Return to Video

စာဖတ်ခြင်းရဲ့ ကုစားပေးနိုင်တဲ့ စွမ်းအား။

  • 0:01 - 0:06
    ဒီနေ့ ကျွန်မ ဟောပြောချင်တာက စာဖတ်ခြင်းဟာ
    ကျွန်မတို့ရဲ့ဘဝကိုပြောင်းလဲပေးနိုင်ပုံနဲ့
  • 0:06 - 0:09
    ဒီအပြောင်းအလဲရဲ့
    ကန့်သတ်ချက်တွေအကြောင်းပါ။
  • 0:10 - 0:14
    စာဖတ်ခြင်းဟာ အားကောင်းတဲ့ လူသား
    ဆက်သွယ်မှုရဲ့ မျှဝေလို့ရတဲ့ ကမ္ဘာတစ်ခုကို
  • 0:14 - 0:17
    ကျွန်မတို့ကို ပေးနိုင်ပုံ
    အကြောင်းကို ပြောပြချင်ပါတယ်။
  • 0:18 - 0:21
    ဒါ့အပြင် ဒီဆက်သွယ်မှုဟာ အမြဲတမ်း
    နှစ်ခြိုက်စရာကောင်းပုံကိုပါ။
  • 0:21 - 0:26
    စာဖတ်ခြင်းဟာ နောက်ဆုံးမှာ အထီးကျန်ပြီး
    တစ်ဦးချင်းထူးခြားတဲ့ အရာပါ။
  • 0:28 - 0:30
    ကျွန်မဘဝကို ပြောင်းလဲပေးတဲ့ စာရေးဆရာက
  • 0:30 - 0:35
    ကြီးကျယ်တဲ့ အာဖရိကန် အမေရိကန်
    ဝတ္ထုရေးဆရာ James Baldwin ပါ။
  • 0:35 - 0:38
    ၁၉၈၀ နှစ်လွန်တွေက Western Michigan မှာ
    ကျွန်မ ကြီးပြင်းလာတော့
  • 0:38 - 0:42
    လူမှုပြောင်းလဲရေးကို စိတ်ဝင်စားကြတဲ့
    အာရှသား စာရေးဆရာတွေ အများကြီးရှိပါတယ်။
  • 0:43 - 0:47
    ဒါနဲ့ James Baldwin ဘက်ကို လှည့်လိုက်ဖို့
    ကျွန်မ တွေးမိတယ်၊
  • 0:47 - 0:51
    ဒီဟာကွက်ကိုဖြည့်ဖို့ နည်းတစ်ခု၊ လူမျိုးရေး
    သတိရှိတာ ခံစားမိဖို့ နည်းတစ်ခုအဖြစ်နဲ့ပါ။
  • 0:52 - 0:56
    ဒါပေမဲ့ ဖြစ်နိုင်တာက ကျွန်မကိုယ်တိုင်
    အာဖရိကန် အမေရိကန်မဟုတ်တာ သိတဲ့အတွက်
  • 0:56 - 1:00
    သူ့ရဲ့စကားလုံးတွေက ကျွန်မကို စိန်ခေါ်ပြီး
    စွဲချက်တင်နေတယ်လို့ ခံစားရတယ်။
  • 1:00 - 1:03
    အထူးသဖြင့် ဒီစကားလုံးတွေပေါ့။
  • 1:03 - 1:07
    "မွန်ရည်တဲ့ သဘောထားအားလုံးရှိတဲ့
    သဘောထားကြီးသူတွေဆိုပေမဲ့
  • 1:07 - 1:09
    တကယ့် ခံယူချက်တွေတော့ မဟုတ်ဘူး။
  • 1:10 - 1:14
    ကိုယ်ရေးကြုံပြီး ဒါတွေကို တစ်နည်းနည်းနဲ့
    မျေှာ်လင့်တဲ့အတိုင်း ပေးအပ်ရမယ့်အခါမှာ
  • 1:14 - 1:17
    ဘာကြောင့်မှန်းမသိ အဲဒီမှာ
    သူတို့ ရှိမနေကြဘူး။"
  • 1:17 - 1:19
    ဘာကြောင့်မှန်းမသိ အဲဒီမှာ
    သူတို့ ရှိမနေကြဘူး။
  • 1:19 - 1:22
    ဒီစကာလုံးတွေကို တိုက်ရိုက်ပဲ
    ကျွန်မယူလိုက်တယ်။
  • 1:22 - 1:23
    ကိုယ့်ကိုယ်ကို ဘယ်မှာ ထားသင့်သလဲ။
  • 1:24 - 1:27
    ကျွန်မ Mississippi Delta ကို သွားခဲ့တယ်၊
  • 1:27 - 1:30
    အမေရိကန်ပြည်ထောင်စုမှာ အဆင်းရဲဆုံး
    ဒေသတွေထဲက တစ်ခုပေါ့။
  • 1:30 - 1:33
    ဒါက အားကောင်းတဲ့ သမိုင်းနဲ့
    ပုံဖော်ထားတဲ့နေရာပါ။
  • 1:33 - 1:38
    ၁၉၆၀ နှစ်လွန်တွေမှာ အာဖရိကန်၊အမေရိကန်တွေဟာ
    ပညာရေးနဲ့ မဲပေးခွင့်အတွက် တိုက်ပွဲဝင်ဖို့
  • 1:38 - 1:40
    အသက်တွေစွန့်ခဲ့တယ်။
  • 1:41 - 1:43
    ကျွန်မ ငယ်ရွယ်တဲ့ ဆယ်ကျော်သက်တွေ
    သင်တန်းအောင်ပြီး
  • 1:43 - 1:47
    ကောလိပ်တက်တာ ကူညီဖို့ ဒီပြောင်းလဲမှုရဲ့
    တစ်စိတ်တစ်ပိုင်းဖြစ်ချင်ခဲ့တယ်။
  • 1:48 - 1:51
    ကျွန်မ Mississippi Delta ကိုရောက်တော့
  • 1:51 - 1:53
    နွမ်းပါးဆဲ၊ ခွဲခြားခံရဆဲ၊
  • 1:53 - 1:55
    သိသာစွာ ပြောင်းလဲမှု လိုအပ်ဆဲ
  • 1:55 - 1:58
    နေရာတစ်နေရာပါ။
  • 1:59 - 2:02
    ကျွန်မ တာဝန်ကျတဲ့ ကျွန်မရဲ့ကျောင်းမှာ
  • 2:02 - 2:07
    စာကြည့်တိုက်မရှိ၊
    လမ်းညွှန်အကြံပေးမရှိပေမဲ့
  • 2:07 - 2:10
    ရဲအရာရှိတစ်ယောက်တော့ရှိတယ်။
  • 2:10 - 2:12
    ဆရာတွေ တစ်ဝက်က အစားထိုးတာတွေဖြစ်ပြီး
  • 2:12 - 2:14
    ကျောင်းသားတွေ ခိုက်ရန်ဖြစ်တဲ့အခါ
  • 2:14 - 2:18
    ကျောင်းက သူတို့ကို ဒေသတွင်းက
    အကျဉ်းထောင်ကိုပို့တယ်။
  • 2:20 - 2:23
    ဒါက ကျွန်မ Patrick ကို
    တွေ့ဆုံခဲ့တဲ့ ကျောင်းပါ။
  • 2:23 - 2:28
    သူက အသက် ၁၅ နှစ်ဖြစ်ပြီး နှစ်ခါ
    ထိန်းသိမ်းခံရတယ်၊ သူက အဌမတန်းမှာပါ။
  • 2:28 - 2:31
    သူဟာ တိတ်ဆိတ်ပြီး အတွေးနယ်ချဲ့နေတတ်တယ်၊
  • 2:31 - 2:34
    အမြဲတမ်း လေးလေးနက်နက်တွေးနေသလိုပေါ့။
  • 2:34 - 2:36
    ပြီးတေ့ သူများတွေ ရန်ဖြစ်တာ
    မြင်ရတာ မုန်းတယ်။
  • 2:38 - 2:41
    တစ်ခါက ရန်ဖြစ်နေတဲ့ မိန်းကလေး
    နှစ်ယောက်ကြားထဲ သူခုန်ဝင်ပြီး
  • 2:41 - 2:44
    သူဘာသာ မြေပေါ်ကို လှဲချလိုက်တာ
    ကျွန်မ မြင်ခဲ့တယ်။
  • 2:45 - 2:48
    Patrick မှာ ပြဿနာတစ်ခုရှိခဲ့တယ်။
  • 2:48 - 2:50
    သူကျောင်းကို မလာပဲနေတာပါ။
  • 2:51 - 2:54
    ကျောင်းက စိတ်မချမ်းသာစရာပဲလို့
    တစ်ခါတစ်လေ သူပြောတယ်၊
  • 2:54 - 2:57
    အကြောင်းက လူတွေဟာ အမြဲ ရန်ဖြစ်နေပြီး
    ဆရာတွေက ထွက်နေတာကြောင့်ပါ။
  • 2:58 - 3:04
    ဒါ့အပြင် သူ့အမေက အလုပ်နှစ်ခုလုပ်ပြီး သူ
    ကျောင်းလာအောင်လုပ်ဖို့ ပင်ပန်းလွန်းလို့ပါ။
  • 3:04 - 3:07
    ဒီတော့ သူကျောင်းလာအောင်လုပ်ဖို့
    ကျွန်မ တာဝန်ယူလိုက်တယ်။
  • 3:07 - 3:11
    အကြောင်းက ကျွန်မဟာ ရူးသွပ်တဲ့ ၂၂ နှစ်အရွယ်
    စိတ်အားထက်သန်တဲ့ အကောင်းမြင်သူဖြစ်လို့ပါ။
  • 3:11 - 3:13
    ကျွန်မရဲ့ဗျူဟာက
    သူ့အိမ်ရှေ့မှာ အရောင်ပြပြီး
  • 3:13 - 3:16
    "ဟေး၊ ကျောင်းသွားတက်လိုက်လေ"
    လို့ ပြောတာပါ။
  • 3:17 - 3:18
    ဒီဗျူဟာက တကယ်ပဲ အလုပ်ဖြစ်ခဲ့တယ်၊
  • 3:18 - 3:21
    သူကျောင်းကို နေ့တိုင်းလာတော့တာပဲ။
  • 3:21 - 3:23
    နောက် သူဟာ ကျွန်မအတန်းမှာ
    စတင်ဖြစ်ထွန်းလာတယ်။
  • 3:23 - 3:26
    ကဗျာတွေ သူရေးနေခဲ့တယ်၊
    စာအုပ်တွေ သူဖတ်နေခဲ့တယ်။
  • 3:27 - 3:29
    ကျောင်းကို နေ့တိုင်းလာနေတာပဲ။
  • 3:31 - 3:33
    Patrick ကို ဘယ်လိုဆက်သွယ်မလဲ
  • 3:33 - 3:35
    လို့ကျွန်မ မှန်းဆမိတဲ့တစ်ချိန်တည်းလောက်မှာ
  • 3:35 - 3:37
    ကျွန်မဟာ Harvard ဥပဒေကျောင်း
    ဝင်ခွင့်ရခဲ့တယ်၊
  • 3:40 - 3:43
    တစ်ခါ ကိုယ့်ကိုယ်ကိုယ် ဘယ်မှာထားသင့်လဲ
    မေးခွန်းကိုရင်ဆိုင်ခဲ့တယ်၊
  • 3:43 - 3:45
    ငါ့ ကိုယ်ကို ဘယ်မှာထားလဲ။
  • 3:45 - 3:48
    ဒါနဲ့ ကိုယ့်ဘာသာတွေးမိတာက
  • 3:48 - 3:52
    Mississippi Delta ဟာ ငွေရှိတဲ့လူတွေ၊
    အခွင့်အရေးရှိတဲ့လူတွေ၊
  • 3:52 - 3:54
    ထွက်သွားတဲ့လူတွေရဲ့
  • 3:54 - 3:55
    နေရာတစ်ခုပါ။
  • 3:56 - 3:57
    ဆက်ကျန်နေရစ်တဲ့ သူတွေဟာ
  • 3:57 - 4:00
    ထွက်သွားဖို့ အခွင့်အလမ်းမရှိသူတွေပါ။
  • 4:01 - 4:03
    ကျွန်မက ထွက်သွားသူ မဖြစ်ချင်ခဲ့ဘူး။
  • 4:03 - 4:05
    ဆက်နေတဲ့ လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်။
  • 4:06 - 4:09
    တစ်ဘက်မှာကျတော့ ကျွန်မဟာ
    အထီးကျန်ပြီး ပင်ပန်းနေတယ်။
  • 4:09 - 4:13
    ဒါနဲ့ ဂုဏ်သတင်းကြီးတဲ့ ဥပဒဘွဲ့သာရရင်
    ပိုကြီးမားတဲ့ အတိုင်းအတာမှာ
  • 4:14 - 4:18
    ပြောင်းလဲတာ ငါပိုလုပ်နိုင်တယ်လို့
    ကိုယ့်ကိုယ်ကိုယ် အယုံသွင်းခဲ့တယ်။
  • 4:20 - 4:21
    ဒါနဲ့ ကျွန်မ ထွက်ခဲ့တယ်။
  • 4:23 - 4:24
    နောက်သုံးနှစ်ကြာတော့
  • 4:24 - 4:27
    ကျွန်မ ဥပဒေကျောင်းကနေ ဘွဲ့ရတော့မယ့်ဆဲဆဲမှာ
  • 4:27 - 4:29
    သူငယ်ချင်းက ကျွန်မကို ဖုန်းဆက်ပြီး
  • 4:29 - 4:33
    ပြောတာက Patrick ဟာ ရန်ဖြစ်ပြီး
    လူတစ်ယောက်ကို သတ်လိုက်တယ်တဲ့။
  • 4:35 - 4:37
    ကျွန်မဟာ ယူကျုံးမရဖြစ်သွားတယ်။
  • 4:37 - 4:40
    ကျွန်မရဲ့တစ်ပိုင်းက
    ဒါကို မယုံကြည့်ခဲ့ပေမဲ့
  • 4:40 - 4:43
    တစ်ပိုင်းက ဒါဟာ အမှန်လို့လည်း
    သိနေခဲ့တယ်။
  • 4:44 - 4:46
    ကျွန်မ Patrick ဆီ အပြေးအလွှားသွားပြီး
  • 4:47 - 4:49
    ထောင်မှာ သူကို သွားတွေ့ခဲ့တယ်။
  • 4:51 - 4:54
    ဒါဟာ အမှန်ပဲလို့ သူကျွန်မကို ပြောတယ်။
  • 4:54 - 4:57
    သူ လူတစ်ယောက်ကို သတ်ခဲ့တယ်ဆိုတာပါ။
  • 4:57 - 4:59
    ဒီအကြောင်းကို ထပ်ပြီး သူမပြောချင်ခဲ့ဘူး။
  • 5:00 - 5:02
    ကျောင်းနဲ့ ဖြစ်ပျက်ခဲ့တာကို မေးတော့
  • 5:02 - 5:06
    ကျွန်မထွက်သွားပြီး နောက်နှစ်မှာ
    သူ ကျောင်းကထွက်လိုက်တယိလို့ ပြောတယ်။
  • 5:06 - 5:09
    ဒီနောက်မှာ သူ ကျွန်မကို
    အခြားတစ်ခု ပြောချင်နေခဲ့တယ်။
  • 5:09 - 5:12
    သူ ငုံ့ပြီး ပြောတာက
    သူ့မှာ သိပ်မကြာခင်ကမှ မွေးတဲ့
  • 5:12 - 5:14
    သမီးလေးတစ်ယောက် ရှိတယ်တဲ့။
  • 5:14 - 5:16
    သူ့သမီးကို စိတ်မချရအောင်လုပ်မိသလို
    ခံစားရတယ်တဲ့။
  • 5:19 - 5:22
    ဒါပါပဲ၊ ကျွန်မတို့စကားပြောတာက
    ကမန်းကတန်း၊ ခွကျကျဖြစ်ခဲ့တယ်။
  • 5:23 - 5:28
    ကျွန်မ ထောင်ကနေလှမ်းအထွက်မှာ
    ကျွန်မရဲ့ကိုယ်တွင်းက အသံတစ်သံက ပြောတာက
  • 5:28 - 5:30
    "ပြန်လာခဲ့တော့၊
  • 5:30 - 5:33
    အခု ပြန်မလာရင်ဘယ်တော့မှ
    နင်ပြန်လာမှာမဟုတ်ဘူး"တဲ့။
  • 5:36 - 5:40
    ဒါနဲ့ ဥပဒေကျောင်းကနေ ဘွဲ့ရတဲ့အခါ
    ကျွန်မ ပြန်လာခဲ့တယ်။
  • 5:41 - 5:43
    Patrick ကို ပြန်သွားတွေ့တယ်။
  • 5:43 - 5:46
    သူ့အမှုနဲ့ပတ်သက်ပြီး ကူညီနိုင်မလား
    ဆိုပြီး ပြန်သွားတွေ့တယ်။
  • 5:47 - 5:50
    ဒီတစ်ကြိမ်မှာတော့
    သူ့ကို ဒုတိယအကြိမ်တွေတဲ့အခါ
  • 5:50 - 5:53
    ကျွန်မှာ ဒီစိတ်ကူးကြီးရှိတယ်
    ထင်ပြီး ပြောခဲ့တာက
  • 5:53 - 5:56
    "ဟေး၊ Patrick မင်းရဲ့သမီးကို
    စာတစ်စောင် ရေးလိုက်ပါလား။
  • 5:56 - 6:00
    သူ့ကို မင်းစိတ်ထဲမှာ ထားလို့ရတာပေါ့။"
  • 6:00 - 6:04
    ဒါနဲ့ သူ့ကို ဘောပင်နဲ့ စာရွက်တစ်ရွက်
    လှမ်းပေးလိုက်တော့
  • 6:04 - 6:05
    သူ စရေးခဲ့တယ်။
  • 6:07 - 6:09
    ဒါပေမဲ့ သူ ကျွန်မကို ပြန်ပေးတဲ့
    စာရွက်ကို မြင်တဲ့အခါ
  • 6:09 - 6:11
    ကျွန်မ လန့်သွားတယ်။
  • 6:13 - 6:15
    သူ့လက်ရေးကို ကျွန်မ မမှတ်မိခဲ့ဘူး၊
  • 6:15 - 6:18
    ရိုးရိုး စာလုံးပေါင်းတွေကို
    သူအမှားလုပ်ထားတယ်။
  • 6:19 - 6:22
    ဆရာမတစ်ယောက်အနေနဲ့
    ကိုယ့်ကိုယ်ကိုယ် တွေးမိတာက
  • 6:22 - 6:25
    ကျောင်းသားတစ်ယောက်ဟာ
    အလွန်တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ
  • 6:25 - 6:28
    သိသာစွာ တိုးတက်နိုင်တာသိပေမဲ့
  • 6:28 - 6:32
    ကျောင်းသားတစ်ယောက်ဟာ သိသာစွာ ဆုတ်ယုတ်
    နိုင်တယ်လို့တော့ တစ်ခါမှ မတွေးမိခဲ့တာပါ။
  • 6:34 - 6:36
    ကျွန်မကို ပိုနာကျင်စေတာက
  • 6:36 - 6:39
    သူ့သမီးဆီကို သူရေးထားတာ မြင်နေရတာပါ။
  • 6:40 - 6:41
    သူရေးထားတာက
  • 6:41 - 6:45
    "အဖေ့အမှားတွေအတွက် စိတ်မကောင်းပါဘူး။
    သမီးနားမှာ ရှိမနေတဲ့အတွက် စိတ်မကောင်းဘူး"
  • 6:46 - 6:49
    ဒါကတော့ သူ့သမီးအတွက်
    သူပြောဖို့လိုတယ်လို့ ခံစားမိတာအကုန်ပါ။
  • 6:50 - 6:55
    ဒါနဲ့ ကိုယ့်ဘာသာမေးမိတာက သူ့ကို
    ဒိထက်ပိုပြောဖို့ ဘယ်လိုစည်းရုံးနိုင်မလဲ၊
  • 6:55 - 6:58
    သူတောင်းပန်စရာမလိုတဲ့ သူကိုယ်တိုင်ရဲ့
    အစိတ်အပိုင်းတွေပေပါ့၊
  • 6:59 - 7:00
    သူ့မှာ သူ့သမီးနဲ့မျှဝေဖို့
  • 7:00 - 7:04
    ထိုက်တန်တာ တစ်ခုခုရှိတယ်လို့
    သူ့ကို ခံစားေစချင်တာပါ။
  • 7:06 - 7:09
    နောက် ခုနှစ်လလုံးလုံး နေ့တိုင်း
  • 7:09 - 7:12
    ကျွန်မ သူ့ကို သွားတွေ့ပြီး
    စာအုပ်တွေယူလာပေးခဲ့တယ်။
  • 7:12 - 7:16
    ကျွန်မရဲ့ဆာလာအိတ်က စာကြည့်တိုက်လေး
    ဖြစ်လာခဲ့တယ်။
  • 7:16 - 7:18
    James Baldwin ယူလာပေးတယ်၊
  • 7:18 - 7:23
    Walt Whitman နဲ့ C.S. Lewis ယူလာပေးတယ်။
  • 7:23 - 7:28
    အပင်တွေ၊ ငှက်တွေအတွက်
    လမ်းညွှန်စာအုပ်တွေ ယူလာပေးပြီး
  • 7:28 - 7:31
    သူ့အကြိုက်ဆုံးဖြစ်လာခဲ့တာကတော့
    အဘိဓာန်ပါ။
  • 7:32 - 7:33
    တစ်ချို့နေ့တွေမှာ
  • 7:33 - 7:37
    နှစ်ယောက်စလုံး စာတွေဖတ်ရင်း
    နာရီနဲ့ချီကာ တိတ်ဆိတ်စွာ ထိုင်ကြတယ်။
  • 7:38 - 7:40
    တစ်ချို့နေ့တွေမှာတော့
  • 7:40 - 7:43
    ကျွန်မတို့ စာအတူတူ ဖတ်ကြတယ်၊
    ကဗျာစာပေတွေဖတ်ကြတယ်။
  • 7:44 - 7:47
    ဟိုက္ကူ ကဗျာတွေ စဖတ်ဖြစ်ကြတယ်၊
    ရာနဲ့ချီတဲ့ ဟိုက်ကူကဗျာတွေပေါ့၊
  • 7:47 - 7:50
    ပုံပန်းအရတော့ ရိုးစင်းတဲ့
    လက်ရာတစ်ခုပါ။
  • 7:50 - 7:53
    ကျွန်မ မေးတာက "မင်းအကြိုက်ဆုံး
    ဟိုက္ကူကို ငါနဲ့ မျှဝေဦး။"
  • 7:53 - 7:56
    တစ်ချို့ဟာတွေကတော့ အတော့ကို ရယ်စရာပါ။
  • 7:56 - 7:58
    ဒီတော့ ဒါက Issa ရဲ့ လက်ရာပါ။
  • 7:58 - 8:02
    " မပူနဲ့ ပင့်ကူတို့
    ငါ အိမ်ကိုစောင့်တာ သာမန်ကာလျှံကာ"
  • 8:03 - 8:07
    ဒါက "နေ့ဝက် တစ်မှေးအိပ်၊
    ဘယ်သူမှ ငါ့ကို ဒဏ်မပေး"
  • 8:09 - 8:13
    ဒီထူးကဲတဲ့တစ်ပုဒ်ကတော့
    ပထမဆုံး နှင်းကျတဲ့အကြောင်းပါ။
  • 8:13 - 8:18
    "နှင်းခဲဦးလျက်တဲ့ သမင်တွေ
    တစ်ကောင်စီရဲ့ အမွှေးတွေကနေ"
  • 8:19 - 8:22
    ကဗျာတစ်ပုဒ် ပုံပန်းကကို
    လျှို့ဝှက်ဆန်းကျယ်ပြီး
  • 8:22 - 8:25
    ခမ်းနားတာတစ်ခုပါ။
  • 8:25 - 8:30
    စကားလုံးတွေကိုယ်၌လိုပဲ
    နေရာလပ်ဟာ အရေးပါပါတယ်။
  • 8:31 - 8:34
    W.S. Merwin ရဲ့ ဒီကဗျာကို
    ကျွန်မတို့ဖတ်ခဲ့တယ်၊
  • 8:34 - 8:38
    သူ့ဇနီး ဥယျာဉ်ထဲမှာ အလုပ်လုပ်နေတာမြင်ပြီး
    ကျန်တဲ့ အသက်တာကို
  • 8:38 - 8:42
    သူတို့ အတူတူကုန်ဆုံးသွားကြမယ်ဆိုတာ
    သဘောပေါက်ပြီး ရေးခဲ့တာပါ။
  • 8:43 - 8:46
    "ကိုယ်တို့ အလိုရှိတဲ့အခါ တစ်ခါ ပြန်လာပြီး
  • 8:46 - 8:49
    နွေဦးဖြစ်နေမှာပဲလို့ စိတ်ကူးကြည့်ပါရစေ၊
  • 8:49 - 8:52
    ခါတိုင်းဖြစ်ခဲ့တာထက် တို့တွေ
    ပိုမအိုမင်းတော့ဘူး"တဲ့။
  • 8:52 - 8:56
    ဖတ်ဖတ်မောနေတဲ့ ပူဆွေးဖွယ်အဖြစ်တွေ
    အစောပိုင်း တိမ်လိုလျော့ပါးသွားလိမ့်မယ်။
  • 8:56 - 9:00
    ဒီကနေ မနက်ခင်းဟာ
    ဖြည်းဖြည်းချင်း ဖြစ်တည်လာ"
  • 9:00 - 9:03
    သူ့အကြိုက်ဆုံးစာကြောင်းက ဘာလံလို့
    Patrick ကို ကျွန်မမေးတော့
  • 9:03 - 9:07
    "ခါတိုင်းဖြစ်ခဲ့တာထက် တို့တွေ
    ပိုမအိုမင်းတော့ဘူး"တဲ့။
  • 9:08 - 9:13
    ဒါက သူ ရပ်လိုက်တဲ့၊ အချိန်ဟာ
    အရေးမပါတော့တဲ့
  • 9:13 - 9:16
    နေရာတစ်နေရာကို သူ့ကို သတိရစေတယ်တံ့။
  • 9:16 - 9:18
    သူ့မှာ အဲဒီလို အချိန်ဟာ
    ထဝရ ရှိတဲ့နေရာရှိလား
  • 9:18 - 9:20
    သူ့ကို ကျွန်မ မေးလိုက်တယ်။
  • 9:20 - 9:22
    သူပြောတာက "ကျွန်တော့ အမေ"တဲ့။
  • 9:24 - 9:28
    ကဗျာတစ်ပုဒ်ကို အခြားသူ
    တစ်ယောက်နဲ့ အတူယှဉ်ပြီးဖတ်တဲ့အခါ
  • 9:28 - 9:30
    ကဗျာက အဓိပ္ပါယ်ပြောင်းသွားတယ်။
  • 9:31 - 9:36
    အကြောင်းက ဒီကဗျာက အဲဒီလူ ကိုယ်ပိုင်
    ဖြစ်လာလို့၊သင့် ကိုယ်ပိုင်ဖြစ်လာလို့ပါ။
  • 9:38 - 9:40
    ဒီနောက်၊ စာအုပ်တွေအများကြီး
    ကျွန်မတို့ဖတ်ကြတယ်။
  • 9:40 - 9:43
    Frederick Douglass ရဲ့ ဘဝမှတ်တမ်းကို
    ကျွန်မတို့ဖတ်တယ်၊
  • 9:43 - 9:47
    စာရေး၊စာဖတ်ကို သူ့ဘာသာ သင်ခဲ့တဲ့
    အမေရိကန် ကျွန်တစ်ယောက်ဖြစ်ပြီး
  • 9:47 - 9:50
    သူ့ရဲ့စာတတ်မှုကြောင့် လွတ်မြောက်ခဲ့သူပါ။
  • 9:52 - 9:55
    Frederick Douglass ကို သူရဲကောင်း
    လို့တွေးရင်း ကြီးပြင်းကာ
  • 9:55 - 9:58
    ဒီဇာတ်လမ်းကို အားတက်ခြင်းနဲ့
    မျှော်လင့်ချက် တစ်ခုအဖြစ် ထင်ခဲ့တယ်။
  • 9:59 - 10:02
    ဒါပေမဲ့ ဒီစာအုပ်က Patrick ကို
    ကြောက်စရာလို ဖြစ်စေခဲ့တယ်။
  • 10:03 - 10:08
    Douglass ပြောခဲ့တဲ့ ကျွန်တွေဟာ
    လွတ်လပ်မှုကို မဖြေရှင်းနိုင်တာ သက်သေပြဖို့
  • 10:08 - 10:11
    နည်းလမ်းအဖြစ်
    ခရစ်စမတ်အလွန်မှာ
  • 10:11 - 10:15
    ပိုင်ရှင်တွေက ကျွန်တွေကိုဂျင်အရက်ပေး
    ပုံ ဇာတ်လမ်းကို သူ ဥပါဒါန်ဖြစ်ခဲ့တယ်။
  • 10:15 - 10:17
    အကြောင်းက ကျွန်တွေဟာ ကွင်းထဲမှာ
    ဒယီးဒယိုင်ဖြစ်နေမှာမို့ပါ။
  • 10:20 - 10:22
    ဒါ သူပတ်သက်တယ်လို့
    Patrick က ပြောတယ်။
  • 10:22 - 10:26
    ထောင်ထဲမှာ နာကျင်လွန်းတာကြောင့်
    သူတို့ရဲ့အခြေအနေကို
  • 10:26 - 10:28
    မတွေးချင်တဲ့ ကျွန်တွေလို လူတွေရှိတယ်
  • 10:28 - 10:30
    လို့ သူပြောတယ်။
  • 10:30 - 10:32
    အတိတ်အကြောင်း တွေးဖို့
    နာကျင်လွန်းတာ၊
  • 10:32 - 10:35
    သူတို့ ဘယ်လောက်ထိ သွားဖို့လိုတာ
    တွေးဖို့ နာကျင်လွန်းတာပါ။
  • 10:37 - 10:40
    သူ့အကြိုက်ဆုံးစာကြောင်းက ဒါပါ။
  • 10:40 - 10:43
    "ဘာဖြစ်နေနေ၊ အရာတိုင်းက
    တွေးတာကို ရှင်းပစ်ဖို့ပဲ၊
  • 10:44 - 10:49
    ကျွန်တော့ကို နှိပ်စက်တဲ ကျွန်တော့အခြေအနေ
    အကြောင်း မဆုံးနိုင်အောင် တွေးခြင်းပါ"
  • 10:50 - 10:54
    Douglass ဟာ ရေးဖို့၊ ဆက်တွေးဖို့
    သတ္တိရှိတယ်လို့ Patrick က ပြောတယ်။
  • 10:55 - 11:01
    ဒါပေမဲ့ ကျွန်မအမြင် သူဟာ Douglass လို ဖြစ်
    နေပုံရတာ ဘယ်တော့မှ Patrick သိမှာမဟုတ်ပါ။
  • 11:01 - 11:04
    သူ့ကို ကြောက်ရွံ့စိတ်ဖြစ်စေတာတာတောင်
    ဘယ်လို သူဆက်ဖတ်နေတယ်ဆိုတာပါ။
  • 11:05 - 11:08
    မီးမရှိတဲ့ ကွန်ကရစ်လှေကား
    တစ်ခုမှာဖတ်ရင်း
  • 11:08 - 11:12
    ကျွန်မရဲ့အရင် သူဒီစာအုပ်ကို
    ဖတ်ပြီးခဲ့တယ်၊
  • 11:14 - 11:16
    ဒီနောက် ကျွန်မအကြိုက်ဆုံး
    စာအုပ်တစ်အုပ်ကို ဆက်ဖတ်ခဲ့တယ်။
  • 11:16 - 11:19
    Marilynne Robinson ရဲ့ "Gilead"ဟာ
  • 11:19 - 11:23
    အဖေတစ်ဦးကနေ သူ့သားကို ရေးတဲ့
    ချဲ့ထားတဲ့ စာတစ်စောင်ပါ။
  • 11:23 - 11:25
    သူ ဒီစာကြောင်းကို နှစ်သက်တယ်၊
  • 11:25 - 11:27
    "ငါ ဒါကိုရေးနေတာက မင်းရဲ့ဘဝမှာ
  • 11:27 - 11:31
    လုပ်ခဲ့တာတွေကို တွေးဖူးလားလို့
    တစ်စိတ်တစ်ပိုင်းသင့်ကို ပြောပြဖို့ပါ၊
  • 11:31 - 11:33
    ငါ့အတွက် ဘုရားသခင်
    ကျေးဇူးတော်မှာ ရှိဖူးတာ၊
  • 11:33 - 11:36
    အံ့ဖွယ်တစ်ခု၊ အံ့ဖွယ်ထက် ပိုတာတစ်ခုပေါ့။"
  • 11:37 - 11:43
    ဒီဘာသာစကားနဲ့ပတ်သက်တဲ့ တစ်ခုခု
    ၎င်းရဲ့အချစ်၊ ရမ်းရော်မှု၊၎င်းရဲ့အသံက
  • 11:43 - 11:46
    Patrick ရဲ့စာရေးဖို့ ဆန္ဒကို
    အသက်သွင်းပေးတယ်။
  • 11:46 - 11:49
    သူ့သမီးဆီရေးတဲ့စာတွေနဲ့ မှတ်စုစာအုပ်တွေ
  • 11:49 - 11:53
    တစ်အုပ်ပြီးတစ်အုပ် သူဖြည့်လိမ့်မယ်။
  • 11:53 - 11:56
    ဒီလှပ၊ အနုစိတ်တဲ့ စာတွေထဲမှာ
  • 11:56 - 12:02
    သူနဲ့ သူ့သမီး Mississippi မြစ်ထဲမှာ
    လှေစီး ဆင်းသွားနေတာ သူစိတ်ကူးကြည့်မိမယ်။
  • 12:02 - 12:05
    သူတို့တွေ ပကတိ ကြည်လင်တဲ့ရေနဲ့
    တောင်ပေါ် စမ်းချောင်းတစ်ခု
  • 12:05 - 12:07
    ရှာနေတာကို သူစိတ်ကူးကြည့်မိမယ်။
  • 12:08 - 12:10
    Patrick ရေးတာ စောင့်ကြည့်ရင်း
  • 12:11 - 12:13
    ကိုယ့်ဘာသာ တွေးမိပြီး
  • 12:13 - 12:15
    အခု အားလုံးကို မေးမှာက
  • 12:16 - 12:21
    သင် စိတ်ပျက်အောင်လုပ်မိတဲ့ လူတစ်ယောက်ဆီကို
    ဘယ်နှစ်ယောက်များ စာရေးဖူးကြလဲလို့ပါ။
  • 12:22 - 12:27
    ဒါက လူတွေကို စိတ်ထဲကနေ ထုတ်ပစ်ဖို့ထက်
    အများကြီးလွယ်ပါတယ်။
  • 12:28 - 12:33
    ဒါပေမဲ့ Patrick ကတော့ နေ့တိုင်းရောက်
    လာတယ်၊ သူ့သမီးကို မျက်နှာမူရင်း၊
  • 12:33 - 12:36
    သူ့သမီးကို ကိုယ်တိုင် တာဝန်ခံရင်း
  • 12:36 - 12:39
    စကားတစ်လုံးချင်း
    ထက်သန်တဲ့ အာရုံစိုက်မှုနဲ့ပါ။
  • 12:42 - 12:45
    ကျွန်မရဲ့ ကိုယ်ပိုင်ဘဝမှာ ဖြစ်ချင်တာက
  • 12:46 - 12:49
    ဒီနည်းနဲ ကိုယ့်ကိုယ် တာဝန်ယူဖို့ပါ။
  • 12:49 - 12:53
    အကြောင်းက ဒီစွန့်စားမှုဟာ လူတစ်ဦးရဲ့
    နှလုံးသားရဲ့အင်အားကို ဖော်ပြလို့ပါ။
  • 12:57 - 13:01
    ကျွန်မ နောက်တစ်လှမ်းဆုတ်ပြီး
    ကသိကအောက်ဖြစ်တဲ့ မေးခွန်းတစ်ခု မေးပါရစေ။
  • 13:01 - 13:04
    ဒီ Patrick ဇာတ်လမ်းထဲကလို
    ကျွန်မ ဘယ်သူ့ကို ဒီဇာတ်လမ်းပြောရမှာလဲ။
  • 13:06 - 13:09
    Patrick ဟာ ဒီနာကျင်မှုနဲ့ ရှင်သန်ခဲ့သူ
    တစ်ယောက်ဖြစ်ပြီး
  • 13:09 - 13:13
    ကျွန်မက ဘဝမှာ တစ်ရက်မှ
    ငတ်မနေခဲ့ဖူးဘူးလေ။
  • 13:15 - 13:17
    ဒီမေးခွန်းကို အတော် စဉ်းစားခဲ့ပေမဲ့
  • 13:17 - 13:21
    ကျွန်မပြောချင်တာက ဒီဇာတ်လမ်းဟာ
    Patrick အကြောင်းသက်သက်မဟုတ်ပဲ မဟုတ်ဘူး။
  • 13:21 - 13:22
    ကျွန်မတို့တွေရဲ့အကြောင်းပါ။
  • 13:22 - 13:25
    ကျွန်မတို့တွေကြားက မညီမျှမှုအကြောင်းပါ။
  • 13:26 - 13:27
    Patrick နဲ့ သူ့မိဘတွေ၊
  • 13:28 - 13:32
    သူ့ဘိုးဘွားတွေ ပိတ်ဆို့ခံထားရတဲ့
  • 13:32 - 13:34
    အလျှံပယ်မှုရဲ့ကမ္ဘာပါ။
  • 13:34 - 13:37
    ဒီဇာတ်လမ်းမှာ ကျွန်မဟာ
    ဒီအလျှံပယ်မှုရဲ့ လောကကို ကိုယ်စားပြုတယ်၊
  • 13:38 - 13:42
    ဒီဇာတ်လမ်းကို ပြောရာမှာ
    ကျွန်မကိုယ် ကျွန်မ ဖုံးကွယ်မထားချင်ဘူး။
  • 13:42 - 13:44
    ကျွန်မမှာ တကယ်ရှိတဲ့အစွမ်းကို ဖုံးတာပါ။
  • 13:45 - 13:49
    ဒီဇာတ်လမ်းကို ပြောပြရာမှာ
    ကျွန်မဟာ ဒီအစွမ်းကို ဖော်ပြချင်ပြီး
  • 13:49 - 13:51
    နောက် မေးချင်တာက
  • 13:51 - 13:54
    ကျွန်မတိုကြားက အကွာအဝေးကို
    ဘယ်လို လျော့နည်းအောင် လုပ်ကြလဲ။
  • 13:56 - 14:00
    စာဖတ်ခြင်းဟာ အကွာအဝေးကို
    နီးလာဖို့ နည်းလမ်းတစ်ခုပါ။
  • 14:00 - 14:04
    ဒါက ကျွန်မတို့ အတူတကွ မျှဝေနိုင်တဲ့
    တူညီစွာ မျှဝေနိုင်တဲ့ တိတ်ဆိတ်တဲ့
  • 14:04 - 14:07
    စကြာဝဠာတစ်ခု ကျွန်မတို့ကိုပေးတယ်။
  • 14:08 - 14:12
    အခုအခါမှာ Patrick ဘာဖြစ်ခဲ့တယ်ဆိုတာ
    သင်တို့ တွေးမိနေလောက်တယ်။
  • 14:12 - 14:13
    စာဖတ်ခြင်းက သူ့ဘဝကို ကယ်တင်ခဲ့လား။
  • 14:15 - 14:17
    ကယ်ခဲ့ပါတယ်၊ မကယ်ခဲ့ပါဘူး။
  • 14:18 - 14:21
    Patrick ထောင်ကထွက်တော့
  • 14:21 - 14:23
    သူ့ခရီးက မခံမရပ်နိုင်အောင်ပါ။
  • 14:24 - 14:28
    အလုပ်ရှင်တွက သူ့မှတ်တမ်းကြောင့်
    သူ့ကို နှင်ထုတ်ကြတယ်၊
  • 14:28 - 14:31
    သူ့အခင်ဆုံးမိတ်ဆွေ၊ သူ့အမေဟာ
    နှလုံးရောဂါနဲ့ ဆီးချိုကြောင့်
  • 14:31 - 14:33
    အသက် ၄၃ မှာ သေဆုံးခဲ့တယ်။
  • 14:33 - 14:36
    သူဟာ အိမ်ယာမဲ့ဖြစ်ဖူးတယ်၊ ထမင်းငတ်ဖူးတယ်။
  • 14:38 - 14:43
    ဒါနဲ့ ကျွန်မအတွက် ချဲ့ကားတယ်လို့ခံစားရတဲ့
    စာဖတ်ခြင်းငို လူတွေက မျိုးစုံပြောတယ်။
  • 14:44 - 14:48
    စာဖတ်တတ်တာက ခွဲခြားဆက်ဆံ
    ခံရတာကနေ သူ့ကို မတားဆီးပေးခဲ့ဘူး။
  • 14:48 - 14:50
    သူ့အမေကို သေရာကနေ
    မတားဆီးပေးခဲ့ဘူး။
  • 14:52 - 14:54
    ဒီတော့ စာဖတ်ခြင်းက ဘာလုပ်နိုင်လဲ။
  • 14:55 - 14:59
    ဒီနေ့နဲ့ အဆုံးသတ်ဖို့
    ကျွန်မမှာ အဖြေအနည်းငယ်ရှိတယ်။
  • 15:01 - 15:03
    စာဖတ်ခြင်းက သူ့ရဲ့သိုဝှက်ထားတဲ့
    ဘဝကို
  • 15:05 - 15:08
    ဆန်းကျယ်မှုနဲ့၊ စိတ်ကူးနဲ့၊ လှပမှုနဲ့
  • 15:08 - 15:09
    ပြောင်းလဲပေးခဲ့တယ်။
  • 15:10 - 15:15
    စာဖတ်ခြင်းက သူကို ပျော်ရွှင်မှုပေးခဲ့တဲ့
    ပုံရိပ်တွေ သူ့ကိုပေးခဲ့တယ်၊
  • 15:15 - 15:21
    တောင်၊ သမုဒ္ဒရာ၊ သမင်၊ နှင်းခဲတို့ပါ။
  • 15:21 - 15:25
    လွတ်လပ်တဲ့ သဘာဝလောက တစ်ခုရဲ့
    အရသာပေးတဲ့ စကားလုံးတွေပါ။
  • 15:28 - 15:31
    စာဖတ်ခြင်းက သူဆုံးရှုံးခဲ့တာအတွက်
    ဘာသာစကားတစ်ခု သူ့ကို ပေးခဲ့တယ်။
  • 15:31 - 15:36
    ကဗျာဆရာ Derek Walcott ရဲ့ ဒီစာကြောင်း
    တွေဟာ ဘယ်လောက်အဖိုးတန်လိုက်သလဲ။
  • 15:36 - 15:38
    Patrick ဟာ ဒီကဗျာကို အလွတ်ကျက်ခဲ့တယ်။
  • 15:38 - 15:40
    "ငါ ဆုပ်ကိုင်ထားတဲ့ နေ့တွေ၊
  • 15:40 - 15:42
    ငါ ဆုံးရှုံးသွားတဲ့ နေတွေ၊
  • 15:42 - 15:46
    ပိုထွားလာတဲ့ နေ့တွေ၊ သမီးတွေလိုပဲ၊
  • 15:46 - 15:48
    ငါ့ရဲ့ ခိုအောင်းရာ လက်မောင်းတွေ၊"
  • 15:49 - 15:52
    စာဖတ်ခြင်းဟာ သူ့ကို ကိုယ်ပိုင်သတ္တိပေးတယ်။
  • 15:52 - 15:55
    နာကျင်စရာကောင်းတာတောင်မှ
    Frederick Douglass ကို
  • 15:55 - 15:57
    သူဆက်ဖတ်နေတာကိုသတိရပါ။
  • 15:57 - 16:01
    နာကျင်မှုကို သတိပြုမိနေတာတောင်
    သူဟာ ဆက်လက် သတိရှိနေတယ်။
  • 16:02 - 16:05
    စာဖတ်ခြင်းဟာ တွေးတောခြင်း ပုံစံတစ်ခုပါ၊
  • 16:05 - 16:09
    ဒါကြောင့်ပဲ တွေးဖို့လိုတာကြောင့်
    ဖတ်ဖို့ ခက်ခဲရတာပါ။
  • 16:09 - 16:13
    Patrick က မတွေးတာထက်စာရင်
    တွေးဖို့ ရွေးချယ်ခဲ့တယ်။
  • 16:16 - 16:20
    နောက်ဆုံးမှာ စာဖတ်ခြင်းက သူ့သမီးကို
    စကားပြောဖို့ ဘာသာစကားတစ်ခု သူ့ကိုပေးတယ်
။
  • 16:21 - 16:25
    စာဖတ်ခြင်းက စာရေးချင်စိတ်ဖြစ်ဖို့
    သူ့ကို စေ့ဆော်ပေးတယ်။
  • 16:25 - 16:29
    စာဖတ်ခြင်းနဲ့ စာရေးခြင်းကြားက
    ကွင်းဆက်ဟာ အင်မတန် အားကောင်းပါတယ်။
  • 16:29 - 16:31
    ကျွန်မတို့ စာစဖတ်တဲ့အခါ
  • 16:31 - 16:33
    စကားလုံးတွေကို စတွေ့ပါတယ်။
  • 16:34 - 16:39
    ဒီနှစ်ခုကို အတူတူ
    စိတ်ကူးကြည့်ဖို့၊ သူ့သမီးကို
  • 16:39 - 16:40
    ဘယ်လောက်ချစ်တာ ပြောပြဖို့
  • 16:42 - 16:44
    စကားလုံးတွေ တွေ့ခဲ့တယ်။
  • 16:46 - 16:50
    စာဖတ်ခြင်းဟာကျွန်မတို့ တစ်ဦးနဲ့တစ်ဦးရဲ့
    ဆက်ဆံရေးကိုလည်း ပြောင်းလဲစေတယ်။
  • 16:50 - 16:52
    ဒါက ကျွန်မတို့ သဘောထား
    တွေကို ကျော်မြင်ဖို့
  • 16:52 - 16:55
    ရင်းနှီးမှုအတွက် အခွင့်တစ်ခု
    ကျွန်မတို့ကို ပေးခဲ့တယ်။
  • 16:55 - 16:58
    စာဖတ်ခြင်းဟာ မညီမျှတဲ့ ဆက်ဆံရေးကို
    ယူသွားပြီး
  • 16:58 - 17:00
    တဒင်္ဂသာကြာတဲ့ ညီမျှမှုကို ပေးခဲ့တယ်။
  • 17:02 - 17:05
    စာဖတ်သူတစ်ဦးလို လူတစ်ယောက်နဲ့
    တွေ့ဆုံတဲ့အခါ
  • 17:05 - 17:07
    သူ့ကို ပထမဆုံးအကြိမ်အဖြစ်
    လောလောလတ်လတ်
  • 17:07 - 17:09
    ပူပူနွေးနွေး သင် တွေ့ဆုံတာပါ၊
  • 17:10 - 17:13
    သူ့ရဲ့အကြိုက်ဆုံး စာကြောင်းက
    ဘာဖြစ်မယ်ဆိုတာတာ သင်သိနိုင်စရာမရှိဘူး။
  • 17:14 - 17:18
    ဘယ် သတိရမှုတွေ၊ ကိုယ်ရေးကိုယ်တာ
    သောကတွေ သူမှာရှိတာကိုပေါ့။
  • 17:19 - 17:23
    သူ့ရဲ့ သိုဝှက်ထားတဲ့ဘဝရဲ့ အဆုံးစွန်
    သီးသန့်ဖြစ်တည်မှုကို သင် ရင်ဆိုင်ရတယ်။
  • 17:24 - 17:27
    ဒီနောက်မှာ သင်စတွေးမိတာက
    "ငါ့ရဲ့ သိုဝှက်ထားတဲ့ဘဝကဘာနဲ့လုပ်ထားလဲ၊
  • 17:27 - 17:30
    ငါ့မှာ အခြားသူတစ်ယောက်နဲ့
    မျှဝေထိုက်တာ ဘာရှိပါလိမ့်"လို့ပေါ့။
  • 17:33 - 17:34
    သူ့သမီးဆီရေးတဲ့ Patrick ရဲ့
  • 17:36 - 17:40
    စာတွေထဲက ကျွန်မအကြိုက်ဆုံး
    စာကြောင်းတစ်ချို့နဲ့ နိဂုံးချုပ်ချင်ပါတယ်။
  • 17:41 - 17:44
    "မြစ်ဟာ တစ်ချို့နေရာတွေမှာ
    အရိပ်ထိုးနေပေမဲ့
  • 17:44 - 17:47
    သစ်ပင်တွေရဲ့ ဟကြောင်းတွေကနေ
    အလင်းရောင် ထိုးကျနေတယ်။
  • 17:47 - 17:51
    တစ်ချို့သစ်ကိုင်းတွေပေါ်မှာ
    ပိုးစာသီးတွေ အများကြီး တွဲကျနေတယ်။
  • 17:51 - 17:54
    တစ်ချိုကို ဆွတ်ယူဖို့ သင့်လက်မောင်းကို
    သင် ဆန့်ထုတ်လိုက်တယ်။"
  • 17:56 - 17:58
    ဒီချစ်စရာ စာမှာ သူရေးတာက
  • 17:58 - 18:03
    "သင့်မျက်လုံးတွေကို မှိတ်ပြီး
    စကားလုံးတွေရဲ့ အသံတွေကို နားထောင်ပါ။
  • 18:03 - 18:05
    ကျွန်မ ဒီကဗျာကို အလွတ်ရတယ်၊
  • 18:05 - 18:08
    သင်တို့ကိုလည်း သိစေချင်ပါတယ်။"
  • 18:09 - 18:11
    အားလုံးကို ကျေးဇူးတင်ပါတယ်။
  • 18:11 - 18:14
    (လက်ခုပ်သံများ)
Title:
စာဖတ်ခြင်းရဲ့ ကုစားပေးနိုင်တဲ့ စွမ်းအား။
Speaker:
Michelle Kuo
Description:

စာဖတ်ခြင်းနဲ့ စာရေးခြင်းဟာ ကျွန်ုပ်တို့ကို အခြားသူတွေနဲ့ ကျွန်တော်တို့ ကိုယ်တိုင်ဆီကို ပိုပြီးနီစပ်အောင် ဆောင်ကြဉ်းပေးတဲ့ သတ္တိရဲ့လုပ်ဆောင်ချက်တွေပါ။ စာရေးဆရာမ Michelle Kuo နေပြီး Mississippi Delta က သူ့ကျောင်းသားတွေကို စာဖတ် ကျွမ်းကျင်မှုတွေ သင်ပေးခြင်းက အရေး စကားလုံးရဲ့ ဖြည့်ဆည်းပေးတဲ့အစွမ်းသာမက ၎င်းအစွမ်းရဲ့ ကန့်သတ်ချက်တွေကို လှစ်ဟပြပေးခဲ့ပုံကို မျှဝေထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
18:27

Burmese subtitles

Revisions