YouTube

Got a YouTube account?

New: enable viewer-created translations and captions on your YouTube channel!

Burmese subtitles

← စာဖတ်ခြင်းရဲ့ ကုစားပေးနိုင်တဲ့ စွမ်းအား။

Get Embed Code
35 Languages

Showing Revision 24 created 06/21/2019 by sann tint.

  1. ဒီနေ့ ကျွန်မ ဟောပြောချင်တာက စာဖတ်ခြင်းဟာ
    ကျွန်မတို့ရဲ့ဘဝကိုပြောင်းလဲပေးနိုင်ပုံနဲ့
  2. ဒီအပြောင်းအလဲရဲ့
    ကန့်သတ်ချက်တွေအကြောင်းပါ။
  3. စာဖတ်ခြင်းဟာ အားကောင်းတဲ့ လူသား
    ဆက်သွယ်မှုရဲ့ မျှဝေလို့ရတဲ့ ကမ္ဘာတစ်ခုကို
  4. ကျွန်မတို့ကို ပေးနိုင်ပုံ
    အကြောင်းကို ပြောပြချင်ပါတယ်။
  5. ဒါ့အပြင် ဒီဆက်သွယ်မှုဟာ အမြဲတမ်း
    နှစ်ခြိုက်စရာကောင်းပုံကိုပါ။
  6. စာဖတ်ခြင်းဟာ နောက်ဆုံးမှာ အထီးကျန်ပြီး
    တစ်ဦးချင်းထူးခြားတဲ့ အရာပါ။
  7. ကျွန်မဘဝကို ပြောင်းလဲပေးတဲ့ စာရေးဆရာက

  8. ကြီးကျယ်တဲ့ အာဖရိကန် အမေရိကန်
    ဝတ္ထုရေးဆရာ James Baldwin ပါ။
  9. ၁၉၈၀ နှစ်လွန်တွေက Western Michigan မှာ
    ကျွန်မ ကြီးပြင်းလာတော့
  10. လူမှုပြောင်းလဲရေးကို စိတ်ဝင်စားကြတဲ့
    အာရှသား စာရေးဆရာတွေ အများကြီးရှိပါတယ်။
  11. ဒါနဲ့ James Baldwin ဘက်ကို လှည့်လိုက်ဖို့
    ကျွန်မ တွေးမိတယ်၊
  12. ဒီဟာကွက်ကိုဖြည့်ဖို့ နည်းတစ်ခု၊ လူမျိုးရေး
    သတိရှိတာ ခံစားမိဖို့ နည်းတစ်ခုအဖြစ်နဲ့ပါ။
  13. ဒါပေမဲ့ ဖြစ်နိုင်တာက ကျွန်မကိုယ်တိုင်
    အာဖရိကန် အမေရိကန်မဟုတ်တာ သိတဲ့အတွက်
  14. သူ့ရဲ့စကားလုံးတွေက ကျွန်မကို စိန်ခေါ်ပြီး
    စွဲချက်တင်နေတယ်လို့ ခံစားရတယ်။
  15. အထူးသဖြင့် ဒီစကားလုံးတွေပေါ့။
  16. "မွန်ရည်တဲ့ သဘောထားအားလုံးရှိတဲ့
    သဘောထားကြီးသူတွေဆိုပေမဲ့
  17. တကယ့် ခံယူချက်တွေတော့ မဟုတ်ဘူး။
  18. ကိုယ်ရေးကြုံပြီး ဒါတွေကို တစ်နည်းနည်းနဲ့
    မျေှာ်လင့်တဲ့အတိုင်း ပေးအပ်ရမယ့်အခါမှာ
  19. ဘာကြောင့်မှန်းမသိ အဲဒီမှာ
    သူတို့ ရှိမနေကြဘူး။"
  20. ဘာကြောင့်မှန်းမသိ အဲဒီမှာ
    သူတို့ ရှိမနေကြဘူး။
  21. ဒီစကာလုံးတွေကို တိုက်ရိုက်ပဲ
    ကျွန်မယူလိုက်တယ်။
  22. ကိုယ့်ကိုယ်ကို ဘယ်မှာ ထားသင့်သလဲ။
  23. ကျွန်မ Mississippi Delta ကို သွားခဲ့တယ်၊

  24. အမေရိကန်ပြည်ထောင်စုမှာ အဆင်းရဲဆုံး
    ဒေသတွေထဲက တစ်ခုပေါ့။

  25. ဒါက အားကောင်းတဲ့ သမိုင်းနဲ့
    ပုံဖော်ထားတဲ့နေရာပါ။
  26. ၁၉၆၀ နှစ်လွန်တွေမှာ အာဖရိကန်၊အမေရိကန်တွေဟာ
    ပညာရေးနဲ့ မဲပေးခွင့်အတွက် တိုက်ပွဲဝင်ဖို့
  27. အသက်တွေစွန့်ခဲ့တယ်။
  28. ကျွန်မ ငယ်ရွယ်တဲ့ ဆယ်ကျော်သက်တွေ
    သင်တန်းအောင်ပြီး
  29. ကောလိပ်တက်တာ ကူညီဖို့ ဒီပြောင်းလဲမှုရဲ့
    တစ်စိတ်တစ်ပိုင်းဖြစ်ချင်ခဲ့တယ်။
  30. ကျွန်မ Mississippi Delta ကိုရောက်တော့
  31. နွမ်းပါးဆဲ၊ ခွဲခြားခံရဆဲ၊
  32. သိသာစွာ ပြောင်းလဲမှု လိုအပ်ဆဲ
  33. နေရာတစ်နေရာပါ။
  34. ကျွန်မ တာဝန်ကျတဲ့ ကျွန်မရဲ့ကျောင်းမှာ

  35. စာကြည့်တိုက်မရှိ၊
    လမ်းညွှန်အကြံပေးမရှိပေမဲ့
  36. ရဲအရာရှိတစ်ယောက်တော့ရှိတယ်။
  37. ဆရာတွေ တစ်ဝက်က အစားထိုးတာတွေဖြစ်ပြီး
  38. ကျောင်းသားတွေ ခိုက်ရန်ဖြစ်တဲ့အခါ
  39. ကျောင်းက သူတို့ကို ဒေသတွင်းက
    အကျဉ်းထောင်ကိုပို့တယ်။
  40. ဒါက ကျွန်မ Patrick ကို
    တွေ့ဆုံခဲ့တဲ့ ကျောင်းပါ။

  41. သူက အသက် ၁၅ နှစ်ဖြစ်ပြီး နှစ်ခါ
    ထိန်းသိမ်းခံရတယ်၊ သူက အဌမတန်းမှာပါ။
  42. သူဟာ တိတ်ဆိတ်ပြီး အတွေးနယ်ချဲ့နေတတ်တယ်၊
  43. အမြဲတမ်း လေးလေးနက်နက်တွေးနေသလိုပေါ့။
  44. ပြီးတေ့ သူများတွေ ရန်ဖြစ်တာ
    မြင်ရတာ မုန်းတယ်။
  45. တစ်ခါက ရန်ဖြစ်နေတဲ့ မိန်းကလေး
    နှစ်ယောက်ကြားထဲ သူခုန်ဝင်ပြီး
  46. သူဘာသာ မြေပေါ်ကို လှဲချလိုက်တာ
    ကျွန်မ မြင်ခဲ့တယ်။
  47. Patrick မှာ ပြဿနာတစ်ခုရှိခဲ့တယ်။
  48. သူကျောင်းကို မလာပဲနေတာပါ။
  49. ကျောင်းက စိတ်မချမ်းသာစရာပဲလို့
    တစ်ခါတစ်လေ သူပြောတယ်၊
  50. အကြောင်းက လူတွေဟာ အမြဲ ရန်ဖြစ်နေပြီး
    ဆရာတွေက ထွက်နေတာကြောင့်ပါ။
  51. ဒါ့အပြင် သူ့အမေက အလုပ်နှစ်ခုလုပ်ပြီး သူ
    ကျောင်းလာအောင်လုပ်ဖို့ ပင်ပန်းလွန်းလို့ပါ။
  52. ဒီတော့ သူကျောင်းလာအောင်လုပ်ဖို့
    ကျွန်မ တာဝန်ယူလိုက်တယ်။
  53. အကြောင်းက ကျွန်မဟာ ရူးသွပ်တဲ့ ၂၂ နှစ်အရွယ်
    စိတ်အားထက်သန်တဲ့ အကောင်းမြင်သူဖြစ်လို့ပါ။
  54. ကျွန်မရဲ့ဗျူဟာက
    သူ့အိမ်ရှေ့မှာ အရောင်ပြပြီး
  55. "ဟေး၊ ကျောင်းသွားတက်လိုက်လေ"
    လို့ ပြောတာပါ။
  56. ဒီဗျူဟာက တကယ်ပဲ အလုပ်ဖြစ်ခဲ့တယ်၊
  57. သူကျောင်းကို နေ့တိုင်းလာတော့တာပဲ။
  58. နောက် သူဟာ ကျွန်မအတန်းမှာ
    စတင်ဖြစ်ထွန်းလာတယ်။
  59. ကဗျာတွေ သူရေးနေခဲ့တယ်၊
    စာအုပ်တွေ သူဖတ်နေခဲ့တယ်။
  60. ကျောင်းကို နေ့တိုင်းလာနေတာပဲ။
  61. Patrick ကို ဘယ်လိုဆက်သွယ်မလဲ

  62. လို့ကျွန်မ မှန်းဆမိတဲ့တစ်ချိန်တည်းလောက်မှာ
  63. ကျွန်မဟာ Harvard ဥပဒေကျောင်း
    ဝင်ခွင့်ရခဲ့တယ်၊
  64. တစ်ခါ ကိုယ့်ကိုယ်ကိုယ် ဘယ်မှာထားသင့်လဲ
    မေးခွန်းကိုရင်ဆိုင်ခဲ့တယ်၊
  65. ငါ့ ကိုယ်ကို ဘယ်မှာထားလဲ။
  66. ဒါနဲ့ ကိုယ့်ဘာသာတွေးမိတာက
  67. Mississippi Delta ဟာ ငွေရှိတဲ့လူတွေ၊
    အခွင့်အရေးရှိတဲ့လူတွေ၊
  68. ထွက်သွားတဲ့လူတွေရဲ့
  69. နေရာတစ်ခုပါ။
  70. ဆက်ကျန်နေရစ်တဲ့ သူတွေဟာ
  71. ထွက်သွားဖို့ အခွင့်အလမ်းမရှိသူတွေပါ။
  72. ကျွန်မက ထွက်သွားသူ မဖြစ်ချင်ခဲ့ဘူး။
  73. ဆက်နေတဲ့ လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်။
  74. တစ်ဘက်မှာကျတော့ ကျွန်မဟာ
    အထီးကျန်ပြီး ပင်ပန်းနေတယ်။
  75. ဒါနဲ့ ဂုဏ်သတင်းကြီးတဲ့ ဥပဒဘွဲ့သာရရင်
    ပိုကြီးမားတဲ့ အတိုင်းအတာမှာ
  76. ပြောင်းလဲတာ ငါပိုလုပ်နိုင်တယ်လို့
    ကိုယ့်ကိုယ်ကိုယ် အယုံသွင်းခဲ့တယ်။
  77. ဒါနဲ့ ကျွန်မ ထွက်ခဲ့တယ်။
  78. နောက်သုံးနှစ်ကြာတော့

  79. ကျွန်မ ဥပဒေကျောင်းကနေ ဘွဲ့ရတော့မယ့်ဆဲဆဲမှာ
  80. သူငယ်ချင်းက ကျွန်မကို ဖုန်းဆက်ပြီး
  81. ပြောတာက Patrick ဟာ ရန်ဖြစ်ပြီး
    လူတစ်ယောက်ကို သတ်လိုက်တယ်တဲ့။
  82. ကျွန်မဟာ ယူကျုံးမရဖြစ်သွားတယ်။
  83. ကျွန်မရဲ့တစ်ပိုင်းက
    ဒါကို မယုံကြည့်ခဲ့ပေမဲ့
  84. တစ်ပိုင်းက ဒါဟာ အမှန်လို့လည်း
    သိနေခဲ့တယ်။
  85. ကျွန်မ Patrick ဆီ အပြေးအလွှားသွားပြီး
  86. ထောင်မှာ သူကို သွားတွေ့ခဲ့တယ်။
  87. ဒါဟာ အမှန်ပဲလို့ သူကျွန်မကို ပြောတယ်။
  88. သူ လူတစ်ယောက်ကို သတ်ခဲ့တယ်ဆိုတာပါ။
  89. ဒီအကြောင်းကို ထပ်ပြီး သူမပြောချင်ခဲ့ဘူး။
  90. ကျောင်းနဲ့ ဖြစ်ပျက်ခဲ့တာကို မေးတော့
  91. ကျွန်မထွက်သွားပြီး နောက်နှစ်မှာ
    သူ ကျောင်းကထွက်လိုက်တယိလို့ ပြောတယ်။
  92. ဒီနောက်မှာ သူ ကျွန်မကို
    အခြားတစ်ခု ပြောချင်နေခဲ့တယ်။

  93. သူ ငုံ့ပြီး ပြောတာက
    သူ့မှာ သိပ်မကြာခင်ကမှ မွေးတဲ့
  94. သမီးလေးတစ်ယောက် ရှိတယ်တဲ့။
  95. သူ့သမီးကို စိတ်မချရအောင်လုပ်မိသလို
    ခံစားရတယ်တဲ့။
  96. ဒါပါပဲ၊ ကျွန်မတို့စကားပြောတာက
    ကမန်းကတန်း၊ ခွကျကျဖြစ်ခဲ့တယ်။
  97. ကျွန်မ ထောင်ကနေလှမ်းအထွက်မှာ
    ကျွန်မရဲ့ကိုယ်တွင်းက အသံတစ်သံက ပြောတာက

  98. "ပြန်လာခဲ့တော့၊
  99. အခု ပြန်မလာရင်ဘယ်တော့မှ
    နင်ပြန်လာမှာမဟုတ်ဘူး"တဲ့။
  100. ဒါနဲ့ ဥပဒေကျောင်းကနေ ဘွဲ့ရတဲ့အခါ
    ကျွန်မ ပြန်လာခဲ့တယ်။
  101. Patrick ကို ပြန်သွားတွေ့တယ်။
  102. သူ့အမှုနဲ့ပတ်သက်ပြီး ကူညီနိုင်မလား
    ဆိုပြီး ပြန်သွားတွေ့တယ်။
  103. ဒီတစ်ကြိမ်မှာတော့
    သူ့ကို ဒုတိယအကြိမ်တွေတဲ့အခါ
  104. ကျွန်မှာ ဒီစိတ်ကူးကြီးရှိတယ်
    ထင်ပြီး ပြောခဲ့တာက
  105. "ဟေး၊ Patrick မင်းရဲ့သမီးကို
    စာတစ်စောင် ရေးလိုက်ပါလား။
  106. သူ့ကို မင်းစိတ်ထဲမှာ ထားလို့ရတာပေါ့။"
  107. ဒါနဲ့ သူ့ကို ဘောပင်နဲ့ စာရွက်တစ်ရွက်
    လှမ်းပေးလိုက်တော့
  108. သူ စရေးခဲ့တယ်။
  109. ဒါပေမဲ့ သူ ကျွန်မကို ပြန်ပေးတဲ့
    စာရွက်ကို မြင်တဲ့အခါ

  110. ကျွန်မ လန့်သွားတယ်။
  111. သူ့လက်ရေးကို ကျွန်မ မမှတ်မိခဲ့ဘူး၊
  112. ရိုးရိုး စာလုံးပေါင်းတွေကို
    သူအမှားလုပ်ထားတယ်။
  113. ဆရာမတစ်ယောက်အနေနဲ့
    ကိုယ့်ကိုယ်ကိုယ် တွေးမိတာက
  114. ကျောင်းသားတစ်ယောက်ဟာ
    အလွန်တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ
  115. သိသာစွာ တိုးတက်နိုင်တာသိပေမဲ့
  116. ကျောင်းသားတစ်ယောက်ဟာ သိသာစွာ ဆုတ်ယုတ်
    နိုင်တယ်လို့တော့ တစ်ခါမှ မတွေးမိခဲ့တာပါ။
  117. ကျွန်မကို ပိုနာကျင်စေတာက
  118. သူ့သမီးဆီကို သူရေးထားတာ မြင်နေရတာပါ။
  119. သူရေးထားတာက
  120. "အဖေ့အမှားတွေအတွက် စိတ်မကောင်းပါဘူး။
    သမီးနားမှာ ရှိမနေတဲ့အတွက် စိတ်မကောင်းဘူး"
  121. ဒါကတော့ သူ့သမီးအတွက်
    သူပြောဖို့လိုတယ်လို့ ခံစားမိတာအကုန်ပါ။
  122. ဒါနဲ့ ကိုယ့်ဘာသာမေးမိတာက သူ့ကို
    ဒိထက်ပိုပြောဖို့ ဘယ်လိုစည်းရုံးနိုင်မလဲ၊
  123. သူတောင်းပန်စရာမလိုတဲ့ သူကိုယ်တိုင်ရဲ့
    အစိတ်အပိုင်းတွေပေပါ့၊
  124. သူ့မှာ သူ့သမီးနဲ့မျှဝေဖို့
  125. ထိုက်တန်တာ တစ်ခုခုရှိတယ်လို့
    သူ့ကို ခံစားေစချင်တာပါ။
  126. နောက် ခုနှစ်လလုံးလုံး နေ့တိုင်း

  127. ကျွန်မ သူ့ကို သွားတွေ့ပြီး
    စာအုပ်တွေယူလာပေးခဲ့တယ်။
  128. ကျွန်မရဲ့ဆာလာအိတ်က စာကြည့်တိုက်လေး
    ဖြစ်လာခဲ့တယ်။
  129. James Baldwin ယူလာပေးတယ်၊
  130. Walt Whitman နဲ့ C.S. Lewis ယူလာပေးတယ်။
  131. အပင်တွေ၊ ငှက်တွေအတွက်
    လမ်းညွှန်စာအုပ်တွေ ယူလာပေးပြီး
  132. သူ့အကြိုက်ဆုံးဖြစ်လာခဲ့တာကတော့
    အဘိဓာန်ပါ။
  133. တစ်ချို့နေ့တွေမှာ
  134. နှစ်ယောက်စလုံး စာတွေဖတ်ရင်း
    နာရီနဲ့ချီကာ တိတ်ဆိတ်စွာ ထိုင်ကြတယ်။
  135. တစ်ချို့နေ့တွေမှာတော့
  136. ကျွန်မတို့ စာအတူတူ ဖတ်ကြတယ်၊
    ကဗျာစာပေတွေဖတ်ကြတယ်။
  137. ဟိုက္ကူ ကဗျာတွေ စဖတ်ဖြစ်ကြတယ်၊
    ရာနဲ့ချီတဲ့ ဟိုက်ကူကဗျာတွေပေါ့၊

  138. ပုံပန်းအရတော့ ရိုးစင်းတဲ့
    လက်ရာတစ်ခုပါ။
  139. ကျွန်မ မေးတာက "မင်းအကြိုက်ဆုံး
    ဟိုက္ကူကို ငါနဲ့ မျှဝေဦး။"
  140. တစ်ချို့ဟာတွေကတော့ အတော့ကို ရယ်စရာပါ။
  141. ဒီတော့ ဒါက Issa ရဲ့ လက်ရာပါ။
  142. " မပူနဲ့ ပင့်ကူတို့
    ငါ အိမ်ကိုစောင့်တာ သာမန်ကာလျှံကာ"
  143. ဒါက "နေ့ဝက် တစ်မှေးအိပ်၊
    ဘယ်သူမှ ငါ့ကို ဒဏ်မပေး"
  144. ဒီထူးကဲတဲ့တစ်ပုဒ်ကတော့
    ပထမဆုံး နှင်းကျတဲ့အကြောင်းပါ။
  145. "နှင်းခဲဦးလျက်တဲ့ သမင်တွေ
    တစ်ကောင်စီရဲ့ အမွှေးတွေကနေ"
  146. ကဗျာတစ်ပုဒ် ပုံပန်းကကို
    လျှို့ဝှက်ဆန်းကျယ်ပြီး
  147. ခမ်းနားတာတစ်ခုပါ။
  148. စကားလုံးတွေကိုယ်၌လိုပဲ
    နေရာလပ်ဟာ အရေးပါပါတယ်။
  149. W.S. Merwin ရဲ့ ဒီကဗျာကို
    ကျွန်မတို့ဖတ်ခဲ့တယ်၊

  150. သူ့ဇနီး ဥယျာဉ်ထဲမှာ အလုပ်လုပ်နေတာမြင်ပြီး
    ကျန်တဲ့ အသက်တာကို
  151. သူတို့ အတူတူကုန်ဆုံးသွားကြမယ်ဆိုတာ
    သဘောပေါက်ပြီး ရေးခဲ့တာပါ။
  152. "ကိုယ်တို့ အလိုရှိတဲ့အခါ တစ်ခါ ပြန်လာပြီး
  153. နွေဦးဖြစ်နေမှာပဲလို့ စိတ်ကူးကြည့်ပါရစေ၊
  154. ခါတိုင်းဖြစ်ခဲ့တာထက် တို့တွေ
    ပိုမအိုမင်းတော့ဘူး"တဲ့။
  155. ဖတ်ဖတ်မောနေတဲ့ ပူဆွေးဖွယ်အဖြစ်တွေ
    အစောပိုင်း တိမ်လိုလျော့ပါးသွားလိမ့်မယ်။
  156. ဒီကနေ မနက်ခင်းဟာ
    ဖြည်းဖြည်းချင်း ဖြစ်တည်လာ"
  157. သူ့အကြိုက်ဆုံးစာကြောင်းက ဘာလံလို့
    Patrick ကို ကျွန်မမေးတော့
  158. "ခါတိုင်းဖြစ်ခဲ့တာထက် တို့တွေ
    ပိုမအိုမင်းတော့ဘူး"တဲ့။
  159. ဒါက သူ ရပ်လိုက်တဲ့၊ အချိန်ဟာ
    အရေးမပါတော့တဲ့
  160. နေရာတစ်နေရာကို သူ့ကို သတိရစေတယ်တံ့။
  161. သူ့မှာ အဲဒီလို အချိန်ဟာ
    ထဝရ ရှိတဲ့နေရာရှိလား
  162. သူ့ကို ကျွန်မ မေးလိုက်တယ်။
  163. သူပြောတာက "ကျွန်တော့ အမေ"တဲ့။
  164. ကဗျာတစ်ပုဒ်ကို အခြားသူ
    တစ်ယောက်နဲ့ အတူယှဉ်ပြီးဖတ်တဲ့အခါ
  165. ကဗျာက အဓိပ္ပါယ်ပြောင်းသွားတယ်။
  166. အကြောင်းက ဒီကဗျာက အဲဒီလူ ကိုယ်ပိုင်
    ဖြစ်လာလို့၊သင့် ကိုယ်ပိုင်ဖြစ်လာလို့ပါ။
  167. ဒီနောက်၊ စာအုပ်တွေအများကြီး
    ကျွန်မတို့ဖတ်ကြတယ်။

  168. Frederick Douglass ရဲ့ ဘဝမှတ်တမ်းကို
    ကျွန်မတို့ဖတ်တယ်၊
  169. စာရေး၊စာဖတ်ကို သူ့ဘာသာ သင်ခဲ့တဲ့
    အမေရိကန် ကျွန်တစ်ယောက်ဖြစ်ပြီး
  170. သူ့ရဲ့စာတတ်မှုကြောင့် လွတ်မြောက်ခဲ့သူပါ။
  171. Frederick Douglass ကို သူရဲကောင်း
    လို့တွေးရင်း ကြီးပြင်းကာ
  172. ဒီဇာတ်လမ်းကို အားတက်ခြင်းနဲ့
    မျှော်လင့်ချက် တစ်ခုအဖြစ် ထင်ခဲ့တယ်။
  173. ဒါပေမဲ့ ဒီစာအုပ်က Patrick ကို
    ကြောက်စရာလို ဖြစ်စေခဲ့တယ်။
  174. Douglass ပြောခဲ့တဲ့ ကျွန်တွေဟာ
    လွတ်လပ်မှုကို မဖြေရှင်းနိုင်တာ သက်သေပြဖို့
  175. နည်းလမ်းအဖြစ်
    ခရစ်စမတ်အလွန်မှာ
  176. ပိုင်ရှင်တွေက ကျွန်တွေကိုဂျင်အရက်ပေး
    ပုံ ဇာတ်လမ်းကို သူ ဥပါဒါန်ဖြစ်ခဲ့တယ်။
  177. အကြောင်းက ကျွန်တွေဟာ ကွင်းထဲမှာ
    ဒယီးဒယိုင်ဖြစ်နေမှာမို့ပါ။
  178. ဒါ သူပတ်သက်တယ်လို့
    Patrick က ပြောတယ်။
  179. ထောင်ထဲမှာ နာကျင်လွန်းတာကြောင့်
    သူတို့ရဲ့အခြေအနေကို
  180. မတွေးချင်တဲ့ ကျွန်တွေလို လူတွေရှိတယ်
  181. လို့ သူပြောတယ်။
  182. အတိတ်အကြောင်း တွေးဖို့
    နာကျင်လွန်းတာ၊
  183. သူတို့ ဘယ်လောက်ထိ သွားဖို့လိုတာ
    တွေးဖို့ နာကျင်လွန်းတာပါ။
  184. သူ့အကြိုက်ဆုံးစာကြောင်းက ဒါပါ။

  185. "ဘာဖြစ်နေနေ၊ အရာတိုင်းက
    တွေးတာကို ရှင်းပစ်ဖို့ပဲ၊
  186. ကျွန်တော့ကို နှိပ်စက်တဲ ကျွန်တော့အခြေအနေ
    အကြောင်း မဆုံးနိုင်အောင် တွေးခြင်းပါ"
  187. Douglass ဟာ ရေးဖို့၊ ဆက်တွေးဖို့
    သတ္တိရှိတယ်လို့ Patrick က ပြောတယ်။
  188. ဒါပေမဲ့ ကျွန်မအမြင် သူဟာ Douglass လို ဖြစ်
    နေပုံရတာ ဘယ်တော့မှ Patrick သိမှာမဟုတ်ပါ။
  189. သူ့ကို ကြောက်ရွံ့စိတ်ဖြစ်စေတာတာတောင်
    ဘယ်လို သူဆက်ဖတ်နေတယ်ဆိုတာပါ။
  190. မီးမရှိတဲ့ ကွန်ကရစ်လှေကား
    တစ်ခုမှာဖတ်ရင်း
  191. ကျွန်မရဲ့အရင် သူဒီစာအုပ်ကို
    ဖတ်ပြီးခဲ့တယ်၊
  192. ဒီနောက် ကျွန်မအကြိုက်ဆုံး
    စာအုပ်တစ်အုပ်ကို ဆက်ဖတ်ခဲ့တယ်။

  193. Marilynne Robinson ရဲ့ "Gilead"ဟာ
  194. အဖေတစ်ဦးကနေ သူ့သားကို ရေးတဲ့
    ချဲ့ထားတဲ့ စာတစ်စောင်ပါ။
  195. သူ ဒီစာကြောင်းကို နှစ်သက်တယ်၊
  196. "ငါ ဒါကိုရေးနေတာက မင်းရဲ့ဘဝမှာ
  197. လုပ်ခဲ့တာတွေကို တွေးဖူးလားလို့
    တစ်စိတ်တစ်ပိုင်းသင့်ကို ပြောပြဖို့ပါ၊
  198. ငါ့အတွက် ဘုရားသခင်
    ကျေးဇူးတော်မှာ ရှိဖူးတာ၊
  199. အံ့ဖွယ်တစ်ခု၊ အံ့ဖွယ်ထက် ပိုတာတစ်ခုပေါ့။"
  200. ဒီဘာသာစကားနဲ့ပတ်သက်တဲ့ တစ်ခုခု
    ၎င်းရဲ့အချစ်၊ ရမ်းရော်မှု၊၎င်းရဲ့အသံက

  201. Patrick ရဲ့စာရေးဖို့ ဆန္ဒကို
    အသက်သွင်းပေးတယ်။
  202. သူ့သမီးဆီရေးတဲ့စာတွေနဲ့ မှတ်စုစာအုပ်တွေ
  203. တစ်အုပ်ပြီးတစ်အုပ် သူဖြည့်လိမ့်မယ်။
  204. ဒီလှပ၊ အနုစိတ်တဲ့ စာတွေထဲမှာ
  205. သူနဲ့ သူ့သမီး Mississippi မြစ်ထဲမှာ
    လှေစီး ဆင်းသွားနေတာ သူစိတ်ကူးကြည့်မိမယ်။
  206. သူတို့တွေ ပကတိ ကြည်လင်တဲ့ရေနဲ့
    တောင်ပေါ် စမ်းချောင်းတစ်ခု
  207. ရှာနေတာကို သူစိတ်ကူးကြည့်မိမယ်။
  208. Patrick ရေးတာ စောင့်ကြည့်ရင်း
  209. ကိုယ့်ဘာသာ တွေးမိပြီး
  210. အခု အားလုံးကို မေးမှာက
  211. သင် စိတ်ပျက်အောင်လုပ်မိတဲ့ လူတစ်ယောက်ဆီကို
    ဘယ်နှစ်ယောက်များ စာရေးဖူးကြလဲလို့ပါ။
  212. ဒါက လူတွေကို စိတ်ထဲကနေ ထုတ်ပစ်ဖို့ထက်
    အများကြီးလွယ်ပါတယ်။
  213. ဒါပေမဲ့ Patrick ကတော့ နေ့တိုင်းရောက်
    လာတယ်၊ သူ့သမီးကို မျက်နှာမူရင်း၊
  214. သူ့သမီးကို ကိုယ်တိုင် တာဝန်ခံရင်း

  215. စကားတစ်လုံးချင်း
    ထက်သန်တဲ့ အာရုံစိုက်မှုနဲ့ပါ။
  216. ကျွန်မရဲ့ ကိုယ်ပိုင်ဘဝမှာ ဖြစ်ချင်တာက

  217. ဒီနည်းနဲ ကိုယ့်ကိုယ် တာဝန်ယူဖို့ပါ။
  218. အကြောင်းက ဒီစွန့်စားမှုဟာ လူတစ်ဦးရဲ့
    နှလုံးသားရဲ့အင်အားကို ဖော်ပြလို့ပါ။
  219. ကျွန်မ နောက်တစ်လှမ်းဆုတ်ပြီး
    ကသိကအောက်ဖြစ်တဲ့ မေးခွန်းတစ်ခု မေးပါရစေ။
  220. ဒီ Patrick ဇာတ်လမ်းထဲကလို
    ကျွန်မ ဘယ်သူ့ကို ဒီဇာတ်လမ်းပြောရမှာလဲ။
  221. Patrick ဟာ ဒီနာကျင်မှုနဲ့ ရှင်သန်ခဲ့သူ
    တစ်ယောက်ဖြစ်ပြီး
  222. ကျွန်မက ဘဝမှာ တစ်ရက်မှ
    ငတ်မနေခဲ့ဖူးဘူးလေ။
  223. ဒီမေးခွန်းကို အတော် စဉ်းစားခဲ့ပေမဲ့
  224. ကျွန်မပြောချင်တာက ဒီဇာတ်လမ်းဟာ
    Patrick အကြောင်းသက်သက်မဟုတ်ပဲ မဟုတ်ဘူး။
  225. ကျွန်မတို့တွေရဲ့အကြောင်းပါ။
  226. ကျွန်မတို့တွေကြားက မညီမျှမှုအကြောင်းပါ။
  227. Patrick နဲ့ သူ့မိဘတွေ၊
  228. သူ့ဘိုးဘွားတွေ ပိတ်ဆို့ခံထားရတဲ့
  229. အလျှံပယ်မှုရဲ့ကမ္ဘာပါ။
  230. ဒီဇာတ်လမ်းမှာ ကျွန်မဟာ
    ဒီအလျှံပယ်မှုရဲ့ လောကကို ကိုယ်စားပြုတယ်၊
  231. ဒီဇာတ်လမ်းကို ပြောရာမှာ
    ကျွန်မကိုယ် ကျွန်မ ဖုံးကွယ်မထားချင်ဘူး။
  232. ကျွန်မမှာ တကယ်ရှိတဲ့အစွမ်းကို ဖုံးတာပါ။
  233. ဒီဇာတ်လမ်းကို ပြောပြရာမှာ
    ကျွန်မဟာ ဒီအစွမ်းကို ဖော်ပြချင်ပြီး

  234. နောက် မေးချင်တာက
  235. ကျွန်မတိုကြားက အကွာအဝေးကို
    ဘယ်လို လျော့နည်းအောင် လုပ်ကြလဲ။
  236. စာဖတ်ခြင်းဟာ အကွာအဝေးကို
    နီးလာဖို့ နည်းလမ်းတစ်ခုပါ။
  237. ဒါက ကျွန်မတို့ အတူတကွ မျှဝေနိုင်တဲ့
    တူညီစွာ မျှဝေနိုင်တဲ့ တိတ်ဆိတ်တဲ့
  238. စကြာဝဠာတစ်ခု ကျွန်မတို့ကိုပေးတယ်။
  239. အခုအခါမှာ Patrick ဘာဖြစ်ခဲ့တယ်ဆိုတာ
    သင်တို့ တွေးမိနေလောက်တယ်။

  240. စာဖတ်ခြင်းက သူ့ဘဝကို ကယ်တင်ခဲ့လား။
  241. ကယ်ခဲ့ပါတယ်၊ မကယ်ခဲ့ပါဘူး။
  242. Patrick ထောင်ကထွက်တော့
  243. သူ့ခရီးက မခံမရပ်နိုင်အောင်ပါ။
  244. အလုပ်ရှင်တွက သူ့မှတ်တမ်းကြောင့်
    သူ့ကို နှင်ထုတ်ကြတယ်၊
  245. သူ့အခင်ဆုံးမိတ်ဆွေ၊ သူ့အမေဟာ
    နှလုံးရောဂါနဲ့ ဆီးချိုကြောင့်
  246. အသက် ၄၃ မှာ သေဆုံးခဲ့တယ်။
  247. သူဟာ အိမ်ယာမဲ့ဖြစ်ဖူးတယ်၊ ထမင်းငတ်ဖူးတယ်။
  248. ဒါနဲ့ ကျွန်မအတွက် ချဲ့ကားတယ်လို့ခံစားရတဲ့
    စာဖတ်ခြင်းငို လူတွေက မျိုးစုံပြောတယ်။

  249. စာဖတ်တတ်တာက ခွဲခြားဆက်ဆံ
    ခံရတာကနေ သူ့ကို မတားဆီးပေးခဲ့ဘူး။
  250. သူ့အမေကို သေရာကနေ
    မတားဆီးပေးခဲ့ဘူး။
  251. ဒီတော့ စာဖတ်ခြင်းက ဘာလုပ်နိုင်လဲ။
  252. ဒီနေ့နဲ့ အဆုံးသတ်ဖို့
    ကျွန်မမှာ အဖြေအနည်းငယ်ရှိတယ်။
  253. စာဖတ်ခြင်းက သူ့ရဲ့သိုဝှက်ထားတဲ့
    ဘဝကို

  254. ဆန်းကျယ်မှုနဲ့၊ စိတ်ကူးနဲ့၊ လှပမှုနဲ့
  255. ပြောင်းလဲပေးခဲ့တယ်။
  256. စာဖတ်ခြင်းက သူကို ပျော်ရွှင်မှုပေးခဲ့တဲ့
    ပုံရိပ်တွေ သူ့ကိုပေးခဲ့တယ်၊
  257. တောင်၊ သမုဒ္ဒရာ၊ သမင်၊ နှင်းခဲတို့ပါ။
  258. လွတ်လပ်တဲ့ သဘာဝလောက တစ်ခုရဲ့
    အရသာပေးတဲ့ စကားလုံးတွေပါ။
  259. စာဖတ်ခြင်းက သူဆုံးရှုံးခဲ့တာအတွက်
    ဘာသာစကားတစ်ခု သူ့ကို ပေးခဲ့တယ်။
  260. ကဗျာဆရာ Derek Walcott ရဲ့ ဒီစာကြောင်း
    တွေဟာ ဘယ်လောက်အဖိုးတန်လိုက်သလဲ။
  261. Patrick ဟာ ဒီကဗျာကို အလွတ်ကျက်ခဲ့တယ်။
  262. "ငါ ဆုပ်ကိုင်ထားတဲ့ နေ့တွေ၊
  263. ငါ ဆုံးရှုံးသွားတဲ့ နေတွေ၊
  264. ပိုထွားလာတဲ့ နေ့တွေ၊ သမီးတွေလိုပဲ၊
  265. ငါ့ရဲ့ ခိုအောင်းရာ လက်မောင်းတွေ၊"
  266. စာဖတ်ခြင်းဟာ သူ့ကို ကိုယ်ပိုင်သတ္တိပေးတယ်။

  267. နာကျင်စရာကောင်းတာတောင်မှ
    Frederick Douglass ကို
  268. သူဆက်ဖတ်နေတာကိုသတိရပါ။
  269. နာကျင်မှုကို သတိပြုမိနေတာတောင်
    သူဟာ ဆက်လက် သတိရှိနေတယ်။
  270. စာဖတ်ခြင်းဟာ တွေးတောခြင်း ပုံစံတစ်ခုပါ၊
  271. ဒါကြောင့်ပဲ တွေးဖို့လိုတာကြောင့်
    ဖတ်ဖို့ ခက်ခဲရတာပါ။
  272. Patrick က မတွေးတာထက်စာရင်
    တွေးဖို့ ရွေးချယ်ခဲ့တယ်။
  273. နောက်ဆုံးမှာ စာဖတ်ခြင်းက သူ့သမီးကို
    စကားပြောဖို့ ဘာသာစကားတစ်ခု သူ့ကိုပေးတယ်
။
  274. စာဖတ်ခြင်းက စာရေးချင်စိတ်ဖြစ်ဖို့
    သူ့ကို စေ့ဆော်ပေးတယ်။
  275. စာဖတ်ခြင်းနဲ့ စာရေးခြင်းကြားက
    ကွင်းဆက်ဟာ အင်မတန် အားကောင်းပါတယ်။
  276. ကျွန်မတို့ စာစဖတ်တဲ့အခါ
  277. စကားလုံးတွေကို စတွေ့ပါတယ်။
  278. ဒီနှစ်ခုကို အတူတူ
    စိတ်ကူးကြည့်ဖို့၊ သူ့သမီးကို
  279. ဘယ်လောက်ချစ်တာ ပြောပြဖို့
  280. စကားလုံးတွေ တွေ့ခဲ့တယ်။
  281. စာဖတ်ခြင်းဟာကျွန်မတို့ တစ်ဦးနဲ့တစ်ဦးရဲ့
    ဆက်ဆံရေးကိုလည်း ပြောင်းလဲစေတယ်။

  282. ဒါက ကျွန်မတို့ သဘောထား
    တွေကို ကျော်မြင်ဖို့
  283. ရင်းနှီးမှုအတွက် အခွင့်တစ်ခု
    ကျွန်မတို့ကို ပေးခဲ့တယ်။
  284. စာဖတ်ခြင်းဟာ မညီမျှတဲ့ ဆက်ဆံရေးကို
    ယူသွားပြီး
  285. တဒင်္ဂသာကြာတဲ့ ညီမျှမှုကို ပေးခဲ့တယ်။
  286. စာဖတ်သူတစ်ဦးလို လူတစ်ယောက်နဲ့
    တွေ့ဆုံတဲ့အခါ
  287. သူ့ကို ပထမဆုံးအကြိမ်အဖြစ်
    လောလောလတ်လတ်
  288. ပူပူနွေးနွေး သင် တွေ့ဆုံတာပါ၊
  289. သူ့ရဲ့အကြိုက်ဆုံး စာကြောင်းက
    ဘာဖြစ်မယ်ဆိုတာတာ သင်သိနိုင်စရာမရှိဘူး။
  290. ဘယ် သတိရမှုတွေ၊ ကိုယ်ရေးကိုယ်တာ
    သောကတွေ သူမှာရှိတာကိုပေါ့။
  291. သူ့ရဲ့ သိုဝှက်ထားတဲ့ဘဝရဲ့ အဆုံးစွန်
    သီးသန့်ဖြစ်တည်မှုကို သင် ရင်ဆိုင်ရတယ်။
  292. ဒီနောက်မှာ သင်စတွေးမိတာက
    "ငါ့ရဲ့ သိုဝှက်ထားတဲ့ဘဝကဘာနဲ့လုပ်ထားလဲ၊
  293. ငါ့မှာ အခြားသူတစ်ယောက်နဲ့
    မျှဝေထိုက်တာ ဘာရှိပါလိမ့်"လို့ပေါ့။
  294. သူ့သမီးဆီရေးတဲ့ Patrick ရဲ့

  295. စာတွေထဲက ကျွန်မအကြိုက်ဆုံး
    စာကြောင်းတစ်ချို့နဲ့ နိဂုံးချုပ်ချင်ပါတယ်။
  296. "မြစ်ဟာ တစ်ချို့နေရာတွေမှာ
    အရိပ်ထိုးနေပေမဲ့
  297. သစ်ပင်တွေရဲ့ ဟကြောင်းတွေကနေ
    အလင်းရောင် ထိုးကျနေတယ်။
  298. တစ်ချို့သစ်ကိုင်းတွေပေါ်မှာ
    ပိုးစာသီးတွေ အများကြီး တွဲကျနေတယ်။
  299. တစ်ချိုကို ဆွတ်ယူဖို့ သင့်လက်မောင်းကို
    သင် ဆန့်ထုတ်လိုက်တယ်။"
  300. ဒီချစ်စရာ စာမှာ သူရေးတာက
  301. "သင့်မျက်လုံးတွေကို မှိတ်ပြီး
    စကားလုံးတွေရဲ့ အသံတွေကို နားထောင်ပါ။
  302. ကျွန်မ ဒီကဗျာကို အလွတ်ရတယ်၊
  303. သင်တို့ကိုလည်း သိစေချင်ပါတယ်။"
  304. အားလုံးကို ကျေးဇူးတင်ပါတယ်။

  305. (လက်ခုပ်သံများ)