အရည်အသွေး၏ နိုင်လိုမင်းထက်ပြုမှု
-
0:01 - 0:04ကျနော်တို့အားလုံးမေးသင့်တဲ့ မေးခွန်းတစ်ခုက
-
0:04 - 0:05ဘာတွေမှားသွားခဲ့သလဲ ဆိုတာပါ
-
0:05 - 0:07လက်ရှိကပ်ရောဂါနဲ့ ပတ်သက်လို့တင်မဟုတ်ပဲ
-
0:07 - 0:09ကျနော်တို့ရဲ့ နိုင်ငံသားဘဝနဲ့
ပတ်သက်လို့ေရာပါ -
0:10 - 0:14ဒီလို နှစ်ခြမ်းကွဲနေတဲ့ ခါးသီးလှတဲ့
နိုင်ငံရေးအခိုက်အတန့်ဆီ ဘာကခေါ်ဆောင်ခဲ့သလဲ -
0:15 - 0:17မကြာသေးမီနှစ်များအတွင်း
-
0:17 - 0:21နိုင်သူနဲ့ ရှုံးသူများရဲ့ အကွဲအပြဲဟာ
ပိုလို့ နက်ရှိုင်းလာခဲ့ပါတယ် -
0:21 - 0:23ကျနော်တို့နိုင်ငံရေးကို အဆိပ်သင့်စေပါတယ်
-
0:23 - 0:24ကျနော်တို့ကို ဝေးကွာသွားစေပါတယ်
-
0:25 - 0:29ဒီအကွဲအပြဲဟာ တစ်စိတ်တစ်ပိုင်းအားဖြင့်
မညီမျှမှုနဲ့လည်း ဆိုင်ပါတယ် -
0:30 - 0:34ဒါပေမဲ့ ဒါဟာ အနိုင် အရှုံးပေါ်ထားတဲ့
သဘောထားအမြင်တွေနဲ့လည်း ဆိုင်ပါတယ် -
0:34 - 0:36မညီမှုမှုနဲ့ အတူပါလာတဲ့အရာဆိုပါတော့
-
0:36 - 0:38ထိပ်မှာရောက်နေသူတွေက
-
0:38 - 0:42သူတို့ကြိုးစားလို့ သူတို့အောင်မြင်တယ်လို့
ထင်မှတ်လာကြတယ် -
0:42 - 0:44သူတို့ အရည်အသွေးရဲ့
မှတ်ကျောက်တစ်ခုပေါ့ -
0:45 - 0:49ရှုံးသွားတဲ့သူတွေကတော့ ကိုယ့်ကိုကိုယ်သာ
အပြစ်တင်စရာရှိတယ်ပေါ့ -
0:50 - 0:53အောင်မြင်မှုအပေါ် ဒီလိုအမြင်မျိုးဟာ
-
0:53 - 0:56အပေါ်ယံအားဖြင့် ဆွဲဆောင်မှုရှိတဲ့
နိယာမတစ်ခုကနေ ပေါ်ထွက်လာတာပါ -
0:56 - 0:59အကယ်၍ လူတိုင်းဟာ တန်းတူအခွင့်အလမ်း
ပိုင်ဆိုင်ထားတယ်ဆိုရင် -
0:59 - 1:02နိုင်သူဟာ အောင်နိုင်မှုတွေနဲ့
ထိုက်တန်ပါတယ်ပေါ့ -
1:03 - 1:07ဒါဟာ အရည်အသွေးအလျောက်မြှောက်စားတဲ့စနစ်ရဲ့
မူလပဓာနစံနှုန်းဖြစ်ပါတယ် -
1:08 - 1:11လက်တွေ့မှာတော့ ကျနော်တို့ အများကြီး
ကွာဟပါတယ် -
1:13 - 1:16တိုးတက်ဖို့အခွင့်အရေးဆိုတာ လူတိုင်းမှာ
တန်းတူ ညီမျှ ရှိကြတာ မဟုတ်ပါဘူး -
1:17 - 1:22ဆင်းရဲတဲ့မိသားစုတွေမှာ မွေးလာတဲ့ ကလေးတွေဟာ
ကြီးလာရင်လည်း ဆက် ဆင်းရဲသွားလေ့ရှိပါတယ် -
1:23 - 1:28ချမ်းသာတဲ့မိဘများက သူတို့ရဲ့ကလေးတွေကို
အားသာချက်တွေကို လက်ဆင့်ကမ်းနိုင်ကြပါတယ် -
1:28 - 1:32အစဥ်အလာကြီးမားတဲ့ တက္ကသိုလ်ကြီးတွေမှာဆို
ဥပမာပြောရရင် -
1:32 - 1:35ပေါင်းထားတဲ့ တိုင်းပြည် အောက်ခြေ
တစ်ဝက်တစ်ခုလုံးကလာတဲ့ ကျောင်းသားတွေထက် -
1:35 - 1:40ထိပ်ဆုံး၁ရာခိုင်နှုန်းကလာတဲ့
ကျောင်းသားတွေ ပိုများပါတယ် -
1:42 - 1:46ဒါပေမဲ့ ပြဿနာက ကျနော်တို့တွေ
ကိုက်ညီအောင်မနေနိုင်လို့တင် မဟုတ်ပါဘူး -
1:46 - 1:50အရည်အချင်းအလျောက် မြှောက်စားတဲ့စနစ်ရဲ့
အခြေခံသဘောတရားတွေနဲ့အညီပေါ့ -
1:50 - 1:52စံနှုန်းကိုယ်တိုင်က ချို့ယွင်းချက်တွေ
ရှိနေပါတယ် -
1:53 - 1:54သူ့မှာ အဆိုးဘက်ခြမ်း ရှိနေပါတယ်
-
1:55 - 1:59အရည်အချင်းအလျောက်မြှောက်စားတဲ့စနစ်ဟာ
ဘုံအကျိုးစီးပွားကို ပျက်စီးယိုယွင်းစေပါတယ် -
2:00 - 2:02၄င်းဟာ အောင်နိုင်သူတွေကို မာန်တက်စေပြီး
-
2:04 - 2:07ရှုံးနိမ့်သူတွေကို အရှက်တကွဲဖြစ်စေပါတယ်
-
2:08 - 2:14၄င်းဟာ အောင်မြင်သူတွေကို သူတို့ရဲ့
အောင်မြင်မှုအပေါ် အလွန် မာန်တက်သွားစေပါတယ် -
2:14 - 2:19သူတို့ကို ထောက်ကူခဲ့တဲ့ ကံကောင်းခြင်းနဲ့
ကံကြမ္မာကောင်းကို မေ့သွားလောက်အောင်ပေါ့ -
2:19 - 2:23ပြီးတော့ ၄င်းဟာ ထိုသူတွေကို အခြားသော
ကံအခွင့်မသာသူတွေအပေါ် အထင်အမြင်သေးစေပါတယ် -
2:23 - 2:26သူတို့လောက် သင့်တော်တဲ့အရည်အချင်း
မရှိဘူးလို့ မြင်လာစေပါတယ် -
2:27 - 2:30ဒါဟာ နိုင်ငံရေးအတွက် အရေးကြီးပါတယ်
-
2:30 - 2:35ထင်ရှားတဲ့လူထု တုံ့ပြန်လှုပ်ရှားမှုရဲ့
အပြင်းထန်ဆုံး အကြောင်းအရင်းတခုက -
2:35 - 2:41လုပ်ခလခစားတွေကြားမှာ လူ့မလိုင်တွေက
သူတို့အပေါ် အထင်သေးကြတယ်လို့နားလည်နေမှုပါ -
2:42 - 2:44ဒါဟာ မှန်ကန်ဆီလျော်တဲ့ အကြောင်းတစ်ရပ်
ပါ။ -
2:45 - 2:50ဂလိုဘယ်လိုက်ဇေးရှင်းတောင်
ပိုနက်ရှိုင်းလာတဲ့ မညီမျှမှုတွေနဲ့ -
2:50 - 2:52လုပ်ခလစာ တိုးတက်မှုမရှိတာတွေကို
ဖြစ်စေသော်ငြားလည်း -
2:53 - 2:57ဒါကိုထောက်ခံအားပေးသူတွေက အကြံပေးစကားတွေ
အလုပ်သမားများကို ပြောပါတယ် -
2:58 - 3:02"ဒီလို ကမ္ဘာ့စီးပွားရေးခေတ်မှာ ယှဥ်ပြိုင်
အနိုင်ယူချင်တယ်ဆိုရင် -
3:02 - 3:03မင်း ကောလိပ်တက်ပါ"
-
3:04 - 3:07"မင်းဝင်ငွေဟာ မင်း ဘာကိုသင်ယူသလဲ ဆိုတဲ့
အပေါ် မူတည်တယ်" -
3:07 - 3:09"မင်း ကြိုးစားရင် အောင်မြင်ပါတယ်"
-
3:10 - 3:16ဒီလူ့မလိုင်တွေဟာ သူတို့ရဲ့ အကြံပေးစကားထဲ
မြုပ်နေတဲ့ စော်ကားမှုကို မမြင်ကြပါဘူး -
3:17 - 3:19အကယ်၍ မင်းဟာ ကောလိပ်မတက်ရင်
-
3:19 - 3:23စီးပွားရေးအသစ်မှာ မင်း တိုးတက်ကြီးပွားမှု
မရှိဘူးဆိုရင် -
3:23 - 3:25မင်းရဲ့ ကျရှုံးမှုဟာ မင်းရဲ့အမှားသာဖြစ်တယ်
-
3:26 - 3:27ဒီလို သွယ်ဝိုက်ညွှန်းဆိုနေပါတယ်
-
3:28 - 3:34လုပ်ခလစားအများအပြားက လူ့မလိုင်တွေကို
ဆန့်ကျင်တာ အံ့သြဖွယ်တော့ မရှိပါဘူး -
3:35 - 3:36ဒါဆို ကျနော်တို့ ဘာလုပ်သင့်သလဲ
-
3:37 - 3:41ကျနော်တို့အနေနဲ့ ကျနော်တို့နိုင်ငံသားဘဝရဲ့
ကဏ္ဍသုံးရပ်ကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ် -
3:41 - 3:43တက္ကသိုလ်ကောလိပ်ရဲ့ အခန်းကဏ္ဍ
-
3:43 - 3:44အလုပ်ရဲ့ ဂုဏ်သိက္ခာ
-
3:44 - 3:46ပြီးတော့ အောင်မြင်မှုရဲ့ အဓိပ္ပါယ် တွေပါ
-
3:47 - 3:51ကျနော်တို့ စပြီး ပြန်သုံးသပ်သင့်တာက
တက္ကသိုလ်တွေရဲ့ အခန်းကဏ္ဍပါ -
3:51 - 3:54အခွင့်အလမ်းတွေကို အဆုံးအဖြတ်ပေးသူတွေ
ဖြစ်နေတာကိုပါ -
3:56 - 4:00အရည်အချင်းရှိသူတွေနဲ့ အချိန်ကုန်လေ့ရှိတဲ့
သူတွေဟာ -
4:00 - 4:04အရမ်းရိုးရှင်းတဲ့အချက်တခုကို
မေ့နေလေ့ရှိပါတယ် -
4:05 - 4:09လူအများစုမှာ လေးနှစ်တက်ပြီး ရလာတဲ့ ကောလိပ်
ဘွဲ့ဒီဂရီ မရှိကြဘူး ဆိုတဲ့ အချက်ပါ -
4:09 - 4:13တကယ့်တကယ်က အမေရိကန်တွေရဲ့
သုံးပုံပုံ နှစ်ပုံနီးပါးဟာ ဘွဲ့မရကြပါဘူး -
4:14 - 4:18ဒါကြောင့် စီးပွားရေးတရပ်ကို
ဖန်တီးမယ်ဆိုတာဟာ မိုက်မဲရာကြပါတယ် -
4:18 - 4:23တက္ကသိုလ်ဒီပလိုမာကို လိုအပ်ချက်တရပ်အဖြစ်
သတ်မှတ်တဲ့ စီးပွားရေးမျိုးပေါ့ -
4:23 - 4:27ဂုဏ်သိက္ခာရှိတဲ့ အလုပ်အကိုင်နဲ့
ကောင်းမွန်တဲ့ဘဝတစ်ခုအတွက်ပေါ့ -
4:27 - 4:31လူတွေကို တက္ကသိုလ်တက်ကြဖို့ တိုက်တွန်းတာဟာ
ကောင်းတဲ့အရာဖြစ်ပါတယ် -
4:31 - 4:34မတက်နိုင်တဲ့သူတွေ တက်နိုင်အောင်လုပ်ပေးတာ
-
4:34 - 4:35ပိုလို့တောင် ကောင်းပါသေးတယ်
-
4:36 - 4:38သို့သော် ဒါဟာ မညီမျှမှုကို
တိုက်ဖျက်ဖို့အတွက် အဖြေမဟုတ်ပါဘူး -
4:39 - 4:44အရည်အသွေးအလျှောက် မြှောက်စားတဲ့စနစ်မှာ
ယှဥ်နိုင်ဖို့ လူတွေကို ပြင်ဆင်ပေးတာ -
4:44 - 4:48လျှော့ပြီး ဘဝတွေ ပိုကောင်းလာအောင်
လုပ်တဲ့နေရာမှာ ပို အာရုံစိုက်သင့်ပါတယ် -
4:48 - 4:51ဒီပလိုမာ မရှိတဲ့သူတွေ အတွက်ပေါ့
-
4:51 - 4:55သို့သော် ကျနော်တို့ လူ့အဖွဲ့အစည်းအတွက်
အရေးပါတဲ့ပံ့ပိုးမှုတွေ ပေးနိုင်တဲ့သူတွေပါ -
4:55 - 4:58အလုပ်ရဲ့ ဂုဏ်သိက္ခာကိုလည်း ကျနော်တို့
ပြန်လည် ဆန်းသစ်သင့်ပါတယ် -
4:58 - 5:01ပြီးတော့ ကျနော်တို့ နိုင်ငံရေးရဲ့
ဗဟိုချက်နေရာမှာ ထားသင့်ပါတယ် -
5:01 - 5:06ကျနော်တို့ သိထားရမှာက အလုပ်ဆိုတာ
ပိုက်ဆံရှာရုံ သက်သက်မဟုတ်ပါဘူး -
5:06 - 5:10အများကောင်းကျိုးအတွက် ကူညီပံ့ပိုးတာလည်း
ဖြစ်ပါတယ် -
5:10 - 5:13ပြီးတော့ အဲ့သလိုလုပ်တဲ့ အတွက်
အသိအမှတ်ပြုခံရတာ ဒါလည်းပါပါတယ် -
5:13 - 5:17Robert F. Kennedy က လွန်ခဲ့တဲ့
အနှစ်ငါးဆယ်လောက်က ပြောခဲ့ဖူးတယ် -
5:17 - 5:21ရဲဘော်ရဲဘက်၊ အသိုင်းအသိုင်း၊
မျှဝေထားတဲ့ မျိုးချစ်စိတ် -
5:21 - 5:25ဒီလိုအရေးပါတဲ့တန်ဖိုးတွေဟာ အလိုလို
ရောက်မလာပါဘူး -
5:25 - 5:28ကုန်ပစ္စည်းတွေကို အတူတကွ
ဝယ်ကြစားကြရုံနဲ့ပေါ့ -
5:29 - 5:31ဒီလိုတန်ဖိုးတွေဟာ ဂုဏ်သိက္ခာရှိတဲ့
အလုပ်အကိုင်ကနေ လာပါတယ် -
5:31 - 5:33ကောင်းမွန်တဲ့ လစာနဲ့ပေါ့
-
5:33 - 5:37ဘယ်လိုအလုပ်မျိုးလဲဆိုတော့ ကျနော်တို့ကို
ပြောစေနိုင်တဲ့ -
5:37 - 5:40"ငါကတော့ ဒီတိုင်းပြည် တည်ဆောက်ရေးမှာ
ကူညီခဲ့တယ် -
5:40 - 5:44ငါဟာ နိုင်ငံရဲ့ ကြီးကျယ်တဲ့
လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်တယ်" -
5:45 - 5:48ဒီလို နိုင်ငံသားစိတ်ဓာတ်ဟာ
-
5:48 - 5:52ကျနော်တို့ရဲ့ ကနေ့ခေတ် ပြည်သူလူထုဘဝမှာ
များစွာ ပျောက်ကွယ်နေပါတယ် -
5:53 - 5:57ကျနော်တို့ မှတ်ယူလေ့ရှိတာက လူတွေ ရှာကြတဲ့
ငွေဟာ -
5:57 - 6:00ဘုံအကျိုးစီးပွားအတွက် လုပ်ဆောင်မှုရဲ့
အတိုင်းအတာ တရပ်ဖြစ်တယ်ပေါ့ -
6:01 - 6:03သို့သော် ဒါက မှားနေပါတယ်
-
6:03 - 6:06Martin Luther King Jr. က
ဘာ့ကြောင့်လဲ ဆိုတာ ရှင်းပြခဲ့ပါတယ် -
6:07 - 6:11မိလ္လာလုပ်သားတွေရဲ့ သပိတ်မှောက်ပွဲတခုကို
ပြန်ဆင်ခြင်းသုံးသပ်ရင်း -
6:11 - 6:13တန်နက်စီပြည်နယ်၊ မမ်းဖစ်မြို့က
သပိတ်ပါ -
6:13 - 6:15သူ လုပ်ကြံခံရမီ အချိန်လေးမှာပေါ့
-
6:16 - 6:18King က ပြောခဲ့တယ်
-
6:18 - 6:23"ကျနော်တို့အမှိုက်တွေကို သိမ်းပေးသူဆိုတာ
သေချာဆန်းစစ်ကြည့်ရင် -
6:23 - 6:25သမားတော်တယောက်လောက် အရေးပါပါတယ်
-
6:27 - 6:29သူက သူ့အလုပ်ကို မလုပ်တော့ဘူးဆိုရင်
-
6:29 - 6:31ရောဂါတွေ ပွားများလာမယ်
-
6:32 - 6:35အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ"
-
6:36 - 6:38ကနေ့ခေတ် ကပ်ရောဂါက ဒါကို
ပီပြင်ထင်ရှားစေပါတယ် -
6:38 - 6:42ဘာကိုပြနေသလဲဆိုတော့ ဘယ်လောက်ထိ
နက်ရှိုင်းစွာ ကျနော်တို့တွေ မှီခိုနေကြတယ် -
6:42 - 6:45ကျနော်တို့ သိပ်ဂရုပြုလေ့မရှိတဲ့
အလုပ်သမားတွေ အပေါ်မှာပေါ့ -
6:46 - 6:47အစားအသောက်ကုန်စည် ပိုတဲ့လုပ်သားတွေ
-
6:47 - 6:49သန့်ရှင်းပြုပြင်ရေးအလုပ်သမားတွေ
-
6:49 - 6:51စတိုးဆိုင်စာရေးတွေ
-
6:51 - 6:53သိုလှောင်ရုံ အလုပ်သမားတွေ
-
6:53 - 6:54ကုန်ကားမောင်းသူတွေ
-
6:54 - 6:56သူနာပြုအကူတွေ
-
6:56 - 6:57ကလေးထိန်း ဝန်ထမ်းတွေ
-
6:57 - 7:00အိမ်အရောက် ကျန်းမာရေးစောင့်ရှောက်မှု
ပေးသူတွေ -
7:00 - 7:04သူတို့တွေဟာ လုပ်ခလစားအများဆုံးရတဲ့သူတွေ
အများဆုံးလေးစားခံရတဲ့သူတွေ မဟုတ်ပါဘူး -
7:05 - 7:09သို့သော် အခုတော့ ကျနော်တို့ဟာ သူတို့ကို
မရှိမဖြစ်လုပ်သားတွေအဖြစ် မြင်လာကြပါပြီ -
7:10 - 7:14ဒီအချိန်ဟာ လူထုထိပ်တိုက်ဆွေးနွေးမှု
လုပ်သင့်တဲ့ အချိန်ပါ -
7:14 - 7:18သူတို့တွေရဲ့ လုပ်ခလစာနဲ့ အသိအမှတ်ပြုမှုကို
ဘယ်လိုဆောင်ကြည်းမလဲ ဆိုတာနဲ့ ပတ်သက်လို့ပါ -
7:18 - 7:22သူတို့တွေရဲ့ အလုပ်ရဲ့ အရေးပါမှုနဲ့ ပိုမို
ကိုက်ညီနိုင်မယ့် ဟာမျိုးပေါ့ -
7:22 - 7:29ကိုယ်ကျင့်တရား ဒါ့အပြင် ဘာသာရေးဆိုင်ရာ
အလှည့်အပြောင်း ဖြစ်ချိန်တန်ပြီ ဖြစ်ပါတယ် -
7:29 - 7:32အရည်အသွေးအလျောက်မြှောက်စားတဲ့စနစ်ရဲ့
မောက်မာမှုကို ပြန်လည်ဆန်းစစ်ပြီး ပေါ့ -
7:34 - 7:38လူ့ကျင့်ဝတ်အရ ငါ့ကို တိုးတက်အောင်မြင်စေတဲ့
ပင်ကိုယ်စွမ်းရည်တွေနဲ့ ငါဟာထိုက်တန်ရဲ့လား -
7:39 - 7:40ဒါဟာ ငါ့လုပ်ရပ်လား
-
7:40 - 7:44ငါ့ပင်ကိုယ်အစွမ်းအစကို ချီးမြှောက်တဲ့
လူ့အဖွဲ့အစည်းတခုမှာ ငါနေနေတယ်ဆိုတာဟာပေါ့ -
7:44 - 7:46ငါ့မှာ ရှိလာတဲ့ အစွမ်းအစတွေလေ
-
7:46 - 7:48ဒါမဟုတ် ဒါဟာ ငါ ကံကောင်းလို့ ဖြစ်လာတာလား
-
7:49 - 7:53ငါ့အောင်မြင်မှုဟာ ငါနဲ့ထိုက်တန်တယ်လို့
ရတယ်လို့ ဆိုနေခြင်းဟာ -
7:53 - 7:57အခြားသူတွေရဲ့ နေရာကနေ ဝင်နေကြည့်ဖို့
ခက်ခဲသွားစေပါတယ် -
7:58 - 8:01ဘဝမှာ ကံကောင်းမှုရဲ့ အခန်းကဏ္ဍကို
ကျေးဇူးတင်ချီးမွမ်းခြင်းဟာ -
8:01 - 8:03အတိုင်းအတာတခုအထိ နှိမ့်ချမှုကို
ဖြစ်ပေါ်စေနိုင်ပါတယ် -
8:04 - 8:08မွေးဖွားဖြစ်တည်လာမှု၊ ဒါမှမဟုတ်
ဘုရားသခင်ရဲ့ ကျေးဇူးတော် -
8:08 - 8:10ဒါမှမဟုတ် ကံကြမ္မာရဲ့ ဆန်းကြယ်မှုကြောင့်
-
8:10 - 8:12ကျနော်ကတော့ ကံကောင်းနေပါတယ်
-
8:12 - 8:15ဒီလို နှိမ့်ချတဲ့စိတ်ထားဟာ
-
8:15 - 8:18ကျနော်တို့ လက်ရှိမှာ လိုအပ်နေတဲ့
နိုင်ငံသားဆိုင်ရာအလေ့အထကောင်းတခု ဖြစ်ပါတယ် -
8:18 - 8:21ဒါဟာ နည်းလမ်းတခုရဲ့
အစကနဦးဖြစ်ပါတယ် -
8:21 - 8:25ကျနော်တို့ကို သွေးကွဲသွားစေတဲ့ ညှာတာမှုမဲ့
အောင်မြင်ရေးကျင့်ဝတ်ကနေ ဖယ်ခွာလို့ပေါ့ -
8:25 - 8:30ဒါဟာ အရည်အသွေးရဲ့ နိုင်လိုမင်းထက်ပြုမှုကို
ကျော်လွန်လို့ ကျနော်တို့ကို ညွှန်ပြနေပါတယ် -
8:30 - 8:34ပိုပြီး ခါးသီးမှုနည်းတဲ့
ပိုပြီး ရက်ရောတဲ့ ပြည်သူ့ဘဝကိုပေါ့
- Title:
- အရည်အသွေး၏ နိုင်လိုမင်းထက်ပြုမှု
- Speaker:
- Michael Sandel
- Description:
-
ကျနော်တို့ရဲ့ အကွဲအပြဲဖြစ်နေတဲ့ ပြည်သူ့ဘဝမှာ ဘာတွေက အရေးကြီးသလဲ ပြီးတော့ အဲ့တာကို ကုစားဖို့ ဘယ်လို စလုပ်ကြမလဲ။ နိုင်ငံရေးအတွေးအခေါ်ပညာရှင် Michael Sandel က အံ့သြဖွယ်အဖြေတရပ်ကို ပေးထားပါတယ်- တိုးတက်အောင်မြင်နေတဲ့သူတွေဟာ ကိုယ့်ကိုကိုယ် မှန်ထဲမှာ ပြန်ကြည့်သင့်တယ်တဲ့။ ဘယ်လိုမျိုးတွေ "အရည်အသွေးအလျောက် မြှောက်စားတဲ့စနစ်ရဲ့ မောက်မာမှု"ဟာ စီးပွားရေးအသစ်မှာ "နိုင်သူတွေ"နဲ့ "ရှုံးသူတွေ"ကြား အမုန်းပွားစေပြီး အကွဲအပြဲကို ဖြစ်စေတဲ့ ကိုယ့်အောင်မြင်မှုဟာ ကိုယ့်ကြိုးစားမှုကြောင့်သာဖြစ်တယ်ဆိုတဲ့အထင်တွေ ဖြစ်စေသလဲ၊ မအောင်မြင်တဲ့သူတွေအပေါ် အထင်သေးတာတွေဖြစ်စေဖို့သလဲဆိုတာ သူက လေ့လာတင်ပြထားပါတယ်။ဘာ့ကြောင့်များ ကျနော်တို့ဟာ အောင်မြင်မှုရဲ့ အဓိပ္ပါယ်ကို ပြန်လည် သုံးသပ်ကြည့်ဖို့လိုတယ်၊ ပိုပြီး ခါးသီးမှုနည်းတဲ့ ပိုပြီးရက်ရောတဲ့ ပြည်သူ့ဘဝကို ဖန်တီးနိုင်ဖို့အတွက် ကံကောင်းခြင်းရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့လိုတယ် ဆိုတာကို နားဆင်ကြည့်ကြပါစို့။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 08:47
sann tint approved Burmese subtitles for The tyranny of merit | ||
sann tint accepted Burmese subtitles for The tyranny of merit | ||
sann tint edited Burmese subtitles for The tyranny of merit | ||
sann tint edited Burmese subtitles for The tyranny of merit | ||
Chan Nyein edited Burmese subtitles for The tyranny of merit | ||
Chan Nyein edited Burmese subtitles for The tyranny of merit | ||
Chan Nyein edited Burmese subtitles for The tyranny of merit | ||
Chan Nyein edited Burmese subtitles for The tyranny of merit |