Return to Video

စတော့စျေးကွက် ဘယ်လို အလုပ်လုပ်ပါသလဲ - အိုလီဗာ အယ်လ်ဖင်ဘွန်မ်

  • 0:07 - 0:08
    ၁၆၀၀ ပြည့်နှစ်တွေမှာ
  • 0:08 - 0:11
    ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီက သင်္ဘောတွေ
    ရာချီ အသုံးပြုပြီး
  • 0:11 - 0:16
    ကမ္ဘာတလွှား ရွှေ၊ ကြွေထည်၊ ဟင်းခတ်အမွှေး
    အကြိုင်တွေနဲ့ ပိုးထည်တို့ ကုန်ကူးခဲ့ကြတယ်။
  • 0:16 - 0:19
    ဒါပေမဲ့ ဒီလုပ်ငန်းကြီးကို လုပ်ကိုင်ရတာဟာ
    စျေးမပေါလှပါဘူး။
  • 0:19 - 0:22
    သူတို့ရဲ့စျေးကြီးတဲ့ရေလမ်းခရီးတွေကို
    ငွေကြေးထောက်ပံ့ဖို့
  • 0:22 - 0:24
    ကုမ္ပဏီက ပုဂ္ဂလိကနိုင်ငံသားတွေကို
    အားကိုးခဲ့တယ်။
  • 0:24 - 0:28
    ခရီးစဉ်အတွက် ငွေကြေးထောက်ပံ့ဖို့
    ငွေတွေရင်းနှီးမြှပ်နှံပေးနိုင်သူတွေလေ။
  • 0:28 - 0:31
    အလဲအလှယ်အနေနဲ့ သင်္ဘောခရီးစဉ်က
    ရတဲ့အမြတ်ဝေစုကို ပြန်ရတယ်။
  • 0:31 - 0:35
    ဒီအလေ့အထက ကုမ္ပဏီကို ပိုကြီးကျယ်တဲ့
    ရေကြောင်းခရီးတွေတောင် လုပ်နိုင်သွားစေတယ်။
  • 0:35 - 0:40
    သူတို့ကိုယ်တိုင်အတွက်ရောသူတို့ရဲ့ပါးနပ်တဲ့
    ရင်းနှီးမြှပ်နှံသူတွေအတွက်ပါအမြတ်တိုးစေတယ်
  • 0:40 - 0:44
    ဒီဝေစုတွေကို တိုက်အနှံ့က ကော်ဖီဆိုင်တွေနဲ့
    သဘောဆိပ်တွေမှာ ပြန်ရောင်းရင်း
  • 0:44 - 0:50
    ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံး
    စတော့စျေကွက်ကို အမှတ်တမဲ့ တီထွင်ခဲ့တယ်။
  • 0:50 - 0:54
    အဲဒီအချိန်ကတည်းက ကုမ္ပဏီတွေဟာ ရင်းနှီး
    မြှပ်နှံချင်သူတွေဆီကရံပုံငွေတွေကောက်ယူပြီး
  • 0:54 - 0:57
    လုပ်ငန်းမျိုးစုံကို ထောက်ပံ့ပေးကြတယ်။
  • 0:57 - 0:58
    ဒီကနေ့မှာတော့
  • 0:58 - 1:02
    စတော့စျေးကွက်မှာ ကျောင်းတွေ၊အလုပ်အကိုင်တွေ
    နဲ့ တီဗွီချန်နယ်တွေတောင်သီးခြားရှိနေပြီး
  • 1:02 - 1:04
    ဒီစျေးကွက်အကြောင်းနားလည်အောင်
    လုပ်နေတယ်
  • 1:04 - 1:08
    ဒါပေမဲ့ ခေတ်သစ်စတော့စျေးကွက်ဟာ
    မူလအခြေအနေထက် သိသိသာသာ
  • 1:08 - 1:10
    ပိုပြီး ရှုပ်ထွေးပါတယ်။
  • 1:10 - 1:14
    ဒါကြောင့် ကုမ္ပဏီတွေနဲ့ရင်းနှီးမြှပ်နှံသူ
    တွေက ဒီစျေးကွက်ကို အခု ဘယ်လိုသုံးကြလဲ။
  • 1:14 - 1:19
    စျေးကွက်မှာ စဖြန့်ဖို့ဆုံးဖြတ်လိုက်တဲ့
    ကော်ဖီကုမ္ပဏီသစ်တစ်ခုအကြောင်း တွေးကြည့်ပါ။
  • 1:19 - 1:22
    ပထမဆုံးအနေနဲ့ ကုမ္ပဏီဟာ သူ့ကိုယ်သူ
    ရင်းနှီးမြှပ်နှံသူကြီးတွေဆီ ကြော်ငြာမယ်။
  • 1:22 - 1:24
    ကုမ္ပဏီမှာအကြံဉာဏ်ကောင်းရှိတယ်လို့
    ထင်ကြရင်
  • 1:24 - 1:26
    သူတို့ ပထမဆုံး ရင်းနှီးမြှပ်နှံကြည့်ကြတယ်
  • 1:26 - 1:31
    ပြီးရင် ကုမ္ပဏီရဲ့ လူသိရှင်ကြားကနဦး
    ကမ်းလှမ်းချက် IPO ကို ထောက်ပံ့ပေးတယ်။
  • 1:31 - 1:35
    ဒါဟာ ကုမ္ပဏီအနေနဲ့ တရားဝင် လူသိရှင်ကြား
    စျေးကွက်တွင်း ဝင်ရောက်တာပါ။
  • 1:35 - 1:38
    ဒီလုပ်ငန်းဟာ အမြတ်ရနိုင်တယ်လို့ ယုံကြည်တဲ့
    ဘယ်ကုမ္ပဏီ၊ ဘယ်သူမဆို
  • 1:38 - 1:40
    စတော့တစ်ခုကို ဝယ်မှာပဲ။
  • 1:40 - 1:44
    စတော့တွေဝယ်ခြင်းဟာ ဒီရင်းနှီးမြှပ်နှံသူတွေ
    ကို လုပ်ငန်းရဲ့ တချို့တဝက် ပိုင်ဆိုင်စေတယ်
  • 1:44 - 1:47
    သူတို့ရင်းနှီးမြှပ်နှံမှုဟာကုမ္ပဏီကို
    ကြီးလာစေတယ်။
  • 1:47 - 1:48
    ကုမ္ပဏီ ပိုပြီးအောင်မြင်လာတဲ့အခါ
  • 1:48 - 1:52
    နောက်ထပ်ဝယ်သူတွေက အလားအလာကို
    မြင်ပြီး စတော့ စဝယ်ကြမယ်။
  • 1:52 - 1:54
    အဲဒီစတော့တွေ ဝယ်လိုအားတိုးလာတဲ့အခါ
  • 1:54 - 1:58
    စျေးလည်း တက်လာမယ်။ ဝယ်လိုသူတွေအတွက်
    ကုန်ကျစရိတ် ပိုတိုးလာမယ်။
  • 1:58 - 2:02
    လူတွေပိုင်ထားတဲ့ ကုမ္ပဏီရဲ့ စတော့တွေရဲ့
    တန်ဖိုး ပိုမြင့်လာမယ်။
  • 2:02 - 2:03
    ကုမ္ပဏီအတွက်တော့
  • 2:03 - 2:07
    ဒီလိုတိုးလာတဲ့အကျိုးအမြတ်က လုပ်ငန်းသစ်တွေ
    ဖို့ ရန်ပုံငွေအတွက် အကူရစေတယ်
  • 2:07 - 2:10
    ပြီးတော့ သူ့ရဲ့စျေးကွက်တန်ဖိုးပေါင်းကို
    တိုးမြှင့်ပေးတယ်။
  • 2:10 - 2:13
    သူတို့ရဲ့ အကြံဉာဏ်ကို လူဘယ်လောက်က
    ရင်းနှီးမြှပ်နှံချင်တယ်ဆိုတာ ပြလို့ပေါ့လေ။
  • 2:13 - 2:17
    ဒါပေမဲ့ အကြောင်းတစ်စုံတစ်ရာကြောင့်
    ကုမ္ပဏီက အမြတ်နည်းပုံရလာရင်
  • 2:17 - 2:19
    ပြောင်းပြန်သဘောလည်း ဖြစ်တတ်ပါတယ်။
  • 2:19 - 2:23
    တကယ်လို့ရင်းနှီးမြှပ်နှံသူတွေက သူတို့ရဲ့
    စတော့တန်ဖိုး ကျမယ်ထင်ရင်
  • 2:23 - 2:26
    အမြတ်ရဖို့မျှော်လင့်ချက်တွေနဲ့ သူတို့ရဲ့
    စတော့တွေကိုရောင်းကြမယ်။
  • 2:26 - 2:28
    ကုမ္ပဏီက တန်ဖိုးပိုမရှုံးခင်ပေါ့။
  • 2:28 - 2:31
    စတော့တွေကို ရောင်းပြီး စတော့ဝယ်လိုအား
    ကျဆင်းသွားရင်
  • 2:31 - 2:32
    စတော့စျေး ကျဆင်းတာပဲ။
  • 2:32 - 2:35
    ဒီတော့ကုမ္ပဏီရဲ့စျေးကွက်တန်ဖိုးလည်း ကျရော။
  • 2:35 - 2:38
    ရင်းနှီးမြှပ်နှံသူတွေအရှုံးကြီးရှုံးရောပဲ။
  • 2:38 - 2:41
    ကုမ္ပဏီက အမြတ်ရမယ့်ပုံ မပေါ်လာတော့ရင်ပေါ့။
  • 2:41 - 2:45
    ဒီလိုမျိုး ရောင်းလိုအားနဲ့ဝယ်လိုအားတက်ကျ
    အခြေအနေကို အကြောင်းများစွာက လွှမ်းမိုးတယ်။
  • 2:45 - 2:49
    ကုမ္ပဏီတွေဟာ စျေးကွက်အင်အားစုတွေရဲ့
    မလွှဲမရှောင်သာ လွှမ်းမိုးမှုခံရတယ်။
  • 2:49 - 2:52
    ပစ္စည်းတန်ဖိုးအတက်အကျ၊
  • 2:52 - 2:54
    ထုတ်လုပ်မှုနည်းပညာအပြောင်းအလဲနဲ့
  • 2:54 - 2:56
    လုပ်အားစရိတ်အပြောင်းအလဲလိုမျိုး
    အင်အားစုတွေပါ။
  • 2:56 - 2:59
    ရင်းနှီးမြှပ်နှံသူတွေဟာ ခါင်းဆောင်
    အပြောင်းအလဲ၊နာမည်ပျက်မှု၊
  • 2:59 - 3:03
    ဥပဒေအသစ်တွေနဲ့ ကုန်သွယ်မှုမူဝါဒတွေလို
    အကြောင်းရင်းခံကြီးတွေကို စိုးရိမ်ကြတယ်။
  • 3:03 - 3:04
    ပြီးတော့လည်း
  • 3:04 - 3:08
    ရင်းနှီးမြှပ်နှံသူများစွာဟာ တန်ဖိုးရှိ
    စတော့တွေရောင်းပြီး တစ်ဦးချင်း
  • 3:08 - 3:10
    အကျိုးအမြတ်ရှာဖို့ အဆင်သင့်ပါပဲ။
  • 3:10 - 3:13
    ဒီအချက်အားလုံးဟာ စျေးကွက်မှာ
    နိစ္စဒူဝ ဆူဆူပူပူ ဖြစ်စေတယ်။
  • 3:13 - 3:16
    ကုမ္ပဏီတွေကိုပိုအောင်မြင်သလိုသို့မဟုတ်
    မအောင်မြင်သလိုဖြစ်စေတယ်
  • 3:16 - 3:17
    စတော့စျေးကွက်မှာ
  • 3:17 - 3:21
    တန်ဖိုးကျသွားမယ့်အခြေအနေဟာရင်းနှီးမြှပ်နှံ
    သူတွေ ဆုံးရှုံးမှုဆီဦးတည်သွားစေတယ်။
  • 3:21 - 3:24
    ဒီတော့ ပကတိတန်ဖိုးလည်း ကျစေတယ်။
  • 3:24 - 3:27
    စျေးကွက်ကို လူတွေ ယုံကြည်မှုဟာ
    စီးပွားရေးတရှိန်ထိုးတက်မှုကနေ
  • 3:27 - 3:30
    ငွေကြေးအကြပ်အတည်းတွေအထိ အားလုံး
    ဖြစ်စေနိုင်စွမ်းရှိတယ်။
  • 3:30 - 3:33
    ဒီလိုမျိုး ခြေရာကောက်ခက်တဲ့ အချက်ဟာ
  • 3:33 - 3:36
    ပရိုပီသသူတွေက ရေတို ငွေရဖို့ကြိုးစားတာထက်
    စိတ်ချရတဲ့ ရေရှည်ရင်းနှီးမြှပ်နှံမှုကို
  • 3:36 - 3:38
    ပိုမြှင့်ဖို့ကြိုးစားကြတဲ့အကြောင်းရင်းပါ။
  • 3:38 - 3:41
    ဒါပေမဲ့ ပညာရှင်တွေက ကိရိယာတွေ အမြဲ
    တည်ဆောက်နေကြတယ်။
  • 3:41 - 3:44
    ဒီလို ခန့်မှန်းမရနိုင်တဲ့ စနစ်မှာ
    အောင်မြင်ဖို့
  • 3:44 - 3:46
    အခွင့်အလမ်း ပိုတိုးစေဖို့ ကြိုးစားကြတယ်။
  • 3:46 - 3:49
    ဒါပေမဲ့ စတော့စျေးကွက်ဟာ ချမ်းသာပြီး
    ဩဇာကြီးသူတွေအတွက်တော့ မမျှတပါဘူး။
  • 3:49 - 3:51
    အင်တာနက်ပေါ်လာတဲ့အခါ
  • 3:51 - 3:53
    နေ့တိုင်းရင်းနှီးမြှပ်နှံသူတွေက
  • 3:53 - 3:56
    ရင်းနှီးမြှပ်နှံသူကြီးလိုပဲ စတော့တွေကို
    ဝယ်နိုင်ကြတယ်။
  • 3:56 - 4:00
    ဒီလိုရှုပ်ထွေးတဲ့စနစ်အကြောင်း လူတွေ
    ပိုသိလာကြတာကြောင့်
  • 4:00 - 4:01
    သူတို့လည်းစတော့ကစားနိုင်တယ်။
  • 4:01 - 4:03
    သူတို့ယုံကြည်တဲ့လုပ်ငန်းတွေကိုထောက်ပံ့တယ်
  • 4:03 - 4:05
    သူတို့ရဲ့ငွေကြေးပန်းတိုင်တွေနောက်လိုက်တယ်။
  • 4:05 - 4:09
    ပထမဆုံးအဆင့်က ရင်းနှီးမြှပ်နှံခံရဖို့ပါပဲ။
Title:
စတော့စျေးကွက် ဘယ်လို အလုပ်လုပ်ပါသလဲ - အိုလီဗာ အယ်လ်ဖင်ဘွန်မ်
Speaker:
အိုလီဗာ အယ်လ်ဖင်ဘွန်မ်
Description:

သင်ခန်းစာအပြည့်အစုံကို https://ed.ted.com/lessons/how-does-the-stock-market-work-oliver-elfenbaum တွင် ကြည့်ရှုပါ။

၁၆၀၀ ပြည့်နှစ်တွေမှာ ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီဟာ သင်္ဘောရာနဲ့ချီအသုံးပြုပြီး ကမ္ဘာတဝှမ်းမှာ ကုန်စည်ကူးသန်းရောင်းဝယ်ခဲ့ကြတယ်။ သူတို့ရဲ့ ရေလမ်းခရီးအတွက် ရံပုံငွေရရှိပြီး ခရီးစဉ်တွေအတွက် ငွေကြေးထောက်ပံ့ဖို့ ကုမ္ပဏီဟာ ပုဂ္ဂလိကနိုင်ငံသားတွေကို အားကိုးခဲ့ကြတယ်။ အလဲအလှယ်အနေနဲ့ နိုင်ငံသားတွေဟာ အမြတ်ဝေစုတစ်စု ရရှိကြတယ်။ ဒီလို လုပ်ဆောင်ရင်းနဲ့ သူတို့ဟာ ကမ္ဘာ့ပထမဆုံး စတော့စျေးကွက်ကို အမှတ်တမဲ့ တီထွင်ခဲ့ပါတယ်။ အဲလိုဆိုရင် ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှပ်နှံသူတွေက ဒီကနေ့စတော့စျေးကွက်ကို ဘယ်လို အသုံးပြုကြပါသလဲ။ အိုလီဗာ အယ်လ်ဖင်ဘွန်မ်က ရှင်းပြထားပါတယ်။

အိုလီဗာ အယ်လ်ဖင်ဘွန်မ်ရဲ့ သင်ခန်းစာကို တွမ်ဂရမ်နဲ့ မယ်ဒလိန်ဂရော်ဆီက စီစဉ်ညွှန်ကြားထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:09

Burmese subtitles

Revisions