Return to Video

Sekolah Tunas Harapan Bangsa

  • 0:04 - 0:06
    အစကထဲက...
  • 0:07 - 0:13
    နေရာတွေအကုန်လုံးကို စဉ်းစားခဲ့တယ်
  • 0:14 - 0:16
    အထူးသဖြင့် ဆာဗာဘက်ပိုင်းပေါ့
  • 0:17 - 0:21
    အင်ဒိုနီးရှားကျောင်းတွေ ဆောက်နိုင်မယ့်နေရာလေ
  • 0:22 - 0:26
    အူလူကီမာနစ်ဘက်မှာရော အင်ဒိုကျောင်းတစ်ကျောင်း ဘာကြောင့်မလုပ်နိုင်ရမှာလဲ
  • 0:27 - 0:36
    ဒီကျောင်းရှိတော့ အနီးအနားက ကလေးတွေရော အင်ဒိုနီးရှားကလေးတွေရော လာသင်နိုင်တယ်
  • 0:37 - 0:41
    ဒီကျောင်းကို တူနာစ်ဟာရပန်ဘန်ဆာလို့ခေါ်တယ်
  • 0:42 - 0:46
    အစပိုင်းမှာတော့ ကျွန်တော် စိတ်မကောင်းဖြစ်ခဲ့တယ်
  • 0:46 - 0:57
    အရွယ်မရောက်သေးတဲ့ကလေးတွေ အလုပ်လုပ်နေကြတာကို ခရီးသွားတိုင်းမြင်ခဲ့ရတယ်
  • 0:57 - 1:02
    ဘာကြောင့် မိဘတွေက သူတို့ကလေးတွေကို အလုပ်ခွင်ထဲပို့လိုက်တာလဲ
  • 1:03 - 1:06
    ဒါက ပြဿနာ ဖြစ်လာပြီ
  • 1:07 - 1:19
    ဒါကိုတွေးမိတာနဲ့ အူလူကီမာနစ်မှာ ဘယ်လိုကျောင်းဆောက်နိုင်မလဲဆိုတဲ့နည်းလမ်းကို ရှာခဲ့တယ်
  • 1:20 - 1:24
    အစပိုင်းတော့ ကျွန်တော်တို့မှာ ဆရာတောင်မရှိဘူး
  • 1:25 - 1:32
    နောက်မှ တစ်ဆင့်စကားတစ်ဆင့်ကြားပြီး
  • 1:32 - 1:38
    သင်ကြားခွင့်လက်မှတ်ရှိထားတဲ့ အင်ဒိုနီးရှားတွေ..
  • 1:39 - 1:44
    ပညာရေးဒီကရီရအင်ဒိုတွေက ဒီမှာဆရာဖြစ်ဖို့ လာလျှောက်ကြတော့တာ
  • 1:45 - 1:52
    အစပိုင်းမှာ ဆရာမ(၂)ယောက် ဆရာ(၁)ယောက် လျှောက်တယ်
  • 1:53 - 1:55
    မီလီယာတီ တိုဒင်..သူက အဲဒီအချိန်မှာ ငါတို့နဲ့အတူရှိခဲ့တယ်
  • 1:56 - 1:58
    အခုအချိန်ထိလည်း ရဲဘော်ရဲဘက်ပဲ
  • 1:58 - 1:59
    သူက ငါတို့ရဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်တယ်
  • 2:01 - 2:06
    ဒီကျောင်းကို စလုပ်တဲ့အချိန်တုန်းက ပုဂ္ဂလိကကျောင်းအဖြစ် စခဲ့တာ
  • 2:06 - 2:10
    ဒီတော့ ကျောင်းသားမိဘတွေက အစစအရာရာတာဝန်ယူဖို့လိုတယ်
  • 2:12 - 2:16
    ဒီနေရာငှားခအဖြစ် ရင်းဂစ်(၅၀၀)ကို လစဉ် ပေးရတယ်လေ
  • 2:17 - 2:20
    အဆောက်အဦရဲ့ကြမ်းပြင်ကို ဘိလပ်မြေအိတ်(၃၀၀)လောက်နဲ့လုပ်တယ်
  • 2:21 - 2:23
    ဒါတွေကို တရုတ်တွေက လှူခဲ့တာပါ
  • 2:25 - 2:32
    ဒီတော့ မိဘတွေအနေနဲ့ တစ်ဆင့်လောက်တောင်မှ ဒီကျောင်းအတွက် ငွေထုတ်စရာမလိုဘူး
  • 2:33 - 2:45
    အုတ်မြစ်ကို ဘိလပ်မြေ(၃၀၀)သုံးပြီးနောက် သစ်သားကျောင်းနံရံတွေအားလုံးကိုလည်း တရုတ်တွေကပဲ ကူညီတယ်
  • 2:47 - 2:51
    တစ်ကျောင်းလုံးရဲ့ခေါင်မိုးလည်း သူတို့ပဲလှူတာပေါ့
  • 2:51 - 2:52
    ဒီတော့ အကုန် အခမဲ့ပဲလေ
  • 2:53 - 2:59
    ကလေးတွေကို မိဘတွေကျောင်းပို့ချိန်ကိုပဲ ကျွန်တော်တို့စောင့်ဖို့လိုတယ်
  • 3:00 - 3:03
    ကျောင်းကိုထောက်ပံ့ဖို့ ဘာဆိုဘာမှမလိုပါဘူး
  • 3:07 - 3:11
    မစ္စတာပီထရပ်စ်ကတော့ ဆာဗာကေ၇ွှ့ပြောင်းလုပ်သားတွေရဲ့သားသမီးတွေကို အလုပ်လုပ်ခိုင်းမယ့်အစား င်္ဒီမှာကျောင်းလာထားဖို့ ကြိုးစားနေတုန်းပဲ
  • 3:12 - 3:17
    ဆာဗာမှာ ကျောင်းတွေအများကြီးရှိပေမယ့် အင်ဒိုနီးရှားအစိုးရရဲ့အထောက်အပံ့ကို လက်မခံဘူး
  • 3:18 - 3:21
    ဆီကိုလာဟာရပန်ဘန်ဆာ ကို ဆက်သွယ်နိုင်ရန်
Title:
Sekolah Tunas Harapan Bangsa
Video Language:
Indonesian
Team:
EngageMedia

Burmese subtitles

Revisions