-
Title:
ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ကို ပိုမြန်ဆန်စွာ ကုသပေးရန် သင်ကြားပေးနိုင်ပုံ
-
Description:
ကျုပ်တို့ဟာ X-Men ထဲက Wolverine လိုပဲ ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ကို ပိုမြန်ဆန်စွာ ကုသပေးနိုင်မယ် ဆိုရင်ကော။ TED ဝိုင်းတော်သူ Kaitlyn Sadtler က အဲဒီလို အိပ်မက်ကို လက်တွေ့ ဖြစ်လာအောင် ဇီဝပစ္စည်းအသစ်တွေကို ဖန်တီးရင်း ကျုပ်တို့ရဲ့ ကိုယ်ခံအား စနစ်အား ဒဏ်ရာတွေကို တုံ့ပြန်ပုံကို ပြောင်းလဲပစ်ရန် ကြိုးပမ်းနေပုံ အကြောင်းကို တင်ပြထားပါတယ်။ တိုတောင်း မြန်ဆန်တဲ့ အခု ဟောပြောချက်ထဲမှာ သူမက ခန္ဓာကိုယ်အား ပြန်လည်ထုတ်လုပ်ပေးလာစေရန် အဲဒီလို ပစ္စည်းများက နည်းအမျိုးမျိုးဖြင့် ကူညီပေးနိုင်ပုံကို ရှင်းပြထားပါတယ်။
-
Speaker:
Kaitlyn Sadtler
-
ကိုယ်ဟာ ဆေးတစ်လုံး ဒါမှမဟုတ် ကာကွယ်ဆေး
တစ်ခုကို သောက်လိုက်ပြီး
-
အအေးမိခဲ့တာကို ကုသနိုင်သလိုပဲ
-
ကိုယ့်ဒဏ်ရာတွေကို လျင်မြန်စွာ
ကုသနိုင်မယ် ဆိုရင်ကော။
-
အခုတော့ ကျွန်ုပ်တို့ ခွဲစိတ်ခံခဲ့ရတယ်
ဒါမှမဟုတ် မတော်တဆထိခိုက်ခဲ့ရင်၊
-
ကျွန်ုပ်တို့ ဆေးရုံမှာ အတော်ကြာ
နေထိုင်ရပါတယ်။
-
မကြာခဏဆိုသလို အမာရွတ်တွေနဲ့
နာကျင်ဖွယ် ဆိုးကျိုးတွေ ခံစားရပြီး
-
ကျန်းမာပြီး ဒဏ်ရာမရှိတော့တဲ့ ခန္ဓာကိုယ်
အပိုင်းတွေကို ထုတ်လုပ်နိုင်စွမ်း မရှိကြပါ။
-
ကျွန်တော်ဟာ ကျွန်ုပ်တို့ရဲ့ ကိုယ်ခံအား
စနစ်ကို တစ်ရှူးသစ်တွေ ထုတ်လုပ်ပေးရန်
-
ညွှန်ကြားပေးနိုင်တဲ့ ပစ္စည်းကို ဖန်တီးရန်
ကြိုးစားနေသူပါ။
-
ကာကွယ်ဆေးတွေက ခန္ဓာကိုယ်ကို
ရောဂါကို တိုက်ခိုက်ရန် ညွှန်ကြားသလိုပဲ
-
ကျွန်ုပ်တို့ကလည်း ကျွန်ုပ်တို့ရဲ့
ကိုယ်ခံစွမ်းအားစနစ်ကို ညွှန်ကြားပေးလျက်
-
တစ်ရှူးတွေကို တည်ဆောက်လျက် အနာတွေကို
ပိုမိုလျင်မြန်စွာ ကုရန် ညွှန်ကြားနိုင်တယ်။
-
ဘယ်ကလာမှန်း မသိရတဲ့ ခန္ဓာကိုယ်အပိုင်းတွေ
ပြန်ကြီးထွားလာမှု မှော်ဆန်သလို ထင်ရပေမဲ့၊
-
အဲဒီလို အံ့ဖွယ် လုပ်နိုင်စွမ်းရှိကြတဲ့
အကောင်တွေ အများကြီးပါပဲ။
-
အိမ်မြှောင်လို အချို့ကောင်တွေဆို သူတို့
အမြီးကို ပြန်ပေါက်လာစေနိုင်ပါတယ်။
-
ရေပုတ်သင်ဆိုရင် ၎င်းရဲ့ လက်မောင်းကို
ပြန်ထုတ်လုပ်နိုင်ပါတယ်။
-
ပြီးတော့ ကျွန်ုပ်တို့ လူသားတောင်
အသည်းကို ၎င်းရဲ့ ထုထည်
-
ထက်ဝက်မက ဆုံးရှုံးခဲ့ရရင်
ပြန်ပြီး ထုတ်လုပ်နိုင်ပါတယ်။
-
ဒီလိုမှောဆန်တဲ့ အရာတွေ
လက်တွေ့ ဖြစ်လာစေရန်အတွက်၊
-
ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ဟာ ကိုယ်ခံအား
စနစ်ထံမှ ညွှန်ကြားချက်ဖြင့်
-
ကျွန်ုပ်တို့ ခန္ဓာကိုယ်က အနာကို ကုသပေးလျက်
တစ်ရှူးတွေ ထုတ်လုပ်ရေးကို စူးစမ်းနေပါတယ်။
-
သင့်ရဲ့ဒူးပေါ်က ခြစ်ရာမှ
စိတ်ညစ်စရာ ဦးနှောက်တွင်း ကူးစက်ရောဂါအဆုံး
-
ကျွန်ုပ်တို့ရဲ့ ကိုယ်ခံစွမ်းအားစနစ်က
အန္တရာယ်များမှ ကာကွယ်ပေးပါတယ်။
-
ကျွန်တော်က ကိုယ်ခံအားစနစ် ပညာရှင်ဆိုတော့
-
ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးစနစ်
အကြောင်း သိထားတာတွေကို အသုံးပြုပြီး
-
ကျွန်ုပ်တို့ရဲ့ ရှရာများနဲ့ ပွန်းပဲ့မှုတွေ
ပြန်ကောင်းလာအောင်
-
တိုက်ပွဲထဲတွင် သော့ချက်
အရေးပါတာတွေကို ဖေါ်ထုတ်နိုင်ခဲ့တယ်။
-
လောလောဆယ်တွင် ကြွက်သားများ
ပြန်ပေါ်ထွန်းဖို့ စမ်းသပ်နေတဲ့
-
ပစ္စည်းတွေကို စမ်းသပ်ကြည့်ရာတွင်
-
ဒဏ်ရာရခဲ့တဲ့ ကြွက်သားကို အဲဒီပစ္စည်းဖြင့်
ကုသလိုက်လို့ ကျွန်တော့်အဖွဲ့ သတိထားမိတာက
-
အဲဒီ ပစ္စည်းထဲနဲ့ ဝန်းရံနေတဲ့
ကြွက်သား အကြားမှာ
-
ကိုယ်ခံအား ဆဲလ်တွေ တော်တော်များများ
ရှိနေခြင်းကိုပါ။
-
ဒီတော့ အခုကိစ္စထဲတွင်၊
-
ကိုယ်ခံအား ဆဲလ်တွေက ဘက်တီးရီးယားရှိနေတဲ့
ကူးစက်မှုနေရာကို အပြေးအလွှား သွားမယ့်အစား၊
-
ဒဏ်ရာဆီကို အပြေးအလွှားသွားနေကြတယ်။
-
ကျွန်တော်ဟာ ကိုယ်ခံစွမ်းအားရဲ့
အထူးဆဲလ်တစ်မျိုးကို ရှာတွေ့ခဲ့တယ်၊
-
ကူညီပေးတဲ့ T ဆဲလ်ဆိုတာ
-
ကျွန်တော် ထည့်ပေးလိုက်တဲ့ ပစ္စည်း
အတွင်းပိုင်းမှာ ရှိနေခဲ့ပြီး
-
ဒဏ်ရာကို ကုသရာတွင်
မရှိမဖြစ် လုံးဝအရေးပါခဲ့တယ်။
-
အဲဒါက ကျုပ်တို့ ငယ်စဉ်တုန်းက
ကိုယ့်ခဲတံ ကျိုးပျက်သွားခဲ့ရင်
-
တိတ်ခွေနဲ့ ပြန်ပြီး ဆက်ပေးရန်
ကြိုးစားကြသလိုပါ၊
-
ကျနော်တို့ ကုသပေးနိုင်ပါတယ်၊
-
ဒါပေမဲ့ ၎င်းဟာ အရင်တုန်းကလို
ရေးသားရာတွင် သိပ်ကောင်းတော့မှ မဟုတ်ဘဲ၊
-
အဲဒီနေရာမှာ အမာရွတ်လို ပေါ်လာမှာပါ။
-
ဒီတော့ ကျုပ်တို့မှာ ကူညီပေးတဲ့ T ဆဲလ်တွေ
မရှိဘူးဆိုရင်၊
-
ကျန်းမာတဲ့ ကြွက်သားအစား၊
-
ကျုပ်တို့ရဲ့ ကြွက်သားထဲတွင်
အဆီဆဲလ်တွေ ပေါ်ထွန်းလာမယ်၊
-
ကျုပ်တို့ ကြွက်သား အတွင်းမှာ အဆီပါရင်၊
ဖြစ်သင့်သလို မခိုင်မာနိုင်တော့ပါ။
-
အခုကျုပ်တို့ရဲ့
ကိုယ်ခံစွမ်းအား စနစ်ကို သုံးလျက်၊
-
ခန္ဓာကိုယ်ဟာ အမာရွတ်တွေ
မပါဘဲ ပြန်ကြီးထွားလာနိုင်ပြီး
-
ကျုပ်တို့ ဒဏ်ရာမရခင်တုန်းက
အတိုင်းပဲ တွေ့မြင်ရမှာပါ။
-
ကျွန်တော် ဖန်တီးဖို့
အားထုတ်နေတဲ့ ပစ္စည်းတွေဟာ
-
ကိုယ်ခံစနစ်ရဲ့ တုံ့ပြန်မှုကို
ပြောင်းလဲပစ်လျက်
-
တစ်ရှူးအသစ်တွေကို ထုတ်လုပ်ရန်
အချက်ပြပေးပါတယ်။
-
ကျုပ်တို့ ခန္ဓာကိုယ်ထဲ ပစ္စည်တစ်ခုခုကို
ထည့်ပေးလိုက်တိုင်းမှာ၊
-
ကိုယ်ခံစွမ်းအားစနစ်က အဲဒါကို
တုံ့ပြန်မှာကို ကျုပ်တို့ သိပါတယ်။
-
နှလုံးခုန်စက်အတုနဲ့
အင်ဆူလင်း ထိုးပေးစက်မှအစ
-
အင်ဂျင်နီယာများက တစ်ရှူသစ်ကို တည်ဆောက်ရန်
ကြိုးစားကြတဲ့ ပစ္စည်းများအဆုံး ပါကြပါတယ်။
-
အဲဒါနဲ့ ကျွန်တော်က ပစ္စည်းတစ်ခု ဒါမှမဟုတ်
ငြမ်းလိုဟာကို ခန္ဓာကိုယ်ထဲ ထည့်ရင်၊
-
ကိုယ်ခံစနစ်က ဆဲလ်များနှင့်ပရိုတိန်းတွေ
ပါတဲ့ ပတ်ဝန်းကျင်လေးကို ဖန်တီးပေးရာ
-
ကျွန်တော်တို့ရဲ့ပင်မဆဲလ်တွေ ပြုမူပုံကို
ပြောင်းလဲပစ်ပါတယ်။
-
ဒီတော့၊ ရာသီဥတုက ကျွန်တော်တို့ရဲ့
နေ့စဉ်ဘဝကို ပြောင်းလဲပစ်နိုင်သလိုပဲ၊
-
ဥပမာ လမ်းပေါ်မှာ ပြေမလား
-
ဒါမှမဟုတ် အိမ်မှာထိုင်နေလျက် Netflix
တီဗီရှိုး တစ်ခုလုံးကို ကြည့်မလား လိုပဲ၊
-
ငြမ်းတစ်ခုရဲ့ ကိုယ်ခံစနစ် ဝန်းကျင်ဟာလည်း
-
ကျုပ်တို့ရဲ့ ပင်မဆဲလ်တွေကြီးထွား ဖွံ့ဖြိုး
လာအောင် အကျိုးသက်ရောက်နိုင်တယ်။
-
ကျုပ်တို့ရဲ့ အချက်ပြမှုတွေ လွဲနေရင်၊
-
ဥပမာ ခုနက Netflix
အချက်ပြချက်တွေလို ဆိုပါစို့၊
-
ကျုပ်တို့ဟာ ကြွက်သားအစား
အဆီဆဲလ်တွေကို ရရှိလာကြမယ်။
-
ဒီလို ငြမ်တွေကို ကွဲပြားတဲ့
ပစ္စည်းများတွေနဲ့ ပြုလုပ်ပါတယ်၊
-
ပလတ်စတစ် မှအစ
သဘာဝအလျောက် ရယူတာတွေ၊
-
အထူအမျိုးမျိုး ရှိကြတဲ့ နာနိုအမျှင်တွေ၊
-
ရေစုပ်နိုင်စွမ်း နည်းနိုင်၊
များနိုင်တဲ့ ရေမြှုပ်တွေ၊
-
ပျော့ပြောင်းမှု မျိုးစုံရှိကြတဲ့
အဆီပျစ်တွေ ပါကြတယ်။
-
ပြီးတော့ သုတေသီတွေက
ပစ္စည်းများအား အချိန်ကြာလာရင်
-
မတူတဲ့ အချက်ပြမှုများကို
စေလွှတ်ခိုင်းနိုင်ကြတယ်။
-
တစ်နည်းရှင်းပြရရင်၊ ကျုပ်တို့ဟာ ဆဲလ်တွေက
ဒီလို Broadway ရှိုးကို လိုရင်လိုအပ်သလို
-
မှန်ကန်တဲ့ ဇာတ်စင်၊ အပြင်အဆင်တွေကို
-
တစ်ရှူး အမျိုးမျိုးအတွက်
ပြောင်းလဲ သတ်မှတ်ပေးလျက်၊
-
ဇာတ်ညွှန်းဆရာက "Les Mis"
ကို ရိုက်မှာလား ဒါမှမဟုတ်
-
"Little Shop of Horrors"ကို ရိုက်မှာလားကို
လိုက်ပြီး စင်ကို ပြောင်းပေးသလိုပါပဲ။
-
ဒဏ်ရာ တစ်ခုခုကို
ကျုပ်တို့ခန္ဓာကိုယ် တုံ့ပြန်ရာတွင်
-
ပြန်ပြီးထုတ်လုပ်ပေးလာစေရန် အထူးသော အချက်ပြ
ပုံစံတွေကို ကျွန်တော် ပေါင်းစပ်ပေးပါတယ်။
-
အနာဂတ် တစ်နေ့တွင် ကျွန်တော်တို့ဟာ
အမာရွတ်မဲ့-ဆေးပလာစတာ၊
-
စိတ်ကြိုက်ပုံစံ ကြွက်သား အစားထိုးဆေး(သို့)
ဒဏ်ရာကု ကာကွယ်ဆေးတောင် ဝယ်နိုင်ကြမှာပါ။
-
ဒါပေမဲ့ နောက်တစ်နေ့ နိုးလာကြတာနဲ့
Wolverine လို ကုပေးနိုင်ကြမှာ မဟုတ်ပါဘူး။
-
လာမယ့် အင်္ဂါနေ့မှာပါ
ဖြစ်ဖို့ နည်းပါသေးတယ်။
-
ဒါပေမဲ့ ဒီလိုတိုးတက်မှုတွေနဲ့
-
တစ်ရှူးတွေ ထုတ်လုပ်ရန်နဲ့ ဒဏ်ရာများကို
ကုသပေးရန် ကိုယ်ခံစနစ်ကို ဆက်စမ်းသပ်ရင်း၊
-
ကျုပ်တို့ဟာ ဈေးကွက်ထဲတွင်
ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးစနစ်နဲ့
-
လက်တွဲလုပ်ကိုင်လျက် ကျုပ်တို့အား ပြနး
ထုတ်လုပ်စေမယ့် ထုတ်ကုန်တွေ ပေါ်လာနိုင်ပြီး
-
တစ်နေ့နေ့တွင် ပုတ်သင်နဲ့တောင် ယှဉ်ပြိုင်
လာစေနိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်။
-
ကျေးဇူးတင်ပါတယ်။
-
(လက်ခုပ်သံများ)