-
Title:
အဆိပ်ရဲ့အစွမ်း နှင့် ဒီအစွမ်းက သင့်ကို နောင်တစ်ချိန်မှာ ကယ်တင်ပေးနိုင်ပုံ။
-
Description:
အဆိပ်က ဘေးဖြစ်စေမှာ ဆေးဖြစ်စေမှာလား။ ဒီဟောပြောမှုကတော့ အဏ္ဏဝါဇီဝဓာတုပညာရှင် Mandë Holford က သူရဲ့သုတေသနဖြစ်တဲ့ ပင်လယ်ခရု၊ ဘဲတူဖျံတူ၊ Slow Lorises စတဲ့တိရစ္ဆာန်တွေမှာတွေရတဲ့ အဆိပ်တွေအသုံးပြုပြီး ကင်ဆာလိုမျိုး လူသားရောဂါတွေကို ကုသနိုင်မလားဆိုတာကို ရှာဖွေနေမှုအကြောင်း ပြောပြသွားတာပဲဖြစ်ပါတယ်။ သုတေသနရလဒ်တွေက ခုထိ အဖြေရှာမရသေးပေမဲ့ "တစ်နေ့ကျရင် ခရုအဆိပ်တွေက သင့်အသက်ကိုကယ်နိုင်လိမ့်မယ်"လို့ Mandë Holford ကပြောသွားခဲ့ပါတယ်။
-
Speaker:
Mandë Holford
-
ပင်လယ်ခရုက ငါးကိုဘယ်လိုဖမ်းတာလဲ
-
ပြောချင်တာက ခရုဆိုတာနှေးတယ်လေ
-
ပြီးတော့ ငါးကမြန်တယ်လေ
-
ဒါပေမဲ့လည်း အဖမ်းခံရတာပဲ
-
သဲထဲမှာပုန်းနေတာကတော့ _ခရုပါ
¶
-
အခုမြင်နေရတဲ့ အစိတ်အပိုင်းက
သူ့ရဲ့လျှာလို့ပြောလို့ရပါတယ်
-
ကျွန်မတို့ကတော့ နှာမောင်းလို့ခေါ်တယ်
-
ခရုကနှာမောင်းနဲ့ အ်ဒီသတိမမူမိတဲ့ငါးကို
ထောက်လှမ်းပြီး ဖမ်းယူဖို့သုံးပါတယ်
-
ဒီအမဲလိုက်ပွဲမှာတွေ့ရတဲ့ခရုကတော့
-
သင်တို့ပုံမှန်စားနေကျ ခရုအမျိုးအစားတွေ
မဟုတ်တာတော့ သေချာပါတယ်
-
ဒီခရုတွေက ပင်လယ်ထဲက
ချောင်းမြောင်းသတ်ဖြတ်သူတွေပါ
-
သူတို့သုံးတဲ့လက်နက်ကတော့ အဆိပ်ဖြစ်ပါတယ်
-
အဆိပ်ရှိတဲ့မြွေနဲ့
ကင်းမြီးကောက်မှာတွေ့ရတဲ့ အဆိပ်မျိုးပါ
-
ဒီပင်လယ်ခရုတွေက သူတို့အဆိပ်ကို
ငါးတွေ တီကောင်တွေ တစ်ခြားခရုတွေကို
-
ဖမ်းယူဖို့သုံးပါတယ်
-
ပြီးတော့ ဒီခရုတွေရဲ့အဆိပ်က
¶
-
ရိုးရိုးအဆိပ်မဟုတ်ပါဘူး
-
အဆိပ်ဖြစ်စေတဲ့ မော်လီကျူးတွေကို
ရောထားတာပါ
-
ဒီအဆိပ်တွေကို အထုပ်တွေအဖြစ်နဲ့
radulaလို့ခေါ်တဲ့ သွားလိုအရာကနေထုတ်ပါတယ်
-
Radulaဆိုတာမသိရင်
ဆေးထိုးအပ်ကိုမြင်ယောင်ကြည့်လို့ရပါတယ်
-
စိတ်ပူစရာမရှိပါဘူး
-
ဒီခရုတွေက ဆေးထိုးအပ်ကို
ကောင်းကောင်းသုံးတတ်ပါတယ်
-
ဘာလို့လဲဆို Radulaတစ်ခုကို
တစ်ခါပဲသုံးလို့ပါ
-
သင်ကြားဖူးတဲ့ အဆိပ်ရှိတဲ့
သက်ရှိတွေအကြောင်းရယ်
¶
-
သင့်ကိုတစ်ညလုံးခေါင်းထဲစွဲအောင်လုပ်မယ့်
ခုနကပြတဲ့ ငါးလေးအသတ်ခံရတဲ့videoရယ်က
-
အဆိပ်ဆိုတာ အန္တရာယ်ရှိတယ်
ဆိုးကျိုးကြီးပဲလို့ သင့်ကိုထင်စေပါလိမ့်မယ်
-
မှန်တာလည်းဟုတ် မှားတာလည်းဟုတ်ပါတယ်
-
အဆိပ်အကြောင်း ပိုမှန်အောင်တွေးနည်းက
-
စူပါဟီးရိုးလိုကော စူပါဗီလိန်တွေလိုကော
တွေးသင့်တာပါ
-
ကျွန်မစမ်းသပ်ခန်းဟာ ဒီပင်လယ်ခရုရဲ့အဆိပ်တွေ
ဆင့်ကဲ့ပြောင်းလဲလာတာကို
¶
-
အကောင်းဘက်ကနေလေ့လာတာပါ
-
ချဲ့ကားပြီးပြောတယ် ဒါမှမဟုတ်
-
မြွေအဆီထုတ်သလိုမျိုးထင်ပါလိမ့်မယ်
-
တကယ်ဆိုရင်
-
အဲဒီဟာက မြွေကနေထုတ်တာဆိုရင်
တရားဝင်ဖြစ်ပါလိမ့်မယ်
-
ခွန်အားချင်းပြိုင်ရတဲ့တိုက်ပွဲကို
ဇီဝဓာတုသဘောအဖြစ်
-
ပြောင်းလဲပေးနိုင်တာက အဆိပ်ရဲ့
နာမည်ကြီးတဲ့ အချက်တစ်ချက်ပါ
-
အမဲလိုက်ဖြစ်စဥ်တစ်ခုမှာ ပုံမှန်ဆို
ခွန်အားကအရေးပါတယ်ဆိုပေမဲ့
-
အဆိပ်က မော်လီကျူးချင်းတိုက်ပွဲအဖြစ်
ပြောင်းလဲလိုက်ပါတယ်
-
အဲဒီအခါကျ အရွယ်ကွာတာက
ကိစ္စမရှိတော့ဘဲ
-
အဆိပ်ဘယ်သူပိုပြင်လဲကအဓိကဖြစ်သွားပါတယ်
-
သင်ပိုင်ဆိုင်တဲ့
အဆိပ်ရဲ့ဓာတုဖွဲ့စည်းပုံတွေက
-
ပေါက်ကျိုင်းကို ဘုရင်ဖြစ်စေတဲ့
အကြောင်းအရင်းလိုမျိုးပါပဲ
-
အခုပြောနေတဲ့ဖြစ်ရပ်မှာတော့့
ဒီပင်လယ်ခရုက ပေါက်ကျိုင်းပေါ့
-
နောက်ထပ် အဆိပ်ရဲ့
နာမည်ကြီးတဲ့အကြောင်းရင်းတစ်ခုကတော့
¶
-
ဆွပ်စ်စစ်တပ်သုံးဓားတွေမှာပါတဲ့
သေသပ်လွန်းလှတဲ့ အဆိပ်အသုံးပြုပုံကြောင့်ပါ
-
ဓားကအဆိပ်တွေက
-
ခန္ဓာကိုယ်လည်ပတ်မှုအတွက်
အဓိကကျတဲ့အရာတွေဆီ သွားပါးတယ်
-
ဒီတော့ သွေး၊ ဦးနှောက်၊ အမြှေးပါးတွေကို
အဆိပ်ကပစ်မှတ်ထားပါတယ်
-
ဒီခရုရဲ့အဆိပ်ပဲဖြစ်ဖြစ်
မြွေအဆိပ်ပဲဖြစ်ဖြစ်
-
နှစ်ခုလုံးမှာက Hemotoxic လို့ခေါ်တဲ့
-
သွေကိုခဲစေတဲ့ဖြစ်စဥ်တွေ
-
ဒါမှမဟုတ် Neurotoxic လို့ခေါ်တဲ့
-
ဦးနှောက်ထဲက Neuron တွေကို
မူမမှန်ဖြစ်စေတဲ့ဖြစ်စဥ်တွေ
-
ဒါမှမဟုတ် Cytotoxicလို့ခေါ်တဲ့
-
ဆဲလ်ရဲ့အမြှေးပါးတွေကို အပေါက်တွေဖြစ်စေပြီး
အက်ကွဲအောင် ပေါက်ကွဲတဲ့ဖြစ်စဥ်တွေ
-
အစရှိတာတွေကိုဖြစ်စေနိုင်တဲ့
ပါဝင်ပစ္စည်းတွေ
-
ဒီအဆိပ်တွေမှာပါပါတယ်
-
ဆဲလ်အဆင့်မှာပေါက်ကွဲစေတာနော်
-
ဒါကိုမှ အားပြင်းတယ်မခေါ်သေးရင်တော့့
-
တခြားဘာမှမရှိတော့ဘူး
-
ကျွန်မက ဘာကြောင့်ဒီလောက်ထိတောင်
¶
-
အဆိပ်ကိုနဲ့ပတ်သက်ပြီး
စိတ်ဝင်စားလဲဆိုတာပြောပြပါ့မယ်
-
ကျွန်မက New York မှာကြီးပြင်းခဲ့ပြီး
-
သဘာဝသမိုင်းပြတိုက်ကိုပဲ
အမြဲပို့ခံထားရတာ
-
ပို့ခံထားရတယ်လို့ပြောရတာက
-
ကျွန်မမိဘတွေက ပြတိုက်ကို
-
နေ့ကလေးထိန်းကျောင်းလိုမျိုး
ကျွန်မတို့မောင်နှမငါးယောက်ကို ပို့ထားတာ
-
လိုက်နာရတာနှစ်ခုရှိတယ်
-
လူမပျောက်စေရဘူး
-
ပြီးတော့ ၅ခွဲပြတိုက်ပိတ်တဲ့အခါကျရင်
အဖေနဲ့အမေကို
-
အာဖရီကဆင်တွေကြီးနားသွားစောင့်ရတယ်
-
အဲဒီလို ပြတိုက်ထဲမှာ ထိန်းမဲ့သူမပါဘဲနဲ့
လျှောက်သွားခဲ့ရတဲ့နေတွေက
-
စူးစမ်းမှုတွေ စွန့်စားမှုတွေနဲ့
အပြည့်ပဲပေါ့
-
ကျွန်မအဆိပ်တွေကိုလေ့လာတဲ့အခါ
အဲ့လိုပဲခံစားရတယ်
-
သိပ္ပံစွန့်စားခဲ့ကြီးတစ်ခုလိုပေါ့့
-
ကျွန်မတို့ဟာ လူသားမျိုးနွယ်နဲ့ သဘာဝကြီးရဲ့
ဆက်နွယ်မှုတွေကို ရဲဝံ့စွာ ရှာဖွေနေတာပါ
-
နောက်ထပ်ပြီး
အဆိပ်ကိုသဘောကျတဲ့အချက်က
¶
-
အကောင်းအဆိုးဒွန်တွဲနေလို့ပါ
-
လူ့အစိတ်အပိုင်းထဲကို
အဆိပ်တွေထိုးသွင်းလိုက်တဲ့အခါ
-
ဆေးဖြစ်တာလည်းရှိတယ်
ဘေးဖြစ်တာလည်းရှိတယ်
-
မော်လီကျူးအဆင့်မှာက
မျိုးစုံဖြစ်နိုင်တယ်
-
ခုနတုန်းက ငါးအကြောသေသွားတာကိုတွေ့တယ်မလား
-
အဲဒါဘာလို့ဖြစ်တာလဲဆိုတော့
အဆိပ်တွေက
-
ငါးထဲကဆဲလ်တွေရဲ့ ဆက်သွယ်မှုကို
တိုက်ခိုက်ပြီးတော့
-
ရေကူးပြီးထွက်မပြေးနိုင်အောင်လုပ်လိုက်တာပါ
-
ကျွန်မအနေနဲ့ အဆိပ်ကိုသုံးပြီးတော့
တိုက်ခိုက်ချင်တဲ့အရာရှိလားဆိုရင်တော့
¶
-
ရှိတာပေါ့့
-
ကင်ဆာကိုတိုက်ခိုက်ချင်တာပါ
-
ကင်ဆာကျိတ်တွေက ဆဲလ်တွေလေ
-
အဲဒီတော့ ဆဲလ်တိုင်းလိုပဲ
-
သူတို့က သူတို့ကိုယ်တိုင်ကိုရော
ဘေးပတ်ဝန်းကျင်ကိုကော ဆက်သွယ်တယ်လေ
-
ကျွန်မတို့က
ငါးရဲ့ဆဲလ်တွေရဲ့ ဆက်သွယ်မှုကို
-
အဆိပ်က နှောက်ယှက်ပြီးရေကူး
မပြေးနိုင်အောင် လုပ်သလိုမျိုး
-
ကင်ဆာဆဲလ်တွေရဲ့ဆက်သွယ်မှုကို
ကောင်းကောင်းအနှောက်အယှက်ပေးနိုင်မယ့်
-
အဆိပ်ကိုရှာဖို့လုပ်နေတာပါ
-
ကျွန်မသုတေသနမှာတော့ ကင်ဆာကို
Channelopathy အမျိုးအစားအနေနဲ့ လေ့လာပါတယ်
¶
-
အခြေခံအားဖြင့် ပုံမှန်ဆဲလ်တွေနဲ့မတူဘဲ
ဆက်ကြောင်းတွေထင်ရှားတဲ့
-
ကင်ဆာကျိတ်တွေကို အဓိကပစ်မှတ်ထားမဲ့
အဆိပ်ဖွဲ့စည်းပုံကို
-
ရှာနေတာလို့ဆိုလိုတာပါ
-
ကျွန်မတို့ အခုလောလောဆယ်ဆယ်
အဓိကလေ့လာနေတဲ့ကင်ဆာကတော့့
-
အသည်း ကင်ဆာဖြစ်ပါတယ်
-
ဘာလို့လဲဆိုတော့
အသည်းကင်ဆာကြောင့်သေတဲ့နှုန်းက
-
၁၉၈၀ ပြည့်နှစ်တွေကစဖြစ်
နှစ်ဆအထိဖြစ်လာခဲ့လို့ပြီး
-
အမေရိကန်အတွက် ခြိမ်ခြောက်မှုတစ်ခု
ဖြစ်လာနေပါတယ်
-
-
သားအိမ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာ
အာရုံကြောကင်ဆာနဲ့ အသဲကင်ဆာပါ
-
စမ်းသပ်တွေ့ရှိချက်တွေအရတော့့
-
ဒီခရုကရရှိတဲ့ အဆိပ်ဓာတ်ပေါင်းတွေဟာ
-
အသည်းရဲ့ကင်ဆာကိုပဲတိုက်ခိုက်ပြီး
တစ်ခြားကင်ဆာတွေကိုတော့ မတိုက်ပါဘူး
-
ပြီတော့ ဒီအဆိပ်ဓာတ်ပေါင်းကို
အသည်းကင်ဆာဖြစ်နေတဲ့ကြွက်ထဲ
-
ထိုးသွင်းလိုက်တဲ့အခါမှာတော့
-
ဒီအဆိပ်က ကင်ဆာကျိတ်တွေပြန့်နှံ့မှုကို
သိသိသာသာပဲ ရပ်တန့်စေခဲ့ပါတယ်
-
ဒါဘာကြောင့်ဖြစ်တာလဲဆိုတာ
သေချာမသိသေးတဲ့အတွက်
-
ဒီအဆိပ်ရဲ့အလုပ်လုပ်ပုံနဲ့
-
ပိုထိရောက်အောဘယ်လိုလုပ်ရမလဲ
ဆိုတာကို လေ့လာနေဆဲပါပဲ
-
ဒီတော့ အသဲကင်ဆာကုသဖို့အတွက်
-
ဒီခရုကနေ ဆေးထုတ်ဖို့ကို
အလျင်လိုမလုပ်နိုင်သေးပါဘူး
-
အခုလောလောဆယ်ဆယ်ပေါ့
-
ကျွန်မတို့ရဲ့သုံးသပ်ချက်ကတော့
¶
-
အဆိပ်ဓာတ်ပေါင်းက သက်ဆိုင်ရာ
ဆက်ကြောင်းတွေကို ပိတ်ဆို့ပြီး
-
ဓာတုပစ္စည်းတွေ အချင်းချင်းပို့နေတာကို
တာမြစ်လိုက်တာက
-
ကင်ဆာကျိတ်တွေကို ပွားစေတဲ့
-
လှုံ့ဆော်မှုတွေကို လျော့နည်းစေပြီး
ကိုယ့်ကိုယ်ကို သွေတွေစုပ်ထုတ်လိုက်ပါတယ်
-
လူသားတွေမှာဖြစ်တတ်တဲ့ ရောဂါတွေ
မူမမှန်မှုတွေကို ကုသဖို့အတွက်
-
အဆိပ်ရဲ့ ဖွဲ့စည်းပုံကိုလေ့လာတာက
-
အသစ်အဆန်းမဟုတ်ပါဘူး
-
ကျွန်မတို့အခေါ်
"သဘာဝထွက်ဆေးများရှာဖွေခြင်း"ဆိုတာ
-
ရာစုနှစ်များစွာကတည်းက တည်ရှိခဲ့ပြီး
-
ကမ္ဘာတစ်လွှားမှာဆို
မိရိုးဖလာတစ်ခုဖြစ်နေပါပြီ
-
အဆိပ်တွေက ဓာတ်ပေါင်းအသစ်အဆန်းတွေပဲ
ပေးတာမဟုတ်ပါဘူး
-
လူသားရောဂါတွေ မူမမှန်မှုတွေကို
ကုသဖို့အတွက်လည်း
-
ကျွန်မတို့ကို နည်းလမ်းသစ်တွေပေးပါသေးတယ်
-
ဒီအကြောင်း ဥပမာသုံးခုပေးပါ့မယ်
-
ပထမတစ်ခုကတော့
ကျွန်မတို့ဇာတ်လိုက် ခရုဆီကပါ
¶
-
ဒီခရုကနေ ပထမဆုံးထုတ်ခဲ့တဲ့
ဆေးဝါးတွေကို စျေးကွက်ထဲမှာတော့
-
Ziconotide သို့မဟုတ် Prialt လို့ခေါ်ပါတယ်
-
ဒီဆေးကို HIV နဲ့ ကင်ဆာလူနာတွေမှာဖြစ်တတ်တဲ့
နာတာရှည်နာကျင်မှုကို ကုသဖို့သုံးပါတယ်
-
Prialt က မစွဲလန်းစေပါဘူး
-
လက်ရှိမှာ နာကျင်မှုကိုဘယ်လိုကုလဲဆိုတာရဲ့
အဖြေပါပဲ
-
ကျွန်မတို့ဟာ စွဲလမ်းမှုအရမ်းဖြစ်စေတဲ့
ဆေးတွေကို သုံးခဲ့ရဖူးပါတယ်
-
မော်ဖင်းလိုဆေးတွေ
-
ဒါမှမဟုတ် မင်းသောက်နေကျဖြစ်တဲ့
opioid တစ်ခုခုပေါ့
-
အခု ဒီခရုလုပ်ပေးလိုက်တာက
-
နောက်ဆက်တွဲ စွဲလန်းမှုမဖြစ်စေဘဲ
နာကျင်မှုကိုကုတဲ့နည်းကို လမ်းပြသွားပါတယ်
-
ပြောင်းလဲမှုကြီးတစ်ခုပါ
-
နောက်ဥပမာတစ်ခုကတော့
Brazilian pit viper ရဲ့အဆိပ်ပါ
¶
-
ဒီမြွေဆိပ်ကနေပြီး Captopril လို့ခေါ်တဲ့
ဓာတ်ပေါင်းတစ်မျိုးရရှိပါတယ်
-
Captopril ကို သွေးတိုးရောဂါကိုကုသဖို့
အသုံးပြုပါတယ်
-
ပုံမှန်အားဖြင့်
သွေတိုးတို့ နှလုံးရောဂါတို့မှာသုံးတဲ့
-
ACE inhibitorsလိုမျိုးသိထားတဲ့
-
ဆေးအမျိုးအစားတွေကိုထက်တောင်
ပိုရှေ့ရောက်ရုံတင်မကဘဲ
-
သူ့သဘာဝအလျောက်ကိုက
-
ထူးခြားလွန်းတာကြောင့်
Captopril ကို အရမ်းအောင်မြင်တဲ့ဆေးလို့
-
သမုတ်ကြပါတယ်
-
နောက်ဆုံးဥပမာကတော့
Gila monster(ဖွတ်တစ်မျိုး)ဆီကပါ
¶
-
ဒီဥပမာက သူ့လိုသက်ရှိတွေရဲ့ ဂေဟစနစ်ကို
နားလည်စေတာရော ဆေးအသစ်တွေတာရော
-
နှစ်ခုဆက်နွယ်နေတဲ့
-
အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့
ဥပမာတစ်ခုပါ
-
ဒီ Gila monsters တွေဟာ
အရမ်းအစားကြီးပါတယ်
-
သူတို့အစားအများကြီးစားပြီဆိုတာနဲ့
-
သွေထဲသကြားပါဝင်မှုကိုလျော့စေတဲ့အရာတွေကို
သူတို့အဆိပ်ကထုတ်ပေးပါတယ်
-
ဒီတော့ ကျွန်မတို့ Gila monsters ဆီကနေ
ရခဲ့တဲ့ဆေးက ဘာဆေးလို့ထင်လဲ
-
ဆီးချိုရောဂါသည်တွေအတွက်
သွေးတွင်းသကြားပါဝင်မှုကို လျော့ပေးတဲ့ဆေးပါ
-
ဒါတွေဟာ အရမ်းအံ့သြဖို့ကောင်းတဲ့
ဥပမာသုံးခုပါ
¶
-
ဒါတွေက အပေါ်ယံပဲရှိပါသေးတယ်
-
အဆိပ်တွေအများကြီး လေ့လာဖို့ကျန်သေးပါတယ်
-
စာရင်းအရတော့ ကမ္ဘာပေါ်ကတိရစ္ဆာန်တွေရဲ့
၅ရာခိုင်နှုန်းဟာ
-
အဆိပ်ရှိမယ်လို့ထင်ပါတယ်
-
ဒါတောင် အနည်းဆုံးထားတွက်ထားတာပါ
-
ဒီတော့ ကမ္ဘာပေါ်ကတိရစ္ဆာန်အားလုံးကို
ကျွန်မတို့မသိသေးဘူးလို့ ဆိုလိုတာပါ
-
ဒါပေမဲ့ သဘာဝကြီးက
သူတွေစေချင်တာကိုပဲ တွေ့ခွင့်ပေးပုံပါပဲ
-
ပြီးတော့ ဒီလိုမျိုးပဲ
ထပ်တလည်းလည်းလုပ်နေပြီးတော့
-
တွေနေကျတိရစ္ဆာန်အမျိုးအစားတွေကိုပဲ
သက်တမ်းတစ်လျှောက်လုံးမှာ
-
ပိုပိုပြီးတွေ့လာစေပါတယ်
-
ဒီတော့ ကျွန်မသဘောကျတဲ့
ဒီခရုတို့၊ ရေခူတို့
¶
-
ဘဲတူဖျံတူတို့
-
ခူကောင်တို့၊ slow lorisesတို့
-
စတဲ့ ကုန်းနေ၊ ရေနေ၊ လေနေတွေအကြောင်း
-
ကျွန်မတို့ပြောကြတဲ့အခါ
-
ဒီအဆိပ်ရှိတဲ့ သတ္တဝါတွေကို
ရင်ဆိုင်ရမှာသေချာပေါက်ပါပဲ
-
အဆိပ်က လူဆိုးလည်းဟုတ်တယ်
-
သူရဲကောင်းလဲဖြစ်တယ်လို့ ကျွန်မပြောခဲ့တာကို
မှတ်မိလား
-
အဲဒီတုန်းကတော့ မယုံချင်ဘူးဟုတ်
-
အင်း
-
ကမ္ဘာပေါ်ကတိရစ္ဆာန်မျိုးစိတ်တွေကို
မဆုံးရှုံးလိုက်ရခင်
¶
-
ဒီအဆိပ်ရဲ့ကောင်းကျိုးတွေကို
ကောင်းကောင်းအသုံးချနိုင်ဖို့ လိုပါတယ်
-
ဒါကလည်း ခြုံငုံလုပ်ရမယ့်ကိစ္စပါ
-
တိရစ္ဆာန်တွေရဲ့အကူအညီမပါဘဲနဲ့
ဒီရောဂါကုထုံးတွေကို မရရှိနိုင်ပါဘူး
-
ပြီးတော့ ဒီဂေဟစနစ်တွေမရှိဘဲနဲ့
-
တိရစ္ဆာန်တွေ မရှိနိုင်ပါဘူး
-
ကျွန်မနဲ့ ဒီခရုတွေအတွက်ကတော့
-
ဒါဟာ သမုဒ္ဒရာတွေကို
ထိန်းသိမ်းရမယ်လို့ အဓိပ္ပါယ်ဆောင်ပါတယ်
-
ပြီးတော့ ဒီအဆိပ်ရှိသတ္တဝါတွေက
နေရာတိုင်းမှာရှိတော့
-
ကမ္ဘာကြီးတစ်ခုလုံးကို
ထိန်းသိမ်းရမှာပေါ့့
-
ဒီတော့ မင်းအတွက်မဟုတ်ရင်တောင်
-
ဒီတိရစ္ဆာန်တွေအတွက် ထိန်းသိမ်းပေးပါ
-
ဘယ်သူ သိမှာလဲ၊
-
တစ်နေ့တော့ ဒီခရုအဆိပ်က
မင်းအသက်ကို ကယ်နိုင်တာပဲလေ
-