ကမ္ဘာ့အရှည်လျားဆုံး ဥမင်လိုဏ်ခေါင်းကို ရေအောက်မှာ ဆောက်လုပ်ခဲ့ပုံ - Alex Gendler
-
0:08 - 0:12အင်အားကြီး ဥရောပနှစ်နိုင်ငံကို ခြားထားတဲ့
English Channel ဟာဖြင့် -
0:12 - 0:15ကမ္ဘာပေါ်မှာ အရေးပါဆုံး ရေကြောင်းလမ်း
ဖြစ်လာခဲ့တာ ကြာလှပါပြီ။ -
0:15 - 0:17ဒါပေမဲ့ ၎င်းရဲ့ သမိုင်းစဉ် တလျှောက်မှာ
-
0:17 - 0:21တူးမြောင်းရဲ့ ကျောက်ထူတဲ့ ကမ်းခြေများနဲ့
မုန်တိုင်းထန်တဲ့ရာသီဥတုကြောင့် -
0:21 - 0:24၎င်းကို ကူးဖြတ်မှုဟာ သိပ်ကို
အန္တရာယ်များခဲ့ပါတယ်။ -
0:24 - 0:27၁၈၀၀ ပြည့်နှစ် အစောပိုင်းတွင်
အင်ဂျင်နီယာတွေက -
0:27 - 0:31၃၃ ကီလိုမီတာ လမ်းခုလပ်ကို ပေါင်းကူးပေးရန်
စီမံကိန်း အမျိုးမျိုးကို တင်ပြခဲ့ကြပါတယ်။ -
0:31 - 0:35ကျွန်းအတုတွေကို ဖန်တီးပြီး
တံတားတွေနဲ့ ပေါင်းကူးပေးရန်၊ -
0:35 - 0:39ရေပေါ် ပလက်ဖောင်းများမှ ချပေးမယ့်
ရေထဲမြှုပ်ထားမယ့် ပြွန်များ၊ -
0:39 - 0:44ရှိနေကြတဲ့ တူးမြောင်းများထက် နှစ်ဆကျော်
ရှည်မယ့် ရေအောက် လမ်းကြောင်း ပါဝင်ခဲ့တယ်။ -
0:44 - 0:46ရာစုအကုန် အရောင်တွင်၊
-
0:46 - 0:50ခုနက နောက်ဆုံးအဆိုပြုချက်ကို
ဥရောပတိုက်သားတွေ စိတ်ကူးလာခဲ့ကြတယ်။ -
0:50 - 0:53မြောင်းတူးစက်ကို တီထွင်နိုင်ခဲ့မှုနဲ့
-
0:53 - 0:57ပင်လယ်ကြမ်းပြင် အောက်ပိုင်းမှာ တည်ငြိမ်တဲ့
မြေဖြူအလွှာကို တွေ့ရှိခဲ့ရခြင်းတို့က -
0:57 - 1:00အံ့အားသင့်ဖွယ် အဲဒီလိုဏ်ခေါင်းကို
ဆောက်လို့ရနိုင်စေခဲ့ပါတယ်။ -
1:00 - 1:06ဒါပေမဲ့ စီမံကိန်းထဲက အရေးကြီးဆုံး အတားအဆီး
ကို အင်ဂျင်နီယာတွေ မဖြေရှင်းနိုင်ခဲ့ကြပါ။ -
1:06 - 1:07ထိုအချိန်ကာလတုန်းက၊
-
1:07 - 1:12ဗြိတိသျှတို့က ပထဝီအရ အထီးကျန်ဖြစ်မှုကို
မဟာဗျူဟာ သာလွန်ချက်လို့ မြင်ခဲ့ကြတယ်။ -
1:12 - 1:16ပြင်သစ်ဘက်မှ ကျူးကျော်ခံရမယ့် စိုးရိမ်မှု
က လိုဏ်ခေါင်း စီမံကိန်းကို ပိတ်ပစ်ခဲ့တယ်။ -
1:16 - 1:20လေကြောင်း အန္တရာယ် မြင့်မားလာခဲ့လို့
အဲဒီလို စိုးရိမ်မှုတွေကို မေ့ပစ်လျက် -
1:20 - 1:24ထည့်စဉ်းစားရမယ့် စီးပွားရေးဆိုင်ရာ
စိုးရိမ်ပူပန်မှုတွေ နေရာယူလာကြတယ်။ -
1:24 - 1:27လှိုဏ်ခေါင်း တူးဖေါ်ရေး စိတ်ကူး ပေါ်လာတဲ့
နှစ်ပေါင်း ၁၀၀ အကြာတွင်၊ -
1:27 - 1:30နောက်ဆုံးမှာ နှစ်နိုင်ငံတို့ဟာ
သဘောတူညီချက် ရရှိခဲ့ကြတယ်- -
1:30 - 1:33လိုဏ်ခေါင်းကို ပုဂ္ဂလိကငွေများဖြင့်
ဆောက်လုပ်ဖို့ သဘောတူခဲ့ကြတယ်။ -
1:33 - 1:37၁၉၈၅ ခုနှစ်တွင် ပြင်သစ်နဲ့ ဗြိတိသျှ
ကုမ္ပဏီတွေရဲ့ အုပ်စုတစ်စုက -
1:37 - 1:41ဒီနေ့ငွေနဲ့ ပေါင်ငွေ ၁၄ ဘီလီယံနဲ့
ညီမျှတဲ့ငွေကို ရင်းနှီးမြှုပ်နှံခဲ့ကြပြီး၊ -
1:41 - 1:45အဲဒီတုန်းက တန်ဖိုးအကြီးမားဆုံး လိုဏ်ခေါင်း
ဖောက်လုပ်မှု ဖြစ်လာခဲ့တယ်။ -
1:45 - 1:49ဒီဇိုင်းထဲတွင် သီးခြားစီ ဖြစ်ရမယ့်
ဥမင်လိုဏ်ခေါင်း သုံးခုတူးရန်- -
1:49 - 1:53တစ်ခုက ပြင်သစ်ကို သွားမယ့်ရထားတွေ၊
အင်္ဂလန်ကို သွားမယ့် ရထားတွေ၊ -
1:53 - 1:55နဲ့ ၎င်းတို့အကြားက ဝန်ဆောင်ရေး
လိုဏ်ခေါင်းတို့ပါ။ -
1:55 - 2:00တလျှောက်လုံးမှာ ဆက်ပေးရမယ့် ခန်းမကြီးများ၊
အရေးပေါ်လမ်းကြောင်းများ၊ လေထုတ်ပြွန်များ၊ -
2:00 - 2:04အဲဒါတွေအားလုံးဟာ လိုင်ခေါင်း စုစုပေါင်း
ကီလိုမီတာ ၂၀၀ ကျော် ရှိခဲ့ပါတယ်။ -
2:04 - 2:08၁၉၈၈ ခုနှစ်တွင် နှစ်ဖက်စလုံးမှစပြီး
တူးဖော်ခဲ့ကြပြီး -
2:08 - 2:11အလယ်မှာ တွေ့ဆုံဖို့ စီစဉ်ခဲ့ကြတယ်။
-
2:11 - 2:16အစတွင် ပြင်သစ်ကမ်းရိုးတန်းကို လေ့လာမှုက
အက်ကြောင်း နေရာအများအပြား တွေ့ရှိခဲ့တယ်၊ -
2:16 - 2:19သေးငယ်တဲ့ အက်ကြောင်းထဲမနေပြီး ရေဟာ
ကျောက်များထဲကို စိမ့်ဝင်ခဲ့တယ်၊ -
2:19 - 2:23အဲဒါကြောင့် အင်ဂျင်နီယာတွေက ရေမဝင်နိုင်တဲ့
တူးဖေါ်ရေးစက်တွေကို တီထွင်ခဲ့ကြရတယ်။ -
2:23 - 2:29ဗြိတိသျှဘက်မှာ ခြောက်သွေ့မယ် မျှော်လင့်
ခဲ့ကြလို့ ပုံမှန် စက်တွေနဲ့ စတင်ခဲ့ကြတယ်။ -
2:29 - 2:34ဒါပေမဲ့ တစ်လအတွင်းမှာကိုပဲ ရေဟာ မျှော်လင့်
မရခဲ့တဲ့ နေရာများမှ စိမ့်ဝင်လာခဲ့ကြတယ်။ -
2:34 - 2:38ရေစိုနေတဲ့ မြေဖြူထဲ တူးဖေါ်ရန်၊
ဗြိတိသျှတို့က အက်ကြောင်းတွေကို -
2:38 - 2:41တူးစက်ရဲ့ ရှေ့မှနေပြီး ပိတ်ပစ်ရန်
သရွတ်ကိုင်ပေးခဲ့ကြရပြီး -
2:41 - 2:43အဓိက တူးစက်ရဲ့ ရှေ့မှာ ဦးစွာ တူးဖေါ်မယ့်
-
2:43 - 2:47မြေဖြူတွေကို အားဖြည့်ပေးခဲ့ကြရပါတယ်။
-
2:47 - 2:52အဲဒီလို အခက်အခဲ ကိုယ်စီနဲ့ နှစ်ဖွဲ့စလုံး
အရှိန်ပြည့် စတင် တူးခဲ့ကြတယ်။ -
2:52 - 3:00တန်ချိန် ၁၃၀၀ လေးကြတဲ့ တူးစက်တွေဟာ
တစ်နာရီ ၃.၅ မီတာနှုန်းဖြင့် တူးခဲ့ကြတယ်။ -
3:00 - 3:05တူးပြီးတာနဲ့ ပတ်လည်ကွင်းများ တပ်ဆင်ပေးလျက်
ကျန်ရစ်ခဲ့တဲ့ တူးမြောင်း တည်ငြိမ်စေရင်း -
3:05 - 3:09တူးစက် နောက်ကနေပြီး လိုက်ပါလာကြတဲ့ အကူ
တွဲများအတွက် လမ်းဖွင့်ပေးခဲ့ကြတယ်။ -
3:09 - 3:13နှုန်းမြင့်မားခဲ့ပေမဲ့ ဂရုစိုက်
လုပ်ကိုင်ဖို့ လိုအပ်ခဲ့တယ်။ -
3:13 - 3:18မြေဖြူအလွှာရဲ့ နောက်မှာ မတည်ငြိမ်ကြတဲ့
ကျောက်တုံးတွေနဲ့ ရွှံ့စေးတွေ ပေါ်လာခဲ့လို့ -
3:18 - 3:24ယခင်လေ့လာခဲ့ကြသူတို့ တူးခဲ့ကြတဲ့
အပြုပေါက် ၁၀၀ ကျော်တွေလည်း ရှိနေိခဲ့ကြတယ်။ -
3:24 - 3:28အဲဒါတွေအပြင် အဖွဲ့နှစ်ဖွဲ့တို့ဟာ သူတို့ရဲ့
ကိုသြဒီနိတ်တွေကို တချိန်လုံး စစ်ကြည့်ရင်း -
3:28 - 3:32နောက်ဆုံးမှာ သူတို့ ၂ စင်တီမီတာ တိကျမှုနဲ့
ချိတ်ဆက်နိုင်မှာကို အသေအချာ စစ်နေခဲ့ရတယ်။ -
3:32 - 3:35သူတို့ရဲ့ လမ်းကြောင်းကို အဲဒီလို တိကျစွာ
ဖောက်နိုင်ဖို့အတွက် -
3:35 - 3:38တူးကြသူတို့ဟာ ဂြိုလ်တုသုံး တည်နေရာ
ဖေါ်ထုတ်မှုကိုရော -
3:38 - 3:42ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေကိုပါ
အသုံးပြုခဲ့ကြရတယ်၊ -
3:42 - 3:45တူးနေတဲ့ နေရာ နက်ရှိုင်းမှု မှန်ကန်ကြောင်း
အတည်ပြုရန် အတွက်ပါ။ -
3:45 - 3:50ဆောက်လုပ်ရေး စီမံကိန်းကြီးထဲတွင်
လူ ၁၃၀၀၀ ကျော် ပါဝင်လုပ်ကိုင်ခဲ့ကြတယ်။ -
3:50 - 3:53ပြီးတော့ လူ ဆယ်ဦး သေဆုံးခဲ့ကြရပါတယ်။
-
3:53 - 3:55ဒါနဲ့ နှစ်နှစ်ခွဲ လိုဏ်ခေါင်းကို
တူးဖော်မှု နောက်မှာ၊ -
3:55 - 3:59ဖက်နှစ်ဖက်တို့ဟာ နောက်ဆုံးမှာ
တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ -
3:59 - 4:02ဗြိတိသျှ အလုပ်သမား Graham Fagg ဟာ
ပြင်သစ်ဖက်ကို ကူးဖြတ်ခဲ့သူ ဖြစ်လာတယ်။ -
4:02 - 4:07သူဟာ ရေခဲပြင်ခေတ်ရဲ့ နောက်မှာ လိုဏ်ခေါင်း
ဖြင့် ကူးဖြတ်နိုင်သူ ဖြစ်လာပါတယ်။ -
4:07 - 4:10ဒါပေမဲ့ ဆက်လုပ်ကိုင်စရာတွေ
ကျန်နေခဲ့ပါသေးတယ်။ -
4:10 - 4:13လိုဏ်ခေါင်းတွေကို ဆက်သွယ်ပေးမယ့်
ခန်းမကြီးတွေ၊ လေစုပ်စက်ဌာနတွေ၊ -
4:13 - 4:17မိုင်ရာချီ ရှိကြတဲ့ ဝါယာကြိုးတွေ၊ အာရုံခံ
စနစ်တွေ တပ်ဆင်ပေးရန် လိုခဲ့တယ်။ -
4:17 - 4:23ဒါနဲ့ ၁၉၉၄ ခုနှစ် မေလ ၆ ရက်နေ့တွင် ဥမင်
လိုဏ်ခေါင်းဖွွင့်ပွဲ ကျင်းပနိုင်ခဲ့ကြတယ်။ -
4:23 - 4:27အများပြည်သူတို့ဟာ ၁၆ လအကြာတွင်
အပြည့်အဝ သုံးလာနိုင်ကြတယ်။ -
4:27 - 4:31ခရီးသည်တင် ရထားများ၊ ကားတွေနဲ့ ကုန်တင်ကား
တင် လွန်းပျံရထား မောင်းလာနိုင်တယ်။ -
4:31 - 4:37ယနေ့တွင် ဥမင်လိုဏ်ခေါင်းဟာ နှစ်စဉ် ခရီးသည်
၂၀ ကျော်ကို ဝန်ဆောင်မှု ပေးနေပါတယ်။ -
4:37 - 4:41ခရီးသည်တွေကို ၃၅ မိနစ်အတွင်းမှာ
အရောင်က် ပို့ပေးနိုင်ပါပြီ။ -
4:41 - 4:46ဒါပေမဲ့ အဲဒီလို ခရီးကို လူတိုင်း တရားဝင်
သွားခွင့် မရှိတာဟာ စိတ်မကောင်းစရာပါ။ -
4:46 - 4:50ဒုက္ခသည် ထောင်ချီတို့ဟာ လိုဏ်ခေါင်းမှတဆင့်
ဗြိတိန်ထဲ ကူးဝင်ရန် ကြိုးပမ်းခဲ့ကြတယ်၊ -
4:50 - 4:53တချို့ဆိုရင် သေကြေခဲ့ကြရပါတယ်။
-
4:53 - 4:56အဲဒီလို ဝမ်းနည်းစရာ အဖြစ်တွေကြောင့်
တောင်ဘက်ပိုင်း ဝင်ပေါက်ဟာ -
4:56 - 4:59ပဋိပက္ခနေရာ ဖြစ်နေတုန်းပါပဲ။
-
4:59 - 5:03ဒီလို ဧရာမအဆောက်အအုံကို
ဆောက်လုပ်နိုင်ခဲ့တဲ့ သမိုင်းဟာဖြင့် -
5:03 - 5:06အတားအဆီးတွေ ကျော်လွှားနိုင်ရင် လူသားဟာ
အကောင်းဆုံး လုပ်ပြနိုင်ကြောင်း သာဓကပါပဲ။
- Title:
- ကမ္ဘာ့အရှည်လျားဆုံး ဥမင်လိုဏ်ခေါင်းကို ရေအောက်မှာ ဆောက်လုပ်ခဲ့ပုံ - Alex Gendler
- Speaker:
- Alex Gendler
- Description:
-
သင်ခန်းစာ အပြည့်ကို ကြည့်ရှုရန် - https://ed.ted.com/lessons/how-the-world-s-longest-underwater-tunnel-was-built-alex-gendler
အင်အားကြီး ဥရောပနှစ်နိုင်ငံကို ခြားထားတဲ့ English Channel ဟာဖြင့် ကမ္ဘာပေါ်မှာ အရေးပါဆုံး ရေကြောင်းလမ်း ဖြစ်လာခဲ့တာ ကြာလှပါပြီ။ အင်ဂျင်နီယာတွေက အဲဒီခရီးကို ပေါင်းကူးပေးနိုင်ဖို့ စီမံကိန်း အမျိုးမျိုးကို တင်ပြခဲ့ကြရာ အဲဒီတုန်းက ရှိနေခဲ့ကြတဲ့ တူးမြောင်းများထက် နှစ်ဆကျော် ရှည်လျားမယ့် ရေအောက် လိုဏ်ခေါင်း လမ်းကြောင်းရဲ့ ဒီဇိုင်းလည်း ပါဝင်ခဲ့ပါတယ်။ Alex Gendler ကနေပြီး အဲဒီဥမင်လိုဏ်ခေါင်း လမ်းကြောင်းကို ဆောက်လုပ်ဖြစ်ခဲ့ပုံ အသေးစိတ်ကို တင်ပြပေးထားပါတယ်။
Alex Gendler ရဲ့ သင်ခန်းစာကို Studio Kimchi မှ စီစဉ်ရိုက်ကူး တင်ဆက်ထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TED-Ed
- Duration:
- 05:08
Myo Aung approved Burmese subtitles for How the world's longest underwater tunnel was built | ||
Myo Aung edited Burmese subtitles for How the world's longest underwater tunnel was built | ||
Myo Aung edited Burmese subtitles for How the world's longest underwater tunnel was built | ||
Myo Aung accepted Burmese subtitles for How the world's longest underwater tunnel was built | ||
Myo Aung edited Burmese subtitles for How the world's longest underwater tunnel was built | ||
Sanda Aung edited Burmese subtitles for How the world's longest underwater tunnel was built | ||
Sanda Aung edited Burmese subtitles for How the world's longest underwater tunnel was built |