Return to Video

ကော်ဖီခွက် အဖုံး ဆင့်ကဲတိုးတက်လာခဲ့ပုံ

  • 0:00 - 0:03
    ခင်ဗျားတို့ လုံးဝကို စဉ်းစားချင်မှ
    စဉ်းစားမိခဲ့ကြမှာပါ၊
  • 0:03 - 0:04
    အခုတော့ ဘီလီယံချီကို ရှိနေကြပါပြီ၊
  • 0:04 - 0:07
    သေးငယ်တဲ့ ဒီချပ်ပြားလေးရဲ့
    ဒီဇိုင်းကို ပြုစုတီဖို့နဲ့ တီထွင်ဖို့
  • 0:07 - 0:12
    အားထုတ်လုပ်ကိုင်ခဲ့ကြပုံဟာ
    သိပ်ကို မှတ်သားစရာကောင်းလှပါတယ်။
  • 0:12 - 0:14
    [သေးငယ်တဲ့အရာလေးပါ။ ]
  • 0:14 - 0:15
    [စိတ်ကူးက ကြီးမားလှတယ်။]
  • 0:18 - 0:22
    ကော်ဖီခွက်အဖုံးဟာ
    သင့်ကော်ဖီခွက်အတွက် အဖုံးပါ။
  • 0:22 - 0:24
    အပေါ်မှ ဖိစွပ်ပိတ်ရတဲ့ဟာပါ။
  • 0:24 - 0:25
    အဲဒီမှာ အပေါက်ပါပါတယ်။
  • 0:25 - 0:28
    အဖုံးထဲမှာ ဖွင့်ပိတ်နိုင်တဲ့
    တံခါးလေးလို ပါတာရှိတယ်။
  • 0:29 - 0:31
    ဆန်းသစ်တဲ့ ပုံစံတွေနဲ့
    တီထွင်ထားတာတွေ ရှိပါတယ်။
  • 0:31 - 0:34
    ကော်ဖီခွက် အဖုံးတွေအတွက် ကိုယ်ပိုင်
    အခေါ်အဝေါ်တွေ ပေါ်လာကြပါတယ်။
  • 0:34 - 0:36
    လူတွေက ‘‘ပတ်လည်ဝိုင်းထားတဲ့ စကတ်’’
    အကြောင်း ပြောကြတယ်။
  • 0:36 - 0:39
    "ဖိဖောက်ရတဲ့ ပါးချိုင့်တွေ"၊
    "ရနံ့ ထွက်ပေါက်တွေ"
  • 0:39 - 0:41
    "ဖိတ်စင် နိုင်စွမ်း" စတဲ့ စကားလုံးတွေပါ။
  • 0:41 - 0:42
    အဲဒီစကားလုံးတွေကို သုံးရတာက၊
  • 0:42 - 0:44
    အဲဒီကော်ဖီခွက် အဖုံးတွေထဲ
    ထည့်သွင်းပေးခဲ့ရတဲ့
  • 0:44 - 0:46
    စိတ်ကူးတွေနဲ့ ဆန်းသစ်မှုတွေ
    များပြားခဲ့လို့ပါ။
  • 0:46 - 0:49
    ကျုပ်တို့ လူ့အဖွဲ့အစည်းဟာ တနေ့တခြား
    ပိုလှုပ်ရှားသွားလာနေပါတယ်။
  • 0:49 - 0:51
    အရာတိုင်းလိုလို ရွေ့လျားနေတယ်။
  • 0:51 - 0:53
    အဲဒါ အဆင်ပြေခြင်းဟာ
    ကောင်းတဲ့အပိုင်းပါ။
  • 0:53 - 0:56
    ကော်ဖီကို နေရာမရွေး သောက်
    နိုင်ပြီး စားပွဲနဲ့ထိုင်နေဖို့ မလိုဘူး။
  • 0:56 - 0:58
    မြေအောက်ရထားမှာ ဖြစ်နိုင်တယ်။
    လမ်းလျှောက်နေတာ ဖြစ်နိုင်တယ်။
  • 0:58 - 1:01
    လမ်းမကြီးဆီ ထွက်လာရင်း ကော်ဖီကိုသောက်ရတာ
  • 1:01 - 1:03
    သိပ်မလွယ်၊ စိတ်ပျက်စရာပါ။
  • 1:03 - 1:05
    ခွက်ပေါ်မှာ အုပ်လို့ရမယ့်
    ပထမဦးဆုံးအဖုံးအတွက်
  • 1:05 - 1:07
    မူပိုင်ခွင့်ကို ထုတ်ပေးခဲ့တာ
    ၁၉၃၄ ခုနှစ်မှာပါ။
  • 1:07 - 1:09
    ဒါပေမဲ့ အအေးအဖျော်ယမကာ
    အတွက် ဖြစ်ခဲ့တယ်။
  • 1:09 - 1:12
    ဒါနဲ့ ၁၉၅၀ ပြည့်နှစ်တွင် James Reifsnyder
    ဆိုသူကါ
  • 1:12 - 1:15
    စွပ်ဖုံးလို့ရတဲ့ အဖုံးကို တီထွင်ပေးခဲ့တယ်။
  • 1:15 - 1:17
    ဒါပေမဲ့ အဲဒီတုန်းက သောက်ဖို့
    အပေါက်မပါသေးဘူး။
  • 1:17 - 1:21
    ဒါနဲ့ ၆၀ ပြည့်လွန်နှစ်များမှာ ကြီးမားတဲ့
    ယဉ်ကျေးမှုအပြောင်းအလဲကြီး ဖြစ်ပေါ်ခဲ့တယ်။
  • 1:21 - 1:24
    လူတွေဟာ သွားလာရင်း ကော်ဖီကို
    သောက်လာကြတယ်။
  • 1:24 - 1:28
    7-Eleven ကမှ သွားရင်း သောက်နိုင်တဲ့
    ကော်ဖီကို ပထမဦးဆုံး ရောင်းလာတယ်။
  • 1:28 - 1:31
    အဲဒီနောက် တော်လှန်ရေး ၁၉၆၇ ခုနှစ်
    ရောက်ရှိလာခဲ့တယ်။
  • 1:31 - 1:33
    Alan Frank ဆိုသူက
    တီထွင်ပေးလိုက်တဲ့ အဖုံးထဲ
  • 1:33 - 1:36
    တစ်နေရာတွင် ကျုပ်တို့က
    အခွံလို ခွာယူလိုက်ရင်
  • 1:36 - 1:37
    ဂစ်တာတီးဖို့ သုံးတဲ့ အချွန်မျိုးပါ၊
  • 1:38 - 1:39
    အဲဒီကနေ သောက်နိုင်ပါပြီ။
  • 1:39 - 1:42
    ၁၉၇၅ ခုနှစ်တွင် ကြီးမားတဲ့ တိုးတက်မှု
    တစ်ခု ရောက်လာခဲ့တယ်-
  • 1:42 - 1:45
    ကျုပ်တို့ဟာ တနေရာမှာ ခွာယူပြီး
    အဖုံးကိုယ်၌ဆီ ကပ်ပေးနိုင်ခဲ့တယ်။
  • 1:45 - 1:49
    ဒီလိုနည်းဖြင့် ပိုပိုများတဲ့ လူတွေဟာ
    သွားလာရင်း ကော်ဖီကို သောက်လာကြပါတယ်။
  • 1:49 - 1:54
    ၁၉၈၄ ခုနှစ်ဟာ ကော်ဖီခွက်ရဲ့ သမိုင်းဝင်
    အလှည့်အပြောင်း ကာလတစ်ခုပါ။
  • 1:54 - 1:56
    ခရီးသွားသူအတွက် အဖုံး ပေါ်ထွန်းလာခဲ့တယ်။
  • 1:56 - 2:00
    အဲဒီအဖုံးဟာ သင်္ကေတ တစ်ခု ဖြစ်လာတယ်၊
    ခင်ဗျားတို့ သန်းနဲ့ချီ မြင်ခဲ့ကြမှာပါ။
  • 2:00 - 2:02
    ပြီးတော့ အဲဒါက ပြဿနာတသီကြီးကို
    ဖြေရှင်းပေးလိုက်တယ်။
  • 2:03 - 2:06
    ကျုပ်တို့ မျက်နှာကို ကော်ဖီစင်ခံရမှုမှ
    အဲဒီအဖုံး ဒီဇိုင်းက အာမခံပေးလိုက်တယ်၊
  • 2:06 - 2:09
    အဖုံးတွေထဲက
    အမြင့်ဆုံး ဒီဇိုင်းဖြစ်ခဲ့လို့ပါ။
  • 2:09 - 2:12
    ပြီးတော့ ၎င်းထဲတွင် ထိုးထွက်နေတဲ့
    အနားသတ် ပါခဲ့လို့၊
  • 2:12 - 2:15
    ကျုပ်တို့ရဲ့ နှုတ်ခမ်းနဲ့ မထိမီတွင်
    ကော်ဖီဟာ နည်းနည်းလေး အေးလာပါပြီ။
  • 2:15 - 2:18
    ပြီးတော့ ကျုပ်တို့ရဲ့ နှာခေါင်းအတွက်
    အလယ်ဗဟိုမှာ ချိုင့်ပေးထားခဲ့ပါသေးတယ်။
  • 2:18 - 2:22
    အဲဒါကြောင့် ကျုပ်တို့ဟာ အနံ့ကိုရော
    အရသာကိုပါ ခံစားနိုင်လာကြပါတယ်။
  • 2:22 - 2:25
    အဲဒီထဲမှာ ထွက်ပေါက် အသေးလေးပါခဲ့လို့
    အငွေ့တွေ ထွက်နိုင်ခဲ့ခြင်းဖြင့်
  • 2:25 - 2:27
    လေဟာသွားမှုကို ဟန့်တားနိုင်ခဲ့တယ်။
  • 2:27 - 2:28
    အဲဒီလို အရာတွေအားလုံးကို ကျုပ်တို့ဟာ
  • 2:28 - 2:32
    ကော်ဖီရည် ကိုယ့်ရင်ဘတ်ပေါ် ဖိတ်စင်မလာ
    ခဲ့ရင် သတိထားမိခဲ့ကြမှာ မဟုတ်ပါဘူး။
  • 2:32 - 2:36
    ကော်ဖီခွက် အဖုံးဟာ ရှေ့ဆက်ပြီး
    ဆင့်ကဲတိုးတက်လာဦးမယ်လို့ ထင်ပါတယ်၊
  • 2:36 - 2:39
    တကြိမ်သုံး ပလတ်စတစ်အဖုံးကို ရှောင်ရှားပြီး
  • 2:39 - 2:41
    ရေရှည်ပိုသုံးနိုင်မယ့်
    အဖုံးတွေ ပေါ်လာကြရပါမယ်။
  • 2:41 - 2:43
    ကျုပ်တို့ဟာ ဆက် သွားလာနေကြမှာပါ။
  • 2:43 - 2:46
    ကော်ဖီသောက်မှုကိုလည်း ကျုပ်တို့
    ရပ်ပစ်ကြမှာ မဟုတ်ပါဘူး။
  • 2:46 - 2:49
    ကော်ဖီအဖုံး အင်ဂျင်နီယာတွေ
    ကြိုးပမ်းနေကြတာက
  • 2:49 - 2:54
    လမ်းပေါ်မှာ သွားရင်း သောက်ရမှုကို
  • 2:54 - 2:58
    စားသောက်ဆိုင်မှာ ထိုင်ပြီး ကြွေခွက်နဲ့
    သောက်ရသလိုပဲ ခံစားရအောင် လုပ်ပေးဖို့ပါ။
  • 2:58 - 3:01
    ကော်ဖီဟာ တကယ့်ကို
    အရေးကြီးတဲ့ လုပ်ငန်းမို့လို့ပါ။
Title:
ကော်ဖီခွက် အဖုံး ဆင့်ကဲတိုးတက်လာခဲ့ပုံ
Speaker:
A.J. Jacobs
Description:

စာရေးဆရာ A.J. Jacobs ကနေပြီး ကျုပ်တို့ အားလုံးအနေနဲ့ ကော်ဖီကို သောက်ကြရာတွင် အရသာနဲ့ ရနံ့ကိုပါ အပြည့်အဝ ခံစားနိုင်ကြဖို့အတွက် ကော်ဖီခွက် အဖုံးကို အံဝင်ခွင်ကျ ဖြစ်အောင် တဆင့်ပြီးတဆင့် ပြုစုတီထွင်ခဲ့ကြပုံကို တင်ပြပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED Series
Duration:
03:02

Burmese subtitles

Revisions