Burmese subtitles

← သိပ္ပံပညာရှင် တစ်ဦးက ဓာတုဗေဒ စက်မှုလုပ်ငန်းကို ထိန်းချုပ်နိုင်ခဲ့ပုံ - Mark Lytle

Get Embed Code
24 Languages

Showing Revision 5 created 05/23/2020 by Myo Aung.

  1. ၁၉၅၈ ခုနှစ်တွင် Rachel Carson
    ဟာ စာတစ်စောင် ရခဲ့ရာ
  2. တေးသီငှက်တွေ သစ်ကိုင်တွေပေါ်မှ ရုတ်တရက်
    ပြုတ်ကျလာနေကြတာ သိလာခဲ့ရတယ်။
  3. စာရေးပို့သူက ငှက်တွေ သေရတာဟာ
    DDT ခေါ် ပိုးသတ်ဆေးကြောင့် ဖြစ်တယ်၊
  4. မကြာမီတုန်းက ပိုးသတ်သူတွေက အနီးရှိ
    စိမ့်တောတွေမှာ ဆေးဖြန်းခဲ့ကြလို့ ဆိုပါတယ်။
  5. အဲဒီစာဟာ Carson အား DDT ကို စုံစမ်းဖို့
    နှိုးဆွပေးလိုက်ပါတယ်။
  6. သူမဟာ သိပ္ပံပညာရှင်များနဲ့ ပတ်ဝန်းကျင်ကို
    ထိန်းသိမ်းထားလိုကြသူတို့ထံမှနေပြီး
  7. ပိုးသတ်ဆေးကို နေရာတိုင်းမှာ
    သုံးနေခြင်းက ငါးတွေ၊ ငှက်တွေနဲ့
  8. လူသားကိုယ်၌ အတွက်ပါ အန္တရာယ် ဖြစ်နိုင်
    ကြောင်း စိုးရိမ်မှုတွေ သိထားသူပါ။
  9. သူမဟာ နှစ်ပေါင်း များစွာကြာ
    သူမ အလုပ်လုပ်ခဲ့ဘူးတဲ့
  10. United States Bureau of Fisheries ရှိ
    အဆက်အသွယ်များမှ စုံစမ်းကြည့်ခဲ့တယ်။
  11. “နွေဦး တေးသံကို တိတ်သွားအောင် လုပ်ပစ်ခဲ့တာ
    ဘာများလဲ” သူမက မေးကြည့်ခဲ့တယ်။
  12. ၁၉၆၂ ခုနှစ်တွင် Carson ဟာ သူမ တွေ့ရှိခဲ့
    တာကို "Silent Spring" စာအုပ်ထဲ ရေးခဲ့တယ်။
  13. သူမရဲ့ စာအုပ်က ဓာတုပစ္စည်းတွေ အလွဲ
    သုံးစားမှုတွေကို မှတ်တမ်းတင်ခဲ့ပြီး
  14. သဘာဝနှင့်လူ့ကျန်းမာရေးအတွက်
    ၎င်းတို့ရဲ့ အန္တရာယ်ကို ထောက်ပြခဲ့တယ်။
  15. "Silent Spring" ချက်ချင်း ချီးမွမ်းခံခဲ့ရ
    သလို လုံးဝလက်မခံသူတွေ ပေါ်လာခဲ့ကြပြီး
  16. စာရေးသူကို သည်းသည်းမဲမဲ
    တိုက်ခိုက်လာခဲ့ကြပါတယ်။
  17. နူးညံ့သိမ်မွေ့တဲ့ ဇီဝဗေဒပညာရှင်က ဘယ်လို
    လုပ် အဲဒီလို ငြင်းခုံမှုကို ဆွပေးခဲ့တာလဲ။
  18. Carson ဟာ အလုပ်ကို ကြိုးစားအားထုတ်တဲ့
    ဘွဲ့ယူ ကျောင်းသား အဖြစ် စတင်ခဲ့ပြီး
  19. John Hopkins University မှာ
    ဇီဝဗေဒကို လေ့လာရင်း
  20. အချိန်ပိုင်း အလုပ်တွေကို လုပ်ကိုင်ခဲ့ရတယ်။
  21. ဒါပေမဲ့ မကျန်းမာတဲ့ ဖခင်နဲ့ ညီမလေးကို
    စောင့်ရှောက်ပေးရန်
  22. သူမရဲ့ ပါရဂူဘွဲ့သင်တန်း မပြီးဆုံးခင်
    ထွက်သွားခဲ့ရတယ်။
  23. Bureau of Fisheries အတွက် အဏ္ဏဝါ ဇီဝဗေဒ
    ရေဒီယို အစီအစဉ်အတွက်
  24. ရေးပေးသူအဖြစ် Carson ဟာ
    အချိန်ပိုင်း အလုပ်ကို လုပ်ခဲ့တယ်။
  25. အများပြည်သူရဲ့ အာရုံကိုဆွဲဆောင်နိုင်အောင်
    သူမ ရေးသားနိုင်တာကို
  26. သူမ အကြီးအကဲတို့က
    အားကျမိလို့ ၁၉၃၆ ခုနှစ်တွင်
  27. သူမဟာ အဲဒီ ဗျူရိုတွင် အချိန်ပြည့် အလုပ်
    ရတဲ့ ဒုတိယအမျိုးသမီး ဖြစ်လာခဲ့တယ်။
  28. ၁၉၄၁ ခုနှစ်တွင် သူမဟာ
    သမုဒ္ဒရာဆိုင်ရာ စာအုပ်သုံးအုပ်အနက်
  29. ပထမစာအုပ် ထုတ်ဝေခဲ့ရာ သိပ္ပံပညာကို ရေအောက်
    ကမ္ဘာရဲ့ အလှတရားနဲ့ ရေးဖွဲ့ခဲ့တယ်။
  30. သူမရဲ့ စူးစမ်းမှုတွေဟာ
    ကျယ်ပြန့်တဲ့ တုံ့ပြန်မှုကို ရရှိခဲ့တယ်။
  31. "Silent Spring" ထဲမှာကျတော့ Carson ဟာ
    လူသားရဲ့ လုပ်ဆောင်ချက်တွေ
  32. သဘာဝတရားရဲ့ ချိန်ခွင်လျှာကို
    ခြိမ်းခြောက်နေတာကို အလေးပေး ထောက်ပြခဲ့တယ်။
  33. ဒုတိယကမ္ဘာစစ်အတွင်းမှာ ကောက်ပဲသီးနှံတွေကို
    ပိုးမွှားများမှ ကာကွယ်ပေးရန် နဲ့
  34. စစ်သားတွေကို ပိုးမွှားများမှ ရရှိတဲ့ ရောဂါ
    များမှ ကာကွယ်ပေးရန် DDT ကို သုံးခဲ့ကြတယ်။
  35. စစ်ပြီးသွားတဲ့ နောက်မှာ အဲဒီပိုးသတ်ဆေးကို
    ကျယ်ပြန့်စွာ ကြဲဖြန်းပေးလာခဲ့ကြပြီး
  36. မကြာခဏဆိုသလို
    အကျိုးရှိမှန်းတောင် မသိခဲ့ကြပါ။
  37. တခါတုန်းက အမေရိက တောင်ပိုင်းမှာ ပုရွက်ဆိတ်
    တမျိုးကို သုတ်သင်ရန် ကြိုးပမ်းစဉ်
  38. တောရိုင်းတိရစ္ဆာန်တွေ ချေမှုန်းခံလိုက်ရကာ
    ပုရွက်ဆိတ် အနည်းငယ်မျှ သုတ်သင်နိုင်ခဲ့တယ်။
  39. အဲဒါနဲ့ အခြား မအောင်မှုတွေ ရှိခဲ့ပေမဲ့
    US Department of Agriculture နဲ့
  40. ဓာတုကုမ္ပဏီတွေဟာ DDT ရဲ့ အကျိုးကျေးဇူး
    တွေကို ချီးကျူးလို့ မဆုံးနိုင်ခဲ့ကြပါ။
  41. အဲဒါအတွက် စည်းကမ်းချက်တွေ နည်းပါးခဲ့ပြီး
    ပြည်သူတွေ ရှိနိုင်ခြေအန္တရာယ် မသိခဲ့ပါ။
  42. ဒါပေမဲ့ Carson ဟာ ဓာတုပစ္စည်းတွေ
    အလွန်အကျွံသုံးစွဲမှုက
  43. ပိုးမွှား မျိုးစိတ်တွေရဲ့
    ခံနိုင်ရည်ကို ဆင့်ကဲမြှင့်ပေးခဲ့လို့
  44. ပိုလို့ကို အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေ
    ထုတ်လုပ်လာနေရပုံကို ထောက်ပြခဲ့ပါတယ်။
  45. DDT ဟာ ရေထဲတွင် မပျော်နိုင်လို့
  46. အချိန်ကြာလာတာနဲ့အမျှ ပတ်ဝန်းကျင်ထဲမှာ
  47. ပိုးမွှားတွေရဲ့ ခန္ဓာကိုယ်ထဲ၊ ပိုးမွှားတွေ
    စားသုံးတဲ့ သတ္တဝါတွေရဲ့ တစ်ရှူးများထဲမှာ၊
  48. အဆုံးမှာ လူသားတို့ထဲမှာပါ စုစည်းလာမှာကို
    အခိုင်အမာ ညွှန်ပြခဲ့တယ်။
  49. DDT နဲ့ ထိတွေ့မှုကြောင့် မျိုးရိုးဗီဇ
    ဖွဲ့စည်းပုံ ပြောင်းလဲသွားနိုင်ပြီး
  50. အနာဂတ် မျိုးဆက်များအဖို့ မသိရတဲ့ အကျိုး
    ဆက်တွေ ရှိလာနိုင်တာကို သတိပေးခဲ့ပါတယ်။
  51. "Silent Spring" အား တုံ့ပြန်မှုဟာ
    ပေါက်ကွဲမှုနဲ့ တူခဲ့ပါတယ်။
  52. လူအများအပြားအတွက် အဲဒီစာအုပ်က ဧရာမအန္တရာယ်
    များနိုင်တဲ့ ဓာတုပစ္စည်းတွေ ထိန်းချုပ်ရန်
  53. လှုံ့ဆော်ချက် ဖြစ်လာခဲ့တယ်။
  54. လူသားရဲ့ ကျန်းမာရေးအား ပိုးမွှားတွေ ခြိမ်း
    ခြောက်မှု ထိန်းချုပ်ရာမှာ DDT အရေးပါတာကို
  55. Carson ဟာ ထည့်သွင်း မဖေါ်ပြခဲ့တာကို ဆင်ခြေ
    ပေး ငြင်းခုန်ကြတဲ့ သူတွေလည်း ရှိခဲ့ကြတယ်။
  56. စိုက်ပျိုးရေးဝန်ကြီးဟောင်း
    Ezra Taft Benson ဆိုရင်
  57. “ကလေးမရှိ အပျိုဟိုင်းက မျိုးရိုးဗီဇကိစ္စ
    ဒီလောက် စိုးရိမ်နေတာ ဘာကြောင့်လဲ”
  58. မေးလိုက်ပြီး Carson ဟာ “ကွန်မြူနစ်ဖြစ်ဖို့
    များတယ်”လို့ ရှုတ်ချလိုက်တယ်။
  59. ပိုးသတ်ဆေး ကုမ္ပဏီရဲ့ ရှေ့နေက
    Carson နဲ့ သူမရဲ့ နောက်လိုက်တွေကို
  60. လုပ်ငန်းရှင်တွေကို “ယုတ်မာသူတွေ”လို ပုံ
    ဖေါ်လိုတဲ့ “ဩဇာပေးမှုတွေ” စွပ်စွဲခဲ့ကြတယ်။
  61. အမှန်တကယ်က၊ ဓာတုပစ္စည်းတွေရဲ့ ကောင်းမှုတွေ
    ကို ကျယ်ပြန့်စွာ ရေးနေကြချိန်မှာ Carson ဟာ
  62. အများပြည်သူတွေ နားမလည်ကြတဲ့
    အန္တရာယ်တွေကို အာရုံစိုက်စေလိုခဲ့တာပါ။
  63. လူသားဟာ သဘာဝတရားကို
    ထိန်းချုပ်သင့်ပြီး ထိန်းချုပ်ရမယ် ဆိုတဲ့
  64. အများရဲ့ ခံယူချက်ကို သူမဟာ ငြင်းပယ်ခဲ့တယ်။
  65. အဲဒီအစား လူသားဟာ “သဘာဝကို မဟုတ်ဘဲ၊ မိမိကို
    မိမိ ရင့်ကျက်အောင်၊ ကျွမ်းကျင်အ​ောင်”
  66. လျေ့ကျင့်ဖို့ လိုတယ်လို့ စိန်ခေါ်ခဲ့ပါတယ်။
  67. Carson ဟာ ကင်ဆာရောဂါနဲ့
    ၁၉၆၄ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ရာ၊
  68. "Silent Spring" စာအုပ်ထုတ်ဝေပြီးလို့
    နှစ်နှစ်အတွင်းမှာပါ။
  69. သူမစာအုပ်က ပတ်ဝန်းကျင်ကို တက်ကြွတိုက်ပွဲ
    ဝင်မယ့် မျိုးဆက်ကို ပေါက်ဖွားလာစေခဲ့ပါတယ်။
  70. ၁၉၆၉ ခုနှစ်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး
    သမားတို့ရဲ့ ဖိအားပေးမှုကြောင့်
  71. ကွန်ဂရက်ဟာ National Environmental
    Policy Act ကို ပြဋ္ဌာန်းခဲ့ရာ
  72. ဆက်ဒရယ် အေဂျင်စီများက သူတို့ လုပ်ဆောင်ချက်
    တွေရဲ့ အကျိုးဆက်တွေ အကဲခတ်လာရပါတယ်။
  73. အဲဒီ ဥပဒေကို ရုပ်လုံးဖေါ်ဖို့
  74. သမ္မတ Richard Nixon ဟာ Environmental
    Protection Agency ကို ထူထောင်ခဲ့ရတယ်။
  75. ၁၉၇၂ တွင် EPA မှ DDT သုံးစွဲမှု တစ်စိတ်
    တစ်ပိုင်း တားမြစ်ချက်ကို ထုတ်ပြန်ခဲ့တယ်။
  76. Rachel Carson ဟာ သူမသေဆုံးသွားတဲ့
    နောက်မှာတောင် သူမရဲ့ ရေးသားချက်များဖြင့်
  77. ပတ်ဝန်းကျင်ရဲ့ အကျိုးကို ရှေ့ဆက်
    ထမ်းဆောင်ပေးနေတုန်းပါပဲ။