Return to Video

ကမ္မဋ္ဌာန်းထိုင်ခြင်းရဲ့ အကျိုးကျေးဇူးများ။ Maitreyee Bhaid | TEDxYouth@ISE

  • 0:08 - 0:11
    ဒီတော့ ဒီကမ္ဘာကြီးအတွင်းမှာ
    သေမင်းတမန်တွေ အများကြီးရှိပါတယ်။
  • 0:11 - 0:14
    ကျွန်မတို့မှာ ဗုံးတွေ၊ သေနတ်တွေ၊
    နာမကျန်းမှုတွေရှိတယ်၊
  • 0:15 - 0:17
    ဒါပေမဲ့ကျွန်မ အထင် အားလုံးထဲမှာ
    အဆိုးဆုံး သေမင်းတမန်က
  • 0:18 - 0:19
    စိတ်ဖိစီးမှုပါ။
  • 0:19 - 0:22
    ခန္ဓာက လူသားမျိုးနွယ်တို့ သိကြတဲ့
    ယန္တရားရဲ့ အရှုပ်ထွေးဆုံးအစိတ်အပိုင်းပါ။
  • 0:22 - 0:25
    အင်ဂျင်နီယာတွေဟာ လူ့ခန္ဓာကိုယ်လို
    ထက်ဝက်လောက်တောင်
  • 0:25 - 0:28
    ကောင်းကောင်းလုပ်တဲ့ စက်တည်ဆောက်တာ
    ကို အိပ်မက်သာမက်နိုင်တယ်။
  • 0:28 - 0:30
    လူ့ခန္ဓာကို ဘယ်သူ
    ထိန်းချုပ်လဲ၊မှန်းကြည့်ပါ။
  • 0:31 - 0:32
    ဦးနှောက်ပါ။
  • 0:34 - 0:35
    သင် စိတ်ဖိစီးတဲ့အခါ
  • 0:36 - 0:40
    သင့်ဦးနှောက်က စိတ်ဖိစီးမှု ဟိုမုန်းတစ်ခု
    ဖြစ်တဲ့ ကော်တီဇောကို ထုတ်ပေးတယ်။
  • 0:40 - 0:42
    ကျန်းမာတဲ့ စိတ်ဖိစီးမှု အများကြီးရှိပေမဲ့
  • 0:42 - 0:46
    အသက်အန္တရာယ်ပြုနိုင်ဖို့
    အလားအလာလည်းရှိပါတယ်။
  • 0:47 - 0:52
    ဦးနှောက်မှာ ကော်တီဇော အထပ်ထပ်ထုတ်လွှတ်မှုက
    ဦးနှောက် ယိုယွင်းမှု ဖြစ်စေနိုင်တယ်။
  • 0:52 - 0:56
    ပရိသတ်အပေါင်းတို့ရှင့် ဒါက
    ကျန်းမာစေတဲ့ စိတ်ဖိစီးမှုက
  • 0:56 - 0:58
    သေမင်းတမန်အဖြစ် ပြောင်းသွားတဲ့နေရာပါ။
  • 0:59 - 1:03
    ဒီတော့ ပေါင်းမြက်တစ်ပင်ကို သတ်ဖို့
    ဒါကို အမြစ်ကနေ ဆွဲထုတ်ပစ်ဖို့လိုပါတယ်။
  • 1:03 - 1:08
    ဒီအဖြစ်မှာတော့ ပြဿနာရဲ့
    ရင်းမြစ်ဟာ စိတ်ဖိစီးမှုဖြစ်လိမ့်မယ်။
  • 1:08 - 1:09
    ဒါကိုပဲ တွေးကြည့်ပါ။
  • 1:09 - 1:14
    စိတ်ဖိစီးမှုနဲ့ နစ်နေတဲ့ သင့်တစ်နေ့တာရဲ့
    ကြီးမားတဲ့ ပမာဏတစ်ခုကို သင်ကုန်ဆုံးတယ်။
  • 1:14 - 1:16
    သင့်စာမေးပွဲတွေက နီးလာနေတယ်။
  • 1:16 - 1:17
    သင့်အလုပ်ရှင်က သင့်ကို မကျေနပ်ဘူး။
  • 1:17 - 1:19
    ငွေတောင်းလွာတွေ စုပုံလာတယ်။
  • 1:19 - 1:23
    ဒါက ဆက်တိုက် ဖြစ်ဖြစ်နေတယ်။
  • 1:23 - 1:28
    ကဲ ဒီအပျက်သဘော အတွေးတွေအားလုံးကို
    ယင်ကောင်တွေလို့ စိတ်ကူးကြည့်ပါ။
  • 1:28 - 1:32
    ကျယ်လောင်ပြီး စိတ်အနှောက်အယှက်ဖြစ်စေတဲ့
    ယင်ကောင်တွေက တဝီဝီမြည်တာ ရပ်မှာ မဟုတ်ဘူး။
  • 1:33 - 1:35
    ဒါပေမဲ့ ပြဿနာက ဒီမှာပါ။
  • 1:35 - 1:37
    ဒီယင်ကောင်တွေကို သင် ရှင်းဖို့လိုတယ်။
  • 1:37 - 1:39
    ဒါပေမဲ့ ဒီယင်ကောင်တွေကို ဘယ်လို ရှင်းမလဲ။
  • 1:39 - 1:43
    စကားအဖြစ်ပြောတဲ့ ယင်ကောင်တွေကို
    ရှင်းထုတ်ဖို့ ယင်နိုင်ဆေး
  • 1:43 - 1:44
    ဖျန်းလို့မရဘူးလား။
  • 1:44 - 1:46
    ကောင်းပါပြီ၊ အဖြေရှိပါတယ်။
  • 1:46 - 1:48
    စကားအဖြစ်ပြောတဲ့ ယင်တွေကို
    ရှင်းထုတ်ဖို့
  • 1:48 - 1:51
    စကားအဖြစ်ပြောတဲ့ ယင်နိုင်ဆေး
    ဖျန်းလို့ရပါတယ်။
  • 1:51 - 1:52
    ဒါကတော့
  • 1:53 - 1:54
    ကမ္မဋ္ဌာန်းထိုင်ခြင်းပါ။
  • 1:54 - 1:56
    [ကမ္မဋ္ဌာန်းထိုင်ခြင်း]
  • 1:56 - 1:59
    ကမ္မဋ္ဌာန်းထိုင်ရာမှာ
    မိမိကိုယ်တွင်းကို ကြည့်တယ်။
  • 1:59 - 2:02
    သင် အစစ်အမှန် ဖြစ်နေတဲ့
    ပုဂ္ဂိုလ်ကို အာရုံစိုက်ပြီး
  • 2:02 - 2:05
    သင့်အနားမှာရှိတဲ့ အခြားအရာတိုင်းကို
    မေ့ထားလိုက်ပါတယ်။
  • 2:05 - 2:07
    ခံစားချက်တွေကို တွေ့ပြီး
    ဒါတွေကို လွှတ်ပေးသင့်တယ်။
  • 2:07 - 2:09
    ဒါကို ကိုယ်တွင်းမှာ မထားပါနဲ့။
  • 2:09 - 2:11
    ဒါက ဆိုဒါ ပုလင်းတစ်လုံးလိုပါပဲ။
  • 2:11 - 2:13
    ဆိုဒါပုလင်းကို သင် လှုပ်ရင်
    အဖျားက ပွင့်ထွက်ပြီး
  • 2:13 - 2:16
    ဆိုဒါက နေရာအနှံ့မှာ
    လွင့်စဉ်သွားတယ်။
  • 2:16 - 2:19
    သင်တို့ခေါင်းထဲမှာ မနှစ်သက်စရာ
    ပုံတစ်ပုံကို မထည့်ချင်ပေမဲ့
  • 2:19 - 2:22
    သင်တို့ဦးနှောက်မှာ အလားတူ
    ဖြစ်ပျက်နေတယ်လို့ စိတ်ကူးကြည့်ပါ။
  • 2:23 - 2:24
    အမလေးလေး။
  • 2:25 - 2:26
    ကောင်းပါပြီ။
  • 2:26 - 2:30
    ဒါပေမဲ့ "မိမိရဲ့အဇ္ဈတ္တအတွင်း ပိုနက်
    ရှိုင်းစွာ ရောက်ရှိမှု" သိပ္ပံနည်းမကျတဲ့
  • 2:30 - 2:33
    မှော်လိုလို၊ နတ်လိုလိုဆိုတာကို
    သင်တို့ မယုံကြည်ရင်
  • 2:33 - 2:36
    နည်းနည်း ပိုပြီး အယုံအကြည်မဲ့
    လောက်တဲ့ သူတွေအတွက​်
  • 2:36 - 2:39
    ကျွန်မမှာ သိပ္ပံနည်းကျတဲ့
    ရှင်းလင်းချက်တစ်ခု ရှိပါတယ်။
  • 2:40 - 2:44
    ကမ္မဋ္ဌာန်းထိုင်ခြင်းဟာ ရုပ်ပိုင်းအရ
    ထူလာစေတယ်၊ သင် ကြားတာက "ရုပ်ပိုင်းအရ"ပါ။
  • 2:44 - 2:47
    သင့် နားပန်ရှေ့ပိုင်းကို ရုပ်ပိုင်းအရ
    ထူလာစေတာပါ။
  • 2:47 - 2:50
    ဟောဒီ အဝါရောင် ဧရိယာပါ၊
    ဦးနှောက်ရဲ့အစိတ်အပိုင်းတစ်ခုပါ။
  • 2:50 - 2:51
    ကောင်းပါပြီ။
  • 2:51 - 2:53
    နားပန်ရှေ့ပိုင်းကို ရုပ်ပိုင်းအရထူစေတယ်။
  • 2:53 - 2:57
    ဒါက အကျိုးဆက်အဖြစ် အာရုံစိုက်မှုနဲ့
    ဖန်တီးနိုင်စွမ်း အဆင့်တွေကို တိုးစေတယ်။
  • 2:58 - 3:04
    ကမ္မဋ္ဌာန်းထိုင်တာက သွေးပေါင်မြင့်တာအတွက်
    ဖြေရှင်းနည်း အနေနဲ့ပါ လုပ်ဆောင်နိုင်တယ်။
  • 3:04 - 3:08
    သွေးပေါင်မြင့်တာက မကုသဘဲထားရင်
    နှစ်စဉ် ထောင်ချီတဲ့ လူတွေကို သေစေတဲ့
  • 3:08 - 3:11
    စိုးရိမ်စရာ နှလုံးရောဂါတွေ ဖြစ်စေနိုင်တယ်။
  • 3:11 - 3:14
    နောက်ထပ် အပယိကဖျားနာမှု
    ကမ္မဋ္ဌာန်းထိုင်တာက စိတ်ဓာတ်ကျတာ
  • 3:14 - 3:16
    အတွက် ဖြေရှင်းနည်းတစ်ခုပါ။
  • 3:16 - 3:21
    သိလောက်ကြတဲ့အတိုင်း စိတ်ဓာတ်ကျတာဟာ
    ဖိစီးမှုရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်တယ်။
  • 3:22 - 3:25
    ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက
    ကောက်ယူထားတဲ့ စစ်တမ်းဒအရ
  • 3:25 - 3:27
    ဘယ်တုန်းက ဆိုတာတော့ မသိဘူး၊
  • 3:27 - 3:31
    ကျွန်မတို့ ကမ္ဘာမှာ ခန့်မှန်းခြေအားဖြင့်
    လူ ၃၁၅ သန်းဟာ စိတ်ဓာတ်ကျတာကို
  • 3:31 - 3:32
    ခံစားနေရပြီး
  • 3:32 - 3:35
    အရေအတွက်က ဆက်ပြီးသာ တိုးနေတာပါ။
  • 3:35 - 3:39
    စိတ်ဓာတ်ကျတာဟာ အဆိုးဆုံးအခြေအနေမှာ
    မိမိကိုယ်ကိုယ် သတ်သေတဲ့အထိဖြစ်နိုင်တယ်
  • 3:39 - 3:41
    ဒီအစီအစဉ် အစောပိုင်းတုန်းက သိခဲ့ကြသလို
  • 3:41 - 3:46
    ခန့်မှန်းခြေ လူ ၁ သန်းဟာ နှစ်စဉ်
    မိမိကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားကြတယ်။
  • 3:47 - 3:49
    ဒီတော့
  • 3:50 - 3:55
    အခု အိပ်မရတဲ့ရောဂါကလည်း ကမ္မဋ္ဌာန်း
    ထိုင်ခြင်းနဲ့ ကုသနိုင်တာ တစ်ခုပါ။
  • 3:55 - 3:58
    အိပ်မရတဲ့ရောဂါဆိုလို့ ဒီမှာ
    အခြားအရာတစ်ခု အစပျိုးပေးပါဦးမယ်။
  • 3:58 - 3:59
    သင်တို့ သိကြပါတယ်နော်။
  • 3:59 - 4:02
    ဒီတော့ ကျွန်မရဲ့ အဖိုးက
    ဦးနှောက်ကင်ဆာ ​ဝေဒနာရှင်ပါ။
  • 4:02 - 4:06
    လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
    သူ့မှာ ဦးနှောက်ကင်ဆာရှိတာ တွေ့ရှိခဲ့ပြီး
  • 4:06 - 4:08
    ခွဲစိတ်မှုရဲ့ အကျိုးဆက်ကြောင့်ပါ။
  • 4:08 - 4:13
    ဒါနဲ့ မကြာခင်ကပဲ သူ စတင် ကမ္မဋ္ဌာန်းထိုင်
    ခဲ့တယ်၊ အိပ်ရာမဝင်ခင် ညတိုင်းဆိုပါတော့။
  • 4:13 - 4:16
    (သို့) တစ်ခါတစ်ခါလေ (လေသံဖြင့်)
    တစ်ခါတစ်လေ ပျက်တာတွေတော့ရှိတာပေါ့။
  • 4:17 - 4:20
    သူဟာ အိပ်ရာမဝင်ခင် ညတိုင်းနီးပါး
    စတင် ကမ္မဋ္ဌာန်းထိုင်ခဲ့ပြီး
  • 4:20 - 4:24
    အကျိုးဆက်အနေနဲ့ အိပ်ဆေးတွေမပါဘဲ
    နှစ်ချိုက်စွာ သူ အိပ်လို့ရတာပါ။
  • 4:24 - 4:26
    အခု ကမ္မဋ္ဌာန်းထိုင်တဲ့လုပ်ငန်းစဉ်ဆိုတာ
  • 4:26 - 4:29
    ဘယ်လိုမျိုးဆိုတာရဲ့ အတိုချုပ်
    သဘောတစ်ခုတစ်ခုကို ပေးဖို့ပါ။
  • 4:29 - 4:30
    (သိမ်မွေ့သော ဂီတသံ)
  • 4:30 - 4:32
    ဒီတော့
  • 4:32 - 4:33
    ကြွက်သားတွေကို လှုပ်ပါ။
  • 4:33 - 4:35
    ဟိုဒီ နည်းနည်း ရွှေ့လိုက်ပါ။
  • 4:35 - 4:37
    လက်မောင်းတွေကို လှုပ်လိုက်ပါ။
  • 4:37 - 4:39
    သင့်ခုံအတွင်းမှာ ဟိုဒီလွှဲပါ။
  • 4:39 - 4:41
    စတင် ရွေ့လိုက်ပါ။
  • 4:44 - 4:45
    အခု စိတ်ကို လျှော့ထားပါ။
  • 4:45 - 4:47
    လက်မောင်းတွေ ချလိုက်ပါ။
  • 4:47 - 4:48
    မျက်လုံးတွေ မှိတ်လိုက်ပါ။
  • 4:52 - 4:55
    သင့်ပတ်ဝန်းကျင်အတွင်းက
    အသံတွေကို နားထောင်ပါ။
  • 5:09 - 5:11
    သင့်အနားမှာရှိတာကို လက်ခံလိုက်ပါ။
  • 5:13 - 5:17
    ဒီတဒင်္ဂအတွင်း သင်ရှိနေတဲ့
    နေရာကို အာရုံစိုက်ပါ။
  • 5:36 - 5:40
    သင့်ခန္ဓာကိုယ်ထဲမှာ မသက်မသာ
    ဖြစ်တာတစ်ခုခု ရှိလားဆိုတာ သတိပြုပါ။
  • 5:50 - 5:54
    သင့်ပတ်ဝန်းကျင်အတွင်းမှာပဲ
    နေသာထိုင်သာဖြစ်အောင် ကြိုးစားပါ။
  • 6:28 - 6:29
    အသက်ရှူသွင်းပါ။
  • 6:32 - 6:34
    အသက်ရှူထုတ်ပါ။
  • 6:57 - 7:01
    လောလောဆယ် သင် ခံစားနေရလောက်တဲ့
    ခံစားမှုတွေဆီ ရောက်အောင်သွားပါ။
  • 7:31 - 7:34
    အသက်ပြင်းပြင်း ရှူသွင်းပါ။
  • 7:47 - 7:49
    အသက်ရှူထုတ်ပါ။
  • 8:06 - 8:08
    ဖြည်းဖြည်းနဲ့ မှန်မှန်ပါ။
  • 8:08 - 8:12
    အသင့်ဖြစ်ပြီလို့ ခံစားရတိုင်းမှာ
    အခု မျက်လုံးတွေ ဖွင့်နိုင်ပါပြီ။
  • 8:17 - 8:19
    ဒီတော့ ဒါက ကမ္မဋ္ဌာန်းထိုင်တာပါ။
  • 8:19 - 8:22
    တဒင်္ဂအတွင်းမှာရှိနေတာက
    ငါးမိနစ်ပဲဆိုရင်တောင်
  • 8:22 - 8:24
    ရာနှုန်းပြည့်တစ်ခုပါ။
  • 8:25 - 8:30
    ဒီတော့ ဒီအစီအစဉ်တစ်ခုလုံးရဲ့
    အကြောင်းအရာက ပြောင်းလဲမှုရဲ့ အလှတရားပါ။
  • 8:30 - 8:31
    အခု အားလုံးကို လုပ်စေချင်တာက
  • 8:31 - 8:36
    ကမ္မဋ္ဌာန်းထိုင်တာကို သင်တို့ရဲ့
    နေထိုင်မှု ဘဝပုံစံထဲမှာ ပေါင်းစပ်ဖို့ပါ။
  • 8:37 - 8:40
    ဒီအတွေ့အကြုံက သင်တို့ရဲ့
    စိတ်သဘောထားကို ပြောင်းလဲပါစေ။
  • 8:40 - 8:43
    ဒါက သင်တို့ဘဝမှာ သင်တို့ကို
    ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။
  • 8:43 - 8:46
    (လက်ခုပ်သံများ)
Title:
ကမ္မဋ္ဌာန်းထိုင်ခြင်းရဲ့ အကျိုးကျေးဇူးများ။ Maitreyee Bhaid | TEDxYouth@ISE
Description:

ကမ္မဋ္ဌာန်းထိုင်ခြင်းဟာ တစ်မှေးအိပ်တာ အတွက် မတော်တရော် စိတ်ကူးပေါက်ရာ အမည်တစ်ခုအဖြစ် လူအများသိကြတယ်။ ဒါပေမဲ့ ဒါဟာ တကယ်ဟုတ်ရဲ့လား။
Maitreyee Bhaid ကနေပြီး ကမ္မဋ္ဌာန်းထိုင်ခြင်းရဲ့ သိပ္ပံနည်းကျတဲ့ အကျိုးကျေးဇူးတွေကို ရှင်းလင်းပြသပြီး ကမ္မဋ္ဌာန်းထိုင်ခြင်းနဲ့ပတ်သက်တဲ့ သူ့ကိုယ်ပိုင် အတွေ့အကြုံတွေကို မျှဝေထားပါတယ်။
ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx တွင် ပိုလေ့လာနိုင်ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
08:47

Burmese subtitles

Revisions