Return to Video

TEDTalks ဟောပြောချက် ၁၀၀၀ ၊ စကားလုံး ၆ လုံး။ Sebastian Wernicke | TEDxZurich

  • 0:06 - 0:10
    လောလောဆယ် TED ဝက်ဆိုဒ်မှာ
    TED Talks တစ်ထောင်ကျော်ရှိပါတယ်။
  • 0:10 - 0:15
    ကျွန်တော့အထင် ခင်းဗျားတို့ အများအပြားက
    ဒါကို တော်တော် ကြီးကျယ်တယ်လို့ ထင်ကြမယ်၊
  • 0:15 - 0:17
    ကျွန်တော်ကလွဲရင်ပေါ့၊
    ကျွန်တော် သဘောမတူဘူး။
  • 0:17 - 0:18
    အနေအထားတစ်ခုရှိတယ်
    လို့ထင်တယ်။
  • 0:18 - 0:22
    အကြောင်းက ဒီအကြောင်း ခင်ဗျားတို့တွေးရင်
    TED Talks ၁၀၀၀၊
  • 0:22 - 0:25
    ပျံ့နှံ့ထိုက်တဲ့ စိတ်ကူး ၁၀၀၀ ကျော်ပေါ့။
  • 0:25 - 0:29
    စိတ်ကူးတစ်ထောင်ကို
    ဘယ်လိုလုပ်ပြီး ပျံ့နှံ့အောင်လုပ်မှာတုန်း။
  • 0:30 - 0:33
    ဒီ TED ဗီဒီယို တစ်ထောင်လုံးကို ကြည့်ပြီး
  • 0:33 - 0:35
    ခေါင်းထဲမှာ ထည့်ဖို့ ကြိုးစားရင်တောင်
  • 0:35 - 0:39
    လောလောဆယ် ဒီလိုလုပ်ဖို့ နာရီပေါင်း
    ၂၅၀ ကျော်ကြာလိမ့်မယ်။
  • 0:39 - 0:42
    ဒီအကြောင်း နည်းနည်း တွက်ခဲ့တယ်။
  • 0:42 - 0:46
    ဒါလုပ်တဲ့သူ တစ်ဦးချင်းစီကို စီးပွားရေး
    ထိခိုက်တာက ဒေါ်လာ ၁၅၀၀၀ လောက်ရှိတယ်။
  • 0:46 - 0:50
    ဒီတော့ ဒီစီးပွားရေးအတွက်
    အဲဒီဘေးကို မြင်မိလို့
  • 0:50 - 0:53
    ဒီပြဿနာအတွက် အဖြေတစ်ခု
    ရှာဖို့လိုတယ်ထင်မိတယ်။
  • 0:55 - 0:57
    ဒါကတော့ ကျွန်တော့ရဲ့ ချဉ်းကပ်နည်းပါ။
  • 0:57 - 1:01
    လက်ရှိအနေအထားကိုကြည့်ရင်
    သင့်မှာ TED Talks တစ်ထောင်ရှိတယ်။
  • 1:01 - 1:05
    ဒီ TED Talks တစ်ခုချင်းစီမှာ
    စကားလုံး ၂၃၀၀ လောက် ပျမ်းမျှအရှည်ရှိတယ်။
  • 1:05 - 1:10
    ကဲ အာလုံးပေါင်းလိုက်ရင် စကားလုံးပေါင်း
    ၂.၃ သန်းရှိတဲ့ TED Talks ဖြစ်သွားတယ်။
  • 1:10 - 1:13
    ဒါဟာ သမ္မာကျမ်းစာမှာပါတာရဲ့ သုံးဆလောက်ပါ။
  • 1:13 - 1:14
    (ရယ်သံများ)
  • 1:14 - 1:19
    ဒီမှာ ရှင်းနေတဲ့ မေးခွန်းက TED Talk
    တစ်ခုဟာ တကယ်ပဲ စကားလုံး၂၃၀၀ လိုလို့လား။
  • 1:19 - 1:20
    ပိုပြီးတိုတာရော မရှိဘူးလား။
  • 1:21 - 1:23
    ဆိုတာက ပျံ့နှံ့ထိုက်တဲ့ စိတ်ကူးတစ်ခုရှိရင်
  • 1:23 - 1:26
    စကားလုံး ၂၃၀၀ ထက် ပိုတိုပြီး
    တင်ပြနိုင်တာ သေချာပါတယ်
  • 1:26 - 1:29
    မေးစရာရှိတာကတော့
    ဘယ်လောက် တိုနိုင်သလဲပေါ့။
  • 1:29 - 1:32
    TED Talk တစ်ခုလုပ်ဖို့ လိုမယ့်အနည်းဆုံး
    စကားလုံး ပမာဏက ဘယ်လောက်လဲ။
  • 1:33 - 1:34
    ဒီမေးခွန်းကို တွေးနေရင်း
  • 1:34 - 1:38
    Ernest Hemingway အကြောင်း ဒီမြို့ပြ
    ပုံပြင်လေး အမှတ်မထင်တွေ့မိတယ်။
  • 1:38 - 1:41
    အဆိုအရ ဟောဒီ စကားလုံး
    ခြောက်လုံးကို ဆိုခဲ့သူပါ။
  • 1:41 - 1:44
    "ရောင်းရန်။ တစ်ခါမှ မဝတ်ရသေးတဲ့
    ကလေး ဖိနပ်"
  • 1:44 - 1:46
    သူတစ်ခါမှ ရေးခဲ့တဲ့ အကောင်းဆုံးဝတ္ထုပါ။
  • 1:46 - 1:49
    Six-Word Memoirs ဆိုတဲ့ ပရောဂျက်တစ်ခု
    လည်း ကြုံခဲ့ရတယ်။
  • 1:49 - 1:51
    အဲဒီမှာ လူတွေကို မေးတာက
    သင့်ဘဝတစ်ခုလုံး ယူ၊
  • 1:51 - 1:54
    စကားလုံးခြောက်လုံးနဲ့ အနှစ်ချုပ်ပြပါတဲ့။
    ဟောဒါက ဥပမာတွေပါ။
  • 1:54 - 1:56
    "အချစ်စစ်ကိုတွေ့၊ လက်ထပ်တာက အခြားတစ်ယောက်"
  • 1:56 - 1:58
    (သို့) ဖြစ်တည်မှု လေဟာနယ်မှာ
    နေထိုင်၊ ဆိုးလိုက်တာ"
  • 1:58 - 2:00
    ဒီတစ်ခုတော့ အတော်ကြိုက်တယ်။
  • 2:02 - 2:04
    ဒီတော့ ဝတ္ထုတစ်ပုဒ်ကို စကားလုံး
    ခြောက်လုံးနဲ့
  • 2:05 - 2:08
    ဘဝမှတ်တမ်းတစ်ခုလုံးကို စကားလုံး
    ခြောက်လုံးနဲ့ ဖော်ပြနိုင်ရင်
  • 2:08 - 2:11
    TED Talk တစ်ခုအတွက်
    စကားလုံးခြောက်လုံးထက် ပိုမလိုပါဘူး။
  • 2:11 - 2:14
    ဒီမှာ နေ့လည်စာမတိုင်ခင် ပြီးသွားနိုင်တယ်။
  • 2:14 - 2:15
    (ရယ်သံများ)
  • 2:15 - 2:18
    ဒါကို TED Talks တစ်ထောင်လုံးအတွက်
    လုပ်ရင်
  • 2:18 - 2:21
    စကားလုံး ၂.၃ သန်းကို
    ၆၀၀၀ အထိလျော့သွားလိမ့်မယ်။
  • 2:21 - 2:23
    ဒီတော့ အတော်လေး လုပ်ထိုက်တယ်လို့ ထင်တယ်
  • 2:23 - 2:25
    ဒါနဲ့ မိတ်ဆွေအားလုံးကို စမေးတယ်၊
  • 2:25 - 2:28
    အကြိုက်ဆုံး TED Talk ကို စကားလုံး
    ခြောက်လုံးနဲ့ ဖော်ပြပါပေါ့။
  • 2:28 - 2:30
    ဒါတွေက ကျွန်တော်ရခဲ့တဲ့
    ရလဒ်တစ်ချို့ပါ။
  • 2:30 - 2:31
    အတော်လေး ကောင်းတယ် ထင်ပါတယ်။
  • 2:31 - 2:34
    ဥပမာ Dan Pink ရဲ့ စိတ်ဓာတ်လှုံ့ဆော်မှု
    ဟောပြောချက်က အတော်ကောင်းတယ်
  • 2:34 - 2:37
    ခင်ဗျား မကြည့်ရသေးရင် "ကြက်တူရွေးကိုချ၊
    တုတ်ကိုချ၊ အဓိပ္ပါယ်ယူလာ"
  • 2:37 - 2:40
    အခြေခံအားဖြင့် ဒီအကြောင်းကို ၁၈.၅ မိနစ်
    အတွင်း ပြောနေတာ(သို့)
  • 2:41 - 2:43
    ဟောပြောသူတွေကို ရည်းညွှန်းတာ
    တစ်ချို့တောင်ပါတယ်။
  • 2:43 - 2:46
    ဥပမာ Nathan Myhrvold ရဲ့ ပြောဟန်၊
    (သို့) Tim Ferriss ရဲ့တစ်ခုပေါ့။
  • 2:46 - 2:49
    ဒါက တစ်ခါတစ်လေ နည်းနည်း
    ပင်ပန်းလောက်တယ်လို့ ယူဆရတယ်
  • 2:50 - 2:53
    ဒီမှာရှိတဲ့ စိန်ခေါ်မှုက
    ဒါကို ကျွန်တော် စနစ်တကျ ကြိုးစားလုပ်ရင်
  • 2:53 - 2:56
    အနှစ်ချုပ်တွေ အများကြီး ရသွားမှာဖြစ်ပေမဲ့
  • 2:56 - 2:57
    အဆုံးမှာ မိတ်ဆွေတွေတော့ မဟုတ်ဘူးပေါ့။
  • 2:57 - 3:01
    ဒီတော့ မတူတဲ့နည်းတစ်ခု ရှာဖို့လိုတယ်။
    ဖြစ်နိုင်ရင် လုံးဝ သူစိမ်းတွေပါဝင်တာပေါ့။
  • 3:02 - 3:05
    ကံကောင်းချင်တော့ ဒီအတွက် Mechanical Turk
    လို့ခေါ်တဲ့ ဝက်ဘ်ဆိုဒ်တစ်ခုရှိတယ်၊
  • 3:05 - 3:07
    ဒါက ကိုယ်တိုင် မလုပ်ချင်တဲ့ အလုပ်တွေကို
  • 3:07 - 3:09
    တင်လို့ရတဲ့ ဝက်ဘ်ဆိုဒ်ပါ။
  • 3:09 - 3:12
    ဥပမာ "ဒီစာပိုဒ်ကို စကားလုံး
    ခြောက်လုံးနဲ့ အနှစ်ချုပ်ပေးပါ။"
  • 3:12 - 3:15
    တန်ဖိုးနည်း တိုင်းပြည်တွေကို
    ဒီမှာလုပ်ခွင့် မပေးခဲ့ပေမဲ့
  • 3:15 - 3:19
    စကားလုံး ခြောက်လုံး အနှစ်ချုပ်ကို
    ၁၀ ဆင့်နဲ့ ရနိုင်တာကို တွေ့ခဲ့တယ်၊
  • 3:19 - 3:21
    တော်တော် တန်တဲ့ စျေးလို့ ထင်ပါတယ်။
  • 3:22 - 3:23
    ဒါတောင်မှ ကံဆိုးချင်တော့
  • 3:23 - 3:26
    TED Talk တစ်ခုစီကို
    သီးသန့် အနှစ်ချုပ်ဖို့ မဖြစ်နိုင်ဘူး။
  • 3:26 - 3:29
    အကြောင်းက တွက်လိုက်ရင်
    သင့်မှာ TED Talk တစ်ထောင်ရှိပြီး
  • 3:29 - 3:30
    တစ်ခုကို ၁၀ ဆင့်ပေးတော့
  • 3:30 - 3:33
    ဒီဟောပြောချက်တစ်ခုစီအတွက်
    အနှစ်ချုပ် တစ်ခုထက်ပိုလုပ်ဖို့လိုတယ်
  • 3:33 - 3:36
    အကြောင်းက တစ်ချို့ဟာတွေက တကယ်ကို
    ဆိုးသွားနိုင်လို့ပါ။
  • 3:36 - 3:39
    ဒီတော့ ကျွန်တော် ဒေါ်လာ ရာနဲ့ချီ
    ပေးလိုက်ရတော့မှာပေါ့။
  • 3:39 - 3:40
    ဒီတော့ အင်း ဟောပြောချက်တွေက
  • 3:40 - 3:46
    အချို့အကြောင်းအရာတွေ နားမှာပဲ လည်နေတာလို့
    တွေးရင်း တစ်ခြားနည်းတစ်ခု တွေးခဲ့တယ်။
  • 3:46 - 3:51
    ဒီတော့ TED Talks တစ်ခုချင်း စကားလုံး
    ခြောက်လုံးထိ အနှစ်ချုပ်ခွင့် မပေးပေမဲ့
  • 3:51 - 3:53
    တစ်ချိန်တည်းမှာ TED Talks ၁၀ ခုပေးပြီး
  • 3:53 - 3:56
    "ဒါကို စကားလုံးခြောက်လုံး
    အနှစ်ချုပ် လုပ်ပေးပါ"ဆိုရင်
  • 3:56 - 3:58
    ကုန်ကျစရိတ် ၉၀ % လောက် သက်သာလိမ့်မယ်။
  • 3:58 - 4:00
    ဒီတော့ ဒေါ်လာ ၆၀ ပေါ့။
  • 4:00 - 4:04
    ကျွန်တော် TED Talks တစ်ထောင်ကို
    စကားလုံး ၆၀၀ နဲ့ပဲ အကျဉ်းချုပ်နိုင်ပါတယ်။
  • 4:04 - 4:06
    ဒါဟာ တကယ့်ကို ကောင်းပါလိမ့်မယ်။
  • 4:07 - 4:10
    ရှင်းနေတာက တစ်ချို့လူတွေ ဒါလုပ်ခဲ့တယ်၊
  • 4:10 - 4:13
    တကယ်ပါ၊ လူတိုင်းကို ၁၀ ဆင့် ပေးခဲ့တယ်။
  • 4:15 - 4:17
    ခင်ဗျားတို့ထဲက တစ်ချို့ အခု တွေးနေလောက်တာက
  • 4:17 - 4:21
    TED Talks ၁၀ ခုကို စကားလုံးခြောက်လုံးနဲ့
    အနှစ်ချုပ်တာ အရူးသက်သက်ပဲလို့။
  • 4:21 - 4:22
    ဒါပေမဲ့ တကယ်က မဟုတ်ဘူး။
  • 4:23 - 4:26
    အကြောင်းက စာရင်းအင်း ပါမောက္ခ
    Hans Rosling ရဲ့ နမူနာတစ်ခုရှိတယ်။
  • 4:26 - 4:29
    သူ့ရဲ့ ဟောပြောချက်တစ်ခု မဟုတ်
    ပိုပြီး ကြည့်ဖူးတယ်ထင်တယ်
  • 4:29 - 4:30
    အွန်လိုင်းမှာ ရှစ် ခုရှိပြီး
  • 4:30 - 4:33
    အခြေခံအားဖြင့်တော့ ဒါတွေကို စကားလုံး
    လေးလုံးနဲ့ အနှစ်ချုပ်နိုင်တယ်။
  • 4:33 - 4:37
    အကြောင်းက အခြေခံအားဖြင့် သူပြနေတာက
    ကျွန်တော်တို့ရဲ့ ဗီဇစိတ်ဟာ တကယ် ဆိုးတာပါ။
  • 4:38 - 4:39
    မှားတာကို အမြဲ သက်သေပြတယ်။
  • 4:40 - 4:43
    ဒီတော့ အင်တာနက်ကလူတွေ
    တစ်ချို့က ကောင်းကာင်းမလုပ်ဘူး။
  • 4:43 - 4:46
    TED Talks ၁၀ ခုကို တစ်ချိန်တည်းမှာ
    အနှစ်ချုပ်ပေးဖို့ သူတို့ကိုပြောတော့
  • 4:46 - 4:48
    သူတို့ အလွယ်လမ်းလုပ်သွားတယ်။
  • 4:48 - 4:50
    သူတို့မှာ ယျေဘုယျ မှတ်ချက်ပဲရှိတယ်။
  • 4:50 - 4:51
    အခြားသူတွေက
  • 4:52 - 4:54
    အခြားသူတွေရှိပါတယ်၊
    ဒါက အတော်လေး လူပါးဝတယ်လို့ထင်တယ်။
  • 4:54 - 4:57
    သူတို့ရဲ့ စကာလုံးခြောက်လုံး
    သုံးကာ ပြန်ပြောပြီး
  • 4:57 - 4:59
    ကျွန်တော်ကို မကြာခင်က Google မှာ
    အရမ်း များလားတဲ့
  • 4:59 - 5:00
    (ရယ်သံများ)
  • 5:00 - 5:03
    နောက်ဆုံး ကျွန်တော်လည်းဒါကို
    ဘယ်တော့မှ နားမလည်ဘူး။





  • 5:03 - 5:06
    တစ်ချို့တွေက အမှန်တရားရဲ့
    သူတို့ကိုယ်ပိုင်မူကို တွေရခဲ့တယ်။
  • 5:06 - 5:09
    TED Talk တိုင်းမှာ ဒါပါဝင်တာ
    မသိကြဘူး။
  • 5:09 - 5:10
    ဒါပေမဲ့ အိုး
  • 5:10 - 5:12
    ဒါပေမဲ့လည်း အဆုံးမတော့
    ပြီးတော့ ဒါက အံ့ဩစရာပါ၊
  • 5:12 - 5:15
    ကျွန်တော် တင်ခဲ့တဲ့ TED Talk ၁၀ ခုတွဲရဲ့
    တစ်ခုစီတိုင်းအတွက်
  • 5:15 - 5:17
    အဓိပ္ပါယ်ရှိတဲ့ အနှစ်ချုပ်တွေ ရခဲ့တယ်။
  • 5:17 - 5:19
    ဟောဒါတွေက အကြိုက်ဆုံးတွေပါ။
  • 5:19 - 5:21
    ဥပမာ အစားအသောက်အကြောင်း TED Talks
    တွေအတွက်

  • 5:21 - 5:25
    တစ်ယောက် အနှစ်ချုပ်တာက "အစာက ခန္ဓာ၊
    ဦးနှောက်နဲ့ဝန်းကျင်ကို ပုံသွင်းတယ်။"
  • 5:25 - 5:26
    ဒါက အတော်ကောင်းတယ် ထင်တယ်။
  • 5:26 - 5:29
    (သို့)ပျော်ရွှင်မှု၊ "ပျော်ရွှင်မှုဆီ
    ကြိုးစား၊ မပျော်ရွှင်မှုဆီလှမ်း"
  • 5:29 - 5:30
    ဟောဒါက ကျွန်တော်ပါ။
  • 5:30 - 5:32
    TED Talks တစ်ထောင်နဲ့ စခဲ့ပြီး



  • 5:33 - 5:35
    ဒါတွေအတွက် စကားလုံးခြောက်လုံး
    အနှစ်ချုပ် ၆၀၀ ရခဲ့တယ်။
  • 5:36 - 5:38
    တကယ်တော့ အစမှာ
    ကောင်းတဲ့ပုံပေါက်ခဲ့တယ်။
  • 5:38 - 5:41
    ဒါပေမဲ့ အနှစ်ချုပ် ၆၀၀ ကို ကြည့်လိုက်တော့
    အတော်များတယ်၊ ဧရာမ စာရင်းပါ။
  • 5:41 - 5:42
    (ရယ်သံများ)
  • 5:42 - 5:45
    ဒီတော့ တွေးမိတာက ဒီနောက်တစ်ဆင့်
    တက်လိုက်ဖို့လိုပြီး
  • 5:45 - 5:49
    အနှစ်ချုပ်ရဲ့အနှစ်ချုပ် ဖန်တီးဖို့ ဖြစ်
    လောက်တယ်၊ ကျွန်တော်လုပ်ခဲ့တာ အတိအကျပါ
  • 5:49 - 5:52
    ဒါနဲ့ ကိုယ့်ရှိတဲ့ အနှစ်ချုပ် ၆၀၀ ယူပြီး
    ဟောပြောချက်တွေ TED.com မှာ
  • 5:52 - 5:56
    မူလ ရရှိခဲ့တဲ့ အဆင့်တွေအလိုက်
    အုပ်စု ကိုးစုခွဲလိုက်ကာ။
  • 5:56 - 5:59
    လူတွေကို ဒါတွေရဲ့ အနှစ်ချုပ်တွေ
    လုပ်ဖို့ ပြောပါတယ်
  • 6:00 - 6:02
    ထပ်ပြီးတော့ နားလည်မှုလွဲတာတွေ ရှိခဲ့တယ်။
  • 6:02 - 6:05
    ဥပမာ "နှစ်သက်ဖွယ်" အားလုံးရဲ့
    ဟောပြောချက်အတွဲ ရတဲ့အခါ တစ်ဦးက
  • 6:05 - 6:08
    ကျွန်တော်ဟာ အဆုံးစွန် အဖွင့်စကားတွေ
    ရှာဖို့ ကြိုးစားနေတာလို့ ထင်ရော
  • 6:08 - 6:10
    ဒါပမဲ့ အဆုံးကျတော့ အံဩစရာပဲ
  • 6:11 - 6:13
    ထပ်ပြောရင် လူတွေ လုပ်နိုင်ခဲ့တယ်
  • 6:13 - 6:15
    ဥပမာ ရဲရင့်တဲ့ TED Talks တွေအားလုံးမှာ
  • 6:15 - 6:17
    "သေလုဆဲ (သို့) ခံစားနေရတဲ့ လူတွေဟာ
    အနီးမှာ လွယ်ကူတဲ့
  • 6:17 - 6:19
    အဖြေတွေနဲ့ လူတွေပါ။
"
  • 6:19 - 6:21
    (သို့) ပါးစပ် အဟောင်းသားဖြစ်စေတဲ့
    TED Talk အတွက်နည်းက
  • 6:21 - 6:24
    စကြာဝဠာအချင်းချင်း ဂန္ဓဝင်
    ဂီတစာဆိုရဲ့ Flickr ပုံတွေ"
  • 6:24 - 6:26
    ဆိုလိုတာက ဒါက အားလုံးရဲ့ အနှစ်သာရပါ။
  • 6:27 - 6:32
    အခု ကျွန်တော့မှာ အုပ်စု ကိုးစုရှိပေမဲ့
    ဆိုလိုတာက ဒါက အတော်လေး လျှော့ပြီးပါပြီ။
  • 6:32 - 6:35
    ဒါပေမဲ့ တကယ်တမ်းက ဒီလောက်
    ခရီးပေါက်ပြီဆိုတာနဲ့ တကယ်ကို အားမရပါဘူး။
  • 6:35 - 6:38
    TED Talks တစ်ထောင်ကနေစပြီး
    အဆီအနှစ် ထုတ်တဲ့ဆီအထိကို
  • 6:38 - 6:40
    တောက်လျှာက် ကျွန်တော် သွားချင်ခဲ့တယ်၊
  • 6:40 - 6:44
    TED Talks တစ်ထောင်ကို စကားလုံး
    ခြောက်လုံးနဲ့ အနှစ်ချုပ်ချင်ခဲ့တယ်။
  • 6:45 - 6:48
    ဒါက ပါဝင်တာရဲ့ ၉၉.၉၉၉၇ ရာခိုင်နှုန်း
    လျှော့ချတာဖြစ်လိမ့်မယ်။
  • 6:48 - 6:52
    ကျွန်တော်က ၉၉.၅၀ ဒေါ်လာပဲ ပေးမှာဆိုတော့
  • 6:52 - 6:54
    ဒါအတွက် ဒေါ်လာ ၁၀၀ အောက်မှာတောင် ရှိမယ်။
  • 6:55 - 6:57
    ဒါနဲ့ စုစုပေါင်း ၅၀ လုပ်ခိုင်းတယ်။
  • 6:57 - 6:58
    ဒီတစ်ခါ ၂၅ ဆင့် ပေးခဲ့ပါတယ်၊
  • 6:58 - 7:00
    ဒီအလုပ်က ပိုခက်တယ်လို့ ထင်တာကြောင့်ပါ။
  • 7:00 - 7:04
    ကံဆိုးချင်တော့ ဒီအဖြေတွေ ပထမရတော့
  • 7:04 - 7:07
    ဟောဒီမှာ မြင်ရတဲ့ အဖြေ ခြောက်ခုပါ။
    နည်းနည်း စိတ်ပျက်သွားတယ်။
  • 7:07 - 7:11
    အကြောင်းက သဘောတူမယ်ထင်ပါတယ်၊
    TED ရဲ့ ရှုထောင့်ကို အနှစ်ချုပ်ပေမဲ့
  • 7:11 - 7:13
    ကျွန်တော့အတွက်တော့ သူတို့
    နည်းနည်း ရောထားတယ်၊
  • 7:13 - 7:16
    (သို့) ဒါတွေထဲမှာ TED ရဲ့ ရှုထောင့်
    တစ်ခုခု ရှိရုံပဲလေ။
  • 7:17 - 7:19
    ဒါနဲ့ စွန့်လွတ်ခါနီးနီးမှာ
  • 7:19 - 7:22
    တစ်ည ဒီစာကြောင်းတွေနဲ့ ဆော့တော့
  • 7:22 - 7:26
    ဒီမှာ နှစ်သက်ဖွယ် အဖြေတစ်ခု ရှိတာ
    တွေ့လိုက်ရတယ်။
  • 7:26 - 7:28
    ဟောဒီမှာပါ။
  • 7:28 - 7:32
    အစုအဝေး အရင်းမြစ်၊ ဒေါ်လာ ၉၉.၅၀ တန်
    TED Talks ရဲ့ စကားလုံး ခြောက်လုံး
  • 7:32 - 7:35
    အနှစ်ချုပ်ပါ။
  • 7:35 - 7:38
    "ဘာကြောင့် စိတ်ပူတာလဲ၊ အံ့တောင်ဩမိတယ်"
  • 7:38 - 7:39
    ကျေးဇူးအများကြီး တင်ပါတယ်။
  • 7:39 - 7:45
    (လက်ခုပ်သံများ)
Title:
TEDTalks ဟောပြောချက် ၁၀၀၀ ၊ စကားလုံး ၆ လုံး။ Sebastian Wernicke | TEDxZurich
Description:

Sebastian Wernicke က TEDTalk ဟောပြောချက်တိုင်းကို စကားလုံး ခြောက်လုံးနဲ့ အနှစ်ချုပ်လို့ ရနိုင်တယ်လို့ ထင်ပါတယ်။ TEDxZurich မှာ ဒါကို ဘယ်လိုလုပ်နိုင်​​ကြောင်းကို သူက ပြသထားပါတယ်၊ အဲဒီထက်တောင် လျှော့ချလို့ ရနိုင်ပါသေးတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
07:42

Burmese subtitles

Revisions Compare revisions