Return to Video

မျက်မှန်ရဲ့ လုပ်နိုင်စွမ်းနဲ့ ဖက်ရှင်

  • 0:00 - 0:03
    Batman အခန်းဆက် ရုပ်ရှင်ကို
    ရုပ်သံမှာ ပြသပေးခဲ့စဉ်တုန်းက
  • 0:03 - 0:06
    Catwoman ဝတ်ထားခဲ့တဲ့ မျက်မှန်ဟာ
  • 0:06 - 0:08
    အရမ်းကို မိုက်တာပဲလို့
    ကျွန်မ ထင်မှတ်မိခဲ့တယ်။
  • 0:08 - 0:11
    ကျွန်မကလည်း သူမလိုပဲ
    အရမ်းမိုက်သူ ဖြစ်ချင်ခဲ့တယ်။
  • 0:11 - 0:13
    ဒါပေမဲ့ မျက်မှန်ကို ကျန်းမာရေး
    အရ တပ်ရတာမို့
  • 0:13 - 0:15
    ကျွန်မ မျက်မှန် မတပ်ဖြစ်ခဲ့ပါ။
  • 0:15 - 0:17
    [သေးငယ်တဲ့အရာလေး။ ]
  • 0:17 - 0:18
    [ကြီးမားတဲ့ စိတ်ကူး။]
  • 0:19 - 0:22
    အလင်းရောင်ဟာ အရာဝတ္ထု တစ်ခုမှ
    ထင်ဟပ်ပြီး လာရာတွင်
  • 0:22 - 0:24
    မျက်ကြည်လွှာမှတဆင့်
    မျက်စိထဲကို ဝင်တဲ့အခါ၊
  • 0:24 - 0:28
    မျက်စိအာရုံခံလွှာဟာ အလင်းရောင်ကို လျှပ်စစ်
    လှုံ့ဆော်ချက်များသို့ ပြောင်းလဲပေးပြီး
  • 0:28 - 0:30
    ကျုပ်တို့ ဦးနှောက်ဆီကို ပို့ပေးတယ်၊
  • 0:30 - 0:32
    လှုံ့ဆော်ချက်တွေကို ဆန်းစစ်ပြီးလို့
  • 0:32 - 0:35
    ကိုယ်မြင်နေတာ ဘာများလဲဆိုတာကို
    သိနားလည်စေပါတယ်။
  • 0:35 - 0:37
    မျက်မှန်တွေဟာ မြင်ရအောင် ကူပေးကြပါတယ်။
  • 0:37 - 0:39
    ရှေးအကျဆုံး မျက်စိအား ပံ့ပိုးရေး အရာကို
  • 0:39 - 0:42
    လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ တုန်းက
    ရှာတွေ့နိုင်ပါတယ်။
  • 0:42 - 0:45
    ဆီးနှင်းကျတတ်တဲ့ ရာသီဥတုမျိုးမှာ
    နေထိုင်ခဲ့ကြတဲ့ကျ ယဉ်ကျေးမှုတွေဟာ
  • 0:45 - 0:47
    မျက်လုံး အကာများကို တီထွင်ခဲ့ကြရတယ်၊
  • 0:47 - 0:50
    အရိုးများနဲ့ တိရစ္ဆာန်အရေခွံများဖြင့်
    ပြုလုပ်ခဲ့ကြပါတယ်။
  • 0:50 - 0:53
    ၎င်းတို့ထဲက ကျဉ်းမြောင်းတဲ့ လှီးရာမှ
    တစ်ဆင့် ကြည့်ခဲ့ကြရပြီး
  • 0:53 - 0:55
    မှန်ဘီလူးတွေ မပါခဲ့ပါ။
  • 0:55 - 0:58
    မြင်ရအောင် ကူပေးတဲ့ ပထမဦးဆုံး အရာကို
    စာဖတ် ကျောက်တုံးလို့ ခေါ်ခဲ့ကြပြီး
  • 0:58 - 1:01
    အဲဒါကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်က
    တီထွင်ခဲ့ပါတယ်။
  • 1:01 - 1:05
    မျက်မှန်ကို ပထမဦးဆုံး တီထွင်ခဲ့တာ
    ဘယ်သူလဲ ဆိုတာ အတိအကျ မသိရပေမဲ့၊
  • 1:05 - 1:08
    လူတော်တော်များများက အီတလီ
    လူမျိုးတွေလို့ ထောက်ပြကြပါတယ်။
  • 1:08 - 1:12
    အစောပိုင်း မျက်မှန်တွေကို rivet ကြည့်မှန်
    များလို့ ခေါ်ဝေါ်ခဲ့ကြတယ်။
  • 1:12 - 1:15
    မှန်ဘီလူးနှစ်ခုကို အတူတူတွဲချိတ်ထားလျက်
  • 1:15 - 1:17
    နှာခေါင်းအလယ်မှာ တင်ပြီး ကြည့်ရတာပါ။
  • 1:17 - 1:20
    မျက်မှန်တွေ အဆင်ပြေတဲ့
    ပုံစံမျိုး ဖြစ်လာဖို့
  • 1:21 - 1:22
    အချိန်အနည်းငယ် ကြာခဲ့ပါတယ်။
  • 1:22 - 1:24
    ဒါတောင် ၎င်းတို့ဆီမှာ ဘေးရှိအတံတွေ
    မရှိသေးပါဘူး၊
  • 1:24 - 1:27
    ၁၇ ရာစုမတိုင်မီအထိ နားထင်ထိန်း
    သို့မဟုတ် လက်တံများ
  • 1:27 - 1:30
    ဆိုတာ ပေါ်မလာခဲ့ကြသေးပါ။
  • 1:30 - 1:33
    ဒီနေ့ ကျုပ်တို့ သုံးကြတဲ့ မျက်မှန်တွေဟာ
    မှန်ဘီလူးကို ကိုင်ပေးထားတဲ့
  • 1:33 - 1:35
    ကွင်းနှစ်ကွင်း ပါဝင်ကြပြီး၊
  • 1:35 - 1:37
    ကွင်းများကို ချိတ်ဆက်ပေးတဲ့
    ပေါင်းကူးတံတား ရှိပါတယ်၊
  • 1:37 - 1:41
    နားရဲ့ နောက်ဘက်သို့ စွပ်သွင်းရတဲ့
    ကိုင်နှစ်ဘက်နှစ်ချက်မှာ ရှိပြီး၊
  • 1:41 - 1:43
    ကိုင်နှစ်ခုကို ဘောင်နဲ့ ချိတ်ပေးတဲ့
    ပတ္တာတွေ ရှိကြပါတယ်၊
  • 1:43 - 1:46
    ပြီးတော့ တချို့ နေကာ
    မျက်မှန်တွေရဲ့ နောက်ပိုင်းမှာ
  • 1:46 - 1:48
    ကိုင်နှစ်ခုကို ချိတ်တွယ်ပေးတဲ့အရာ
    ပါပါသေးတယ်။
  • 1:48 - 1:50
    အမေရိကန် ယဉ်ကျေးမှုထဲတွင်၊
  • 1:50 - 1:53
    ၂၀ ရာစု ရုပ်ရှင်ကားတွေဟာ
    မျက်မှန်တွေ လူကြိုက်များလာစေခဲ့ပါတယ်။
  • 1:53 - 1:56
    မျက်မှန် တပ်လျက် လူပုံစံကို ပြောင်းလဲရန်
    ရည်ရွယ်ချက်နဲ့ မျက်မှန်တပ်ကြတဲ့
  • 1:56 - 2:00
    စွဲလမ်းဖွယ်ရာ မင်းသားနဲ့ မင်းသမီးတွေကို
    ပရိသတ်ဟာ လိုက်တုချင်လာကြတယ်။
  • 2:00 - 2:02
    တစ်ခါတစ်ရံတွင် မင်းသားက တပ်ထားခဲ့တဲ့
    မျက်မှန်ပုံစံကမှ
  • 2:02 - 2:05
    လူကြိုက်များလာခဲ့တာမျိုးလည်း
    ရှိခဲ့ဘူးပါတယ်၊
  • 2:05 - 2:07
    အဲဒီဇာတ်လိုက် မင်းသားရဲ့
    အသွင်လက္ခဏာတွေကို
  • 2:07 - 2:10
    အဲဒီ မျက်မှန်တွေက ကိုယ်စားပြုသလို
    ခံယူခဲ့ကြပါတယ်။
  • 2:10 - 2:12
    လေယာဉ်မှူး မျက်မှန်မျိုး ဆိုပါစို့။
  • 2:12 - 2:14
    ရှေ့ကို ကြည့်သူ၊ တည့်တည့် ထင်မြင်သူ၊
  • 2:14 - 2:16
    စွန့်စားရဲသူလို့ ထင်မှတ်စရာပါ။
  • 2:16 - 2:20
    လေးလံတဲ့ ဘောင်ပါတဲ့ မျက်မှန်ကျတော့
    ပညာရှိပုံစံမျိုး
  • 2:20 - 2:22
    ဒါမှမဟုတ် ငြီးငွေ့စရာမျိုးပါ။
  • 2:22 - 2:25
    ခြေလျင် လမ်းလျှောက်သွားသူတွေက
    စိတ်ညစ်စရာ punk တို့၊
  • 2:25 - 2:27
    ရာဇဝတ်ကောင်တွေ၊
    ဂွကျသူတွေကို ညွှန်ပြပါတယ်။
  • 2:27 - 2:31
    မျက်မှန်ဟာ ဖက်ရှင်ပစ္စည်းအဖြစ်
    သိပ်ကို ကျော်ကြားလာလို့
  • 2:31 - 2:34
    တချို့လူတွေက ဆရာဝန်ရဲ့ ဆေးစာ မရှိဘဲနဲ့ကို
  • 2:34 - 2:36
    ဝတ်ဆင်လာတာမျိုးတောင် ရှိလာပါတယ်၊
  • 2:36 - 2:40
    အဲဒီလိုသူတွေက သူတို့နဲ့ပတ်သက်ပြီး
    ပုံစံတစ်ခုခုကို ဖေါ်ထုတ်ပြသချင်ကြလို့ပါ။
  • 2:40 - 2:42
    မျက်မှန်ကို လူတွေ တသက်တာလုံး သုံးကြရပါတယ်။
  • 2:42 - 2:45
    ကောင်းကောင်းမမြင်ရတဲ့ လူတွေ
    ကားမောင်းတဲ့ အခါမှာ၊
  • 2:45 - 2:48
    ချက်ပြုတ်တဲ့ အခါမှာ၊ စာအုပ် ဖတ်ချင်ရင်၊
  • 2:48 - 2:51
    သူတို့ရဲ့ အသက်ထဲမှာ မျက်မှန်ကို
    အားကိုးကြရပါတယ်။
  • 2:51 - 2:54
    ကျုပ်တို့ရဲ့ လူ့အဖွဲ့အစည်းထဲက အခက်အခဲ
    အမျိုးမျိုးကို ကျော်လွှားနိုင်ဖို့
  • 2:54 - 2:56
    တီထွင်ဖန်တီးခဲ့ကြရတဲ့
  • 2:56 - 2:59
    အရာတွေ၊ ပစ္စည်းတွေဟာ များပြားကြပါတယ်။
  • 2:59 - 3:01
    ဒါပေမဲ့ ၎င်းတို့ထဲက မျက်မှန် တစ်ခုတည်းကသာ
  • 3:01 - 3:05
    ဖက်ရှင်ဆိုင်ရာ နယ်ပယ်ထဲကို
    ခြေချနေရာယူနိုင်ခဲ့တာပါ။
  • 3:05 - 3:08
    ကျုပ်တို့ အသုံးပြုကြတဲ့ အရာတစ်ခုခုဟာ၊
  • 3:08 - 3:12
    ဒါမှမဟုတ် လူသားတို့ကို ကူညီပေးရန်
    တီထွင်ပေးလိုက်တဲ့ ကိရိယာ တစ်ခုခုဟာ
  • 3:12 - 3:15
    အလားတူစွာပဲ မြှင့်တင်ခံခဲ့ရမယ်ဆို
    အံ့ဩချီးကျူးကြရမှာ အမှန်ပါပဲ။
  • 3:15 - 3:18
    (အားတက်စရာ ဂီတသံ)
Title:
မျက်မှန်ရဲ့ လုပ်နိုင်စွမ်းနဲ့ ဖက်ရှင်
Speaker:
Debbie Millman
Description:

မျက်မှန်ကို ကနဦးအနေနဲ့ ရုပ်ပိုင်း အားနည်းချက်ကို ကျော်လွှားရန် တီထွင်ခဲ့တာ ဖြစ်ပေမဲ့၊ ၎င်းဟာ ဖက်ရှင် အသွင်လက္ခဏာမျိုးသို့ ပြောင်းလဲသွားခဲ့ပုံကို ဖက်ရှင် ပညာရှင် Debbie Millman ကနေပြီး မျှဝေ တင်ပြပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED Series
Duration:
03:29

Burmese subtitles

Revisions