင်ပေးတယ်
  • 1:29 - 1:32
    အဖွဲ့ဝင်ဟောင်းတွေကလဲ သူတို့ရတဲ့ငွေကို
    တရားဝင်မြှုပ်နှံမှုတစ်ခုက ရတယ်ထင်တယ်
  • 1:32 - 1:34
    ပိရမစ်စီးပွားရေးစနစ်
    ကြီးထွားလာတာနဲ့အမျှ
  • 1:34 - 1:38
    အသစ်သွေးဆောင်ခံရသူတွေအနေနဲ့
    ပိုက်ဆံရဖို့ တစ်စထက်တစ်စ ခဲယဉ်းလာကြတယ်
  • 1:38 - 1:42
    ဘာလို့လဲဆိုတော့ ပါဝင်လာသူအရေအတွက်ဟာ
    ထပ်ညွှန်းကိန်းနဲ့ ကြီးထွားလာနေလို့ပါ။
  • 1:42 - 1:47
    လူတစ်ယောက် အမြတ်ရဖို့
    လူ ၆ယောက်စုဆောင်းရတဲ့ ပုံစံဆွဲကြည့်လိုက်ပါ
  • 1:47 - 1:49
    တည်ထောင်သူက စတင်ဖို့
    လူ ၆ယောက်စုဆောင်းတယ်
  • 1:49 - 1:52
    သူတို့တစ်ဦးချင်းစီက
    ၆ယောက်စီထပ်စုဆောင်းတယ်
  • 1:52 - 1:55
    ဒုတိယမြောက် စုဆောင်းမှုအဆင့်မှာ
    လူ ၃၆ဦးရှိနေပြီ
  • 1:55 - 1:57
    ဒီလူတစ်ဦးချင်းစီက
    ၆ဦးစီ စုဆောင်းဦးမယ်
  • 1:57 - 2:01
    အသစ်စုဆောင်းထားတာ
    ၂၁၆ဦးထိ ရှိနေပြီ
  • 2:01 - 2:03
    စုဆောင်းမှု ၁၂ဆင့်မြောက်မှာတော့
  • 2:03 - 2:07
    ၂.၁ ဘီလီယံသော အဖွဲ့ဝင်အသစ်တွေဟာ
  • 2:07 - 2:11
    ပိုက်ဆံရဖို့ လူ ၁၃ဘီလီယံကို
    ထပ်စုဆောင်းရတော့မယ်
  • 2:11 - 2:14
    ကမ္ဘာ့လူဦးရေထက်တောင် ပိုနေပါတယ်
  • 2:14 - 2:15
    ဒီဖြစ်ရပ်မှာ
  • 2:15 - 2:17
    အသစ် စုဆောင်းခံရသူတွေဖြစ်တဲ့
  • 2:17 - 2:20
    စနစ်မှာ ပါဝင်သူဦးရေရဲ့
    ၈၀ရာခိုင်နှုန်းကျော်ဟာ
  • 2:20 - 2:22
    သူတို့ရင်းထားသမျှ
    ငွေအားလုံး ဆုံးရှုံးနေရပါပြီ
  • 2:22 - 2:24
    လက်တွေ့ဖြစ်ရပ်မှာလဲ
  • 2:24 - 2:27
    အသစ်ဝင်လာသူအများစုဟာ
    ဆုံးရှုံးနေကြရတယ်
  • 2:27 - 2:30
    ပိရမစ်စီးပွားရေးဟာ
    နိုင်ငံအများစုမှာ တရားမဝင်ကြပါဘူး
  • 2:30 - 2:32
    စစ်ဆေးဖို့ရာလဲ ခဲယဉ်းပါတယ်
  • 2:32 - 2:34
    ပုံစံမျိုးကွဲပေါင်းများစွာနဲ့
    တည်ရှိနေတတ်ကြတယ်
  • 2:34 - 2:36
    ငွေဝိုင်းစုကာ လက်ဆောင်ပေးတဲ့အဖွဲ့တွေ
  • 2:36 - 2:40
    ငွေအတူစုပြီး မြှုပ်နှံတဲ့အဖွဲ့တွေနဲ့
    ဆင့်ပွားစီးပွားရေးစနစ်တွေ မျိုးစုံပါတယ်
  • 2:40 - 2:44
    ပိရမစ်စီးပွားရေးစနစ်နဲ့ တရားဝင်
    ဆင့်ပွားစီးပွားရေးစနစ်ကြား ခြားနားချက်ဟာ
  • 2:44 - 2:46
    မသဲမကွဲဖြစ်နေတတ်ပါတယ်
  • 2:46 - 2:48
    သီအိုရီအရတော့ ခြားနားချက်အနေနဲ့
  • 2:48 - 2:50
    ဆင့်ပွားစီးပွားရေးကုမ္ပဏီရဲ့
    အဖွဲ့ဝင်တွေဟာ
  • 2:50 - 2:55
    အဓိကအားဖြင့် လက်လီဝယ်သူတွေကို
    ကုန်ပစ္စည်းတစ်ခု ဝန်ဆောင်မှုတစ်ခုကို
  • 2:55 - 2:56
    ရောင်းချပြီး ပိုက်ဆံရကြတယ်
  • 2:56 - 3:01
    ပိရမစ်စီးပွားရေးစနစ်မှာတော့
    လူသစ်စုဆောင်းခြင်းကနေ အဓိကပိုက်ဆံရကြတယ်
  • 3:01 - 3:02
    လက်တွေ့မှာတော့
  • 3:02 - 3:06
    ဆင့်ပွားစီးပွားရေးကုမ္ပဏီတွေက
    အလုပ်ဖြစ်နေကြပေမယ့်
  • 3:06 - 3:08
    အဖွဲ့ဝင်တွေကတော့ ရောင်းတာကနေပဲ
    ငွေရဖို့ဆိုတာ မဖြစ်နိုင်ဘူး
  • 3:08 - 3:12
    ပိရမစ်စီးပွားရေးစနစ်ဖော်ဆောင်နေတဲ့
    Vemma Nutrition လိုကုမ္ပဏီတွေဟာ
  • 3:12 - 3:15
    ထုတ်ကုန်၊ ဝန်ဆောင်မှုကို ဘန်းပြပြီး
    လူဆွယ်မှ ပိုက်ဆံပေးတဲ့စနစ်ကနေ
  • 3:15 - 3:20
    တရားဝင် ဆင့်ပွားစီးပွားရေးကုမ္ပဏီတွေအဖြစ်
    ပုံဖျက်ပြီးနေလေ့ရှိကြပါတယ်
  • 3:20 - 3:25
    ပိရမစ်စီးပွာရေးစနစ်အများစုဟာ
    ယုံကြည်မှုရထားတဲ့ ချက်ခ်ကျောင်းလိုနေရာတွေ
  • 3:25 - 3:29
    ရွှေ့ပြောင်းအခြေချလာသူတွေနဲ့
    စိတ်တူကိုယ်တူအဖွ့ဲတွေကို အမြတ်ထုတ်လာတယ်
  • 3:29 - 3:32
    အမြတ်အစွန်း မရကြသေးခင်မှာပဲ
    ပထမဆုံး အဖွ့ဲဝင်ဖြစ်လာသူတွေကို
  • 3:32 - 3:35
    ကောင်းကြောင်းတွေပြောစေဖို့ တွန်းအားပေးတယ်
  • 3:35 - 3:37
    သူတို့ပတ်ဝန်းကျင်ကသူတွေက
    နမူနာယူပြီးလိုက်လဲလုပ်ကြရော
  • 3:37 - 3:39
    အဖွဲ့ဝင်အများစု အမြတ်ရမနေကြဘူးဆိုတာကို
  • 3:39 - 3:44
    နားမလည်ကြသေးခင်မှာပဲ
    ဖွ့ဲစည်းပုံက ကြီးထွားလာပါတော့တယ်
  • 3:44 - 3:47
    တစ်ခါတစ်ရံမှာ လှည့်ဖျားခံခဲ့ရသူတွေဟာ
    ထုတ်ပြောဖို့ ရှက်တတ်ကြပါတယ်
  • 3:47 - 3:51
    ပိရမစ်စီးပွားရေးဟာ လူတွေကို အခွင့်အလမ်းတွေ
    လုပ်ပိုင်ခွင့်တွေနဲ့ ဆွယ်လေ့ရှိပါတယ်
  • 3:51 - 3:54
    ဒီတော့ အဖွ့ဲဝင်တွေဟာ
    ပိုက်ဆံရှာတာနဲ့တင် အဆုံးသတ်ပဲ
  • 3:54 - 3:57
    စနစ်ထက် သူတို့ကိုယ်သူတို့သာ
    အပြစ်တင်နေတတ်ကြပါတယ်
  • 3:57 - 4:00
    ပေးထားတဲ့ကတိကဝတ်တွေဖြစ်မလာတာက
    သူတို့အသုံးမကျလို့ပါလို့ပဲ တွေးနေတတ်ကြတယ်
  • 4:00 - 4:02
    လှည့်ဖျားခံထားရသူအချို့ကတော့
  • 4:02 - 4:04
    ထပ်ပြီး စနစ်ပေါင်းစုံမှာ
    မြှုပ်နှံနေတတ်ပြီး
  • 4:04 - 4:07
    မြှုပ်နှံလိုက်တိုင်း ပိုက်ဆံတွေ
    ဆုံးရှုံးနေကြရပါတယ်
  • 4:07 - 4:08
    ဒီလိုမျိုးတွေ ဖြစ်တတ်တယ် ဆိုပေမယ့်လဲ
  • 4:08 - 4:11
    ပိရမစ်စနစ်ဆိုတာ သတိပြုမိစေဖို့
    နည်းလမ်းတွေရှိပါတယ်
  • 4:11 - 4:14
    အချိန်တိုအတွင်းဖိအားပေးနေတာဟာ
    သတိပြုစရာတစ်ချက်ပါ
  • 4:14 - 4:19
    ချက်ချင်းလုပ်ပါ၊ ၊ တစ်သက်မှာတစ်ခါပဲရမယ့်
    အခွင့်အရေးကြီးပါ ဆိုတာမျိုးကို သတိပြုပါ
  • 4:19 - 4:24
    ဘဝပါပြောင်းသွားစေမယ့် ငွေပမာဏ
    အများကြီးဝင်မယ်ပြောလာရင်လဲ သံသယဖြစ်စရာပါပဲ
  • 4:24 - 4:28
    နောက်ဆုံးအနေနဲ့ပြောရရင်
    တရားဝင်ဆင့်ပွားစီးပွားရေးလုပ်ငန်းတွေဟာ
  • 4:28 - 4:33
    ထုတ်ကုန်၊ ဝန်ဆောင်မှုကိုရောင်းချဖို့
    အဖွဲ့ဝင်တွေကို ငွေပေးမနေသင့်ပါဘူး
  • 4:33 - 4:37
    ပိရမစ်စီးပွားရေးစနစ်ဟာ တစ်ဦးတစ်ယောက်ချင်း၊
    အဖွဲ့အစည်းတွေနဲ့
  • 4:37 - 4:41
    တစ်နိုင်ငံလုံးအထိပါ
    ဖျက်ဆီးနိုင်စွမ်းရှိပါတယ်
  • 4:41 - 4:43
    မီးကို မီးနဲ့တိုက်လိုက်ပါ
  • 4:43 - 4:46
    ယခုဗီဒီယိုကို
    သင့်အသိလူသုံးဦးဆီ ဝေမျှပြီး...
  • 4:45 - 4:49
    သူတို့ကိုလည်း ထိုနည်းတူ
    ပြန်လည်ဝေမျှဖို့ ပြောပြလိုက်ပါ
Title:
ပိရမစ်စီးပွားရေးဆိုတာ ဘယ်လိုသတိပြုနိုင်မလဲ
Speaker:
စတေစီ ဘော့စ်စလေ
Description:

သင်ခန်းစာ အပြည့်အစုံကို View full lesson: https://ed.ted.com/lessons/how-to-spot-a-pyramid-scheme-stacie-bosley တွင်ကြည့်ပါ။ခ၂၀၀၄ ခုနှစ်မှာ အာဟာရပစ္စည်းတွေရောင်းတဲ့ ကုမ္ပဏီတစ်ခုကနေ အချိန်ပိုင်းအလုပ်လုပ်ရုံကနေ အချိန်ပြည့်ပိုက်ဆံရနေစေမယ့် ဘဝပြောင်းသွားစေမယ့် အခွင့်အရေးတစ်ခုကို ကမ်းလှမ်းခဲ့ကြတယ်။ လုပ်ငန်းစဉ်က နှစ်ခုပဲရှိတယ်၊ ဒေါ်လာ ၅၀၀တန် ပစ္စည်းတစ်စုံကိုဝယ်ယူပြီး လူသစ်နှစ်ဦး စုဆောင်းပေးရုံပဲဖြစ်တယ်။ ၂၀၁၃ ခုနှစ်အရောက်မှာ ကုမ္ပဏီအနေနဲ့ ဒေါ်လာ သန်း၂၀၀လောက် ဝင်နေခဲ့တယ်။ ပြဿနာကတစ်ခုပဲရှိခဲ့တယ်၊ အဖွဲ့ဝင်အများစုဟာ သူတို့ကုန်သွားတာထက် ပြန်ရတာက နည်းနေခဲ့တာပဲဖြစ်တယ်။ စတေစီ ဘော့စ်လေက ပိရမစ်စီပွားရေးစနစ်အကြောင်းနဲ့ ဘယ်လိုသတိပြုနိုင်မလဲဆိုတာ ရှင်းပြပေးပါလိမ့်မယ်။ သင်ခန်းစာကို Stacie Bosley က ပြုစုပြီး Wooden Plane Production က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:49

Burmese subtitles

Revisions Compare revisions