Return to Video

မြောက်ကိုရီးယားမှ လွတ်မြောက်ခဲ့ပြီးနောက်မှာ လွတ်လပ်မှုကို သိရှိလာရပုံ။

  • 0:02 - 0:07
    ကျွန်မဟာ မြောက်ကိုရီးယား မြောက်ပိုင်းနဲ့
    တရုတ်နိုင်ငံ နယ်စပ်မှာရှိတဲ့
  • 0:07 - 0:09
    Hyesan ဆိုတဲ့ မြို့တစ်မြို့မှာ
  • 0:09 - 0:12
    ၁၉၉၃ ခုနှစ်က မွေးဖွားခဲ့ပါတယ်။
  • 0:13 - 0:15
    ကျွန်မမှာ ကြင်နာတတ်တဲ့ မိဘတွေနဲ့
  • 0:16 - 0:18
    အစ်မတစ်ယောက်ရှိပါတယ်။
  • 0:19 - 0:22
    ကျွန်မ ၁၀ နှစ်တောင် မပြည့်ခင်မှာ
  • 0:23 - 0:25
    ကျွန်မရဲ့အဖေဟာ တရားမဝင်
    ကုန်သွယ်မှုမှာ ပါဝင်ခဲ့လို့
  • 0:25 - 0:28
    ချွေးတပ်စခန်းတစ်ခုကို အပို့ခံရတယ်။
  • 0:29 - 0:32
    ကဲ "တရားမဝင် ကုန်သွယ်မှု"ဆိုတာက
  • 0:34 - 0:40
    အဖေဟာ ကျွန်မတို့ကို ကျွေးမွေးဖို့
    ခုံဖိနပ်တွေ၊ သကြား၊ ဆန်နဲ့ နောက်ပိုင်း
  • 0:40 - 0:41
    ကြေးနီတွေ ရောင်းတာပါ။
  • 0:43 - 0:50
    ၂၀၀၇ ခုနှစ်မှာ ကျွန်မနဲ့ အစ်မဟ
    လွတ်မြောက်ဖို့ ဆုံးဖြတ်လိုက်တယ်။
  • 0:50 - 0:53
    အစ်မက ၁၆ နှစ်ဖြစ်ပြီး
  • 0:53 - 0:55
    ကျွန်မက ၁၃ နှစ်ပါ။
  • 0:57 - 1:02
    မြောက်ကိုရီးယားရဲ့ အနေအထားအရ "လွတ်မြောက်"
    ဆိုတဲ့ စကားလုံးက ဘာဆိုလိုတယ်ဆိုတာ
  • 1:02 - 1:05
    သင်တို့ နားလည်ဖို့ လိုအပ်တယ်။
  • 1:06 - 1:08
    ကျွန်မတို့အားလုံး ငတ်နေခဲ့ပြီး
  • 1:08 - 1:13
    ဆာလောင်မှုဆိုတာ မြောက်ကိုရီးယားမှာ
    သေတာလို့ ဆိုလိုပါတယ်။
  • 1:14 - 1:17
    ဒီတော့ ကျွန်မတို့အတွက်
    ရွေးစရာ တစ်ခုပဲရှိတယ်။
  • 1:18 - 1:22
    လွတ်မြောက်မှုဆိုတဲ့ သဘောကို
    ကျွန်မ နားတောင်မလည်ခဲ့ပေမဲ့
  • 1:22 - 1:25
    ညဖက်မှာ တရုတ်နိုင်ငံက
    မီးတွေကိုတော့ မြင်ခဲ့ရတယ်၊
  • 1:26 - 1:31
    တွေးမိတာက အလင်းရှိတဲ့နေရာ ငါသွားလိုက်ရင်
  • 1:31 - 1:35
    ထမင်းတစ်ဇလုံတော့ တွေ့နိုင်ကောင်းပါရဲ့ပေါ့။
  • 1:37 - 1:40
    ကျွန်မတို့မှာ စနစ်ပုံကြီးတစ်ခု (သို့)
    မြေပုံတွေ ရှိခဲ့တာမျိုးမဟုတ်ဘူး။
  • 1:40 - 1:44
    ဘာဖြစ်လာမယ်ဆိုတာကို
    ကျွန်မတို့ မသိခဲ့ဘူး။
  • 1:45 - 1:48
    သင့်တိုက်ခန်း အိမ်ရာ
    မီးလောင်ခံရတယ်လို့ တွေးကြည့်ပါ။
  • 1:49 - 1:51
    ဆိုလိုတာက သင် ဘာလုပ်မလဲ။
  • 1:51 - 1:53
    သင် မီးလောင်ခံရဖို့ အဲဒီမှာ ဆက်နေမှာလား။
  • 1:53 - 1:56
    ဒါမှမဟုတ် ပြတင်းပေါက်ကနေ ခုန်ချပြီး
  • 1:56 - 1:57
    ဖြစ်လာတာကို ကြည့်မလား။
  • 1:58 - 1:59
    ကျွန်မတို့လုပ်ခဲ့တာ ဒါပါ။
  • 1:59 - 2:02
    မီးလောင်ခံမယ့်အစား ကျွန်မတို့
  • 2:02 - 2:04
    အိမ်ကနေ ခုန်ထွက်ခဲ့တာပါ။
  • 2:06 - 2:10
    မြောက်ကိုရီးယားက
    မတွေးတတ်အောင်ပါပဲ
။
  • 2:11 - 2:13
    အဲဒီမှာ နေထိုင်ရာတာ ဘယ်လိုမျိုးလဲလို့
  • 2:13 - 2:17
    လူတွေမေးတဲ့အခါ 
ကျွန်မအတွက်
    အတော် ခက်ခဲပါတယ်။
  • 2:19 - 2:21
    ပွင့်ပွင့်လင်းလင်း ဆိုရရင်
  • 2:21 - 2:22
    ကျွန်မပြောမယ်
  • 2:22 - 2:24
    သင်တို့ စိတ်ကူးကြည့်လို့တောင် မရဘူး။
  • 2:27 - 2:32
    ဘယ်ဘာသာစကားက စကားလုံးတွေနဲ့မှ
    ဖော်မပြနိုင်တာက
  • 2:32 - 2:34
    ဒါက လုံးဝခြားနားတဲ့ ဂြိုဟ်တစ်ခုဖြစ်လို့ပါ၊
  • 2:35 - 2:40
    အခု အင်္ဂါဂြိုဟ်ပေါ်က သင့်ဘဝကို
    စိတ်ကူးကြည့်လို့ မရနိုင်သလိုပေါ့။
  • 2:41 - 2:47
    ဥပမာ "အချစ်"ဆိုတဲ့ စကားလုံးအတွက်
    အဓိပ္ပါယ်တစ်ခုပဲ ရှိတယ်။
  • 2:47 - 2:49
    ခေါင်းဆောင်ကြီးအတွက် အချစ်၊
  • 2:52 - 2:56
    မြောက်ကိုရီးယားမှာ စိတ်ကူးယဉ်
    အချစ်ရဲ့ သဘောမရှိဘူး။
  • 2:57 - 3:00
    ဒီစကားလုံးတွေကို သင်မသိရင်
  • 3:00 - 3:04
    ဆိုလိုတာ ဒီ အမြင် သဘောကို
    သင် နားမလည်ဘူး၊
  • 3:06 - 3:12
    ဒါကြောင့် ဒီအယူအဆဟာ အခွင်အလမ်း
    တစ်ခုလို့တောင် သဘောမပေါက်ဘူး။
  • 3:13 - 3:16
    နောက်ထပ် ဥပမာတစ်ခု ပေးပါရစေ။
  • 3:17 - 3:19
    မြောက်ကိုရီးယားမှာ ကြီးပြင်းလာခြင်းက
  • 3:19 - 3:25
    ကျွန်မတို့ရဲ့ခေါင်းဆောင်ကြီးဟာ အတွေးတွေ
    ကိုတောင် သိနိုင်တဲ့ အနန္တတ နတ်ဘုရား
  • 3:25 - 3:28
    တစ်ပါးလို့ တကယ့်ကို ယုံကြည်ခဲ့တယ်။
  • 3:28 - 3:32
    မြောက်ကိုရီးယားမှာ တွေးဖို့တောင်
    ကြောက်ခဲ့တာပါ။
  • 3:34 - 3:36
    သူဟာ ကျွန်မတို့အတွက်အငတ်ခံနေပြီး
    ကျွန်မတို့အတွက်
  • 3:36 - 3:38
    မပင်မပန်း အလုပ်လုပ်နေ
    တာလို့့ ဆိုကြတော့
  • 3:38 - 3:41
    သူ့အတွက် ကျွန်မ အသည်းကွဲခဲ့ရတယ်။
  • 3:42 - 3:45
    ကျွန်မ တောင်ကိုရီးယားကို လွတ်မြောက်လာတော့
  • 3:45 - 3:49
    သူဟာ တကယ်တော့ အာဏာရှင်
    တစ်ယောက်လို့ ကျွန်မကို ပြောကြတယ်၊
  • 3:49 - 3:50
    သူ့မှာ ကားတွေ ရှိတယ်၊
  • 3:50 - 3:52
    အပန်းဖြေစခန်းတွေ အများကြီးနဲ့
  • 3:52 - 3:55
    အင်မတန်ကို ဇိမ်ကျတဲ့ ဘဝတစ်ခုရှိတယ်။
  • 3:57 - 4:01
    ဒီနောက် သူ့ရုပ်ပုံကို ကြည့်ရင်း
    သူဟာ ပုံထဲမှာ
  • 4:01 - 4:04
    အကြီးဆုံးလူဖြစ်နေတာ ပထမဆုံးအကြိမ်
  • 4:04 - 4:08
    သဘောပေါက်တာကို အမှတ်ရမိတယ်။
  • 4:08 - 4:10
    (ရယ်သံများ)
  • 4:10 - 4:12
    ဒါက ကျွန်မကို ထိုးနှက်ခဲ့တယ်။
  • 4:12 - 4:17
    အဆုံးမှာတော့ သူဟာ ငတ်မနေတာ
    သဘောပေါက်ခဲ့တယ်။
  • 4:18 - 4:21
    ဒါပေမဲ့ အရင်က ဒါကို
    မမြင်နိုင်ခဲ့ဘူးလေ။
  • 4:21 - 4:25
    သူဟာ ဝတယ်လို့ တစ်ယောက်ယောက်က
    မပြောခင်အထိပေါ့။
  • 4:25 - 4:26
    (ရယ်သံများ)
  • 4:26 - 4:29
    တကယ်ပါ၊ သူဟာ ဝတယ်ဆိုတာ
    တစ်ယောက်ယောက်က ကျွန်မတို့ သင်ပေးရတယ်။
  • 4:30 - 4:34
    သင်ဟာ ဝေဖန် တွေးတောတာကို
    တစ်ခါမှ မလေ့ကျင့်ဖူးရင်
  • 4:34 - 4:38
    သူများက သင့်ကို
    မြင်ခိုင်းတာကို မြင်ရုံပဲလေ။
  • 4:40 - 4:43
    ကျွန်မကို မေးကြသေးတဲ့
    အကြီးမားဆုံး မေးခွန်းက
  • 4:43 - 4:47
    "ဘာကြေင့် မြောက်ကိုရီးယား အတွင်းမှာ
    တော်လှန်ရေးမရှိတာလဲ။
  • 4:47 - 4:48
    ကျွန်မတို့ ဆွံ့အနေလို့လား။
  • 4:49 - 4:54
    ဒီနှစ် ရ၀ ကြာ ဖိနှိပ်မှုမှာ
    ဘာလို့ တော်လှန်ရေးမရှိတာလဲ။
  • 4:56 - 4:57
    ကျွန်မ ပြောတာက
  • 4:58 - 5:00
    "သင်ဟာ ကျွန်တစ်ယောက်ဖြစ်မှန်း မသိရင်၊
  • 5:01 - 5:05
    သင်ဟာ အဆက်ဖြတ်ခံရ (သို့
    ဖိနှိပ်ခံရတာကို မသိရင်
  • 5:06 - 5:08
    လွတ်မြောက်ဖို့ ဘယ်လို တိုက်ခိုက်မှာလဲ။
  • 5:11 - 5:14
    ဆိုလိုတာက သင်ဟာ အဆက်ဖြတ်ခံရတာ သိရင်
  • 5:14 - 5:16
    သင် အဆက်ဖြတ်မခံရဘူးလို့ ဆိုလိုတာပါ။
  • 5:17 - 5:22
    မသိခြင်းဟာ အဆက်ပြတ်ခြင်းရဲ့
    အဓိပ္ပါယ် အစစ်ဖြစ်ပြီး
  • 5:22 - 5:24
    ဒါကြောင့် မြောက်ကိုရီးယားမှာ ရှိစဉ်က
  • 5:24 - 5:28
    အဆက်ပြတ်နေမှန်း လုံးဝ မသိခဲ့တာပါ။
  • 5:28 - 5:31
    ကျွန်မဟာ စကြာဝဠာရဲ့ ဗဟိုမှာရှိတယ်လို့
    တကယ်ကို ထင်ခဲ့တာပါ။
  • 5:34 - 5:39
    ဒီတော့ ဟောဒီ ကျွန်မရဲ့စိတ်ကူးက
    ပျံ့နှံ့ထိုက်ပါတယ်၊
  • 5:41 - 5:42
    လူအများအပြား ထင်ကြတာက
  • 5:42 - 5:47
    လူသားတွေဟာ ဘာက မှန်တယ်၊
    ဘာက မှားတယ်၊
  • 5:47 - 5:50
    တရားမျှတမှုနဲ့ တရားမမျှတမှုကြားက
    ခြားနားချက်၊
  • 5:51 - 5:54
    သင်နဲ့ ထိုက်တန်တာနဲ့ မထိုက်တန်တာကို
    မွေးရာပါသိကြတယ်လို့ပါ။
  • 5:56 - 5:58
    "အသုံးမှ မကျတာ"လို့
    ကျွန်မ ပြောလိုက်တယ်
  • 5:58 - 6:00
    (ရယ်သံများ)
  • 6:00 - 6:02
    (လက်ခုပ်သံများ)
  • 6:06 - 6:08
    အရာရာတိုင်း၊
  • 6:09 - 6:11
    စာနာစိတ် အပါအဝင် အရာရာတိုင်းဟာ
  • 6:12 - 6:14
    သင်မှ ရတာလေ။
  • 6:16 - 6:22
    အခု လမ်းပေါ်မှာ သေအံ့ဆဲဆဲ
    လူတစ်ယောက်ကို တွေ့ရင်
  • 6:22 - 6:25
    ဒီလူကို ကယ်ဖို့ ကျွန်မ ဘာမဆို လုပ်မှာပဲ။
  • 6:27 - 6:29
    ဒါပေမဲ့ ကျွန်မ မြောက်ကိုရီးယားမှာတုန်းက
  • 6:30 - 6:34
    လမ်းတွေပေါ်မှာ သေအံ့ဆဲဆဲနဲ့
    သေနေတဲ့လူတွေကို တွေ့တယ်၊
  • 6:35 - 6:37
    ဘာမှ မခံစားခဲ့ရဘူး။
  • 6:38 - 6:39
    ကျွန်မဟာ စိတ်ဝေဒနာရှင်
    ဖြစ်လို့ မဟုတ်ဘဲ
  • 6:40 - 6:44
    ကရုဏာရဲ့ သဘောကို တစ်ခါမျှ
    မသင်ယူခဲ့ဖူးလို့ပါ။
  • 6:45 - 6:50
    "ကရုဏာ"ဆိုတဲ့ စကားလုံးနဲ့ ဒီသဘောကို
    သင်ယူပြီးနောက်မှပဲ
  • 6:50 - 6:54
    ကရုဏာစိတ်၊ မျှဝေခံစားမှုနဲ့
    စာနာမှုကို နှလုံးသွားထဲမှာ ခံစားလို့ရတယ်၊
  • 6:54 - 6:55
    အခု ဒါတွေကို ခံစားလို့ရပါပြီ။
  • 6:58 - 7:05
    အခု ကျွန်မ အမေရိကန် ပြည်ထောင်စုမှာ
    လွတ်လပ်တဲ့ လူတစ်ဦးအဖြစ် နေထိုင်နေပါတယ်။
  • 7:05 - 7:06
    (လက်ခုပ်သံများ)
  • 7:06 - 7:07
    ကျေးဇူးတင်ပါတယ်။
  • 7:07 - 7:11
    (လက်ခုပ်သံများ)
  • 7:12 - 7:14
    မကြာသေးခင်က
  • 7:14 - 7:18
    လွတ်လပ်တဲ့ နိုင်ငံရဲ့ခေါင်းဆောင် 

    သမ္မတ Trump ဟာ
  • 7:18 - 7:21
    ကျွန်မရဲ့ အရင် နတ်ဘုရားနဲ့ တွေ့ဆုံခဲ့တယ်။
  • 7:23 - 7:28
    လူ့အခွင့်အရေးတွေဟာ သူ့ရဲ့အစီအစဉ်
    တွေထဲမှာ ပါရလောက်အောင်
  • 7:28 - 7:31
    အရေးမပါဘူးလို့ သူ ဆုံးဖြတ်ခဲ့ပြီး
  • 7:31 - 7:33
    ဒီအကြောင်း သူမဆွေးနွေးခဲ့ဘူး။
  • 7:35 - 7:38
    ဒါက ကျွန်မကို ထိတ်လန့်စေတယ်။
  • 7:39 - 7:42
    ကျွန်မတို့ဟာ သူ့ဦးလေးကို ကွပ်မျက်တာအတွက်၊
  • 7:42 - 7:48
    သူညီဝမ်းကွဲကို သတ်တာအတွက်၊ ထောင်ချီတဲ့
    မြောက်ကိုရီးယားတွေကို သတ်တာအတွက်
  • 7:48 - 7:51
    ချီးကျူးခံရနိုင်တဲ့ အာဏာရှင်တစ်ဦးရှိတဲ့
  • 7:51 - 7:54
    ကမ္ဘာတစ်ခုမှာ အခု နေထိုင်နေတယ်။
  • 7:54 - 7:57
    ဒါကျ ချီးကျူးစရာ ဖြစ်ခဲ့တယ်။
  • 7:59 - 8:01
    နောက် တွေးမိသေးတာက
  • 8:02 - 8:09
    ကျွန်မတို့အားလုံးဟာ လွတ်လပ်မှုအကြောင်း
    အသစ်တစ်ခုခု အခု သင်ယူဖို့ လိုလောက်တယ်ပေါ့။
  • 8:13 - 8:16
    လွတ်လပ်မှုဟာ မခိုင်ခံ့ပါဘူး။
  • 8:17 - 8:20
    သင်တို့ကို လန့်မသွားစေချင်ပေမဲ့
    ဒါက ဟုတ်တယ်လေ။
  • 8:21 - 8:25
    မြောက်ကိုရီးယားကို
    George Orwell ရဲ့"1984." လို
  • 8:25 - 8:30
    ဖြစ်အောင်ဖန်တီးဖို့
    မျိုးဆက် သုံးဆက်ပဲ ကြာခဲ့တယ်။
  • 8:31 - 8:33
    မျိုးဆက် သုံးဆက်ပဲ ကြာခဲ့တာပါ။
  • 8:36 - 8:41
    လောလောဆယ် ဖိနှိပ်ခံရနေသူ၊
  • 8:41 - 8:45
    အသံတစ်သံ မရှိသူတွေရဲ့
    လူ့အခွင့်အရေးတွေအတွက် မတိုက်ခိုက်ရင်
  • 8:45 - 8:47
    ဒီက လွတ်လပ်တဲ့ သူတွေလိုပေါ့၊
  • 8:48 - 8:51
    ကျွန်မတို့ မလွတ်လပ်တဲ့အခါ
    ဘယ်သူက ကျွန်မတို့အတွက် တိုက်ပေးမှာလဲ။
  • 8:53 - 8:57
    စက်တွေးလား၊ တိရိစ္ဆာန်တွေလား၊
    ကျွန်မ မသိဘူး။
  • 9:00 - 9:05
    ရာသီဥတု ပြောင်းလဲမှု၊ တိရိစ္ဆာန်
    အခွင့်အရေးနဲ့ ကျားမ တန်းတူရှိမှု
  • 9:05 - 9:08
    စတာ အားလုံးကို အရေးစိုက်ကြတာ
  • 9:08 - 9:10
    အံ့ဖွယ်ရာလို့ ကျွန်မ ထင်တယ်။
  • 9:10 - 9:13
    တိရိစ္ဆာန် အခွင့်အရေးတွေကို
    အရေးစိုက်တယ်ဆိုတဲ့ အချက်က
  • 9:13 - 9:16
    ကျွန်မတို့ နှလုံးသားတွေဟာ
    ဘယ်လောက် လှပတယ်၊
  • 9:16 - 9:20
    သူတို့ကိုယ်တိုင်အတွက် မပြောနိုင်တဲ့
    သူတစ်ဦးကို အရေးစိုက်တယ်ဆိုတာပါ။
  • 9:21 - 9:26
    လောလောဆယ် မြောက်ကိုရီးယားတွေဟာ
    သူတို့ကိုယ်တိုင်အတွက် မပြောနိုင်နိုင်ဘူး။
  • 9:27 - 9:31
    သူတို့ဟာ ၂၁ ရာစုထဲမှာ
    အင်တာနက် မရှိကြဘူး။
  • 9:31 - 9:33
    လျှပ်စစ်မီး မရှိကြဘူး၊
  • 9:33 - 9:37
    အခု လောလောဆယ် ကမ္ဘာမြေပေါ်က
    အမှောင်ဆုံးနေရာပါ။
  • 9:39 - 9:42
    အခု ဒီအမှောင်ထဲမှာ နေထိုင်နေကြတဲ့
    ကျွန်မရဲ့ ရောင်းရင်း မြောက်ကိုရီးယားတွေကို
  • 9:42 - 9:45
    တစ်ခုခု ပြောချင်တာပါ။
  • 9:46 - 9:48
    သူတို့ ဒါကို ယုံချင်မှ ယုံမှာပါ၊
  • 9:48 - 9:53
    ဒါပေမဲ့ ရွေးချယ်စရာ ဘဝတစ်ခုက ဖြစ်နိုင်
    တယ်ဆိုတာ တို့ကို ပြောချင်တာပါ။
  • 9:53 - 9:54
    လွတ်လပ်ကြပါစေ။
  • 9:56 - 9:59
    ကျွန်မရဲ့ အတွေ့အကြုံကနေ
  • 9:59 - 10:03
    တကယ့်ကို ဘာမဆို ဖြစ်နိုင်ပါတယ်။
  • 10:04 - 10:06
    ကျွန်မကို ဝယ်ခဲ့ကြတယ်၊
  • 10:06 - 10:08
    ကျွန်မဟာ ကျွန်တစ်ယောက်လို
    ရောင်းစားခံခဲ့ရတယ်။
  • 10:08 - 10:10
    ဒါပေမဲ့ အခု ကျွန်မ ဒီမှာပါ၊
  • 10:10 - 10:14
    ဒါကြောင့် အံ့ဖွယ်ရာတွေကို
    ကျွန်မ ယုံကြည်တယ်။
  • 10:15 - 10:19
    သမိုင်းကနေ ကျွန်မ သင်ယူခဲ့တာတ်ခုက
  • 10:19 - 10:24
    ဒီကမ္ဘာမှာ ဘယ်အရာမျှ ထာဝရ မရှိတာပါ။
  • 10:24 - 10:29
    ဒါကြောင့် ကျွန်မတို့မှာ မျှော်လင့်ချက်
    ရှိဖို့ အကြောင်းပြချက်တွေ ရှိနေတာပါ။
  • 10:29 - 10:31
    ကျေးဇူးတင်ပါတယ်။

  • 10:31 - 10:35
    (လက်ခုပ်သံများ)
Title:
မြောက်ကိုရီးယားမှ လွတ်မြောက်ခဲ့ပြီးနောက်မှာ လွတ်လပ်မှုကို သိရှိလာရပုံ။
Speaker:
Yeonmi Park
Description:

"မြောက်ကိုရီးယားကတော့ မတွေးတတ်အောင်ပါပဲ ရှင်။"လို့ ဆိုလာသူကတော့ အသက် ၁၀ နှစ်မှာ နိုင်ငံထဲက ထွက်ပြေးလွတ်မြောက်လာသူ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ Yeonmi Park ပါ။ သူ့ရဲ့ ကလေးဘဝရဲ့ မချိမဆံ့ ခံစားရတဲ့ ဇာတ်လမ်းကို မျှဝေရင်း လွတ်လပ်မှုရဲ့ မခိုင်ခံ့တဲ့အကြောင်းကို အလေးအနက် ဆင်ခြင်ပြီး ကမ္ဘာကြီးရဲ့ အမှောင်ဆုံး နေရာတွေမှာတောင် ပြောင်းလဲမှုကို ရရှိအောင်ဖန်တီးနိုင်ပုံကို ပြသထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:48

Burmese subtitles

Revisions