Return to Video

သင့်ရဲ့ အလိုက်သင့်ပြောင်းလဲနိုင်မှုကို တိုင်းတာဖို့ နည်းလမ်း ၃ သွယ်နှင့် ဒါကို တိုးတက်အောင် လုပ်နည်း။

  • 0:01 - 0:04
    မနှစ်က ကနဦး တည်ထောင်သူ ၂၇၃ ဦးနဲ့
    ကျွန်မ ဆုံခဲ့တယ်။
  • 0:05 - 0:07
    သူတို့ တစ်ဦးစီဟာ ငွေကို ရှာနေတာပါ။
  • 0:07 - 0:08
    နည်းပညာ မြှုပ်နှံသူအနေနဲ့
  • 0:08 - 0:11
    ကျွန်မရဲ့ပန်းတိုင်က ကျွန်မနဲ့ဆုံတဲ့
    လူတိုင်းကို ရွေးပြီး
  • 0:11 - 0:13
    ဘယ်သူတွေက တကယ့် ကြီးမားတာတစ်ခုခု
  • 0:13 - 0:16
    ဖန်တီးဖို့ အလားအလာရှိတာကို
    အမြန် ဆုံးဖြတ်ချက်ချဖို့ပါ။
  • 0:17 - 0:19
    ဘာက ကြီးကျယ်တဲ့ တည်ထောင်သူဖြစ်စေလဲ။
  • 0:19 - 0:21
    ဒါက ကိုယ့်ကိုယ်ကို နေ့စဉ်မေးတဲ့မေးခွန်းပါ။
  • 0:21 - 0:23
    တစ်ချို့သော စွန့်စားတဲ့ အရင်းရှင်တွေက
  • 0:23 - 0:25
    တည်ထောင်သူရဲ့ အရင် နောက်ခံကို
    အခြေခံကာ လောင်းတယ်။
  • 0:25 - 0:27
    သူတို့က Ivy League ကျောင်း တက်ခဲ့လား။
  • 0:27 - 0:29
    ခိုင်မာတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့လား။
  • 0:29 - 0:31
    အရင်က စိတ်ကူးကြီးကြီးတစ်ခု ဆောက်ထားလား။
  • 0:31 - 0:34
    ထိထိရောက်ရောက်နဲ့ ဒီလူ ဘယ်လောက်တော်လဲ။
  • 0:35 - 0:38
    အခြား VC တွေက တည်ထောင်သူရဲ့EQ
    (သို့)စိတ်ခံစားမှု ပြကိန်းကို အကဲဖြတ်တယ်။
  • 0:39 - 0:41
    ဒီလူက အသင်းတွေ ဘယ်လို ကောင်းကောင်း
  • 0:41 - 0:44
    တည်ဆောက်ပြီး ဝယ်သူတွေ၊ ဖောက်သည်တွေနဲ့
    အစေးကပ်အောင် လုပ်မလဲ။
  • 0:44 - 0:48
    ဒါပေမဲ့ ကနဦး တည်ထောင်သူတွေကို
    အကဲဖြတ်ဖို့ မတူတဲ့နည်းပညာတစ်ခုရှိတယ်
  • 0:48 - 0:49
    ဒါက မရှုပ်ထွေးပါဘူး။
  • 0:49 - 0:52
    တိကျတဲ့ လက္ခဏာတွေထဲက တစ်ခုကို
    ကျွန်မ ရှာတယ်။
  • 0:52 - 0:54
    IQ မဟုတ်၊ EQ မဟုတ်ဘူး။
  • 0:55 - 0:56
    အလိုက်သင့်ပြောင်းလဲမှုပါ၊
  • 0:56 - 1:00
    ပြောင်းလဲမှုရဲ့ ရှောင်လွှဲမရနိုင်မှုကို
    ကောင်းမွန်စွာ တုံ့ပြန်ပုံနဲ့
  • 1:00 - 1:02
    အများအပြားပါ။
  • 1:02 - 1:04
    ကျွန်မအတွက် တစ်ခုတည်းသော
    အရေးပါဆုံး ဆုံးဖြတ်ချက်ပါ။
  • 1:04 - 1:06
    အလိုက်သင့်ပြောင်းလဲနိုင်မှု
  • 1:06 - 1:09
    ကိုယ်၌က ဉာဏ်ရည်ရဲ့ ပုံစံတစ်ခုဖြစ်ပြီး
    အလိုက်သင့်ပြောင်းလဲနိုင်မှု
  • 1:09 - 1:12
    ညွှန်ပြကိန်း AQ ဟာ တိုင်းတာ၊ စစ်ဆေး၊
  • 1:12 - 1:16
    တိုးတက်အောင်လုပ်နိုင်တာ တစ်ခုဆိုတဲ့
    ယုံကြည်မှုကို ကျွန်မ လက်ခံတယ်။
  • 1:16 - 1:19
    ဒါပေမဲ့ AQ ဟာ ကနဦး တည်ထောင်သူတွေအတွက်
    အသုံးဝင်တာတင်မက
  • 1:19 - 1:22
    ကျွန်မတို့အားလုံးအတွက်ပါ အရေးပါတယ်
    လို့ ထင်မိတယ်။
  • 1:22 - 1:24
    ကမ္ဘာကြီးက အရှိန်မြင့်လာနေလို့ပါ။
  • 1:24 - 1:27
    နည်းပညာ ပြောင်းလဲမှုနှုန်းက
    အရှိန်မြင့်လာနေတာ သိကြတယ်။
  • 1:27 - 1:29
    ဒါက ဦးနှောက်တွေကို တုံ့ပြန်ဖို့
    တွန်းပေးနေတယ်။
  • 1:29 - 1:32
    စက်သုံးစွဲမှုကြောင့်ဖြစ်လာတဲ့
    ပြောင်းလဲနေတဲ့
  • 1:32 - 1:33
    အလုပ်အခြေအနေတွေကို
    စီမံနေတာ၊
  • 1:33 - 1:36
    ကမ္ဘာဆန်လာတဲ့ ကမ္ဘာတစ်ခုထဲက
    ပြောင်းနေတဲ့ ပထဝီနိုင်ငံရေးဖြစ်ဖြစ်၊
  • 1:36 - 1:40
    (သို့) မိသားစု အရွေ့နဲ့ တစ်ကယ်ရေ
    ဆက်ဆံရေးတွေကိုပြောင်းလဲတာဖြစ်ဖြစ်ပါ။
  • 1:40 - 1:43
    ကျွန်မတို့ တစ်ယောက်စီ၊ တစ်ဦးချင်းစီ၊
    အုပ်စုတွေ၊
  • 1:43 - 1:45
    အသင်းအဖွဲ့တွေနဲ အစိုးရတွေတောင်
  • 1:45 - 1:47
    လူ့သမိုင်းမှာ အရင် ရှိုဖူးတာထက်
    ပိုပြောင်းလဲမှုနဲ့
  • 1:47 - 1:50
    နပန်းလုံးဖို့ တွန်းအားပေးခံနေရတယ်။
  • 1:50 - 1:53
    ကဲ အလိုက်သင့်ပြောင်းလဲနိုင်မှုကို
    ဘယ်လို အကဲဖြတ်လဲ။
  • 1:53 - 1:56
    တည်ထောင်သူတွေနဲ့ တွေ့ရာမှာ
    ပရိယာယ် သုံးခုကို သုံးတယ်။
  • 1:56 - 1:57
    ဒီမှာ ပထမတစ်ခုပါ။
  • 1:57 - 2:00
    သင့်ရဲ့ အနီးစဆုံး အလုပ်
    လူတွေ့မေးမြန်းတာကို ပြန်တွေးပါ။
  • 2:00 - 2:02
    ဘယ်မေးခွန်းမျိုးတွေ အမေးခံခဲ့ရလဲ။
  • 2:02 - 2:07
    ဖြစ်နိုင်တဲ့ ပုံစံတစ်ချိုကတော့
    "ဘယ်တုန်းက ဆိုတာကို ပြောပြပါ" ဟုတ်လား။
  • 2:07 - 2:10
    ဒီအစား အလိုက်သင့်ပြောင်းလဲမှုအတွက်
    လူတွေမေးဖို့ဆို
  • 2:10 - 2:13
    ကျွန်မ မေးချင်တာက "ဆိုရင်ရော"
    ဆိုတဲ့ မေးခွန်းပါ။
  • 2:13 - 2:15
    သင့်ပင်မဝင်ငွေစီးကြောင်း
    ညတွင်းချင်း ခန်းသွားမယ်ဆိုရင်ရော။
  • 2:15 - 2:18
    အပူလှိုင်းက သင့်ရဲ့ ဝယ်ယူသူတိုင်းကို
  • 2:18 - 2:20
    သင့်ဆိုင်လာဖို့ အတားအဆီးဖြစ်မယ်ဆိုရင်ရော။
  • 2:20 - 2:23
    အတိတ်အကြောင်း မေးတာထက်
    ဆိုရင်ရော" လို့ မေးတာက
  • 2:23 - 2:25
    ဦးနှောက်ကို နှိုးဆွဖို့ တွန်းပေးတယ်။
  • 2:25 - 2:28
    အနာဂတ်ရဲ့ ဖြစ်နိုင်တဲ့ ပုံစံမျိုးစုံကို
    ပုံဖော်ကြည့်ဖို့ပါ။
  • 2:28 - 2:29
    ဒီအမြင်ရဲ့ အားသာမှုက
  • 2:29 - 2:33
    လူတစ်ဦးက ခြားနားတဲ့ ဖြစ်နိုင်ခြေတွေ
    ပြနိင်သလို ကျွန်မကို အများကြီး ပြောပြတယ်။
  • 2:34 - 2:38
    နှိုးဆွမှုတွေ ကျင့်သုံးတာက အလိုက်သင့်
    ပြောင်းလဲနိုင်မှု တိုးတက်ရေးအတွက်
  • 2:38 - 2:40
    စိတ်ချရတဲ့ မြေစမ်းခြင်းတစ်မျိုးပါ။
  • 2:40 - 2:44
    IQ စမ်းသပ်မှုမှာ လုပ်လောက်မယ့်
    သတင်းအချက်အလက်ကို ယူပြီး
  • 2:44 - 2:46
    ထိန်းသိမ်းထားပုံကို
    စမ်းသပ်တာအစား
  • 2:46 - 2:48
    သတင်းအချက်အလက်ကို
    ကိုင်တွယ်ပုံကို စမ်းသပ်တာပါ။
  • 2:48 - 2:49
    တိကျတဲ့ ရည်မှန်းချက်
  • 2:49 - 2:51
    တစ်ခု အောင်မြင်ဖို့
    အကန့်အသတ်ပေးထားတာပါ။
  • 2:53 - 2:57
    တည်ထောင်သူတွေမှာ အလိုက်သင့်ပြောင်းလဲ
    မှုကို အကဲဖြတ်ဖို့ သုံးတဲ့ ဒုတိယ ပရိယာယ်က
  • 2:57 - 2:59
    သိထားတာကို ပယ်ဖျောက်တဲ့ လက္ခဏာတွေကို
    ရှာဖို့ပါ။
  • 3:00 - 3:04
    တက်ကြွတဲ့ သိတာ ပယ်ဖျောက်သူတွေဟာvသိပြီးသား
    လို့ ယူဆတာတွေကိုစိန်ခေါ်ဖို့ ကြိုးပမ်းတယ်၊
  • 3:04 - 3:07
    ဒီအစား ဒီဒေတာကို သတင်း
    အချက်အလက်သစ်နဲ့ ကျော်လွန်ပယ်ဖျက်တယ်။
  • 3:08 - 3:11
    ဒစ်ခ် ရှင်းလင်းရေးလုပ်တဲ့
    ကွန်ပြူတာတစ်လုံးလိုပေါ့။
  • 3:11 - 3:13
    Destin Sandlin ရဲ့ နမူနာကိုကြည့်ပါ၊
  • 3:13 - 3:17
    သူ့စက်ဘီးကို ညာဘက်ကို ကွေ့တဲ့အခါ
    ဘယ်ဘက်လှည့်ဖို့ ညွှန်ကြားထားသူပေါ့၊
  • 3:17 - 3:18
    နောက်ပြီး အပြန်အလှန်ပေါ့။
  • 3:18 - 3:20
    ဒါကို Backwards Brain Bike လို့ခေါ်ပြီး
  • 3:20 - 3:22
    သူ ဒါကို ပုံမှန်သဘောမျို စီးတတ်အောင်
  • 3:22 - 3:25
    သင်ဖို့အတွက်ပဲ ရှစ်လနီးပါး ကြာခဲ့တယ်။
  • 3:26 - 3:29
    Destin သူ့ပုံမှန် စက်ဘီးစီးတာ
    မေ့ဖျောက်နိုင်တဲ့ အချက်က
  • 3:29 - 3:31
    အသစ်တစ်ခုကို အစားထိုးတယ်ဆိုပေမဲ့
  • 3:31 - 3:33
    ပြုပြင်ပြောင်းလဲနိုင်မှု
    အံဖွယ်ရာ လက္ခဏာတွေပါ။
  • 3:34 - 3:35
    ပုံသေဖြစ်တာ မဟုတ်ပါဘူး။
  • 3:35 - 3:38
    ဒီအစား တစ်ဦးချင်းစီမှာ
    စူးစိုက်နှစ်မြှုပ်မှု၊ ကြိုးစားမှုကနေ
  • 3:38 - 3:41
    ဒါကို တိုးတက်အောင်လုပ်ဖို အစွမ်းရှိပါတယ်။
  • 3:41 - 3:45
    ဂန္ဓီရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိရဲ့
    နောက်ဆုံး စာမျက်နှာမှာ သူရေးခဲ့တာက
  • 3:45 - 3:47
    "ငါကိုယ်ငါ သုညအထိ လျှော့ချရမယ်။"
  • 3:48 - 3:51
    သူ့ရဲ့ ပြည်ဝတဲ့ ဘဝထဲက နေရာများစွာမှာ
  • 3:51 - 3:55
    အစသင်သူရဲ့ ပုံစံကျတဲ့အမြင်၊ သုညဆီ
    ပြန်ဖို့ ကြိုးပမ်းနေဆဲဖြစ်ခဲ့တယ်။
  • 3:55 - 3:56
    သိထားတာ ပယ်ဖျောက်ဖို့ပါ။
  • 3:56 - 3:59
    ဒီနည်းနဲ့ဆို ကျွန်အထင်
    ဂန္ဓီဟာ AQ အမှတ်မြင့်ခဲ့တယ်လို့
  • 3:59 - 4:01
    ပြောဖို့အတော်လေး စိတ်ချရတယ်။
  • 4:01 - 4:02
    (ရယ်သံများ)
  • 4:02 - 4:03
    တည်ထောင်သူရဲ့ အလိုက်သင့်
  • 4:03 - 4:06
    ပြောင်းလဲနိုင်မှုကို အကဲဖြတ်ဖို
    သုံးတဲ့ တတိယနဲ့ နောက်ဆုံး
  • 4:06 - 4:09
    ပရိယာယ်ကဘသူတို့ရဲ့ဘဝနဲ့
    လုပ်ငန်းမှာ အပြည့်အဝ အသုံးချမှု
  • 4:09 - 4:11
    သွင်းပေးတဲ့ လူတွေကို ရှာဖို့ပါ။
  • 4:12 - 4:16
    စူးစမ်းမှုနဲ့ အပြည့်အဝ အသုံးချမှုကြားမှာ
    သဘာဝ အားပြိုင်မှုလိုမျိုး တစ်ခုရှိတယ်။
  • 4:16 - 4:17
    စုပေါင်းပါဝင်သူတွေဖြစ်တဲ့
  • 4:17 - 4:20
    ကျွန်မတို့အားလုံး အပြည့်အဝ
    အသုံးချမှုကို ပိုတွက်ကြတတ်တယ်။
  • 4:20 - 4:21
    ဒီမှာ ကျွန်မ ဆိုလိုတာပါ။
  • 4:22 - 4:23
    ၂၀၀၀ ခုနှစ်က
  • 4:23 - 4:27
    လူတစ်ယောက်ဟာ Blockbuster ရဲ့
    CEO John Antioco နဲ့ အစည်းအဝေးထဲကို
  • 4:27 - 4:28
    အရမ်းကာရော ဝင်ခဲ့ပြီး
  • 4:28 - 4:30
    Blockbuster ရဲ့ ပေါ်ကာစ
  • 4:30 - 4:33
    အွန်လိုင်း လုပ်ငန်းမှာ စီမံဖို့
    အစုစပ်လုပ်ဖို့ အဆိုပြုခဲ့တယ်။
  • 4:33 - 4:36
    CEO John က သူ့ကို အခန်းထဲက
    ဟားတိုက်ထုတ်လိုက်ပြီး ပြောတာက
  • 4:37 - 4:39
    "ကျုပ်မှာ လက်ရှိ သန်းချီတဲ့ ဝယ်သူတွေနဲ့
  • 4:39 - 4:41
    ထောင်ချီတဲ့ လက်လီးဆိုင်တွေရှိတယ်။
  • 4:41 - 4:43
    ပိုက်ဆံကိုပဲ အာရုံစိုက်ဖို့ လိုတာဗျ။"
  • 4:43 - 4:45
    ဒါပေမဲ့ အစည်းအဝေးမှာရှိတဲ့ အခြားလူက
  • 4:45 - 4:48
    Netflix ရဲ့ CEO ဖြစ်တဲ့
    Reed Hastings ဖြစ်နေတယ်။
  • 4:49 - 4:53
    ၂၀၁၈ မှာ Netflix က ဒေါ်လာ
    ၁၅. ၈ သန်း ရချိန်မှာ
  • 4:53 - 4:57
    Blockbuster ကတော့ ၂၀၁၀ မှာ
    ဒေဝါလီခံလိုက်ရတယ်။
  • 4:57 - 4:59
    ဒီတွေ့ဆုံမှုအပြီး ၁၀ နှစ်တိတိ အကြာမှာပေါ့။
  • 5:00 - 5:01
    Blockbuster CEO က
  • 5:01 - 5:05
    သူ့အောင်မြင်ပြီးသား လုပ်ငန်း ပုံစံကို
    အပြည့်အဝ အသုံးချရာမှာအာရုံစိုက်လွန်းတော့
  • 5:05 - 5:08
    နောက်ထပ် ထောင့်ချိုးတစ်ဝိုက်ကို
    မမြင်နိုင်ခဲ့ဘူး။
  • 5:08 - 5:10
    ဒီနည်းလမ်းနဲ့ သူ့ရဲ့ အရင် အောင်မြင်မှုက
  • 5:10 - 5:13
    အလိုက်သင့်ပြောင်းလဲနိုင်မှု
    စွမ်းပကားရဲ့ ရန်သူဖြစ်လာတယ်။
  • 5:14 - 5:15
    ကျွန်မ တွဲလုပ်တဲ့ တည်ထောင်သူတွေအတွက်
  • 5:15 - 5:19
    စူးစမ်းမှုကို စဉ်ဆက်မပြတ် ကြိုးပမ်းခြင်း
    တစ်ခုအဖြစ် ဘောင်ခတ်ထားတယ်။
  • 5:19 - 5:21
    အောင်ပွဲတွေကို အလွန်အမင်း
    ခုံမင်နေဖို့မဟုတ်ဘဲ
  • 5:21 - 5:25
    နောက်တစ်ခါ ကိုယ့်ကို သတ်ပစ်နိုင်လောက်
    တာကို ကြိုကြိုတင်တင် ဆက်လက် ရှာဖွေဖို့ပါ။
  • 5:26 - 5:29
    စူးစမ်းတဲ့ ပြောင်းလဲနိုင်မှုကို
    ပထမ စတော့ တွေ့ရတဲ့
  • 5:29 - 5:31
    စိတ်လှုပ်ရှားစရာ အကောင်းဆုံးက
    တိုးတက်အောင် လုပ်နိုင်တာပါ။
  • 5:32 - 5:35
    တစ်ဦးစီမှာ ပိုပြီး ပြုပြင်
    ပြောင်းလာဖို့ အစွမ်းရှိပါတယ်။
  • 5:35 - 5:37
    ဒါပေမဲ့ ကြွက်သားတစ်ခုလို တွေးပါ
  • 5:37 - 5:39
    လေ့ကျင့်ခန်း လုပ်ခိုင်းဖို့လိုတယ်။
  • 5:39 - 5:41
    အချိန်အနည်းနည်း ယူရလားဆိုပြီး
    နောက်တွန့်မသွားပါနဲ့ဦး။
  • 5:41 - 5:43
    Destin Sandlin ကို မှတ်မိလား။
  • 5:43 - 5:46
    စက်ဘီးစီတတ်ဖို့ကိုပဲ
    ရှစ်လ သင်ယူခဲ့ရတာလေ။
  • 5:46 - 5:49
    ကြာလာတော့ တည်ထောင်သူတွေမှာ
    ကျွန်မသုံးတဲ့ နည်းပရိယာယ်တွေသုံးခြင်းက
  • 5:49 - 5:52
    "ဆိုရင်ရော"ဆိုတဲ့ မေးခွန်းတွေမေးခြင်း၊
    တက်ကြွစွာ သိတာကိုပယ်ဖျက်ခြင်း
  • 5:52 - 5:56
    အပြည့်အဝ အသုံးချခြင်းထက်
    စူးစမ်းမှုကို ဦးစားပေးခြင်းက
  • 5:56 - 5:58
    သင့်ကို မောင်းသူနေရာမှာ ထားနိုင်တယ်
  • 5:58 - 6:01
    ဒီတော့ နောက်တစ်ခါ
    အပြောင်းအလဲကြီးတွေမှာ
  • 6:01 - 6:02
    ပြင်ဆင်ပြီးသား ဖြစ်နိုင်အောင်ပါ။
  • 6:03 - 6:06
    ကျွန်မတို့ဟာ IQ နဲ့ EQ နှစ်ခုလုံးဟာ
    သင်ဘယ်လောက် မြန်မြန်
  • 6:06 - 6:09
    ပြပြင်ပြောင်းလဲနိုင်တာထက် ပိုအရေးမပါတဲ့
    အနာဂတ်တစ်ခုထဲကို ဝင်နေတာပါ။
  • 6:09 - 6:12
    ဒီကိရိယာတွေက ကိုယ်ပိုင်
    AQ ဖော်ထုတ်ဖို့ ကူညီမယ် မျှော်လင့်တယ်။
  • 6:13 - 6:14
    ကျေးဇူးတင်ပါတယ်။
  • 6:14 - 6:18
    (လက်ခုပ်သံများ)
Title:
သင့်ရဲ့ အလိုက်သင့်ပြောင်းလဲနိုင်မှုကို တိုင်းတာဖို့ နည်းလမ်း ၃ သွယ်နှင့် ဒါကို တိုးတက်အောင် လုပ်နည်း။
Speaker:
Natalie Fratto
Description:

စွန့်စားစရာများထဲ ရင်းနှီးမြှုပ်နှံသူ Natalie Fratto ဟာ ဘယ်ကနဦး တည်ထောင်မှုကို ထောက်ပံ့ပေးရမလဲလို့ စိစစ်နေတုန်းမှာ သူရှာတာက ဉာဏ်ရည်တို့၊ ဩဇာတိက္ကမပြည့်စုံမှုတင်မဟုတ်ဘဲ အလိုက်သင့်ပြောင်းလဲနိုင်မှုကို ရှာတာပါ။ ဒီထိုးထွင်းအမြင်ပါတဲ့ ဟောပြောချက်ထဲမှာ Fratto ကနေပြီး "အလိုက်သင့်ပြောင်းလဲနိုင်မှု ပမာဏ" ကို တိုင်းတာဖို့ နည်းလမ်း သုံးခုကို မျှဝေထားပြီး ဘာကြောင့် အပြောင်းအလဲကို တုံ့ပြန်နိုင်စွမ်းက တကယ်ပဲ အရေးပါတယ်ဆိုတာကို ပြသထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:31

Burmese subtitles

Revisions