သဘာဝကမ္ဘာရဲ့ ဆန်းကျင်တဲ့ လျှို့ဝှက်ချက်များ
-
0:01 - 0:02နည်းပညာ၊ အနုပညာ နှင့် သိပ္ပံပညာတို့
-
0:02 - 0:07ဆုံမိကြတဲ့ နေရာက ဘာလဲ?
-
0:07 - 0:09သိချင်စိတ် နှင့် အံ့ဩမှုပါပဲ
-
0:09 - 0:12၎င်းတို့ကမှ ကျွန်တော်တို့ကို စူးစမ်းရန် မောင်းနှင်ကြတာပါ
-
0:12 - 0:15ကျွန်တော်တို့ကို ဝန်းရံနေကြတဲ့ အရာတွေကို
ကျွန်တော်တို့ မမြင်နိုင်ကြလို့ပါ။ -
0:15 - 0:17ကျွန်တော်ဟ ရုပ်ရှင်ကားကို အသုံးပြုလျက်
-
0:17 - 0:18ကျွန်တော်တို့ အားလုံးကို
အချိန်ကာလ နှင့် ဟင်းလင်းပြင် -
0:18 - 0:21မုခ်ဝတွေကို ထိုးဖောက်လျက်
-
0:21 - 0:23မြင်မရတာကို မြင်လာရအောင် လုပ်တတ်ပါတယ်
-
0:23 - 0:25အဲဒီလို လုပ်လိုက်ခြင်း အားဖြင့်
-
0:25 - 0:27ကျွန်တော်တို့ရဲ့ မိုးကုပ်စက်ဝိုင်းကို
ချဲ့ထွင်ပေးလိုက်ကာ -
0:27 - 0:29ကျွန်တော်တို့ကို ခံယူသိရှိလာစေပါတယ်
-
0:29 - 0:32ကျွန်တော်တို့ရဲ့ အသိစိတ်ကို ဖွင့်ပေးပါတယ်
-
0:32 - 0:34ပြီးတော့ အဲဒါဟာ နှလုံးသားကို လာပြီး တို့ထိပါတယ် ။
-
0:34 - 0:35ကောင်းပါပြီ ကျွန်တော် ကိုယ်တိုင် ရိုက်ထားတဲ့
-
0:35 - 0:373D IMAX ရုပ်ရှင် " မြင်မရသော ကမ္ဘာ၏ ဆန်းကျယ်မှု"
-
0:37 - 0:40"Mysteries of the Unseen World" ထဲက
တချို့အပိုင်းတွေကိုကို ပြပေးပါ့မယ်။ -
0:40 - 0:42(ဂီတအသံ)
-
0:42 - 0:44တချို့ လှုပ်ရှားမှုဟာ သိပ်ကို နှေးလွန်းလို့
-
0:44 - 0:46ကျွန်တော်တို့ရဲ့ မျက်စိဟာ မသိနိင်ပါ။
-
0:46 - 0:49အဲဒီလို အချိန်မှာ အချိန်ကြာစွာ စောင့်ကြည့် ရိုက်ကူးမှုက
-
0:49 - 0:52အဲဒါကို ပြပေးလျက် ကျွန်တော်တို့ ဘဝမြင်ကွင်းကို ချဲ့ပေးပါတယ်။
-
0:52 - 0:56သက်ရှိဘဝ အမျိုးမျိုး ထိုးထွက် ကြီးထွားလာကြပုံကို
ကျွန်တော်တို့ မြင်နိုင်ပါတယ်။ -
0:56 - 1:00နွယ်ပင်က တောရဲ့ ကြမ်းပြင်မှ စတင်လျက်
-
1:00 - 1:03နေရောင် ရတဲ့ နေရာထိကို တွယ်တက်သွားပုံကို
ကျွန်တော်တို့ မြင်နိုင်ပါတယ်။ -
1:04 - 1:06ဒါကိုပဲ စကေး အများကြီး ချဲ့လိုက်ကြမယ်ဆိုရင်
-
1:06 - 1:11အချိန်ကြာစွာ စောင့်လျက် ရိုက်ကူးမှုက ကျွန်တော်တို့
ဂြိုဟ်များရဲ့ လှုပ်ရှားမှုကို မြင်လာစေပါမယ်။ -
1:11 - 1:14ကျွန်တော်တို့ဟာ သဘာဝကြီးရဲ့ ရွေ့လျားမှုကိုသာမက
-
1:14 - 1:17လူသားတို့ရဲ့ မရပ်မနား လှုပ်ရှားမှုတွေကိုလည်း မြင်နိုင်ပါတယ်။
-
1:17 - 1:21ဒီမှာ မြင်နေရတဲ့ အစက် မျဉ်းကြောင်း တခုစီဟာ
ခရီးသည်တင် လေယာဉ်ကို ကိုယ်စားပြုတာပါ။ -
1:21 - 1:22အဲဒီလို လေယာဉ် လမ်းကြောင်းတွေကို
-
1:22 - 1:24အချိန်စောင့် ကူးပြလိုက်တဲ့ အခါမှာ
-
1:24 - 1:27ကျွန်တော်တို့ အားလုံးတို့ရဲ့ အထက်မှာ တချိန်လုံး ရှိနေပေမဲ့
-
1:27 - 1:28ကျွန်တော်တို့ မမြင်နိုင်တာကို မြင်လာရပါမယ်:
-
1:28 - 1:34ဒါက အမေရိကန် ပြည်ထောင်စု ကောင်းကင်ယံပေါ်က
ကျယ်ပြောလှတဲ့ လေကြောင်း ပျံသန်းမှု ပုံပါပဲ။ -
1:34 - 1:37အလားတူပဲ ကျွန်တော်တို့ဟာ ပင်လယ်ထဲက
သင်္ဘောတွေကိုလည်း လုပ်နိုင်ပါတယ်။ -
1:37 - 1:39ကျွန်တော်တို့ဟာ ဒေတာ မှန်သမျှကို
အချိန်ပိုင်းအားဖြင့် ဆွဲဆန့်ပြနိုင်ပါတယ်။ -
1:39 - 1:44တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးကိုလည်း ပြနိုင်တယ်။
-
1:50 - 1:51ပြီတော့ ဆယ်စုနှစ်အတွက် ရှိနေတဲ့ ဒေတာကို ယူလိုက်ရင်
-
1:51 - 1:53ကျွန်တော်တို့ ဂြိုဟ်ကြီးကို ခန္ဓာကိုယ် တခုတည်း အဖြစ်
-
1:53 - 1:55ရှုမြင်နိုင်ပါမယ်။
-
1:55 - 1:58သမုဒ္ဒရာများကို ဖြတ်လျက် စီးနေကြတဲ့ ရေစီးကြောင်းတွေကို
-
1:58 - 2:03လေထုထဲမှာပျံဝဲလွင့်စင်နေကြတဲ့ တိမ်တိုက်တွေကို
-
2:03 - 2:05တချက်တချက်မှာ လျှပ်စီးလက်မုႈတွေကို
-
2:05 - 2:08မြောက်ဝင်ရိုးစွန်း ဒေသက
ရောင်စုံတောက်ပမှုကို မြင်နိုင်ကြမှာပါ။ -
2:08 - 2:12ဒီတော့ ဒီလို အချိန်စောင့် ရိုက်ထားတဲ့
ပုံများဟာ ကမ္ဘာကြီးရဲ့ ခန္ဓာကိုယ် တည်ဆောက်ထားပုံကို -
2:12 - 2:16အသက်ဝင်လာစေပါတယ်။
-
2:19 - 2:21နောက် တစ်ဖက်စွန်းမှာကျတော့
-
2:21 - 2:25ကျွန်တော်တို့ရဲ့ မျက်စိအတွက် သိပ်ကို
လျင်မြန်စွာ လှုပ်ရှားနေကြတဲ့ အရာတွေ ရှိပါတယ် -
2:25 - 2:27အဲဒါ့တွေကို ရှုမြင်ဖို့အတွက်လည်း
-
2:27 - 2:30နည်းပညာတွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။
-
2:32 - 2:33နှုန်းမြင့် ကင်မရာတွေနဲ့ ဆိုရင်
-
2:33 - 2:35ကျွန်တော်တို့ဟာ အချိန်အကြာကြီး စောင့်ပြီး
ရိုက်ကူးမှုရဲ့ ပြောင်းပြန်ကို လုပ်နိုင်ပါတယ်။ -
2:35 - 2:37ကျွန်တော်တို့ မျက်စိ မြင်နိုင်တာထက်ကို
အကြိမ် ထောင်နဲ့ချီ မြန်ဆန်လှတဲ့ ပုံတွေကို -
2:37 - 2:41ကျွန်တော်တို့ ရိုက်ကူးနိုင်ပါတယ်။
-
2:41 - 2:45အဲဒါကြောင့်မို့လို့ သဘာဝက အမျိုးမျိုး တီထွင်ထားတဲ့
အရာတွေ အလုပ်လုပ်ကြပုံကို မြင်နိုင်ပါတယ်။ -
2:45 - 2:48ပြီးတော့ ကျွန်တော်တို့ဟာ အဲဒါကို
ပုံတူကူးချ အသုံးပြုနိုင်ကြကောင်းပါရဲ့။ -
2:50 - 2:53အနီးအနားမှာ ပုစဉ်းကောင် ပျံဝဲနေစဉ်
-
2:53 - 2:54အဲဒါဟာ သဘာဝထဲက အတော်ဆုံး ပျံသန်းသူ
-
2:54 - 2:57ဖြစ်တာကို သင်ဟာ သိချင်မှ သိပါလိမ့်မည်။
-
2:57 - 3:01၎င်းဟာ ဝဲနေနိုင်တယ် နောက်ကြောင်း ပျံနိုင်တယ်
-
3:01 - 3:04အပေါ်အောက်တောင် ပျံနိုင်သူပါ။
-
3:04 - 3:08အင်းဆက်ပိုးကောင်တွေရဲ့
အတောင်ပေါ်မှာ ရေးမှတ်ပေးခြင်းဖြင့် -
3:08 - 3:11သူတို့က ထုတ်လုပ်လိုက်ကြတဲ့
လေလှိုင်းဂယက်တွေကို မြင်အောင် လုပ်နိုင်ပါတယ်။ -
3:11 - 3:13သူတို့ ဘယ်လိုလုပ်မှန်း ဘယ်သူမှာမှ မသိပေမဲ့
-
3:13 - 3:15နှုန်းမြင့် ပုံထဲမှာ မြင်နိုင်တာက ပုစဉ်းကောင်ဟာ
-
3:15 - 3:17မိမိ အတောင်ပံ လေးခုကို တစ်ချိန်တည်းမှာ
-
3:17 - 3:20မတူခြားနားစွာ လှုပ်နိုင်စွမ်း ရှိပါတယ်။
-
3:20 - 3:21အဲဒီထဲကနေပြီး ကျွန်တော်တို့
သင်ယူနိုင်မယ့် အချက်တွေက -
3:21 - 3:23ပျံသန်းနိုင်ကြမယ့် စက်ရုပ် အသစ်ပုံစံကို
ထုတ်လုပ်လာစေနိုင်ကာ -
3:23 - 3:25အရေးကြီးကြကာ လက်လှမ်းမှီဖို့ ခက်တဲ့
-
3:25 - 3:31နေရာတွေကို မြင်တွေ့လာစေနိုင်ပါတယ်။
-
3:32 - 3:34ကျွန်တော်တို့ဟာ ကြီးမားလှကာ ကျွန်တော်တို့ မြင်မရအောင်
-
3:34 - 3:37သေးနုပ်ကြတဲ့ အရာတွေအကြောင်းကို မသိကြပါ။
-
3:37 - 3:40အီလက်ထရွန် အဏုကြည့် ကိရိယာဟာ အီလက်ထရွန်တွေဖြင့်
-
3:40 - 3:41ပုံတွေကို ဖေါ်ပေးနိုင်ရာ
-
3:41 - 3:43အရာများကို တသန်းအထိကို
-
3:43 - 3:45ချဲ့ထွင် ပြပေးနိုင်စွမ်း ရှိပါတယ်။
-
3:45 - 3:49ဟောဒါက လိပ်ပြာဥပါ။
-
3:49 - 3:53ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် တလျှောက်လုံးမှာ
နေထိုင်နေကြတဲ့ မြင်မရတဲ့ အကောင်တွေ ရှိပါတယ်။ -
3:53 - 3:55အဲဒီထဲမှာ ကျွန်တော်တို့ရဲ့ မျက်တောင်
ပေါ်မှာ တသက်လုံး နေထိုင်ကြတဲ့ -
3:55 - 3:57ပိစိကွေးတွေတောင် ရှိပါသေးတယ်။
-
3:57 - 4:01ညဖက်မှာကျတော့ ကျွန်တော်တို့ရဲ့ အရေပြားဆီကို
တွာတက်တတ်ကြပါတယ်။ -
4:01 - 4:04ဒါက ဘာလဲဆိုတာ ခန့်မှန်းနိုင်ပါသလား?
-
4:04 - 4:06ငါးမန်းကောင်ရဲ့ အရေခွံပါ။
-
4:08 - 4:11ခူကောင်ရဲ့ ပါးစပ်။
-
4:12 - 4:15သစ်သီးယင်ရဲ့ မျက်လုံး။
-
4:17 - 4:20ဥခွံ။
-
4:22 - 4:25လှေးကောင်။
-
4:27 - 4:31ခရုကောင်ရဲ့ လျှာ။
-
4:32 - 4:34ကျွန်တော်တို့ဟာ အကောင်လောကထဲ
နေထိုင်ကြတာတွေ အားလုံးနီးပါးကို သိကြတယ်လို့ ထင်ပါတယ်။ -
4:34 - 4:37ဒါပေမဲ့ နောက်ထပ် ရှာတွေကြရအုံးမယ့်
-
4:37 - 4:41သေးနုပ်တဲ့ အကောင်းအမျိုးစားတွေ သန်းချီ ရှိနိုင်ပါတယ်။
-
4:43 - 4:46ပင့်ကူဟာလည်း လျှို့ဝှက်ချက်တွေ အများကြီး ရှိသူပါ။
-
4:46 - 4:48ပင့်ကူမျှင်ဟာ သံမဏိထက်ကို များစွာမှ
-
4:48 - 4:50ခိုင်ခန့်လှပါတယ်
-
4:50 - 4:52ဒါတောင် ဆွဲဆန့်လို ရနိုင်တယ်။
-
4:52 - 4:54အခု ကျွန်တော်တို့ သွားမယ့် ခရီးက အောက်ပိုင်း
-
4:54 - 4:56နာနို အဆင့်ထိကို သေးနုပ်တဲ့ ကမ္ဘာဆီကို ခေါ်သွားမှာပါ။
-
4:56 - 4:59ဒီအမျှင်ဟာ လူ့ဆံပင်နဲ့စာရင်
-
4:59 - 5:02အဆ ၁၀၀ အထိကို ပါးပါတယ်။
-
5:02 - 5:05အဲဒီမှာ ဗက်တီ
းရီးယားပိုး ရှိနေတယ်။ -
5:05 - 5:08တဖန် အဲဒီ ဗက်တီးရီးယားနဲ့ ကပ်လျက်က
-
5:08 - 5:11ဆယ်ဆ ပိုသေးတဲ့ ဗိုင်းရတ်ပိုး။
-
5:11 - 5:15အဲဒါရဲ့ အထဲမှာ ကျပြန်တော့ ဆယ်ဆ ပိုသေးငယ်တဲ့
-
5:15 - 5:18DNA အမျှင် သုံးခု ရှိနေတယ်။
-
5:18 - 5:21ကျွန်တော်တို့ရဲ့ အားအကောင်းဆုံး
အဏုကြည့် ကိရိယာရဲ့ အတတ်နိုင်ဆုံး ဘောင်အထိကို -
5:21 - 5:26ချဲ့ကြည့်ရင် ကာဗွန် အက်တမ်
တလုံးတည်းကို မြင်ရပါမယ်။ -
5:26 - 5:28အဲဒီလို အားကောင်းလှတဲ့
အဏုကြည့် ကိရိယာရဲ့ အကူအညီဖြင့် -
5:28 - 5:30ကျွန်တော်တို့ဟာ လက်တွေ့မှာ
အက်တမ်တွေကို ရွှေ့နိုင်ကြပါမယ်။ -
5:30 - 5:36အဲဒီလိုနည်းဖြင့် အံ့ဩဖွယ်
နာနို ကိရိယာတွေကို ဖန်တီးနိုင်လာကြမယ်။ -
5:36 - 5:38တချို့များဆိုရင် တစ်နေ့နေ့တွင်
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို -
5:38 - 5:40ရောဂါ အမျိုးမျိုးအတွက် ကင်းလှည့်ပေးခြင်း
-
5:40 - 5:44ပိတ်ဆို့နေတဲ့ သွေးကြောတွေကို
ရှင်းထုတ်ပစ်ခြင်း လုပ်ပေးနိုင်ပါတယ်။ -
5:44 - 5:47အနာဂတ်မှာ ပေါ်လာကြမယ့်
ဓါတုစက်ကလေးတွေဟာ -
5:47 - 5:51တစ်နေ့မယ် DNA ကို ပြင်ပေးလာနိုင်ကြပါတယ်။
-
5:51 - 5:54ကျွန်တော်တို့ဟာ ဘဝရဲ့
ထူးဆန်းမှုတွေကို စူးစမ်းလိုစိတ်ကနေပြီး -
5:54 - 5:56ပေါက်ဖွားလာတဲ့ မောင်းနှင်အား
ရဲ့ ကျေးဇူးကြောင့် -
5:56 - 6:00မကြုံစဖူး အံ့အားသင့်စရာ ကိရိယာတွေကို
ဖန်တီးတော့မယ့်ဆဲဆဲကာလကို ရောက်နေကြပါပြီ။ -
6:01 - 6:03ဒီတော့ အာကာသထဲက အမှုန်တွေ
မရပ်မနား ကျဆင်းလာနေချိန်မှာ -
6:03 - 6:06လေထုဟာ ဝတ်မှုန်များဖြင့် ပြည့်နေပါတယ်
-
6:06 - 6:09အခြားသော ကမ္ဘာများဆီက
စိန်ပွင့်ကလေးတွေ ရတနာပွင့်တွေနဲ့ -
6:09 - 6:11ဆူပါနိုဗာ ပေါက်ကွဲမှုတွေနဲ့ ပြည့်နှက်နေပါတယ်။
-
6:11 - 6:13လူတွေဟာ သူတို့ နေထိုင်နေကြစဉ်
-
6:13 - 6:19မြင်မရတဲ့ အရာတွေ အများကြီး ဝန်းရံလျက် ရှိပါတယ်။
-
6:19 - 6:20ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ
ကျွန်တော်တို့ မြင်လို့ရနိုင်တဲ့ -
6:20 - 6:22အရာတွေ များပြားလှပါကလား ဆိုတဲ့ အသိတရားဟာ
-
6:22 - 6:25ကမ္ဘာကြီးအား ကျွန်တော်တို့ရဲ့ သိနားလည်မှုကို
လုံးဝကို ပြောင်းလဲပစ်လိုက်ပါတယ်။ -
6:25 - 6:27မြင်မရခဲ့တဲ့ ကမ္ဘာတွေကို ကြည့်မြင်ရတဲ့
အခါမှာ ကျွန်တော်တို့ဟာ -
6:27 - 6:29ရှင်သန်းပြောင်းလဲနေတဲ့ စကြာဝဠာထဲ
နေထိုင်နေကြရတာကို နားလည်ရပါတယ်။ -
6:29 - 6:32အဲဒီလို အလားအလာအသစ်က
အံ့ဩဖွယ်ရာကို ဖန်တီးပေးနေပါတယ် -
6:32 - 6:35ပြီးတော့ ကျွန်တော်တို့ အားလုံးကို
ကိုယ့်အိမ်ခြံထဲမှာပဲ ဖြစ်ဖြစ် -
6:35 - 6:38စူးစမ်းလေ့လာဖို့ကို လှုံဆော်နေပါတယ်။
-
6:38 - 6:41ကျွန်တော်တို့ နောက်ထပ် ဘာတွေ့ တွေ့မြင်ကြရအုံးမယ်
ဆိုတာကို ဘသူများ သိနိုင်မလဲ။ -
6:41 - 6:45ပြီးတော့ ဘယ်လို အံ့ဩစရာ အချက်တွေက
ကျွန်တော်တို့ရဲ့ ပြောင်းပစ်မှာကိုလည်း မသိနိုင်ကြပါ။ -
6:45 - 6:50ကျွန်တော်တို့ဟာ စောင့်ကြည့်နေဖို့သာ ရှိပါတော့တယ်။
-
6:50 - 6:55(လက်ခုပ်တီးသံများ)
-
6:55 - 7:02ကျေးဇူးတင်ပါတယ် (လက်ခုပ်တီးသံများ)
- Title:
- သဘာဝကမ္ဘာရဲ့ ဆန်းကျင်တဲ့ လျှို့ဝှက်ချက်များ
- Speaker:
- Louie Schwartzberg
- Description:
-
ကျွန်တော်တို့ဟာ မြင်မရတဲ့ အလှတရား ကမ္ဘာထဲမှာ နေနေကြရပါတယ်၊ အဲဒါတွေဟာ သေးနုပ်လှကြကာ နူးညံ့ကြလွန်းလို့ လူ့မျက်စိက မမြင်နိုင်ပါ။ အဲဒီလို မြင်မရနိုင်တဲ့ ကမ္ဘာကို ပြပေးရန် ရုပ်ရှင် ရိုက်ကူးသူ Louie Schwartzberg က အချိန်ကာလ နဲ့ ဟင်းလင်းပြင်တို့ကို နှုန်းမြင့် ကင်မရာ၊ အချိန်အကြာကြီး စောင့်ရိုက်ကူးမှု နှင့် အဏုကြည့် ကိရိယာများကို သုံးပြီး တင်ဆက်ထားပါတယ်။ TED2014 မှာ သူဟာ 3D ရုပ်ရှင် "Mysteries of the Unseen World" ထဲမှာ နှေးပြလိုက် အရှိန်မြှင့်ပြလိုက် ချဲ့ပြလိုက် စသဖြင့် သဘာဝရဲ့ မယုံနိုင်ဖွယ်ရာ အလှကို ပြပေးထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 07:24
Myo Aung edited Burmese subtitles for Hidden miracles of the natural world | ||
Myo Aung edited Burmese subtitles for Hidden miracles of the natural world | ||
Myo Aung approved Burmese subtitles for Hidden miracles of the natural world | ||
Myo Aung commented on Burmese subtitles for Hidden miracles of the natural world | ||
sann tint accepted Burmese subtitles for Hidden miracles of the natural world | ||
sann tint commented on Burmese subtitles for Hidden miracles of the natural world | ||
sann tint edited Burmese subtitles for Hidden miracles of the natural world | ||
sann tint edited Burmese subtitles for Hidden miracles of the natural world |
sann tint
ႊ့This is fascinating talk and the translation is clear and precise ! I just adjusted some words and some minor typing errors !
well done , ko myo aung !
Myo Aung
It is done now!