နိုင်ငံရေးသမားတွေကို အစားထိုးနိုင်မယ့် ရဲဝံ့တဲ့ စိတ်ကူး
-
0:01 - 0:03ဒီမိုကရေစီကို ကျုပ်တို့နည်းနည်းလေး
စိတ်ပျက်နေတာက -
0:03 - 0:05ကျွန်တော် တစ်ယောက်တည်းလား
-
0:05 - 0:08ဒါမှမဟုတ် ဒီ့ပြင်လူတွေကော် ဒီမှာ
ရှိကြသေးလား။ -
0:09 - 0:11(လက်ခုပ်သံများ)
-
0:12 - 0:14ကျုပ်တို့ နံပါတ်တချို့ကို ယူကြည့်ကြပါစို့။
-
0:15 - 0:17ကျုပ်တို့က ကမ္ဘာ့တဝမ်းကို လေ့လာကြည့်ကြပါက၊
-
0:17 - 0:21သမ္မတရွေးကောက်ပွဲများ အတွက်
ပျမ်းမျှမဲလာကြပေးသူတို့ဟာ -
0:21 - 0:23နောက်ဆုံး နှစ် ၃၀ အတွင်းမှာ
-
0:23 - 0:25၆၇ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။
-
0:26 - 0:28အခု ကျုပ်တို့က ဥရောပကိုယူကြည့်ရင်၊
-
0:28 - 0:33အီးယူပါလီမန် ရွေးကောက်ပွဲထဲ
ပါဝင်ခဲ့ကြတဲ့ လူတွေကိုကြည့်ကြည့်ပါက၊ -
0:33 - 0:35အဲဒီ ရွေးကောက်ပွဲတွေ အတွက် ပျမ်းမျှကျတော့
-
0:35 - 0:37၄၂ ရာခိုင်နှုန်းသာ ဖြစ်ပါတယ်။
-
0:38 - 0:40ဆက်ပြီး နယူးယောက်ကိုသွားကြပါစို့၊
-
0:40 - 0:44နောက်ဆုံး မြို့တော်ဝန် ရွေးကောက်ပွဲမှာ
မဲပေးခဲ့ကြတာ ဘယ်လောက်လဲ ကြည့်ကြရအောင်။ -
0:45 - 0:48မဲပေးဖို့ လာခဲ့ကြတာက လူဦးရေ အားလုံးရဲ့
၂၄ ရာခိုင်နှုန်းသာ ရှိခဲ့ကြတာ တွေ့ရမှာပါ။ -
0:49 - 0:52ဆိုလိုရင်းက "သူငယ်ချင်းတွေ" ဆက်ပြီး
အရွေးခံနေတုန်း ဆိုရင်၊ -
0:52 - 0:56Joey ရယ်၊ ပြီးတော့ Phoebe တို့ဟာ
မဲပေးလို့ လာခဲ့ကြမှာပါ။ -
0:56 - 0:57(ရယ်သံများ)
-
0:57 - 1:01လူတွေက နိုင်ငံရေးသမားတွေကို စိတ်ကုန်နေကြ
တော့ သူတို့ကို အပြစ်တင်လို့ မရနိုင်ပါ။ -
1:01 - 1:05ပြီးတော့ လူတွေက သူတို့ရဲ့ မိတ်ဆွေများနဲ့
မိသားစုနဲ့ ဆက်သွယ်စကားပြောဖို့ -
1:05 - 1:08အသုံးပြုခဲ့ကြတဲ့ ဒေတာကို တခြားလူတွေက
နိုင်ငံရေး ဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ပြီး -
1:08 - 1:10သုံးနေကြတာကိုလည်း လူတွေဟာ
စိတ်ကုန်နေကြပါပြီ။ -
1:10 - 1:13ဒါပေမဲ့ အဲဒါနဲ့ ပတ်သက်ပြီး ပြောရရင်
ဒါဟာ အသစ်အဆန်း မဟုတ်ပါဘူး။ -
1:13 - 1:16ဒီခေတ်ထဲမှာ လူတွေက ခင်ဗျားတို့ကို
ဝါဒဖြန့်ဖို့ ပစ်မှတ် ထားလာကြတာက -
1:16 - 1:20သူတို့က ခင်ဗျားတို့ရဲ့ ဇစ်ကုဒ် ဒါမှမဟုတ်
လိင် ဒါမှမဟုတ် အသက်ကို မသုံးခင်မှာပါ၊ -
1:20 - 1:23လူတွေကို နိုင်ငံရေး ရည်ရွယ်ချက်များအတွက်
ပစ်မှတ်ထားလာခြင်းဟာ နိုင်ငံရေးလိုပဲ -
1:24 - 1:25စိတ်ကူးစောင်း မို့လို့ပါ။
-
1:26 - 1:28ပြီးတော့ အဲဒီလို စိတ်ကူးကို ဆက်သုံးနေကြတာက
-
1:28 - 1:31ဒီမိုကရေစီဆီမှာ အခြေခံအရ
အားနည်းချက် ရှိနေလို့ပါ။ -
1:32 - 1:34အဲဒါက ကိုယ်စားပြုရေး စိတ်ကူးမို့လို့ပါ။
-
1:34 - 1:38အခြေခံမူအရ၊ ဒီမိုကရေစီ ဆိုတာက
လူတွေရဲ့ အာဏာကို ကျင့်သုံးနိုင်စွမ်းပါ။ -
1:38 - 1:42ဒါပေမဲ့ လက်တွေ့မှာကျတော့ ကျုပ်တို့ဟာ
အဲဒီအာဏာကို ကျနော်တို့ကိုယ်စား -
1:42 - 1:44ကျင့်သုံးနိုင်မယ့်
ကိုယ်စားလှယ်အား လွှဲပေးရတယ်။ -
1:44 - 1:46အဲဒီ ကိုယ်စားလှယ်ဟာ
ပြဿနာ တစ်ဆို့တဲ့နေရာ၊ -
1:46 - 1:48ဒါမှမဟုတ် အားနည်းတဲ့ နေရာပါ။
-
1:48 - 1:52အဲဒီနေရာက ကိုယ်က ဒီမိုကရေစီကို တိုက်ခိုက်
ချင်ရင် ပစ်မှတ်ထားရမယ့် နေရာပါ၊ -
1:52 - 1:55ကိုယ်က ဒီမိုကရေစီကို ချုပ်ကိုင်ချင်ရင်
ကိုယ်စားလှယ်ကို ထိန်းချုပ်ရမယ်၊ -
1:55 - 1:58ဒါမှမဟုတ် လူတွေက သူတို့ကို
ရွေးကြပုံကို ထိန်းချုပ်ရမှာပါ။ -
1:58 - 1:59ဒီတော့ မေစရာ မေးခွန်းကြီးက-
-
2:00 - 2:01ဒါဟာ သမိုင်း၏ နိဂုံးပဲလား။
-
2:02 - 2:05ကျုပ်တို့ အကောင်းဆုံး လုပ်နိုင်တာက
ဒါပဲလား -
2:06 - 2:09ဒါမှမဟုတ်၊ အခြားနည်းလမ်းတွေ ရှိကြသေးလား။
-
2:09 - 2:12လူအချို့တို့က အခြားအစားထိုးရမယ့်
နည်းလမ်းတွေကို စဉ်းစားလာခဲ့ကြရာ၊ -
2:13 - 2:16စိတ်ကူး တစ်ခုက တိုက်ရိုက် ဒီမိုကရေစီ
ဆိုတဲ့ စိတ်ကူးပါ။ -
2:16 - 2:19အဲဒါက နိုင်ငံရေးသမားကို လုံးဝကို
ရှောင်နိုင်မယ့် စိတ်ကူးပါ။ -
2:19 - 2:22ပြည်သူတွေကို ပြဿနာအလိုက်
တိုက်ရိုက် မဲပေးစေရန် ဖြစ်ပါတယ်။ -
2:22 - 2:24ပြည်သူတွေ ဥပဒေမူကြမ်းတွေကို
တိုက်ရိုက် မဲပေးနိုင်ကြမှာပါ။ -
2:24 - 2:26သိပ်ကို ရိုးလွန်းတဲ့ စိတ်ကူးပါ၊
-
2:26 - 2:29ကျုပ်တို့ ရွေးပေးရမယ့် အရာတွေက
သိပ်ကို များလွန်းမှာမို့လို့ပါ။ -
2:29 - 2:32ကျုပ်တို့က ၁၁၄ ကြိမ်မြောက်
အမေရိကန် ကွန်ဂရက်ကို ကြည့်ရင်၊ -
2:32 - 2:34အောက်လွှတ်တော် ဆိုရင်
ဥပဒေမူကြမ်း -
2:34 - 2:37၆၀၀၀ ကျော်ကို စဉ်းစားခဲ့တာကို၊
-
2:37 - 2:40အထက်လွှတ်တော် ကျတော့
ဥပဒေမူကြမ်း ၃၀၀၀ ကျော်ကို၊ -
2:40 - 2:43စဉ်းစားခဲ့ကြပြီး အတည်ပြုခဲ့ကြတာ
ဥပဒေ ၃၀၀ ကျော်ခဲ့ပါတယ်။ -
2:43 - 2:44အဲဒီလို အတည်ပြုဖို့ လူတစ်ဦးချင်းဟာ
-
2:44 - 2:47သူသိခဲ့တဲ့ ခေါင်းစီး တစ်ခုကို တစ်ပတ်လောက်
-
2:47 - 2:49စဉ်းစားခဲ့ပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
-
2:49 - 2:52တိုက်ရိုက် ဒီမိုကရေစီကို
ဖြစ်နိုင်တဲ့ အလားအလာ တစ်ခုအနေနဲ့ -
2:52 - 2:56ကျုပ်တို့က စဉ်းစားကြမယ်ဆိုရင် သိမြင်မှု
ဘောင်ဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ကြရမယ်။ -
2:56 - 3:00အဲဒါကြောင့် အချို့တို့က အရည်ဒီမိုကရေစီ
ဒါမှမဟုတ် စီးဆင်းနေတဲ့ ဒီမိုကရေစီကို -
3:00 - 3:03ကိုယ်က ကိုယ့်နိုင်ငံရေး လုပ်ပိုင်ခွင့်တွေ
အခြားသူ တစ်ဦးအား အပ်နှံပေးလျက် -
3:03 - 3:06ထိုသူက ပြန်ပြီး တစ်ဦးဦးအား
ပြန်အပ်နှံရေးကို စဉ်းစားလာကြတယ်။ -
3:06 - 3:10ဒီလိုနည်းဖြင့် ကျုပ်တို့ဟာ ဧရာမများပြားတဲ့
နောက်လိုက်များရဲ့ ကွန်ရက်ကို ဖန်တီးလျက် -
3:10 - 3:13နောက်ဆုံးတွင် လူအနည်းငယ်တို့ကသာ
သူတို့နောက်လိုက်များ ကိုယ်စား -
3:13 - 3:16လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေကို
စဉ်းစား ချမှတ်ပေးကြတာပါ။ -
3:16 - 3:20ဒါပေမဲ့ ဒီယူဆချက်ကလည်း သိမြင်မှုဘောင်
ဆိုင်ရာ ပြဿနာကို ဖြေရှင်းမပေးနိုင်ဘဲ -
3:20 - 3:24အမှန်စင်စစ်မှာ ကိုယ်စားလှယ်ထားရှိရေး
စိတ်ကူးနဲ့ အတော်လေး ဆင်တူပါတယ်။ -
3:25 - 3:28ဒါကြောင့် ကျွန်တော် ဒီနေ့ နည်းနည်းလေး
လှုံ့ဆော်ပေးတဲ့ အနေနဲ့ -
3:28 - 3:31ကျွန်တော် ခင်ဗျားတို့ကို မေးချင်တာက-
-
3:31 - 3:37နိုင်ငံရေးသမားတွေကို ရှောင်ကွင်းဖို့
ကြိုးစားမယ့်အစား၊ -
3:37 - 3:40သူတို့ကို အလိုအလျောက် လုပ်လာဖို့
အားထုတ်ကြမယ် ဆိုရင်ကော။ -
3:46 - 3:49အလိုအလျောက် လုပ်ခိုင်းခြင်းဟာ
ဆန်းသစ်တဲ့ စိတ်ကူး မဟုတ်ပါ။ -
3:49 - 3:51အဲဒါကို လွန်ခဲ့တဲ့ နှစ် ၃၀၀ ကျော်တုန်းက
-
3:51 - 3:54ပြင်သစ် ရက်ကန်းသမားတွေက ရက်ကန်းစင်ကို
အလိုအလျောက် လုပ်ခိုင်းစဉ် စတင်ခဲ့တာပါ။ -
3:54 - 3:59အဲဒီစက်မှုစစ်ပွဲမှ အောင်ပွဲကို ခံယူ
ထွက်လာခဲ့သူမှာ Joseph-Marie Jacquard ပါ။ -
3:59 - 4:01သူဟာ ပြင်သစ် ရက်ကန်းသမားနဲ့
ကုန်သည် ဖြစ်ခဲ့ပြီး -
4:01 - 4:03ရက်ကန်းစင်ကို ရေနွေးငွေ့အင်ဂျင်နဲ့
ပေါင်းစပ်ပေးလျက် -
4:03 - 4:06အလိုအလျောက် လုပ်ကိုင်နိုင်တဲ့
ရက်ကန်းစင်တွေကို ဖန်တီးခဲ့သူပါ။ -
4:06 - 4:09အလိုအလျောက် ရက်ကန်းစင်တွေကို
သူဟာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ -
4:09 - 4:12သူဟာ လူတွေရဲ့ လက်များဖြင့်
ထုတ်လုပ်နိုင်ခဲ့တဲ့ အထည်များထက် -
4:12 - 4:15ပိုမို ရှုပ်ထွေးပြီး သိမ်မွေ့တဲ့
အထည်များကို ထုတ်လုပ်နိုင်ကြတယ်။ -
4:15 - 4:18ပြီးတော့ အဲဒီ စက်မှုစစ်ပွဲကို
အနိုင်ယူလိုက်တဲ့ သူဟာ -
4:18 - 4:21အလိုအလျောက်စနစ်တွေရဲ့
ပုံကြမ်းကို ချမှတ်ပေးလိုက်တာပါ။ -
4:22 - 4:25အရာတွေကို အလိုအလျောက် လုပ်ခဲ့ပုံဟာ
နောက်ဆုံး နှစ် ၃၀၀ အတွင်းမှာ -
4:25 - 4:26အစဉ်လိုလို ဆင်တူပါပဲ-
-
4:27 - 4:30အစပိုင်းတွင် ကျနော်တို့ဟာ
လိုအပ်ချက်ကို ဖေါ်ထုတ်ကြတယ်၊ -
4:30 - 4:33ပြီးရင် အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့်
ကိရိယာကို ထွင်ကြတယ်၊ -
4:33 - 4:35ခုနက ရက်ကန်းစင်တို့လိုပေါ့။
-
4:35 - 4:37ပြီးရင် လူတွေ အဲဒီကိရိယာကို
သုံးကြပုံကို လေ့လာပြီး -
4:37 - 4:39သုံးသူကိုပါ အလိုအလျောက်
လုပ်ဖို့ကို လေ့လာကြပါတယ်။ -
4:39 - 4:42စက်တပ် ရက်ကန်းစင်မှ
အလိုအလျောက် ရက်ကန်းစင်သို့ -
4:42 - 4:44ကျုပ်တို့ ကူးပြောင်းခဲ့ကြတာ
အဲဒီလိုပုံစံပါ၊ -
4:44 - 4:47ပြီးတော့ အဲဒါဟာ နှစ်ပေါင်း
တစ်ထောင် ကြာခဲ့ပါတယ်။ -
4:47 - 4:50တဖန်၊ ကားကို အလားတူပုံကြမ်းကို
သုံးပြီး လုပ်ကိုင်နိုင်ဖို့ကျတော့ -
4:50 - 4:52နှစ်ပေါင်း တစ်ရာပဲ လိုအပ်ခဲ့တယ်။
-
4:53 - 4:56ဒါပေမဲ့ ဒီတစ်ချီတွင်ကျတော့၊
-
4:56 - 4:58တကယ့်ကို အလိုအလျောက်
လုပ်ကိုင်မှုမျိုးပါ။ -
4:58 - 5:01အခုပြမယ့် ဗီဒီယိုက Toshiba မှ
ကျွန်တော့် လုပ်ဖေါ် တစ်ဦးထံမှပါ၊ -
5:01 - 5:05solid state drives တွေ ထုတ်လုပ်တဲ့
စက်ရုံကို ပြသထားပါတယ်။ -
5:05 - 5:07စက်ရုံတစ်ခုလုံးကိုက ရိုဘော့ပါ။
-
5:07 - 5:09အဲဒီစက်ရုံမှာ လူသားရယ်လို့
တစ်ဦးမှ မရှိပါ။ -
5:09 - 5:10အဲဒီလို ရိုဘော့တွေဟာ မကြာမီတွင်
-
5:10 - 5:13စက်ရုံမှ ထွက်လာကြပြီး ကျုပ်တို့
ကမ္ဘာရဲ့ အစိတ်အပိုင်း ဖြစ်လာကြမယ်၊ -
5:13 - 5:16ကျုပ်တို့ရဲ့ လုပ်သားအင်အား
တစ်စိတ်တစ်ပိုင်း ဖြစ်လာမယ်။ -
5:16 - 5:17ကျွန်တော် နေ့စဉ် လုပ်ကိုင်တာက
-
5:17 - 5:21တစ်နိုင်ငံလုံးအတွက် ဒေတာကို စုစည်းပေးမယ့်
ကိရိယာများကို ဖန်တီးမှုပါ၊ -
5:21 - 5:24လာမယ့် အနာဂတ်တွင် ခုနကလို
စက်တွေကို စီမံခန့်ခွဲဖို့ လိုအပ်နိုင်တဲ့ -
5:24 - 5:28အခြေခံအုတ်မြစ်မျိုးကို
ချမှတ်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ပါ။ -
5:28 - 5:32ဒါပေမဲ့ ဒီနေ့ ကျွန်တော် ဒီကို လာခဲ့တာ
နိုင်ငံများဆိုင်ရာ ဒေတာကို စုစည်းပေးမဲ့ -
5:32 - 5:34အဲဒီလို ကိရိယာတွေ
အကြောင်း ပြောပြဖို့ မဟုတ်ပါ။ -
5:34 - 5:37ဒါပေမဲ့ အသိဉာဏ်အတုကို ဒီမိုကရေစီထဲမှာ
သုံးနိုင်ဖို့ကို -
5:37 - 5:42ကူညီပေးမဲ့ စိတ်ကူး အကြေင်းကို
ပြောပြဖို့ အတွက် ဒီမှာ ရပ်နေတာပါ။ -
5:42 - 5:47ကျွန်တော် တီထွင်တဲ့ ကိရိယာတွေဟာ အချက်အချာ
ကျတဲ့ ဆုံးဖြတ်ချက်များ အတွက်မို့လို့ပါ။ -
5:47 - 5:50ဓမ္မဓိဌာန်ကျတဲ့ ပုံစံမျိုးဖြင့်
စဉ်းစား ချမှတ်ရမယ့် ဆုံးဖြတ်ချက်မျိုးပါ- -
5:50 - 5:53အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံရေး
ဆုံးဖြတ်ချက်များပါ။ -
5:53 - 5:56ဒါပေမဲ့ ဥပဒေပြုစုရေးဆိုင်ရာ
ဆုံးဖြတ်ချက်တွေ ရှိကြပါတယ်၊ -
5:56 - 5:59ဥပဒေပြု ဆုံးဖြတ်ချက်တွေအတွက်
အမြင်မျိုးစုံ ရှိကြတဲ့ ပြည်သူတွေ အကြားမှာ -
5:59 - 6:01ဆက်သွယ် ဆွေးနွေးရန် လိုအပ်တယ်၊
-
6:01 - 6:04လူတွေ ပါဝင်ကြဖို့၊ ငြင်းခုံဆွေးနွေးဖို့
-
6:04 - 6:05စဉ်းစားဖို့ လိုအပ်ပါမယ်။
-
6:05 - 6:09ပြီးတော့ ကျုပ်တို့ အချိန်အတော်ကြာ
စဉ်းစားလာခဲ့လို့ နားလည်လာတာက -
6:09 - 6:12ဒီမိုကရေစီကို မြှင့်တင်ပေးဖို့ တကယ် လိုအပ်
တာက ပိုပြီး ဆက်သွယ် ပြောဆိုကြဖို့ပါပဲ။ -
6:12 - 6:17ဒါကြောင့်မို့လို့ ဒီမိုကရေစီနဲ့ ဆက်စပ်ပြီး
ကျုပ်တို့ တီထွင်ခဲ့ကြတဲ့ နည်းပညာအားလုံးဟာ၊ -
6:17 - 6:19သတင်းစာတွေပဲ ဖြစ်ဖြစ်၊
လူမှုမီဒီယာပဲ ဖြစ်ဖြစ်၊ -
6:19 - 6:22ကျုပ်တို့အား ပိုပြီးဆက်သွယ် ပြောဆိုဖို့
ကြိိုးပမ်းနေကြတာပါ။ -
6:22 - 6:24ဒါပေမဲ့ ကျုပ်တို့ အဲဒီလို
လုပ်ကိုင်လာခဲ့တာ ကြာပါပြီ၊ -
6:24 - 6:27အဲဒါက ပြဿနာကို ဖြေရှင်း
မပေးနိုင်ကြောင်း ကျုပ်တို့ သိကြတယ်။ -
6:27 - 6:29ဆက်သွယ်ပြောဆိုမှု ဆိုင်ရာ ပြဿနာမဟုတ်ဘဲ၊
-
6:29 - 6:30သိမြင်မှုဘောင် ပြဿနာပါ။
-
6:30 - 6:33ပြဿနာက သိမြင်မှုဘောင်နဲ့
သက်ဆိုင်နေတယ် ဆိုတော့၊ -
6:33 - 6:35ပြည်သူတွေအတွက် ပိုပြီး
ဆက်သွယ်ပြောကြားခွင့် ထပ်ထည့်ပေးခြင်းက -
6:36 - 6:38အဲဒါကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။
-
6:38 - 6:42အဲဒါအစား ကျုပ်တို့ လိုအပ်နေကြတာက
ကျုပ်တို့ ဝန်ပိနေကြတဲ့ များလွန်းနေတဲ့ -
6:42 - 6:44ဆက်သွယ်ပြောဆိုမှုများကို
ကိုင်တွယ်ရာမှာ -
6:44 - 6:47ကူညီပေးကြမယ့် နည်းပညာတွေပါ။
-
6:47 - 6:48ကိုယ်ပွား အသေးလေး လိုဟာမျိုး၊
-
6:48 - 6:49ဆော့ဖ်ဝဲ အေဂျင့်မျိုး၊
-
6:49 - 6:52ဒစ်ဂျစ်တယ် Jiminy Cricket မျိုးကို
စဉ်းစားကြည့်ကြပါ - -
6:52 - 6:53(ရယ်သံများ)
-
6:53 - 6:57ကျုပ်တို့ ကိုယ်စား မေးခွန်းတွေကို
ဖြေကြားပေးနိုင်မယ့် အရာပါ။ -
6:58 - 7:00ကျုပ်တို့ဆီမှာ
အဲဒီလို နည်းပညာ ရှိလာရင်၊ -
7:00 - 7:02ကျုပ်တို့ဟာ ဆက်သွယ်ပြောဆိုရေး ဝန်တချို့ကို
ဖယ်ရှားနိုင်ကြပြီး -
7:02 - 7:06အကြီးစား စကေးဖြင့် ပိုကောင်းတဲ့
ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ကူညီပေးမယ်။ -
7:06 - 7:10ဆော့ဝဲ အေဂျင့် ဆိုတဲ့ စိတ်ကူးဟားလည်း
အသစ်အဆန်း မဟုတ်ပါဘူး။ -
7:10 - 7:13ကျုပ်တို့ဟာ ၎င်းတို့ကို တချိန်လုံး
သုံးနေကြပါပြီ။ -
7:13 - 7:15ကျုပ်တို့ ကားမောင်းစဉ် ကိုယ်သွားမယ့်
နေရာကို -
7:15 - 7:18ဘယ်လို မောင်းသွားသင့်ကြောင်း ရွေးရာတွင်
ကျုပ်တို့ ဆော့ဝဲအေဂျင့်ကို သုံးကြတယ်။ -
7:19 - 7:21ကျုပ်တို့ နားထောင်ချင်တဲ့ တေးဂီတကို၊
-
7:22 - 7:25ဒါမှမဟုတ် ဆက်ပြီး ဖတ်သင့်တဲ့ စာအုပ်ဆိုင်ရာ
အကြံပြုချက် ရယူဖို့ သုံးနေကြပါပြီ။ -
7:26 - 7:28အခု ၂၁ ရာစုမှာ ထင်ရှားလာတဲ့ စိတ်ကူး တစ်ခုက
-
7:28 - 7:31Jacquard ခေတ်တုန်းက ရက်ကန်းစင်ကို
အင်ဂျင်တပ်ပေးဖို့ လိုဘဲ -
7:31 - 7:37ထင်ရှားတဲ့ စိတ်ကူး တစ်ခု ပေါ်လာခဲ့ပါပြီ။
-
7:38 - 7:42တိုက်ရိုက် ဒီမိုကရေစီကို ဆော့ဝဲ အေဂျင့်
များနဲ့ ပေါင်းစပ်ပေးရေး စိတ်ကူးပါပဲ။ -
7:43 - 7:45ခဏလောက် စိတ်ကူးကြည့်ကြပါ၊
-
7:45 - 7:48ခင်ဗျားကိုရော ကျန်တဲ့ လူသန်းချီတို့ကို
ကိုယ်စားပြုတဲ့ -
7:48 - 7:50ကိုယ်စားလှယ်တွေ အစား
-
7:50 - 7:53ခင်ဗျားကိုယ်တိုင်ကိုသာ ကိုယ်စားပြုတဲ့
ကိုယ်စားလှယ် ရှိနိုင်ပြီး -
7:53 - 7:56ခင်ဗျားရဲ့ သူများနဲ့မတူတဲ့ နိုင်ငံရေး
အမြင်တွေကို၊ -
7:56 - 7:58လစ်ဘရယ်ဝါဒီနဲ့ လွတ်လပ်မှု၊
-
7:58 - 8:00ပြီးတော့ တချို့ပြဿနာတွေမှာ ရှေးရိုးဆန်တဲ့
အမြင်တွေ၊ -
8:00 - 8:04အခြားကိစ္စများဆိုင်ရာ တိုးတက်တဲ့ အမြင်တွေ
ပေါင်းစပ်ကျင့်သုံးနိုင်လာမယ်။ -
8:04 - 8:07ဒီနေ့ နိုင်ငံရေးသမားတွေဟာ သူတို့အစီအစဉ်
တွေနဲ့ အပေးအယူ များစွာကို လုပ်ကြရပါတယ်။ -
8:07 - 8:11ဒါပေမဲ့ ခင်ဗျားကိုသာ ကိုယ်စားပြုမယ့်
တစ်ဦးဦး ခင်ဗျားမှာ ရှိနိုင်ပါတယ်၊ -
8:11 - 8:12ကိုယ့်ကိုယ်စားလှယ်ဟာ လူသားပဲ ဖြစ်ရမယ်
-
8:13 - 8:14စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး
-
8:14 - 8:17ဆော့ဖ်ဝဲ အေဂျင့်ကို ကိုယ်စားပြုခွင့်
ပေးဖို့ သဘောတူရင်ပေါ့။ -
8:17 - 8:21ကျုပ်တို့မှာ ကိုယ်ပိုင် အမတ် ရှိပြီး
လူတိုင်း အမတ်ကိုယ်စီ ရှိနိုင်တယ်။ -
8:21 - 8:24အဲဒီ အမတ်တွေဟာ ဥပဒေမူကြမ်းတိုင်းကို
ဖတ်နိုင်စွမ်း ရှိကြမှာဖြစ်ပြီး၊ -
8:24 - 8:27၎င်းတို့ တစ်ခုချင်းစီကို
မဲပေးနိုင်စွမ်းလည်း ရှိကြမှာပါ။ -
8:27 - 8:31ဒီတော့ ကျုပ်တို့အနေနဲ့ စဉ်းစားသင့်တဲ့
ထင်ရှားတဲ့ စိတ်ကူး တစ်ခုပါ။ -
8:31 - 8:33ဒါပေမဲ့ ဒီနေ့ ဒီအသက်အရွယ်မျိုးမှာ
-
8:33 - 8:36ဒီစိတ်ကူးဟာ ထိတ်လန့်ဖွယ် ဖြစ်နိုင်တာကို
နားလည်ပါတယ်။ -
8:36 - 8:39တကယ်ပါပဲ၊ ကျုပ်တို့ အစိုးရတွေကို
စီမံအုပ်ချုပ်ဖို့ -
8:39 - 8:42အနာဂတ်ထံမှ ရိုဘော့ လာကူနိုင်မယ်ဆိုတာ
-
8:42 - 8:43ထိတ်လန့်စရာ ကောင်းတာ အမှန်ပါပဲ။
-
8:43 - 8:46ဒါပေမဲ့ ကျုပ်တို့ ဒါမျိုး အရင်တုန်းက
ကြုံခဲ့ဖူးပါတယ်။ -
8:46 - 8:47(ရယ်သံများ)
-
8:47 - 8:50တကယ်တော့ အဲဒီငနဲဟာ လူတော်လေးပါ။
-
8:52 - 8:58ဒီတော့ အခုစိတ်ကူးရဲ့ Jacquard ရဲ့
ရက်ကန်းစင် ဗားရှင်းဟာ ဘယ်လိုများရှိမလဲ။ -
8:58 - 9:00အဲဒါ သိပ်ကို ရိုးရှင်းတဲ့ စနစ် ဖြစ်မယ်။
-
9:00 - 9:04ကိုယ်က လက်မှတ်ထိုး ဝင်ရမယ့် စနစ်ကို
စိတ်ကူးကြည့်ပါ၊ ကိုယ့်ပွားကို ဖန်တီးရမယ်၊ -
9:04 - 9:06ပြီးရင် ကိုယ်ပွားကို ကိုယ်ဟာ
စပြီး လေ့ကျင့်ပေးရတော့မယ်။ -
9:06 - 9:09ကိုယ်ဟာ ကိုယ်ရဲ့ စာဖတ်တဲ့ အလေ့အကျင့်ကို
သင်ပေးနိုင်တယ်၊ -
9:09 - 9:11ဒါမှမဟုတ် သင့်လူမှုမီဒီယာနဲ့
ဆက်သွယ်ပေးနိုင်တယ်၊ -
9:11 - 9:13အခြား ဒေတာနဲ့လည်း ဆက်သွယ်ပေးနိုင်တယ်၊
-
9:13 - 9:16ဥပမာအဖြစ် စိတ်ပိုင်းဆိုင်ရာ
စမ်းသပ်မှုတွေကို ထည့်ပေးနိုင်တယ်။ -
9:16 - 9:19အဲ့ထဲ ကောင်းတဲ့ အချက်က
လှည့်စားမှုမျိုး မရှိုနိုင်ခြင်းပါပဲ။ -
9:19 - 9:22ကိုယ်က ဒေတာကို ကိုယ့်မိတ်ဆွေများနဲ့
မိသားစုကို မပေးဘူးဆိုတော့၊ -
9:22 - 9:25အဲဒါကို နောက်ပိုင်းတွင်
နိုင်ငံရေးစနစ်ကလည်း သုံးမရနိုင်ပါ။ -
9:25 - 9:29ဒေတာကို ခင်ဗျား ပေးနေတာက ခင်ဗျား
ကိုယ်စား နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို -
9:29 - 9:31ပြုလုပ်ပေးရမယ့် ကိုယ်ပိုင်စနစ်ကိုပါ။
-
9:31 - 9:35နောက်မှာ ခင်ဗျားက ဒေတာကို ယူပြီး
လေ့ကျင့်ရေး အယ်လ်ဂိုရီသမ်ကို ရွေးရမယ်။ -
9:35 - 9:37အဲဒါဟာ အားလုံးသုံးနိုင်တဲ့
ဈေးကွက်နေရာ ဖြစ်ပြီး -
9:37 - 9:40ခင်ဗျားက ပေးလိုက်တဲ့ ဒေတာကို အခြေခံပြီး
ခင်ဗျား ဘယ်လို မဲပေးမလဲဆိုတာကို -
9:40 - 9:44ခန့်မှန်းပေးမယ့် အယ်လ်ဂိုရီသမ်ကို
လူတွေ အမျိုးမျိုးက ကမ်းလှမ်းကြပါမယ်။ -
9:44 - 9:48အဲဒီစနစ်က လုံးဝမြင်သာလို့ ဘယ်သူမှ
အယ်လ်ဂိုရီသမ်ကို ထိန်းချုပ်ရန် မလိုပါ။ -
9:48 - 9:50အဲဒါနဲ့ ပိုလူကြိုက်များလာတဲ့
အယ်လ်ဂိုရီသမ်တွေ ရှိလာပြီး -
9:50 - 9:52လူကြိုက်နည်းတာတွေ ရှိပါလိမ့်မယ်။
-
9:52 - 9:54နောက်ဆုံး ကိုယ်ဟာ စနစ်ကို စိစစ်နိုင်တယ်။
-
9:54 - 9:56ကိုယ်ပွားရဲ့ လုပ်ကိုင်ပုံကို
ကိုယ်မြင်နိုင်တယ်။ -
9:56 - 9:58ကိုယ်ကကြိုက်ရင်
အော်တိုလုပ်ပိုင်ခွင့် ပေးနိုင်တယ်။ -
9:58 - 10:00ကိုယ်က ပိုပြီး ထိန်းချုပ်ချင်ရင်၊
-
10:00 - 10:01ဆုံးဖြတ်ချက် တစ်ခုခု ချမှတ်တိုင်း
-
10:01 - 10:04၎င်းတို့မှ ခင်ဗျားကို မေးဖို့
မှာထားနိုင်တယ်၊ -
10:04 - 10:06ဒါမှမဟုတ် ကိုယ့်စိတ်ကြိုက်
သတ်မှတ်ပေးနိုင်ပါတယ်။ -
10:06 - 10:09ကျုပ်တို့က ဒီမိုကရေစီကို ဒီနေ့ နည်းနည်းပဲ
သုံးကြတာရဲ့ အကြောင်းရင်းတစ်ခုက -
10:09 - 10:12ဒီမိုကရေစိရဲ့ အင်တာဖေ့စ်
ညံ့နေလို့ ဖြစ်နိုင်တယ်။ -
10:12 - 10:14အသုံးပြုသူတို့အတွက်
အင်တာဖေ့စ်ကို မြှင့်ပေးခြင်းဖြင့် -
10:14 - 10:16၎င်းကို တိုးပြီး သုံးနိုင်စွမ်း
ရှိလာစေနိုင်တယ်။ -
10:16 - 10:20ဒီနေရာမှာ ခင်ဗျားတို့အနေနဲ့
မေးလိုမယ့် မေးခွန်းအများကြီးရှိမှာပါ။ -
10:20 - 10:22ဆက်ပြီး ကိုယ်ပွားများကို ဘယ်လို
လေ့ကျင့်ပေးရမှာလဲ။ -
10:22 - 10:25ဒေတာတွေ လုံခြုံစေဖို့ ဘယ်လို လုပ်ကိုင်မလဲ။
-
10:25 - 10:28စနစ်တွေကို ဖြန့်ချိနိုင်ပြီး စစ်ဆေး
နိုင်အောင် ဘယ်လို လုပ်ကိုင်မလဲ။ -
10:28 - 10:30အသက် ၈၀ ရှိပြီး အင်တာနက်ကို
မသုံးတတ်တဲ့ -
10:30 - 10:32ကျွန်တော့်အဖွားကကော ဘာလုပ်ရမလဲ။
-
10:32 - 10:34အဲဒါတွေ အားလုံး
ကျွန်တော် သိတာ ယုံစေလိုပါတယ်။ -
10:35 - 10:39ကိုယ်က ဒီလိုစိတ်ကူးမျိုးကို စဉ်းစားကတည်းက
အဆိုးမြင်ကြတဲ့သူတွေ ရှိတာ တွက်ထားရမယ်၊ -
10:39 - 10:43ဖြေရှင်းချက်တိုင်းအတွက် သူတို့က ပြဿနာ
တစ်ခုစီ ရှိကြတယ်လေ။ -
10:43 - 10:45(ရယ်သံများ)
-
10:45 - 10:48ဆက်ပြီး ကြီးမားတဲ့ အတွေးအခေါ်တွေကို
စဉ်းစားကြရန် ကျွန်တော် ဖိတ်ကြားလိုပါတယ်။ -
10:48 - 10:52ကျွန်တော် ခုနလေးတင် ပြသခဲ့တာက
စိတ်ကူး အသေးလေးတွေပါ၊ -
10:52 - 10:55ဒါ အလုပ်မလုပ်ဖြစ်နိုင်တဲ့
မေးခွန်းတွေ ဖြစ်ခဲ့ကြလို့ပါ။ -
10:56 - 10:57ကြီးမားတဲ့ စိတ်ကူးများကျတော့ -
-
10:58 - 10:59ဒီစိတ်ကူး လက်တွေ့ လုပ်ဖြစ်ခဲ့ရင်
-
10:59 - 11:01ကိုယ်ဟာ နောက်ထပ် ဘာများ လုပ်ပေးနိုင်မလဲ။
-
11:02 - 11:05အဲဒီလို စိတ်ကူး တစ်ခုက
ဥပဒေတွေကို ရေးကြတာက ဘယ်သူတွေလဲ။ -
11:06 - 11:10အစပိုင်းတွင်၊ ကျုပ်တို့ဟာ ရှိနှင့်ပြီးသား
ကိုယ်ပွားတွေကို သုံးပြီး -
11:10 - 11:14ဒီနေ့ လုပ်နေကျအတိုင်း အမတ်များနဲ့
နိုင်ငံရေးသမားတွေ ရေးခဲ့ကြတဲ့ -
11:14 - 11:15မဲပေးနိုင်ကြပါတယ်။
-
11:15 - 11:17ဒါပေမဲ့ ဒီလို လုပ်ကိုင်လာနိုင်ပြီဆိုရင်၊
-
11:18 - 11:20တစ်ဦးဦးက ဥပဒေကို ပြုစုရေးသားဖို့
-
11:20 - 11:22အယ်လ်ဂိုရီသမ်ကို ရေးပေးလိုက်လို့၊
-
11:22 - 11:25အဲဒီ ဥပဒေမျိုးဟာ ထောက်ခံမှု
ရာခိုင်နှုန်း တချို့ ရနိုင်ပါတယ်၊ -
11:25 - 11:27ဒီဖြစ်စဉ် ပြောင်းပြန်
လုပ်ခိုင်းလို့ ရနိုင်ပါတယ်။ -
11:27 - 11:31ဒီစိတ်ကူးဟာ အဓိပ္ပါယ်မရှိဘူး၊ လက်တွေ့လုပ်
မရနိုင်ဘူးလို့ ခင်ဗျားတို့ ထင်နိုင်ပါတယ်၊ -
11:31 - 11:34ဒါပေမဲ့၊ တိုက်ရိုက် ဒီမိုကရေစီထဲ
ဆော့ဝဲ အေဂျင့်တွေ ပါဝင်ခွင့်ရှိမယ့် -
11:34 - 11:36ကမ္ဘာကြီးမျိုးထဲမှာသာ
အခု တင်ပြလာခဲ့တဲ့ -
11:36 - 11:39စိတ်ကူးဟာ လက်တွေ့ ဖြစ်လာနိုင်ပါတယ်။
-
11:41 - 11:43ဒီတော့ ကျုပ်တို့က တော်လှန်ရေးကို
ဘယ်လိုများ စတင်ကြမလဲ။ -
11:44 - 11:47ဒီတော်လှန်ရေးကို ကျွန်တော်တို့ဟာ
ထွက်ပြီး ဆန္ဒပြခြင်းဖြင့်၊ -
11:47 - 11:52လက်ရှိ နိုင်ငံရေးသမားတွေကို ရိုဘော့တွေနဲ့
ပြောင်းဖို့ တောင်းဆိုကြမှာ မဟုတ်ပါဘူး။ -
11:52 - 11:53အဲဒါက မလုပ်မဖြစ်နိုင်ပါ။
-
11:53 - 11:55ပိုပြီးရိုးရှင်းတာ ရှိပါတယ်။
-
11:55 - 11:56ပိုပြီး နှေးပါမယ်၊
-
11:56 - 11:58ပိုပြီး နှိမ့်ချခံရပါမယ်။
-
11:58 - 12:02ဒီလိုတော်လှန်ရေးကို အထက်တန်းကျောင်းတွေ၊
စာကြည့်တိုက်တွေ၊ ပရဟိတအဖွဲ့တွေမှာ -
12:02 - 12:04စတင်ပြီး ဖန်တီးရကြပါမယ်။
-
12:04 - 12:06တချိန်တည်းမှာ ကျုပ်တို့ဟာ
ဒီစိတ်ကူး ရှင်သန်ဖို့ -
12:06 - 12:09ဒီစိတ်ကူးကို ကျုပ်တို့ ယုံကြည်မှုရှိလာဖို့
-
12:09 - 12:11ရှိနိုင်ကြတဲ့ မေးခွန်းတွေကို ညှိပေးဖို့
-
12:11 - 12:14ပေါ်လာနိုင်ကြတဲ့ အခက်အခဲတွေကို
ဖြေရှင်းဖို့ အားထုတ်ကြရမယ်။ -
12:14 - 12:18အဲဒီစနစ်တွေကို ကျုပ်တို့ ဖန်တီးလိုက်လို့
လူတွေ ရာချီ၊ ထောင်ချီ၊ -
12:18 - 12:21သိန်းချီတို့က နိုင်ငံရေးအရ မလိုက်နာမနေရ
မဟုတ်ပေမဲ့၊ ကျင့်သုံးလာကြမယ်ဆိုရင် -
12:21 - 12:24ဒီစိတ်ကူးကို လူတွေ ယုံကြည်လာအောင်
ကျုပ်တို့ လုပ်နိုင်ကြမှာပါ။ -
12:24 - 12:26ကမ္ဘာကြီးဟာ ပြောင်းလဲလာရမှာပါ၊
-
12:26 - 12:28ဒီနေ့တွင် ကျွန်တော့်သမီးလို ငယ်ကြတဲ့
လူငယ်တွေဟာ -
12:28 - 12:30တစ်နေ့တွင် ကြီးပြင်းလာကြမှာပါ။
-
12:30 - 12:33ကျွန်တော့်သမီးက ကျွန်တော့် အသက်မျိုး
ရှိလာတဲ့ အချိန်မှာ -
12:33 - 12:37ဒီနေ့တွင် စိတ်ကူးအရူးလို ထင်စရာရှိတဲ့
ဒီစိတ်ကူးဟာဖြင့်၊ -
12:37 - 12:42သူမအတွက် သူ့မိတ်ဆွေများအတွက်
ရူးစရာလို့ ထင်ချင်မှ ထင်ကြပါမယ်။ -
12:42 - 12:43အဲဒီလို အချိန်မျိုးမှာ၊
-
12:43 - 12:46ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ သမိုင်း
နိဂုံးပိုင်းမှာ ရှိနေကြမှာ ဖြစ်ပေမဲ့၊ -
12:46 - 12:49သူတို့ကျတော့ သူတို့ရဲ့ သမိုင်းအစမှာ
ရှိကြမှာပါ။ -
12:50 - 12:51ကျေးဇူးတင်ပါတယ်။
-
12:51 - 12:54(လက်ခုပ်သံများ)
- Title:
- နိုင်ငံရေးသမားတွေကို အစားထိုးနိုင်မယ့် ရဲဝံ့တဲ့ စိတ်ကူး
- Speaker:
- César Hidalgo
- Description:
-
César Hidalgo ကျုပ်တို့ရဲ့ အလုပ်မလုပ်တော့တဲ့ နိုင်ငံရေး စနစ်ကို ကုစားနိုင်ပြီး အခြေခံမှအစ ပြင်ပေးမယ့် အကြံပေးချက် တစ်ခု ရှိပါတယ်- အဲဒါကို အလိုအလျောက်ပုံစံမျိုး လုပ်ပစ်ရန်ပါပဲ။ ရဲဝံ့လွန်းတဲ့ သူ့ဟောပြောချက်ထဲတွင်၊ သူက နိုင်ငံရေးသမားတွေကို ရှောင်ကွင်းနိုင်မယ့် စိတ်ကူးကို တင်ပြထားရာ၊ နိုင်ငံသူနိုင်ငံသားတွေကို ကိုယ်ပိုင် AI ကိုယ်စားလှယ်များကို ဖန်တီးပေးလျက် ဒီမိုကရေစီ ဆုံးဖြတ်ချက်တွေကို ၎င်းတို့အား ချမှတ်ခိုင်းရန် ဖြစ်ပါတယ်။ စုပေါင်း ဆုံးဖြတ်ချက် ချမှတ်ရေး နည်းသစ် တစ်ခုကို စူးစမ်းလေ့လာရင်း မိမိတို့ရဲ့ ဒီမိုကရေစီအား သိနားလည်မှုကို တိုးချဲ့လိုက်ကြပါ။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 13:08
Myo Aung approved Burmese subtitles for A bold idea to replace politicians | ||
Myo Aung edited Burmese subtitles for A bold idea to replace politicians | ||
Myo Aung edited Burmese subtitles for A bold idea to replace politicians | ||
Sanda Aung accepted Burmese subtitles for A bold idea to replace politicians | ||
Sanda Aung edited Burmese subtitles for A bold idea to replace politicians | ||
Sanda Aung edited Burmese subtitles for A bold idea to replace politicians | ||
Myo Aung edited Burmese subtitles for A bold idea to replace politicians | ||
Myo Aung edited Burmese subtitles for A bold idea to replace politicians |