-
Title:
လူသားက ကြယ်တွေဆီကို ရောက်ရှိနိုင်ပုံ။
-
Description:
ကျွန်တော်တို့လက်ရှိနေထိုင်နေတဲ့နေစကြာဝဠာထဲကနေထွက်သွားပြီးတခြားစကြာဝဠာထဲဝင်ဖို့ဆိုတာဖြစ်နိုင်လား? ရူပနက္ခတ္တဗေဒပညာရှင် Philip Lubin ကတော့လေဆာရောင်ခြည်ရဲ့တွန်းကန်အားကိုအသုံးပြုတဲ့အာကာသယာဉ်အသေးစားလေးတွေနဲ့ကြယ်တွေကြားခရီးသွားနိုင်မယ်ဆိုတဲ့အံ့သြဖွယ်အလားအလာကိုဆွေးနွေးထားပါတယ်။ဒီပြောင်းလဲလာတဲ့နည်းပညာတွေက "ပရိုစီမာ ဆန်တော််ရီ" ဆိုတဲ့ကျွန်တော်တို့နဲ့အနီးဆုံးဖြစ်တဲ့ကြယ်ဆီကိုဘယ်လိုပို့ဆောင်ပေးမလဲဆိုတာနဲ့ကျွန်တော်တို့နားလည်ထားတဲ့စကြာဝဠာရဲ့အကြောင်းကိုဘယ်လိုပြောင်းလဲပေးမလဲဆိုတာကိုလေ့လာကြည့်ရအောင်။
-
Speaker:
Philip Lubin
-
ကျွန်တော်တို့ Santa Barbara
California တက္ကသိုလ်မှာ ရောက်နေတာက
-
လူသားတွေရဲ့ အိပ်မက်အကြောင်း
ဆွေးနွေးဖို့ပဲဖြစ်ပါတယ်
-
ကျွန်တော်တို့ရဲ့နေစကြာဝဠာထဲကနေထွက်ခွာပြီး
-
အခြားစကြာဝဠာကိုသွားရောက်နိုင်ဖို့ပါ
-
ဖြေရှင်းနည်းကတော့ ခင််််ဗျားတို့
မျက်စိအောက်မှာပဲရှိနေတာပါ
-
ကျွန်တော့်လက်ထဲမှာ
ပစ္စည်းနှစ်ခုရှိတယ် ဒီမှာကနာရီ
¶
-
ဒါကတော့လက်နှိပ်ဓာတ်မီးပေါ့
-
ဓာတ်မီးမရှိဘူးဆိုလဲ
ဖုန်းမှာပါပါတယ်
-
နာရီကအချိန်ကိုပြတယ်
-
ဓာတ်မီးကတော့ပတ်ဝန်းကျင်ကို
လင်းအောင်လုပ်ပေးတာပေါ့
-
အနုပညာလိုပဲ သိပ္ပံပညာဟာလဲ
လူတွေကိုအလင်းပြပါတယ်
-
ကျွန်တော်ကလက်တွေ့ဘဝကိုမတူညီတဲ့
နည်းနဲ့ကြည့်ချင်တယ်
-
ကျွန်တော်ဓာတ်မီးထွန်းလိုက်ရင်
-
ရူတ်တရက် အမှောင်က လင်းလာပြီး
ကျွန်တော် ရူတ်တရက် မြင်ရတယ်
-
ထွက်လာတယ်လို့ သင်မြင်ရတဲ့
¶
-
လျှပ်တစ်ပြက်မီးနဲ့ အလင်းပါ
-
လက်ပေါ်ကအလင်းရောင်က
လက်ကိုလင်းနေစေရုံတင်မဟုတ်ပါဘူး
-
လက်ကိုပါတွန်းကန်နေတာပါ
-
အလင်းရောင်ဟာစွမ်းအင်နဲ့
အဟုန်တွေကိုသယ်လာပါတယ်
-
ဒီတော့ အဖြေက ဓာတ်မီးကနေ အာကာသယာဉ်
ဆောက်ဖို့ပြောတာမဟုတ်ပါဘူး
-
ဒီနည်းနဲ့ အခိုးထွက်လာစေခြင်းအားဖြင့်
-
အာကာသယာဉ်က တစ်ဖက်ကို ထွက်သွားတာပါ။
-
ဒီနေ့မှာ ဒါကို ဓာတုဗေဒနဲ့ လုပ်တာပါ
-
မေးခွန်းရဲ့အဖြေက
-
ဓာတ်မီးကိုယူပြီးကမ္ဘာပေါ်က တစ်နေရာရာမှာထား
-
ပတ်လမ်း (သိူ့) လပေါ်မှာပါ
-
နောက် ရောင်ပြန်ပြားအပေါ်ထွန်းချပါ
-
ဒါက အလင်းနှုန်းဆီ ချဉ်းကပ်နိုင်တဲ့
အလင်းရဲ့အမြန်နှုန်းကို တွန်းပို့ပေးတယ်။
-
ဒီလောက်ကြီးတဲ့ဓာတ်မီးကို
ဘယ်လိုလုပ်ကြမလဲ။
¶
-
လုပ်လို့ရမှာ မဟုတ်ဘူးလေ။
-
လက်ကတော့ ဘယ်မှ သွားမယ့်ပုံမရှိဘူး။
-
ဘာလို့လဲဆိုတော့ အားက အရမ်းနည်းလို့ပါ
-
ဒီတော့ ဒီကိစ္စကို ဖြေရှင်းနိုင်တဲ့ နည်းက
-
လေဆာရောင်ခြည် ဓာတ်မီးတွေ
အများကြီးကို လိုအပ်ပြီး
-
အချိန်မီ ချိန်ညှိလိုက်တာပါ။
-
ပြီးရင် အဲဒီလေဆာတွေကို အလင်းတန်းကြီး
တစ်ခုအဖြစ် စုလိုက်တဲ့အခါ
-
အဆင့်လိုက်လုပ်ထားတဲ့အလင်းတန်းလို့ခေါ်ပါတယ်
-
အခုဆို လုံလောက်တဲ့စွမ်းအင်စနစ်
တစ်ခု ရသွားပြီဆိုတော့
-
ဒါကိုသာမြို့တစ်မြို့အရွယ်
ဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်
-
ခင်ဗျားရဲ့လက်တစ်ဖက်သာသာရှိတဲ့
အာကာသယာဉ်ကို အလင်းအလျင်
-
၂၅ရာခိုင်နှုန်း အရှိန်နဲ့
တွန်းတင်ပေးနိုင်ပါလိမ့်မယ်။
-
ဒါကကျွန်တော်တို့နဲ့အနီးဆုံးကြယ်ဖြစ်တဲ့
Proxima Centauri ကိုပို့ပေးနိုင်လိမ့်မယ်။
-
အချိန်ကနှစ်နှစ်ဆယ်နီးနီးကြာချိန်အတွင်းက
-
အလင်းနှစ်လေးခုကျော်လောက်ဝေးတဲ့ကြယ်ပါ
-
ပဏာမ စူစမ်းရေးယာဉ်တွေက
သင့်လက်ရဲ့ အရွယ်အစားလောက်ဖြစ်မယ်။
¶
-
သင် အသုံးပြုမယ့်
ရောင်ပြန်ပြားရဲ့ အရွယ်ကတော့
-
သာမန်လူတစ်ယောက်အရွယ်လောက်ရှိမယ်။
-
ကျွန်တော့်ထက် သိပ်ပြီး ပိုမကြီးဘူးပေါ့
-
ဒါပေမဲ့ မီတာနည်းနည်းတော့ရှိမယ်လေ။
-
အာကာသယာဉ် ပျံနိုင်ဖို့အတွက်က
လေဆာတန်းကြီးကထုတ်ပေးတဲ့
-
ရောင်ပြန်အလင်းကိုပဲသုံးတယ်။
-
ဒီတော့ ဒီအကြောင်းပြောရအောင်။
¶
-
သူကသမုဒ္ဒရာထဲ ရွက်လွှင့်ရသလိုပဲ။
-
ရွက်လွှင့်ပြီဆိုရင် လေက
သင့်ကို တွန်းသွားတာလေ။
-
လေကပဲ ရေထဲမှာလှေကို ရှေ့ရောက်အောင်
မောင်းနှင်ပေးတာလေ။
-
ခုကိစ္စမှာဆိုရင်ကျွန်တော်တို့က
ဒီလေဆာတန်းကြီးကနေ အာကာသထဲမှာ
-
လေအတုဖန်တီးလိုက်တာပါပဲ။
-
လေက လေဆာထဲက ဖိုတွန်တွေဖြစ်ပြီး
-
လေဆာရဲ့အလင်းက လေဖြစ်လာတာက လွဲရင်ပေါ့။
-
ဒီအပေါ်မှာ ရွက်လွှင့်တာပါ။
-
ဒါက တိုက်ရိုက် အလင်းပါ၊
-
တိုက်ရိုက် စွမ်းအင်လို့ ခေါ်တတ်ကြတယ်။
-
ဘာလို့အခု ဖြစ်နိုင်လာတာလဲ။
¶
-
ဒီနေ့ ကြယ်တွေဆီသွားဖို့အကြောင်း
ပြောနိုင်တာက
-
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ တုန်းက
-
အာကာသစီမံကိန်းတွေကို
အားတက်သရောလုပ်ကြတော့
-
လူတွေက "ဒါဖြစ်နိုင်ဘူးလား"
လို့ မေးခဲ့လို့ပါ။
-
အခုအချိန်မှာဘာလို့ဖြစ်လာနိုင်တာဟာ
သုံးစွဲသူတွေနဲ့လည်း အများကြီးဆိုင်ပါတယ်
-
သင် ကျွန်တော့်ကို ကြည့်နေတယ်ဆိုတဲ့အချက်ပါ
-
မြန်နှုန်းမြင့်အင်တာနက်နဲ့ကို ကြည့်နေတာပါ
-
ဒေတာတွေကိုဖိုင်ဘာကြိုးတွေကတဆင့်
သယ်ဆောင်လာပေးနိုင်တာ Photonics ကြောင့်ပါ
-
Photonics ကသာ အခြေခံအားဖြင့်
ဒီနေ့ကျွန်တော်တို့ သုံးနေတဲ့
-
အင်တာနက်ဆိုတာဖြစ်စေတာပါ။
-
ဒေတာ ပမာဏအများကြီးကို
မြန်မြန်ပို့နိုင်တဲ့အစွမ်းဟာ
-
အာကာသယာဉ်ကို ကြယ်တွေဆီ
မြန်မြန်ပို့ပေးဖို့အတွက်
-
အသုံးပြုမဲ့နည်းပညာနဲ့ အတူတူပါပဲ
-
မကုန်နိုင်တဲ့ တွန်းကန်အား အထောက်အပံ့ရှိတယ်
¶
-
ဒါကို လိုသလိုဖွင့်လို့ ပိတ်လို့ရတယ်
-
ခရီးတစ်ခုလုံးမှာ အလင်းထုတ်ပေးတဲ့
ဒီလေဆာတန်းကိုဖွင့်ထားဖို့
-
မလိုအပ်ပါဘူး
-
အာကာသယာဉ်အသေးစားလေးတွေ
အတွက်ဆို မိနစ်အနည်းငယ်ပဲလိုတာပါ
-
သူက သေနတ်ပစ်လိုက်သလိုပါ
-
ပစ်ထုတ်လိုက်တဲ့
ကျည်ဆန်လို အရှိန်နဲ့သွားပါတယ်
-
ကျွန်တော်တို့ လူသားတွေ
အာကသယာဉ်ပေါ် ပါမသွားတာတောင်
-
အနည်းဆုံးတော့ ဒီလိုအာကာသယာဉ်ကို
လွှင့်တင်နိုင်စွမ်းရှိတယ်
-
-
အရာဝတ္ထုတစ်ခုကို အဝေးကကြည့်၊
အဝေးကဓာတ်ပုံရိုက်ပြီး
-
အဝေးကပဲ လေ့လာချင်ကြတယ်
-
ဥပမာ ကျွန်တော်တို့ ဂျူပီတာကို
-
အာကာသ စူစမ်းရေးယာဉ်နဲ့ သွားတယ်ဆိုရင်
-
ဂျူပီတာကိုဓာတ်ပုံရိုက်မယ်
-
သံလိုက်စက်ကွင်းတွေ၊ အမှုန်တွေရဲ့
-
သိပ်သည်းဆကို တိုင်းတာမယ်
-
အခြေခံကတော့အဝေးကနေစူးစမ်းရှာဖွေတာပါ။
-
အခုခင်ဗျားကျွန်တော့်ကိုကြည့်နေသလိုပေါ့
-
လက်ရှိလုပ်နေတဲ့မစ်ရှင်တွေထဲမှာ
လကိုကျော်ပြီးလုပ်နေသမျှတွေအားလုံးက
-
အဝေးကနေပဲလေ့လာနေရတာတွေကြီးပါပဲ
-
နေစကြာဝဠာအပြင်က ဂြိုဟ်ကို
လည်ပတ်တာဆိုရင် ဘာတွေမျှော်လင့်မလဲ
¶
-
ဒီဂြိုဟ်မှာ သက်ရှိတွေရှိလောက်ပြီး
-
သက်ရှိတွေရဲ့ သက်သေ
အထောက်အထားတွေ တွေ့နိုင်မလားပဲ
-
လေထုထဲမှာရှိတဲ့ biosignature
တွေဆီကဖြစ်ဖြစ်
-
ကောင်းမွန်ထင်ရှားတဲ့
ဓာတ်ပုံတစ်ပုံဆီကဖြစ်ဖြစ်
-
ဂြိုဟ်မျက်နှာပြင်ပေါ်မှာ
တစ်ခုခုတော့ မြင်ရနိုင်မယ်လေ
-
စကြာဝဠာထဲမှာ အခြားသက်ရှိတွေ
ရှိမရှိဆိုတာ မသိရသေးဘူးလေ။
-
ဖြစ်လောက်တာက အာကာသယာဉ်တွေလွှတ်ပြီး
သက်ရှိတွေရဲ့ သက်သေတွေရှာတွေ့မယ်ပေါ့၊
-
တွေ့ချင်မှလည်း တွေ့မှာပေါ့။
-
ကြယ်တွေဆီသွားဖို့အကြောင်းပြောနေချိန်မှာ
¶
-
စီးပွားရေးအကြောင်းပြောရတာ
မသင့်တော်ဘူးထင်ရပေမဲ့
-
သူကလဲခုလိုကြယ်တွေဆီကိုသွားဖို့အတွက်
မောင်းနှင်အားတွေထဲကတစ်ခုပါပဲ
-
ကျွန်တော်တို့ လုပ်ချင်ရာကို
လုပ်နိုင်ဖို့က စီးပွားရေးအရ တတ်နိုင်တဲ့
-
ပမာဏတစ်ခုဖြစ်မှပါ။
-
-
ကျွန်တော်တို့ရဲ့စမ်းသပ်ခန်းထဲမှာ
-
တစ်ဆယ်ကီလိုမီတာဒါမှမဟုတ်
ခြောက်မိုင်လောက်အတွင်းကလေဆာတွေကို
-
ချိန်ညှိနိုင်မယ့်စနစ်တစ်ခု ရနေပါပြီ
-
ကျွန်တော်တို့ရဲ့လေဆာစနစ်နဲ့
ချိန်ညှိတာ လုပ်နိုင်ပါပြီ
-
ကောင်းကောင်းအလုပ်လုပ်ပါတယ်
-
လေဆာတည်ဆောက်ပုံကို သိခဲ့တာ
ဆယ်စုနှစ်ပေါင်းများစွာရှိပြီဆိုပေမဲ့
-
အခုမှသာနည်းပညာတွေကစျေးသက်သာလာပြီး
-
ပြည့်စုံလာတာဆိုတော့
-
လေဆာတန်းအကြီးကြီးတွေရဖို့
စိတ်ကူးယဉ်နိုင်သွားပါပြီ
-
ဆိုလာခြံကြီးတွေလို ကီလိုမီတာများစွာ
ကျယ်ဝန်းတဲ့ လေဆာတန်းတွေပေါ့
-
သူတို့ကတော့အလင်းကိုလက်ခံမှာမဟုတ်ဘဲ
ထုတ်လွှင့်မှာပေါ့
-
ဒီလိုနည်းပညာမျိုးရဲ့ကောင်းကွက်ကတော့
နေရာအတော်များများမှာသုံးလို့ရတာပါ
¶
-
အလင်းအလျင်နီးနီးနဲ့ပျံသန်းနိုင်တဲ့
အာကာသယာဉ်အသေးစားလေးတွေသာမက
-
အလွန်မြန်တဲ့အာကာသယာဉ်တွေပါ
-
နေစကြာဝဠာအတွင်းမှာ
မြန်မြန်ပျံသန်းလာနိုင်စေမယ်
-
ကမ္ဘာဂြိုဟ်ကာကွယ်ဖို့ ဖြစ်စေမယ်
-
ပတ်လမ်းထဲက အမှိုက်တွေကိုဖယ်ရှားနိုင်မယ်
-
အဝေးကြီးကစွမ်းအင်လိုအပ်တဲ့အာကာသယာဉ်တွေ
လပေါ် ဒါမှမဟုတ် အခြားနေရာကအာကာသစခန်းတွေကို
-
စွမ်းအင်ပို့ပေးနိုင်မယ်
-
အလွန်ကို စွယ်စုံရတဲ့နည်းပညာတစ်ခုပဲလေ
-
ဒါက ကြယ်တွေဆီကို အာကာသယာဉ်
မပို့လွတ်ဘူးဆိုရင်တောင်
-
လူသားက ဖွံ့ဖြိုးအောင်
လုပ်ချင်မယ့်နည်းပညာတစ်ခုပဲ
-
ဘာလို့လဲဆိုတော့ ဒါက လက်ရှိမဖြစ်နိုင်သေးတဲ့
-
အရာတွေမှာပါအသုံးပြုလာနိုင်မှာမို့လို့ပဲ
-
ဒါကြောင့် ဒါဟာ မုချအသုံးဝင်တဲ့
နည်းပညာလို့ယုံကြည်တာက
-
ကျွန်တော်တို့မှာ လုပ်နိုင်စွမ်းရှိပြီး
-
ဒီနည်းပညာကို အသေးစိတ်
ချိန်ညှိဖို့ပဲ လိုတာကြောင့်ပါ
-
သဘောအနေနဲ့ စနစ်အကြီးကြီးတွေ
စျေးသက်သက်သာသာနဲ့
-
တည်ဆောက်လာနိုင်အောင်
စီးပွားရေးတွေ အလျဉ်မီလာဖို့ စောင့်ပါ။
-
အခုတောင်စနစ်အသေးစားလေးတွေဆောက်နိုင်ပြီ
-
ရှေ့ပြေးပုံစံလေးတွေကိုစမ်းသပ်ခန်းထဲမှာ
စဆောက်နေပါပြီ
-
ဒီတော့ ၏မနက်ဖြန်မှာဖြစ်လာမှာမဟုတ်ပေမဲ့
¶
-
ကျွန်တော်တို့ စလုပ်နေပါပြီ
-
ခုထိတော့အခြေအနေကောင်းပါတယ်
-
ဒါကခေတ်ကိုပြောင်းလဲသွားစေမဲ့ အစီအစဉ်
တစ်ခုဖြစ်ရုံသာမက
-
ပြောင်းလဲနိုင်တဲ့နည်းပညာတစ်ခုအနေနဲ့
-
နည်းပညာကိုပါ ဆင့်ကဲ
ပြောင်းလဲသွားစေမယ့် အရာပါ။
-
ကျွန်တော်ကတော့ပထမဆုံးအလင်းအလျင်နဲ့
ပျံသန်းမှုလုပ်နိုင်မယ့်အချိန်မှာ
-
အသက်ရှင်နေဦီးမယ်မထင်ပါဘူး
-
ဒီနေရာရောက်ဖို့နှစ်သုံးဆယ်ကျော်လောက်
လိုဦီးမှာပါ
-
ဒီထက်မက ပိုကြာနိုင်ပေမဲ့
-
ကျွန်တော့်ကုိစေ့ဆော်တာက
-
နောက်ဆုံးပန်းတိုင်ကိုရောက်အောင်
လုပ်နိုင်စွမ်းကိုမြင်သွားရဖို့ပါ
-
ကျွန်တော့ သက်တမ်းမှာ ဖြစ်မလာသေးရင်တောင်
-
နောက်မျိုးဆက်တစ်ခုလက်ထက်မှာဖြစ်နိုင်တယ်လေ
-
(သို့) သူတို့အလွန်မျိုးဆက်ပေါ့
-
အကျိုးဆက်တွေကတဖြည်းဖြည်းပြောင်းလဲလာမှာပဲလေ
-
ကျွန်တော့်အမြင်အရတော့ကျွန်တော်တို့ဟာ
ဒီလမ်းကိုလျှောက်ကိုလျှောက်ရမှာပဲ
-
ဘယ်လိုကန့်သတ်ချက်တွေရှိတာကိုရှာဖွေပြီးတော့
-
ဘယ်လိုကျော်လွှားသွားရမယ်ဆိုတာ
ကိုဖော်ထုတ်ရမယ်
-
အခြားဂြိုဟ်ပေါ်ကသက်ရှိကိုရှာဖွေတာက
¶
-
လူတွေရဲ့အထင်ရှားဆုံးရှာဖွေစူးစမ်းမှုပဲလေ
-
အကယ်၍ရှာဖွေတာအောင်မြင်ပြီး
-
တခြားဂြိုဟ်ပေါ်မှာသက်ရှိတွေတွေ့ပြီဆိုရင်
-
ဒါကလူသားတွေကိုထာဝရပြောင်းလဲသွားစေမှာပဲ
-
အသေအချာ စူးစိုက်ကြည့်မယ်ဆိုရင်
¶
-
ဘဝမှာ အရာတိုင်းကလေးနက်တယ်
-
အလွန်ရှုပ်ထွေး၊စိတ်ဝင်စားဖို့ကောင်းပြီး
လှပတဲ့အရာတွေတွေ့နိုင်ပါတယ်
-
ကျွန်တော်တို့နေ့စဥ်အသုံးပြုနေတဲ့
ဖိုတွန်လေးတွေအတွက်လည်း
-
တူတူပါပဲ
-
ဒါပေမဲ့အပြင်ကိုလှမ်းကြည့်လိုက်မယ်ဆိုရင်
ပိုအရေးပါတဲ့အရာတွေကိုစိတ်ကူးယဥ်နိုင်တယ်
-
ချိန်ညှိထားတဲ့လေဆာတန်းကြီးလိုမျိုးပေါ့
-
ဘဝမှာထူးခြားတဲ့အရာတွေကို
စိတ်ကူးယဥ်ကြည့်နိုင်ပါတယ်
-
ကြယ်တစ်ခုကနေနောက်တစ်ခုကိုသွားဖို့ဆိုတာက
-
ထူးခြားတဲ့ လုပ်နိုင်စွမ်းတစ်ခုပါပဲ
-
(ငှက်ကလေးများ အော်မြည်သံ)
¶