Return to Video

ပင်ပေါင်နှင့် အောင်မြင်မှု ပဟေဠိ။

  • 0:01 - 0:04
    ဂျပန်မှာ တစ်ညခြားဆိုသလို
  • 0:04 - 0:06
    ကျွန်တော့ တိုက်ခန်းကနေထွက်ပြီး
  • 0:06 - 0:10
    တောင်ကုန်းတစ်ခုကို ၁၅ မိနစ်ကြာ တက်တယ်၊
  • 0:10 - 0:14
    ဒီနောက် အနီးအနားက ကျန်းမာရေး
    ကလပ်တစ်ခုထဲကို ဦးတည်သွားတယ်။
  • 0:14 - 0:18
    အဲဒီမှာ ပင်ပေါင် စားပွဲတွေကို
    စတူဒီယိုတစ်ခုထဲမှာ ဆင်ထားတယ်။
  • 0:18 - 0:20
    နေရာက အကန့်အသတ်နဲ့ဆိုတော့
  • 0:20 - 0:22
    စားပွဲတိုင်းမှာ
  • 0:22 - 0:25
    ကစားသမားတစ်တွဲက လက်သင့်ရိုက်ချက်တွေ
    လေ့ကျင့်တယ်၊
  • 0:25 - 0:27
    နောက်တစ်တွဲက လက်ပြန်ရိုက်ချက်တွေ
    လေ့ကျင့်တယ်၊
  • 0:27 - 0:31
    တစ်ခါတစ်ခါမှာ ဘောလုံးတွေက
    လေထဲမှာ တိုက်မိကြတော့
  • 0:31 - 0:33
    လူတိုင်းက "ဝိုး"လို့ အော်ကြတယ်။
  • 0:34 - 0:40
    ဒီနောက် မဲနှိုက်ကာ ကစားဖော်တွေ
    ရွေးပြီး နှစ်ယောက်တွဲ ကစားကြတယ်။
  • 0:40 - 0:43
    ဒါပေမဲ့ တကယ်ပဲ ဘယ်သူနိုင်တယ်ဆိုတာ
    ကျွန်တော်မပြောနိုင်ခဲ့ဘူး၊
  • 0:43 - 0:47
    အကြောင်းက ငါးမိနစ်တစ်ခါ ကစားဖော်တွေ
    ပြောင်းတာကြောင့်ပါ။
  • 0:47 - 0:51
    လူတိုင်းဟာ အမှတ်တွေနိုင်ဖို့
  • 0:51 - 0:52
    ကြိုးကြိုးစားစား ကစားနေပေမဲ့
  • 0:52 - 0:56
    ဘယ်သူက ပွဲတွေ နိုင်နေတာကို
    တစ်ယောက်မျှ မျက်ခြေမပြတ် ကြည့်မနေဘူး။
  • 0:57 - 1:01
    စိတ်တိုစရာ ကြိုးပမ်းမှုရဲ့
    တစ်နာရီလောက် အကြာမှာ
  • 1:01 - 1:03
    ကျွန်တော် တကယ် ပြောနိုင်တာက
  • 1:03 - 1:06
    ဘယ်သူနိုင်သွားတာကို မသိခြင်းဟာ
  • 1:06 - 1:09
    နောက်ဆုံး အောင်ပွဲလိုမျိုး ခံစားရတာကိုပါ။
  • 1:10 - 1:12
    ဂျပန်မှာ ဆိုကြတာက
  • 1:12 - 1:16
    ပြိုင်ပွဲမပါတဲ့ ယှဉ်ပြိုင်တဲ့
    စိတ်ကို ဖန်းတီးထားကြတယ်တဲ့။
  • 1:18 - 1:25
    ပထဝီ နိင်ငံရေးကို ပင်ပေါင်ကို ကြည့်ရင်း
    အကောင်းဆုံး လိုက်စားတာ အားလုံးသိကြပါတယ်။
  • 1:25 - 1:27
    (ရယ်သံများ)
  • 1:27 - 1:32
    ကမ္ဘာ့ အင်အားအကြီးဆုံး နိုင်ငံနှစ်ခုဟာ
    အခက်ထန်ဆုံးရန်သူတွေ ဖြစ်ခဲ့ကြတယ်၊
  • 1:32 - 1:36
    ၁၉၇၂ မတိုင်အထိကပေါ့၊
    အမေရိကန် ပင်ပေါင် အသင်းကို
  • 1:36 - 1:39
    တရုတ် ကွန်မြူနစ်နိုင်ငံကို
    အလည်လာခွင့် ပေးခဲ့တယ်။
  • 1:40 - 1:43
    ရန်ဘက်ဟောင်းကြီးတွေ
  • 1:43 - 1:47
    စားပွဲစိမ်းကလေးတွေနားမှာ စုရုံးမိတာနဲ့
  • 1:47 - 1:49
    တစ်ဦးစီက နိုင်ပွဲတစ်ပွဲကို
    အခိုင်အမာဆိုနိုင်ခဲ့တော့
  • 1:49 - 1:52
    တစ်ကမ္ဘာလုံးက ပိုပြီး
    အသက်ရှူချောင်နိုင်ခဲ့တာပေါ့။
  • 1:53 - 1:56
    တရုတ် ခေါင်းဆောင် မော်စီတုန်းက
    ပင်ပေါင်အကြောင်း
  • 1:56 - 1:59
    လက်စွဲစာအုပ် တစ်အုပ်လုံးကို ရေးခဲ့ပြီး
  • 1:59 - 2:03
    ဒီအားကစားကို "စိတ်ပိုင်းဆိုင်ရာ
    အနုမြူ လက်နက်တစ်ခု"လို့ ခေါ်ခဲ့တယ်။
  • 2:04 - 2:08
    အမေရိကန် စားပွဲတင် တင်းနစ် အဖွဲ့အစည်းရဲ့
    ဂုဏ်ထူးဆောင် ရာသက်ပန် အသင်းဝင်က
  • 2:08 - 2:11
    ပင်ပေါင် သံတမန်နည်းနဲ့
  • 2:11 - 2:14
    ဒီနှစ်ဘက်နိုင် အခြေအနေကို
  • 2:14 - 2:17
    စီမံဖို့ ကူညီခဲ့သူ အဲဒီအချိန်က သမ္မတ
  • 2:17 - 2:20
    Richard Nixon လို့ ဆိုကြတယ်။
  • 2:21 - 2:23
    ဒါပေမဲ ဒီအချိန်မတိုင်မီက
  • 2:23 - 2:25
    တကယ့် ခေတ်သစ် ကမ္ဘာရဲ့ သမိုင်းကို
  • 2:25 - 2:30
    ခုန်နေတဲ့ ဘောလုံးဖြူကနေ
    အကောင်းဆုံး ပြောပြခဲ့တာပါ။
  • 2:30 - 2:34
    "Ping-pong" က ဝမ်းကွဲဖြစ်တဲ့
    "sing-song" နဲ့ အသံဆင်တယ်၊
  • 2:34 - 2:36
    အရှေ့တိုင်း ဆန်တာမျိုးဆိုပေမဲ့
  • 2:36 - 2:42
    တကယ်တမ်းက ဒါကို ဝိတိုရီယခေတ်တုန်းက
    အထက်တန်းကျတဲ့ ဗြိတိသျှတွေက
  • 2:42 - 2:43
    တီထွင်ခဲ့တာလို့ ယုံကြည်ရတယ်။
  • 2:43 - 2:48
    ညစာအပြီးမှာ စာအုပ် နံရံတွေပေါ်မှာ
    ဝိုင်အဆို့တွေကို စရိုက်သူတွေပေါ့။
  • 2:48 - 2:49
    (ရယ်သံများ)
  • 2:49 - 2:51
    အပိုပြောတာ မဟုတ်ဘူးနော်။
  • 2:51 - 2:52
    (ရယ်သံများ)
  • 2:52 - 2:54
    ပထမ ကမ္ဘာစစ် မပြီးခင်မှာ
  • 2:54 - 2:59
    ဒီအားကစားကို အရင် Austro-Hungarian
    Empire က ကစားသမားတွေက ကြီးစိုးခဲ့တယ်၊
  • 2:59 - 3:03
    အစောပိုင်း ကမ္ဘာ့ ချန်ပီယံ ၉ ခုနက် ၈ ခုကို
  • 3:03 - 3:04
    ဟန်ဂေရီက ရယူခဲ့တယ်။
  • 3:05 - 3:08
    အရှေ့ ဥရောပသားတွေဟာ သူတို့ဆီကို
  • 3:08 - 3:11
    ရိုက်လိုက်တာ မှန်သမျှကို ပြန်ရိုက်ရာမှာ
    ကျွမ်းကျင်လာတော့
  • 3:11 - 3:15
    ဒီအားကစားတစ်ခုလုံးကို
    လုံးဝဥဿုံရပ်တဲ့ အခြေဆိုက်ခဲ့တယ်။
  • 3:15 - 3:20
    ၁၉၃၆ ခုနှစ် Prague က
    ချန်ပီယံ ပြိုင်ပွဲတစ်ခုမှာ
  • 3:20 - 3:26
    ပထမဆုံး ရမှတ်က နှစ်နာရီနဲ့ ၁၂ မိနစ်
    ကြာခဲ့တယ်လို့ ဆိုတယ်။
  • 3:26 - 3:27
    ပထမဆုံး ရမှတ်နော်။
  • 3:27 - 3:30
    "Mad Max" ရုပ်ရှင် တစ်ကားထက် ပိုကြာတယ်။
  • 3:30 - 3:36
    ကစားသမားတစ်ဦးရဲ့အဆိုအရ ဒိုင်လူကြီးဟာ
    ဒီအမှတ်ကို အဆုံးမသတ်ခင် ဇက်နာတာနဲ့
  • 3:36 - 3:38
    အငြိမ်းစားယူလိုက်ရတယ်တဲ့။
  • 3:38 - 3:39
    (ရယ်သံများ)
  • 3:39 - 3:43
    ဒီကစားသမားက သူ့ဘယ်လက်နဲ့
    ဘောလုံးကို ပြန်ရိုက်တာနဲ့ စပြီး
  • 3:43 - 3:46
    ရိုက်ချက်တွေကြားမှာ စစ်တုရင်
    အကွက်တွေကို ဆုံးဖြတ်ပေးနေတယ်။
  • 3:46 - 3:47
    (ရယ်သံများ)
  • 3:47 - 3:50
    ဒီတစ်မှတ်တည်းက ရိုက်ချက်
    ၁၂၀၀၀ ကြာနိုင်လောက်တော့
  • 3:50 - 3:55
    ပရိတ်သတ်ထဲက အတော်များများက
    တကယ်ပဲ တန်းစီထွက်ကုန်ကြရော။
  • 3:55 - 4:00
    နိုင်ငံတကာ စားပွဲတင် တင်းနစ် အဖွဲ့ရဲ့
    အရေးပေါ် အစည်းအဝေးတစ်ခုကို
  • 4:00 - 4:02
    အဲဒီအချိန် အဲဒီမှာပဲ ကျင်းပခဲ့ပြီး
  • 4:03 - 4:05
    မကြာခင်မှာပဲ ဘယ်ကစားပွဲဖြစ်ဖြစ်
  • 4:05 - 4:09
    မိနစ် နှစ်ဆယ်ထက် ပိုမကြာရအောင်
    စည်းမျဉ်းတွေ ပြောင်းလိုက်ရတယ်။
  • 4:09 - 4:10
    (ရယ်သံများ)
  • 4:11 - 4:14
    ဆယ့်ခြောက်နှစ်အကြာမှာ
    ဂျပန်က ရုပ်ပုံမှာ ဝင်လာတယ်၊
  • 4:14 - 4:19
    လူသိပ်မသိတဲ့ နာရီပြင်သမား
    Hiroji Satoh ဟာ
  • 4:19 - 4:24
    ၁၉၅၂ ခု ဘုံဘေ တံခွန်စိုက်ပြိုင်ပွဲတွေမှာ
    ရောက်လာတယ်။
  • 4:25 - 4:29
    Satoh ဟာ သိပ် မထွားဘူး၊
    အထင်တကြီး သတ်မှတ်မခံရဘူး၊
  • 4:29 - 4:31
    မျက်မှန်တပ်ထားပေမဲ့
  • 4:31 - 4:36
    အခြားရိုက်တံတွေမှာလို
    အဖုလေးတွေမပါတဲ့
  • 4:36 - 4:38
    ရိုက်တံတစ်ခုကို ကိုင်ထားတယ်၊
  • 4:38 - 4:42
    ဒါပေမဲ့ ထူထဲတဲ့ ရာဘာ ရေမြှုပ်နဲ့
    ဖုံးထားတယ်။
  • 4:43 - 4:47
    ဒီအသံတိတ် လျှို့ဝှက် လက်နက်ရဲ့
    ကျေးဇူးကြောင့်
  • 4:47 - 4:50
    လူသိနည်းတဲ့ Satoh ဟာ ရွှေတံဆိပ်ရခဲ့တယ်။
  • 4:51 - 4:55
    သူ့အပြန်မှာ နှုတ်ဆက်ဖို့
    တိုကျိုရဲ့ လမ်းတွေထဲကို
  • 4:55 - 4:58
    လူတစ်သန်း ထွက်လာခဲ့တယ်၊
  • 4:58 - 5:02
    တကယ်ပါ၊ ဂျပန်ရဲ့ စစ်ပြီးခေတ်
    နိုးထမှုက အသက်ဝင်လာခဲ့တယ်။
  • 5:04 - 5:09
    ဂျပန်က ကျွန်တော့ရဲ့ ပုံမှန် ကစားပွဲ
    တွေဆိုပေမဲ့ ကျွန်တော် သိခဲ့ရတာက
  • 5:09 - 5:15
    တစ်ကမ္ဘာလုံး ကြီးစိုးမှုရဲ့ အတွင်းကျတဲ့
    အားကစားလို့ ခေါ်နိုင်တဲ့၊
  • 5:15 - 5:18
    တစ်ခါတစ်လေ ဘဝလို့
    ဆိုတာထက် ပိုတာပါ။
  • 5:19 - 5:22
    ကျွန်တော်တို့ ကလပ်မှာ
    တစ်ဦးချင်း ဘယ်တော့မှ မကစားဘူး။
  • 5:22 - 5:23
    နှစ်ယောက်တွဲတွေပါပဲ၊
  • 5:23 - 5:28
    အကြောင်းက ကျွန်တော် ပြောသလိုပဲ
    ငါးမိနစ်တစ်ခါ ကစားဖော်တွေ ပြောင်းပါတယ်၊
  • 5:28 - 5:32
    ရှုံးဖို့ ကြုံရတော့မယ်ဆိုရင်
    နောက်ခြောက်မိနစ်မှာ
  • 5:32 - 5:33
    နိုင်ဖို့ အလားအလားရှိပါတယ်။
  • 5:34 - 5:37
    အတော်ဆုံး နှစ်တွဲကိုလည်း
    ကစားတာဆိုတော့
  • 5:37 - 5:40
    မကြာခဏ ရှုံးသူ လုံးဝ မရှိပါဘူး။
  • 5:40 - 5:42
    ပင်ပေါင် သံတမန်နည်းပါ။
  • 5:42 - 5:46
    အမြဲ အမှတ်ရနေတာက အင်္ဂလန်မှာ
    ကောင်လေးတစ်ယောက်အဖြစ် ကြီးပြင်းလာစဉ်မှာ
  • 5:46 - 5:49
    ကစားပွဲတစ်ပွဲရဲ့ ရမှတ်က နိုင်ဖို့လို့
    ကျွန်တော့ကို သင်ပေးခဲ့တာပါ။
  • 5:50 - 5:55
    ဒါပေမဲ့ ဂျပန်မှာတော့ ကစားပွဲတစ်ပွဲရဲ့
    ရမှတ်ဟာ လူအများအပြားကို နိုင်တဲ့သူတွေအဖြစ်
  • 5:55 - 6:01
    တတ်နိုင်သလောက် သင်ခံစားမိအောင်
    ယုံကြည့်ဖို့ အားပေးခံရတာပါ။
  • 6:01 - 6:05
    ဒီတော့ သင်ဟာ လူတစ်ဦးချင်းမှာ ဖြစ်နိုင်တဲ့
    ထိုးတက်၊ထိုးဆင်းတာ မဖြစ်ပေမဲ့
  • 6:05 - 6:08
    ပုံမှန် တည်ငြိမ်တဲ့အဖွဲ့ရဲ့
    အစိတ်အပိုင်းပါ။
  • 6:09 - 6:13
    ကျွန်တော်တို့ကလပ်ရဲ့ အကျွမ်းကျင်ဆုံး
    ကစားသမားတွေဟာ
  • 6:13 - 6:18
    သူ့တို့ရဲ့ကျွမ်းကျင်မှုတွေကို အသင်းရဲ့
    ၉‘၁ ဦးဆောင်တာကနေ
  • 6:18 - 6:23
    လူတိုင်း ထက်သန်စွာ ပါဝင်တဲ့ ၉‘၉ ကစားပွဲ
    တစ်ခုအဖြစ် ပြောင်းဖို့ အသုံးချကြတယ်။
  • 6:23 - 6:27
    အငယ်တန်း ကစားသမားတွေ ယမ်းခါပြီး
    လွဲကြတဲ့ ဒီအမြင့် ပင်ရိုက်ချက်တွေကို
  • 6:27 - 6:31
    ရိုက်တဲ့ကျွန်တော့ မိတ်ဆွေဟာ
  • 6:31 - 6:36
    အမှတ်တွေ အများကြီးရပေမဲ့ သူ့ကို
    အရှုံးသမားလို့ အထင်ခံရတယ်လို့ပဲ ထင်တယ်။
  • 6:37 - 6:42
    ဂျပန်မှာ ပင်ပေါင် ကစားပွဲဟာ
    အချစ် ပြဇာတ်အခန်းတစ်ခုလိုပါ။
  • 6:42 - 6:45
    တစ်စုံတစ်ယောက်ကို ယှဉ်နေ
    တာထက် သူနဲ့ တွဲဖက်ကာ
  • 6:45 - 6:47
    ကစားနည်းကို
    သင်ယူနေတာပါ။

  • 6:47 - 6:48
    ကျွန်တော် ဝန်ခံရမှာက
  • 6:49 - 6:53
    ပထမတော့ ကျွန်တော့အတွက် ဒီအားကစားရဲ့
    ပျော်ရွှင်မှုအားလုံးကို ထုတ်ယူနေတာမျိုးပါ။
  • 6:53 - 6:59
    အပြင်းထန်ဆုံး ကစားသမားတွေနဲ့
    ယှဉ်ကာ အင်မတန် စိတ်ပျက်စရာ နိုင်ပွဲအပြီး
  • 6:59 - 7:01
    မပျော်မြူးနိုင်တာက ခြောက်မိနစ်မှာ
    ကစားဖော်အသစ်တစ်နဲ့
  • 7:01 - 7:03
    တစ်ခါ နောက်ကျကျန်နေမှာမို့ပါ။
  • 7:04 - 7:08
    တစ်ဖက်ကကြည့်ရင် ဘယ်တော့မှ
    စိတ်ပျက်လက်ပျက် မဖြစ်ခဲ့ဘူး။
  • 7:08 - 7:13
    ဂျပန်ကနေ အဝေးကို ပျံသန်းပြီး
    ကျွန်တော့ရဲ အင်္ဂလိပ် ပြိုင်ဘက်နဲ့
  • 7:13 - 7:16
    ထပ်ပြီး တစ်ဦးချင်း စကစားတဲ့အခါ
  • 7:16 - 7:21
    တစ်ခါ ရှုံးပြီးတိုင်း တကယ်ကို
    ပူဆွေးသောကရောက်တာ သတိထားမိတယ်။
  • 7:22 - 7:25
    ဒါပေမဲ့ နိုင်ပြီးတိုင်းမှာလည်း
    အိပ်လို့ မပျော်နိုင်ခဲ့ဘူး၊
  • 7:25 - 7:28
    အကြောင်းက တစ်လမ်းပဲ သွားဖို့ရှိပြီး
  • 7:28 - 7:29
    ဒါက ကျဖို့ဆိုတာ သိတာကြောင့်ပါ။
  • 7:31 - 7:35
    ကဲ ကျွန်တော်သာ ဂျပန်မှာ
    စီးပွားရေလုပ်ဖို့ ကြိုးစားနေတယ်ဆိုရင်
  • 7:35 - 7:38
    ဒါက အဆုံးမဲ့ စိတ်ပျက်မှုကို
    ဖြစ်စေလိမ့်မယ်။
  • 7:39 - 7:41
    ဂျပန်မှာက အခြားနေရာတွေနဲ့ မတူဘဲ
  • 7:41 - 7:45
    လေးနာရီအကြာမှာ အမှတ်တူနေတုန်းပဲဆိုရင်
  • 7:45 - 7:48
    ဘေ့စ်ဘောကစားပွဟာ သရေနဲ့
    အဆုံးသတ်တယ်၊
  • 7:49 - 7:53
    အကြောင်းက အဖွဲ့ချုပ် ရပ်တည်မှုတွေက
    နိုင်တဲ့ ရာခိုင်နှုန်းမှာ အခြေခံလို့ပါ၊
  • 7:53 - 7:56
    သရေပွဲ အတော်လေးရှိတဲ့ အသင်း
    တစ်သင်းဟာ နိုင်ပွဲ ပိုများတဲ့ တစ်သင်းရဲ့
  • 7:57 - 7:59
    ရှေ့မှာ အဆုံးသတ်သွားနိုင်တယ်။
  • 8:00 - 8:04
    ပထမဆုံးအကြိမ်တွေထဲက တစ်ကြိမ်
    ကြေးစား ဂျပန် ဘေ့စ်ဘောအသင်းကို
  • 8:04 - 8:07
    ဦးဆောင်ဖို့ ဂျပန်ကို ခေါ်ယူခဲ့တဲ့
    အမေရိကန်တစ်ယောက်က
  • 8:07 - 8:10
    Bobby Valentine ၁၉၉၅ တုန်းကပါ။
  • 8:10 - 8:13
    သူဟာ ဒီသာမညောင်ည အဖွဲ့ကို ယူပြီး
  • 8:13 - 8:16
    သူတို့ကို အံ့သြဖွယ်နောက်ဆုံးပိတ်
    ဒုတိယနေရာဆီ ဦးဆောင်ခဲ့တယ်၊
  • 8:16 - 8:19
    ချက်ချင်းပဲ သူ အလုပ်ဖြုတ်ခံရတယ်။
  • 8:19 - 8:20
    ဘာကြောင့်လဲ။
  • 8:20 - 8:22
    အသင်း ပြောရေးဆိုခွင့်ရှိသူ ပြောတာက
  • 8:22 - 8:25
    "ကောင်းပြီ၊ သူက နိုင်တာကို
    အလေးထားတာကြောင့်ပါ"တဲ့။
  • 8:25 - 8:26
    (ရယ်သံများ)
  • 8:26 - 8:29
    တရားဝင် ဂျပန်ဟာ နှစ်နာရီနဲ့ ၁၂ မိနစ်
    ကြာဖို့ ပြောထားတယ်ဆိုတဲ့
  • 8:30 - 8:33
    ဒီအချက်မျိုးကို အတော်လေး ခံစားနိုင်ပြီး
  • 8:33 - 8:36
    မရှုံးအောင် ကစားခြင်းဟာ
  • 8:36 - 8:41
    အရာတွေထဲကနေ စိတ်ကူး၊ ရဲရင့်မှုနှင့်
    စိတ်လှုပ်ရှားမှုအားလုံးကို ယူနိုင်တာပါ။
  • 8:42 - 8:46
    တစ်ချိန်တည်းမှာ
    ဂျပန်မှာ ပင်ပေါင် ကစားခြင်းက
  • 8:46 - 8:51
    ဘာကြောင့် သံပြိုင်အဖွဲ့တွေဟာ
    တစ်ကိုယ်တော်သမားတွေထက် ပိုပြီး
  • 8:51 - 8:53
    ပျော်ရွှင်တာကို သတိရစေတယ်။
  • 8:54 - 9:00
    သံပြိုင်အဖွဲ့တစ်ဖွဲ့မှာ သင့်အလုပ်က
    သင့်အပိုင်းကို အကောင်းဆုံး တီးခတ်ဖို့၊
  • 9:00 - 9:02
    ဂီတ သင်္ကေတတွေကို
    ခံစားချက်နဲ့ ရိုက်ခတ်ဖို့ပါ၊
  • 9:02 - 9:07
    ဒီလို လုပ်ခြင်းကနေ ၎င်းရဲ့အစိတ်အပိုင်း
    အစုစုထက် အများကြီး
  • 9:07 - 9:10
    ပိုခမ်းနားတဲ့ လှပတဲ့
    လိုက်ဖက်မှုကို ကူညီဖန်တီးပေးဖို့ပါ။
  • 9:11 - 9:14
    ဟုတ်ပါတယ်၊ သံပြိုင်အဖွဲ့တိုင်းဟာ
    ဂီတမှူးတစ်ဦး လိုအပ်ပေမဲ့
  • 9:14 - 9:21
    သံပြိုင်အဖွဲ့က ကလေးတစ်ယောက်ရဲ့ရိုးရှင်းတဲ့
    သဘောကနေ သင့်ကို ထုတ်ပေးတာလို့ထင်တယ်
  • 9:22 - 9:26
    အနိုင်ရတာရဲ့ ဆန့်ကျင်ဘက်ဟာ အရှုံး
    မဟုတ်တာကို သင် မြင်လာရတယ်၊
  • 9:26 - 9:29
    ဒါက ပိုကြီးမားတဲ့ ရုပ်ပုံကို
    မြင်ဖို့ ပျက်ကွက်ခြင်းပါ။
  • 9:32 - 9:35
    ကျွန်တော့ဘဝက ရှေ့ဆက်နေတယ်၊
  • 9:35 - 9:39
    အဖြစ်အပျက်တစ်ခုက နှစ်တွေ အကြာကြီး
    ဖွင့်ပြထားပြီနောက်မှာ
  • 9:39 - 9:44
    ဘယ်အဖြစ်အပျက်ကမျှ ကျကျနန
    မရောက်ရှိနိုင်တာကို မြင်စပြုလာတယ်။
  • 9:45 - 9:49
    တစ်ခါတုန်းက ကမ္ဘာမှာရှိတဲ့ ကျွန်တော်
    ပိုင်တာမှန်သမျှ ဆုံးရှုံသွားခဲ့တယ်။
  • 9:49 - 9:52
    နောက်ဆုံး ကျန်တာမှန်သမျှ၊
    တောမီးလောင်တာ အထဲမှာပါ။
  • 9:53 - 9:58
    ဒါပေမဲ့ အချိန်မီပဲ ဆုံးရှုံးနေတာလို့
    ထင်ရဟန်ရှိတာက
  • 9:58 - 10:02
    ကျွန်တော့ကို ကမ္ဘာမြေမှာ ပိုသိမ်မွေ့စွာ
    နေထိုင် ခွင့်ပေးတာလို့ မြင်လာခဲ့တယ်။
  • 10:02 - 10:04
    မှတ်စုတွေမပါဘဲ စာရေးဖို့၊
  • 10:04 - 10:07
    တကယ်တမ်းက ဂျပန်ကို ပြောင်းဖို့နဲ့
  • 10:07 - 10:10
    ပင်ပေါင် စားပွဲလို့သိကြတဲ့
    အတွင်းကျတဲ့ ကျန်းမာရေး ကလပ်ပါ။
  • 10:11 - 10:16
    အပြန်အလှန်အနေနဲ့ အကောင်းဆုံးအလုပ်နဲ့
    အမှတ်မထင် ကြုံကြိုက်ခဲ့ပြီး
  • 10:16 - 10:19
    ပျော်လေဟန်ထင်ရခြင်းဟာ
    စစ်မှန်တဲ့ ပီတိရဲ့လမ်းမှာ
  • 10:19 - 10:22
    တည်ရှိနိုင်တာကို နားလည်လာခဲ့တယ်၊
  • 10:22 - 10:24
    ကံဆိုးမှုတွေထက်တောင် ပိုပါသေးတယ်။
  • 10:26 - 10:31
    ဂျပန်မှာ နှစ်ယောက်တွဲ ကစားတာက ကျွန်တော့ရဲ့
    ပူပန်မှုအားလုံးကို တကယ်ပဲသက်သာစေခဲ့ပြီး
  • 10:31 - 10:33
    ညနေခင်းတစ်ခုရဲ့အဆုံးမှာ
  • 10:33 - 10:39
    လူတိုင်းဟာ အနည်းနဲ့အများ ဝမ်းမြောက်တဲ့
    စိတ်နဲ့ တန်းစီထွက်သွားတာ သတိပြုမိတယ်။
  • 10:40 - 10:43
    ညတိုင်း ကျွန်တော့ကို သတိပေးနေတာက
  • 10:43 - 10:49
    ရှေ့မှာ ဦးဆောင်မနေတာဟာ
    နောက်ကျကျန်ခဲ့တာနဲ့ မတူဘူးဆိုတာ၊
  • 10:49 - 10:53
    ရွှင်ရွှင်ပျပျ မရှိခြင်းထက်ပိုတာက
    သေခြင်းနဲ့ အတူတူပဲဆိုတာပါ။
  • 10:54 - 10:57
    ဘာကြောင့် တရုတ် တက္ကသိုလ်တွေကို
  • 10:57 - 11:02
    ပင်ပေါင် ဘွဲ့တွေ ပေးဖို့ပြောတာ၊
    ပင်ပေါင်ဟာ သိပ်မပြင်းတဲ့
  • 11:02 - 11:05
    စိတ် ကစဉ့်ကလျားဖြစ်တာတွေနဲ့
    အထီးကျန် စိတ်ဝေဒနာကိုတောင်
  • 11:05 - 11:09
    အနည်းငယ် အကူအညီပေးတာကို
    ဘာကြောင့် သုတေသီတွေ တွေ့ရှိတာကို
  • 11:09 - 11:11
    နားလည်လာခဲ့တယ်။
  • 11:12 - 11:17
    ဒါပေမဲ့ တိုကျိုက ၂၀၂၀ အိုလံပစ် ကြည်ရင်တော့
  • 11:17 - 11:20
    အကြာကြီး ဘယ်သူနိုင်တယ်၊
    ဘယ်သူရှုံးတယ်ဆိုတာ
  • 11:20 - 11:24
    ပြောပြဖို့ဖြစ်နိုင်မှာ မဟုတ်ဘူးဆိုတာကို
  • 11:24 - 11:26
    အထူးတလည် သတိမူမိတော့မှာပါ။
  • 11:28 - 11:30
    နှစ်နာရီနဲ့ ၁၂ မိနစ် ကြာဖို့ပြောထားတဲ့
  • 11:30 - 11:33
    ကျွန်တော် ပြောခဲ့တဲ့အချက်ကို သတိရကြလား။
  • 11:34 - 11:38
    ကောင်းပါပြီ၊ ဒီကစားပွဲထဲက ကစားသမား
    တစ်ယောက်ဟာ နောက်ခြောက်နှစ်အကြာမှာ
  • 11:38 - 11:43
    Auschwitz နဲ့ Dachau စစ်အကျဉ်းစခန်းမှာ
    အဆုံးသတ်သွားတယ်။
  • 11:44 - 11:46
    ဒါပေမဲ့ အသက်ရှင်လျှက် ထွက်သွားခဲ့တယ်။
  • 11:47 - 11:49
    ဘာကြောင့်လဲ။
  • 11:49 - 11:52
    အကြောင်းက အဆိပ်ငွေ့ခန်းထဲက
    အစောင့်တစ်ယောက်က
  • 11:52 - 11:55
    သူ့ရဲ့ ပင်ပေါင် ကစားတဲ့ နေ့တွေကနေ
    သူ့ကို မှတ်မိခဲ့တာကြောင့်ပါပဲ။
  • 11:56 - 11:59
    သူဟာ ဒီပွဲရှည်ကြီးရဲ့ အောင်နိုင်သူ
    ဖြစ်ခဲ့သလား။
  • 11:59 - 12:01
    ဒါက အရေးမပါသလောက်ပါ။
  • 12:01 - 12:07
    မှတ်မိကြတဲ့အတိုင်း လူအများကြီးက ပထမရမှတ်
    အဆုံးအဖြတ်ပေးခင်က တန်းစီထွက်သွားတာလေ။
  • 12:07 - 12:10
    သူ့ကို ကယ်တင်ခဲ့တဲ့ တစ်ခုတည်းသောအရာက
  • 12:10 - 12:12
    သူပါဝင်ခဲ့တယ်ဆိုတဲ့ အချက်ပါ။
  • 12:13 - 12:16
    ကစားပွဲတိုင်း အောင်နိုင်ဖို့ နည်းလမ်းပါ။
  • 12:16 - 12:19
    တစ်ညခြားဆိုသလို ဂျပန်က
    ကျွန်တော့ကို ပြောပြတာက
  • 12:19 - 12:24
    ရမှတ်အကြောင်း ဘယ်တော့၊
    ဘယ်တော့မှ မတွေးဖို့ပါ။
  • 12:25 - 12:27
    ကျေးဇူးတင်ပါတယ်။
  • 12:27 - 12:30
    (လက်ခုပ်သံများ)
Title:
ပင်ပေါင်နှင့် အောင်မြင်မှု ပဟေဠိ။
Speaker:
Pico Iyer
Description:

အင်္ဂလန်မှာ ကြီးပြင်းခဲ့တဲ့ Pico Iyer ဟာ ကစားပွဲတစ်ပွဲရဲ့ ရမှတ်ဟာ အနိုင်ရဖို့ဆိုတာကို သင်ကြားပေးခံခဲ့ရတယ်။ အခု နှစ် ၅၀ ကြာပြီးတဲ့အခါမှာတော့ ပြိုင်ပွဲဟာ "အချစ် ပြဇာတ်တစ်ခန်း ပိုဆန်" နိုင်တာကို သဘောပေါက်သွားပါပြီ။ ဒီစွဲမက်ဖွယ်ကောင်းပြီး မသိမသာလေး နက်နဲသိမ်မွေ့တဲ့ ဟောပြောချက်ထဲမှာ ဂျပန်က သူ့ဝန်းကျင်မှာရှိတဲ့ ပုံမှန် ပင်ပေါင် ကစားပွဲတွေဟာ အောင်နိုင်ခြင်းရဲ့ ပဟေဠိကို ဖော်ထုတ်ပြသပြီး ဘာကြောင့် ဘယ်သူနိုင်သွားတယ်ဆိုတာကို မသိခြင်းဟာ နောက်ဆုံးပိတ် အောင်နိုင်မှုလိုမျိုး ခံစားနိုင်တယ်ဆိုတာကို ပြသထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
12:43

Burmese subtitles

Revisions