Return to Video

ဆယ်ကျော်သက်တွေအတွက်ကျောင်းစချိန်ဘာကြောင့်နောက်ဆုတ်သင့်သလဲ

  • 0:00 - 0:03
    မနက် ၆ နာရီ
  • 0:03 - 0:04
    အပြင်ဖက်မှာ အမှောင်အတိ
  • 0:05 - 0:08
    ကျွန်မရဲ့ ၁၄ နှစ်သားလေးကတော့
    သူ့အိပ်ရာထဲမှာ အိပ်နေတုံး
  • 0:08 - 0:11
    ဆယ်ကျော်သက်တို့ရဲ့ ဘာကိုမှ
    ဂရုမထားတတ်တဲ့ အိပ်မောကျခြင်းမျိုးနဲ့ပေါ့
  • 0:12 - 0:16
    ကျွန်မမီးခလုတ်ကိုဖွင့်ပြီးတော့
    သနားစရာ သားလေးကိုလှုပ်နှိုးလိုက်တယ်
  • 0:16 - 0:19
    ဘာဖြစ်လို့လဲဆိုတော့
    အနာကပလာစတာကို ခွာသလိုမျိုးပဲ
  • 0:19 - 0:21
    မြန်မြန်ဆန်ဆန်ပြီးသွားတာက
    ပိုကောင်းတယ်လေ
  • 0:21 - 0:22
    (ရယ်မောသံ)
  • 0:22 - 0:25
    ကျွန်မသူငယ်ချင်းတစ်ယောက်ကတော့
    သူ့ရဲ့အိပ်နေတဲ့ကလေးကိုနိုးအောင်
  • 0:25 - 0:27
    "မီးဗျို့ မီး" လို့အော်တယ်တဲ့
  • 0:27 - 0:29
    နောက်တစ်ယောက်ကတော့ ကြံရာမရတော့လို့
  • 0:29 - 0:32
    သူ့သားလေးရဲ့ ခေါင်းပေါ်ကို
    ရေအေးတွေလောင်းချပြီး
  • 0:32 - 0:34
    အိပ်ရာကထအောင်လုပ်ရသတဲ့
  • 0:35 - 0:36
    တော်တော် ရက်စက်တာပဲနော်...
  • 0:36 - 0:38
    ဒါပေမဲ့ ရင်းနှီးတယ်လို့ မခံစားရဘူးလား။
  • 0:40 - 0:42
    မနက်တိုင်းကျွန်မကိုယ်ကျွန်မမေးတယ်
  • 0:42 - 0:44
    ကျွန်မ
  • 0:44 - 0:46
    သိထားတဲ့ပညာ
  • 0:46 - 0:48
    လုပ်နေတဲ့အလုပ်
  • 0:48 - 0:51
    ဒါတွေနဲ့ ကျွန်မသားကို
    ဒီလိုဘယ်နဲ့လုပ်နိုင်သလဲ
  • 0:51 - 0:52
    ဒီမှာ ကျွန်မက
  • 0:52 - 0:54
    အိပ်စက်ခြင်းဆိုင်ရာသုတေသီ
  • 0:54 - 0:56
    (ရယ်မောသံ)
  • 0:56 - 0:58
    ဒီတော့ကျွန်မကအိပ်တာနဲ့ပတ်သက်ပြီး
    အများကြီးသိထားတယ်
  • 0:58 - 1:01
    အိပ်ရေးပျက်ခြင်းရဲ့အကျိုးဆက်တွေကိုရောပေါ့
  • 1:01 - 1:02
    သားအရမ်းလိုအပ်နေတဲ့
  • 1:02 - 1:05
    အိပ်ချိန်တွေကို ကျွန်မလုံလုံလောက်လောက်
    မပေးနိုင်တာကိုကျွန်မသိတယ်
  • 1:05 - 1:07
    သူကဖွံ့ထွားနေဆဲ ဆယ်ကျော်သက်လေးလေ
  • 1:07 - 1:10
    သူ့ကိုနှိုးလိုက်ခြင်းအားဖြင့်
  • 1:10 - 1:14
    သူ့ရဲ့ဇီဝအချိန်ထက်အများကြီးကြိုပြီး
    သူ့ကိုအဆင်သင့်ဖြစ်အောင်လုပ်ခိုင်းလိုက်ရတယ်
  • 1:14 - 1:17
    ကျွန်မကသူ့ရဲ့အိပ်မက်တွေကို
    တကယ်ပဲလုယူလိုက်ရတယ်
  • 1:17 - 1:19
    အိပ်မက်ဆိုတာ
  • 1:20 - 1:23
    သင်ယူခြင်း၊ မှတ်ဉာဏ်စုစည်းခြင်းနဲ့
  • 1:23 - 1:26
    စိတ်ခံစားမှုတည်ဆောက်ခြင်းတွေအတွက်
    အရေးကြီးတဲ့အပိုင်းပါ
  • 1:26 - 1:29
    ဒါပေမဲ့ အိပ်ချိန်မလုံလောက်တာ
    ကျွန်မကလေးတစ်ယောက်ထဲမဟုတ်ပါဘူး
  • 1:30 - 1:31
    အိပ်ရေးမဝခြင်းဟာ အမေရိကန်က
  • 1:31 - 1:34
    ဆယ်ကျော်သက်တွေအကြားမှာ
    ကပ်ရောဂါတစ်ခုပါပဲ
  • 1:34 - 1:39
    ၁၀ ယောက်မှာတစ်ယောက်သာ
    ၈ နာရီမှ ၁၀ နာရီအထိဆိုတဲ့
  • 1:39 - 1:40
    အိပ်စက်ခြင်းဆိုင်ရာပညာရှင်များနဲ့
  • 1:40 - 1:43
    ကလေးအထူးကုများရဲ့
    အကြံပေးချက်ကိုလိုက်နာနိုင်ပါတယ်
  • 1:43 - 1:45
    အခု ရှင်တို့တွေးနေတာက
  • 1:45 - 1:48
    "ဟူး တော်ပါသေးတယ်
    ငါတို့ကလေးက ၈နာရီအိပ်ရတယ်" လို့ဆိုရင်
  • 1:48 - 1:50
    မှတ်ထားပါ
  • 1:50 - 1:53
    ၈ နာရီဆိုတာ အကြံပြုချက်ရဲ့အနည်းဆုံးပါ
  • 1:53 - 1:55
    ရှင်တို့ကအောင်ရုံလေးပါ
  • 1:55 - 1:58
    ၈ နာရီဆိုတာ အမှတ်စာရင်းမှာ C ပဲရသလိုပေါ့
  • 1:59 - 2:02
    ဒီကပ်ရောဂါမှာပါဝင်တဲ့
    အကြောင်းအရာတွေကတော့အများကြီးပါ
  • 2:03 - 2:07
    ဒါပေမဲ့ ကလေးတွေအိပ်ရေးမဝအောင်
    ဟန့်တားနေတဲ့ အဓိကအချက်ကတော့
  • 2:07 - 2:10
    အများပြည်သူဆိုင်ရာမူဝါဒလေးတစ်ခုပါပဲ
  • 2:10 - 2:14
    ဟော်မုန်းတွေ အပေါင်းအသင်းအပျော်အပါးတွေ
    snapchat တွေမဟုတ်ပါဘူး
  • 2:16 - 2:17
    နိုင်ငံတစ်ဝှမ်းမှာ
  • 2:17 - 2:22
    ကျောင်းအများစုဟာ ၇နာရီခွဲ
    ဒါမှမဟုတ် ဒီထက်ပိုစောပြီး စကြပါတယ်
  • 2:22 - 2:26
    အဓိကကျတဲ့ကျန်းမာရေးအဖွဲ့အစည်းတွေက
    အကြံပြုတာကတော့
  • 2:26 - 2:30
    အလယ်တန်းနဲ့အထက်တန်းကျောင်းတွေဟာ
    ၈နာရီခွဲထက်ပိုစောပြီး မစသင့်ပါဘူးတဲ့
  • 2:31 - 2:35
    ဒီကျောင်းစချိန်စောတဲ့မူဝါဒဟာ
    အမေရိကန်ဆယ်ကျော်သက်တွေ အိပ်ချိန်ကို
  • 2:35 - 2:38
    ဘယ်လောက်များများ ဒါမှမဟုတ်
    ဘယ်လောက်နည်းနည်း
  • 2:38 - 2:41
    ရရှိလဲဆိုတာနဲ့
    တိုက်ရိုက်ဆက်နွယ်နေပါတယ်
  • 2:41 - 2:44
    ဒီမူဝါဒကပဲ ဆယ်ကျော်သက်တွေနဲ့
    မိဘတွေကို သူတို့ကိုယ်ကို
  • 2:44 - 2:46
    အခြေခံသဘောတရားအရ
    ဘယ်လိုမှမနိုင်နိုင်တဲ့
  • 2:46 - 2:49
    တိုက်ပွဲကိုတိုက်ခိုင်းနေပြန်တယ်
  • 2:49 - 2:51
    အပျိုဖော်လူပျိုဖော်ဝင်စ အချိန်မှာ
  • 2:51 - 2:55
    ဆယ်ကျော်သက်တွေဟာ
    ဇီဝအချိန်နှောင့်နှေးမှုနဲ့ကြုံရတတ်ပါတယ်
  • 2:55 - 2:57
    ဇီဝအချိန်က လူတွေ
    ဘယ်အချိန်မှာအနိုးကြားဆုံးနဲ့
  • 2:57 - 3:00
    ဘယ်အချိန်မှာ အအိပ်ချင်ဆုံးဆိုတာကို
    ဆုံးဖြတ်ပေးတဲ့အရာပါ
  • 3:00 - 3:03
    အဲတာက melatonin လို့ခေါ်တဲ့
    ဟော်မုန်းအတက်အကျနဲ့ဆိုင်တာပေါ့
  • 3:04 - 3:10
    ဆယ်ကျော်သက်တွေရဲ့ကိုယ်ထဲမှာ
    melatonin က ည ၁၁ နာရီလောက်မှာထွက်တယ်
  • 3:10 - 3:14
    လူကြီးတွေနဲ့ကလေးငယ်တွေထက်
    ၂ နာရီလောက်နောက်ကျပြီးမှထွက်တာ
  • 3:16 - 3:22
    အဲလိုဆိုတော့ ဆယ်ကျော်သက်တစ်ယောက်ကို
    မနက် ၆ နာရီမှာ နှိုးတာက
  • 3:22 - 3:25
    လူကြီးတစ်ယောက်ကို
    မနက် ၄ နာရီမှာ နှိုးတာနဲ့တူတယ်
  • 3:26 - 3:30
    ကံမကောင်းတဲ့နေ့တွေ
    ကျွန်မ မနက် ၄ နာရီ ထ ရရင်
  • 3:30 - 3:31
    ကျွန်မဟာဖုတ်ကောင်တစ်ကောင်ပါပဲ
  • 3:31 - 3:33
    ဘာလုပ်ဆောင်ချက်မှမလုပ်နိုင်ပါဘူး
  • 3:33 - 3:34
    ကောင်းကောင်းမစဉ်းစားနိုင်ဘူး
  • 3:35 - 3:36
    စိတ်လည်းရှုပ်တယ်
  • 3:36 - 3:38
    ကားလည်းမမောင်းသင့်ပါဘူး
  • 3:40 - 3:44
    ဒါပေမဲ့ အဲတာက အမေရိကန်ဆယ်ကျော်သက်တွ
    ကျောင်းရှိတဲ့နေ့တိုင်း ခံစားနေရတာဖြစ်နေတယ်
  • 3:44 - 3:47
    ဒီမှာ ကျွန်မတို့ပြောကြတဲ့
  • 3:47 - 3:52
    ဆယ်ကျော်သက်တွေနဲ့ ပတ်သက်တဲ့
    မနှစ်မြို့ဖွယ် အပြုအမူတွေဖြစ်တဲ့
  • 3:52 - 3:55
    စိတ်အပြောင်းအလဲမြန်တာ စိတ်ရှူပ်လွယ်တာ
    အပျင်းကြီးတာ စိတ်ဓာတ်ကျတာတွေဟာ
  • 3:55 - 3:59
    ကာလကြာရှည်စွာအိပ်ရေးမဝခြင်းရဲ့
    အကျိုးဆက်တွေ ဖြစ်နိုင်ပါတယ်
  • 3:59 - 4:02
    တာရှည်အိပ်ရေးပျက်ခြင်းစစ်ပွဲကို
    ဆင်နွှဲနေတဲ့ ဆယ်ကျော်သက်အများစုရဲ့
  • 4:02 - 4:04
    လျင်မြန်လွယ်ကူတဲ့အစားထိုးခြင်းကတော့
  • 4:04 - 4:07
    ကဖိန်းဓာတ်ပမာဏအမြောက်အများ
    သောက်သုံးခြင်းနည်းလမ်းပါ
  • 4:07 - 4:09
    ဆိုက်အကြီးဆုံးကော်ဖီခွက်ကနေ
  • 4:10 - 4:11
    ဒါမှမဟုတ် အားဖြည့်အချိုရည်တွေအနေနဲ့ပါ
  • 4:12 - 4:13
    အဲဒီတော့
  • 4:13 - 4:19
    ကျွန်မတို့ဆီမှာ ပင်ပန်းနေသလောက်
    စိတ်ကြွနေတဲ့ လူငယ်ထုတစ်ရပ် ရှိတာပေါ့
  • 4:22 - 4:25
    အိပ်ချိန်ကိုအကျိုးရှိစေမယ့်ေ
    ကျောင်းစချိန်ကို ထောက်ခံသူတွေက
  • 4:25 - 4:29
    ဆယ်ကျော်သက်အရွယ်ဆိုတာ ကြီးမားတဲ့
    ဦးနှောက်ဖွံ့ဖြိုးမှုဖြစ်တဲ့ကာလဆိုတာသိကြတယ်
  • 4:29 - 4:31
    အထူးသဖြင့် ဦးနှောက်ရဲ့
  • 4:31 - 4:34
    အဆင့်မြင့်တဲ့
    စဉ်းစားဆုံးဖြတ်နှိုင်မှုစွမ်းရည်တွေဖြစ်တဲ့
  • 4:34 - 4:39
    ဆင်ခြင်ခြင်း ပြသနာဖြေရှင်းခြင်း
    မှန်ကန်စွာဆုံးဖြတ်ခြင်း စတဲ့အပိုင်းတွေပေါ့
  • 4:39 - 4:42
    တစ်နည်းအားဖြင့်
    ဦးနှောက်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့
  • 4:42 - 4:47
    ရုတ်တရက်တုံ့ပြန်မှုနဲ့
    များသောအားဖြင့် အန္တရာယ်ရှိတဲ့လုပ်ရပ်တွေ
  • 4:47 - 4:50
    ဆယ်ကျော်သက်တွေရဲ့
    အမူအကျင့်တွေလို့ပြောနိုင်တဲ့
  • 4:50 - 4:54
    မိဘတွေအတွက်ပူပန်ကြောက်လန့်စေတဲ့ အရာတွေပါ
  • 4:55 - 4:56
    တခြားသူတွေလိုပဲ
  • 4:57 - 4:59
    ဆယ်ကျော်သက်တွေဟာလည်းအိပ်ရေးမဝတဲ့အခါ
  • 4:59 - 5:02
    သူတို့ရဲ့ဦးနှောက် ခန္ဓာကိုယ်နဲ့
    အပြုအမူတွေကိုအကျိုးသက်ရောက်စေပါတယ်
  • 5:02 - 5:05
    ရေတိုရော ရည်ရှည်မှာပါ
  • 5:05 - 5:07
    သူတို့ဟာစိတ်စုစည်းလို့မရဘူး
  • 5:07 - 5:09
    အာရုံတွေလွင့်တယ်
  • 5:09 - 5:13
    အများစုက အာရုံစူးစိုက်မှုအားနည်းပြီး
    စိတ်ကြွတဲ့ရောဂါလက္ခဏာတွေ ပြလာကြတယ်
  • 5:14 - 5:16
    တစ်ခုက လူငယ်တွေ
  • 5:16 - 5:19
    အိပ်ရေးမဝခြင်းရဲ့အကျိုးဆက်တွေက
    စာသင်ခန်းရဲ့ပြင်ပအထိပါသက်ရောက်တယ်
  • 5:19 - 5:22
    စိတ်မကောင်းစရာပါ
    စိတ်ကျန်းမာရေးချို့တဲ့မှုတွေဟာ
  • 5:22 - 5:25
    လူငယ်တွေမှာ အမြောက်အများဖြစ်နေပြီး
  • 5:25 - 5:27
    ဆေးသုံးစွဲမှုတွေ
  • 5:27 - 5:28
    စိတ်ကျရောဂါနဲ့
  • 5:28 - 5:30
    ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုတွေလည်း
    အပါအဝင်ပေါ့
  • 5:30 - 5:34
    ကျွန်မတို့ရဲ့LAဒေသတွင်းကျောင်းများမှ
    ဆယ်ကျော်သက်များကိုလေ့လာချက်အရ
  • 5:34 - 5:36
    ကောင်းကောင်းမအိပ်ရတဲ့ကလေးတွေဟာ
  • 5:36 - 5:40
    လွန်ခဲ့တဲ့လက အရက်သေစာသောက်စားမှု
    ၅၅% ပိုများပါတယ်
  • 5:41 - 5:45
    အထက်တန်းကျောင်းသား သုံးသောင်းကျော်
    ပါဝင်ခဲ့တဲ့ အခြားလေ့လာမှုတစ်ခုမှာတော့
  • 5:45 - 5:49
    မအိပ်လိုက်ရတဲ့နာရီတိုင်းဟာ
  • 5:49 - 5:52
    ဝမ်းနည်းခြင်း မျော်လင့်ချက်မဲ့ခြင်းကို
    ၃၈% ပိုခံစားစေပြီး
  • 5:53 - 5:57
    ကိုယ့်ကိုယ်ကိုအဆုံးစီရင်ရန်ကြိုးစားမှုကို
    ၅၈% ပိုများစေပါတယ်
  • 5:59 - 6:01
    ဒါတွေက မလုံလောက်သေးဘူးဆိုရင်
  • 6:01 - 6:03
    အိပ်ခွင့်မရတဲ့ကလေးတွေဟာ
  • 6:03 - 6:07
    သူများတွေထက်ပိုပြီး ကျွန်မတို့နိုင်ငံရဲ့
    ကပ်ရောဂါတွေကို ခိုလှုံခွင့်ပေးပါတယ်
  • 6:08 - 6:12
    အဲဒါတွေကတော့ အဝလွန်ခြင်း
    နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေပါ
  • 6:13 - 6:16
    နောက်အန္တရာယ်တစ်ခုက
    အိပ်ရေးမဝတဲ့ကလေးတွေကို
  • 6:16 - 6:18
    သူတို့ရဲ့အသစ်စက်စက်
    ယာဉ်မောင်းလိုင်စင်တွေနဲ့
  • 6:18 - 6:20
    လမ်းပေါ်ပေးတက်ခြင်းပါ
  • 6:20 - 6:25
    လေ့လာမှုများအရ တစ်ညမှာ
    ၅ နာရီထက်လျော့အိပ်ခြင်းဟာ
  • 6:25 - 6:30
    သတ်မှတ်ထားတဲ့ပမာဏထက်ပိုတဲ့
    အရက်တွေသွေးထဲမှာရှိနေတာနဲ့တူပါတယ်
  • 6:36 - 6:39
    အိပ်ချိန်ပိုရစေမယ့်
    ကျောင်းစချိန်ကိုထောက်ခံသူတွေနဲ့
  • 6:39 - 6:41
    ဒီပညာရပ်ဆိုင်ရာသုတေသီတွေက
  • 6:41 - 6:43
    သိပ္ပံနည်းကျပညာရပ်များစွာနဲ့
  • 6:43 - 6:47
    ကျောင်းစချိန်နောက်ဆုတ်ခြင်းရဲ့
    ကောင်းကျိုးများစွာကိုပြသထားပြီးကြပါပြီ
  • 6:47 - 6:49
    တွေ့ရှိချက်တွေကမငြင်းနိုင်စရာပါ
  • 6:49 - 6:51
    အိပ်စက်ခြင်းဆိုင်ရာပညာရှင်တစ်ယောက်အနေနဲ့
  • 6:51 - 6:54
    ကျွန်မဒီလိုအသေအချာပြောလို့ရတဲ့အချိန်
    ရှားပါတယ်
  • 6:55 - 6:59
    ကျောင်းစချိန်နောက်ကျတဲ့ဒေသက
    ကလေးတွေက အိပ်ချိန်ပိုရကြပါတယ်
  • 6:59 - 7:02
    အတိုက်အခံတွေအနေနဲ့ေ
    ကျောင်းစချိန်နောက်ကျရင်
  • 7:03 - 7:05
    ကလေးတွေက ပိုနောက်ကျမှ
    အိပ်ကြမယ်လို့တွေးမယ်ဆိုရင်
  • 7:05 - 7:06
    အမှန်က
  • 7:06 - 7:08
    သူတို့ရဲ့အိပ်ချိန်ကအတူတူပါပဲ
  • 7:08 - 7:10
    အိပ်ရာထတဲ့အချိန်ကနောက်ဆုတ်သွားတာပါ
  • 7:10 - 7:13
    ဒီတော့ပိုအိပ်ရတာပေါ့
  • 7:13 - 7:16
    ဒီကလေးတွေက ကျောင်းတက်ချင်စိတ်ပိုရှိကြတယ်
  • 7:16 - 7:20
    ဒေသတစ်ခုမှာ ကျောင်းပျက်နှုန်း
    ၂၅% အထိလျော့ကျသွားတယ်
  • 7:20 - 7:22
    ကျောင်းထွက်နှုန်းလည်း နည်းသွားတယ်
  • 7:22 - 7:26
    အံ့သြစရာမဟုတ်ပေမဲ့
    ပညာရေးမှာလည်းတိုးတက်လာပါတယ်
  • 7:26 - 7:31
    အဲဒီတော့ ဒီအချက်ဟာ အောင်မြင်မှုကွာဟချက်ကို
    လျော့ချဖို့ရည်ညွှန်းချက်တစ်ခုပါပဲ
  • 7:31 - 7:33
    သချာင်္နဲ့ စာဖတ်စွမ်းရည်ဘာသာရပ်
    စာမေးပွဲအမှတ်တွေ
  • 7:33 - 7:36
    ၂% ကနေ ၃% အထိတက်လာတယ်
  • 7:36 - 7:42
    ဒီဟာက အတန်းရဲ့ ကျောင်းသားအရေအတွက်
    သုံးပုံတစ်ပုံလျော့ချလိုက်တာလောက်စွမ်းပါတယ်
  • 7:42 - 7:45
    ဒါမှမဟုတ် စာသင်ခန်းထဲကသာမာန်ဆရာတစ်ယောက်ကို
  • 7:45 - 7:48
    အရမ်းထူးချွန်တဲ့ဆရာတစ်ယောက်နဲ့
    လဲလိုက်တာနဲ့တူပါတယ်
  • 7:48 - 7:51
    ကလေးတွေက ကိုယ်ရောစိတ်ပါ ပိုကျန်းမာလာတယ်
  • 7:51 - 7:53
    သူတို့ရဲ့မိသားစုတွေလည်း
    ပိုပျော်ရွှင်လာပါတယ်
  • 7:53 - 7:58
    ဆယ်ကျော်သက်လေးတွေရဲ့
    သာယာချမ်းမြေ့မှုကိုဘယ်သူကမကြိုက်ပဲနေမှာလဲ
  • 7:58 - 8:00
    စိတ်အလိုမကျတာဖြစ်တာတွေနည်းလေလေပေါ့
  • 8:01 - 8:03
    သူတို့ရဲ့ ပတ်ဝန်းကျင်လည်း
    အန္တရာယ်ပိုကင်းလာတယ်
  • 8:03 - 8:05
    ယာဉ်တိုက်မှုလျော့ပါးသွားလို့ပါ
  • 8:05 - 8:08
    ရပ်ကွက်တစ်ခုမှာ ၇၀% အထိလျော့သွားပါတယ်တဲ့
  • 8:09 - 8:12
    ဒီလိုကြီးမားလှတဲ့
    ကောင်းကျိုးတွေကိုကြည့်ပြီး
  • 8:12 - 8:13
    သင်က
  • 8:13 - 8:16
    ဘာစဉ်းစားစရာလိုလဲလို့တွေးနေမယ်ဆိုရင်
  • 8:16 - 8:20
    ကျွန်မတို့လူ့အဖွဲ့အစည်းအနေနဲ့
    ဒီအချက်ကို ဘာကြောင့်မေ့ထားတာလဲ
  • 8:22 - 8:25
    များသောအားဖြင့် ကျောင်းစချိန်ကို
    နောက်ဆုတ်ဖို့ ဆွေးနွေးကြတဲ့အခါ ပြောကြတာက
  • 8:26 - 8:28
    “ဆယ်ကျော်သက်တွေအတွက်
    ဘာကြောင့်နောက်ဆုတ်ပေးရမှာလဲ
  • 8:28 - 8:32
    တကယ့်ဘဝအတွက်အဆင်သင့်ဖြစ်အောင်
    သူတို့ကိုပိုပြီးတင်းကြပ်ရမှာမဟုတ်လား”
  • 8:32 - 8:35
    အဲလိုပြောတာက ၂နှစ်အရွယ်ကလေးမိဘကို
    ဒီလိုပြောတာနဲ့တူတယ်
  • 8:35 - 8:37
    “ဂျော်နီ့ကိုပေးမအိပ်နဲ့
  • 8:37 - 8:39
    သူ သူငယ်တန်းတက်ဖို့
    အဆင်သင့်ဖြစ်မှာမဟုတ်ဘူး”
  • 8:39 - 8:40
    (ရယ်မောသံ)
  • 8:42 - 8:46
    ကျောင်းစချိန်ကိုနောက်ဆုတ်တာက
    သွားလာပို့ဆောင်ရေးအတွက်စိန်ခေါ်မှုကြီးပါ
  • 8:46 - 8:48
    ကျောင်းသားတွေနဲ့သူတို့မိသားစုတွေအတွက်သာမက
  • 8:48 - 8:51
    လူနေမှုပတ်ဝန်းကျင်တစ်ခုလုံးအတွက်ပါ
  • 8:51 - 8:52
    ဘက်စကားလိုင်းတွေကိုပြင်ရမယ်
  • 8:52 - 8:54
    ပို့ဆောင်ရေးနှုန်းထားတွေမြင့်လာမယ်
  • 8:54 - 8:56
    အားကစားသင်တန်းတွေ
  • 8:56 - 8:58
    ကျောင်းမစခင်နဲ့ပြီးတဲ့အချိန်
    စောင့်ရှောက်မှုတွေပါ
  • 8:58 - 9:03
    ဒီဟာတွေကဒေသတစ်ခုပြီးတစ်ခု
  • 9:03 - 9:05
    ခဏခဏနိုင်ငံတစ်ဝှမ်းမှာ
  • 9:05 - 9:07
    ကျောင်းစချိန်နဲ့ပတ်သက်ပြီး
    ဆွေးနွေးတိုင်းပြောကြတာတွေပါ
  • 9:08 - 9:10
    ဒီအရာတွေဟာအမှန်တကယ်ပြဿနာတွေပါ
  • 9:11 - 9:14
    ဒါပေမဲ့ကျွန်မတို့ဖြေရှင်းရမယ့်ပြဿနာတွေပါ
  • 9:14 - 9:16
    ဆင်ခြေပေးနေလို့မရပါဘူး
  • 9:16 - 9:19
    ကျွန်မတို့ကလေးတွေအတွက်
    မှန်ကန်တဲ့အရာကိုမလုပ်ပေးခြင်းအတွက်
  • 9:20 - 9:25
    အလယ်တန်းနဲ့အထက်တန်းကျောင်းတွေ
    ၈ နာရီခွဲထက်ပိုစောပြီး မစဖို့
  • 9:26 - 9:28
    နိုင်ငံတစ်ဝှမ်းကဒေသတွေမှာ
  • 9:28 - 9:30
    ကြီးကြီးသေးသေး
    ဒီအပြောင်းအလဲကိုလုပ်ပြီးတဲ့အခါ
  • 9:30 - 9:34
    ဒီစိုးရိမ်မှုတွေဟာအခြေအမြစ်မရှိကြောင်း
  • 9:34 - 9:39
    အကျိုးအမြတ်တွေကသာလွန်ကြောင်းတွေ့ရပါတယ်
    ကျောင်းသားတွေရဲ့ကျန်းမာရေးနဲ့
  • 9:39 - 9:40
    လုပ်ဆောင်ချက်တွေပေါ်မှာပေါ့
  • 9:40 - 9:43
    ပြီးတော့လူထုတစ်ရပ်လုံးရဲ့
    ဘေးအန္တရာယ်ကင်းရှင်းမှုရောပါ
  • 9:44 - 9:46
    ဒီတော့ကာ မနက်ဖြန်မနက်
  • 9:46 - 9:51
    တိုက်တိုက်ဆိုင်ဆိုင် ကျွန်မတို့ရဲ့
    နာရီတွေကို ၁ နာရီ နောက်ဆုတ်နိုင်မယ်ဆိုရင်
  • 9:52 - 9:56
    အပို ၁နာရီကို မြိန်မြိန်ယှက်ယှက်
    အိပ်လိုက်ရတဲ့အခါ
  • 9:57 - 9:59
    နေ့တာဟာနည်းနည်းပိုရှည်လာတယ်
  • 10:00 - 10:02
    မျော်လင့်ချက်တွေနည်းနည်းပိုများလာတယ်
  • 10:03 - 10:07
    အိပ်စက်ခြင်းရဲ့ကြီးမားလှတဲ့စွမ်းရည်ကို
    တွေးကြည့်လိုက်ပါ
  • 10:08 - 10:10
    ပြီးတော့ ဘယ်လာက်ကောင်းတဲ့
    လက်ဆောင်ဖြစ်မလဲဆိုတာ
  • 10:10 - 10:14
    ကျွန်မတို့ကလေးတွေ
    သဘာဝအတိုင်းအိပ်ရာထနိုင်ပြီး
  • 10:14 - 10:17
    သူတို့ရဲ့ဇီဝတရားတွေနဲ့
    လိုက်လျောညီထွေနေနိုင်ရင်
  • 10:17 - 10:19
    ကျေးဇူးတင်ပါတယ်
  • 10:19 - 10:20
    အိပ်မက်လှလှမက်ကြပါစေ
Title:
ဆယ်ကျော်သက်တွေအတွက်ကျောင်းစချိန်ဘာကြောင့်နောက်ဆုတ်သင့်သလဲ
Speaker:
Wendy Troxel
Description:

ဆယ်ကျော်သက်များသည် အိပ်စက်ချိန် လုံလုံလောက်လောက် မရကြပါ။ ဤသို့ဖြစ်ရခြင်းမှာ Snapchat ကြောင့်သော်လည်းကောင်း၊ အပေါင်းအသင်း အပျော်အပါး ကြောင့်သော်လည်းကောင်း၊ ဟော်မုန်းများ ကြောင့်သော်လည်းကောင်း မဟုတ်ပဲ အများပြည်သူဆိုင်ရာမူဝါဒ ကြောင့်ဟု Wendy Troxel ကဆိုပါသည်။ အိပ်စက်ခြင်းဆိုင်ရာ သုသေတီ တစ်ဦး အနေဖြင့်လည်းကောင်း၊ လူနာများနှင့်တွေ့ဆုံလေ့ရှိသူ တစ်ဦး အနေဖြင့်လည်းကောင်း၊ ဆယ်ကျော်သက်တစ်ဦး၏ မိခင်တစ်ဦး အနေဖြင့်လည်းကောင်း သူမ၏အတွေ့အကြုံများမှ Troxel က ဆယ်ကျော်သက်များ၏ မနက်စောစော ကျောင်းစချိန်သည် ကလေးများကို သူတို့ဘဝ၏ အလိုအပ်ဆုံးအချိန်တွင် လုံလောက်သော အိပ်စက်ခြင်း မရရှိစေနိုင်ကြောင်း ဆွေးနွေးတင်ပြထားပါသည်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:33

Burmese subtitles

Revisions