Return to Video

ကမ္ဘာမြေပေါ်က အရောင်အသွေးအစုံဆုံး ကျောက်မျက်များ။ Jeff Dekofsky

  • 0:08 - 0:11
    ၁၉၈၆ ခုနှစ် နိုဝင်ဘာလအတွင်းက
    မင်္ဂလာရှိတဲ့ နေ့တစ်နေ့မှာ
  • 0:11 - 0:15
    ဩစတေးလျှ သတ္တုတွင်း အလုပ်သမားတွေဟာ
    ဒီနေရာမှာ တူးဖို့ လူတစ်ဦးမှာ ဖြစ်နေမယ့်
  • 0:15 - 0:20
    စိတ်အခြေအနေအတွက် မှည့်ထားတဲ့ Lunatic Hill
    ကို တက်ပြီး မြေကြီးထဲ မီတာ ၂၀ တူးခဲ့တယ်။
  • 0:20 - 0:25
    သူတို့ရဲ့ပြိုင်ဘက်တွေက အနက် ၂ မီတာကနေ
    ၅ မီတာအထိမှာ မဟူရာကျောက်တွေကို ရှာခဲ့ပေမဲ့
  • 0:25 - 0:30
    Lunatic Hill Syndicate ကတော့
    မြေကြီးထဲမှာ မီတာ ၂၀ တူးခဲ့တယ်။
  • 0:30 - 0:33
    သူတို့ရဲ့ရဲတင်းမှုအတွက် မြေကြီးက
    သူတို့ကို လက်သီးဆုပ်အရွယ်
  • 0:33 - 0:36
    စံချိန်ချိုးလိုက်တဲ့ ကျောက်မျက်
    တစ်လုံးကို ဆုလာဘ်ကို ရရှိခဲ့ကြတယ်။
  • 0:36 - 0:40
    ဒီအချိန်တုန်းက အများကြီး ပိုကြီးမားတဲ့
    ကျောက်အတိပြီးတဲ့၊ အေးစက်တဲ့ အရာဝတ္ထု
  • 0:40 - 0:45
    ကမ္ဘာဂြိုဟ်ကို ဖြတ်ပျံသွားခဲ့တဲ့Hailey's
    Comet မဟူရာကျောက်လို့ အမည်ပေးခဲ့တယ်။
  • 0:45 - 0:51
    Halley’s Comet မဟူရာကျောက်ဟာ အံ့ဖွယ်တစ်ပါး
    ဆိုပေမဲ့ ၎င်းရဲထူးခြားချက်က ဝိရောဓိသဘောအရ
  • 0:51 - 0:54
    ဒါနဲ့ပတ်သက်တဲ့ အကျွမ်းတဝင်အရှိဆုံးပါ။
  • 0:54 - 0:57
    စိန်တွေ၊ ပတ္တမြားတွေ၊ မြတွေနဲ့
    အခြား အဖိုးတန် ကျောက်တွေဟာ
  • 0:57 - 1:00
    မကြာခဏ မခွဲခြားနိုင်အောင် ဆင်တူပေမဲ့
  • 1:00 - 1:03
    "အရောင် ပြေးခြင်း" လို့ခေါ်တဲ့
  • 1:03 - 1:07
    ထူးခြားတဲ့ လက္ခဏာကြောင့်
    မဟူရာကျောက် နှစ်လုံးဟာ မတူနိုင်ကြပါ။
  • 1:07 - 1:10
    ဒီလင်းလက်၊ လှုပ်ရှားနေတဲ့ အလင်းကစားမှုက
    နက်ရှိုင်းတဲ့ မြေအောက်က
  • 1:10 - 1:15
    ၎င်းတို့ရဲ့အစောဆုံး ကာလတွေကနေ
    မဟူရာကျောက်တွေကို သတ်မှတ်ပေးတဲ့
  • 1:15 - 1:20
    ဓာတုဗေဒ၊ ဘူမိဗေဒနဲ့ အလင်းပညာတို့ရဲ့
    ပေါင်းဆုံခြင်းကနေ ဖြစ်ပေါ်လာတာပါ။
  • 1:20 - 1:26
    ဒီနေရာမှာ မဟူရာကျောက်ရဲ့ သက်တမ်း စတင်တယ်။
    အံ့ဩလောက်အောင် ပေါများတဲ့တစ်ခုက ရေပါ။
  • 1:26 - 1:29
    မြေနဲ့ ကျောက်သားကြားက
    အဟတွေကနေ စီးကျနေတဲ့
  • 1:29 - 1:33
    ရေဟာ ဆီလီကွန် ဒိုင်အောက်ဆိုဒ်လို့ခေါ်တဲ့
    မှုန်မွှားတဲ့ဒြပ်ပေါင်းတစ်ခုကို သယ်ယူရင်း
  • 1:33 - 1:38
    သဲကျောက်၊ ထုံးကျောက်နဲ့
    မီးတောင်ချော်ကျောက်နက်ကို ဖြတ်စီးတယ်။
  • 1:38 - 1:44
    ဒီဆီလီကာ ကြွယ်ဝတဲ့ ရေက မီးတောင်ကျောက်ရဲ့
    အစတွေ၊ သမိုင်းမတင်မီ မြစ်ကြမ်းပြင်တွေ၊
  • 1:44 - 1:49
    သစ်သားနဲ့ ရှေးဟောင်း သတ္တဝါတွေရဲ့ အရိုးတွေ
    ရဲ့အတွင်းဘက် နေရာလွတ်တွေထဲတောင် ဝင်တယ်။
  • 1:49 - 1:52
    တဖြည်းဖြည်း ရေက စတင်အငွေ့ပျံပြီး
  • 1:52 - 1:55
    ဆီလီကာ ပျော်ရည်က စတင် ပျစ်ခဲလာတယ်၊
  • 1:55 - 2:00
    ဒီအတွင်းမှာ သန်းချီတဲ့ ဆီလီကာ အလုံးတွေဟာ
    ဗဟိုတူ အခွံတွေရဲ့ အစဉ်အတန်းတစ်ခုအဖြစ်
  • 2:00 - 2:03
    တစ်လွှာပြီးတစ်လွှာ ဖွဲ့တည်တယ်။
  • 2:03 - 2:07
    နောက်ဆုံးမှာ အခဲက ဖန်သားလို
    အရာဝတ္ထုအဖြစ် မာလာပြီး
  • 2:07 - 2:11
    အလုံးတွေက မှန်ကူကွက် ဖွဲ့စည်းမှု
    တစ်ခုအဖြစ် အနယ်ကျသွားတယ်။
  • 2:11 - 2:14
    အချိန်အတော်များများမှာ
    ဒီဖွဲ့စည်းမှုက စနစ်တကျမရှိတော့
  • 2:14 - 2:20
    မထူးခြားတဲ့ အပြင်ပိုင်းတွေနဲ့ သာမန်(သို့)
    တန်ဖိုးမရှိတဲ့ မဟူရာကျောက်တွေဖြစ်စေတယ်။
  • 2:20 - 2:24
    ဒီအလွန်နည်းတဲ့ ဖမ်းစားနိုင်တဲ့ အချိုးအစား
    အဖိုးတန် မဟူရာကျောက်တွေလို့ ခေါ်တာတွေမှာ
  • 2:24 - 2:31
    စနစ်တကျ အစီအစဉ်တွေ ဖွဲ့တည်တဲ့ အရွယ်တူ
    ဆီလီကာ အစက်အပေါက်လေးတွေရဲ့နယ်ပယ်တွေရှိတယ်။
  • 2:31 - 2:35
    ဒီတော့ ဘာကြောင့် ဒီဖွဲ့စည်းမှုတွေက ဒီလောက်
    စိုလွင်တဲ့ ပြသမှုတွေ ထုတ်လုပ်ပေးတာလဲ။
  • 2:35 - 2:41
    အဖြေက လှိုင်းပေါင်းစပ်မှု လို့ခေါ်တဲ့
    လှိုင်းရူဗဗေဒရဲ့ ဥပဒေသတစ်ခုအတွင်းမှာပါ။
  • 2:41 - 2:42
    ရှင်းလင်းစေဖို့အတွက်
  • 2:42 - 2:45
    တစ်ခုတည်းသော အလင်းရဲ့ အရောင်
    လှိုင်းအလျား ၅၀၀ နာနိုမီတာ အစိမ်းက
  • 2:45 - 2:51
    အဖိုးတန် မဟူရာကျောက်ကို ထိမိတဲ့အခါ
    ဘာဖြစ်လဲဆိုတာ ကြည့်ရအောင်။
  • 2:51 - 2:54
    အစိမ်းရောင် အလင်းက ကျောက်မျက်
    အနှံ့အပြားကို ဖြန့်ကြဲပြီး
  • 2:54 - 2:57
    ပြောင်းလဲနေတဲ့ ပြင်းအားတွေနဲ့ အလင်းပြန်မယ်
  • 2:57 - 3:01
    ထောင့်အများကစုကနေ ယှက်သန်းလိုက်
    ထောင့်အများစုနေ မှိန်လိုက်၊
  • 3:01 - 3:04
    အခြားထောင့်တွေက စူစူးရှရှ တောက်နေတယ်။
  • 3:04 - 3:10
    ဖြစ်နေတာက အစိမ်းရောင် အလင်းတချို့က
    အပေါ်ဆုံးအလွှာကို ဖြတ်ကာအလင်းပြန်တယ်။
  • 3:10 - 3:12
    တချို့က အောက်အလွှာကို ဖြတ်ကာအလင်းပြန်တယ်။
  • 3:12 - 3:14
    ဒီလိုဆက်ဖြစ်တယ်။
  • 3:14 - 3:19
    တစ်လွှာကနေ နောက်တစ်လွှာကို
    နောက်ထပ် အကွာအဝေး အသွားအပြန်လုပ်တဲ့အခါ
  • 3:19 - 3:26
    အပိုဆောင်း နာနိုမီတာ ၅၀၀(သို့) ၁၀၀၀ လို
    လှိုင်းအလျားရဲ့ ဆတိုးကိန်းတစ်ခုပါ။
  • 3:26 - 3:30
    လှိုင်းတွေရဲ့ ထိပ်စွန်းတွေနဲ့ အချိုင့်တွေ
    တစ်ခုနဲ့တစ်ခု ယှဉ်တွဲကြတယ်။
  • 3:30 - 3:33
    ဒီဖြစ်စဉ်ကို အပြုသသော
    လှိုင်းပေါင်းစပ်မှုလို့ ခေါ်ပြီး
  • 3:33 - 3:38
    ပိုတောက်ပတဲ့ အရောင်တစ်ရောင်ကို
    ထုတ်လုပ်ပေးတဲ့ လှိုင်းကို ချဲ့ပေးတယ်။
  • 3:38 - 3:41
    ဒီတော့ မှန်ကန်တဲ့ ထောင့်တစ်ခုမှာ
    သင့်မျက်လုံးကို ထားလိုက်ရင်
  • 3:41 - 3:46
    အလွှာများစွာကနေ အလင်းပြန်နေတဲ့
    အစိမ်းရောင် အလင်းဟာ အတူတူ ပေါင်းတယ်။
  • 3:46 - 3:48
    ရှုထောင့်ကို နည်းနည်း ပြောင်းလိုက်ပါ၊
  • 3:48 - 3:52
    အကွာအဝေး၊ အလွှာတွေကြားမှာ
    ဖြတ်သွားတဲ့ အလင်းပြောင်းသွားတယ်။
  • 3:52 - 3:56
    အလောတော် ပြောင်းပါ၊ထိပ်စွန်းတွေနဲ့အချိုင့်
    တွေ ယှဉ်တွဲမိတဲ့အမှတ်တစ်ခုကိုရောက်မယ်။
  • 3:56 - 4:03
    လှိုင်းaတွအချင်းချင်းကို ချေဖျက်မိစေတာက
    အပျက်သဘော လှိုင်းပေါင်းစပ်မှုပါ။
  • 4:03 - 4:06
    မတူတဲ့ အရောင်တွေမှာ မတူတဲ့
    လှိုင်းအလျားတွေရှိတယ်၊
  • 4:06 - 4:09
    ဒါက ဒီလှိုင်းတွေ ဖြတ်သွားဖို့လိုတဲ့
    ပြောင်းလဲနေတဲ့ အကွာအဝေးတွေကို
  • 4:09 - 4:11
    အကျိုးရှိရှိ လှိုင်းပေါင်းစပ်မှုဆီ
    ပို့ပေးတယ်။
  • 4:11 - 4:16
    ဒါကြောင့် အရောင်တွေဟာ ဆီလီကာ အစက်အပေါက်
    အရွယ်တွေနဲ့ အကြမ်းဖျင်းကိုက်ညီတာပါ။
  • 4:16 - 4:23
    နာနီမီတာ ၂၁၀ အစက်အပေါက်တွေကြားက နေရာလပ်တွေ
    ဟာ အပြာရောင် အလင်းကို ချဲ့ပေးဖို့ပါ။
  • 4:23 - 4:26
    ရှည်လျားတဲ့ လှိုင်းအလျားတွေနဲ့
    အနီရောင် အလင်းအတွက်
  • 4:26 - 4:29
    ဆီလီကာ အစက်အပေါက်တွေဟာ
    နာနိုမီတာ ၃၀၀ နားမှာ ရှိရမယ်။
  • 4:29 - 4:33
    ဒါတွေက ဖြစ်တည်ဖို့ အလွန်ကြာပြီး
    ဒီအကြောင်းကြောင့်ပဲ
  • 4:33 - 4:36
    အနီဟာ မဟူရာကျောက် အရောင်မှာ
    အရှားပါးဆုံးပါ။
  • 4:36 - 4:39
    အခဲ မှန်ကူကွက် အစီအစဉ်တွေအတွင်းက
    ခြားနားမှုတွေဟာ
  • 4:39 - 4:44
    ထူးခြားတဲ့ ကျောက်တစ်တုံးအတွင်းမှာ
    အရောင်အဆင် အမျိုးမျိုးကို ဖြစ်စေတယ်။
  • 4:44 - 4:50
    ကျယ်ပြန့်တဲ့ လင်းလက်မှုကနေ၊ အလင်းစက်၊အလွန်
    ရှားတဲ့ရောင်စုံမှန်ကူကွက်အထိ အရာတိုင်းပါ။
  • 4:50 - 4:54
    အဖိုးတန် မဟူရာကျောက် ဖွဲ့စည်းမှုကို
    ဖြစ်စေတဲ့ ဒီအကြောင်းခြင်းရာတွေဟာ
  • 4:54 - 4:59
    အနည်းငယ်သာရှိတဲ့ နေရာတွေမှာသာ
    ဖြစ်ပေါ်တယ် ဆိုရလောက်အောင် ရှားပါးတယ်။
  • 4:59 - 5:02
    ၉၅% ခန့်က ဩစတေးလျကနေ လာတာပါ။
  • 5:02 - 5:07
    ဒီမှာ ရှေးဟောင်း ကုန်းတွင်း ပင်လယ်တစ်ခုက
    အကောင်းဆုံး အခြေအနေတွေ ဖန်တီးပေးထားတယ်။
  • 5:07 - 5:13
    အဲဒီနေရာမှာ Halley’s Comet မဟူရာကျောက်က
    လွန်ခဲ့တဲ့ နှစ် သန်း ၁၀၀ က ဖြစ်တည်ခဲ့တယ်။
  • 5:13 - 5:17
    ဒါက မေးခွန်းဖြစ်စေတာက
    နောက် နှစ်သန်း ၁၀၀ မှာ
  • 5:17 - 5:21
    လူသား ယဉ်ကျေးမှုရဲ့စွန့်ပစ်ထားတဲ့
    ရှေးအသုံးအဆောင်တချို့ရဲ့
  • 5:21 - 5:25
    ချောင်ကြိုချောင်ကြား တွင်းပေါက်ကလေးတွေကနေ
    ဆီလီကာ ကြွယ်ဝတဲ့ ရေ စိမ့်ဝင်မလဲဆိုတာပါ။
  • 5:25 - 5:29
    တစ်နေ့မှာ ဘယ် မဟူရာရောင်သွေးတဲ့
    အလင်းပြေးမှုတွေက အမှောင်ထုထဲမှာ
  • 5:29 - 5:34
    ကျွန်ပ်တို့ မေ့ထားတဲ့ အရာတွေထဲကနေ
    ဖြာထွက်လာမှာလဲ။
Title:
ကမ္ဘာမြေပေါ်က အရောင်အသွေးအစုံဆုံး ကျောက်မျက်များ။ Jeff Dekofsky
Speaker:
Jeff Dekofsky
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/the-most-colorful-gemstones-on-earth-jeff-dekofsky တွင် ကြည့်ရှုပါ။
၁၉၈၆ ခုနှစ် နိုဝင်ဘာမှာ ဩစတေးလျှ သတ္တုတွင်း အလုပ်သမားတွေဟာ Lunatic Hill ကို တက်ပြီး မြေကြီးထဲကို မီတာ ၂၀ ထွင်းဖောက် တူးခဲ့တယ်။ သူတို့ဟာ လက်သီးဆုပ်အရွယ် စံချိန်ချိုးလိုက်တဲ့ ကျောက်မျက်တစ်လုံး ဆုလာဘ်ကို ရရှိခဲ့ကြတယ်။ သူတို့က ဒါကို Hailey's Comet မဟူရာကျောက်လို့ အမည်ပေးခဲ့တယ်။ "အရောင် ပြေးခြင်း" လို့ခေါ်တဲ့ ထူးခြားတဲ့ လက္ခဏာကြောင့် တူညီတဲ့ မဟူရာကျောက်နှစ်လုံးဟာ မတူနိုင်ကြပါဘူး။ ဒီတော့ ဘာက ဒီစိုလွင်တဲ့ ပြသမှုတွေ ဖြစ်ပေါ်စေတာလဲ။ Jeff Dekofsky ကနေပြီး ကျောက်သားရဲ့ လင်းလက်၊ လှုပ်ရှားနေတဲ့ အလင်း ပြသမှုတွေကို စူးစမ်းထားပါတယ်။
သင်ခန်းစာကို Jeff Dekofsky က ပြုစုပြီး Ivana Bošnjak နဲ့ Thomas Johnson တို့က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:35

Burmese subtitles

Revisions