ကက်ဖိန်းက ကျွန်ုပ်တို့ကို နိုးနေအောင် ဘယ်လို လုပ်ပေးတာတာလဲ။ Hanan Qasim
-
0:07 - 0:12တစ်ကမ္ဘာလုံးမှာ ကက်ဖိန်း
မက်ထရစ်တန်ပေါင်း ၁၀၀၀၀၀ ကျော်ကို -
0:12 - 0:14နှစ်စဉ် သုံးစွဲနေကြပါတယ်။
-
0:14 - 0:18ဒါဟာ အီဖယ် မျှော်စင် ၁၄ ခုရဲ့
အလေးချိန်နဲ့ ညီမျှပါတယ်။ -
0:18 - 0:21ကက်ဖိန်းအများစုကို လက်ဖက်ရည်နဲ့
ကောင်ဖီထဲမှာ စားသုံးကြပေမဲ့ -
0:21 - 0:24ဆိုဒါတချို့၊ ချောကလက်နဲ့ ကက်ဖိန်း
-
0:24 - 0:25ဆေးလုံးတွေမှာပါ
-
0:25 - 0:26ထည့်မျိုကြပြီး
-
0:26 - 0:29ကက်ဖိန်း နည်းတယ်လို့ တံဆိပ်ကပ်
ထားတဲ့ အဖျော်ယမကာတွေမှာတောင်ပါ။ -
0:29 - 0:33ကက်ဖိန်းက နိုးကြားစေဖို့၊ အာရုံစိုက်
စေဖို့နဲ့ တက်ကြွစေဖို့ ကူညီတယ်။ -
0:33 - 0:36အိပ်ရေးမဝဘူးဆိုတာတောင်ပါ။
-
0:36 - 0:40ဒါပေမဲ့ ၎င်းဟာ သွေးပေါင်ကို မြှင့်ပေးပြီး
ပူပန်မှုကိုလည်း ဖြစ်စေပါတယ်။ -
0:40 - 0:43ကမ္ဘာမှာ အကျယ်ပြန့်ဆုံး
သုံးစွဲနေတဲ့ ဆေးဝါးပါ။ -
0:43 - 0:47ဒီတော့ ဒါက ကျွန်ုပ်တို့ကို ဘယ်လို
ဆက်လက် နိုးကြားစေတာလဲ။ -
0:47 - 0:51ကက်ဖိန်းဟာ အပင်တွေထဲ ဆင့်ကဲဖြစ်ပေါ်လာပြီး
ရည်ရွယ်ချက် အနည်းငယ်ကို ဖြည့်ဆည်းပေးတယ်။ -
0:51 - 0:55မြင့်မားတဲ့ ပမာဏတွေမှာ မျိုးစိတ်တချို့ရဲ့
အရွက်တွေနဲ့ အစေ့တွေမှာတွေ့ရှိရတာကြောင့် -
0:55 - 0:58အင်းဆက်တွေအတွက် အဆိပ်ဖြစ်စေတယ်။
-
0:58 - 1:02ဒါပေမဲ့ ပိုနိမ့်တဲ့ ပမာဏတွေမှာ ဒါကို
စားသုံးတဲ့အခါ ဝတ်ရည်မှာ တွေ့ရှိတာကြောင့် -
1:02 - 1:06ပန်းပွင့်တွေကို မှတ်မိပြီး ပြန်လည်ပတ်စေ
ဖို့ ၎င်းတို့ကို ကူညီပေးတယ်။ -
1:06 - 1:11လူ့ခန္ဓာထဲမှာ ကက်ဖိန်းဟာ ဗဟို အာရုံကြော
စနစ်အတွက် တက်ကြွစေတာအဖြစ်လုပ်ဆောင်တယ်။ -
1:11 - 1:16adenosine လို့ခေါ်တဲ့ အရာ ခန္ဓာကိုယ်ရဲ့
အဓိက အိပ်ပျော်စေတဲ့ မော်လီကျူးကို -
1:16 - 1:19ပိတ်ဆို့ရင်းနဲ့ ကျွန်ုပ်တို့ကို
ဆက်နိုးကြားစေတယ်။ -
1:19 - 1:22ခန္ဓာကိုယ်ဟာ အဆက်မပြတ်
စွမ်းအင် ပံ့ပိုးမှု လိုအပ်တယ်။ -
1:22 - 1:27ဒါကို ATP လို့ခေါ်တဲ့ စွမ်းအင်မြင့်
မော်လီကျူးကို ချေဖျက်ရင်းက ရရှိတယ်။ -
1:27 - 1:28ဒီဖြစ်စဉ်မှာ
-
1:28 - 1:33၎င်းက ATP ရဲ့ ဓာတုဗေဒ မဏ္ဍိုင်
adenosine ကို ထုတ်လွှတ်တယ်။ -
1:33 - 1:38ဦးနှောက်ထဲက နျူရွန်းတွေမှာ ဒီမော်လီကျုး
အတွက် အံကိုက်ဖြစ်နေတဲ့အာရုံခံတွေရှိတယ်။ -
1:38 - 1:40adenosine က ဒီအာရုံခံတွေကို
ချိတ်ဆက်တဲ့အခါ -
1:40 - 1:44ဇီဝဓာတု တုံ့ပြန်မှုတွေရဲ့
ဖြာဆင်းမှုတစ်ခုကို နှိုးဆွေပေးတယ်။ -
1:44 - 1:46ဒါက နျူရွန်းတွေကို ပိုလေးကန်စွာ
တက်ကြွစေကာ -
1:46 - 1:50အရေးပါတဲ့ ဦးနှောက် အချက်ပြမှု
မော်လီကျူး ထုတ်လွှင်မှုကို နှေးစေတယ်။ -
1:50 - 1:53တစ်နည်းဆိုရရင် သင့် အိပ်ငိုက်လာတာပါ။
-
1:53 - 1:58ကက်ဖိန်းဟာ adenosine receptor
antagonist.လို့ခေါ်တာပါ။ -
1:58 - 2:02ဆိုလိုတာက ၎င်းဟာ သင့်နျူရွန်းတွေကို
နှေးအောင်လုပ်တဲ့ လုပ်ငန်းစဉ်ကို -
2:02 - 2:04adenosine အာရုံခံ ကို ပိတ်ဆို့ရင်း
လမ်းချော်စေတာပါ။ -
2:04 - 2:09ကဟက်ဖိန်းနဲ့ adenosine မှာ တူညီတဲ့
မော်လီကျူး ဖွဲ့စည်းပုံရှိတယ်။ -
2:09 - 2:12ကက်ဖိန်းက adenosine receptors တွေထဲကို
လျှိုဝင်လို့ရနိုင်လောက်အောင် နီးစပ်ပေမဲ့ -
2:12 - 2:15ဒါတွေကို နှိုးဆဖို့လောက်တော့ မနီးစပ်ဘူး။
-
2:15 - 2:19အကျဉ်းချုပ်ရမယ်ဆိုရင်
adenosine ဟာ နျူရွန်းတွေကို ဟန့်တားတာပါ။ -
2:19 - 2:25ကက်ဖိန်းက ဟန့်တားတာကို
ဟန့်တားတာကြောင့် သင့်ကို နှိုးဆွပေးတယ်။ -
2:25 - 2:27ကက်ဖိန်းဟာ အပြုသဘော ခံစားချက်တွေကို
ပါ တိုးမြှင့်တယ်။ -
2:27 - 2:30နျူရွန်းတချို့မှာ adenosine အာရုံခံတွေဟာ
-
2:30 - 2:34ဒိုပါမင်လို့ခေါ်တဲ့ အခြား မော်လီကျူးအတွက်
အာရုံခံတွေနဲ့ ဆက်နွယ်နေတယ်။ -
2:34 - 2:39ဦးနှောက်ထဲက ဒိုပါမင်ရဲ့ ကဏ္ဍတစ်ခုက
ဝမ်းမြောက်စိတ်တွေကို တိုးမြှင့်ပေးဖို့ပါ။ -
2:39 - 2:42adenosine က ဒီတွဲနေတဲ့ အာရုံခံတွေကို
ချိတ်မိတဲ့အခါ -
2:42 - 2:46၎င်းက ဒိုပါမင်ကို ၎င်းရဲ့ကိုယ်ပိုင်နေရာမှာ
အံကျစေဖို့ ခက်ခဲစေတယ်။ -
2:46 - 2:49၎င်းရဲ့ စိတ်မြှင့်တင်ပေးတဲ့ အလုပ်ကို
အလျဉ်ပြတ်စေတာပါ။ -
2:49 - 2:53ဒါပေမဲ့ ကက်ဖိန်းက adenosine ရဲ့နေရာကို
ယူတဲ့အခါမှာတော့ အလားတူ သက်ရောက်မှု မရှိဘဲ -
2:53 - 2:56ဒိုပါမင်က လျှောဝင်နိင်တယ်။
-
2:56 - 3:01adenosine နံ ဒိုပါမင် အာရုံခံတွေအပေါ်
ကက်ဖိန်းရဲ့ သက်ရောက်မှုတွေဟာ -
3:01 - 3:05ရေရှည် အကျိုးကျေးဇူးတွေ ရှိနိုင်သေးတယ်
ဆိုတဲ့ အထောက်အထားရှိတယ်။ Parkinson's -
3:05 - 3:10Alzheimer's နဲ့ ကင်ဆာအမျိုးအစားတချို့လို
ရောဂါတွေရဲ့ဘေးကိုလျော့စေတာပါ။ -
3:10 - 3:15ကက်ဖိန်းဟာ ခန္ဓာကိုယ်ရဲ့ အဆီ လောင်ကျွမ်း
နိုင်စွမ်းကိုပါ တိုးစေနိုင်တယ်။ -
3:15 - 3:18တကယ်တော့ တချို့အားကစား အဖွဲ့အစည်းတွေက
-
3:18 - 3:21ကက်ဖိန်းဟာ အားကစားသမားတွေကို
မမျှတတဲ့ အသာရမှုပေးတော့ -
3:21 - 3:24သုံးစွဲမှုကို ကန့်သတ်ထားတယ်လို့ ထင်ကြတယ်။
-
3:24 - 3:27၁၉၇၂ ကနေ ၂၀၀၄ အထိ
-
3:27 - 3:32အိုလံပစ် အားကစားသမားတွေဟာ
ပြိုင်ဖို့ သွေးထဲကက်ဖိန်း ပါဝင်မှုအချိုး -
3:32 - 3:34တစ်ခုကို မကျော်လွန်ဖို့ လိုခဲ့တယ်။
-
3:34 - 3:38တကယ်တမ်းက ကက်ဖိန်း သက်ရောက်မှု
အားလုံးဟာ ဒီလောက် အထောက်အကူမဖြစ်ဘူး။ -
3:38 - 3:40သင့်ကို ပိုနေလို့ကောင်းပြီး
တက်ကြွစေလောက်ပေမဲ့ -
3:40 - 3:43နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ကိုလည်း
တိုးစေပြီး -
3:43 - 3:46ဆီးများများသွားခြင်းနဲ့
ဝမ်းလျှောခြင်းကို ဖြစ်စေကာ -
3:46 - 3:50အိပ်မပျော်တာနဲ့ ပူပန်မှုကို ဖြစ်စေတယ်။
-
3:50 - 3:53ဒါ့အပြင် အစားအစာနဲ့ ယမကာတွေမှာ
တွေ့ရတဲ့ ကက်ဖိန်းက -
3:53 - 3:59ခန္ဓာကိုယ်အပေါ် သက်ရောက်တွေရှိတာက
ထည့်သွင်းစဉ်းစားစရာပါ။ -
3:59 - 4:02သင့်ဦးနှောက်ဟာ ကက်ဖိန်း ပုံမှန်
သုံးစွဲမှုကို ပြင်ဆင်နိုင်တယ်။ -
4:02 - 4:05သင့်ရဲ့ adenosine အာရုံခံတွေဟာ
အမြဲတစေ ပိတ်နေရင် -
4:05 - 4:08သင့်ခန္ဓာကိုယ်ဟာ အပိုတွေကို
ထုတ်လုပ်ပေးလိမ့်မယ်။ -
4:08 - 4:10ဒီနည်းနဲ့ ကက်ဖိန်း အနားမှာ ရှိနေတာတောင်
-
4:10 - 4:15adenosine ဟာ ဦးနှောက်ကို စွမ်းအားကျဖို့
အချက်ပေးတဲ့ သူ့အလုပ်ကို ဆက်လုပ်နိုင်တာပါ။ -
4:15 - 4:19ဒါကြောင့် နိုးကြွစေဖို့ ပိုပိုများတဲ့
ကက်ဖိန်းကို စားသုံးဖို့လိုတယ်လို့ -
4:19 - 4:21သင် ထင်လောက်တာပါ။
-
4:21 - 4:24ပိတ်ဆို့ဖို့ ပိုပိုများတဲ့ adenosine
အာရုံခံတွေရှိပါတယ်။ -
4:24 - 4:27သင် ရုတ်တရက် ကက်ဖိန်း ဖြတ်လိုက်ရင်
-
4:27 - 4:30ဆိုးဝါးတဲ့ ဆေးဖြတ်ခြင်းတစ်ခုကို
ခံစားရနိုင်တာကြောင့်ရောပါ။ -
4:30 - 4:32အာရုံခံများစွာနဲ့ ပြိုင်ဘက်တွေ မပါဘဲ
-
4:32 - 4:35adenosine ဟာ အချိန်ပို လုပ်နိုင်တယ်။
-
4:35 - 4:36ခေါင်းကိုက်တာတွေ၊ ပင်ပန်းမှုနဲ့
-
4:36 - 4:38အားငယ်စိတ်တွေလို
-
4:38 - 4:40လက္ခဏာတွေ ဖြစ်ပေါ်စေရင်းပါ။
-
4:40 - 4:45ဒါပေမဲ့ ရက်အနည်းငယ်အတွင်း အပို
adenosine အာရုံခံတွေ ပျောက်ကွယ်ပြီး -
4:45 - 4:47သင့်ခန္ဓာကိုယ်ဟာ ပြန်လည်ထိန်းညှိသွားကာ
-
4:47 - 4:50သင်ဟာ ခါတိုင်း နိုးကြားသလို ခံစားရမယ်။
-
4:50 - 4:53ကမ္ဘာ့ လူကြိုက်အများဆုံး လှုံ့ဆော်ချက်ရဲ့
ဖြည့်သွင်းမှု မပါရင်တောင်ပါ။
- Title:
- ကက်ဖိန်းက ကျွန်ုပ်တို့ကို နိုးနေအောင် ဘယ်လို လုပ်ပေးတာတာလဲ။ Hanan Qasim
- Description:
-
သင်ခန်းစာ:အပြည့်အစုံကို http://ed.ted.com/lessons/how-does-caffeine-keep-us-awake-hanan-qasim တွင် ကြည့်ရှုပါ။
တစ်ကမ္ဘာလုံးမှာ ကက်ဖိန်း မက်ထရစ်တန်ပေါင်း ၁၀၀၀၀၀ ကျော်ကို နှစ်စဉ် သုံးစွဲနေကြပါတယ်။ ဒါဟာ အီဖယ် မျှော်စင် ၁၄ ခုရဲ့ အလေးချိန်နဲ့ ညီမျှပါတယ်။ ကက်ဖိန်းက ကျွန်ုပ်တို့ကို နိုးကြားစေဖို့၊ အာရုံစိုက်စေဖို့နဲ့ တက်ကြွစေဖို့ ကူညီပေးပါတယ်။ အိပ်ရေးမဝဘူးဆိုတာတောင်ပါ။ ဒါပေမဲ့ ၎င်းဟာ သွေးပေါင်ကို မြှင့်ပေးပြီး ပူပန်မှုကိုလည်း ဖြစ်စေပါတယ်။ ဒီတော့ ဒါက ကျွန်ုပ်တို့ကို ဘယ်လို ဆက်လက် နိုးကြားစေတာလဲ။ Hanan Qasim ကနေပြီး ကမ္ဘာမှာ အကျယ်ပြန့်ဆုံး သုံးစွဲနေတဲ့ ဆေးဝါးရဲ့ နောက်ကွယ်က သိပ္ပံပညာကို မျှဝေထားပါတယ်။
သင်ခန်းစာကို Hanan Qasim ပြုစုပြီး လှုပ်ရှားမှု ရုပ်ပုံများကို Adriatic Animation က ဖန်တီးထားပါတယ်။ - Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 05:15
sann tint approved Burmese subtitles for How does caffeine keep us awake? - Hanan Qasim | ||
sann tint edited Burmese subtitles for How does caffeine keep us awake? - Hanan Qasim | ||
Myo Aung accepted Burmese subtitles for How does caffeine keep us awake? - Hanan Qasim | ||
Myo Aung edited Burmese subtitles for How does caffeine keep us awake? - Hanan Qasim | ||
sann tint edited Burmese subtitles for How does caffeine keep us awake? - Hanan Qasim | ||
sann tint edited Burmese subtitles for How does caffeine keep us awake? - Hanan Qasim | ||
sann tint edited Burmese subtitles for How does caffeine keep us awake? - Hanan Qasim | ||
sann tint edited Burmese subtitles for How does caffeine keep us awake? - Hanan Qasim |