-
Title:
အာဏာရှင်စနစ်ကို ဘယ်လိုအကြောက်အလန့်မရှိ ရင်ဆိုင်ကြမလဲ။
-
Description:
မင်းအာဏာရှင်စနစ်ကို ဘယ်လို ထင်မြင်သလဲ။ ကြောက်ရွံ့မှုကင်းမဲ့ခြင်းဆိုတာ ဘာကို ဆိုလိုတာလဲ။ ဒီဟောပြောပွဲမှာ အိမ်ထောင်ရှင်မဘဝကနေ နိုင်ငံရေးသမားဖြစ်လာတဲ့ Sviatlana Tsikhanouskaya က Belarus ရဲ့ သက်ဦးဆံပိုင် ခေါင်းဆောင်ကို ၂၀၂၀ နိုင်ငံတော်ရွေးကောက်ပွဲမှာ ဘယ်လိုအနိုင်ယူခဲ့သလဲဆိုတာကို ပြောပြထားပါတယ်။ သေးသယ်တဲ့ ကန့်ကွက်မှုမှသည် ကြီးမားပြင်းထန်တဲ့ ကန့်ကွက်မှုကြီးကို ငြိမ်းချမ်းစွာရောက်အောင် ဘယ်လိုဆောင်ရွက်ခဲ့ကြသလဲဆိုတာကို ကြောက်ရွံ့မှုကင်းမဲ့ခြင်းနှင့် လွတ်လပ်မှုအကြားချိတ်ဆက်ပြီး ပြောပြထားပါတယ်။ ကျွန်ုပ်တို့အားလုံး မတရားမှုတွေကို ဆန့်ကျင်ဖို့ အတူတကွစုပေါင်းဖို့ပဲလိုတယ်ဆိုတာကို သတိရစေရန် ပြောပြထားပါတယ်။
-
Speaker:
Sviatlana Tsikhanouskaya
-
ဩဂုတ်လ ၁၂ ရက်နေ့။ ၂၀၂၀ ခုနှစ်။
-
Belarus ရဲ့မြို့တော် Minsk မှာရှိတဲ့
မိန်းကလေးအုပ်စု နှစ်စုဟာ
-
ကန့်ကွက်ရန် အပြင်သို့
ထွက်လာခဲ့ကြတယ်။
-
အဖြူရောင်
အဝတ်တွေကို ဝတ်ဆင်လျက်
-
ခြေဗလာနဲ့
လမ်းမပေါ်သို့ ထွက်လာခဲ့ကြတယ်။
-
မနက်ခင်းမှာ
-
အချို့ဟာ မြို့လည်ကောင်ရှိ
Komarovskiy Market ကို သွားခဲ့ကြတယ်။
-
အဲဒီနေ့ နှောင်းပိုင်းမှာ
-
အခြားအဖွဲ့ဟာ ပန်းတွေနဲ့အတူ
-
အောင်မြင်ခြင်းရုပ်တုအောက်
eternal flameမှာ စုစည်းခဲ့ကြတယ်။
-
သူတို့ဟာ မတ်တပ်ရပ်လျက်
အတူတကွ လက်တွဲကာ
-
Belarusian lullaby ကို
စတင် သီဆိုလျက်
-
ရဲကားတွေ အလာကို
စောင့်နေခဲ့ကြတယ်။
-
ရဲတွေက သူတို့ကိူ ဒီလို ခေါ်သွားမယ်ဆိုတာ
သူတို့ သိကြပါတယ်။
-
ပန်းတွေကိုင်ထားလျက်
ခြေဗလာနဲ့ သူတို့ကို
-
သူတို့ကို ရိုက်နှက်၊ အရှက်ခွဲပြီး
-
ရဲစခန်းကို ခေါ်ဆောင်သွားမယ်ဆိုတာပါ။
-
သို့ပေမဲ့ သူတို့ဟာ ဘာဖြစ်ဖြစ်
ဆက်လက် သီဆိုနေခဲ့တယ်။
-
ဒီနှစ် Belarus မှာ တစ်ခုခုပြောင်းလဲခဲ့တယ်။
-
၁၉၉၄ ကတည်းက အာဏာရှင်ဆန်တဲ့
ခေါင်းဆောင်းက အုပ်ချုပ်ခဲ့တဲ့
-
ပြည်သူပေါင်း ၉ သန်းကျော်ရှိတဲ့
တိုင်းပြည်တစ်ပြည်ပါ။
¶
-
အဲဒီ မိန်းကလေးတွေဟာ ရက်အနည်းငယ်စောပြီး
ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့
-
အကွက်ဆင်ခဲ့တဲ့ နောက်ဆုံးရလဒ်ကို
ကန့်ကွက်ခဲ့ကြတယ်။
-
သူတို့ရဲ့ သေးငယ်လှတဲ့ ကန့်ကွက်မှုရဲ့
ထုတ်ဖော်ချက်တွေဟာ
-
ဧရာမ ငြိမ်းချမ်းတဲ့ အမျိုးသမီးတွေ
ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေအဖြစ်
-
တစ်နိုင်ငံလုံးရှိ ပျံ့နှံ့သွားခဲ့တယ်။
-
ရက်အနည်းငယ်အတွင်းမှာ
-
ရာထောင်ချီသော ပြည်သူတွေဟာ
လမ်းမပေါ် ဆက်လက်ထွက်ပြီး
-
အဲဒီအချိန်ကတည်းက
ဆန္ဒပြပွဲတွေ ဆကိဖြစ်ခဲ့တယ်။
¶
-
ဒီလိုမျိုးတွေ Belarus မှာ အရင်က
တစ်ခါမှ မမြင်ဖူးခဲ့ဘူးလေ။
-
ဒီလို ကန့်ကွက်မှုတွေ ရှိနေဆဲမှာပင်
-
သမ္မတ ဟာ ဥပဒေတစ်ရပ်ကို
ကြေညာချက် ထုတ်ပြန်လိုက်ပြီး
-
လူပေါင်း ၁၀၀၀၀ ကျော် ဖမ်းဆီးခဲ့တယ်။
-
လူပေါင်းရာကျော်ကို နှိပ်စက်ခဲ့ပြီး
-
အနည်းဆုံး လူ ၆ ယောက် သေဆုံးခဲ့ရတယ်။
-
ဘာကြောင့် Belarus ပြည်သူတွေက ထုတ်ဖော်
ပြောဆိုလဲဆိုတာကို လူများစွာက တွေးကြတယ်။
-
ဘာက သူတို့ကို လမ်းမပေါ်
ထွက်စေတာလဲ။
-
ရဲတွေရဲ့ မမျှော်လင့်ရတဲ့
အကြမ်းဖက်မှုတွေ
¶
-
ဥပဒေကင်းမဲ့မှုတွေ ရှိနေဆဲတောင်မှပေါ့။
-
ကျွန်မအကြားရဆုံး အဖြေကတော့
-
ပြည်သူတွေက ကြောက်ရွံ့မှုတွေ
မရှိကြတာကြောင့်ပဲ။
-
ကြောက်ရွံ့မှုတွေ ကင်းမဲ့ခြင်းက
ကျွန်မတို့ကို အတူတကွဖြစ်သွားစေတယ်။
-
ဘာကြောင့်လဲဆိုတော့ ကြောက်ရွံ့မှုတွေက
-
အထီးကျန်ခြင်းကို ဖြစ်ပေါ်စေတယ်။
-
-
ယောကျာ်း၊ မိန်းမ၊ ကလေး၊ သက်ကြီးရွယ်အို
-
အားလုံးဟာ ကြောက်ရွံ့မှုကို ခံစားရတယ်။
-
ဒါပေမဲ့ ကိုယ့်ဘာသာကိုယ်
ရှိနေသရွေ့တော့ ဒီလိုပါ။
-
ကြောက်ရွံ့မှု ကင်းမဲ့မှုက နှစ်ယောက်လိုတယ်။
-
အချင်းချင်း ပြသလိုက်တဲ့အခါမှသာ
ကြောက်ရွံ့မှု ကင်းမဲ့လာကြတယ်။
-
မင်းရဲ့ အိမ်နီးချင်း၊ လုပ်ဖော်ကိုင်ဖက်
-
မိတ်ဆွေမှာ သတ္တိရှိအောင် ပြသလိုက်ပါ။
-
သူတို့ဟာ အင်အားတွေရှိလာပြီး
ကြောက်ရွံ့မှုတွေ ကင်းမဲ့လာကြမယ်။
-
ဩဂုတ်လ ၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့
သမ္မတ ရွေးကောက်ပွဲမှာ
-
ကျွန်မတို့ ကျရာနေရာကနေ
ဆောင်ရွက်ပြီးပြီ။
-
ကျွန်မ ယောကျ်ား Sergei ထောင်ကျတုန်းက
ကျွန်မ ပြေးလွှားခဲ့ရတယ်။
¶
-
အဲ့လိုပြေးလွှားခဲ့ခြင်းက ဩဇာရှိသူတွေရဲ့
နှောင့်နှေးမှုတွေကို ပေါ်လွင်စေတယ်။
-
ကျွန်မ ရွေးကောက်ပွဲကို အနိုင်ရပြီး
-
Belarus ရဲ့ ဒီမိုကရက် ခေါင်းဆောင်
ဖြစ်လာခဲ့တယ်။
-
ဒါပေမဲ့ မဲရလဒ်ရဲ့ ၁၀ ရာခိုင်နှုန်းသာ
နိုင်တယ်လို့ တရားဝင် ထုတ်ပြန်ခဲ့တယ်။
-
ပြီးတော့ ကျွန်မ ကလေးတွေနှင့်အတူ
တိုင်းပြည်မှ ထွက်ခွာရန် ဖိအားပေးခံခဲ့ရတယ်။
-
ကျွန်မကို မဲပေးတဲ့ သူတွေက
အုပ်ချုပ်မှုကို ရယူစေချင်သောကြောင့်
-
ကျွန်မ တွန်းလှန်တယ်။
-
ကျွန်မ ဘယ်လောက်
အကြောက်အလန့် ကင်းမဲ့လိုက်သလဲ။
-
ကျွန်မ အထိတ်တလန့်ဖြစ်နေခိုက်မှာ
အဖြစ်အပျက်တွေ အများကြီး ရှိခဲ့တယ်။
-
ကျွန်မ လက်လျော့ချင်ခဲ့တယ်။
-
တွန်းလှန်မှုတွေကို
-
ကျွန်မတစ်ယောက်တည်း လုပ်တယ်လို့
ယုံကြည်အောင် ခြိမ်းခြောက်ခဲ့တယ်။
-
အခုထက်ထိတိုင်အောင်
ကျွန်မ မြို့တော်တော်များကို သွားလည်လေ
-
ပြည်သူတွေက စုရုံး ထောက်ခံလေလေ
¶
-
ကြောက်ရွံ့မှုတွေ
ပိုလျော့နည်းလာလေလေပါ။
-
ပြီးတော့ ရွေးကောက်ပွဲမတိုင်မီ
Minsk မှာ
-
ပြည်သူပေါင်း ၆၀၀၀၀ ကျော်က
ကျွန်မကို ထောက်ခံကြောင်း ပြသခဲ့ကြတယ်။
-
ကျွန်မ မကြောက်ရွံ့တော့ဘူး။
-
ဘယ်တော့မှ ကျွန်မ မထိတ်လန့်ချင်ခဲ့ဘူး။
-
ကျွန်မ နိုင်ငံရေး သိပ်လုပ်ခဲ့ဘူး။
-
ရုံးအလုပ်တွေလည်း လုံးဝ လုပ်ဖို့
မစီစဉ်ခဲ့ဘူး။
-
ကျွန်မ မိခင်တစ်ယောက်၊
ဇနီး တစ်ယောက်ပဲ ဖြစ်ချင်ခဲ့တယ်။
-
ဒါပေမယ့် ကံကြမ္မာနှင့်
ပြည်သူတွေရဲ့ တောင်းဆိုမှုတွေက
-
ကျွန်မကို ထိုနေရာသို့
တွန်းပို့ခဲ့တယ်။
-
တာဝန်နှင့် ဂုဏ်ယူမှု အသိစိတ်ကြောင့်
ကျွန်မ ထိုနေရာကို လက်သင့်ခံခဲ့တယ်။
¶
-
ကျွန်မ အရှုံးပေးမှာ မဟုတ်ဘူး။
-
ပြည်သူတွေက ကျွန်မကို ပြသ သလို
ကျွန်မလည်း ပြည်သူတွေကို သက်သေပြမယ်။
-
ကျွန်မတို့ရဲ့ စည်းလုံးမှုကြောင့်
ကျွန်မတို့ ရဲရင့်လာခဲ့တယ်။
-
ကျွန်မတို့ တစ်စုတစ်စည်းထဲ ဖြစ်ခြင်းက
ကျွန်မတို့ အင်အားပါပဲ။
-
ကြောက်ရွံ့မှုကင်းခြင်းက ကျွန်မကတိပေးထားသော
အလုပ်ဖြစ်ကြောင်း ကျွန်မ နားလည်ပြီ။
-
အဲဒါက မင်းနေ့စဉ် ပြုလုပ်ခဲ့တဲ့
ဆုံးဖြတ်ချက်ပဲ။
-
ဒါက မင်း ယူလိုက်တဲ့ တာဝန်
-
အခြားတစ်ယောက်အတွက် မင်းယူခဲ့တဲ့ တာဝန်ပဲ။
-
ကျွန်မရဲ့ ထောက်ခံသူ Belarus နိုင်ငံသားနဲ့
ကျွန်မဟာ ကွဲပြားမနေဘူး။
-
သူတို့ရဲ့ ထောက်ခံမှုက ခံစားလို့ရတယ်။
-
သူတို့ရဲ့ တစ်စုတစ်စည်းထဲ ဖြစ်မှုဟာ
အစဉ်အဆက် ကြီးထွားလာတယ်။
¶
-
လူနှစ်ယောက်ရှိရင်
-
မင်းဟာ အတင့်ရဲလိမ့်မယ်။
-
လူ ၁၀၀ ရှိရင် မင်းဟာ
ရဲရင့်လိမ့်မယ်။
-
လူ ၁၀၀၀ ရှိရင်
-
မင်းဟာ အကြောက်တရား ကင်းမဲ့လိမ့်မယ်။
-
လူ ၁၀၀၀၀ ရှိရင်
-
မင်းဟာ လွှမ်းမိုးနိုင်လိမ့်မယ်။
-
ကျေးဇူးတင်ပါတယ်။