Return to Video

နိုင်ငံတကာ အာကာသ စခန်းမှာ နေရတာ ဘယ်လိုမျိုးပါလိမ့်။

  • 0:01 - 0:02
    ကျွန်မက အာကာသယာဉ်မှူးပါ။
  • 0:03 - 0:05
    အာကာသ လွန်းပျံယာဉ်နဲ့ နှစ်ကြိမ်
    ပျံသန်းခဲ့ပြီး
  • 0:05 - 0:09
    ခြောက်လနီးပါး နိုင်ငံတကာ အာကာသ
    စခန်းမှာ နေထိုင်ခဲ့တယ်။
  • 0:09 - 0:15
    လူတွေ မကြာခဏ မေးတတ်တဲ့ ဆင်တူ
    မေးခွန်းက "အာကာသဆိုတာ ဘယ်လိုမျိုးလဲ"တဲ့။
  • 0:15 - 0:17
    လျှို့ဝှက်ချက် တစ်ခုအလားပဲ။
  • 0:17 - 0:19
    အာကာသဟာ ကျွန်မတို့အားလုံးနဲ့ ဆိုင်ပါတယ်။
  • 0:19 - 0:26
    ဘာကြောင့် ဒီနေရာက အားလုံးအတွက် မှော်ဆန်
    နေတာကို နားလည်ဖို့ ကျွန်မ ကူညီချင်တယ်။
  • 0:26 - 0:30
    ကျွန်မရဲ့ နှစ်ငါးဆယ် မွေးနေ့အပြီး
    နောက်နေ့မှာ
  • 0:30 - 0:33
    ရုရှားလုပ် အာကာသယာဉ်တစ်ခုပေါ်ကို
  • 0:33 - 0:35
    တက်ခဲ့ပြီး
  • 0:35 - 0:37
    အာကာသထဲကို လွှတ်တင်ခဲ့တယ်။
  • 0:37 - 0:41
    လွှတ်တင်ခြင်းဟာ ကျွန်မတို့လုပ်တဲ့
    အန္တရာယ်အများဆုံး အရာဖြစ်ပြီး
  • 0:41 - 0:42
    ရင်ဖိုစရာလည်း အကောင်းဆုံးပါ။
  • 0:43 - 0:47
    သုံး၊ နှစ်၊ တစ်၊ တက်ပြီ။
  • 0:47 - 0:52
    ကမ္ဘာမြေကနေ လွှတ်တင်ခိုက်မှာ
    ဒီဂြိုဟ်တု အင်ဂျင်တွေရဲ့ ထိန်းချုပ်ထားတဲ့
  • 0:52 - 0:55
    သည်းထန်မှုကို အပိုင်းတိုင်း ခံစားရတယ်။
  • 0:55 - 0:58
    ကျွန်မတို့ဟာ မြန်သထက် မြန်မြန်လာပြီး
  • 0:58 - 1:03
    ရှစ်မိနစ်ခွဲ အကြာမှာ တမင်သက်သက်ကို
    ဒီအင်ဂျင်တွေ ရပ်မသွားခင်အထိပေါ့။
  • 1:04 - 1:05
    ဘုန်း။
  • 1:05 - 1:07
    ကျွန်မတို့ အလေးချိန်မဲ့သွားတယ်။
  • 1:07 - 1:11
    အထူးတာဝန်နဲ့ မှော်ဆန်မှာ စပါပြီ။
  • 1:11 - 1:15
    Dmitry၊ Paolo နဲ့ ကျွန်မတို့ဟာ
    အာကာသယဉ် သေးသေးလေးနဲ့
  • 1:15 - 1:16
    ကမ္ဘာမြေကို လှည့်ပတ်နေရင်း
  • 1:16 - 1:19
    အာကာသ စခန်းကို သတိရှိရှိ
    ချဉ်းကပ်နေပါတယ်။
  • 1:19 - 1:24
    ဒါက စမတ်ကား အရွယ်ရှိတဲ့ ကျွန်မတို့ရဲ့
    အာကာသယာဉ်နဲ့
  • 1:24 - 1:27
    ဘောလုံးကွင်း အရွယ်ရှိတဲ့
    အာကာသ စခန်း အကြားမှာ
  • 1:27 - 1:31
    တစ်နာရီ ၁၇၅၀၀ မိုင်နှုန်းနဲ့
    ရှုပ်ထွေး ပွေလီတဲ့ ကကွက်တစ်ခုပါ။
  • 1:31 - 1:38
    ဒုတ်ကနဲ အသံလေးနဲ့အတူ ဒီယာဉ်နှစ်ခု
    ဆိုက်ကပ်တဲ့အခါ ကျွန်မတို့ ရောက်ပါပြီ။
  • 1:38 - 1:41
    အပေါက်တွေကို ဖွင့်တယ်၊
  • 1:41 - 1:44
    ကမ္ဘာမြေဆွဲအား သုညအမှတ်မှာ တစ်ဦးကို
    တစ်ဦး အလွယ်သယ်ပြီး ဖက်ကြတယ်
  • 1:44 - 1:46
    အခု ခြောက်ယောက်ဖြစ်သွားပါပြီ။
  • 1:46 - 1:49
    ကျွန်မတို့ဟာ အာကာသ မိသားစု၊
    ရင်းနှီးတဲ့ မိသားစုတစ်စုပါ။
  • 1:51 - 1:54
    အဲဒီမှာ နေတာရဲ့ အကြိုက်ဆုံး အပိုင်းက
  • 1:54 - 1:56
    ပျံသန်းခြင်းပါ။
  • 1:56 - 1:57
    ကျွန်မ ဒါကို သဘောကျတယ်။
  • 1:57 - 1:59
    Peter Pan လို ဖြစ်နေတာပေါ့။
  • 1:59 - 2:01
    ဒါက မျောနေတာနဲ့ မဆိုင်ဘူး။
  • 2:01 - 2:03
    လက်ချောင်းတစ်ချောင်းရဲ့ အထိကကို
  • 2:03 - 2:06
    ကိုယ့်ကို အာကာသ စခန်းတစ်ခုလုံးအနှံကို
    တွန်းပို့ပေးနိုင်ပြီး
  • 2:06 - 2:09
    ဒီနောက်မှာတော့ ခြေချောင်းတွေနဲ့
    လျှိုသွင်းတာမျိုးပါ့။
  • 2:09 - 2:13
    ကျွန်မ အကြိုက်ဆုံးတစ်ခုက
    အာကာသ စခန်းကိုဖြတ်ပြီး
  • 2:13 - 2:15
    တိတ်ဆိတ်စွာ လွင့်မျောရတာပါ။
  • 2:15 - 2:17
    ညဘက်ဆို တဝီဝီမြည်နေတာပေါ့။
  • 2:17 - 2:20
    အဲဒီမှာ ကိုယ်ရှိနေတာ ကိုယ်သိလားလို့
    တစ်ခါတစ်ခါ တွေးမိတယ်။
  • 2:20 - 2:22
    တိတ်ဆိတ်မှု သက်သက်ပါ။
  • 2:22 - 2:26
    ဒါပေမဲ့ ဒါရဲ့အံဩဖွယ်ကို အဖွဲ့နဲ့
    မျှဝေခြင်းကလည်း
  • 2:26 - 2:29
    ကျွန်မအတွက် အရေးပါတဲ့
    အစိတ်အပိုင်းတစ်ခုပါ။
  • 2:30 - 2:36
    အာကာသထဲက သာမန် နေ့တစ်နေ့ကို
    ပြီးပြည့်စုံတဲ့ အလုပ်သွားတာနဲ့ စတင်တယ်။
  • 2:36 - 2:39
    အိပ်ရေ နိုးတယ်၊ လက်တွေ့ခန်းကို
    မောင်းပြီးဆင်းတယ်၊
  • 2:39 - 2:43
    ရှိဖူးသမျှ အကောင်းဆုံး
    မနက်ခင်းမြင်ကွင်းကို နှုတ်ဆက်တယ်။
  • 2:44 - 2:49
    တကယ့်ကို မြန်ဆန်တဲ့ အလုပ်သွားတာပါ၊
    စက္ကန့် ၃၀ ပဲကြာပြီ်း
  • 2:49 - 2:51
    ပြတင်းကနေ အပြင်ကိုကြည့်ရတာကို
    ဘယ်တော့မှ မငြီးငွေ့ဘူး။
  • 2:51 - 2:56
    ကျွန်မတို့ဟာ ကမ္ဘာမြေနဲ့ နီးနီးလေးမှာပဲ
    ရှိနေသေးတယ်လို့ သတိပေးနေတာလို့ ထင်မိတယ်။
  • 2:56 - 3:00
    တစ်ဒါဇင်ရှိတဲ့ စမ်းသပ်ချက် အမျိုးမျိုးနဲ့
    နောက် လေးလလုံးလုံး
  • 3:00 - 3:04
    ကျွန်မတို့ တွေ့ရမယ့် တစ်ခုတည်းသော
    ချောကလက်ပါတဲ့
  • 3:04 - 3:06
    ကျောင်းကား အရွယ်ရှိတဲ့
    ထောက်ပံရေး ယာဉ်ကို ဖမ်းယူဖို့
  • 3:06 - 3:10
    ကနေဒီယန်း စက်ရုပ် လက်မောင်းကို
    သုံးသူတွေထဲမှာ ကျွန်မတို့အဖွဲ့က ဒုတိယပါ။
  • 3:11 - 3:14
    ကဲ ချောကလက်မှအပ
    ဒီစမ်းသပ်ချက် တစ်ခုစီတိုင်းဟာ
  • 3:14 - 3:18
    ဟောဒီကမ္ဘာမြေမှာ ကျွန်မတို့ မလုပ်နိုင်တဲ့
    ဖြေရန်ရှိတဲ့နောက်ထပ် သိပ္ပံဆိုင်ရာ
  • 3:18 - 3:21
    မေးခွန်းတစ်ခုကို ထောက်ကူပေးပါတယ်။
  • 3:21 - 3:23
    ဒါက ခြားနားတဲ့ မှန်ဘီလူးတစ်ခုလိုပဲ
  • 3:23 - 3:26
    ဒီလိုမေးခွန်းတွေရဲ့ အဖြေတွေကို
    သိမြင်စေပါတယ်။
  • 3:27 - 3:28
    "ပေါက်ကွဲခြင်းက ဘာလဲ။"
  • 3:28 - 3:31
    အငွေ့ဆန်တဲ့ ဒိုင်နက်မစ်က ဘာလဲ။"
  • 3:31 - 3:33
    အခုတော့ အိပ်စက်ခြင်းက ကြည်နူးဖွယ်ရာပါ။
  • 3:33 - 3:36
    ကျွန်မ အကြိုက်ဆုံးက ဆိုလိုတာက
    ထက်အောက် ပြောင်းပြန် လုပ်လို့ရတာပါ။
  • 3:36 - 3:39
    ကျွန်မ အကြိုက်ဆုံး ဘောလုံးလေးထဲ
    ခွေပြီး လွတ်လပ်စွာ မျောနေတာပါ။
  • 3:40 - 3:42
    အဝတ်လျှော်စရာလား၊ မလိုဘူး။
  • 3:42 - 3:46
    ညစ်ပတ်နေတဲ့ အဝတ်တွေကို လွတ်နေတဲ့
    အထောက်အပံ့ ယာဉ်ထဲကို ထည့်ပြီး
  • 3:46 - 3:48
    အာကာသထဲ ပို့လွတ်လိုက်တာပဲ။
  • 3:48 - 3:49
    ရေချိုးခန်းပါ။
  • 3:49 - 3:51
    လူတိုင်း သိချင်ကြတာပေါ့။
  • 3:51 - 3:54
    နားလည်ဖို့ ခက်တာကြောင့်
    ဗီဒီယိုလေး လုပ်ခဲ့တယ်။
  • 3:54 - 3:56
    အကြောင်းကတော့ လေဟာနယ်ရဲ့နိယာမဟာ
  • 3:56 - 3:59
    တစ်နေ့တာကို သက်သာစေပြီး
    လေညှင်းနုနုလေးတစ်ခုကကို
  • 3:59 - 4:02
    အရာတိုင်း ရှိသင့်တဲ့ နေရာ
    ရောက်သွားအောင် ကူညီပေးတာကို
  • 4:02 - 4:04
    ကလေးတွေ နားလည်စေချင်လို့ပါ။
  • 4:04 - 4:06
    အင်း၊ လက်တွေ့ဘဝမှာတော့ လုပ်တယ်ပေါ့။
  • 4:06 - 4:07
    (ရယ်သံများ)
  • 4:07 - 4:09
    ပြန်သုံးတာလား။ အဟုတ်ပေါ့။
  • 4:09 - 4:14
    ဒီတော့ ကျွန်မတို့ရဲ့ ဆီးတွေကို ယူပြီး
    သိမ်းတယ်။ ဒါတွေကို စစ်ပြီး သောက်ကြတယ်။
  • 4:14 - 4:15
    တကယ့်ကို အရသာရှိတာနော်။
  • 4:15 - 4:16
    (ရယ်သံများ)
  • 4:17 - 4:19
    စားပွဲမှာ ဝိုင်းထိုင်ပြီး
  • 4:19 - 4:21
    အကြည့်ရဆိုးပေမဲ့ တကယ့်ကို အရသာရှိတဲ့
    အစားအစာကို စားနေတာပါ။
  • 4:22 - 4:24
    ဒါပေမဲ့ ဒါက အရေးပါတဲ့ စားပွဲနားမှာ
    စုစည်းနေတာပါ။
  • 4:24 - 4:28
    အဖွဲ့တစ်ဖွဲ့ကို အတူတူ ခိုင်မာစေတာကြောင့်
  • 4:28 - 4:30
    အာကာသနဲ့ ကမ္ဘာမြေ နှစ်ခုစလုံးမှာ
    လို့ ထင်တယ်။
  • 4:31 - 4:35
    ကျွန်မအတွက်တော့ ဂီတဟာ ကျန်တဲ့ ကမ္ဘာကို
    ဆက်ပြီး ဆက်သွယ်စေတဲ့ နည်းလမ်းတစ်ခုပါ။
  • 4:35 - 4:38
    လူသား အာကာသယဉ် ပျံသန်းမှု
    နှစ် ၅၀ မြောက်မှာ
  • 4:38 - 4:41
    ကမ္ဘာမြေနဲ့ အာကာသကြားမှာ
  • 4:41 - 4:44
    Jethro Tull ရဲ့ Ian Anderson နဲ့အတူ
    စုံတွဲသီချင်းတစ်ပုဒ်ဖွင့်တယ်။
  • 4:45 - 4:47
    မိသားစုကို ဆက်သွယ်တာက သိပ် အရေးကြီးတယ်။
  • 4:47 - 4:52
    အာကာသမှာရှိနေစဉ် တစ်ချိန်လုံး မိသားစုနဲ့
    နေ့တိုင်းနီးပါး စကားပြောခဲ့ပြီး
  • 4:52 - 4:57
    ကျွန်မတို့ အတူရှိနေဖို့ နည်းလမ်းတစ်ခုအဖြစ်
    သားကို စာအုပ်တွေ ဖတ်ပြနေနေခဲ့တယ်။
  • 4:57 - 4:58
    သိပ် အရေးကြီးတယ်လေ။
  • 4:58 - 5:01
    အခု အာကာသ စခန်းက Massachusetts
    အပေါ်ကို ဖြတ်သွားတဲ့အခါ
  • 5:01 - 5:02
    မိသားစုက အပြင်ကို
    ပြေးထွက်လာပြီး
  • 5:02 - 5:07
    ကောင်းကင်မှာ ဖြတ်ပျံနေတဲ့ အတောက်ပဆုံး
    ကြယ်ကို ကြည့်နေ့ကြမှာပေါ့။
  • 5:07 - 5:10
    ကျွန်မ အောက်ကို ငုံ့ကြည့်တော့
    ကိုယ့်အိမ်ကို မမြင်ရပေမဲ့
  • 5:10 - 5:14
    ကျွန်မ ငုံကြည့်နေစဉ်မှာ
    ကျွန်မရဲ အချစ်ရဆုံးလူတွေဟာ
  • 5:14 - 5:17
    မော့ကြည့်နေတယ်ဆိုတာက
    ကျွန်မအတွက် အဓိပ္ပါယ်အများကြီးရှိတယ်။
  • 5:17 - 5:23
    ဒီတော့ ကျွန်မအတွက်အာကာသ စခန်းဟာ
    အထူးတာဝန်နဲ့ မှော်ဆန်မှု အတူဆုံတဲ့နေရာပါ။
  • 5:23 - 5:26
    အထူးတာဝန်၊အလုပ်ဟာ ကျွန်မတို့ ဂြိုဟ်ထက်
    ပိုဝေးရာသွားဖို့
  • 5:26 - 5:28
    စူးစမ်းအတွက်
    အရေးပါတဲ့ ခြေလှမ်းတွေဖြစ်ပြီး
  • 5:28 - 5:32
    ဒီကမ္ဘာမြေမှာ ခံနိုင်စွမ်းရှိမှုကို
    နားလည်ခြင်းအတွက် မရှိမဖြစ်အရာပါ။
  • 5:32 - 5:34
    ဒါရဲ့အစိတ်အပိုင်းဖြစ်ရတာ နှစ်သက်ပြီး
  • 5:34 - 5:36
    ကျွန်မနဲ့အတူ မိသားစုကို
    ခေါ်သွားနိုင်မယ်ဆိုရင်တော့
  • 5:37 - 5:38
    အိမ်ကို ဘယ်တော့မှ
    ပြန်လာမှာ မဟုတ်ဘူး။
  • 5:39 - 5:42
    ဒီတော့ အာကာသ စခန်းက
    မြင်ကွင်းက ကျွန်မကို ပြသလိုက်တာက
  • 5:42 - 5:45
    ကျွန်မတို့အားလုံးဟာ
    တစ်နေရာတည်းကနေ ဆိုတာပါ။
  • 5:45 - 5:48
    ကျွန်မတို့အားလုံးမှာ လုပ်ဆောင်ဖို့
    ကဏ္ဍတွေရှိတယ်။
  • 5:48 - 5:52
    ဘာကြောင့်လဲဆိုတော့ ကမ္ဘာမြေဟာ
    ကျွန်မတို့ရဲ့ ယာဉ်ပါ။
  • 5:52 - 5:54
    အာကာသဟာ ကျွန်မတို့ရဲ့ အိမ်ပါ။
  • 5:55 - 6:00
    ကျွန်မတို့ဟာ ကမ္ဘာမြေ
    အာကာသယာဉ်ရဲ့အမှုထမ်းတွေပါ။
  • 6:01 - 6:02
    ကျေးဇူးတင်ပါတယ်။
  • 6:02 - 6:03
    (လက်ခုပ်သံများ)
Title:
နိုင်ငံတကာ အာကာသ စခန်းမှာ နေရတာ ဘယ်လိုမျိုးပါလိမ့်။
Speaker:
Cady Coleman
Description:

ဒီတိုတောင်းတဲ့ ရယ်မာစရာ ဟောပြာချက်မှာ Cady Coleman ကနေပြီး ကျွန်ုပ်တို့ကို နိုင်ငံတကာ အာကာသ စခန်း ( International Space Station) ပေါ်ကို တက်ရောက်ဖို့ ကြိုဆိုလိုက်ပါတယ်။ သူဟာ သိပ္ပံပညာရဲ့ နယ်ပယ်စွန်းတွေကို တိုးချဲ့ပေးခဲ့တဲ့ လက်တွေ့ စမ်းသပ်မှုတွေလုပ်ရင်း အဲဒီမှာ ခြောက်လနီးပါး အချိန်ကုန်ဆုံးခဲ့တာပါ။ အလုပ်ကို ပျံသန်းသွားတာ၊ ကမ္ဘာမြေဆွဲအား မရှိဘဲ အိပ်စက်တာနဲ့ ကမ္ဘာမြေဝန်းကျင်မှာ တစ်နာရီကို ၁၇၅၀၀ မိုင်နှုန်းနဲ့ တစ်ရှိန်ထိုး ပြေနေတဲ့ ဘဝကို နေထိုင်ဖို့ဆိုတာ ဘယ်လိုများ ရှိပါလိမ့် ဆိုတာကို နားဆင်ကြည့်ပါ။ "အာကာသ စခန်းဟာ အထူးတာဝန်နဲ့ မှော်ဆန်မှု အတူတူ ပေါင်းဆုံတဲ့ နေရာပါ" လို့ Coleman က ဆိုပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:16

Burmese subtitles

Revisions