OTP Learning Series 08: ဖတ်နှုန်းပြဿနာကို ဖြေရှင်းနည်း။
-
0:06 - 0:10(ဖတ်နှုန်း ပြဿနာများကို ဖြေရှင်းနည်း)
-
0:10 - 0:14ကြည့်ရှုသူတွေကို စာတန်းတွေကို
လွတ်မသွား စေချင်တာကြောင့် -
0:14 - 0:18ခွင့်ပြုနိုင်တဲ့ "ဖတ်နှုန်း"ကို
အမြဲပဲ ထိန်းထားစေချင်ပါတယ်။ -
0:18 - 0:22ဆိုလိုတာက စာတန်း ဖန်သားပြင်ကနေ မပျောက်ခင်
-
0:22 - 0:25ကြည့်ရှုသူ ဖတ်လို့ရနိုင်မယ့် နှုန်းပါ။
-
0:25 - 0:29ဖတ်နှုန်းဟာ စက္ကန့်အလိုက်
စာလုံးတွေရဲ့ အရေတွက် ဖြစ်ပြီး -
0:29 - 0:33စာတန်းမှာ သုံးတဲ့ ဘာသာစကားကို
လိုက်ပြီး ပြောင်းနိုင်ပါတယ်။ -
0:34 - 0:37လက်တင် အက္ခရာသုံး ဘာသာစကားတွေ
အတွက် အများဆုံး -
0:37 - 0:39အမြန်နှုန်းက ၁ စက္ကန့် ကို
၂၁ လုံးနှုန်းနဲ့ပါ။ -
0:40 - 0:45စာတန်းထိုးရာမှာ ကောင်းမွန်တဲ့
အမြန်နှုန်းကို ထိန်းဖို့ ပြဿနာရှိနေရင် -
0:45 - 0:47ဟောဒီမှာ ထောက်ကူပေးမယ့် နည်းတစ်ချို့ပါ။
-
0:48 - 0:52ပထမက ကြည့်ရှုသူတွေကို စာတန်းဖတ်ဖို့
အချိန်ကို ပိုပေးနိုင်ပါတယ်။ -
0:52 - 0:58ဒါလုပ်ဖို့ စာတန်းအဆုံးကို
နှိပ်ပြီး ဆွဲလိုက်ကာ -
0:58 - 1:02ဖတ်နှုန်း ပုံမှန်ဖြစ်တဲ့အထိ
၎င်းရဲ့ ကြာချိန်ကိုချဲ့လိုက်ရုံပါ။ -
1:04 - 1:08ဒါဟာ လာမယ့်စာတန်းရဲ့
စချိန်ကိုလည်း ရွှေ့သွားစေနိုင်ပေမဲ့ -
1:08 - 1:09ဖတ်နှုန်း ကောင်းရေးဟာ
-
1:09 - 1:12ပြီးပြည့်စုံတဲ့ ချိန်ကိုက်ခြင်းထက်
ပိုအရေးကြီးပါတယ်။ -
1:13 - 1:16ဒါပေမဲ့ လာမယ့် စာတန်းအတွက်
နောက်ကျတဲ့ စချိန်ဟာလည်း -
1:16 - 1:19ဖတ်နှုန်းပြဿနာတွေကို ဖန်တီးနိုင်ပါတယ်။
-
1:19 - 1:22ဒါကြောင့် တစ်ခါတစ်လေမှာ အဲဒီစာတန်းကိုပါ
ညှိဖို့လိုနိုင်ပါတယ်။ -
1:22 - 1:24နောက်တစ်ခုကိုပါ
-
1:24 - 1:27ဖတ်နှုန်း ပြင်ဆင်ခြင်းကို ဆင့်ကဲဆင့်ကဲ
ပြီးပြည့်စုံသွားတဲ့အထိပါ။ -
1:28 - 1:33ကြာချိန်ကို အများကြီး ချဲ့လိုက်ခြင်းဟာ
အမြဲတမ်း ကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ -
1:33 - 1:37အထူးသဖြင့် နောက်လာတဲ့ စာတန်းဟာ
ဗီဒီယိုမှာ ဖြစ်ပျက်နေတာနဲ့ နီးကပ်စွာ -
1:37 - 1:39ချိန်သားကိုက်ဖို့ လိုတဲ့အခါမှာပါ။
-
1:40 - 1:45ဒါပေမဲ့ ကြည့်ရှုသူတွေ ဖတ်ရမယ့်
စာသားကို လျှော့ပေးခြင်းနဲ့ ကုညီနိုင်ပါတယ်။ -
1:45 - 1:47ဒါကို စာတန်း "ချုံ့ခြင်း" လို့ခေါ်ပါတယ်။
-
1:48 - 1:53ချုံလိုက်ခြင်းဖြင့် စာသားပမာဏကို
လျှော့ချပေးနိုင်ပါတယ်၊ -
1:53 - 1:56ဒါပေမဲ့တကယ့် အဓိပ္ပါယ်တော့
မပြောင်းပဲနဲ့ပေါ့။ -
1:57 - 2:00ချုံ့တဲ့ နည်းများစွာ အသုံးပြုနိုင်ပါတယ်။
-
2:00 - 2:02ဒီမှာတော့ နမူနာ တစ်ချို့ပါ။
-
2:02 - 2:06အရေးမပါတဲ့ စာလုံးတွေကို ဖယ်ထုတ်လို့ရပါတယ်
-
2:06 - 2:10ဥပမာ" ကောင်းပြီ" "တကယ်တမ်းက" "စကားမစပ်" ။
-
2:11 - 2:14ထပ်ကျော့တာ၊ ပြန်ပြင်ပြောတာ
တွေကို လျှော့ချလို့ရတယ်။ -
2:15 - 2:17ဥပမာ " ဒီ ဧရာမ အိတ်ကြီးနဲ့ပို့တယ်"
-
2:17 - 2:20ဆိုတာကို "ဒီအိတ်ကြီးနဲ့ ပို့တယ်"လို့
-
2:20 - 2:23ပြောင်းလို့ရတယ်။
-
2:24 - 2:28ဗီဒီယိုထဲ မြင်ရတဲ့ ရှင်းပြထားတဲ့
အထောက်အထားတွေကို လျှော့ချနိုင်တယ်။ -
2:29 - 2:31ဥပမာ " သင်တို့ မြင်နေရတာက နောက်ဆုံး
-
2:31 - 2:35စမ်းသပ်ချက်ရဲ့ ရလဒ်တွေနဲ့ ဆလိုက်တစ်ခုပါ"
ဆိုတာကို " " သင်တို့ မြင်နေရတာက -
2:35 - 2:39နောက်ဆုံးစမ်းသပ်ချက်ရဲ့ ရလဒ်တွေပါ"
လို့ပြောင်းနိုင်ပါတယ်။ -
2:39 - 2:42နောက်ထပ် ချုံ့နည်းမျာစွာကို
ကျွန်တော်တို့ရဲ့ -
2:42 - 2:44OTPedia မှာ ရှာတွေ့နိုင်ပါတယ်။
-
2:45 - 2:49ပြောစကားကို အက္ခရာတင်ထားတာတွေထဲက
စာသားကိုလည်း ပြောင်းနိုင်ပါတယ်။ -
2:49 - 2:51အကြောင်းက အက္ခရာတင်တာက
တစ်လုံးချင်း ဖြစ်စရာ မလိုလို့ပါ။ -
2:51 - 2:54ဖတ်နှုန်းကောင်းဖို့အတွက်
ချုံ့သင့်တယ် ဆိုရင်ပေါ့။ -
2:55 - 2:58ဖတ်နှုန်းပြဿနာတွေ ဖြေရှင်းဖို့
ထပ်ဖြည့်ထားတဲ့ နည်းတစ်ခုက -
2:58 - 3:00စာတန်း ၂ ခုကို ပေါင်းလိုက်ခြင်းပါ။
-
3:02 - 3:05တစ်ခါတစ်လေမှာ တွေ့ရမှာက စာတန်းတစ်တန်းက
-
3:05 - 3:08စာနည်းနည်းလေးနဲ့ အကြာကြီးပြနေပြီး
-
3:08 - 3:10နောက်စာတန်းကျတော့ စာသားတွေ အများကြီးနဲ့
-
3:10 - 3:14ခဏလေးပြတော့ ဖတ်နှုန်းပြဿနာ ရှိနိုင်တယ်။
-
3:14 - 3:17ဒါတွေကို ပေါင်းလိုက်တော့
ပြဿနာကို ရှင်းနိုင်တာပေါ့။ -
3:18 - 3:19စာတန်းတွေ ပေါင်းဖို့က
-
3:19 - 3:23စာတန်းတစ်ခုက စာသားကို အခြားတစ်ခုမှာ
ကူးပြီး ကပ်လိုက်တာပါ။ -
3:23 - 3:26မူရင်းစာကြောင်းကို ဖျက်ပြီး
-
3:26 - 3:29စာကြောင်းသစ်ရဲ့ ကြာချိန်ကို
ချဲ့လိုက်ပြီး အချိန် ကွာဟမှု -
3:29 - 3:31ဖြစ်နေတာ အပေါ် ပေါင်းလိုက်တာပါ။
-
3:31 - 3:33စာတစ်ကြောင်းရဲ့ အဆုံးနဲ့
-
3:33 - 3:36နောက်တစ်ကြောင်း အစကို
ဆက်လို့မရတာတော့ သတိရပါ။ -
3:36 - 3:39ဒါပေမဲ့ စာတန်းတွေဟာ ဝါကျတစ်ခုလုံးနဲ့
အကြောင်းအရာ -
3:39 - 3:41တစ်ခုလုံးဆိုင်တယ်ဆိုရင်
-
3:42 - 3:46ပေါင်းလို့ရပြီး ဖတ်နှုန်းကောင်းတဲ့
စာတစ်ကြောင်းရတာပေါ့။ -
3:47 - 3:50ဥပမာ ဒီစာတန်းဆွေကို
ခင်ဗျားပေါင်းမှာ မဟုတ်ဘူး။ -
3:50 - 3:54အကြောင်းကတော့" သူဘယ်သူလဲဆိုတာ
နောက်တော့၊ ငါသိတယ်။" -
3:54 - 3:57မတူတဲ့ ဝါကျ ၂ ကြောင်းက
အပိုင်းတွေကို ပေါင်းစပ်တာဟာ -
3:57 - 4:00ဆက်စပ်ပြည့်စုံတဲ့
ရည်ရွယ်ချက်ကို မဖော်ပြပါဘူး။ -
4:00 - 4:03ဒါပေမယ့် ဒီစာတန်းတွေကိုတော့
ပေါင်းနိုင်ပါတယ်။ -
4:03 - 4:07အကြောင်းက "ဒါဟာ
ကျွန်တော်ရှာနေတဲ့ စာအုပ်" ဆိုတာဟာ -
4:07 - 4:11ပြည့်စုံတဲ့ ဝါကျဖြစ်ပြီး အဆက်အစပ်ရှိကာ
ပြည့်စုံတဲ့ ရည်ရွယ်ချက်ကို ပေးပါတယ်။ -
4:12 - 4:14အရေးကြီးတဲ့ အရိပ်အမြွက်တစ်ခုထားခဲ့ပါမယ်။
-
4:14 - 4:16ဖတ်နှုန်းပြဿနာတွေကို ဖြေရှင်းတဲ့အခါ
-
4:16 - 4:19အမြဲပဲ ဒီနည်းတွေကို ပေါင်းဖို့ကြိုးစားပါ။
-
4:19 - 4:21နည်းနည်း ချုံ့လိုက်ပြီး
-
4:21 - 4:23ဖတ်နှုန်းပြဿနာကို အပြည့်အဝ ဖြေရှင်းဖို့
-
4:23 - 4:25ကြာချိန်ကို နည်းနည်းလေး ချဲ့လိုက်ပါ။
-
4:27 - 4:31စာတန်းတွေမှာ သတ်မှတ်တဲ့ ဖတ်နှုန်းထက်
မကျော်ဖို့တော့ သတိရပါ။ -
4:31 - 4:35သင်ကူညီမျှဝေနေတဲ့ ဘယ်စိတ်ကူးမှာမှ
ကြည့်ရှုသူတွေ ကြည့်မရဖြစ်သွားတာမျိုး -
4:35 - 4:37မဖြစ်သင့်တာကိုတော့ မမေ့ပါနဲ့။
-
4:38 - 4:39ကဲ အခုတော့
-
4:39 - 4:42ပျော်ရွှင်စရာ ၊ အက္ခရာဖလှယ်ခြင်၊
ဘာသာပြန်ခြင်း နဲ့... -
4:42 - 4:43ချုံ့ယူခြင်း ဖြစ်ပါစေဗျာ။
- Title:
- OTP Learning Series 08: ဖတ်နှုန်းပြဿနာကို ဖြေရှင်းနည်း။
- Description:
-
ဒီသင်ခန်းစာက ဟောပြောချက်ကို စာဖြင့်ချရေးမှုနဲ့ ဘာသာပြန် စာတန်းတွေ ဖတ်နှုန်းပြဿနာကို ဖြေရှင်းတာနဲ့ ပတ်သက်တဲ့ နည်းပရိယာယ်တွေကို ရှင်းပြထားတာပါ။ ကြာချိန်ကို တိုးချဲ့တဲ့နည်းလမ်း၊ စာသားတွေကို လျှော့ချတဲ့နည်းလမ်း၊ ဝါကျများကို ပေါင်းစပ်တဲ့ နည်းလမ်းများနဲ့ပါ။
- Video Language:
- English
- Team:
- closed TED
- Project:
- TED Translator Resources
- Duration:
- 04:45
Myo Aung approved Burmese subtitles for OTP Learning Series 08: How to tackle reading-speed issues | ||
Myo Aung edited Burmese subtitles for OTP Learning Series 08: How to tackle reading-speed issues | ||
Myo Aung edited Burmese subtitles for OTP Learning Series 08: How to tackle reading-speed issues | ||
Myo Aung edited Burmese subtitles for OTP Learning Series 08: How to tackle reading-speed issues | ||
Myo Aung accepted Burmese subtitles for OTP Learning Series 08: How to tackle reading-speed issues | ||
Myo Aung edited Burmese subtitles for OTP Learning Series 08: How to tackle reading-speed issues | ||
Myo Aung edited Burmese subtitles for OTP Learning Series 08: How to tackle reading-speed issues | ||
sann tint edited Burmese subtitles for OTP Learning Series 08: How to tackle reading-speed issues |