YouTube

Got a YouTube account?

New: enable viewer-created translations and captions on your YouTube channel!

Burmese subtitles

← ဆေးပညာဆိုင်ရာဉာဏ်ရည်တုအလားအလာနှင့် ဇီ၀ဖြစ်စဉ်ပစ္စည်းများ

Get Embed Code
35 Languages

Showing Revision 8 created 11/07/2019 by sann tint.

  1. ၂၀၀၃ ခုနစ်မှာ
  2. လူသားတွေရဲ့ မျိူးရိုးဗီဇကို
    အစဉ်လိုက်စဉ်ခဲ့တုန်းက
  3. ရောဂါအများကြီးကို ကုသနိုင်တဲ့
    အဖြေကိုတွေ့ပြီလို့ထင်ခဲ့တယ်
  4. ဒါပေမဲ့ တကယ်ကတော့ အဲလိုမျိုးမဟုတ်ပါဘူး
  5. မျိူးရိုးဗီဇကို ထပ်ပေါင်းထည့်ခြင်းက
  6. ပတ်ဝန်းကျင်နဲ့လူနေမှုပုံစံမှာ
    အရေးကြီးတဲ့ အပိုင်းဖြစ်တဲ့
  7. ရောဂါတွေ ဖွံဖြိုးစေခြင်းပဲဖြစ်တယ်
  8. နမူနာအနေဖြင့် အသည်းအဆီများသောရောဂါက

  9. ကမ္ဘာတစ်ခုလုံးရဲ့ လူဦးရေ ၂၀
    ရာခိုင်နှုန်း ဖြစ်ပွားနေပါတယ်
  10. ကုသမှုမရှိရင် အသည်းကင်ဆာ
    ကိုဖြစ်စေလိမ့်မယ် ဒါမှမဟုတ်ရင်
  11. အသည်းပျက်စီးစေတယ်
  12. ဒါကြောင့် မျိူးရိုးဗီဇတစ်ခုတည်းစဉ်ခြင်း
    ကသက်ရောက်မှုရှိတဲ့ ကုထုံးကိုရှာဖို့
  13. လုံလောက်တဲ့ အချက်အလက်
    တွေကိုမပေးစွမ်းနိုင်ပါဘူး
  14. အကောင်းဘက်က ပြောရရင် ခန္ဓာကိုယ်မှာ
    အခြားသောမော်လီကျူးတွေအများကြီးရှိတယ်

  15. တကယ်တမ်းက ဇီ၀ဖြစ်စဉ်
    ဖြစ်စေတဲ့အရာတစ်သိန်းကျော်ရှိပါတယ်
  16. ဇီ၀ဖြစ်စဉ်ဖြစ်စေတဲ့ အရာတွေကအရမ်းကို
    သေးငယ်တဲ့အရွယ်ရှိတဲ့မော်လီကျူးအမျိူးအစားပါ
  17. လူသိများတဲ့ နမူနာတွေက ဂလူးကိုစ်ဓာတ်၊
    သကြားဓာတ်၊ အဆီ၊ သွေးထဲကအဆီတွေက
  18. တစ်ချိန်လုံး ကြားနေရတဲ့အရာတွေပါ
  19. ဇီ၀ဖြစ်စဉ်ဖြစ်ပွားရင် ဇီ၀ဖြစ်စဉ်
    ဖြစ်တဲ့အရာတွေပါဝင်လာပါတယ်
  20. အဲဒါတွေက ဗီဇပစ္စည်းတွေကို စီးဆင်းစေတယ်
  21. ဒါကြောင့် မျိူးဗီဇနဲ့နေထိုင်တဲ့ပုံစံတွေ
    ရဲ့အချက်အလက်တွေကိုသယ်ဆောင်ပေးနိုင်တယ်
  22. ဇီ၀ဖြစ်စဉ်ဖြစ်စေတဲ့ အရာတွေကို နားလည်ခြင်းက
    ရောဂါကုသမှုရှာဖွေရာမှာမရှိမဖြစ်အရေးပါတယ်
  23. ကျွန်မ လူနာတွေကို အမြဲကုသပေးချင်ခဲ့ဖူးတယ်

  24. ဒါပေမဲ့လည်း လွန်ခဲ့တဲ့၁၅နှစ်
    ဆေးကျောင်းက ထွက်လာခဲ့တုန်းက
  25. သင်္ချာသင်ရတာကို တမ်းတမိတယ်
  26. မကြာမီမှာပဲ အရမ်းကောင်းတဲ့
    အချက်ကိုတွေ့ရှိခဲ့တယ်
  27. ဆေးပညာမှာ သင်္ချာကို
    အသုံးပြုလာနိုင်တာဖြစ်တယ်
  28. သက်ရှိတွေနဲ့ဆိုင်တဲ့ အချက်အလက်တွေကို
    စူးစမ်းဖို့ ကိန်းဂဏန်းတွေကိုလေ့လာခဲ့တယ်
  29. ပြောရင်တော့ လွယ်တဲ့ပုံပါပဲ
  30. ခန္ဓာကိုယ်မှာရှိတဲ့ ဇီ၀ဖြစ်စဉ်ဖြစ်စေတဲ့အရာ
    တွေရဲ့ အချက်အလက်တွေ စုဆောင်းရတယ်
  31. ရောဂါအဖြစ် ဘယ်လိုပြောင်းလဲ
    ဆိုတာကို ဖော်ပြဖို့သင်္ချာဒီဇိုင်းတွေ
  32. ရောဂါပြောင်းလဲမှုကို ကုသဖို့အဟန့်အတားတွေ
    ကိုတည်ဆောက်ရတယ်
  33. ဒါကြောင့် အရင်ကမလုပ်ခဲ့တာလို့
    လုပ်ရင်းသိလာတယ်

  34. အရမ်းကိုခက်ခဲပါတယ်
  35. (ရယ်သံ)

  36. ဇီ၀ဖြစ်စဉ်ဖြစ်စေတဲ့ အရာများက
    ခန္ဓာကိုယ်မှာရှိပါတယ်

  37. တစ်ခုနဲ့တစ်ခုက ကွဲပြားပါတယ်
  38. တချို့ဟာတွေအတွက်ဆိုရင် ဒြပ်ထုတိုင်းတာတဲ့
  39. ပစ္စည်းတွေနဲ့တိုင်းတာရပါတယ်
  40. ဘာလို့လဲဆိုတော့ မော်လီကျူး
    ဆယ်ခုရဲ့ဒြပ်ထုနဲ့တူနေလို့ပါ
  41. အဲဒါတွေကို တိတိကျကျမသိပါဘူး
  42. ဒါအားလုံးကို ရှင်းလင်းစွာ ဖော်ထုတ်ချင်ရင်
  43. ဆယ်စုနှစ်တွေ ကြာနိုင်တဲ့လက်တွေ့
    စမ်းသပ်မှုတွေကိုလုပ်ဆောင်ရတယ်၊
  44. ဘီလီယံချီတဲ့ဒေါ်လာတွေကုန်ကျတယ်။
  45. ဒီတော့ ဒါကို လုပ်ဆောင်ဖို့
    ဉာဏ်ရည်တု (သို့) Ai ကို. တီထွင်ခဲ့တယ်။

  46. ဇီဝဆိုင်ရာ အချက်အလက် တိုးပွားမှုကို
    မြှင်တင် အသုံးချတယ်။
  47. တည်ရှိသမျှဇီ၀ဖြစ်စဉ်ဖြစ်တဲ့အရာ
    တွေရဲ့အချက်အလက်တွေ
  48. အဟန့်အတားမှာ ပါလာတဲ့ အခြားမော်လီကျူးတွေရဲ့
    ဒေတာဘေ့စ် တည်ဆောက်တယ်။
  49. ဒီအချက်အလက်အားကိုကြီးမားတဲ့
    ကွန်ယက်အဖြစ်ပေါင်းလိုကိတယ်။
  50. ဒီနောက် လူနာတွေရဲ့တစ်ရှူးတွေသွေးတွေကနေ
  51. ဇီ၀ဖြစ်စဉ်ဖြစ်စေတဲ့ အရာတွေရဲ့
    ဒြပ်ထုကိုတိုင်းတာတယ်
  52. ရောဂါအဖြစ် ပြောင်းလဲသွားတဲ့
    ဒြပ်ထုတွေကိုရှာဖွေတယ်
  53. ဒါပေမဲ့ စောစောက ပြောခဲ့သလိုပဲ ဒါတွေက
    ဘာတွေလဲဆိုတာ တိတိကျကျတော့မသိဘူး
  54. ဒြပ်ထုက ၁၈၀ဖြစ်ရင် ဂလူးကို့စ်၊ဂလက်တို့စ်
    သို့မဟုတ် သကြားဓာတ်ဖြစ်ချင်ဖြစ်နိုင်တယ်
  55. သူတို့တွေမှာ တူညီတဲ့ ဒြပ်ထုတွေရှိနေကြတယ်
  56. ဒါပေမဲ့ ကွဲပြားတဲ့လုပ်ဆောင်မှုတွေရှိတယ်
  57. ဉာဏ်ရည်တုရဲ့ အတွက်အချက်ပိုင်းက
    ဒီလိုဝိုးတိုးဝါးတား အချက်တွေကိုစဉ်းစားတယ်
  58. ပြီးရင် ကြီးမားတဲ့ကွန်ယက်ထဲမှာမှတ်သားပြီး
  59. ဇီ၀ဖြစ်စဉ်ဖြစ်စေတဲ့ အရာတွေရဲ့ဒြပ်ထုတွေက
    ဘယ်လို တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီး
  60. ရောဂါဖြစ်စေလဲ ဆိုတာကိုရှာဖွေတယ်
  61. ဒီလိုမျိူးချိတ်ဆက်ရတဲ့အကြောင်းအရင်းက
  62. ဇီ၀ဖြစ်စဉ်ဖြစ်စေတဲ့အရာတစ်ခုချင်းကို
    ကောက်ချက်ချနိုင်တယ်
  63. ဒြပ်ထု ၁၈၀ ဖြစ်တဲ့ ဂလူးကို့စ်လိုမျိူးပေါ့
  64. ပြီးတော့ ပိုအရေးကြီးတာက
  65. ဂလူးကို့စ်နဲ့ အခြားဇီ၀ဖြစ်စဉ်ဖြစ်တဲ့
    အရာတွေကပြောင်းလဲပြီးရောဂါ
  66. ဖြစ်လဲဆိုတာကို ရှာဖွေရန်ဖြစ်တယ်
  67. ရောဂါစက်ယန္တရားရဲ့ ဆန်းသစ်တဲ့
    သဘောတရားကို နားလည်ခြင်းက
  68. သက်ရောက်မှုရှိတဲ့ကုထုံးကို
    ဦးတည်ပြီးရှာဖွေနိုင်စေပါတယ်
  69. ဒီနည်းပညာကိုစျေးကွက်ကို ဆောင်ကြဉ်းလာဖို့
    အတွက်ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့ပါတယ်

  70. လူ့အသက်တွေပေါ်မှာ သက်ရောက်မှုရှိတယ်
  71. အခု ကျွန်မအဖွဲ့နဲ့ ကျွန်မက
    ReviveMed မှာလုပ်နေပြီး
  72. ရောဂါအများစုရဲ့အဓိကကျတဲ့ဇီ၀ဖြစ်စဉ်
    ပစ္စည်းတွေကိုရှာဖွေနေပါတယ်
  73. အသည်းအဆီများခြင်း ရောဂါလိုမျိူးက
  74. အဆီတွေစုခြင်းကြောင့် ဖြစ်လာရတာပါ
  75. အဆီဆိုတာက အသည်းထဲမှာရှိတဲ့
    ဇီ၀ဖြစ်စဉ်ပစ္စည်းဖြစ်တယ်
  76. ပြောခဲ့တဲ့အတိုင်းပဲ ကုသမှု
    မရှိသေးတဲ့ရောဂါကြီးပါ
  77. အသည်းအဆီများခြင်းက နမူနာတစ်ခုသာဖြစ်ပါတယ်

  78. ရှေ့ဆက်ပြောရရင် ကုသလို့မရတဲ့
    ရောဂါ ရာနဲ့ချီတာတွေကို
  79. ကိုင်တွယ်နေရပါတယ်
  80. ဇီ၀ပစ္စည်းတွေကို ပိုပိုပြီးစုဆောင်းခြင်း
  81. ရောဂါဖြစ်ဖို့ဦးတည်နေတဲ့
    ဇီ၀ပစ္စည်းတွေထဲမှာ ပြောင်းလဲပုံတွေကို
  82. နားလည်ခြင်းက
  83. ကွန်ပျူတာရဲ့အတွက်အချက်ပိုင်းကို
    ပိုပြီးကောင်းသထက်ကောင်းကာ
  84. လူနာနဲ့ ကုထုံးမှန်ကန်အောင်
    ရှာဖွေနိုင်စေပါတယ်
  85. ကျွန်မတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့
    ကုဒ်တစ်ကြောင်းစီနဲ့
  86. အသက်တွေကိုကယ်တင်ခြင်း
    ကတော့တဖြည်းဖြည်းနီးကပ်လာပါပြီ
  87. ကျေးဇူးတင်ပါတယ်

  88. (လက်ခုပ်သံ)