Return to Video

စကားပြောဆိုမှု ပိုကောင်းလာစေရန် နည်းလမ်း (၁၀)ခု။

  • 0:01 - 0:03
    ကောင်းပါပြီ၊ လက်တွေ ထောင်ပြစေချင်ပါတယ်။
  • 0:03 - 0:05
    ရှင်တို့ထဲက ဘယ်နှစ်ယောက်က
    Facebook မှာ နိုင်ငံရေး၊
  • 0:05 - 0:09
    ဘာသာရေး၊ ကလေးစောင့်ရှောက်ရေး၊
    အစားကိစ္စမှာ စော်ကားလို့တစ်ဦးဦးကို
  • 0:09 - 0:11
    မိတ်ဆွေစာရင်းကဖျက်ဖူးလဲ။
  • 0:11 - 0:13
    (ရယ်သံများ)
  • 0:13 - 0:16
    ဘယ်နှစ်ယောက်က
    စကားမပြောချင်လို့ အနည်းဆုံး
  • 0:16 - 0:18
    လူတစ်ယောက်ကို ရှောင်နေရလဲ။
  • 0:19 - 0:21
    (ရယ်သံများ)
  • 0:21 - 0:24
    သိတဲ့အတိုင်း ယဉ်ကျေးတဲ့
    စကားပြောဆိုဖို့ " My Fair Lady"ထဲက
  • 0:24 - 0:27
    Henry Huggins ရဲ့ အကြံပေးချက်ကို
    လိုက်နာဖို့ လိုခဲ့ဘူးတယ်လေ။
  • 0:27 - 0:29
    ရာသီဥတုနဲ့ မိမိကျန်းမာရေးကို စွဲမြဲပါ။
  • 0:29 - 0:33
    ဒါပေမဲ့ ဒီနေ့မှာ ရာသီဥတုပြောင်းတာနဲ့
    ကာကွယ်ဆေးဆန့်ကျင်တဲ့ အကြောင်းအရာ
  • 0:33 - 0:34
    (ရယ်သံများ)
  • 0:34 - 0:35
    တွေက တစ်ခုမှ စိတ်မချရဘူးလေ။
  • 0:35 - 0:38
    ဒီတော့ ဒါ ကျွန်မတို့ နေထိုင်တဲ့ကမ္ဘာ၊
  • 0:39 - 0:41
    စကားပြောတိုင်း ငြင်းတာခုံတာထဲ
  • 0:41 - 0:43
    ကျရောက်သွားနိုင်ခြေရှိတဲ့ ကမ္ဘာ၊
  • 0:43 - 0:46
    နိုင်ငံရေးသမားတွေ အချင်းချင်း
    စကားမပြောနိုင်တဲ့
  • 0:46 - 0:48
    အသေးဖွဲဆုံး ကိစ္စလေးတွေမှာတောင်မှ
    တစ်ဦးဦးကို
  • 0:48 - 0:53
    သဲကြီးမဲကြီး သဘောတူလိုက်၊ ဆန့်ကျင်လိုက်
    တိုက်ခိုင်းနေတာ၊ ပုံမှန်မဟုတ်ဘူး။
  • 0:53 - 0:56
    Pew Research ကအမေရိကန်
    သက်ကြီး ၁၀၀၀၀ ကို လေ့လာခဲ့ပြီး
  • 0:56 - 0:59
    တွေ့ရှိရတာက အခုအခါမှာ ကျွန်မတို့ဟာ
    အစွန်းနှစ်ရပ် ဖြစ်နေကာ
  • 0:59 - 1:00
    သမိုင်းမှာ ဖြစ်ခဲ့ဘူးတာထက်
  • 1:00 - 1:03
    ပိုပြီး သဘောထားကွဲစေတယ်တဲ့။
  • 1:03 - 1:05
    အပေးအယူလုပ်ဖြစ်ဖို့ ပိုနည်းတယ်၊
  • 1:05 - 1:07
    အချင်းချင်း နားမထောင်ဘူးလို့ဆိုတာပါ။
  • 1:07 - 1:09
    ဘယ်မှာနေဖို့၊ ဘယ်သူ့ကို
    လက်ထပ်ဖို့၊ ဘယ်သူတွေက
  • 1:09 - 1:12
    ကိုယ့်မိတ်ဆွေ ဖြစ်လာဖို့တောင်
    ဆုံးဖြတ်ကြပါတယ်၊
  • 1:12 - 1:14
    ကိုယ်ယုံကြည်ပြီးသားကို အခြေခံပြီးတော့ပေါ့။
  • 1:14 - 1:17
    ထပ်ပြီးတော့ အချင်းချင်း
    နားမထောင်တာလို့ ဆိုလိုတာပါ။
  • 1:17 - 1:20
    စကားပြောတာဟာ ပြောခြင်းနဲ့
    နားထောင်ခြင်း ညီမျှဖို့ လိုပြီး
  • 1:20 - 1:23
    တစ်နေရာရာမှာတော့
    ဟန်ချက်ပျက်သွားနိုင်ပါတယ်။
  • 1:23 - 1:25
    အခု ဒါဟာ နည်းပညာကြောင့် တစ်ပိုင်းပါ။
  • 1:25 - 1:28
    စမတ်ဖုန်းတွေက ရှင်တို့အားလုံး
    လက်ထဲမှာ (သို့)
  • 1:28 - 1:30
    ချက်ချင်း ကောက်ယူနိုင်တဲ့ နေရာမှာရှိပါတယ်။
  • 1:30 - 1:32
    Pew Research အရ အမေရိကန်
  • 1:32 - 1:37
    ဆယ်ကျော်သက် သုံးပုံတစ်ပုံဟာ တစ်နေ့ကို
    စာတို အစောင် တစ်ရာကျော် ပို့ကြတယ်။
  • 1:37 - 1:41
    အများစု၊ အားလုံးနီးပါးက သူတို့သူငယ်ချင်း
    တွေနဲ့ မျက်နှာချင်းဆိုင် စကားပြောတာထက်
  • 1:41 - 1:43
    စာတိုပို့တာ ဖြစ်နိုင်ခြေပိုများပါတယ်။
  • 1:44 - 1:46
    The Atlantic မှာ တကယ့် ဆောင်းပါးကြီးပါ၊
  • 1:46 - 1:49
    ဒါကို အထက်တန်းကျောင်း ဆရာ
    Paul Barnwell က ရေးသားတာပါ။
  • 1:49 - 1:51
    သူက တပည့်တွေကို ဆက်သွယ်ရေး
    ပရောဂျက် ပေးတယ်။
  • 1:51 - 1:55
    သူသင်ပေးချင်တာက တိကျတဲ့ ကိစ္စရပ်
    တစ်ခုကို မှတ်စုမသုံးပဲ ပြောဆိုပုံကိုပါ။
  • 1:55 - 1:57
    ပြီးတော့ သူက "ငါ သဘောပေါက်လိုက်တာက..."
  • 1:57 - 2:00
    (ရယ်သံများ)
  • 2:00 - 2:03
    "ငါ သဘောပေါက်လိုက်တာက စကားပြော
    ကျွမ်းကျင်မှုဆိုတာက သတိမမူမိဆုံး
  • 2:03 - 2:07
    သင်ကြားဖို့ ပျက်ကွက်နေတဲ့ တစ်ခု
    တည်းသော အတတ်တစ်ခု ဖြစ်လောက်တယ်။
  • 2:08 - 2:12
    ကလေးတွေဟာ နေ့စဉ် အချိန်ကုန်ကာ
    စကရင်ကနေ စိတ်ကူးတွေနဲ့ အချင်းချင်း
  • 2:12 - 2:14
    ချိတိဆက်ကြပေမဲ့ သူတို့ရဲ့လူမှုဆက်ဆံရေး
  • 2:14 - 2:16
    ဆက်သွယ်မှုအတတ်တွေကို
    သွေးဖို့ အခွင့်အလမ်းက ရှားပါတယ်။
  • 2:16 - 2:19
    ဒါ ရယ်စရာ မေးခွန်းပုံပေါက်တယ်ဆိုပေမဲ့
    ကိုယ်တိုင်ဖြေဖို့လိုပါတယ်။
  • 2:20 - 2:21
    တည်တံ့၊ မြဲမြံ၊ စိတ်ချရနိုင်တဲ့
  • 2:21 - 2:27
    စကားပြောဆိုခြင်းထက် ပိုအရေးပါတဲ့
    ၂၁ ရာစု အတတ်ပညာဆိုတာရှိလား။
  • 2:27 - 2:29
    ကဲ ကျွန်မက လူတွေကို
    စကားပြောပြီး အသက်မွေးပါတယ်
  • 2:29 - 2:32
    နိုဘဲလ်ဆုရှင်တွေ၊ ကုန်ကားမောင်းသူတွေ၊
  • 2:32 - 2:34
    ဘီလီယံနာတွေ၊ သူငယ်တန်း ဆရာတွေ၊
  • 2:34 - 2:37
    နိုင်ငံအကြီးအကဲတွေ၊ ပိုက်ပြင်သမားတွေ၊
  • 2:37 - 2:40
    ကိုယ်နှစ်သက်သူတွေကို ပြောပါတယ်၊
    ကိုယ်မနှစ်သက်သူတွေကို ပြောပါတယ်။
  • 2:40 - 2:44
    ပုဂ္ဂိုလ်ရေးအဆင့်မှာ ကိုယ်နဲ့ အင်မတန်
    သဘောထားကွဲသူ တစ်ချို့ကို ပြောပါတယ်။
  • 2:44 - 2:46
    ဒါပေမဲ့ သူတို့နဲ့ ပြောဆိုလို့
    ကောင်းတုန်းပါ။
  • 2:46 - 2:50
    ဒီတော့ နောက် ၁၀ မိနစ်လောက်ကို ရှင်တို့ကို
    ဘယ်လိုပြော၊ ဘယ်လိုနားထောင်ဆိုတာကို
  • 2:50 - 2:52
    သင်ရင်း ကုန်ဆုံးချင်ပါတယ်။
  • 2:53 - 2:55
    အများက ဒီအကြောင်း အကြံပေးချက်
    အများကြီး ကြားဖူးပြီးသားပါ
  • 2:55 - 2:57
    ပြောသူရဲ့ မျက်လုံးကိုကြည့်ဖို့တို့၊
  • 2:57 - 3:01
    ရှေ့ဆက် ဆွေးနွေးဖို့ စိတ်ဝင်စားစရာ
    အကြောင်းတွေ တွေးတာတို့၊
  • 3:01 - 3:06
    ဂရုစိုက်တာပြဖို့ ကြည့်၊
    ခေါင်းညိတ်၊ ပြုံးပြတို့၊
  • 3:06 - 3:09
    ကြားလိုက်တာကို ပြန်ပြော၊
    အနှစ်ချုပ်တို့ ဘာတို့ပေါ့။
  • 3:09 - 3:11
    ဒါတွေအားလုံးကို မေ့ပစ်စေချင်တယ်။
  • 3:11 - 3:12
    ပေါက်တတ်ကရ တွေပါ။
  • 3:12 - 3:15
    (ရယ်သံများ)
  • 3:15 - 3:19
    တကယ် ကိုယ်က ဂရုစိုက်နေရင်
    ကိုယ် ဂရုစိုက်နေတာကို ဘယ်လိုပြဖို့
  • 3:19 - 3:23
    သင်စရာ အကြောင်းမရှိဘူး။
  • 3:23 - 3:25
    (ရယ်သံများ)
  • 3:25 - 3:28
    (လက်ခုပ်သံများ)
  • 3:28 - 3:31
    ကဲ ကျွန်မ ပုံမှန်ဘဝမှာ လုပ်တဲ့
    တွေ့ဆုံမေးမြန်းသူ ပညာရှင်အနေနဲ့
  • 3:31 - 3:34
    ကျွန်မဟာ အလားတူ အတတ်တွေ အတိအကျ သုံးပါတယ်။
  • 3:34 - 3:38
    ဒီတော့ လူတွေကို တွေ့ဆုံမေးမြန်းနည်းကို
    သင်ပေးတော့မှာဖြစ်ပြီး
  • 3:38 - 3:42
    ရှင်တို့ ပိုကောင်းတဲ့ စကားပြောသူဖြစ်နည်း
    သင်ယူရာမှာ ကူညီပါလိမ့်မယ်။
  • 3:42 - 3:43
    စကားပြောဆိုတတ်ဖို့ သင်ယူပါ၊
  • 3:43 - 3:45
    အချိန်မဖြုန်းပဲ၊ မငြီးငွေ့စေပဲ
  • 3:46 - 3:49
    ပြီးတော့ ဘုရားမပါ၊ ဘယ်သူ့ကိုမှ
    မစော်ကားမိပဲပေါ့ရှင်။
  • 3:49 - 3:51
    အားလုံး ကြီးကျယ်တဲ့
    စကားပြောဆိုတာတွေ ရှိခဲ့တယ်
  • 3:51 - 3:53
    အရင်ကရှိဘူးပါတယ်၊ ဘယ်လိုဆိုတာလဲ သိပါတယ်။
  • 3:53 - 3:57
    ကိုယ် ခေါင်းရှောင်တဲ့ စကားပြောဆိုမှုဟာ
    ဆွဲဆောင်မှုရှိပြီး စေ့ဆော်ပေးတာ၊
  • 3:57 - 3:59
    (သို့) တကယ့် အဆက်အသွယ်ရလိုက်
    တယ်လို့ခံစားရတာ၊ (သို့)
  • 3:59 - 4:02
    ကိုယ့်ကို အပြည့်အဝ နားလည်သွားတာမျိုးပါ။
  • 4:02 - 4:03
    ရှင်တို့အများစုရဲ့
  • 4:03 - 4:06
    တုံ့ပြန်မှုတွေဟာ ဒီလိုမျိုး မဖြစ်နိုင်စရာ
    အကြောင်းမရှိပါဘူး။
  • 4:06 - 4:09
    ဒီတော့ စည်းမျဉ်း ၁၀ ခုရှိပါတယ်။
    ဒါတွေအကုန်လုံး ရှင်းပြသွားမှာပါ။
  • 4:09 - 4:13
    ဒါပေမဲ့ တကယ်က ဒီထဲက တစ်ခုကို
    ရွေးပြီး ပိုင်နိုင်အောင် လုပ်ရင်ပဲ
  • 4:13 - 4:16
    ပိုကောင်းတဲ့ စကားပြောဆိုတာတွေကို
    ခံစားပြီးဖြစ်ပါလိမ့်မယ်။
  • 4:16 - 4:18
    နံပါတ် တစ်။ တစ်ချိန်တည်း အစုံမလုပ်နဲ့။
  • 4:18 - 4:20
    လက်ထဲမှာရှိတဲ့ ကိုယ့် ဆဲလ်ဖုန်း၊ တက်ဘလက်၊
  • 4:20 - 4:23
    ကားသော့ ဘာဖြစ်ဖြစ် ချထားလိုက်လို့
    ဆိုလိုတာမဟုတ်ပါဘူး။
  • 4:23 - 4:25
    ဆိုလိုတာက ပစ္စုပ္ပန်မှာ ရှိနေဖို့၊
  • 4:25 - 4:27
    ဒီကာလထဲမှာ ရှိနေဖို့ပါ။
  • 4:27 - 4:30
    ကိုယ့်အကြီးအကဲနဲ့ ငြင်းခုံခဲ့တာကို
    မတွေးပါနဲ့။
  • 4:30 - 4:33
    ညစာအတွက် ဘာစားမယ်ဆိုတာ မတွေးပါနဲ့။
  • 4:33 - 4:35
    စကားပြောဆိုတာကနေ ထွက်ချင်ရင်
  • 4:35 - 4:36
    ပြောနေတာကနေ ထွက်လိုက်ပါ။
  • 4:36 - 4:38
    တစ်ဝက်တစ်ပြက်မျိုး မဖြစ်ပါစေနဲ့။
  • 4:38 - 4:41
    နံပါတ် နှစ်။ လူတတ်ကြီး မလုပ်ပါနဲ့။
  • 4:41 - 4:43
    ကိုယ့်အမြင်ကို တုံ့ပြန်ဖို့၊ ငြင်းခုံဖို့၊
  • 4:43 - 4:49
    ဆန့်ကျင်ဖို့၊ တိုးပွာဖို့ အခွင့်အလမ်း
    မရှိပဲ ဖော်ပြချင်ရင်တော့
  • 4:49 - 4:51
    ဘလော့ဂ်တစ်ခု ရေးလိုက်ပေတော့။
  • 4:51 - 4:54
    (ရယ်သံများ)
  • 4:54 - 4:57
    ကဲ ဒါက ကျွန်မပွဲမှာ ဆရာကြီးတွေကို
    ခွင့်မပြုခြင်းရဲ့ အကြောင်းရင်းပါ။
  • 4:57 - 4:59
    အကြောင်းက တကယ့်ပျင်းစရာကြီးတွေပါ။
  • 4:59 - 5:03
    ရှေးရိုးစွဲတွေဆိုရင်၊ Obama၊ အစားလက်မှတ်၊
    ကိုယ်ဝန်ဖျက်တာကို မုန်းမယ်။
  • 5:03 - 5:05
    အစွန်းမရောက်သူတွေဆိုရင် ဘဏ်ကြီးတွေ၊
  • 5:05 - 5:07
    ရေနံအဖွဲ့တွေနဲ့ Dick Cheney
    ကို မုန်းလိမ့်မယ်။
  • 5:07 - 5:08
    လုံးဝ ကြိုဟောလို့ရတယ်။
  • 5:08 - 5:10
    ဒါမျိုးဆို ရှင်တို့ မကြိုက်ဘူးလေ။
  • 5:10 - 5:15
    ကိုယ်တစ်ခုခု သင်ယူလို့စရာလိုတယ်လို့
    ထင်တဲ့ စကားဝိုင်းတိုင်းကို ဝင်ဖို့လိုတယ်။
  • 5:16 - 5:18
    ကျော်ကြားတဲ့ ကုထုံးပညာရှင် M. Scott Peck
  • 5:18 - 5:22
    ပြောတာက စစ်မှန်တဲ့ နားထောင်ခြင်းမှာ
    ကိုယ့်အတ္တကို ဘေးဖယ်ထားဖို့လိုတယ်တဲ့။
  • 5:22 - 5:25
    တစ်ခါတစ်လေမှာ ဆိုလိုတာက
    ကိုယ့်အမြင်ကို ဘေးဖယ်ထားတာပါ။
  • 5:26 - 5:29
    သူပြောတာက ဒီလက်ခံခြင်းကို ခံယူတတ်ခြင်းနဲ့
  • 5:30 - 5:32
    ပြောသူဟာ အားနည်းချက် နည်း၊နည်း လာပြီး
  • 5:32 - 5:35
    သူ(သို့) သူမရဲ့ စိတ်အတွင်းက
    လှိုက်ခွက်ဟာ နားထောင်သူဆီ
  • 5:35 - 5:37
    ပွင့်ဟလာဖို့ ပိုပိုများလာတယ်တဲ့။
  • 5:37 - 5:40
    ထပ်ပြီးတော့ ကိုယ်သင်ယူဖို့
    တစ်ခုခုရှိတယ်လို့ ယူဆလိုက်ပါ။
  • 5:41 - 5:45
    Bill Nye: "ကိုယ်တွေ့တဲ့ လူတိုင်းဟာ
    ကိုယ်မသိတာတစ်ခုခုကို သိကြတယ်။"
  • 5:45 - 5:47
    ဒီနည်းကို ကျင့်သုံးပါတယ်။
  • 5:47 - 5:50
    လူတိုင်းဟာ တစ်ခုခုမှာတော့ ပါရဂူပဲ။
  • 5:51 - 5:54
    နံပါတ် သုံး။ ဖွင့်ထားတဲ့ မေးခွန်းတွေမေးပါ။
  • 5:54 - 5:56
    ဒီကိစ္စမှာ သတင်းစာဆရာတွေဆီက
    နည်လမ်းကိုယူပါ
  • 5:56 - 5:59
    မေးခွန်းကို ဘယ်သူ၊ ဘာ၊ ဘယ်တော့
    ဘယ်မှာ၊ ဘာလို့၊ ဘယ်လိုတွေနဲ့ စပါ။
  • 5:59 - 6:03
    ရှုပ်ထွေးတဲ့ မေးခွန်းနဲ့ မေးလိုက်ရင်
    ရိုးစင်းတဲ့ အဖြေထွက်လာမှာပါ။
  • 6:03 - 6:05
    "ရှင် လန့်ခဲ့လား" လို့ ကျွန်မကမေးလိုက်ရင်
  • 6:05 - 6:08
    ဒီဝါကျထဲက အားအပြင်းဆုံး စကားလုံးကို
    ရှင်တုံ့ပြန်တော့မှာပေါ့။
  • 6:08 - 6:12
    "လန့်တာ"လေ၊ အဖြေက "ဟုတ်၊ လန့်
    ပါတယ်" (သို့) "ဟင့်အင်း၊ မလန့်ပါဘူး"
  • 6:12 - 6:14
    "စိတ်ဆိုးလား"
    "ဟုတ်၊ အရမ်းစိတ်ဆိုးပါတယ်။"
  • 6:14 - 6:17
    သူတို့ကို ဒါကို သရုပ်ဖော်ခိုင်းလိုက်ပါ။
  • 6:17 - 6:20
    ဒါမျိုးတွေ စမ်းမေးကြည့်လိုက်ပါ။
    "ဒါက ဘယ်လိုမျိုးလဲ"
  • 6:20 - 6:21
    "ဒါက ဘယ်လို ခံစားလဲ။"
  • 6:21 - 6:26
    အကြောင်းက ဒီအချိန်မှာ သူတို့ဟာ ခဏရပ်ပြီး
    ဒီအကြောင်း တွေးကြည့်နိုင်လောက်ပြီး၊
  • 6:26 - 6:29
    အရမ်းပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့
    အဖြေ ရှာရတော့မှာမို့ပါ။
  • 6:29 - 6:31
    နံပါတ် လေး။ ရေစီးကြောင်းအတိုင်း
    လိုက်သွားပါ။
  • 6:32 - 6:35
    ဆိုလိုတာက အတွေးတွေက စိတ်ထဲဝင်လာမှာဖြစ်ပြီး
  • 6:35 - 6:38
    ဒါတွေကို စိတ်ထဲကနေ ထုတ်လိုက်ဖို့လိုပါတယ်။
  • 6:38 - 6:40
    မကြာခဏ ကြားဖူးတဲ့ တွေ့ဆုံခန်းတွေမှာ
  • 6:40 - 6:42
    ဧည့်သည်က မိနစ်ပေါင်းများစွာ ပြောနေပြီး
  • 6:42 - 6:45
    အိမ်ရှင်က ပြန်လာပြီး မေးခွန်းတစ်ခုမေးတယ်၊
  • 6:45 - 6:48
    ဒါက ဘယ်ကနေပေါ်လာမှန်းတဲ့ (သို့)
    ဖြေထားပြီးသားကြီး ဖြစ်ပုံရတာမျိုးပါ။
  • 6:48 - 6:51
    လွန်ခဲ့တဲ့ နှစ်မိနစ်က သူ နားထောင်တာ
    ရပ်လိုက်တာ ဖြစ်လောက်တယ်။
  • 6:51 - 6:54
    အကြောင်းက သူဟာ ဒီအရမ်း ကောင်းတဲ့
    မေးခွန်းကို တွေးခဲ့ပြီး
  • 6:54 - 6:57
    ဒါကိုပြောဖို့ အသေအချာ ဆုံးဖြတ်ခဲ့လို့ပါ။
  • 6:57 - 6:59
    ကျွန်မတို့လည်း တစ်သွေမတိမ်း
    လုပ်ကြတယ်လေ။
  • 6:59 - 7:02
    အဲဒီမှာ တစ်ယောက်ယောက်နဲ့
    စကားပြောကာ ထိုင်နေပြီး
  • 7:02 - 7:06
    ကော်ဖီဆိုင်မှာ Hugh Jackman ကို
    တွေ့ခဲ့တဲ့ အချိန်ကို အမှတ်ရတာပါ။
  • 7:06 - 7:07
    (ရယ်သံများ)
  • 7:07 - 7:09
    နားထောင်တာ ရပ်လိုက်တယ်။
  • 7:09 - 7:11
    ဖြစ်ရပ်တွေ၊ စိတ်ကူးတွေက ကိုယ့်ဆီလာတော့မှာ။
  • 7:11 - 7:14
    ဒါတွေကို လာခွင့်ပေးပြီး
    ထွက်ခွင့်ပေးဖို့ လိုတယ်။
  • 7:14 - 7:18
    နံပါတ် ငါး။ မသိရင် မသိဘူးလို့ ပြောပါ။
  • 7:19 - 7:21
    ကဲ ရေဒီယိုက လူတွေဟာ အထူးသဖြင့် NPR ကပေါ့၊
  • 7:21 - 7:24
    သူ့တို့ဟာ အသံသွင်းတော့မှာကို
    အရမ်း ပိုဂရုထားမိတော့
  • 7:24 - 7:28
    သူတို့ဟာ ဆရာတစ်ဆူဆိုတာနဲ့ သူတို့
    အသေအချာ သိတာကို
  • 7:28 - 7:30
    အခိုင်အမာဆိုဖို့ ပိုပြီး သတိထားကြတယ်။
  • 7:30 - 7:32
    လုပ်တော့လုပ်ပါ၊ သတိတော့ထားပေါ့။
  • 7:32 - 7:34
    ပြောဆိုတာ အပေါစား မဖြစ်သင့်ဘူးလေ။
  • 7:35 - 7:38
    နံပါတ် ခြောက်။ ကိုယ့်အတွေ့အကြုံကို
    သူတို့ဟာနဲ့ မနှိုင်းယှဉ်ပါနဲ့။
  • 7:39 - 7:42
    သူတို့ရဲ့ မိသားစုဝင်တစ်ဦး
    ဆုံးရှုံးတဲ့အကြောင်း ပြောနေရင်
  • 7:42 - 7:45
    ကိုယ့်မိသားစုဝင်တစ်ဦး ဆုံးရှုံးတဲ့
    အကြောင်း စမပြောမိစေနဲ့။
  • 7:45 - 7:48
    သူတို့အလုပ်က ဒုက္ခတွေအကြောင်း ပြောနေရင်
  • 7:48 - 7:50
    ကိုယ့်အလုပ်ကို ဘယ်လောက်
    မုန်းတာကို မပြောနဲ့။
  • 7:50 - 7:52
    မတူဘူး။ ဘယ်တော့မှ မတူဘူးလေ။
  • 7:52 - 7:54
    အတွေ့အကြုံအားလုံးဟာ သီခြားစီပါ။
  • 7:54 - 7:57
    ပိုပြီး အရေးကြီးတာက ဒါက
    ကိုယ့်ကိစ္စမဟုတ်ဘူးလေ။
  • 7:57 - 8:01
    ကိုယ်ဘယ်လောက် အံ့ဩစရာကောင်းတာ
    (သို့) ဘယ်လောက် ခံစားရတာ
  • 8:01 - 8:02
    ပြဖို့ ဒီကာလကို မသုံးသင့်ဘူး
  • 8:03 - 8:06
    တစ်ခါက လူတစ်ဦးက Stephen
    Hawking ကို သူ့ IQ ဘယ်လောက်လဲ မေးတော့
  • 8:06 - 8:09
    သူက "မသိဘူး၊ IQ အကြောင်း
    ကြွားသူတွေဟာ အရှုံးသမားတွေ"တဲ့။
  • 8:09 - 8:11
    (ရယ်သံများ)
  • 8:11 - 8:14
    စကားပြောဆိုခြင်းတွေဟာ
    ကြော်ငြာခွင့်တစ်ရပ် မဟုတ်ဘူး။
  • 8:17 - 8:18
    နံပါတ် ခုနှစ်။
  • 8:19 - 8:21
    ကိုယ်က ထပ်ထပ်မပြောမိစေနဲ့
  • 8:21 - 8:23
    ဒါဟာ တင်စီးတာ၊ တကယ် ပျင်းစရာကြီးဖြစ်ပြီး
  • 8:23 - 8:25
    ကျွန်မတို့ တော်တော် လုပ်တတ်ကြတယ်။
  • 8:25 - 8:29
    အထူးသဖြင့် အလုပ် စကားဝိုင်းမှာ
    (သို့) ကလေးတွေနဲ့ စကားပြောတာမှာ
  • 8:29 - 8:30
    မှတ်သားမိစေဖို့ပါ၊
  • 8:30 - 8:33
    ဒါနဲ့ ဒါကို တစ်နည်းနည်းနဲ့
    အထပ်ထပ် ဆက်ပြောတယ်။
  • 8:34 - 8:35
    ဒါ မလုပ်ပါနဲ့။
  • 8:35 - 8:37
    နံပါတ် ရှစ်။ မှော်ပင်တွေကနေ ရှောင်ပါ။
  • 8:37 - 8:40
    ရှင်းရှင်းပြောရရင်၊ လူတွေဟာ နှစ်တွေ၊
  • 8:40 - 8:43
    အမည်တွေ၊ ရက်စွဲတွေ၊
  • 8:43 - 8:45
    စိတ်ထဲမှာ ပေါ်လာဖို့ ကိုယ်အပြင်းအထန်
  • 8:45 - 8:47
    လုပ်နေတဲ့ အသေးစိတ်အားလုံးကို ဂရုမစိုက်ဘူး။
  • 8:47 - 8:49
    ဂရုမစိုက်ကြဘူး။
    သူတို့ ဂရုစိုက်တာက ရှင့်ကိုပါ။
  • 8:50 - 8:51
    ဂရုစိုက်တာက ရှင်က ဘယ်လိုမျိုးလဲ၊
  • 8:52 - 8:54
    ဘာတွေမှာ တူလဲဆိုတာပါ။
  • 8:54 - 8:56
    ဒီတော့ အသေးစိတ်တွေ မေ့လိုက်၊
    ဒါတွေကို ချန်ထားလိုက်ပါ။
  • 8:57 - 8:58
    နံပါတ် ကိုး။
  • 8:58 - 9:01
    ဒါက နောက်ဆုံး တစ်ခု မဟုတ်ဘူး၊
    ဒါပေမဲ့ အရေးကြီးဆုံး တစ်ခုပါ။
  • 9:01 - 9:03
    နားထောင်ပါ။
  • 9:03 - 9:06
    နားထောင်တာဟာ ကိုယ်ဖွံ့ဖြိုးအောင်
    လုပ်နိုင်တဲ့ နံပါတ်တစ် အရေးကြီးဆုံး
  • 9:06 - 9:10
    အတတ်ပညာ ဖြစ်လောက်တာ တကယ့်
    အရေးပါတဲ့ လူဘယ်နှစ်ဦးက ပြောခဲ့တာ
  • 9:10 - 9:12
    ကျွန်မ မပြောနိုင်ဘူး။
  • 9:12 - 9:13
    ဗုဒ္ဓပြောခဲ့တာ တနည်း ပြန်ပြောရရင်
  • 9:13 - 9:16
    "သင်ဟာ ပါးစပ်ဟနေရင် သင်ယူနေတာမဟုတ်ဘူး"တဲ့။
  • 9:16 - 9:20
    Calvin Coolidge ပြောတာက "ဘယ်သူ
    မှ အလုပ်ပျက်ခံပြီး နားမထောင်ဘူး" တဲ့။
  • 9:21 - 9:22
    (ရယ်သံများ)
  • 9:22 - 9:24
    ဘာလို့ အချင်းချင်း နားမထောင်ကြတာလဲ။
  • 9:25 - 9:27
    နံပါတ်တစ် ပြောရတာကို ပိုကြိုက်ကြတယ်။
  • 9:27 - 9:29
    ကိုယ်ပြောနေရင်၊ ကိုယ်လက်ထဲမှာ ရှိတယ်။
  • 9:29 - 9:32
    ကိုယ်စိတ်မဝင်စားတာ ဘာကိုမှ ကြားစရာမလိုဘူး။
  • 9:32 - 9:33
    ကိုယ်က အများ အာရုံစိုက်ရာ။
  • 9:33 - 9:35
    ကိုယ့်ကိုကိုယ် မြှင့်တင်နိုင်တယ်။
  • 9:35 - 9:36
    ဒါပေမဲ့ နောက်တစ်ကြောင်းက
  • 9:37 - 9:38
    ကျွန်မတို့ဟာ အာရုံထွေပြားတာပါ။
  • 9:38 - 9:42
    သာမန်လူတစ်ယောက်ဟာ တစ်မိနစ်
    ၂၂၅ ခွန်းလောက်ပြောတယ်။
  • 9:42 - 9:46
    ဒါပေမဲ့ တစ်မိနစ်ကို အလုံး ၅၀၀
    လောက်ထိ ကျွန်မတို့ ကြားနိုင်တယ်
  • 9:46 - 9:50
    ဒီတော့ ကျွန်မတို့ စိတ်တွေက အခြား
    ၂ရ၅ လုံး ဖြည့်နေရတာပေါ့။
  • 9:50 - 9:53
    ကြည့်ပါ၊ ကျွန်မသိတာက တကယ်က
    တစ်ဦးဦးကို အာရုံစိုက်ဖို့
  • 9:53 - 9:55
    အားထုတ်မှုနဲ့ စွမ်းအင်လိုတာပါ။
  • 9:55 - 9:58
    ဒါပေမဲ့ ဒါမလုပ်နိုင်ရင်တော့ ရှင်ဟာ
    စကားဝိုင်းထဲမှာ မဟုတ်ဘူး၊
  • 9:58 - 10:01
    ရှင်တို့ဟာ တစ်နေရာတည်းမှာ
    ဆက်စပ်ရုံသာရှိတဲ့ ဝါကျတွေကို
  • 10:01 - 10:03
    အော်နေတဲ့ လူနှစ်ဦးပါ။
  • 10:03 - 10:04
    (ရယ်သံများ)
  • 10:04 - 10:07
    အခြားသူကို နားထောင်ဖို့ လိုတယ်။
  • 10:07 - 10:09
    Stephen Covey က ဒါကို အရမ်း လှပစွာ
  • 10:09 - 10:13
    ပြောထားတာက "အများစုဟာ နားလည်ဖို့
    ရည်ရွယ်ပြီး နားထောင်တာမဟုတ်ဘူး၊
  • 10:13 - 10:16
    တုံ့ပြန်ဖို့ ရည်ရွယ်ပြီး နာဒထောင်တာ"တဲ့။
  • 10:17 - 10:21
    နောက် စည်းမျဉ်း နံပါတ် ၁၀ က ဒါပါ။
    အတိုချုပ်က
  • 10:21 - 10:24
    (ကောင်းတဲ့ပြောဆိုမှုဟာ miniskirt
    လိုစိတ်ဝင်စားမှုထိန်းဖို့ အနေတော်တို
  • 10:24 - 10:27
    ဒါပေမဲ့ ကိစ္စကိုဖုံးဖို့ အတန်သင့်
    ရှည်ရမယ်၊ အစ်မရေ)
  • 10:27 - 10:28
    (ရယ်သံများ)
  • 10:28 - 10:30
    (လက်ခုပ်သံများ)
  • 10:30 - 10:35
    ဒါအားလုံးကို တူညီတဲ့ အခြေခံ သဘောထား
    အဖြစ်အကျဉ်းချုံးလိုက်တာက ဒါပါပဲ။
  • 10:35 - 10:38
    အခြားလူတွေကို စိတ်ဝင်စားပါ။
  • 10:38 - 10:41
    ကျွန်မဟာ အရမ်း ထင်ရှားတဲ့
    အဖိုးနဲ့ ကြီးပြင်းခဲ့ကာ
  • 10:41 - 10:43
    အိမ်မှာ ဓလေ့လိုမျိုးရှိခဲ့တယ်။
  • 10:43 - 10:45
    လူတွေ အဖိုးဆီလာလည်ပြီး စကားပြောကြတယ်။
  • 10:45 - 10:48
    သူတို့ပြန်သွားတော့ အမေက ကျွန်မတို့ဆီလာပြီး
  • 10:48 - 10:50
    ပြောတာက "အဲဒါဘယ်သူလဲ သိလား။
  • 10:50 - 10:52
    သူမက Miss America ဒုတိယဖြစ်ခဲ့တယ်။
  • 10:52 - 10:54
    သူက Sacramento ရဲ့ မြိုတော်ဝန်လေ။
  • 10:54 - 10:57
    သူမက Pulitzer ဆုရခဲ့တာ။
    သူက ရုရှား ဘဲလေး အကသမား။"တဲ့
  • 10:57 - 11:00
    ကျွန်မဟာ လူတိုင်းမှာ ပုန်းကွယ်နေတဲ့
    သူတို့အကြောင်း အံ့ဩစရာ တစ်ခုခု
  • 11:00 - 11:03
    ရှိတယ်ဆိုတဲ့ ထင်မြင်ချက်နဲ့
    ကြီးပြင်းလာခဲ့တာမျိုးပါ။
  • 11:04 - 11:07
    တကယ်တော့ ဒါက ကျွန်မကို ပိုတော်တဲ့
    အစီစဉ်မှူးဖြစ်စေခဲ့ပါ။
  • 11:07 - 11:10
    တတ်နိုင်သလောက် ကိုယ့်ပါးစပ်ကို ပိတ်ထားပြီး
  • 11:10 - 11:12
    စိတ်ကို ဖွင့်ထားတာပါ။
  • 11:12 - 11:14
    အံ့ဩဖို့ အမြဲ ပြင်ဆင်ထားပြီး
  • 11:14 - 11:16
    ဘယ်တော့မှ စိတ်မပျက်ခဲ့ပါဘူး။
  • 11:17 - 11:19
    အလားတူ ရှင်တို့လည်း လုပ်ကြပါ။
  • 11:19 - 11:21
    အပြင်ကိုထွက်လိုက်ပါ၊ လူတွေကို ပြောဆိုပါ၊
  • 11:21 - 11:22
    လူတွေပြောတာ နားထောင်ပါ။
  • 11:22 - 11:26
    ပြီးတော့ ပိုအရေးကြီးတာက
    အံ့အားသင့်ဖို့ ပြင်ဆင်ထားပါ။
  • 11:26 - 11:28
    ကျေးဇူးပါ။
  • 11:28 - 11:31
    (လက်ခုပ်သံများ)
Title:
စကားပြောဆိုမှု ပိုကောင်းလာစေရန် နည်းလမ်း (၁၀)ခု။
Speaker:
Celeste Headlee
Description:

ကိုယ့်အလုပ်အကိုင်ဟာ လူတွေကို ကိုယ်ဘယ်လောက် ကောင်းမွန်စွာ ပြောဆိုဆက်ဆံတာအပေါ် မူတည်တဲ့အခါမှာ ဘယ်ပုံဘယ်နည်း စကားပြောဆိုဖို့ဆိုတာကို အများကြီး သင်ယူကြပြီး ကျွန်ုပ်တို့ အများစုကတော့ ကောင်းမွန်စွာ မပြောဆိုတတ်ကြပါဘူး။ Celeste Headlee ဟာ ရေဒီယို အစီအစဉ်မှူးအဖြစ် ဆယ်စုနှစ်ချီပြီး လုပ်ကိုင်ဖူးပြီး ထူးကဲကောင်းမွန်တဲ့ စကားပြောဆိုမှုတစ်ခုမှာ ပါဝင်တဲ့အရာတွေကိုလည်း သိပါတယ်၊ ရိုးသားမှု၊ တိုတောင်းမှု၊ ရှင်းလင်းမှုနဲ့ သင့်တင့်တဲ့ ပမာဏရှိတဲ့ နားထောင်ခြင်းတွေပါ။ ဒီထိုးထွင်းအမြင်ပါတဲ့ ဟောပြောချက်ထဲမှာ ပိုကောင်းတဲ့ စကားပြောဆိုခြင်းတွေအတွက် အသုံးဝင်လှတဲ့ စည်းမျဉ်း (၁၀)ချက်ကို မျှဝေထားပါတယ်။ သူမပြောတာက "အပြင်ကိုထွက်လိုက်ပါ၊ လူတွေကို ပြောဆိုပါ၊ လူတွေပြောတာ နားထောင်ပါ၊ ပိုပြီးတော့ အရေးကြီးတာက အံ့အားသင့်ဖို့ ပြင်ဆင်ထားပါ" တဲ့။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
11:44

Burmese subtitles

Revisions