Return to Video

ထုတ်လွှတ်လိုက်တဲ့ ကာဗွန်အားလုံး ဘယ်ကို ရောက်သွားလဲ။

  • 0:02 - 0:04
    ထုတ်လွှတ်လိုက်တဲ့ ကာဗွန်အားလုံး
    ဘယ်ကို ရောက်သွားလဲ။
  • 0:04 - 0:08
    ကာဗွန်ဟာ သက်ရှိ အရာတွေ အာလုံးမှာရှိတဲ့
    သဘာဝ သံသရာထဲမှာ ပါဝင်လုပ်ဆောင်တယ်။
  • 0:08 - 0:11
    မြေဆီလွာထဲမှာ၊ သမုဒ္ဒရာတွေထဲမှာ
    လေထုလွာထဲမှာနဲ့
  • 0:11 - 0:13
    နက်ရှိုင်းတဲ့ မြေအောက် ကျောက်တွေထဲမှာပါ။
  • 0:13 - 0:16
    အပင်တွေနဲ့ အခြားသက်ရှိ
    အရာတွေ သေတဲ့အခါ
  • 0:16 - 0:19
    သိုလှောင်ထားတဲ့ ကာဗွန် အများအပြား
    လေထုလွှာဆီ ပြန်လာဖို့ လမ်း လုပ်ပေးတယ်။
  • 0:19 - 0:22
    အပင်ငယ်အသစ်တွေ ကြီးထွာပြီး
    ကာဗွန်ကို စုပ်ယူတဲ့အထိပါ။
  • 0:23 - 0:25
    ဒါပေမဲ့ သန်းချီတဲ့ နှစ်တွေအကြာ
  • 0:25 - 0:29
    ရှေးဟောင်း အပင်တွေနဲ့ ပင်လယ် သက်ရှိတွေမှာ
    သိုထားတဲ့ ကာဗွန်တချို့ဟာ ကျောက်ဖြစ်လာပြီး
  • 0:29 - 0:31
    တချို့က ကျောက်ဖြစ်ရုပ်ကြွင်း
    လောင်စာတွေဖြစ်လာတယ်။
  • 0:31 - 0:34
    ကျောက်မီးသွေး၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့တို့ပါ။
  • 0:34 - 0:37
    မီးတောင် ပေါက်ကွဲခြင်းလို
    သဘာဝ ဖြစ်စဉ်တွေက
  • 0:37 - 0:39
    ကျောက်ထဲမှာ ပိတ်နေတဲ့ ကာဗွန်တချို့ကို
    ထုတ်လွှတ်ပေးတယ်။
  • 0:39 - 0:42
    ရုပ်ကြွင်း လောင်စာတွေကို
    မီးရှို့တာလို လူသား လုပ်ဆောင်မှုတွေကပါ
  • 0:42 - 0:46
    သမိုင်းမတင်မီ ကာဗွန်တချို့ကို
    ထုတ်လွှတ်ပေးခဲ့တယ်။
  • 0:46 - 0:50
    ဒီနေ့ လူသားတွေဟာ နှစ်စဉ်
    ကမ္ဘာဂြိုဟ်ပေါ်က မီးတောင်တွေ အားလုံးထက်
  • 0:50 - 0:52
    အဆ ၆၀ ခန့်ပိုများတဲ့
    ကာဗွန်ကို ထုတ်လွှတ်တယ်။
  • 0:52 - 0:55
    ဒါက ကမ္ဘာမြေရဲ့ ကာဗွန် သံသရာကို
    မတန်တဆ ဝန်ပိစေပြီး
  • 0:55 - 0:56
    လေထုလွှာနဲ့ သမုဒ္ဒရာတွေထဲမှာ
  • 0:56 - 0:58
    များသထက်များလာစေတယ်။
  • 0:58 - 1:02
    အပင်တွေ ပိုစိုက်တာက ကူညီပေမဲ့ သစ်ပင်တွေ
    ချည်းက ရလဒ်သုညဖြစ်အောင် လုပ်မပေးနိုင်ဘူး။
  • 1:02 - 1:05
    ကမ္ဘာ ပူနွေးလာမှုကို တားဆီးဖို့
    သေချာတဲ့ နည်းလမ်းတစ်ခုရှိတယ်။
  • 1:06 - 1:10
    လေထုထဲကို တရားလွန် ကာဗွန်
    ထုတ်လွှတ်ခြင်းကို ရပ်တန့်ရမှာပါ။
  • 1:15 - 1:17
    Countdown
  • 1:17 - 1:20
    Countdown.ted.com မှာ
    ရာသီဥတုပြောင်းလဲမှု လုပ်ဆောင်ပါ။
Title:
ထုတ်လွှတ်လိုက်တဲ့ ကာဗွန်အားလုံး ဘယ်ကို ရောက်သွားလဲ။
Speaker:
Kristen Bell + Giant Ant
Description:

ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ မေးခွန်းတွေထဲက တစ်ခုအတွက် တိုတောင်းတဲ့ အဖြေတစ်ခုပါ။ ထုတ်လွှတ်လိုက်တဲ့ ကာဗွန်အားလုံး ဘယ်ကို ရောက်သွားလဲ။ ။( Myles Allen David Biello နဲ့ George Zaidanက တို့က ရေးသားထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
01:19

Burmese subtitles

Revisions