Return to Video

အရိုးများက သွေးကို ထုတ်လုပ်ပေးကြပုံ - Melody Smith

  • 0:07 - 0:11
    အချိန်မရွေး ကျုပ်တို့ရဲ့ သွေးကြောတွေထဲမှာ
    ဆဲလ် ထရီလီယံများစွာ ဖြတ်သန်းနေကြတယ်။
  • 0:11 - 0:15
    တစ်ခါတစ်ရံတွင် တစ်ကိုယ်လုံးကို
    တစ်မိနစ်အတွင်းမှာကို လည်ပတ်ပြီးနိုင်တယ်။
  • 0:15 - 0:19
    ဆဲလ်တိုင်းဆီမှာ ကျုပ်တို့ရဲ့ အရိုးထဲမှာ
    မူလဇာစ်မြစ် ရှိပါတယ်။
  • 0:19 - 0:23
    အရိုးတွေဟာ ကျောက်လို မာတယ်လို့ ထင်ရပေမဲ့
    လက်တွေ့မှာ ပွပြီးအပေါက်လေးတွေ ရှိပါတယ်။
  • 0:23 - 0:26
    သွေးကြောကြီးနဲ့ အသေးတွေဟာ အဲဒီလို
    အပေါက်များမှ စီးဝင်ကြတယ်။
  • 0:26 - 0:30
    ကျုပ်တို့ရဲ့ အရိုးစုများထဲက အရိုးကြီး
    အများစုထဲတွင် အခေါင်းရှိပြီး
  • 0:30 - 0:32
    ပျော့ရိုးတွင်းခြင်ဆီနဲ့ ပြည့်နေတတ်ပါတယ်။
  • 0:32 - 0:35
    ရိုးတွင်းခြင်ဆီထဲမှာ အဆီနှင့်ဒီ့ပြင်
    ပံ့ပိုးရေး တစ်ရှူးတွေ ပါဝင်တယ်။
  • 0:35 - 0:38
    ဒါပေမဲ့ ၎င်းရဲ့ အရေးကြီးဆုံး အရာများမှာ
    ပင်မ သွေးဆဲလ်တွေပါ။
  • 0:38 - 0:41
    အဲဒီ ပင်မဆဲလ်တွေဟာ တချိန်လုံး
    ပွားများနေကြပါတယ်။
  • 0:41 - 0:43
    ၎င်းတို့သည်သွေးနီဥများသို့ခွဲခြားနိုင်တယ်။
  • 0:43 - 0:46
    ကလာပ်စည်းပြားများ အဖြစ်
    ကွဲပြားစွာ ပေါ်ထွက်လျက်
  • 0:46 - 0:48
    နေ့စဉ်နဲ့အမျှ လည်ပတ်ကြမယ့်
    သွေးဆဲလ် အသစ်တွေကို
  • 0:48 - 0:50
    ဘီလီယံချီ ထုတ်လွှတ်ပေးပါတယ်။
  • 0:50 - 0:53
    အဲဒီဆဲလ်အသစ်တွေဟာ ခြင်ဆီများထဲက
    ဆံချည်မျှင်သွေးကြောတွေကို ဖြတ်ပြီး
  • 0:53 - 0:56
    သွေးကြောင်းထဲကို စီးဝင်လာကြတာပါ။
  • 0:56 - 0:57
    ဆံချည်မျှင် သွေးကြောများမှတဆင့်
  • 0:57 - 1:01
    ဆဲလ်များဟာ ပိုကြီးတဲ့သွေးကြောများထဲကို
    ရောက်သွားပြီး အရိုးမှ ထွက်သွားကြပါတယ်။
  • 1:01 - 1:03
    ကျုပ်တို့ သွေးထဲမှာ ပြဿနာ တစ်ခုခု ရှိရင်၊
  • 1:03 - 1:07
    အရိုးတွင်းခြင်ဆီသို့ ခြေရာခံကြည့်ရင်
    ရှာတွေ့နိုင်တဲ့ အလားအလာ ရှိပါတယ်။
  • 1:07 - 1:10
    သွေးကင်ဆာဟာ မကြာခဏဆိုသလို ပင်မဆဲလ်ထဲက
    ဗီဇပြောင်းလဲမှုမှ စတင်တတ်တယ်။
  • 1:10 - 1:12
    ပင်မဆဲလ်တွေ ကိုယ်၌ ကင်ဆာကို
    ဖြစ်စေတာ မဟုတ်ပါ။
  • 1:12 - 1:16
    ဒါပေမဲ့ အဲဒီ ဗီဇပြောင်းလဲမှုတွေက မျိုးစုံ
    ထုတ်လုပ်ကွဲပေးတဲ့ လုပ်ငန်းစဉ်ကို
  • 1:16 - 1:19
    စွက်ဖက်လျက် ဒုက္ခပေးမယ့် သွေးဆဲလ်တွေ
    ပေါ်ပေါက်လာနိုင်ကြတယ်။
  • 1:19 - 1:23
    အဲတော့ leukemia နဲ့ lymphoma လိုအဆင့်မြင့်
    သွေးကင်ဆာရှိတဲ့ လူနာများအတွက်
  • 1:23 - 1:27
    အကောင်းဆုံး ကုသနည်းက allogeneic ရိုးတွင်း
    ခြင်ဆီကို အစားထိုးကုသမှုဖြစ်ပြီး
  • 1:27 - 1:30
    လူနာရဲ့ ရိုးတွင်းခြင်ဆီကို အလှူရှင်ရဲ့
    ခြင်ဆီနဲ့ အစားထိုးပေးရတယ်။
  • 1:30 - 1:32
    အဲဒါ လုပ်ကိုင်ပုံက ဒီလိုပါ။
  • 1:32 - 1:35
    ပထမအနေနဲ့ ပင်မသွေးဆဲလ်တွေကို
    အလှူရှင်ထံမှ ထုတ်ယူရတယ်။
  • 1:35 - 1:36
    အများအားဖြင့်၊
  • 1:36 - 1:40
    ပင်မသွေးဆဲလ်တွေကို အလှူရှင်ရဲ့ သွေးကြောင်း
    စက်တစ်ခုကို ဖြတ်ပြီး လည်ပတ်စေရင်း
  • 1:40 - 1:42
    အစိတ်အပိုင်း
    အမျိုးမျိုးသို့ ခွဲခြားပစ်လျက်
  • 1:42 - 1:45
    စစ်ထုတ်ယူတာ ဖြစ်ပါတယ်။
  • 1:45 - 1:47
    အခြားဖြစ်ရပ်များတွင် ခြင်ဆီကို
  • 1:47 - 1:52
    iliac crest ခေါ် တင်ပါးဆုံးရှိ အရိုးတစ်ခု
    မှ ထိုးအပ်ဖြင့် တိုက်ရိုက် ထုတ်ယူရပါတယ်။
  • 1:52 - 1:55
    ဒီအတောအတွင်းမှာ လက်ခံမယ့်သူဟာ
    အစားထိုးကုသမှုအတွက် ပြင်ဆင်ထားရးတယ်။
  • 1:55 - 1:59
    ဓာတုကုထုံး များမယ် ဒါမှမဟုတ် ဓါတ်ရောင်နဲ့
    ကုသမှုက လူနာရဲ့ ပင်ကိုယ်ခြင်ဆီကို သေစေရင်း
  • 1:59 - 2:03
    အန္တရာယ်ဆဲလ်တွေကိုရော
    ပင်မသွေးဆဲလ်တွေကိုပါ ဖျက်ဆီးပစ်ပါတယ်။
  • 2:03 - 2:05
    အဲဒါက ကိုယ်ခံစနစ်ကို အားနည်းစေလို့
  • 2:05 - 2:09
    ကိုစားပေးလိုက်တဲ့ ဆဲလ်တွေကို တိုက်ခိုက်
    ခံရမယ့် အန္တရာယ်ကို နှိမ့်ချပေးပါမယ်။
  • 2:09 - 2:14
    အလှူရှင်ထံမှ ဆဲလ်တွေကို ဗဟိုလိုင်းမှတဆင့်
    လူနာရဲ့ ခန္ဓာကိုယ်ထဲကို မှုတ်သွင်းပေးတယ်။
  • 2:14 - 2:17
    အစပိုင်းတွင် ၎င်းတို့ဟာ လက်ခံသူရဲ့
    အပြင်ပမ်း သွေးကြောင်းထဲမှာ လည်ပတ်စဉ်
  • 2:17 - 2:22
    ပင်မဆဲလ်ပေါ်က chemokine တွေလို့ခေါ်တဲ့
    မော်လီကျူးတွေဟာ နေရာချပေးရေး ကိရိယာလို
  • 2:22 - 2:25
    ကူညီပေးပြီး ၎င်းတို့ကို
    ခြင်ဆီဆီ ပြန်ပို့ပေးပါတယ်။
  • 2:25 - 2:26
    ရက်သတ္တပတ် အနည်းငယ်ကြာ နောက်မှာ
  • 2:26 - 2:31
    ၎င်းတို့ဟာ ပွားမားလာလျက် ကျန်းမာတဲ့
    သွေးဆဲလ် အသစ်တွေကို ထုတ်လုပ်ပေးကြမယ်။
  • 2:31 - 2:33
    အနည်းငယ်မျှရှိတဲ့ ပင်မသွေးဆဲလ်တွေဟာ
  • 2:33 - 2:37
    ခန္ဓာကိုယ်တစ်ခုလုံးစာ ကျန်းမာတဲ့ ရိုးတွင်း
    ခြင်ဆီကို ပြန်ထုတ်လုပ်လာ​စေနိုင်ပါတယ်။
  • 2:37 - 2:39
    အရိုးတွင်းခြင်ဆီ အစားထိုး
    ကုသမှုရဲ့ ရလဒ်အဖြစ်
  • 2:39 - 2:42
    အစားထိုးမှုကြောင့် အကျိတ်ကို ဆန့်ကျင်ရေး
    လှုပ်ရှားမှု ပေါ်လာနိုင်ပြီး
  • 2:42 - 2:45
    လှူပေးလိုက်တဲ့ ခြင်ဆီရဲ့ ကိုယ်ခံ
    စွမ်းအား ဆဲလ်အသစ်တွေက
  • 2:45 - 2:50
    လက်ခံသူရဲ့ ကိုယ်ခံစနစ် လုပ်နိုင်စွမ်း မရှိ
    တဲ့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။
  • 2:50 - 2:53
    ဒီလို အချင်းအရာက ကုရခဲယဉ်းခဲ့တဲ့ သွေးကင်ဆာ
    များကို ရှင်းလင်းပစ်နိုင်ပါတယ်။
  • 2:53 - 2:57
    ဒါပေမဲ့ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု
    ဆီတွင် အန္တရာယ်တွေလည်း ရှိတတ်တယ်။
  • 2:57 - 2:59
    အိမ်ရှင်ကို ဆန့်ကျင်လိုတဲ့ အစားထိုးကုသမှု
    ပါဝင်နိုင်တယ်။
  • 2:59 - 3:02
    အလှူရှင်ရဲ့ ဆဲလ်များမှ ထုတ်လုပ်ပေးလိုက်တဲ့
    ကိုယ်ခံစွမ်းစနစ်က
  • 3:02 - 3:05
    ယ်တွင်းအင်္ဂါများကို တိုက်ခိုက်နိုင်တာကို
    ဆိုလိုပါတယ်။
  • 3:05 - 3:09
    အသက်အတွက် အန္တရာယ်များတဲ့ ဒီလို အခြေအနေ
    မျိုးဟာ လူနာ ၃၀ မှ ၅၀% တို့မှာ ဖြစ်တတ်ပြီး
  • 3:09 - 3:13
    ထပ်တူအမွှာထံမှ မဟုတ်တဲ့ သူထံမှနေပြီး
    ဆဲလ်တွေ ရယူခဲ့တယ် ဆိုရင်၊
  • 3:13 - 3:16
    အထူးသဖြင့် ပင်မဆဲလ်တွေကို
    ခြင်ဆီထဲမှ မဟုတ်ဘဲ
  • 3:16 - 3:18
    သွေးထဲမှာ စုစည်းယူခဲ့ရင် ဖြစ်တတ်ပါတယ်။
  • 3:18 - 3:21
    အဲဒီလို လက်ခံသူကို အလှူရှင်ရဲ့ ကိုယ်ခံ
    စနစ်မှ မတိုက်ခိုက်ဖို့
  • 3:21 - 3:25
    လူနာကို immunosuppressant ဆေးကို ပေးသောက်
    နိုင်သလို လှူခဲ့တဲ့ ကိုယ်ခံစနစ် ဆဲလ်အချို့
  • 3:25 - 3:28
    ဖယ်ရှားပစ်လျက် အထက်ပါ အန္တရာယ်ကို
    လျှော့ချဖို့ ကြိုးစားနိုင်တယ်။
  • 3:28 - 3:32
    လူနာဟာ အစားထိုးပေးမှုကြောင့် တိုက်ခိုက်
    ခံရမှုကို ရှောင်ရှားနိုင်ခဲ့တောင်မှ၊
  • 3:32 - 3:34
    သူ့ကိုယ်ခံစွမ်းစနစ်က အလှူရှင်ရဲ့
    ဆဲလ်တွေကို ငြင်းပယ်နိုင်တယ်။
  • 3:34 - 3:38
    ဒီတော့ ဦးစွာ အကောင်းဆုံးနည်းကို တိုက်ဆိုင်
    စစ်ဆေးထို့ကြည့်ရန် အရေးကြီးပါတယ်။
  • 3:38 - 3:41
    မျိုးရိုးဗီဇကုဒ်ရဲ့ အဓိကဒေသများက
    ကိုယ်ခံစနစ်ကနေပြီး ပြင်မှဆဲလ်တွေကို
  • 3:41 - 3:43
    ဖေါ်ထုတ်ပုံကို ဆုံးဖြတ်ပေးပါတယ်။
  • 3:43 - 3:46
    အဲဒီလို ဒေသများဟာ အလှူရှင်နှင့်လက်ခံသူ
    တို့ဆီမှာ ဆင်တူသလို ရှိကြပါက၊
  • 3:46 - 3:50
    လက်ခံသူရဲ့ ကိုယ်ခံစနစ်က အလှူရှင်ရဲ့
    ဆဲလ်တွေကို လက်ခံဖြစ်ဖို့ များပါတယ်။
  • 3:50 - 3:54
    ဒီလိုဗီဇများက အမွေဆက်ခံမှု ဖြစ်လို့၊ မွေး
    ရင်းများကြား တိုက်ဆိုင်မှု အကောင်းဆုံးပါ။
  • 3:54 - 3:58
    အများအားဖြင့် ရိုးတွင်းခြင်ဆီ အစားထိုး
    ကုသဖို့ လိုအပ်မှုတဲ့ လူနာတို့ဟာ
  • 3:58 - 4:00
    လိုက်ဖက်တဲ့ မိသားစုဝင်တွေ မရှိတတ်ကြပါ။
  • 4:00 - 4:03
    အဲဒီလို လူနာတွေဟာ မှတ်ပုံတင်ထားကြတဲ့
    စေတနာ့ဝန်ထမ်း
  • 4:03 - 4:06
    ရိုးတွင်းခြင်ဆီ လှူဒါန်းလိုသူတို့ဆီ
    ချဉ်းကပ်ကြရပါတယ်။
  • 4:06 - 4:10
    ကိုက်ညီမှု ရှိမရှိကို သိရဖို့အတွက်
    ပါးထံမှ ခြစ်ယူမှုကို စမ်းသပ်ကြည့်ရန်ပါပဲ။
  • 4:10 - 4:12
    အများအားဖြင့် အရိုးခြင်ဆီကို ပေးလှူမှုဟာ
  • 4:12 - 4:15
    သွေးကို ပေးလှူမှုထက် ပိုမခက်ခဲပါဘူး။
  • 4:15 - 4:17
    ဒါဟာဖြင့် တစ်ယောက်ယောက်ရဲ့
    အသက်ကို
  • 4:17 - 4:20
    လုံးဝအသစ် ပြန်လည်ပေါ်ထွန်းလာမယ့်
    ရင်းမြစ်ဖြင့် ကယ်တင်ပေးနိုင်တဲ့ နည်းပါ။
Title:
အရိုးများက သွေးကို ထုတ်လုပ်ပေးကြပုံ - Melody Smith
Speaker:
Melody Smith
Description:

သင်ခန်းစာ အပြည့်ကို ကြည့်ရန်- https://ed.ted.com/lessons/how-bones-make-blood-melody-smith

အရိုးများဟာ ကျောက်လို မာတယ်လို့ ထင်ရပေမဲ့၊ ၎င်းတို့ဟာ အထဲမှာ ပွလျက် အပေါက်များ ရှိပါတယ်။ ကျုပ်တို့ရဲ့ အရိုးစုများထဲက အရိုးကြီးအများစုထဲတွင် အခေါင်းရှိပြီး ပျော့ရိုးတွင်း ခြင်ဆီနဲ့ ပြည့်နေတတ်ပါတယ်။ ခြင်ဆီကျပြန်တော့ ပင်မသွေးဆဲလ်တွေဟာ အဓိက အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်ပြီး leukemia နဲ့ lymphoma လို ကင်ဆာများအတွက် အကောင်းဆုံး အခွင့်အလမ်းမှာ အရိုးခြင်ဆီကို အစားထိုး ကုသပေးမှုပဲ ဖြစ်ပါတယ်။ အဲဒီ လုပ်ရိုးလုပ်စဉ် လုပ်ကိုင်ပုံကို Melody Smith မှ ရှင်းပြပေးထားပါတယ်။

Melody Smith ရဲ့ သင်ခန်းစာကို Artrake Studio မှ စီစဉ် တင်ဆက်ပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:21
Myo Aung approved Burmese subtitles for How bones make blood
Myo Aung accepted Burmese subtitles for How bones make blood
Myo Aung edited Burmese subtitles for How bones make blood
Sanda Aung edited Burmese subtitles for How bones make blood
Sanda Aung edited Burmese subtitles for How bones make blood
Sanda Aung edited Burmese subtitles for How bones make blood

Burmese subtitles

Revisions