ပင်ပေါင်နှင့် အောင်မြင်မှု ပဟေဠိ။
-
0:01 - 0:04ဂျပန်မှာ တစ်ညခြားဆိုသလို
-
0:04 - 0:06ကျွန်တော့ တိုက်ခန်းကနေထွက်ပြီး
-
0:06 - 0:10တောင်ကုန်းတစ်ခုကို ၁၅ မိနစ်ကြာ တက်တယ်၊
-
0:10 - 0:14ဒီနောက် အနီးအနားက ကျန်းမာရေး
ကလပ်တစ်ခုထဲကို ဦးတည်သွားတယ်။ -
0:14 - 0:18အဲဒီမှာ ပင်ပေါင် စားပွဲတွေကို
စတူဒီယိုတစ်ခုထဲမှာ ဆင်ထားတယ်။ -
0:18 - 0:20နေရာက အကန့်အသတ်နဲ့ဆိုတော့
-
0:20 - 0:22စားပွဲတိုင်းမှာ
-
0:22 - 0:25ကစားသမားတစ်တွဲက လက်သင့်ရိုက်ချက်တွေ
လေ့ကျင့်တယ်၊ -
0:25 - 0:27နောက်တစ်တွဲက လက်ပြန်ရိုက်ချက်တွေ
လေ့ကျင့်တယ်၊ -
0:27 - 0:31တစ်ခါတစ်ခါမှာ ဘောလုံးတွေက
လေထဲမှာ တိုက်မိကြတော့ -
0:31 - 0:33လူတိုင်းက "ဝိုး"လို့ အော်ကြတယ်။
-
0:34 - 0:40ဒီနောက် မဲနှိုက်ကာ ကစားဖော်တွေ
ရွေးပြီး နှစ်ယောက်တွဲ ကစားကြတယ်။ -
0:40 - 0:43ဒါပေမဲ့ တကယ်ပဲ ဘယ်သူနိုင်တယ်ဆိုတာ
ကျွန်တော်မပြောနိုင်ခဲ့ဘူး၊ -
0:43 - 0:47အကြောင်းက ငါးမိနစ်တစ်ခါ ကစားဖော်တွေ
ပြောင်းတာကြောင့်ပါ။ -
0:47 - 0:51လူတိုင်းဟာ အမှတ်တွေနိုင်ဖို့
-
0:51 - 0:52ကြိုးကြိုးစားစား ကစားနေပေမဲ့
-
0:52 - 0:56ဘယ်သူက ပွဲတွေ နိုင်နေတာကို
တစ်ယောက်မျှ မျက်ခြေမပြတ် ကြည့်မနေဘူး။ -
0:57 - 1:01စိတ်တိုစရာ ကြိုးပမ်းမှုရဲ့
တစ်နာရီလောက် အကြာမှာ -
1:01 - 1:03ကျွန်တော် တကယ် ပြောနိုင်တာက
-
1:03 - 1:06ဘယ်သူနိုင်သွားတာကို မသိခြင်းဟာ
-
1:06 - 1:09နောက်ဆုံး အောင်ပွဲလိုမျိုး ခံစားရတာကိုပါ။
-
1:10 - 1:12ဂျပန်မှာ ဆိုကြတာက
-
1:12 - 1:16ပြိုင်ပွဲမပါတဲ့ ယှဉ်ပြိုင်တဲ့
စိတ်ကို ဖန်းတီးထားကြတယ်တဲ့။ -
1:18 - 1:25ပထဝီ နိင်ငံရေးကို ပင်ပေါင်ကို ကြည့်ရင်း
အကောင်းဆုံး လိုက်စားတာ အားလုံးသိကြပါတယ်။ -
1:25 - 1:27(ရယ်သံများ)
-
1:27 - 1:32ကမ္ဘာ့ အင်အားအကြီးဆုံး နိုင်ငံနှစ်ခုဟာ
အခက်ထန်ဆုံးရန်သူတွေ ဖြစ်ခဲ့ကြတယ်၊ -
1:32 - 1:36၁၉၇၂ မတိုင်အထိကပေါ့၊
အမေရိကန် ပင်ပေါင် အသင်းကို -
1:36 - 1:39တရုတ် ကွန်မြူနစ်နိုင်ငံကို
အလည်လာခွင့် ပေးခဲ့တယ်။ -
1:40 - 1:43ရန်ဘက်ဟောင်းကြီးတွေ
-
1:43 - 1:47စားပွဲစိမ်းကလေးတွေနားမှာ စုရုံးမိတာနဲ့
-
1:47 - 1:49တစ်ဦးစီက နိုင်ပွဲတစ်ပွဲကို
အခိုင်အမာဆိုနိုင်ခဲ့တော့ -
1:49 - 1:52တစ်ကမ္ဘာလုံးက ပိုပြီး
အသက်ရှူချောင်နိုင်ခဲ့တာပေါ့။ -
1:53 - 1:56တရုတ် ခေါင်းဆောင် မော်စီတုန်းက
ပင်ပေါင်အကြောင်း -
1:56 - 1:59လက်စွဲစာအုပ် တစ်အုပ်လုံးကို ရေးခဲ့ပြီး
-
1:59 - 2:03ဒီအားကစားကို "စိတ်ပိုင်းဆိုင်ရာ
အနုမြူ လက်နက်တစ်ခု"လို့ ခေါ်ခဲ့တယ်။ -
2:04 - 2:08အမေရိကန် စားပွဲတင် တင်းနစ် အဖွဲ့အစည်းရဲ့
ဂုဏ်ထူးဆောင် ရာသက်ပန် အသင်းဝင်က -
2:08 - 2:11ပင်ပေါင် သံတမန်နည်းနဲ့
-
2:11 - 2:14ဒီနှစ်ဘက်နိုင် အခြေအနေကို
-
2:14 - 2:17စီမံဖို့ ကူညီခဲ့သူ အဲဒီအချိန်က သမ္မတ
-
2:17 - 2:20Richard Nixon လို့ ဆိုကြတယ်။
-
2:21 - 2:23ဒါပေမဲ ဒီအချိန်မတိုင်မီက
-
2:23 - 2:25တကယ့် ခေတ်သစ် ကမ္ဘာရဲ့ သမိုင်းကို
-
2:25 - 2:30ခုန်နေတဲ့ ဘောလုံးဖြူကနေ
အကောင်းဆုံး ပြောပြခဲ့တာပါ။ -
2:30 - 2:34"Ping-pong" က ဝမ်းကွဲဖြစ်တဲ့
"sing-song" နဲ့ အသံဆင်တယ်၊ -
2:34 - 2:36အရှေ့တိုင်း ဆန်တာမျိုးဆိုပေမဲ့
-
2:36 - 2:42တကယ်တမ်းက ဒါကို ဝိတိုရီယခေတ်တုန်းက
အထက်တန်းကျတဲ့ ဗြိတိသျှတွေက -
2:42 - 2:43တီထွင်ခဲ့တာလို့ ယုံကြည်ရတယ်။
-
2:43 - 2:48ညစာအပြီးမှာ စာအုပ် နံရံတွေပေါ်မှာ
ဝိုင်အဆို့တွေကို စရိုက်သူတွေပေါ့။ -
2:48 - 2:49(ရယ်သံများ)
-
2:49 - 2:51အပိုပြောတာ မဟုတ်ဘူးနော်။
-
2:51 - 2:52(ရယ်သံများ)
-
2:52 - 2:54ပထမ ကမ္ဘာစစ် မပြီးခင်မှာ
-
2:54 - 2:59ဒီအားကစားကို အရင် Austro-Hungarian
Empire က ကစားသမားတွေက ကြီးစိုးခဲ့တယ်၊ -
2:59 - 3:03အစောပိုင်း ကမ္ဘာ့ ချန်ပီယံ ၉ ခုနက် ၈ ခုကို
-
3:03 - 3:04ဟန်ဂေရီက ရယူခဲ့တယ်။
-
3:05 - 3:08အရှေ့ ဥရောပသားတွေဟာ သူတို့ဆီကို
-
3:08 - 3:11ရိုက်လိုက်တာ မှန်သမျှကို ပြန်ရိုက်ရာမှာ
ကျွမ်းကျင်လာတော့ -
3:11 - 3:15ဒီအားကစားတစ်ခုလုံးကို
လုံးဝဥဿုံရပ်တဲ့ အခြေဆိုက်ခဲ့တယ်။ -
3:15 - 3:20၁၉၃၆ ခုနှစ် Prague က
ချန်ပီယံ ပြိုင်ပွဲတစ်ခုမှာ -
3:20 - 3:26ပထမဆုံး ရမှတ်က နှစ်နာရီနဲ့ ၁၂ မိနစ်
ကြာခဲ့တယ်လို့ ဆိုတယ်။ -
3:26 - 3:27ပထမဆုံး ရမှတ်နော်။
-
3:27 - 3:30"Mad Max" ရုပ်ရှင် တစ်ကားထက် ပိုကြာတယ်။
-
3:30 - 3:36ကစားသမားတစ်ဦးရဲ့အဆိုအရ ဒိုင်လူကြီးဟာ
ဒီအမှတ်ကို အဆုံးမသတ်ခင် ဇက်နာတာနဲ့ -
3:36 - 3:38အငြိမ်းစားယူလိုက်ရတယ်တဲ့။
-
3:38 - 3:39(ရယ်သံများ)
-
3:39 - 3:43ဒီကစားသမားက သူ့ဘယ်လက်နဲ့
ဘောလုံးကို ပြန်ရိုက်တာနဲ့ စပြီး -
3:43 - 3:46ရိုက်ချက်တွေကြားမှာ စစ်တုရင်
အကွက်တွေကို ဆုံးဖြတ်ပေးနေတယ်။ -
3:46 - 3:47(ရယ်သံများ)
-
3:47 - 3:50ဒီတစ်မှတ်တည်းက ရိုက်ချက်
၁၂၀၀၀ ကြာနိုင်လောက်တော့ -
3:50 - 3:55ပရိတ်သတ်ထဲက အတော်များများက
တကယ်ပဲ တန်းစီထွက်ကုန်ကြရော။ -
3:55 - 4:00နိုင်ငံတကာ စားပွဲတင် တင်းနစ် အဖွဲ့ရဲ့
အရေးပေါ် အစည်းအဝေးတစ်ခုကို -
4:00 - 4:02အဲဒီအချိန် အဲဒီမှာပဲ ကျင်းပခဲ့ပြီး
-
4:03 - 4:05မကြာခင်မှာပဲ ဘယ်ကစားပွဲဖြစ်ဖြစ်
-
4:05 - 4:09မိနစ် နှစ်ဆယ်ထက် ပိုမကြာရအောင်
စည်းမျဉ်းတွေ ပြောင်းလိုက်ရတယ်။ -
4:09 - 4:10(ရယ်သံများ)
-
4:11 - 4:14ဆယ့်ခြောက်နှစ်အကြာမှာ
ဂျပန်က ရုပ်ပုံမှာ ဝင်လာတယ်၊ -
4:14 - 4:19လူသိပ်မသိတဲ့ နာရီပြင်သမား
Hiroji Satoh ဟာ -
4:19 - 4:24၁၉၅၂ ခု ဘုံဘေ တံခွန်စိုက်ပြိုင်ပွဲတွေမှာ
ရောက်လာတယ်။ -
4:25 - 4:29Satoh ဟာ သိပ် မထွားဘူး၊
အထင်တကြီး သတ်မှတ်မခံရဘူး၊ -
4:29 - 4:31မျက်မှန်တပ်ထားပေမဲ့
-
4:31 - 4:36အခြားရိုက်တံတွေမှာလို
အဖုလေးတွေမပါတဲ့ -
4:36 - 4:38ရိုက်တံတစ်ခုကို ကိုင်ထားတယ်၊
-
4:38 - 4:42ဒါပေမဲ့ ထူထဲတဲ့ ရာဘာ ရေမြှုပ်နဲ့
ဖုံးထားတယ်။ -
4:43 - 4:47ဒီအသံတိတ် လျှို့ဝှက် လက်နက်ရဲ့
ကျေးဇူးကြောင့် -
4:47 - 4:50လူသိနည်းတဲ့ Satoh ဟာ ရွှေတံဆိပ်ရခဲ့တယ်။
-
4:51 - 4:55သူ့အပြန်မှာ နှုတ်ဆက်ဖို့
တိုကျိုရဲ့ လမ်းတွေထဲကို -
4:55 - 4:58လူတစ်သန်း ထွက်လာခဲ့တယ်၊
-
4:58 - 5:02တကယ်ပါ၊ ဂျပန်ရဲ့ စစ်ပြီးခေတ်
နိုးထမှုက အသက်ဝင်လာခဲ့တယ်။ -
5:04 - 5:09ဂျပန်က ကျွန်တော့ရဲ့ ပုံမှန် ကစားပွဲ
တွေဆိုပေမဲ့ ကျွန်တော် သိခဲ့ရတာက -
5:09 - 5:15တစ်ကမ္ဘာလုံး ကြီးစိုးမှုရဲ့ အတွင်းကျတဲ့
အားကစားလို့ ခေါ်နိုင်တဲ့၊ -
5:15 - 5:18တစ်ခါတစ်လေ ဘဝလို့
ဆိုတာထက် ပိုတာပါ။ -
5:19 - 5:22ကျွန်တော်တို့ ကလပ်မှာ
တစ်ဦးချင်း ဘယ်တော့မှ မကစားဘူး။ -
5:22 - 5:23နှစ်ယောက်တွဲတွေပါပဲ၊
-
5:23 - 5:28အကြောင်းက ကျွန်တော် ပြောသလိုပဲ
ငါးမိနစ်တစ်ခါ ကစားဖော်တွေ ပြောင်းပါတယ်၊ -
5:28 - 5:32ရှုံးဖို့ ကြုံရတော့မယ်ဆိုရင်
နောက်ခြောက်မိနစ်မှာ -
5:32 - 5:33နိုင်ဖို့ အလားအလားရှိပါတယ်။
-
5:34 - 5:37အတော်ဆုံး နှစ်တွဲကိုလည်း
ကစားတာဆိုတော့ -
5:37 - 5:40မကြာခဏ ရှုံးသူ လုံးဝ မရှိပါဘူး။
-
5:40 - 5:42ပင်ပေါင် သံတမန်နည်းပါ။
-
5:42 - 5:46အမြဲ အမှတ်ရနေတာက အင်္ဂလန်မှာ
ကောင်လေးတစ်ယောက်အဖြစ် ကြီးပြင်းလာစဉ်မှာ -
5:46 - 5:49ကစားပွဲတစ်ပွဲရဲ့ ရမှတ်က နိုင်ဖို့လို့
ကျွန်တော့ကို သင်ပေးခဲ့တာပါ။ -
5:50 - 5:55ဒါပေမဲ့ ဂျပန်မှာတော့ ကစားပွဲတစ်ပွဲရဲ့
ရမှတ်ဟာ လူအများအပြားကို နိုင်တဲ့သူတွေအဖြစ် -
5:55 - 6:01တတ်နိုင်သလောက် သင်ခံစားမိအောင်
ယုံကြည့်ဖို့ အားပေးခံရတာပါ။ -
6:01 - 6:05ဒီတော့ သင်ဟာ လူတစ်ဦးချင်းမှာ ဖြစ်နိုင်တဲ့
ထိုးတက်၊ထိုးဆင်းတာ မဖြစ်ပေမဲ့ -
6:05 - 6:08ပုံမှန် တည်ငြိမ်တဲ့အဖွဲ့ရဲ့
အစိတ်အပိုင်းပါ။ -
6:09 - 6:13ကျွန်တော်တို့ကလပ်ရဲ့ အကျွမ်းကျင်ဆုံး
ကစားသမားတွေဟာ -
6:13 - 6:18သူ့တို့ရဲ့ကျွမ်းကျင်မှုတွေကို အသင်းရဲ့
၉‘၁ ဦးဆောင်တာကနေ -
6:18 - 6:23လူတိုင်း ထက်သန်စွာ ပါဝင်တဲ့ ၉‘၉ ကစားပွဲ
တစ်ခုအဖြစ် ပြောင်းဖို့ အသုံးချကြတယ်။ -
6:23 - 6:27အငယ်တန်း ကစားသမားတွေ ယမ်းခါပြီး
လွဲကြတဲ့ ဒီအမြင့် ပင်ရိုက်ချက်တွေကို -
6:27 - 6:31ရိုက်တဲ့ကျွန်တော့ မိတ်ဆွေဟာ
-
6:31 - 6:36အမှတ်တွေ အများကြီးရပေမဲ့ သူ့ကို
အရှုံးသမားလို့ အထင်ခံရတယ်လို့ပဲ ထင်တယ်။ -
6:37 - 6:42ဂျပန်မှာ ပင်ပေါင် ကစားပွဲဟာ
အချစ် ပြဇာတ်အခန်းတစ်ခုလိုပါ။ -
6:42 - 6:45တစ်စုံတစ်ယောက်ကို ယှဉ်နေ
တာထက် သူနဲ့ တွဲဖက်ကာ -
6:45 - 6:47ကစားနည်းကို
သင်ယူနေတာပါ။ -
6:47 - 6:48ကျွန်တော် ဝန်ခံရမှာက
-
6:49 - 6:53ပထမတော့ ကျွန်တော့အတွက် ဒီအားကစားရဲ့
ပျော်ရွှင်မှုအားလုံးကို ထုတ်ယူနေတာမျိုးပါ။ -
6:53 - 6:59အပြင်းထန်ဆုံး ကစားသမားတွေနဲ့
ယှဉ်ကာ အင်မတန် စိတ်ပျက်စရာ နိုင်ပွဲအပြီး -
6:59 - 7:01မပျော်မြူးနိုင်တာက ခြောက်မိနစ်မှာ
ကစားဖော်အသစ်တစ်နဲ့ -
7:01 - 7:03တစ်ခါ နောက်ကျကျန်နေမှာမို့ပါ။
-
7:04 - 7:08တစ်ဖက်ကကြည့်ရင် ဘယ်တော့မှ
စိတ်ပျက်လက်ပျက် မဖြစ်ခဲ့ဘူး။ -
7:08 - 7:13ဂျပန်ကနေ အဝေးကို ပျံသန်းပြီး
ကျွန်တော့ရဲ အင်္ဂလိပ် ပြိုင်ဘက်နဲ့ -
7:13 - 7:16ထပ်ပြီး တစ်ဦးချင်း စကစားတဲ့အခါ
-
7:16 - 7:21တစ်ခါ ရှုံးပြီးတိုင်း တကယ်ကို
ပူဆွေးသောကရောက်တာ သတိထားမိတယ်။ -
7:22 - 7:25ဒါပေမဲ့ နိုင်ပြီးတိုင်းမှာလည်း
အိပ်လို့ မပျော်နိုင်ခဲ့ဘူး၊ -
7:25 - 7:28အကြောင်းက တစ်လမ်းပဲ သွားဖို့ရှိပြီး
-
7:28 - 7:29ဒါက ကျဖို့ဆိုတာ သိတာကြောင့်ပါ။
-
7:31 - 7:35ကဲ ကျွန်တော်သာ ဂျပန်မှာ
စီးပွားရေလုပ်ဖို့ ကြိုးစားနေတယ်ဆိုရင် -
7:35 - 7:38ဒါက အဆုံးမဲ့ စိတ်ပျက်မှုကို
ဖြစ်စေလိမ့်မယ်။ -
7:39 - 7:41ဂျပန်မှာက အခြားနေရာတွေနဲ့ မတူဘဲ
-
7:41 - 7:45လေးနာရီအကြာမှာ အမှတ်တူနေတုန်းပဲဆိုရင်
-
7:45 - 7:48ဘေ့စ်ဘောကစားပွဟာ သရေနဲ့
အဆုံးသတ်တယ်၊ -
7:49 - 7:53အကြောင်းက အဖွဲ့ချုပ် ရပ်တည်မှုတွေက
နိုင်တဲ့ ရာခိုင်နှုန်းမှာ အခြေခံလို့ပါ၊ -
7:53 - 7:56သရေပွဲ အတော်လေးရှိတဲ့ အသင်း
တစ်သင်းဟာ နိုင်ပွဲ ပိုများတဲ့ တစ်သင်းရဲ့ -
7:57 - 7:59ရှေ့မှာ အဆုံးသတ်သွားနိုင်တယ်။
-
8:00 - 8:04ပထမဆုံးအကြိမ်တွေထဲက တစ်ကြိမ်
ကြေးစား ဂျပန် ဘေ့စ်ဘောအသင်းကို -
8:04 - 8:07ဦးဆောင်ဖို့ ဂျပန်ကို ခေါ်ယူခဲ့တဲ့
အမေရိကန်တစ်ယောက်က -
8:07 - 8:10Bobby Valentine ၁၉၉၅ တုန်းကပါ။
-
8:10 - 8:13သူဟာ ဒီသာမညောင်ည အဖွဲ့ကို ယူပြီး
-
8:13 - 8:16သူတို့ကို အံ့သြဖွယ်နောက်ဆုံးပိတ်
ဒုတိယနေရာဆီ ဦးဆောင်ခဲ့တယ်၊ -
8:16 - 8:19ချက်ချင်းပဲ သူ အလုပ်ဖြုတ်ခံရတယ်။
-
8:19 - 8:20ဘာကြောင့်လဲ။
-
8:20 - 8:22အသင်း ပြောရေးဆိုခွင့်ရှိသူ ပြောတာက
-
8:22 - 8:25"ကောင်းပြီ၊ သူက နိုင်တာကို
အလေးထားတာကြောင့်ပါ"တဲ့။ -
8:25 - 8:26(ရယ်သံများ)
-
8:26 - 8:29တရားဝင် ဂျပန်ဟာ နှစ်နာရီနဲ့ ၁၂ မိနစ်
ကြာဖို့ ပြောထားတယ်ဆိုတဲ့ -
8:30 - 8:33ဒီအချက်မျိုးကို အတော်လေး ခံစားနိုင်ပြီး
-
8:33 - 8:36မရှုံးအောင် ကစားခြင်းဟာ
-
8:36 - 8:41အရာတွေထဲကနေ စိတ်ကူး၊ ရဲရင့်မှုနှင့်
စိတ်လှုပ်ရှားမှုအားလုံးကို ယူနိုင်တာပါ။ -
8:42 - 8:46တစ်ချိန်တည်းမှာ
ဂျပန်မှာ ပင်ပေါင် ကစားခြင်းက -
8:46 - 8:51ဘာကြောင့် သံပြိုင်အဖွဲ့တွေဟာ
တစ်ကိုယ်တော်သမားတွေထက် ပိုပြီး -
8:51 - 8:53ပျော်ရွှင်တာကို သတိရစေတယ်။
-
8:54 - 9:00သံပြိုင်အဖွဲ့တစ်ဖွဲ့မှာ သင့်အလုပ်က
သင့်အပိုင်းကို အကောင်းဆုံး တီးခတ်ဖို့၊ -
9:00 - 9:02ဂီတ သင်္ကေတတွေကို
ခံစားချက်နဲ့ ရိုက်ခတ်ဖို့ပါ၊ -
9:02 - 9:07ဒီလို လုပ်ခြင်းကနေ ၎င်းရဲ့အစိတ်အပိုင်း
အစုစုထက် အများကြီး -
9:07 - 9:10ပိုခမ်းနားတဲ့ လှပတဲ့
လိုက်ဖက်မှုကို ကူညီဖန်တီးပေးဖို့ပါ။ -
9:11 - 9:14ဟုတ်ပါတယ်၊ သံပြိုင်အဖွဲ့တိုင်းဟာ
ဂီတမှူးတစ်ဦး လိုအပ်ပေမဲ့ -
9:14 - 9:21သံပြိုင်အဖွဲ့က ကလေးတစ်ယောက်ရဲ့ရိုးရှင်းတဲ့
သဘောကနေ သင့်ကို ထုတ်ပေးတာလို့ထင်တယ် -
9:22 - 9:26အနိုင်ရတာရဲ့ ဆန့်ကျင်ဘက်ဟာ အရှုံး
မဟုတ်တာကို သင် မြင်လာရတယ်၊ -
9:26 - 9:29ဒါက ပိုကြီးမားတဲ့ ရုပ်ပုံကို
မြင်ဖို့ ပျက်ကွက်ခြင်းပါ။ -
9:32 - 9:35ကျွန်တော့ဘဝက ရှေ့ဆက်နေတယ်၊
-
9:35 - 9:39အဖြစ်အပျက်တစ်ခုက နှစ်တွေ အကြာကြီး
ဖွင့်ပြထားပြီနောက်မှာ -
9:39 - 9:44ဘယ်အဖြစ်အပျက်ကမျှ ကျကျနန
မရောက်ရှိနိုင်တာကို မြင်စပြုလာတယ်။ -
9:45 - 9:49တစ်ခါတုန်းက ကမ္ဘာမှာရှိတဲ့ ကျွန်တော်
ပိုင်တာမှန်သမျှ ဆုံးရှုံသွားခဲ့တယ်။ -
9:49 - 9:52နောက်ဆုံး ကျန်တာမှန်သမျှ၊
တောမီးလောင်တာ အထဲမှာပါ။ -
9:53 - 9:58ဒါပေမဲ့ အချိန်မီပဲ ဆုံးရှုံးနေတာလို့
ထင်ရဟန်ရှိတာက -
9:58 - 10:02ကျွန်တော့ကို ကမ္ဘာမြေမှာ ပိုသိမ်မွေ့စွာ
နေထိုင် ခွင့်ပေးတာလို့ မြင်လာခဲ့တယ်။ -
10:02 - 10:04မှတ်စုတွေမပါဘဲ စာရေးဖို့၊
-
10:04 - 10:07တကယ်တမ်းက ဂျပန်ကို ပြောင်းဖို့နဲ့
-
10:07 - 10:10ပင်ပေါင် စားပွဲလို့သိကြတဲ့
အတွင်းကျတဲ့ ကျန်းမာရေး ကလပ်ပါ။ -
10:11 - 10:16အပြန်အလှန်အနေနဲ့ အကောင်းဆုံးအလုပ်နဲ့
အမှတ်မထင် ကြုံကြိုက်ခဲ့ပြီး -
10:16 - 10:19ပျော်လေဟန်ထင်ရခြင်းဟာ
စစ်မှန်တဲ့ ပီတိရဲ့လမ်းမှာ -
10:19 - 10:22တည်ရှိနိုင်တာကို နားလည်လာခဲ့တယ်၊
-
10:22 - 10:24ကံဆိုးမှုတွေထက်တောင် ပိုပါသေးတယ်။
-
10:26 - 10:31ဂျပန်မှာ နှစ်ယောက်တွဲ ကစားတာက ကျွန်တော့ရဲ့
ပူပန်မှုအားလုံးကို တကယ်ပဲသက်သာစေခဲ့ပြီး -
10:31 - 10:33ညနေခင်းတစ်ခုရဲ့အဆုံးမှာ
-
10:33 - 10:39လူတိုင်းဟာ အနည်းနဲ့အများ ဝမ်းမြောက်တဲ့
စိတ်နဲ့ တန်းစီထွက်သွားတာ သတိပြုမိတယ်။ -
10:40 - 10:43ညတိုင်း ကျွန်တော့ကို သတိပေးနေတာက
-
10:43 - 10:49ရှေ့မှာ ဦးဆောင်မနေတာဟာ
နောက်ကျကျန်ခဲ့တာနဲ့ မတူဘူးဆိုတာ၊ -
10:49 - 10:53ရွှင်ရွှင်ပျပျ မရှိခြင်းထက်ပိုတာက
သေခြင်းနဲ့ အတူတူပဲဆိုတာပါ။ -
10:54 - 10:57ဘာကြောင့် တရုတ် တက္ကသိုလ်တွေကို
-
10:57 - 11:02ပင်ပေါင် ဘွဲ့တွေ ပေးဖို့ပြောတာ၊
ပင်ပေါင်ဟာ သိပ်မပြင်းတဲ့ -
11:02 - 11:05စိတ် ကစဉ့်ကလျားဖြစ်တာတွေနဲ့
အထီးကျန် စိတ်ဝေဒနာကိုတောင် -
11:05 - 11:09အနည်းငယ် အကူအညီပေးတာကို
ဘာကြောင့် သုတေသီတွေ တွေ့ရှိတာကို -
11:09 - 11:11နားလည်လာခဲ့တယ်။
-
11:12 - 11:17ဒါပေမဲ့ တိုကျိုက ၂၀၂၀ အိုလံပစ် ကြည်ရင်တော့
-
11:17 - 11:20အကြာကြီး ဘယ်သူနိုင်တယ်၊
ဘယ်သူရှုံးတယ်ဆိုတာ -
11:20 - 11:24ပြောပြဖို့ဖြစ်နိုင်မှာ မဟုတ်ဘူးဆိုတာကို
-
11:24 - 11:26အထူးတလည် သတိမူမိတော့မှာပါ။
-
11:28 - 11:30နှစ်နာရီနဲ့ ၁၂ မိနစ် ကြာဖို့ပြောထားတဲ့
-
11:30 - 11:33ကျွန်တော် ပြောခဲ့တဲ့အချက်ကို သတိရကြလား။
-
11:34 - 11:38ကောင်းပါပြီ၊ ဒီကစားပွဲထဲက ကစားသမား
တစ်ယောက်ဟာ နောက်ခြောက်နှစ်အကြာမှာ -
11:38 - 11:43Auschwitz နဲ့ Dachau စစ်အကျဉ်းစခန်းမှာ
အဆုံးသတ်သွားတယ်။ -
11:44 - 11:46ဒါပေမဲ့ အသက်ရှင်လျှက် ထွက်သွားခဲ့တယ်။
-
11:47 - 11:49ဘာကြောင့်လဲ။
-
11:49 - 11:52အကြောင်းက အဆိပ်ငွေ့ခန်းထဲက
အစောင့်တစ်ယောက်က -
11:52 - 11:55သူ့ရဲ့ ပင်ပေါင် ကစားတဲ့ နေ့တွေကနေ
သူ့ကို မှတ်မိခဲ့တာကြောင့်ပါပဲ။ -
11:56 - 11:59သူဟာ ဒီပွဲရှည်ကြီးရဲ့ အောင်နိုင်သူ
ဖြစ်ခဲ့သလား။ -
11:59 - 12:01ဒါက အရေးမပါသလောက်ပါ။
-
12:01 - 12:07မှတ်မိကြတဲ့အတိုင်း လူအများကြီးက ပထမရမှတ်
အဆုံးအဖြတ်ပေးခင်က တန်းစီထွက်သွားတာလေ။ -
12:07 - 12:10သူ့ကို ကယ်တင်ခဲ့တဲ့ တစ်ခုတည်းသောအရာက
-
12:10 - 12:12သူပါဝင်ခဲ့တယ်ဆိုတဲ့ အချက်ပါ။
-
12:13 - 12:16ကစားပွဲတိုင်း အောင်နိုင်ဖို့ နည်းလမ်းပါ။
-
12:16 - 12:19တစ်ညခြားဆိုသလို ဂျပန်က
ကျွန်တော့ကို ပြောပြတာက -
12:19 - 12:24ရမှတ်အကြောင်း ဘယ်တော့၊
ဘယ်တော့မှ မတွေးဖို့ပါ။ -
12:25 - 12:27ကျေးဇူးတင်ပါတယ်။
-
12:27 - 12:30(လက်ခုပ်သံများ)
- Title:
- ပင်ပေါင်နှင့် အောင်မြင်မှု ပဟေဠိ။
- Speaker:
- Pico Iyer
- Description:
-
အင်္ဂလန်မှာ ကြီးပြင်းခဲ့တဲ့ Pico Iyer ဟာ ကစားပွဲတစ်ပွဲရဲ့ ရမှတ်ဟာ အနိုင်ရဖို့ဆိုတာကို သင်ကြားပေးခံခဲ့ရတယ်။ အခု နှစ် ၅၀ ကြာပြီးတဲ့အခါမှာတော့ ပြိုင်ပွဲဟာ "အချစ် ပြဇာတ်တစ်ခန်း ပိုဆန်" နိုင်တာကို သဘောပေါက်သွားပါပြီ။ ဒီစွဲမက်ဖွယ်ကောင်းပြီး မသိမသာလေး နက်နဲသိမ်မွေ့တဲ့ ဟောပြောချက်ထဲမှာ ဂျပန်က သူ့ဝန်းကျင်မှာရှိတဲ့ ပုံမှန် ပင်ပေါင် ကစားပွဲတွေဟာ အောင်နိုင်ခြင်းရဲ့ ပဟေဠိကို ဖော်ထုတ်ပြသပြီး ဘာကြောင့် ဘယ်သူနိုင်သွားတယ်ဆိုတာကို မသိခြင်းဟာ နောက်ဆုံးပိတ် အောင်နိုင်မှုလိုမျိုး ခံစားနိုင်တယ်ဆိုတာကို ပြသထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 12:43
sann tint approved Burmese subtitles for What ping-pong taught me about life | ||
Myo Aung accepted Burmese subtitles for What ping-pong taught me about life | ||
Myo Aung edited Burmese subtitles for What ping-pong taught me about life | ||
sann tint edited Burmese subtitles for What ping-pong taught me about life | ||
sann tint edited Burmese subtitles for What ping-pong taught me about life | ||
sann tint edited Burmese subtitles for What ping-pong taught me about life | ||
sann tint edited Burmese subtitles for What ping-pong taught me about life | ||
sann tint edited Burmese subtitles for What ping-pong taught me about life |