Return to Video

နိုင်ငံရေးသမားတွေကို အစားထိုးနိုင်မယ့် ရဲဝံ့တဲ့ စိတ်ကူး

  • 0:01 - 0:03
    ဒီမိုကရေစီကို ကျုပ်တို့နည်းနည်းလေး
    စိတ်ပျက်နေတာက
  • 0:03 - 0:05
    ကျွန်တော် တစ်ယောက်တည်းလား
  • 0:05 - 0:08
    ဒါမှမဟုတ် ဒီ့ပြင်လူတွေကော် ဒီမှာ
    ရှိကြသေးလား။
  • 0:09 - 0:11
    (လက်ခုပ်သံများ)
  • 0:12 - 0:14
    ကျုပ်တို့ နံပါတ်တချို့ကို ယူကြည့်ကြပါစို့။
  • 0:15 - 0:17
    ကျုပ်တို့က ကမ္ဘာ့တဝမ်းကို လေ့လာကြည့်ကြပါက၊
  • 0:17 - 0:21
    သမ္မတရွေးကောက်ပွဲများ အတွက်
    ပျမ်းမျှမဲလာကြပေးသူတို့ဟာ
  • 0:21 - 0:23
    နောက်ဆုံး နှစ် ၃၀ အတွင်းမှာ
  • 0:23 - 0:25
    ၆၇ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။
  • 0:26 - 0:28
    အခု ကျုပ်တို့က ဥရောပကိုယူကြည့်ရင်၊
  • 0:28 - 0:33
    အီးယူပါလီမန် ရွေးကောက်ပွဲထဲ
    ပါဝင်ခဲ့ကြတဲ့ လူတွေကိုကြည့်ကြည့်ပါက၊
  • 0:33 - 0:35
    အဲဒီ ရွေးကောက်ပွဲတွေ အတွက် ပျမ်းမျှကျတော့
  • 0:35 - 0:37
    ၄၂ ရာခိုင်နှုန်းသာ ဖြစ်ပါတယ်။
  • 0:38 - 0:40
    ဆက်ပြီး နယူးယောက်ကိုသွားကြပါစို့၊
  • 0:40 - 0:44
    နောက်ဆုံး မြို့တော်ဝန် ရွေးကောက်ပွဲမှာ
    မဲပေးခဲ့ကြတာ ဘယ်လောက်လဲ ကြည့်ကြရအောင်။
  • 0:45 - 0:48
    မဲပေးဖို့ လာခဲ့ကြတာက လူဦးရေ အားလုံးရဲ့
    ၂၄ ရာခိုင်နှုန်းသာ ရှိခဲ့ကြတာ တွေ့ရမှာပါ။
  • 0:49 - 0:52
    ဆိုလိုရင်းက "သူငယ်ချင်းတွေ" ဆက်ပြီး
    အရွေးခံနေတုန်း ဆိုရင်၊
  • 0:52 - 0:56
    Joey ရယ်၊ ပြီးတော့ Phoebe တို့ဟာ
    မဲပေးလို့ လာခဲ့ကြမှာပါ။
  • 0:56 - 0:57
    (ရယ်သံများ)
  • 0:57 - 1:01
    လူတွေက နိုင်ငံရေးသမားတွေကို စိတ်ကုန်နေကြ
    တော့ သူတို့ကို အပြစ်တင်လို့ မရနိုင်ပါ။
  • 1:01 - 1:05
    ပြီးတော့ လူတွေက သူတို့ရဲ့ မိတ်ဆွေများနဲ့
    မိသားစုနဲ့ ဆက်သွယ်စကားပြောဖို့
  • 1:05 - 1:08
    အသုံးပြုခဲ့ကြတဲ့ ဒေတာကို တခြားလူတွေက
    နိုင်ငံရေး ဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ပြီး
  • 1:08 - 1:10
    သုံးနေကြတာကိုလည်း လူတွေဟာ
    စိတ်ကုန်နေကြပါပြီ။
  • 1:10 - 1:13
    ဒါပေမဲ့ အဲဒါနဲ့ ပတ်သက်ပြီး ပြောရရင်
    ဒါဟာ အသစ်အဆန်း မဟုတ်ပါဘူး။
  • 1:13 - 1:16
    ဒီခေတ်ထဲမှာ လူတွေက ခင်ဗျားတို့ကို
    ဝါဒဖြန့်ဖို့ ပစ်မှတ် ထားလာကြတာက
  • 1:16 - 1:20
    သူတို့က ခင်ဗျားတို့ရဲ့ ဇစ်ကုဒ် ဒါမှမဟုတ်
    လိင် ဒါမှမဟုတ် အသက်ကို မသုံးခင်မှာပါ၊
  • 1:20 - 1:23
    လူတွေကို နိုင်ငံရေး ရည်ရွယ်ချက်များအတွက်
    ပစ်မှတ်ထားလာခြင်းဟာ နိုင်ငံရေးလိုပဲ
  • 1:24 - 1:25
    စိတ်ကူးစောင်း မို့လို့ပါ။
  • 1:26 - 1:28
    ပြီးတော့ အဲဒီလို စိတ်ကူးကို ဆက်သုံးနေကြတာက
  • 1:28 - 1:31
    ဒီမိုကရေစီဆီမှာ အခြေခံအရ
    အားနည်းချက် ရှိနေလို့ပါ။
  • 1:32 - 1:34
    အဲဒါက ကိုယ်စားပြုရေး စိတ်ကူးမို့လို့ပါ။
  • 1:34 - 1:38
    အခြေခံမူအရ၊ ဒီမိုကရေစီ ဆိုတာက
    လူတွေရဲ့ အာဏာကို ကျင့်သုံးနိုင်စွမ်းပါ။
  • 1:38 - 1:42
    ဒါပေမဲ့ လက်တွေ့မှာကျတော့ ကျုပ်တို့ဟာ
    အဲဒီအာဏာကို ကျနော်တို့ကိုယ်စား
  • 1:42 - 1:44
    ကျင့်သုံးနိုင်မယ့်
    ကိုယ်စားလှယ်အား လွှဲပေးရတယ်။
  • 1:44 - 1:46
    အဲဒီ ကိုယ်စားလှယ်ဟာ
    ပြဿနာ တစ်ဆို့တဲ့နေရာ၊
  • 1:46 - 1:48
    ဒါမှမဟုတ် အားနည်းတဲ့ နေရာပါ။
  • 1:48 - 1:52
    အဲဒီနေရာက ကိုယ်က ဒီမိုကရေစီကို တိုက်ခိုက်
    ချင်ရင် ပစ်မှတ်ထားရမယ့် နေရာပါ၊
  • 1:52 - 1:55
    ကိုယ်က ဒီမိုကရေစီကို ချုပ်ကိုင်ချင်ရင်
    ကိုယ်စားလှယ်ကို ထိန်းချုပ်ရမယ်၊
  • 1:55 - 1:58
    ဒါမှမဟုတ် လူတွေက သူတို့ကို
    ရွေးကြပုံကို ထိန်းချုပ်ရမှာပါ။
  • 1:58 - 1:59
    ဒီတော့ မေစရာ မေးခွန်းကြီးက-
  • 2:00 - 2:01
    ဒါဟာ သမိုင်း၏ နိဂုံးပဲလား။
  • 2:02 - 2:05
    ကျုပ်တို့ အကောင်းဆုံး လုပ်နိုင်တာက
    ဒါပဲလား
  • 2:06 - 2:09
    ဒါမှမဟုတ်၊ အခြားနည်းလမ်းတွေ ရှိကြသေးလား။
  • 2:09 - 2:12
    လူအချို့တို့က အခြားအစားထိုးရမယ့်
    နည်းလမ်းတွေကို စဉ်းစားလာခဲ့ကြရာ၊
  • 2:13 - 2:16
    စိတ်ကူး တစ်ခုက တိုက်ရိုက် ဒီမိုကရေစီ
    ဆိုတဲ့ စိတ်ကူးပါ။
  • 2:16 - 2:19
    အဲဒါက နိုင်ငံရေးသမားကို လုံးဝကို
    ရှောင်နိုင်မယ့် စိတ်ကူးပါ။
  • 2:19 - 2:22
    ပြည်သူတွေကို ပြဿနာအလိုက်
    တိုက်ရိုက် မဲပေးစေရန် ဖြစ်ပါတယ်။
  • 2:22 - 2:24
    ပြည်သူတွေ ဥပဒေမူကြမ်းတွေကို
    တိုက်ရိုက် မဲပေးနိုင်ကြမှာပါ။
  • 2:24 - 2:26
    သိပ်ကို ရိုးလွန်းတဲ့ စိတ်ကူးပါ၊
  • 2:26 - 2:29
    ကျုပ်တို့ ရွေးပေးရမယ့် အရာတွေက
    သိပ်ကို များလွန်းမှာမို့လို့ပါ။
  • 2:29 - 2:32
    ကျုပ်တို့က ၁၁၄ ကြိမ်မြောက်
    အမေရိကန် ကွန်ဂရက်ကို ကြည့်ရင်၊
  • 2:32 - 2:34
    အောက်လွှတ်တော် ဆိုရင်
    ဥပဒေမူကြမ်း
  • 2:34 - 2:37
    ၆၀၀၀ ကျော်ကို စဉ်းစားခဲ့တာကို၊
  • 2:37 - 2:40
    အထက်လွှတ်တော် ကျတော့
    ဥပဒေမူကြမ်း ၃၀၀၀ ကျော်ကို၊
  • 2:40 - 2:43
    စဉ်းစားခဲ့ကြပြီး အတည်ပြုခဲ့ကြတာ
    ဥပဒေ ၃၀၀ ကျော်ခဲ့ပါတယ်။
  • 2:43 - 2:44
    အဲဒီလို အတည်ပြုဖို့ လူတစ်ဦးချင်းဟာ
  • 2:44 - 2:47
    သူသိခဲ့တဲ့ ခေါင်းစီး တစ်ခုကို တစ်ပတ်လောက်
  • 2:47 - 2:49
    စဉ်းစားခဲ့ပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
  • 2:49 - 2:52
    တိုက်ရိုက် ဒီမိုကရေစီကို
    ဖြစ်နိုင်တဲ့ အလားအလာ တစ်ခုအနေနဲ့
  • 2:52 - 2:56
    ကျုပ်တို့က စဉ်းစားကြမယ်ဆိုရင် သိမြင်မှု
    ဘောင်ဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ကြရမယ်။
  • 2:56 - 3:00
    အဲဒါကြောင့် အချို့တို့က အရည်ဒီမိုကရေစီ
    ဒါမှမဟုတ် စီးဆင်းနေတဲ့ ဒီမိုကရေစီကို
  • 3:00 - 3:03
    ကိုယ်က ကိုယ့်နိုင်ငံရေး လုပ်ပိုင်ခွင့်တွေ
    အခြားသူ တစ်ဦးအား အပ်နှံပေးလျက်
  • 3:03 - 3:06
    ထိုသူက ပြန်ပြီး တစ်ဦးဦးအား
    ပြန်အပ်နှံရေးကို စဉ်းစားလာကြတယ်။
  • 3:06 - 3:10
    ဒီလိုနည်းဖြင့် ကျုပ်တို့ဟာ ဧရာမများပြားတဲ့
    နောက်လိုက်များရဲ့ ကွန်ရက်ကို ဖန်တီးလျက်
  • 3:10 - 3:13
    နောက်ဆုံးတွင် လူအနည်းငယ်တို့ကသာ
    သူတို့နောက်လိုက်များ ကိုယ်စား
  • 3:13 - 3:16
    လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေကို
    စဉ်းစား ချမှတ်ပေးကြတာပါ။
  • 3:16 - 3:20
    ဒါပေမဲ့ ဒီယူဆချက်ကလည်း သိမြင်မှုဘောင်
    ဆိုင်ရာ ပြဿနာကို ဖြေရှင်းမပေးနိုင်ဘဲ
  • 3:20 - 3:24
    အမှန်စင်စစ်မှာ ကိုယ်စားလှယ်ထားရှိရေး
    စိတ်ကူးနဲ့ အတော်လေး ဆင်တူပါတယ်။
  • 3:25 - 3:28
    ဒါကြောင့် ကျွန်တော် ဒီနေ့ နည်းနည်းလေး
    လှုံ့ဆော်ပေးတဲ့ အနေနဲ့
  • 3:28 - 3:31
    ကျွန်တော် ခင်ဗျားတို့ကို မေးချင်တာက-
  • 3:31 - 3:37
    နိုင်ငံရေးသမားတွေကို ရှောင်ကွင်းဖို့
    ကြိုးစားမယ့်အစား၊
  • 3:37 - 3:40
    သူတို့ကို အလိုအလျောက် လုပ်လာဖို့
    အားထုတ်ကြမယ် ဆိုရင်ကော။
  • 3:46 - 3:49
    အလိုအလျောက် လုပ်ခိုင်းခြင်းဟာ
    ဆန်းသစ်တဲ့ စိတ်ကူး မဟုတ်ပါ။
  • 3:49 - 3:51
    အဲဒါကို လွန်ခဲ့တဲ့ နှစ် ၃၀၀ ကျော်တုန်းက
  • 3:51 - 3:54
    ပြင်သစ် ရက်ကန်းသမားတွေက ရက်ကန်းစင်ကို
    အလိုအလျောက် လုပ်ခိုင်းစဉ် စတင်ခဲ့တာပါ။
  • 3:54 - 3:59
    အဲဒီစက်မှုစစ်ပွဲမှ အောင်ပွဲကို ခံယူ
    ထွက်လာခဲ့သူမှာ Joseph-Marie Jacquard ပါ။
  • 3:59 - 4:01
    သူဟာ ပြင်သစ် ရက်ကန်းသမားနဲ့
    ကုန်သည် ဖြစ်ခဲ့ပြီး
  • 4:01 - 4:03
    ရက်ကန်းစင်ကို ရေနွေးငွေ့အင်ဂျင်နဲ့
    ပေါင်းစပ်ပေးလျက်
  • 4:03 - 4:06
    အလိုအလျောက် လုပ်ကိုင်နိုင်တဲ့
    ရက်ကန်းစင်တွေကို ဖန်တီးခဲ့သူပါ။
  • 4:06 - 4:09
    အလိုအလျောက် ရက်ကန်းစင်တွေကို
    သူဟာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
  • 4:09 - 4:12
    သူဟာ လူတွေရဲ့ လက်များဖြင့်
    ထုတ်လုပ်နိုင်ခဲ့တဲ့ အထည်များထက်
  • 4:12 - 4:15
    ပိုမို ရှုပ်ထွေးပြီး သိမ်မွေ့တဲ့
    အထည်များကို ထုတ်လုပ်နိုင်ကြတယ်။
  • 4:15 - 4:18
    ပြီးတော့ အဲဒီ စက်မှုစစ်ပွဲကို
    အနိုင်ယူလိုက်တဲ့ သူဟာ
  • 4:18 - 4:21
    အလိုအလျောက်စနစ်တွေရဲ့
    ပုံကြမ်းကို ချမှတ်ပေးလိုက်တာပါ။
  • 4:22 - 4:25
    အရာတွေကို အလိုအလျောက် လုပ်ခဲ့ပုံဟာ
    နောက်ဆုံး နှစ် ၃၀၀ အတွင်းမှာ
  • 4:25 - 4:26
    အစဉ်လိုလို ဆင်တူပါပဲ-
  • 4:27 - 4:30
    အစပိုင်းတွင် ကျနော်တို့ဟာ
    လိုအပ်ချက်ကို ဖေါ်ထုတ်ကြတယ်၊
  • 4:30 - 4:33
    ပြီးရင် အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့်
    ကိရိယာကို ထွင်ကြတယ်၊
  • 4:33 - 4:35
    ခုနက ရက်ကန်းစင်တို့လိုပေါ့။
  • 4:35 - 4:37
    ပြီးရင် လူတွေ အဲဒီကိရိယာကို
    သုံးကြပုံကို လေ့လာပြီး
  • 4:37 - 4:39
    သုံးသူကိုပါ အလိုအလျောက်
    လုပ်ဖို့ကို လေ့လာကြပါတယ်။
  • 4:39 - 4:42
    စက်တပ် ရက်ကန်းစင်မှ
    အလိုအလျောက် ရက်ကန်းစင်သို့
  • 4:42 - 4:44
    ကျုပ်တို့ ကူးပြောင်းခဲ့ကြတာ
    အဲဒီလိုပုံစံပါ၊
  • 4:44 - 4:47
    ပြီးတော့ အဲဒါဟာ နှစ်ပေါင်း
    တစ်ထောင် ကြာခဲ့ပါတယ်။
  • 4:47 - 4:50
    တဖန်၊ ကားကို အလားတူပုံကြမ်းကို
    သုံးပြီး လုပ်ကိုင်နိုင်ဖို့ကျတော့
  • 4:50 - 4:52
    နှစ်ပေါင်း တစ်ရာပဲ လိုအပ်ခဲ့တယ်။
  • 4:53 - 4:56
    ဒါပေမဲ့ ဒီတစ်ချီတွင်ကျတော့၊
  • 4:56 - 4:58
    တကယ့်ကို အလိုအလျောက်
    လုပ်ကိုင်မှုမျိုးပါ။
  • 4:58 - 5:01
    အခုပြမယ့် ဗီဒီယိုက Toshiba မှ
    ကျွန်တော့် လုပ်ဖေါ် တစ်ဦးထံမှပါ၊
  • 5:01 - 5:05
    solid state drives တွေ ထုတ်လုပ်တဲ့
    စက်ရုံကို ပြသထားပါတယ်။
  • 5:05 - 5:07
    စက်ရုံတစ်ခုလုံးကိုက ရိုဘော့ပါ။
  • 5:07 - 5:09
    အဲဒီစက်ရုံမှာ လူသားရယ်လို့
    တစ်ဦးမှ မရှိပါ။
  • 5:09 - 5:10
    အဲဒီလို ရိုဘော့တွေဟာ မကြာမီတွင်
  • 5:10 - 5:13
    စက်ရုံမှ ထွက်လာကြပြီး ကျုပ်တို့
    ကမ္ဘာရဲ့ အစိတ်အပိုင်း ဖြစ်လာကြမယ်၊
  • 5:13 - 5:16
    ကျုပ်တို့ရဲ့ လုပ်သားအင်အား
    တစ်စိတ်တစ်ပိုင်း ဖြစ်လာမယ်။
  • 5:16 - 5:17
    ကျွန်တော် နေ့စဉ် လုပ်ကိုင်တာက
  • 5:17 - 5:21
    တစ်နိုင်ငံလုံးအတွက် ဒေတာကို စုစည်းပေးမယ့်
    ကိရိယာများကို ဖန်တီးမှုပါ၊
  • 5:21 - 5:24
    လာမယ့် အနာဂတ်တွင် ခုနကလို
    စက်တွေကို စီမံခန့်ခွဲဖို့ လိုအပ်နိုင်တဲ့
  • 5:24 - 5:28
    အခြေခံအုတ်မြစ်မျိုးကို
    ချမှတ်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ပါ။
  • 5:28 - 5:32
    ဒါပေမဲ့ ဒီနေ့ ကျွန်တော် ဒီကို လာခဲ့တာ
    နိုင်ငံများဆိုင်ရာ ဒေတာကို စုစည်းပေးမဲ့
  • 5:32 - 5:34
    အဲဒီလို ကိရိယာတွေ
    အကြောင်း ပြောပြဖို့ မဟုတ်ပါ။
  • 5:34 - 5:37
    ဒါပေမဲ့ အသိဉာဏ်အတုကို ဒီမိုကရေစီထဲမှာ
    သုံးနိုင်ဖို့ကို
  • 5:37 - 5:42
    ကူညီပေးမဲ့ စိတ်ကူး အကြေင်းကို
    ပြောပြဖို့ အတွက် ဒီမှာ ရပ်နေတာပါ။
  • 5:42 - 5:47
    ကျွန်တော် တီထွင်တဲ့ ကိရိယာတွေဟာ အချက်အချာ
    ကျတဲ့ ဆုံးဖြတ်ချက်များ အတွက်မို့လို့ပါ။
  • 5:47 - 5:50
    ဓမ္မဓိဌာန်ကျတဲ့ ပုံစံမျိုးဖြင့်
    စဉ်းစား ချမှတ်ရမယ့် ဆုံးဖြတ်ချက်မျိုးပါ-
  • 5:50 - 5:53
    အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံရေး
    ဆုံးဖြတ်ချက်များပါ။
  • 5:53 - 5:56
    ဒါပေမဲ့ ဥပဒေပြုစုရေးဆိုင်ရာ
    ဆုံးဖြတ်ချက်တွေ ရှိကြပါတယ်၊
  • 5:56 - 5:59
    ဥပဒေပြု ဆုံးဖြတ်ချက်တွေအတွက်
    အမြင်မျိုးစုံ ရှိကြတဲ့ ပြည်သူတွေ အကြားမှာ
  • 5:59 - 6:01
    ဆက်သွယ် ဆွေးနွေးရန် လိုအပ်တယ်၊
  • 6:01 - 6:04
    လူတွေ ပါဝင်ကြဖို့၊ ငြင်းခုံဆွေးနွေးဖို့
  • 6:04 - 6:05
    စဉ်းစားဖို့ လိုအပ်ပါမယ်။
  • 6:05 - 6:09
    ပြီးတော့ ကျုပ်တို့ အချိန်အတော်ကြာ
    စဉ်းစားလာခဲ့လို့ နားလည်လာတာက
  • 6:09 - 6:12
    ဒီမိုကရေစီကို မြှင့်တင်ပေးဖို့ တကယ် လိုအပ်
    တာက ပိုပြီး ဆက်သွယ် ပြောဆိုကြဖို့ပါပဲ။
  • 6:12 - 6:17
    ဒါကြောင့်မို့လို့ ဒီမိုကရေစီနဲ့ ဆက်စပ်ပြီး
    ကျုပ်တို့ တီထွင်ခဲ့ကြတဲ့ နည်းပညာအားလုံးဟာ၊
  • 6:17 - 6:19
    သတင်းစာတွေပဲ ဖြစ်ဖြစ်၊
    လူမှုမီဒီယာပဲ ဖြစ်ဖြစ်၊
  • 6:19 - 6:22
    ကျုပ်တို့အား ပိုပြီးဆက်သွယ် ပြောဆိုဖို့
    ကြိိုးပမ်းနေကြတာပါ။
  • 6:22 - 6:24
    ဒါပေမဲ့ ကျုပ်တို့ အဲဒီလို
    လုပ်ကိုင်လာခဲ့တာ ကြာပါပြီ၊
  • 6:24 - 6:27
    အဲဒါက ပြဿနာကို ဖြေရှင်း
    မပေးနိုင်ကြောင်း ကျုပ်တို့ သိကြတယ်။
  • 6:27 - 6:29
    ဆက်သွယ်ပြောဆိုမှု ဆိုင်ရာ ပြဿနာမဟုတ်ဘဲ၊
  • 6:29 - 6:30
    သိမြင်မှုဘောင် ပြဿနာပါ။
  • 6:30 - 6:33
    ပြဿနာက သိမြင်မှုဘောင်နဲ့
    သက်ဆိုင်နေတယ် ဆိုတော့၊
  • 6:33 - 6:35
    ပြည်သူတွေအတွက် ပိုပြီး
    ဆက်သွယ်ပြောကြားခွင့် ထပ်ထည့်ပေးခြင်းက
  • 6:36 - 6:38
    အဲဒါကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။
  • 6:38 - 6:42
    အဲဒါအစား ကျုပ်တို့ လိုအပ်နေကြတာက
    ကျုပ်တို့ ဝန်ပိနေကြတဲ့ များလွန်းနေတဲ့
  • 6:42 - 6:44
    ဆက်သွယ်ပြောဆိုမှုများကို
    ကိုင်တွယ်ရာမှာ
  • 6:44 - 6:47
    ကူညီပေးကြမယ့် နည်းပညာတွေပါ။
  • 6:47 - 6:48
    ကိုယ်ပွား အသေးလေး လိုဟာမျိုး၊
  • 6:48 - 6:49
    ဆော့ဖ်ဝဲ အေဂျင့်မျိုး၊
  • 6:49 - 6:52
    ဒစ်ဂျစ်တယ် Jiminy Cricket မျိုးကို
    စဉ်းစားကြည့်ကြပါ -
  • 6:52 - 6:53
    (ရယ်သံများ)
  • 6:53 - 6:57
    ကျုပ်တို့ ကိုယ်စား မေးခွန်းတွေကို
    ဖြေကြားပေးနိုင်မယ့် အရာပါ။
  • 6:58 - 7:00
    ကျုပ်တို့ဆီမှာ
    အဲဒီလို နည်းပညာ ရှိလာရင်၊
  • 7:00 - 7:02
    ကျုပ်တို့ဟာ ဆက်သွယ်ပြောဆိုရေး ဝန်တချို့ကို
    ဖယ်ရှားနိုင်ကြပြီး
  • 7:02 - 7:06
    အကြီးစား စကေးဖြင့် ပိုကောင်းတဲ့
    ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ကူညီပေးမယ်။
  • 7:06 - 7:10
    ဆော့ဝဲ အေဂျင့် ဆိုတဲ့ စိတ်ကူးဟားလည်း
    အသစ်အဆန်း မဟုတ်ပါဘူး။
  • 7:10 - 7:13
    ကျုပ်တို့ဟာ ၎င်းတို့ကို တချိန်လုံး
    သုံးနေကြပါပြီ။
  • 7:13 - 7:15
    ကျုပ်တို့ ကားမောင်းစဉ် ကိုယ်သွားမယ့်
    နေရာကို
  • 7:15 - 7:18
    ဘယ်လို မောင်းသွားသင့်ကြောင်း ရွေးရာတွင်
    ကျုပ်တို့ ဆော့ဝဲအေဂျင့်ကို သုံးကြတယ်။
  • 7:19 - 7:21
    ကျုပ်တို့ နားထောင်ချင်တဲ့ တေးဂီတကို၊
  • 7:22 - 7:25
    ဒါမှမဟုတ် ဆက်ပြီး ဖတ်သင့်တဲ့ စာအုပ်ဆိုင်ရာ
    အကြံပြုချက် ရယူဖို့ သုံးနေကြပါပြီ။
  • 7:26 - 7:28
    အခု ၂၁ ရာစုမှာ ထင်ရှားလာတဲ့ စိတ်ကူး တစ်ခုက
  • 7:28 - 7:31
    Jacquard ခေတ်တုန်းက ရက်ကန်းစင်ကို
    အင်ဂျင်တပ်ပေးဖို့ လိုဘဲ
  • 7:31 - 7:37
    ထင်ရှားတဲ့ စိတ်ကူး တစ်ခု ပေါ်လာခဲ့ပါပြီ။
  • 7:38 - 7:42
    တိုက်ရိုက် ဒီမိုကရေစီကို ဆော့ဝဲ အေဂျင့်
    များနဲ့ ပေါင်းစပ်ပေးရေး စိတ်ကူးပါပဲ။
  • 7:43 - 7:45
    ခဏလောက် စိတ်ကူးကြည့်ကြပါ၊
  • 7:45 - 7:48
    ခင်ဗျားကိုရော ကျန်တဲ့ လူသန်းချီတို့ကို
    ကိုယ်စားပြုတဲ့
  • 7:48 - 7:50
    ကိုယ်စားလှယ်တွေ အစား
  • 7:50 - 7:53
    ခင်ဗျားကိုယ်တိုင်ကိုသာ ကိုယ်စားပြုတဲ့
    ကိုယ်စားလှယ် ရှိနိုင်ပြီး
  • 7:53 - 7:56
    ခင်ဗျားရဲ့ သူများနဲ့မတူတဲ့ နိုင်ငံရေး
    အမြင်တွေကို၊
  • 7:56 - 7:58
    လစ်ဘရယ်ဝါဒီနဲ့ လွတ်လပ်မှု၊
  • 7:58 - 8:00
    ပြီးတော့ တချို့ပြဿနာတွေမှာ ရှေးရိုးဆန်တဲ့
    အမြင်တွေ၊
  • 8:00 - 8:04
    အခြားကိစ္စများဆိုင်ရာ တိုးတက်တဲ့ အမြင်တွေ
    ပေါင်းစပ်ကျင့်သုံးနိုင်လာမယ်။
  • 8:04 - 8:07
    ဒီနေ့ နိုင်ငံရေးသမားတွေဟာ သူတို့အစီအစဉ်
    တွေနဲ့ အပေးအယူ များစွာကို လုပ်ကြရပါတယ်။
  • 8:07 - 8:11
    ဒါပေမဲ့ ခင်ဗျားကိုသာ ကိုယ်စားပြုမယ့်
    တစ်ဦးဦး ခင်ဗျားမှာ ရှိနိုင်ပါတယ်၊
  • 8:11 - 8:12
    ကိုယ့်ကိုယ်စားလှယ်ဟာ လူသားပဲ ဖြစ်ရမယ်
  • 8:13 - 8:14
    စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး
  • 8:14 - 8:17
    ဆော့ဖ်ဝဲ အေဂျင့်ကို ကိုယ်စားပြုခွင့်
    ပေးဖို့ သဘောတူရင်ပေါ့။
  • 8:17 - 8:21
    ကျုပ်တို့မှာ ကိုယ်ပိုင် အမတ် ရှိပြီး
    လူတိုင်း အမတ်ကိုယ်စီ ရှိနိုင်တယ်။
  • 8:21 - 8:24
    အဲဒီ အမတ်တွေဟာ ဥပဒေမူကြမ်းတိုင်းကို
    ဖတ်နိုင်စွမ်း ရှိကြမှာဖြစ်ပြီး၊
  • 8:24 - 8:27
    ၎င်းတို့ တစ်ခုချင်းစီကို
    မဲပေးနိုင်စွမ်းလည်း ရှိကြမှာပါ။
  • 8:27 - 8:31
    ဒီတော့ ကျုပ်တို့အနေနဲ့ စဉ်းစားသင့်တဲ့
    ထင်ရှားတဲ့ စိတ်ကူး တစ်ခုပါ။
  • 8:31 - 8:33
    ဒါပေမဲ့ ဒီနေ့ ဒီအသက်အရွယ်မျိုးမှာ
  • 8:33 - 8:36
    ဒီစိတ်ကူးဟာ ထိတ်လန့်ဖွယ် ဖြစ်နိုင်တာကို
    နားလည်ပါတယ်။
  • 8:36 - 8:39
    တကယ်ပါပဲ၊ ကျုပ်တို့ အစိုးရတွေကို
    စီမံအုပ်ချုပ်ဖို့
  • 8:39 - 8:42
    အနာဂတ်ထံမှ ရိုဘော့ လာကူနိုင်မယ်ဆိုတာ
  • 8:42 - 8:43
    ထိတ်လန့်စရာ ကောင်းတာ အမှန်ပါပဲ။
  • 8:43 - 8:46
    ဒါပေမဲ့ ကျုပ်တို့ ဒါမျိုး အရင်တုန်းက
    ကြုံခဲ့ဖူးပါတယ်။
  • 8:46 - 8:47
    (ရယ်သံများ)
  • 8:47 - 8:50
    တကယ်တော့ အဲဒီငနဲဟာ လူတော်လေးပါ။
  • 8:52 - 8:58
    ဒီတော့ အခုစိတ်ကူးရဲ့ Jacquard ရဲ့
    ရက်ကန်းစင် ဗားရှင်းဟာ ဘယ်လိုများရှိမလဲ။
  • 8:58 - 9:00
    အဲဒါ သိပ်ကို ရိုးရှင်းတဲ့ စနစ် ဖြစ်မယ်။
  • 9:00 - 9:04
    ကိုယ်က လက်မှတ်ထိုး ဝင်ရမယ့် စနစ်ကို
    စိတ်ကူးကြည့်ပါ၊ ကိုယ့်ပွားကို ဖန်တီးရမယ်၊
  • 9:04 - 9:06
    ပြီးရင် ကိုယ်ပွားကို ကိုယ်ဟာ
    စပြီး လေ့ကျင့်ပေးရတော့မယ်။
  • 9:06 - 9:09
    ကိုယ်ဟာ ကိုယ်ရဲ့ စာဖတ်တဲ့ အလေ့အကျင့်ကို
    သင်ပေးနိုင်တယ်၊
  • 9:09 - 9:11
    ဒါမှမဟုတ် သင့်လူမှုမီဒီယာနဲ့
    ဆက်သွယ်ပေးနိုင်တယ်၊
  • 9:11 - 9:13
    အခြား ဒေတာနဲ့လည်း ဆက်သွယ်ပေးနိုင်တယ်၊
  • 9:13 - 9:16
    ဥပမာအဖြစ် စိတ်ပိုင်းဆိုင်ရာ
    စမ်းသပ်မှုတွေကို ထည့်ပေးနိုင်တယ်။
  • 9:16 - 9:19
    အဲ့ထဲ ကောင်းတဲ့ အချက်က
    လှည့်စားမှုမျိုး မရှိုနိုင်ခြင်းပါပဲ။
  • 9:19 - 9:22
    ကိုယ်က ဒေတာကို ကိုယ့်မိတ်ဆွေများနဲ့
    မိသားစုကို မပေးဘူးဆိုတော့၊
  • 9:22 - 9:25
    အဲဒါကို နောက်ပိုင်းတွင်
    နိုင်ငံရေးစနစ်ကလည်း သုံးမရနိုင်ပါ။
  • 9:25 - 9:29
    ဒေတာကို ခင်ဗျား ပေးနေတာက ခင်ဗျား
    ကိုယ်စား နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို
  • 9:29 - 9:31
    ပြုလုပ်ပေးရမယ့် ကိုယ်ပိုင်စနစ်ကိုပါ။
  • 9:31 - 9:35
    နောက်မှာ ခင်ဗျားက ဒေတာကို ယူပြီး
    လေ့ကျင့်ရေး အယ်လ်ဂိုရီသမ်ကို ရွေးရမယ်။
  • 9:35 - 9:37
    အဲဒါဟာ အားလုံးသုံးနိုင်တဲ့
    ဈေးကွက်နေရာ ဖြစ်ပြီး
  • 9:37 - 9:40
    ခင်ဗျားက ပေးလိုက်တဲ့ ဒေတာကို အခြေခံပြီး
    ခင်ဗျား ဘယ်လို မဲပေးမလဲဆိုတာကို
  • 9:40 - 9:44
    ခန့်မှန်းပေးမယ့် အယ်လ်ဂိုရီသမ်ကို
    လူတွေ အမျိုးမျိုးက ကမ်းလှမ်းကြပါမယ်။
  • 9:44 - 9:48
    အဲဒီစနစ်က လုံးဝမြင်သာလို့ ဘယ်သူမှ
    အယ်လ်ဂိုရီသမ်ကို ထိန်းချုပ်ရန် မလိုပါ။
  • 9:48 - 9:50
    အဲဒါနဲ့ ပိုလူကြိုက်များလာတဲ့
    အယ်လ်ဂိုရီသမ်တွေ ရှိလာပြီး
  • 9:50 - 9:52
    လူကြိုက်နည်းတာတွေ ရှိပါလိမ့်မယ်။
  • 9:52 - 9:54
    နောက်ဆုံး ကိုယ်ဟာ စနစ်ကို စိစစ်နိုင်တယ်။
  • 9:54 - 9:56
    ကိုယ်ပွားရဲ့ လုပ်ကိုင်ပုံကို
    ကိုယ်မြင်နိုင်တယ်။
  • 9:56 - 9:58
    ကိုယ်ကကြိုက်ရင်
    အော်တိုလုပ်ပိုင်ခွင့် ပေးနိုင်တယ်။
  • 9:58 - 10:00
    ကိုယ်က ပိုပြီး ထိန်းချုပ်ချင်ရင်၊
  • 10:00 - 10:01
    ဆုံးဖြတ်ချက် တစ်ခုခု ချမှတ်တိုင်း
  • 10:01 - 10:04
    ၎င်းတို့မှ ခင်ဗျားကို မေးဖို့
    မှာထားနိုင်တယ်၊
  • 10:04 - 10:06
    ဒါမှမဟုတ် ကိုယ့်စိတ်ကြိုက်
    သတ်မှတ်ပေးနိုင်ပါတယ်။
  • 10:06 - 10:09
    ကျုပ်တို့က ဒီမိုကရေစီကို ဒီနေ့ နည်းနည်းပဲ
    သုံးကြတာရဲ့ အကြောင်းရင်းတစ်ခုက
  • 10:09 - 10:12
    ဒီမိုကရေစိရဲ့ အင်တာဖေ့စ်
    ညံ့နေလို့ ဖြစ်နိုင်တယ်။
  • 10:12 - 10:14
    အသုံးပြုသူတို့အတွက်
    အင်တာဖေ့စ်ကို မြှင့်ပေးခြင်းဖြင့်
  • 10:14 - 10:16
    ၎င်းကို တိုးပြီး သုံးနိုင်စွမ်း
    ရှိလာစေနိုင်တယ်။
  • 10:16 - 10:20
    ဒီနေရာမှာ ခင်ဗျားတို့အနေနဲ့
    မေးလိုမယ့် မေးခွန်းအများကြီးရှိမှာပါ။
  • 10:20 - 10:22
    ဆက်ပြီး ကိုယ်ပွားများကို ဘယ်လို
    လေ့ကျင့်ပေးရမှာလဲ။
  • 10:22 - 10:25
    ဒေတာတွေ လုံခြုံစေဖို့ ဘယ်လို လုပ်ကိုင်မလဲ။
  • 10:25 - 10:28
    စနစ်တွေကို ဖြန့်ချိနိုင်ပြီး စစ်ဆေး
    နိုင်အောင် ဘယ်လို လုပ်ကိုင်မလဲ။
  • 10:28 - 10:30
    အသက် ၈၀ ရှိပြီး အင်တာနက်ကို
    မသုံးတတ်တဲ့
  • 10:30 - 10:32
    ကျွန်တော့်အဖွားကကော ဘာလုပ်ရမလဲ။
  • 10:32 - 10:34
    အဲဒါတွေ အားလုံး
    ကျွန်တော် သိတာ ယုံစေလိုပါတယ်။
  • 10:35 - 10:39
    ကိုယ်က ဒီလိုစိတ်ကူးမျိုးကို စဉ်းစားကတည်းက
    အဆိုးမြင်ကြတဲ့သူတွေ ရှိတာ တွက်ထားရမယ်၊
  • 10:39 - 10:43
    ဖြေရှင်းချက်တိုင်းအတွက် သူတို့က ပြဿနာ
    တစ်ခုစီ ရှိကြတယ်လေ။
  • 10:43 - 10:45
    (ရယ်သံများ)
  • 10:45 - 10:48
    ဆက်ပြီး ကြီးမားတဲ့ အတွေးအခေါ်တွေကို
    စဉ်းစားကြရန် ကျွန်တော် ဖိတ်ကြားလိုပါတယ်။
  • 10:48 - 10:52
    ကျွန်တော် ခုနလေးတင် ပြသခဲ့တာက
    စိတ်ကူး အသေးလေးတွေပါ၊
  • 10:52 - 10:55
    ဒါ အလုပ်မလုပ်ဖြစ်နိုင်တဲ့
    မေးခွန်းတွေ ဖြစ်ခဲ့ကြလို့ပါ။
  • 10:56 - 10:57
    ကြီးမားတဲ့ စိတ်ကူးများကျတော့ -
  • 10:58 - 10:59
    ဒီစိတ်ကူး လက်တွေ့ လုပ်ဖြစ်ခဲ့ရင်
  • 10:59 - 11:01
    ကိုယ်ဟာ နောက်ထပ် ဘာများ လုပ်ပေးနိုင်မလဲ။
  • 11:02 - 11:05
    အဲဒီလို စိတ်ကူး တစ်ခုက
    ဥပဒေတွေကို ရေးကြတာက ဘယ်သူတွေလဲ။
  • 11:06 - 11:10
    အစပိုင်းတွင်၊ ကျုပ်တို့ဟာ ရှိနှင့်ပြီးသား
    ကိုယ်ပွားတွေကို သုံးပြီး
  • 11:10 - 11:14
    ဒီနေ့ လုပ်နေကျအတိုင်း အမတ်များနဲ့
    နိုင်ငံရေးသမားတွေ ရေးခဲ့ကြတဲ့
  • 11:14 - 11:15
    မဲပေးနိုင်ကြပါတယ်။
  • 11:15 - 11:17
    ဒါပေမဲ့ ဒီလို လုပ်ကိုင်လာနိုင်ပြီဆိုရင်၊
  • 11:18 - 11:20
    တစ်ဦးဦးက ဥပဒေကို ပြုစုရေးသားဖို့
  • 11:20 - 11:22
    အယ်လ်ဂိုရီသမ်ကို ရေးပေးလိုက်လို့၊
  • 11:22 - 11:25
    အဲဒီ ဥပဒေမျိုးဟာ ထောက်ခံမှု
    ရာခိုင်နှုန်း တချို့ ရနိုင်ပါတယ်၊
  • 11:25 - 11:27
    ဒီဖြစ်စဉ် ပြောင်းပြန်
    လုပ်ခိုင်းလို့ ရနိုင်ပါတယ်။
  • 11:27 - 11:31
    ဒီစိတ်ကူးဟာ အဓိပ္ပါယ်မရှိဘူး၊ လက်တွေ့လုပ်
    မရနိုင်ဘူးလို့ ခင်ဗျားတို့ ထင်နိုင်ပါတယ်၊
  • 11:31 - 11:34
    ဒါပေမဲ့၊ တိုက်ရိုက် ဒီမိုကရေစီထဲ
    ဆော့ဝဲ အေဂျင့်တွေ ပါဝင်ခွင့်ရှိမယ့်
  • 11:34 - 11:36
    ကမ္ဘာကြီးမျိုးထဲမှာသာ
    အခု တင်ပြလာခဲ့တဲ့
  • 11:36 - 11:39
    စိတ်ကူးဟာ လက်တွေ့ ဖြစ်လာနိုင်ပါတယ်။
  • 11:41 - 11:43
    ဒီတော့ ကျုပ်တို့က တော်လှန်ရေးကို
    ဘယ်လိုများ စတင်ကြမလဲ။
  • 11:44 - 11:47
    ဒီတော်လှန်ရေးကို ကျွန်တော်တို့ဟာ
    ထွက်ပြီး ဆန္ဒပြခြင်းဖြင့်၊
  • 11:47 - 11:52
    လက်ရှိ နိုင်ငံရေးသမားတွေကို ရိုဘော့တွေနဲ့
    ပြောင်းဖို့ တောင်းဆိုကြမှာ မဟုတ်ပါဘူး။
  • 11:52 - 11:53
    အဲဒါက မလုပ်မဖြစ်နိုင်ပါ။
  • 11:53 - 11:55
    ပိုပြီးရိုးရှင်းတာ ရှိပါတယ်။
  • 11:55 - 11:56
    ပိုပြီး နှေးပါမယ်၊
  • 11:56 - 11:58
    ပိုပြီး နှိမ့်ချခံရပါမယ်။
  • 11:58 - 12:02
    ဒီလိုတော်လှန်ရေးကို အထက်တန်းကျောင်းတွေ၊
    စာကြည့်တိုက်တွေ၊ ပရဟိတအဖွဲ့တွေမှာ
  • 12:02 - 12:04
    စတင်ပြီး ဖန်တီးရကြပါမယ်။
  • 12:04 - 12:06
    တချိန်တည်းမှာ ကျုပ်တို့ဟာ
    ဒီစိတ်ကူး ရှင်သန်ဖို့
  • 12:06 - 12:09
    ဒီစိတ်ကူးကို ကျုပ်တို့ ယုံကြည်မှုရှိလာဖို့
  • 12:09 - 12:11
    ရှိနိုင်ကြတဲ့ မေးခွန်းတွေကို ညှိပေးဖို့
  • 12:11 - 12:14
    ပေါ်လာနိုင်ကြတဲ့ အခက်အခဲတွေကို
    ဖြေရှင်းဖို့ အားထုတ်ကြရမယ်။
  • 12:14 - 12:18
    အဲဒီစနစ်တွေကို ကျုပ်တို့ ဖန်တီးလိုက်လို့
    လူတွေ ရာချီ၊ ထောင်ချီ၊
  • 12:18 - 12:21
    သိန်းချီတို့က နိုင်ငံရေးအရ မလိုက်နာမနေရ
    မဟုတ်ပေမဲ့၊ ကျင့်သုံးလာကြမယ်ဆိုရင်
  • 12:21 - 12:24
    ဒီစိတ်ကူးကို လူတွေ ယုံကြည်လာအောင်
    ကျုပ်တို့ လုပ်နိုင်ကြမှာပါ။
  • 12:24 - 12:26
    ကမ္ဘာကြီးဟာ ပြောင်းလဲလာရမှာပါ၊
  • 12:26 - 12:28
    ဒီနေ့တွင် ကျွန်တော့်သမီးလို ငယ်ကြတဲ့
    လူငယ်တွေဟာ
  • 12:28 - 12:30
    တစ်နေ့တွင် ကြီးပြင်းလာကြမှာပါ။
  • 12:30 - 12:33
    ကျွန်တော့်သမီးက ကျွန်တော့် အသက်မျိုး
    ရှိလာတဲ့ အချိန်မှာ
  • 12:33 - 12:37
    ဒီနေ့တွင် စိတ်ကူးအရူးလို ထင်စရာရှိတဲ့
    ဒီစိတ်ကူးဟာဖြင့်၊
  • 12:37 - 12:42
    သူမအတွက် သူ့မိတ်ဆွေများအတွက်
    ရူးစရာလို့ ထင်ချင်မှ ထင်ကြပါမယ်။
  • 12:42 - 12:43
    အဲဒီလို အချိန်မျိုးမှာ၊
  • 12:43 - 12:46
    ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ သမိုင်း
    နိဂုံးပိုင်းမှာ ရှိနေကြမှာ ဖြစ်ပေမဲ့၊
  • 12:46 - 12:49
    သူတို့ကျတော့ သူတို့ရဲ့ သမိုင်းအစမှာ
    ရှိကြမှာပါ။
  • 12:50 - 12:51
    ကျေးဇူးတင်ပါတယ်။
  • 12:51 - 12:54
    (လက်ခုပ်သံများ)
Title:
နိုင်ငံရေးသမားတွေကို အစားထိုးနိုင်မယ့် ရဲဝံ့တဲ့ စိတ်ကူး
Speaker:
César Hidalgo
Description:

César Hidalgo ကျုပ်တို့ရဲ့ အလုပ်မလုပ်တော့တဲ့ နိုင်ငံရေး စနစ်ကို ကုစားနိုင်ပြီး အခြေခံမှအစ ပြင်ပေးမယ့် အကြံပေးချက် တစ်ခု ရှိပါတယ်- အဲဒါကို အလိုအ​လျောက်ပုံစံမျိုး လုပ်ပစ်ရန်ပါပဲ။ ရဲဝံ့လွန်းတဲ့ သူ့ဟောပြောချက်ထဲတွင်၊ သူက နိုင်ငံရေးသမားတွေကို ရှောင်ကွင်းနိုင်မယ့် စိတ်ကူးကို တင်ပြထားရာ၊ နိုင်ငံသူနိုင်ငံသားတွေကို ကိုယ်ပိုင် AI ကိုယ်စားလှယ်များကို ဖန်တီးပေးလျက် ဒီမိုကရေစီ ဆုံးဖြတ်ချက်တွေကို ၎င်းတို့အား ချမှတ်ခိုင်းရန် ဖြစ်ပါတယ်။ စုပေါင်း ဆုံးဖြတ်ချက် ချမှတ်ရေး နည်းသစ် တစ်ခုကို စူးစမ်းလေ့လာရင်း မိမိတို့ရဲ့ ဒီမိုကရေစီအား သိနားလည်မှုကို တိုးချဲ့လိုက်ကြပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
13:08

Burmese subtitles

Revisions