Return to Video

နောင်လာမည့် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေး တော်လှန်ရေး။

  • 0:02 - 0:06
    ၂၀၁၉ မှာ လူ့လောကဟာ
    သတိပေးချက်တစ်ခု ရရှိခဲ့တယ်၊
  • 0:06 - 0:08
    ကမ္ဘာ့ အထင်ကရ သိပ္ပံပညာရှင်တွေက
    ထုတ်ပြန်ခဲ့တဲ့
  • 0:08 - 0:12
    ကမ္ဘာ့ စိုက်ပျိုးရေးမှာ ထူးကဲတဲ့
    သုံးနှစ်တာ လေ့လာမှုရဲ့တွေ့ရှိချက်တွေပါ၊
  • 0:12 - 0:16
    အသား ထုတ်လုပ်ခြင်းဟာ ကမ္ဘာမြေကို
    ဖျက်ဆီးနေပြီး ကမ္ဘာ့ ကျန်းမာရေးကို
  • 0:16 - 0:17
    ထိခိုက်နေတယ်လို့ ကြေညာခဲ့တယ်။
  • 0:18 - 0:20
    လေ့လာမှုထဲက စာရေးဆရာတစ်ဦး
    ရှင်းပြတာက
  • 0:20 - 0:23
    "လူ့သားတို့ဆီမှာ ကမ္ဘာမြေ တည်ငြိမ်မှုကို
    ခြိမ်းခြောက်နေတာ တစ်ခု ရှိနေတယ်၊
  • 0:23 - 0:28
    ဒါက လိုအပ်တာကတော့ ကမ္ဘာ့ စိုက်ပျိုးရေး
    တော်လှန်ရေးထက် တစ်ပြားသားမှ မလျော့ဘူး။"
  • 0:29 - 0:31
    စက်မှုလုပ်ငန်း အသား ထုတ်လုပ်မှုကနေ
  • 0:31 - 0:34
    ပြောင်းလဲမှုတစ်ခုကို ထောက်ခံရာမှာ
    ဆယ်စုနှစ်ခု ကုန်ဆုံးခဲ့သူအနေနဲ
  • 0:34 - 0:38
    ဒီနှိုးဆော်သံဟာ ခြားနားမှုတစ်ခု
    ဖြစ်စေတော့မယ်လို့ ယုံကြည်ချင်တယ်။
  • 0:38 - 0:43
    အရေးကြီးတာက ဒီလိုဟာမျိုးတွေကို
    ဆယ်စုနှစ်တွေချီပြီး အထပ်ထပ် မြင်ဖူးတာပါ။
  • 0:44 - 0:47
    ဒီမှာ ၂၀၁၈ က "Nature" စာစောင်က၊
  • 0:47 - 0:50
    ၂၀၁၇ "Bioscience Journal" က၊
  • 0:50 - 0:54
    ၂၀၁၆ "National
    Academy of Sciences" ကပါ။
  • 0:54 - 0:58
    ဒီလေ့လာမှုတွေရဲ့ အဓိကအချက်က
    ရာသီဉတု ပြောင်းလဲမှုဖြစ်လေ့ရှိတယ်။
  • 0:58 - 1:02
    ဒါပေမဲ့ ပဋိဇီဝဆေး ခံနိုင်စွမ်းက
    ခြိမ်းခြောက်မှုကြီးလို ကိုယ်စားပြုနေတယ်။
  • 1:03 - 1:06
    လယ်ယာ တိရစ္ဆာန်တွေကို ပဋိဇီဝဆေးရဲ့
    ဧရာမ ပမာဏတွေ ကျွေးနေတယ်။
  • 1:06 - 1:10
    ဒီပဋိဇီဝဆေးတွေဟာ နောက်တော့ ဆေးမတိုးတဲ့
    အကောင်တွေအဖြစ် သန္ဓေပြောင်းသွားတယ်၊
  • 1:10 - 1:13
    ဒါက ကျွန်တော်တို့ ဘဝတာအတွင်းမှာ
    ဒီပဋိဇီဝဆေးတွေ အသုံးမဝင်
  • 1:13 - 1:16
    ဖြစ်စေဖို့ ခြိမ်းခြောက်တယ်။
  • 1:16 - 1:17
    အလန့်တကြားဖြစ်ချင်လား။
  • 1:17 - 1:20
    Google: "အလုပ်ဖြစ်တဲ့
    ပဋိဇီဝဆေးတွေရဲ့ နိဂုံး"
  • 1:21 - 1:23
    ဒီနည်းနဲ့ တစ်ခု ထုတ်ယူလိုက်မယ်။
  • 1:23 - 1:25
    ဘာစားပါလို့ ပြောဖို့
    ကျွန်တော်လာတာ မဟုတ်ဘူး။
  • 1:26 - 1:27
    တစ်ဦးချင်း လုပ်ရပ်က ကောင်းပေမဲ့
  • 1:27 - 1:30
    ပဋိဇီဝဆေး ခံနိုင်ရည်နဲ့
    ရာသီဥတု ပြောင်းလဲမှုက
  • 1:30 - 1:32
    ဒါတွေက ဒီထက် ပိုလိုအပ်ပါတယ်။
  • 1:32 - 1:36
    ဒါ့အပြင် အသားလျှော့စားဖို့ ကမ္ဘာကို
    နားချတာလည်း အလုပ်မဖြစ်ခဲ့ဘူးလေ။
  • 1:37 - 1:42
    နှစ် ၅၀ ကြာ ပတ်ဝန်းကျင် ပညာရှင်တွေ၊၊
    ကမ္ဘာ့ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့
  • 1:42 - 1:45
    တိရိစ္ဆာန်ရေး တက်ကြွသူတွေ
    အသားလျှော့စားဖို့ လူထုကို ပန်ကြားနေတယ်။
  • 1:45 - 1:47
    တစ်ဦးချင်း အသားစားသုံးမှုက
  • 1:47 - 1:51
    သမိုင်းမှာ မှတ်တမ်းတင်ထားသလို
    မြင့်မားပါတယ်။
  • 1:51 - 1:55
    သာမန် မြောက် အမေရိကန်တစ်ဦးဟာ မနှစ်က
    အသား ပေါင် ၂၀၀ ကျော်ထက် ပိုစားခဲ့တယ်။
  • 1:56 - 1:57
    ကျွန်တော် မစားခဲ့ဘူးနော်။
  • 1:57 - 1:58
    (ရယ်သံများ)
  • 1:59 - 2:02
    ဆိုလိုတာက အဲဒီက တစ်ဦးဦးဟာ
    အသား ပေါင် ၄၀၀ စားခဲ့တာပါ။
  • 2:02 - 2:04
    (ရယ်သံများ)
  • 2:04 - 2:05
    ကျွန်တော်တို့ရဲ့လက်ရှိ အလားအလာအရ
  • 2:05 - 2:10
    ၂၀၅၀ မတိုင်မီ အသား ၇၀ ကနေ ၁၀၀
    ရာခိုင်နှုန်းထိ ပိုထုတ်ဖို့လိုလိမ့်မယ်။
  • 2:10 - 2:13
    ဒါက ကမ္ဘာလုံးဆိုင်ရာ အဖြေတစ်ခုလိုအပ်တယ်။
  • 2:13 - 2:17
    လုပ်ဖို့လိုတာက လူတွေကြိုက်တဲ့ အသား
    ထုတ်လုပ်ဖို့လိုပေမဲ့
  • 2:17 - 2:20
    နည်းလမ်းအသစ်နဲ့ ထုတ်လုပ်ဖို့လိုတာပါ။
  • 2:20 - 2:22
    ကျွန်တော့မှာ စိတ်ကူးတစ်ခုနှစ်ခုရှိတယ်။
  • 2:22 - 2:26
    နံပါတ်တစ် စိတ်ကူးက
    အပင်တွေကနေ အသားစိုက်ပျိုးကြပါစို့။
  • 2:26 - 2:28
    တိရိစ္ဆာန်တွေကို ကျွေးဖို့
    အပင်တွေစိုက်တာအစားပါ၊
  • 2:28 - 2:30
    ဒါအားလုံးက မထိရောက်ပါဘူး။
  • 2:30 - 2:33
    ဒီအပင်တွေ စိုက်ကြပါစို့။
    ဒါတွေနဲ့ အသားတု လုပ်ကြပါစို့။
  • 2:33 - 2:34
    အပင်အခြေခံတဲ့ အသား ဖန်တီးကြပါစို့။
  • 2:35 - 2:38
    နံပါတ်နှစ် စိတ်ကူးက
    တကယ့် တိရိစ္ဆာန် အသားပါ။
  • 2:38 - 2:40
    ဆဲလ်တွေကနေ တိုက်ရိုက် စိုက်ပျိုးကြပါစို့။
  • 2:40 - 2:43
    သက်ရှိတိရိစ္ဆာန်တွေအစား
    ဆဲလ်တွေကို တိုက်ရိုက် စိုက်ပျိုးကြပါစို့။
  • 2:44 - 2:47
    ကြက်တစ်ကောင်ကို သားထိုးတဲ့
    အလေးချိန်ရဖို့ ခြောက်ပတ်ကြာတယ်။
  • 2:47 - 2:49
    ဆဲလ်တွေကို တိုက်ရိုက်စိုက်ပျိုးပါ၊
    ခြောက်ရက်အတွင်း
  • 2:49 - 2:51
    တူတဲ့ ကြီးထွားနှုန်းရနိုင်တယ်။
  • 2:52 - 2:54
    ဒါက ချိန်ခွင်မှာ ဖြစ်တဲ့ပုံပါ။
  • 2:55 - 2:58
    ဒါဟာ သင့်ရဲ့ ပတ်ဝန်းကျင်နဲ့
    သဟဇာတဖြစ်တဲ့ အသားချက်ရုံပါ။
  • 2:58 - 3:01
    (ရယ်သံများ)
  • 3:01 - 3:03
    ဒီအကြောင်း အချက်နှစ်ခု ထောက်ပြချင်တယ်
  • 3:03 - 3:05
    ပထမတစ်ခုက ကိုယ်လုပ်နိုင်တယ်လို့
    ယုံကြည်တာပါ။
  • 3:05 - 3:09
    မကြာခင်နှစ်တွေက ကုမ္ပဏီတစ်ချို့ဟာ
    အပင်တွေကနေ အသားထုတ်လုပ်နေခဲ့တယ်၊
  • 3:09 - 3:13
    ဝယ်သူတွေဟာ တကယ့်အသားနဲ့
    မခွဲခြားနိုင်ပါဘူး။
  • 3:13 - 3:17
    အခုအခါမှာ တိုက်ရိုက် ဆဲလ်တွေကနေ
    တကယ့်အသား စိုက်ပျိုးတဲ့
  • 3:17 - 3:19
    ကုမ္ပဏီများစွာရှိပါတယ်။
  • 3:19 - 3:21
    အပင် အခြေခံပြီး ဆဲလ် အခြေခံတဲ့ အသားက
  • 3:21 - 3:23
    အသားနဲ့ပတ်သက်ပြီးစားသုံးသူတွေ
    ကြိုက်သမျှ အရသာ၊
  • 3:23 - 3:25
    အသားအနေအထား စတာတွေ ပေးပေမဲ့
  • 3:25 - 3:28
    ပဋိဇီဝဆေး လိုအပ်မှုမပါဘဲ၊
  • 3:28 - 3:31
    ရာသီဥတုအပေါ် ထိခိုက်တဲ့
    သက်ရောက်မှု အနည်းငယ်နဲ့ပါ။
  • 3:31 - 3:35
    ဒီနည်းပညာနှစ်ခုဟာ ထုတ်လုပ်မှု
    ပမာဏမှာ
  • 3:35 - 3:36
    အများကြီးပို ထိရောက်တာကြောင့်
  • 3:36 - 3:38
    ဒီထုတ်ကုန်တွေဟာ စျေးသက်သာပါလိမ့်မယ်၊
  • 3:39 - 3:41
    ဒါပေမဲ့ ဒါနဲ့ပတ်သက်တဲ့ အချက်တစ်ခုက
  • 3:41 - 3:43
    လွယ်မှာတော့ မဟုတ်ပါဘူး။
  • 3:43 - 3:47
    ဒီအပင် အခြေခံတဲ့ ကုမ္ပဏီတွေဟာ သူတို့ရဲ့
    ဘာဂါတွေမှာ ငွေအတော်အ-များများ သုံးထားပြီး
  • 3:47 - 3:50
    ဆဲလ် အခြေခံ အသားဟာ လုံးဝကို
    စီးပွားမဖြစ်သေးပါဘူး။
  • 3:51 - 3:53
    ဒီတော့ ဒီကမ္ဘာ့ အသားလုပ်ငန်းကို ဖန်တီးဖို့
  • 3:53 - 3:55
    အားလုံးစုပေါင်းလုပ်ဖို့ လိုပါတယ်။
  • 3:56 - 3:59
    စတင်သူတွေအတွက် လက်ရှိ
    အသားလုပ်ငန်းလိုအပ်တယ်။
  • 3:59 - 4:01
    အသားလုပ်ငန်းကို အလျဉ်မပြတ်စေချင်ဘူး။
  • 4:01 - 4:03
    ဒါကို ပြောင်းလဲချင်တာပါ။
  • 4:03 - 4:05
    သူတို့ အတိုင်းအတာရဲ့ စီးပွားရေးတွေ၊
  • 4:05 - 4:08
    သူတို့ရဲ့ ကမ္ဘာ့ထောက်ပံ့ရေး အစဉ်၊
    သူတို့ရဲ့ စျေးကွက် ကျွမ်းကျင်မှု၊
  • 4:08 - 4:10
    အစုလိုက် စာသုံးသူ အရင်းခံလိုတယ်။
  • 4:11 - 4:13
    အစိုးရတွေလည်း လိုအပ်ပါတယ်။
  • 4:13 - 4:16
    အစိုးရတွေဟာ ဘီလီယံ ဆယ်ချီတဲ့
    ဒေါ်လာတွေကို ကမ္ဘာ့ကျန်းမာရေးနဲ့
  • 4:16 - 4:18
    ပတ်ဝန်းကျင်ကို အရေးထားတဲ့
  • 4:18 - 4:21
    သုတေသနနဲ့ ဖွံ့ဖြိုးမှုမှာ
    နှစ်စဉ်သုံးကြတယ်။
  • 4:21 - 4:25
    သူတို့ဟာ ပိုက်ဆံတစ်ချို့ကို အပင် အခြေခံတဲ့
    ဆဲလ် အခြေခံတဲ့ အသားထုတ်လုပ်မှုကို
  • 4:25 - 4:29
    အကောင်းဆုံးဖြစ်အောင်လုပ်ရာမှာ
    သုံးနေသင့်တာပါ။
  • 4:30 - 4:35
    ကြည့်ပါ၊ မြောက် အမေရိကမှာ မနှစ်ကတင်
    သောင်းချီတဲ့လူတွေဟာ ပဋိဇီဝဆေး မတိုးတော့တဲ့
  • 4:35 - 4:37
    ပိုးကောင်တွေကြောင့် သေဆုံးခဲ့တယ်။
  • 4:38 - 4:43
    ၂၀၅၀ မတိုင်ခင်မှာ နံပါတ်က ကမ္ဘာအနှံ့
    တစ်နှစ် ၁၀ သန်းရှိလိမ့်မယ်။
  • 4:44 - 4:48
    ရာသီဥတု ပြောင်းလဲမှုက
    ကမ္ဘာ့မျက်နှာပြင်ပေါ်က
  • 4:48 - 4:51
    အဆင်းရဲဆုံး လူတစ်ချို့အပါအဝင်
    ကမ္ဘာ့မိသားစုရဲ့ဧရာမ အပိုင်းတွေအတွက်
  • 4:51 - 4:55
    လူ့ဘဝနဲ့ဆိုင်တဲ့ ခြိမ်းခြောက်မှုတစ်ခုကို
    ကိုယ်စားပြုပါတယ်။
  • 4:55 - 5:00
    ရာသီဥတု ပြောင်းလဲမှု၊ ပဋိဇီဝဆေး ခံနိုင်မှု
    ဒါတွေဟာ ကမ္ဘာ့အရေးပေါ် အခြေအနေတွေပါ။
  • 5:00 - 5:05
    အသားစားသုံးမှုက ပိုဆိုးဝါးလာနေပါတယ်၊
    ဒီအရေးပေါ်တွေက တစ်ကမ္ဘာလုံး အတိုင်းအတာပါ။
  • 5:05 - 5:08
    ဒါပေမဲ့ ကုန်ကျစရိတ်တူတဲ့
    (သို့) ပိုသက်သာတဲ့၊ အရသာတူတဲ့
  • 5:08 - 5:11
    (သို့) ပိုကောင်းတဲ့
    အခြားရွေးချယ်စရာတွေ မပေးဘူးဆိုရင်
  • 5:11 - 5:15
    ကျွန်တော်တို့ဟာ အသားစားတာကို
    လျှော့ကြမှာမဟုတ်ပါဘူး။
  • 5:16 - 5:17
    ကျွန်တော်တို့မှာ အဖြေရှိတယ်။
  • 5:17 - 5:21
    အပင်တွေကနေ အသားပြုလုပ်ကြပါစို့။
    ဆဲလ်တွေကနေ တိုက်ရိုက် စိုက်ကြပါစို့။
  • 5:21 - 5:25
    နောင်လာမယ့် ကမ္ဘာ့စိုက်ပျိုးရေး
    တော်လှန်ရေးကို ဖန်တီးဖို့လိုအပ်တဲ့
  • 5:25 - 5:30
    အရင်းအမြစ်တွေကို ကျွန်တော်တို့
    ဆော်သြတဲ့ အချိန်ကျပါပြီ။
  • 5:30 - 5:31
    ကျေးဇူးပါ။
  • 5:31 - 5:35
    (လက်ခုပ်သံများ)
Title:
နောင်လာမည့် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေး တော်လှန်ရေး။
Speaker:
Bruce Friedrich
Description:

အသားထုတ်လုပ်ခြင်းဟာ ကမ္ဘာမြေကို ဖျက်ဆီးနေပြီး ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ထိခိုက်နေစေပေမဲ့ ကုန်ကျစရိတ်တူတဲ့ (သို့မဟုတ် ပိုသက်သာတဲ့) အရသာတူတဲ့(သို့မဟုတ်) ပိုကောင်းတဲ့ အခြားရွေးချယ်စရာတွေ သူတို့ကို မပေးဘူးဆိုရင်တော့ လူတွေဟာ အသားစားတာကို လျှော့ကြမှာမဟုတ်ပါဘူး။အသိအမြင်ဖွင့်ပေးတဲ့ ဒီဟောပြောချက်ထဲမှာ အစားအသောက် ဆန်းသစ်တီထွင်သူနဲ့ TED ဝိုင်းတော်သား Bruce Friedrich ကနေပြီး မကြာခင်မှာ ကမ္ဘာ့ အသား လုပ်ငန်းနဲ့ သင့်ညစာ ထမင်းပွဲကို ပြောင်းလဲပေးနိုင်တဲ့ အပင်နဲ့ ဆဲလ် အခြေခံတဲ့ ထုတ်ကုန်တွေကို ပြသထာ။ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
05:48

Burmese subtitles

Revisions