YouTube

Got a YouTube account?

New: enable viewer-created translations and captions on your YouTube channel!

Burmese subtitles

← ညမှာ အိပ်ရေး၀ဖို့အတွက် နောက် အကြောင်းရင်းတစ်ခု

Get Embed Code
42 Languages

Showing Revision 6 created 11/15/2014 by Myo Aung.

  1. အိပ်စက်ခြင်း။
  2. တစ်သက်တာရဲ့ သုံးပုံတပုံအထိကို
    ကျွန်တော်တို့ အိပ်ဖို့ သုံးကြပေမဲ့၊
  3. အိပ်ခြင်းဆိုတာ ဘာလဲကို ကျွန်တော်ထဲက
    တစ်ယောက်ယောက် နားလည်ရဲ့လား?
  4. လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်တုန်းက
    ရှေးခေတ်က
  5. အထင်ရှားဆုံး ဆေးသုတေသီ တဦးဖြစ်သူ
  6. Galen ရဲ့ ယူဆချက်နှင့်အညီ၊
  7. ကျွန်တော်တို့ နှိုးကြားနေစဉ်၊
  8. ကျွန်တော်တို့ ဦးနှောက်ရဲ့
    အားအင်တွေ၊ အရည်တွေဟာ
  9. ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအသီးသီးဆီကို
    ဖြာထွက်သွားကြတာမို့လို့၊
  10. ၎င်းတို့ဟာ တက်ကြွလှုပ်ရှားချိန်မှာ
    ဦးနှောက်ကျတော့ ခြောက်ကျန်ရစ်ခဲ့တယ်၊
  11. ဒါပေမဲ့ ကျွန်တော်တို့
    အိပ်ကြတဲ့ အခါမှကျတော့၊
  12. ခန္ဓာကိုယ်ထဲမှာ ရှိနေခဲ့ကြတဲ့
    အစိုဓာတ်တွေဟာ
  13. ပြန်စီးဝင်လာကြလျက်
  14. ဦးနှောက်ကို ပြန်ပြီး
    အရည်တွေနဲ့ စိုပြေလာစေကာ
  15. ပြန်ပြီး ဆန်းသစ်လာစေကြပါတယ်။
  16. ဒီနေ့တွင် အဲဒါဟာ
    လုံးဝအဓိပ္ပါယ် မရှိလိုက်တာလို့
  17. ကျွန်တော်တို့ ထင်နိုင်ကြပေမဲ့၊
  18. ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ
    လုပ်ကိုင်နေကြရတဲ့
  19. အိပ်ခြင်းအကြောင်းကို
    Galen က ရှင်းပြရန် ကြိုးပမ်းတာပါ။
  20. ကျွန်တော်တို့အားလုံးဟာ
    ကိုယ်ပိုင်အတွေ့အကြုံအရ
  21. ကျွန်တော်တို့ အိပ်လိုက်ရရင်
    ဦးနှောက် ကြည်လင်လာတာကို၊
  22. အိပ်ရေးမဝရင်၊ ဦးနှောက်ဟာ
  23. မကြည်မလင် နောက်လျက် ရှိတတ်တာကို သိကြပါတယ်။
  24. အခုတော့ ကျွန်တော်တို့ဟာ
    အိပ်ခြင်းအကြောင်းကို
  25. Galen နဲ့စာရင် များစွာမှ
    ပိုပြီး သိလာခဲ့ကြပေမဲ့၊
  26. ဦးနှောက်ကို အံ့အားသင့်ဖွယ်
    ပြန်ပြီးလန်းဆန်းလာစေတာက
  27. လှုပ်ရှားမှုတွေ အားလုံးတွေထဲက
  28. အိပ်ခြင်း တစ်ခုပဲ ဖြစ်နေတာကို
    ရှင်းပြမရသေးပါ။
  29. ဒါကြောင့်မို့လို့ ကျွန်တော်ဟာ
  30. အဲဒီအကြောင်းအတွက် ရှင်းလင်းအသစ်တချို့ကို
  31. ခင်ဗျားတို့ကို ပြောပြချင်ပါတယ်။
  32. အိပ်ခြင်းဟာဖြင့် ဦးနှောက်ရဲ့
    အခြေခံ လိုအပ်ချက်များကို
  33. ဖြည့်ဆည်းပေးတဲ့ ကြော့ရှင်းတဲ့
    ဖြေရှင်းချက် ဖြစ်ကာ
  34. ခန္ဓာကိုယ်ထဲက အခြားအပိုင်းများနဲ့မတူတဲ့
  35. ဦးနှောက်အနေနဲ့ ရင်ဆိုင်ရတဲ့
    မြင့်မားတဲ့ တောင်းဆိုချက်တွေကို
  36. ကျဉ်းကျပ်တဲ့ အလားအလာများဖြင့်
    လုပ်ပေးနိုင်ဖို့
  37. သူမတူ ရှားပါးလှတဲ့
    နည်းလမ်းလည်း ဖြစ်ပုံရပါတယ်။
  38. ဇီဝဗေဒဆိုင်ရာ လေ့လာမှုမှန်သမျှ
    အားလုံးတို့ကို
  39. ပြဿနာတွေ တသီကြီးအဖြစ်၎င်း
  40. ၎င်းတို့အတွက် သက်ဆိုင်ရာ ဖြေရှင်းနည်းများ
    အဖြစ်၎င်း သုံးသပ်နိုင်ပါတယ်၊
  41. ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်း
    ဖြေရှင်းရန်လိုတဲ့ ပထမဦးဆုံး ပြဿနာက
  42. ခန္ဓာကိုယ်ထဲ ဆဲလ်တွေအားလုံးဆီကို
  43. အာဟာရများကို အဆက်မပြတ်
    ပို့ပေးရခြင်းပဲ ဖြစ်ပါတယ်။
  44. ဦးနှောက်ထဲမှာကျတော့
    အဲဒီအလုပ်က သေရေးရှင်ရေး အရေးပါပါတယ်၊
  45. ၎င်းရဲ့ ပြင်းထန်လှတဲ့
    လျှပ်စစ် လုပ်ငန်းများဆိုရင်
  46. ခန္ဓာကိုယ် တစ်ခုလုံးရဲ့ စွမ်းအင်
    လေးပုံတစ်ပုံကို သုံးတယ်၊
  47. ဦနှောက်ဟာ ခန္ဓာကိုယ် ထုထည်ရဲ့
    ၂ ရာခိုင်နှုန်းခန့်သာ ရှိပေမဲ့၊
  48. စွမ်းအင်ကျတော့
    အဲဒီလို သုံးနေခြင်းဖြစ်ပါတယ်။
  49. ဒီတော့ သွေးလည်ပတ်မှုစနစ်ဟာ
  50. သွေးကြောမှတစ်ဆင့် အာဟာရတွေနဲ့
  51. အောက်ဆီဂျင်ကို
    ခန္ဓာကိုယ်ရဲ့ ထောင့်တိုင်း အထိကို
  52. ပို့ပေးခြင်းဖြင့် ဖြည့်တင်းရေး တာဝန်ကို
    ထမ်းဆောင်နေပါတယ်။
  53. ခင်ဗျားတို့အားလုံး အဲဒါကို ဒီဗီဒီယိုမှာ
    လက်တွေ့မြင်နိုင်ကြပါတယ်။
  54. ဒီမှာ ကျွန်တော် ပြထားတာက
    သွေးကြောတွေပါ၊
  55. အသက်ရှင်လျက်ရှိနေတဲ့
    ကြွက်ရဲ့ ဦးနှောက်ထဲမှာပါ။
  56. သွေးကြောတွေဟာ ရှုပ်ထွေးလှတဲ့
    ကွန်ရက်အသွင်ကို ဆောင်နေပြီး
  57. ဦးနှောက်တစ်ခုလုံး
    ၎င်းတို့ဖြင့် ပြည့်နေပါတယ်။
  58. ၎င်းတို့ဟာ ဦးနှောက်ရဲ့
    မျက်နှာပြင်ပေါ်မှာ စတင်လျက်၊
  59. ၎င်းရဲ့ အသားမျှင်များထဲကို ငုပ်ဝင်ကြပါတယ်၊
  60. ၎င်းတို့ဟာ ပျံ့နှံ့နေကြလို့၊
    ဦးနှောက်ထဲက ဆဲလ်တစ်ခုစီထံသို့
  61. အာဟာရများနဲ့ အောက်ဆီဂျင်ကို
    ပို့ဆောင်ပေးပါတယ်။
  62. ဆဲလ်တိုင်းက အားအင်ဖြစ်လာရေးအတွက်
  63. အာဟာရဓာတ်တွေကို လိုအပ်သလိုပဲ၊
  64. ဆဲလ်တိုင်းဟာ ဘေးထွက်ပစ္စည်းအဖြစ်
    အစွန့်အကြေးများကိုပါ ထုတ်လုပ်ကြပါတယ်၊
  65. အဲဒီလို စွန့်ပစ်စရာများ
    ရှင်းလင်းပေးရေး ကျတော့
  66. ဇီဝခန္ဓာကိုယ်တိုင်း ဖြေရှင်းရန် လိုအပ်တဲ့
  67. ဒုတိယ အခြေခံ ပြဿနာကြီး ဖြစ်ပါတယ်။
  68. ဒီပုံကြမ်းထဲမှာ အဲဒီလိုအပ်ချက်ကို
    ဖြည့်ဆည်းပေးရန် ဆင့်ကဲဖြစ်ပေါ်လာခဲ့တဲ့
  69. ခန္ဓာကိုယ်ရဲ့ သွေးဖြူစနစ်ကို
    ပြပေးထားပါတယ်။
  70. အဲဒါဟာ ခန္ဓာကိုယ်
    တလျှောက်လုံးမှာ ပြန့်ကြဲလျက် ရှိနေတဲ့
  71. ဒုတိယ သွေးကြောစနစ်ကြီးပါပဲ။
  72. ၎င်းဟာ ဆဲလ်တွေ အကြားမှာ ရှိနေတတ်တဲ့
  73. အသားဓာတ်များ နှင့် အညစ်အကြေးများကို
  74. ကောက်ယူပြီး၊ သွေးထဲကို
    ထည့်ပေးလိုက်ခြင်းဖြင့်
  75. လွှင့်ပစ်ဖို့ကို စီစဉ်ပေးပါတယ်။
  76. ဒါပေမဲ့၊ ခင်ဗျားတို့က ဒီပုံကြမ်းကို
    နီးကပ်စွာ လေ့လာကြည့်မယ်ဆိုရင်
  77. ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူးလို့
  78. ထင်ရတဲ့ အရာတွေကို တွေ့နိုင်ပါတယ်။
  79. တကယ်လို့များ ကျွန်တော်တို့ဟာ
    ဒီဦခေါင်းကို ချဲ့ကြည့်မယ်ဆိုရင်
  80. သတိထားမိမယ့် အချင်တစ်ချက်က
  81. ဦးနှောက်ထဲမှာ သွေးဖြူကြောတွေ
    လုံးဝမရှိခြင်းပါပဲ။
  82. ဒါပေမဲ့ အဲဒါဘာမှ အဓိပ္ပါယ် မရှိပါလားလို့
    ဖြစ်နေပါတယ်။
  83. ဦးနှောက်ဟာ အပြင်းအထန်
    လုပ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်ပြီး
  84. အတော့်ကိုများမယ့် အညစ်အကြေးတွေကို
    ထုတ်လုပ်မှာ သေချာတာမို့လို့
  85. အဲဒါတွေကို ထိရောက်စွာ
    သန့်ရှင်းပစ်ရန် လိုပါမယ်။
  86. အဲဒီလို ထင်စရာရှိပေမဲ့၊ အဲဒီမှာ
    သွေးဖြူကြောများ မရှိခြင်းက
  87. ခန္ဓာကိုယ်ထဲက ကျန်တဲ့ အပိုင်းတွေထဲမှာ
  88. အညစ်အကြေးတွေ
    ရှင်းလင်းရေးဆိုင်ရာ ချဉ်းကပ်မှုကို
  89. ဦးနှောက်ထဲမှာ အသုံးမပြုပုံကို
    ထောက်ပြနေပါတယ်။
  90. အဲဒီလိုဆိုရင်၊ ဦးနှောက်ဟာ
    ၎င်းရဲ့ သန့်စင်ရေး ပြဿနာကို
  91. ဘယ်လိုများ ဖြေရှင်းတာလဲ?
  92. ကျွန်တော်တို့ရဲ့ အုပ်စုက
    သာမန်လို့ထင်စရာရှိခဲ့တဲ့
  93. အဲဒီကိစ္စကို လေ့လာဖို့ ဆုံးဖြတ်ခဲ့ပြီး၊
  94. ကျွန်တော်တို့က ဦးနှောက်ရဲ့
    အတွင်းပိုင်းထဲကို ဝင်ပြီး
  95. အတွင်းပိုင်းရှိ
    neuronများနဲ့ သွေးကြောတွေကို
  96. စူးစမ်းလိုက်လို့ တွေ့လိုက်ရတာက
  97. အဲဒီလို အညစ်အကြေး သန့်ရှင်းရေးဆိုင်ရာ
  98. ဦးနှောက်ရဲ့ အဖြေဟာ
  99. လုံးဝကို မျှော်လင့်မရခဲ့တဲ့
    အဖြေမျိုးဖြစ်နေပါတယ်။
  100. အဲဒါကို တီထွင်ထားပုံဟာ သိပ်ကောင်းနေကာ၊
  101. တချိန်တည်းမှာ သိပ်လှပပါတယ်။
  102. ကျွန်တော်တို့ တွေ့ခဲ့တာကို
    ခင်ဗျားတို့ကို ပြောပါရစေ။
  103. ဦးနှောက်ထဲမှာ အတော့်ကို များပြားတဲ့၊
  104. သန့်စင် ကြည်လင်တဲ့
    cerebrospinal အရည်ဆိုတာ ရှိပါတယ်။
  105. ကျွန်တော်တို့က အဲဒါကို
    CSF လို့ ခေါ်ကြပါတယ်။
  106. အဲဒီ CSF ဟာ ဦးနှောက်ကို ဝန်းရံနေတဲ့
    နေရာတွေမှာ ပြည့်နေကာ
  107. ဦးနှောက်ထဲက အညစ်အကြေးတွေဟာ
  108. CSF မှတစ်ဆင့် အပြင်ကို ထွက်နိုင်ကြပါတယ်၊
  109. ကျန်တဲ့ အညစ်အကြေးတွေနဲ့အတူ အဲဒါတွေကို
    သွေးထဲကို စွန့်ပစ်လိုက်တာပါ။
  110. အဲဒီလို ပြောလိုက်လို့၊ အဲဒါဟာ
  111. သွေးဖြူစနစ်နဲ့ သိပ်ကို တူနေသလို
    ထင်စရာရှိပါတယ်။
  112. ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတာက
  113. ဦးနှောက် အတွင်းပိုင်းရှိ
    အရည်နဲ့ အညစ်အကြေးတွေဟာ
  114. ခုနက ပြောခဲ့တဲ့ CSF အရည်တွေထဲကို
    စိမ့်ဝင်ထွက်ခြင်း အလုပ်ကို
  115. ကျပမ်းပုံစံမျိုးနဲ့
    လုပ်ကိုင်ကြတာ မဟုတ်ပါဘူး။
  116. အဲဒါအစား၊ အညစ်အကြေးထုတ်ပစ်ရေး
    အထူးကွန်ရက်ဖြင့်
  117. အဲဒီလုပ်ငန်းစဉ်ကို စည်းရုံး
    လုပ်ကိုင်ပေးပါတယ်။
  118. အဲဒါကို ခင်ဗျားတို့ဟာ
    ဒီဗီဒီယိုတွေထဲမှာ မြင်နိုင်ပါတယ်။
  119. ကျွန်တော်တို့ အသက်ရှင်နေတဲ့ ကြွက်ရဲ့
  120. ဦးနှောက်ကို ထပ်ပြီး ပုံဖေါ်ကြည့်ပါမယ်။
  121. ခင်ဗျားတို့ရဲ့ ဘယ်ဘက်ရှိ ဘောင်က
  122. ဦးနှောက်ရဲ့ မျက်နှာပြင်ပေါ်
    ဖြစ်ပျက်နေတာကို ပြပါတယ်၊
  123. ညာဘက်ရှိ ဘောင်ထဲမှာကျတော့
  124. ဦးနှောက်ရဲ့ အတွင်းပိုင်း အသားမျှင်ထဲ
  125. ဖြစ်ပျက်တာကို ပြနေပါတယ်။
  126. ကျွန်တော်တို့ဟာ သွေးကြောတွေကို
    အနီရောင်ဖြင့် ပြထားကာ
  127. ဦးနှောက်ကို ဝန်းရံနေတဲ့ CSF ကို ကျတော့
  128. အစိမ်းရောင်ဖြင့် ပြပါမယ်။
  129. အဲဒီမှာ ကျွန်တော်တို့အတွက် အံ့ဩစရာအချက်က
  130. ဦးနှောက်ရဲ့ အပြင်ဘက်ရှိ အရည်တွေဟာ
  131. အပြင်မှာ စောင့်လျက်ရှိနေကြတာ မဟုတ်ပါဘူး။
  132. အဲဒါအစား၊ CSF ကို အတွင်းပိုင်းထဲကို
    မှုတ်သွင်းပေးလျက်
  133. သွေးကြောတွေရဲ့ အပြင်ပမ်း တလျှောက်မှာ
  134. ဦးနှောက်ထဲကို ဝင်သွားပါတယ်၊
  135. ၎င်းက အဲဒီလို ဦးနှောက်ထဲကို

  136. သွေးကြောတွေ တစ်လျှောက်
    အပြင်မှာကပ်လျက် ဝင်လာခြင်းဟာ
  137. လက်တွေ့တွင် သင့်ရှင်းမှုကို
    ကူပေးနေခြင်းပါပဲ၊
  138. ဦးနှောက်ရဲ့ ဆဲလ်များအကြားရှိ
    နေရာတွေမှာ ရှိနေတဲ့
  139. အညစ်အကြေးတွေကို ရှင်းလင်းပစ်ခြင်းပါပဲ။
  140. အဲဒါကို ကျွန်တော်တို့
    စဉ်းစာကြည့်ကြမယ်ဆိုရင်၊
  141. သွေးကြောတွေရဲ့ အပြင်နေရာကို
    အခုလို အသုံးပြုခြင်းဟာ
  142. သိပ်ကို ပါးနပ်လှတဲ့
    ဖြေရှင်းရေး ဒီဇိုင်းပါပဲ၊
  143. ဦးနှောက်ဟာ အလုံပိတ်နေတဲ့ အရာဖြစ်ပြီး
  144. ခိုင်ခန့်ထဲတဲ့ ဦးခေါင်းခွံ
    အတွင်းမှာ ရှိနေကာ
  145. အဲဒီမှာ ဆဲလ်တွေနဲ့ ပြည့်နှက်နေလို့၊
  146. အဲဒီမှာ သွေးဖြူကြော စနစ်လို
  147. နောက်သွေးကြောစနစ်
    တစ်ခုလုံးအတွက် နေရာ မရှိနိုင်ဘူး။
  148. ဒါပေမဲ့ သွေးကြောတွေကျတော့၊
  149. ဦးနှောက်ရဲ့ မျက်နှာပြင်ပိုင်းကနေပြီး
  150. ဦးနှောက်ထဲရှိ ဆဲလ်တစ်ခုချင်းစီ
    အောက်ကို ထိုးဝင်လျက်ရှိနေကြလို့၊
  151. အဲဒီသွေးကြောတွေရဲ့ အပြင်ဘက်မှနေပြီး
  152. စိမ့်ဝင်စီးသွားနိုင်တဲ့ အရည်ဟာ
  153. ဦးနှောက် တစ်ခုလုံးထဲက နေရာတိုင်းဆီ
    လွယ်ကူစွာ ချဉ်းကပ်နိုင်တယ်ဆိုတော့
  154. ရှိနေတဲ့ သွေးကြော တစ်စုံကို
    နောက်ရည်ရွယ်ချက် တမျိုးအတွက်
  155. လွှဲပြောင်းစီစဉ်ပေးလျက်
    သွေးဖြူသွေးကြောတွေအဖြစ် ရှိရမယ့်
  156. ဒုတိယ သွေးကြောတွေရဲ့ အလုပ်ကို
    အစားထိုး စီစဉ်ပေးလိုက်ခြင်းဖြင့်
  157. သွေးကြောတွေ နောက်တစ်စုံကို
    သုံးရန် မလိုတော့တဲ့
  158. တကယ့်ကို ပါးနပ်လှပတဲ့ ဖြေရှင်းနည်းပါပဲ။
  159. ဒီနေရာမှာ နောက်အံ့အားသင့်စရာ အချက်က
  160. ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းထဲကမှ
    အညစ်အကြေးတွေကို
  161. ရှင်းပစ်ဖို့ အဲဒီလို နည်းလမ်းကို
    မသုံးကြခြင်းပါပဲ။
  162. အဲဒါဟာ ဦးနှောက်ရဲ့ သူမတူရှားပါးတဲ့
    ဖြေရှင်းနည်းပါပဲ။
  163. ဒါပေမဲ့ ကျွန်တော်တို့ တွေ့ရှိခဲ့ရသမျှထဲက
  164. အံ့အားသင့်စရာ အကောင်းဆုံး အချက်က၊
  165. ကျွန်တော် ခုနက ပြောပြခဲ့တာတွေ အားလုံးဟာ၊
  166. ဦးနှောက်ထဲမှာ ဖြတ်စီးနေကြတဲ့ အရည်တွေဟာ၊
  167. အိပ်နေတဲ့ ဦးနှောက်ထဲမှာသာ
    ဖြစ်ပျက်တယ်ဆိုတဲ့ အချက်ပါပဲ။
  168. ဟောဒီက ဗီဒီယိုထဲမှာ
  169. ခုနက CSF ဟာ ကြွက်နိုးနေချိန်တွင်
  170. ဦးနှောက်ထဲမှာ ဘယ်လောက်
    လှုပ်ရှား စီးဆင်းနေတာကို ပြပါတယ်။
  171. လုံးဝနီးပါးကို မရှိပါဘူး။
  172. ဒါပေမဲ့၊ အဲဒီ အကောင်ထဲမှာပဲ၊
  173. ၎င်းအိပ်မောကျသွားတာကို
    နည်းနည်းလေး စောင့်ကြည့်မယ်ဆိုရင်
  174. CSF ဟာ ဦးနှောက်ထဲကို အလုံးအရင်းဖြင့်
  175. စီးဝင်သွားတာကို မြင်နိုင်ပါတယ်၊
  176. အဲဒီတစ်ချိတ်တည်းမှာ၊
  177. ဦးနောက်ဟာ အိပ်လျက် ရှိနေချိန်မှာ၊
  178. ဦးနှောက် ဆဲလ်တွေဟာ သူတို့ဘာသာသူတို့
    ကျုံ့ဝင်သွားကြသလားလို့ ထင်ရပါတယ်၊
  179. ၎င်းတို့အကြားမှာ
    နေရာလေးတွေကို ဖွင့်ဟ ပေးနေသလိုပါပဲ၊
  180. အဲဒီအရည်တွေ ဖြတ်ကျော် စီးဆင်းနိုင်အောင်
  181. အညစ်အကြေးတွေကို
    သန့်ရှင်းပစ်နိုင်အောင် ဖြစ်ပါတယ်။
  182. အဲဒီတော့ တခေတ်တုန်းက Galen က
  183. ကျွန်တော်တို့ အိပ်နေချိန်မှာ
  184. အရည်တွေဟာ ဦးနှောက်ထဲကို စီးဝင်လာကြတယ်လို့
    ရေးသားခဲ့ခြင်းဟာ
  185. မှန်ကန်တဲ့ သဘောကို ဆောင်နေတယ်လို့
    ပြောနိုင်ပါတယ်။
  186. နှစ်ပေါင်း ၂,၀၀၀ နောက်မှာ ကျွန်တော်တို့
    လုပ်လိုက်တဲ့ သုတေသနများအရ
  187. ဖြစ်ပျက်တာတွေကို ခန့်မှန်းပြောရရင်
  188. ဦးနှောက် နှိုးကြားနေလို့
  189. အလုပ်တွေ အများဆုံး ဖြစ်နေတဲ့ အချိန်မှာ၊
  190. ဦးနှောက်ရဲ့ ဆဲလ်တွေအကြားမှာ ပေါ်လာတတ်တဲ့
  191. အညစ်အကြေးတွေ ရှင်းလင်းရေးကိစ္စကို
    ဘေးချိတ်ထားလိုက်ပါတယ်၊
  192. ဒါပေမဲ့၊ ဦးနှောက် အိပ်ဖို့သွားချိန်ကျတော့၊
  193. အလုပ်တွေ မများတော့တဲ့ အချိန်မှာ၊
  194. ၎င်းဟာ သန့်ရှင်းရေး မုဒ်ထဲကို
    ပြောင်းလဲသွားသလိုပါပဲ၊
  195. ဆဲလ်တွေ အကြားနေရာတွေမှာ ရှိတဲ့
    အညစ်အကြေးတွေကို
  196. တစ်နေ့တာ ကာလအတွင်းမှာ
    စုစည်းလာခဲ့တဲ့ အညစ်အကြေးတွေကို
  197. လိုက်လံ ရှင်းလင်းပါတော့တယ်။
  198. ဒါဟာဖြင့် ကျွန်တော်တို့အားလုံး
    လုပ်ကိုင်ကြတာနဲ့ တူပါတယ်၊
  199. ကျွန်တော်တို့ အလုပ်ကြတုန်း ရုံးရက်တွေမှာ
    ငြီးငွေ့ဖွယ်ရာ အိမ်မှုကိစ္စတွေကို
  200. အချိန်မပေးနိုင်လို့
    ဘေးချိတ်လိုက်ကြသလိုပါပဲ၊
  201. ဒါပေမဲ့ ရုံးပိတ်ရက်တွေ ရောက်လာတာနဲ့အမျှ
  202. အဲဒီလို ကိစ္စတွေကို စုပုံဖြေရှင်း
    လုပ်ကိုင်ကြသလိုပါပဲ။
  203. ဒီနေရာအထိ၊ အညစ်အကြေးသန့်ရှင်းမှု
    အကြောင်းကို အများကြီးပြောလာခဲ့ပေမဲ့၊
  204. ကျွန်တော်တို့ ကျန်းမာလျက် ရှိနိုင်ဖို့
  205. အိပ်နေချိန်မှာ ဦးနှောက်အနေနဲ့
    ရှင်းလင်းရမယ့်
  206. အညစ်အကြေးတွေက ဘယ်လိုဟာတွေလဲ ဆိုတာကို
  207. ကျွန်တော်ဟာ အထူးလုပ် မပြောပြခဲ့ရသေးပါဘူး။
  208. မကြာမီတုန်းက လေ့လာမှုများထဲမှာ
    ကျွန်တော်တို့ အထူး အလေးထားခဲ့ကြတာက
  209. amyloid-beta လို့ ခေါ်တဲ့ အရာပါ၊
  210. ဦးနှောက်ထဲမှာ ထုတ်လုပ်ပေးနေတဲ့
    အသားဓာတ် တစ်မျိုးပါပဲ။
  211. အခုအချိန်မှာလည်း ကျွန်တော်ရဲ့ ဦးနှောက်က
    amyloid-beta ကို ထုတ်လုပ်နေပါတယ်၊
  212. ခင်ဗျားတို့လည်း အလားတူပါပဲ။
  213. ဒါပေမဲ့၊ Alzheimer ရောဂါရှိသူတွေကျတော့၊
  214. amyloid-beta ကို ထုတ်လုပ်ရင်း ဦးနှောက်ရဲ့
  215. ဆဲလ်တွေအကြားရှိ နေရာတွေမှာ စုပုံလာပါတယ်၊
  216. ဖြစ်သင့်သလို အဲဒါတွေကို
    ရှင်းလင်း မပစ်ပါဘူး၊
  217. အဲဒီလို စုပုံလာတဲ့ amyloid-beta ကမှ
  218. ကြောက်မက်ဖွယ် အဲဒီရောဂါ
    စတင်ဖြစ်လာရခြင်းရဲ့
  219. သော့ချက် အဆင့်တစ်ဆင့် ဖြစ်တယ်လို့
    ယူဆရပါတယ်။
  220. အဲဒါကြောင့်မို့လို့
    ဦးနှောက် နိုးနေချိန်နဲ့
  221. အိပ်နေချိန်မှာ amyloid-beta ကို
    ရှင်းလင်ပေးနိုင်တဲ့ နှန်းကို
  222. ကျွန်တော်တို့
    တိုင်းလျက်နှိုင်းယှဉ်ကြည့်ခဲ့ရာ
  223. တကယ်တမ်းမှာ တွေ့လိုက်တာက
  224. amyloid-beta ကို ရှင်းလင်းပစ်မှုဟာ
  225. အိပ်နေတဲ့ ဦးနှောက်ထဲမှါာ
    ပိုပြီးမြန်ဆန်နေပါတယ်။
  226. ဒီတော့ အိပ်ခြင်းက
  227. အညစ်အကြေးများ ရှင်းလင်းပစ်ရေး ပြဿနာအတွက်
  228. အဖြေဖြစ်တယ်လို့ သိလိုက်ရတဲ့ နောက်မှာ၊
  229. အိပ်ခြင်း၊ amyloid-beta နဲ့
    Alzheimer ရောဂါ အကြားက
  230. ဆက်စပ်ဆင်နွှယ်မှုကို
    ကျွန်တော်တို့ သုံးသပ်ပုံကိုလည်း
  231. သိသိသာသာ ပြောင်းလဲသွားစေပါမယ်။
  232. မကြာခင်တုန်းက ကျန်းမာရေး သုတေသန တသီကြီး
  233. ထောက်ပြနေကြတဲ့ အတိုင်းဆိုရင်လောလောဆယ်မှာ
  234. Alzheimer ရောဂါ မရှိသေးတဲ့
    လူနာတွေအကြားမှာ၊
  235. အိပ်စက်မှု အရည်အသွေး ကျဆင်းလာခြင်း နဲ့
    အိပ်ချိန် နည်းလာခြင်းဟာ
  236. သူတို့ဦးနှောက်ထဲမှာ
    amyloid-beta တိုးစုလာခြင်းနဲ့
  237. ဆက်စပ်နေပါတယ်၊ ဒါပေမဲ့ အဲဒီတချိန်တည်းမှာ၊
  238. ထောက်ပြပေးရန် အရေးကြီးတာက
  239. အိပ်တာနည်းခြင်း သို့မဟုတ်
    ကောင်းကောင်း မအိပ်နိုင်ခြင်းက
  240. Alzheimer ရောဂါရဲ့ အကြောင်းရင်းဖြစ်တယ်လို့
  241. သက်သေထူပြခြင်း မရှိကြပါဘူး၊
  242. ဒါပေမဲ့ ပြောလို့ ရနိုင်တာက တစ်ခုက
  243. ဦးနှောက်အနေနဲ့ amyloid-beta လို
  244. အညစ်အကြေးကို သန့်ရှင်းပစ်နိုင်စွမ်း
    မရှိခြင်းဟာဖြင့်
  245. Alzheimer ရောဂါ ဖြစ်ပွားရေးကို
    ထောက်ကူပေးတဲ့
  246. အခြေအနေမျိုးကို ဖန်တီးပေးနိုင်ပါတယ်။
  247. ဒီတော့ ဒီသုတေသနအသစ်က
    ကျွန်တော်တို့ ဘာကို ပြောနေသလဲဆိုတော့
  248. တစ်ခုက အိပ်စက်ခြင်းအကြောင်းကို
  249. ကျွန်တော်တို့ သိနှင့်ခဲ့ကြတဲ့ အချက်ပါပဲ၊
  250. အိပ်စက်တာနဲ့ပတ်သက်ပြီး
    Galen ကတောင် နားလည်ခဲ့တဲ့
  251. ၎င်းဟာ ဦးနှောက်ကို
    လန်းဆန်းလာစေကာ ကြည်လင်လာစေခြင်းဟာ
  252. တကယ်ကျတော့ အိပ်ခြင်းရဲ့
  253. အရေးကြီးဆုံး ကဏ္ဍကြီး တစ်ခုပါပဲ။
  254. ကျွန်တော်တို့ အားလုံး ညစဉ်ညတိုင်း
  255. အိပ်ဖို့ သွားကြပေမဲ့၊
  256. ကျွန်တော်တို့ရဲ့ ဦးနှောက်ကတော့
    အနားယူတာရယ်လို့ ဘယ်တော့မှ မရှိပါ။
  257. ကျွန်တော်တို့ရဲ့
    ခန္ဓာကိုယ်ဟာ ငြိမ်သက်နေလို့
  258. ကျွန်တော်တို့ရဲ့ အသိစိတ်က
    အိပ်မက်ထဲမှာ လျှောက်သွားနေချိန်မှာ၊
  259. ဦးနှောက်ရဲ့ ကြော့ရှင်းလှတဲ့
    စက်ယန္တရားကြီးကတော့
  260. တိတ်ဆိတ်စွာ အပြင်းအထန် အလုပ်လုပ်နေပါတယ်
  261. စိတ်ကူးကြည့် မရအောင်ကို ရှုပ်ထွေးလှတဲ့
  262. ယန္တရားကြီးကို သန့်ရှင်းပေးလျက်
    ထိန်းသိမ်းထားပေးပါတယ်။
  263. ကျွန်တော်တို့ရဲ့ အိမ်မှုရေးရာ
    အလုပ်တွေလိုပါပဲ၊
  264. ၎င်းတို့ဟာ ညစ်ထေးလှကာ
    ကောင်းတာရယ်လို့ ဘာမှမရှိပါဘူး၊
  265. ဒါပေမဲ့ အဲဒါဟာလည်း အရေးကြီးတာပါပဲ။
  266. ခင်ဗျားတို့အိမ်မှာ မီးဖိုခန်းကို
    မသန့်ရှင်းဘဲ
  267. တစ်လ နေကြည့်မယ်ဆိုရင်၊
  268. ခင်ဗျားရဲ့ အိမ်မှာ လျင်မြန်စွာပဲ
  269. လုံးဝကို နေမရ ဖြစ်လာမှာ သေချာပါတယ်။
  270. ဒါပေမဲ့ ဦးနှောက်ထဲမှာကျတော့၊
  271. ပေါ်ပေါက်လာကြမယ့် ပြဿနာတွေဟာ
  272. မီးဖိုထဲ ညစ်ပတ်မှုနဲ့စာရင်
    များစွာမှနက်ရှိုင်းမှာပါ၊
  273. ဘာဖြစ်လို့လဲဆိုတော့၊ ဦးနှောက်
    သန့်ရှင်းလျက် ရှိနေရေးကိစ္စဟာဖြင့်
  274. ဦးနှောက်ကိုယ်နှိုက်ရဲ့ ကျန်းမာရေး နှင့်
    လုပ်ကိုင်နိုင်စွမ်းအတွက်
  275. ၎င်းနဲ့ ဆက်စပ်နေတဲ့
    ခန္ဓာကိုယ် တစ်ခုလုံးအတွက်
  276. သိပ်ကို အရေးကြီးတာမို့လို့၊ ဒီနေ့တွင်
  277. ဦးနှောက်ရဲ့ သန့်ရှင်းအောင်
    ထိန်းသိမ်းမှုကိစ္စကို နားလည်လာမှုဟာ
  278. ဦးနှောက်အသိစိတ်ရဲ့ အနာဂတ် ရောဂါများကို
  279. ဟန့်တားရေ နဲ့ ကုသဖို့အတွက်
    သိပ်ကို အရေးကြီးနိုင်ပါတယ်။
  280. ကျေးဇူတင်ပါတယ်။
  281. (လက်ခုပ်တီးသံများ)