Return to Video

အသက်ရှူစက်တွေ ဘယ်လို အလုပ်လုပ်လဲ။ Alex Gendler

  • 0:07 - 0:11
    ၁၆ ရာစုမှာ Flesmish သမားတော်
    Andreas Vesalius ဟာ
  • 0:11 - 0:15
    အသက်ရှူကျပ်နေတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့
    လေပြွန်ထဲကို ပြွန်တစ်ခုကို သွင်းပေးရင်း
  • 0:15 - 0:21
    ၎င်းရဲ့အဆုတ်တွေထဲကို လေမှုတ်သွင်းရင်းက
    ဆက်အသက်ရှုင်နိုင်ပုံကို သရုပ်ဖော်ခဲ့တယ်။
  • 0:21 - 0:26
    ၁၅၅၅ မှာ ဒီလုပ်ငန်းစဉ်က
    ချီးကျူးမှု အများကြီးမရခဲ့ဘူး။
  • 0:26 - 0:29
    ဒါပေမဲ့ ဒီနေ့မှာတော့
    Vesalius ရဲ့ ကျမ်းကို ပထမဆုံး
  • 0:29 - 0:33
    စက်ယန္တရားဖြင့် လေရှူသွင်းခြင်းရဲ့ သရုပ်
    ဖော်ချက်အဖြစ် အသိအမှတ်ပြုခံရတယ်။
  • 0:33 - 0:36
    ခေတ်သစ် ဆေးပညာမှာ
    အရေးပါတဲ့ လုပ်ငန်းတစ်ခုပါ။
  • 0:36 - 0:39
    လေသွင်းခြင်းရဲ့တန်ဖိုးကို သဘောပေါက်ဖို့
  • 0:39 - 0:43
    အသက်ရှူစနစ် လုပ်ဆောင်ပုံကို
    နာလည်ဖို့လိုပါတယ်။
  • 0:43 - 0:49
    ရင်ဝမ်းခြားကြွက်သားတွေကို ကျုံ့ကာ
    အသက်ရှူတယ်၊ ဒါက ရင်ခေါင်းတွေကို ကျယ်စေတယ်။
  • 0:49 - 0:54
    အဆုတ်အတွင်းမှာရှိတဲ့ သန်းချီတဲ့
    လေအိတ်လေးတွေဖြစ်တဲ့
  • 0:54 - 0:58
    alveoli ကို ဖောင်းပွစေခြင်းပါ။
  • 0:58 - 1:04
    ဒီပူဖောင်းလေးတစ်ခုစီကို သွေးပြည့်နေတဲ့
    အမျှင်လေးတွေရဲ့ကွန်ရက်တစ်ခုက ဝန်းရံထားတယ်။
  • 1:04 - 1:09
    ဒီသွေးက ဖောင်းနေတဲ့ alveoli မှ
    အောက်စီဂျင်ကို စုပ်ယူပြီး
  • 1:09 - 1:13
    ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ချန်ထားတယ်။
  • 1:13 - 1:15
    ရင်ဝမ်းခြားကြွက်သား ပြေလျော့သွားတဲ့အခါ
  • 1:15 - 1:21
    အောက်စီဂျင်နဲ့ အခြားဓာတ်ငွေ့
    အရောနှင့်အတူ CO2 ကို ရှူထုတ်တယ်။
  • 1:21 - 1:24
    ကျွန်ုပ်တို့ရဲ့ အသက်ရှူစနစ်က
    မှန်ကန်စွာ အလုပ်လုပ်နေတဲ့အခါ
  • 1:24 - 1:27
    ဒီဖြစ်စဉ်က အလိုအလျောက် ဖြစ်ပေါ်တယ်။
  • 1:27 - 1:31
    ဒါပေမဲ့ အသက်ရှူစနစ်ကို အခြေအနေမျိုးစုံက
    နှောင့်ယှက်နိုင်ပါတယ်။
  • 1:31 - 1:36
    အိပ်နေစဉ် ယာယီ အသက်ရှုရပ်မှုက
    ရင်ဝမ်းခြားကြွက်သားတေွ ကျုံ့တာရပ်စေတယ်။
  • 1:36 - 1:41
    ပန်းနာရောဂါက အောက်စီဂျင်ကို တားဆီးတဲ့
    ရောင်ရမ်းတဲ့လေလမ်းကြောင်းတွေ ဖြစ်နိုင်တယ်။
  • 1:41 - 1:46
    ဘက်တီးရီးယား(သို့) ဗိုင်းရပ်စ်
    ကူးစက်ခြင်းက မကြာခဏ အစပြုပေးတဲ့
  • 1:46 - 1:49
    အဆုတ်ရောင်ရောဂါက alveoli ကို
    တိုက်ခိုက်တယ်။
  • 1:49 - 1:52
    ကျူးကျော်တဲ့ ရောဂါဖြစ်ပစ္စည်းက
    အဆုတ်ဆဲလ်တွေကို သေစေတယ်၊
  • 1:52 - 1:56
    သေလောက်တဲ့ ရောင်ရမ်းခြင်းနဲ့ အရည်
    များလာမှုကို ဖြစ်စေနိုင်တဲ့ ကိုယ်ခံအား
  • 1:56 - 1:58
    တုံ့ပြန်မှုတစ်ခုကို အစပျိုးပေးတာပါ။
  • 1:58 - 2:03
    ဒီအခြေအနေတွေ အားလုံးက အဆုတ်တွေကို
    ပုံမှန် မလုပ်ဆောင်နိုင်အောင် ဖြစ်စေတယ်။
  • 2:03 - 2:07
    ဒါပေမဲ့ စက် အသက်ရှူကိရိယာတွေက
    အသက်ရှူစနစ်က မတတ်နိုင်တဲ့အခါ
  • 2:07 - 2:12
    ခန္ဓာကိုယ်ထဲကို အောက်စီဂျင် ရောက်စေရင်းနဲ့
    ဒီလုပ်ငန်းစဉ်ကို လွှဲယူလိုက်တယ်။
  • 2:12 - 2:15
    ဒီစက်တွေက ကျုံ့နေတဲ့
    လေလမ်းကြောင်းတွေကို ရှောင်ကွင်းပြီ​း
  • 2:15 - 2:22
    ပျက်စီးနေတဲ့ အဆုတ်တွေ အောက်စီဂျင် ပိုပျံ့
    ဖို့ အောက်စီဂျင်မြင့်တဲ့လေ ပို့နိုင်တယ်။
  • 2:22 - 2:25
    အသက်ရှူစက်တွေ လုပ်ဆောင်နိုင်တဲ့
    အဓိက နည်းလမ်းနှစ်ခုရှိတယ်။
  • 2:25 - 2:30
    လူနာရဲ့ အဆုတ်တွေထဲကို အဖိုဓတ် ဖိအား
    လေသွင်းခြင်းကနေ လေပို့လွှတ်ခြင်း
  • 2:30 - 2:36
    (သို့) အမဓာတ် ဖိအား လေသွင်းခြင်းကနေ
    လေကို လှုပ်ရှားမှုမဲ့စွာ ဆွဲယူစေပေးတာပါ။
  • 2:36 - 2:38
    ၁၉ ရာစု နှောင်းပိုင်းမှာ
  • 2:38 - 2:42
    လေသွင်းခြင်း နည်းပညာတွေက
    အမဓာတ် ဖိအားကို အဓိက အာရုံစိုက်ခဲ့တယ်။
  • 2:42 - 2:44
    ဒါက သဘာဝ အသက်ရှူမှုနဲ့
    အတော်လေး နီးစပ်ပြီး
  • 2:44 - 2:49
    အဆုတ်ထဲက လေရဲ့ ဖြန့်ဝေမှုကိုတောင်
    ထောက်ပံ့ပေးတယ်။
  • 2:49 - 2:54
    ဒါ အောင်မြင်ဖို့ ဆရာဝန်တွေဟာ သစ်သားပုံး
    (သို့) အထူး ချိတ်ပိတ်ထားတဲ့ အခန်းထဲမှာ
  • 2:54 - 3:01
    လူနာတွေကို ထည့်သွင်းကာ ခန္ဓာကိုယ်
    ပတ်လည်မှာ ​အလုံပိတ်တစ်ခု ဖန်တီးတယ်။
  • 3:01 - 3:03
    ဒီနောက် အလုံခန်းထဲက လေကို
    မှုတ်သွင်းတယ်။
  • 3:03 - 3:07
    လေဖိအားကို လျော့ကျစေကာ လူနာရဲ့
    ရင်ဘတ် အခေါင်းကို ပိုလွယ်ကူစွာ
  • 3:07 - 3:10
    ကျယ်လာအောင် လုပ်ပေးတာပါ။
  • 3:10 - 3:15
    ၁၉၂၈ မှာ ဆရာဝန်တွေဟာ လျှပ်စစ်
    မော်တာကနေ မောင်းနှင်တဲ့ ပန့်တွေပါတဲ့
  • 3:15 - 3:18
    သယ်ဆောင်လို့ရတဲ့ သတ္တု
    ကိရိယာတစ်ခုကို တီထွင်ခဲ့တယ်။
  • 3:18 - 3:21
    သံမဏိ အဆုတ်လို့ သိကြတဲ့ ဒီစက်ဟာ
  • 3:21 - 3:26
    ၂၀ ရာစု အလယ်ပိုင်းတစ်လျှောက်
    ဆေးရုံတွေမှာ အရံပစ္စည်းတစ်ခု ဖြစ်လာခဲ့တယ်။
  • 3:26 - 3:30
    ဒါပေမဲ့ အကျစ်လစ်ဆုံး အမဓာတ်
    ဖိအား ပုံစံတွေဆိုတာတောင်မှာ
  • 3:30 - 3:33
    လူနာရဲ့ လှုပ်ရှားမှုကို
    အလွန်အကျွံ ကန့်သတ်ပြီး
  • 3:33 - 3:36
    စောင့်ရှောက်သူတွေ ဝင်ရောက်နိုင်မှုကို
    ဟန့်တားခဲ့တယ်။
  • 3:36 - 3:42
    ဒါက ၁၉၆၀ နှစ်လွန် ဆေးရုံတွေကို အဖိုဓာတ်
    ဖိအား လေသွင်းခြင်းဆီ ပြောင်းဖို့ဖြစ်စေတယ်။
  • 3:42 - 3:46
    သိပ်မပြင်းတဲ့ရောဂါတွေအတွက် ဒါကို ပြန့်ပွား
    နှောင့်ယှက်မှုကင်းစွာ လုပ်ဆောင်နိုင်တယ်။
  • 3:46 - 3:50
    မကြာခဏတော့ ပါးစပ်နဲ့ နှာခေါင်းပေါ်မှာ
    နှာခေါင်းစည်းတစ်ခု တပ်ထားပြီး
  • 3:50 - 3:55
    လူနာရဲ့ လေလမ်းကြောင်းထဲကို ရွေ့တဲ့
    ဖိအားပေးထားတဲ့ လေနဲ့ ဖြည့်တယ်။
  • 3:55 - 3:57
    ပိုပြင်းထန်တဲ့ အခြေအနေတွေမှာ
  • 3:57 - 4:02
    အသက်ရှုခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို
    တာဝန်ယူတဲ့ ကိရိယာတစ်ခု လိုအပ်တယ်။
  • 4:02 - 4:05
    အဆုတ်တွေထဲကို လေ တိုက်ရိုက်
    မှုတ်သွင်းဖို့
လူနာရဲ့ လေပြွန်ထဲကို
  • 4:05 - 4:08
    ပြွန်တစ်ချောင်း ထည့်သွင်းတယ်။
  • 4:08 - 4:11
    အဆို့ရှင်တစ်တန်းကြီး
    ဖြာထွက်တဲ့ ပိုက်တွေနဲ့
  • 4:11 - 4:15
    အသက်ရှူသွင်း၊ ရှူထုတ်တဲ့
    ပတ်လမ်းတစ်ခု ဖြစ်စေတာပါ။
  • 4:15 - 4:17
    ခေတ်ပေါ် အသက်ရှူစက် အများစုမှာ
  • 4:17 - 4:19
    ထည့််သွင်းထားတဲ့ ကွန်ပြူတာစနစ်တစ်ခုက
  • 4:19 - 4:23
    လူနာရဲ့ အသက်ရှူတာနဲ့ လေလမ်းကြောင်းကို
    ထိန်းညှိတာကို စောင့်ကြည့်ခွင့်ပေးတယ်။
  • 4:23 - 4:27
    ဒီစက်တွေကို စံကုသမှုတစ်ခုအဖြစ်
    အသုံးမပြုပေမဲ့
  • 4:27 - 4:30
    ဒီအစား နောက်ဆုံး အားကိုးရာအဖြစ်ပါ။
  • 4:30 - 4:35
    ဖိအားရှိတဲ့ လေပြုံကျမှုကို အောင့်ခံရင်း
    ပမာဏများတဲ့ စိတ်ငြိမ်ဆေပေးတာ လိုအပ်ပြီး
  • 4:35 - 4:39
    အထပ်ထပ် လေသွင်းခြင်းဟာ
    အဆုတ် ရေရှည် ပျက်စီးမှု ဖြစ်စေနိုင်တယ်။
  • 4:39 - 4:42
    ဒါပေမဲ့ အစွန်းရောက်တဲ့ အခြေအနေတွေမှာ
  • 4:42 - 4:45
    အသက်ရှူစက်တွေဟာ အသက်နဲ့ သေခြင်း
    ကြားက ခြားနားမှုဖြစ်နိုင်တယ်။
  • 4:45 - 4:48
    COVID-19 ကမ္ဘာ့ကပ်ရောဂါလို
    အဖြစ်တွေက ပြတာက
  • 4:48 - 4:52
    ဒါတွေကို ထင်တာထက်တောင်
    ပိုလိုအပ်တယ်ဆိုတာပါ။
  • 4:52 - 4:55
    အကြောင်းက လက်ရှိ ပုံစံတွေက
    ဝန်ကျယ်ပြီး စျေးကြီးကာ
  • 4:55 - 5:02
    မောင်းဖို့ ကျယ်ပြန့်တဲ့လေ့ကျင့်မှုလိုတယ်။
    ဆေးရုံအများစုမှာ ပံ့ပိုးမှုက အနည်းငယ်သာပါ။
  • 5:02 - 5:05
    ဒါက သာမန် အခြေအနေတွေမှာတော့
    လုံလောက်နိုင်ပေမဲ့
  • 5:05 - 5:09
    အရေးပေါ် အခြေအနေတွေမှာတော့ ဒီအကန့်
    အသတ်ရှိတဲ့ လက်နက်ပုန်းက ကရိကထများတယ်။
  • 5:09 - 5:14
    ကမ္ဘာဟာ ပိုစရိတ် နည်းပြီး သယ်ရလွယ်တဲ့
    အသက်ရှူစက်တွေ အရေးပေါ် လိုအပ်ပြီး
  • 5:14 - 5:18
    ဒီအသက်ကယ် နည်းပညာကို
    ထုတ်လုပ်၊ ဖြန့်ချီရေးမှာ
  • 5:18 - 5:21
    ပိုမြန်တဲ့ နည်းလမ်းတွေလည်း လိုအပ်ပါတယ်။
Title:
အသက်ရှူစက်တွေ ဘယ်လို အလုပ်လုပ်လဲ။ Alex Gendler
Speaker:
Alex Gendler
Description:

သင်ခန်းစာပအပြည့်အစုံကို https://ed.ted.com/lessons/how-do-ventilators-work-alex-gendler တွင် ကြည့်ရှုပါ။

၁၆ ရာစုမှာ သမားတော် Andreas Vesalius ဟာ အသက်ရှူရကျပ်နေတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့လေပြွန်ထဲကို ပြွန်တစ်ခုကို သွင်းရင်း ၎င်းရဲ့ အဆုတ်တွေထဲကို လေမှုတ်သွင်းရင်းက ဆက်ပြီး အသက်ရှုင်နိုင်ပုံကို သရုပ်ဖော်ခဲ့တယ်။ ဒီနေ့မှာတော့ Vesalius ရဲ့ ကျမ်းကို ပထမဆုံး စက်ယန္တရားဖြင့် လေရှူသွင်းခြင်းရဲ့ သရုပ်ဖော်ချက်အဖြစ် အသိအမှတ်ပြုခံရတယ်။ ခေတ်သစ် ဆေးပညာမှာ အရေးပါတဲ့ လုပ်ငန်းတစ်ခုပါ။ ဒီတော့ ခေတ်ပေါ် လေရှူစက်တွေ ဘယ်လို အလုပ်ကြလဲ။ Alex Gendler ကနေပြီး အသက်ကယ်ပေးတဲ့ နည်းပညာကို ရှင်းပြထားပါတယ်။

သင်ခန်းစာကို Alex Gendler က ပြုစုပြီး Artrake Studio က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:21

Burmese subtitles

Revisions Compare revisions