Return to Video

ရာသီဥတုထိန်းသိမ်းဖို့ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်ချက်တွေ ကျွနု်ပ်တို့ရဲ့ အပြောနဲ့ကိုက်ညီအောင် လုပ်ကြပါစို့

  • 0:00 - 0:04
    (Video) Severn Cullis-Suzuki: နောင်လာမယ့်
    မျိုးဆက်ကိုယ်စား ကျွန်မထုတ်ပြောချင်ပါတယ်။
  • 0:05 - 0:09
    ကမ္ဘာတစ်ဝှမ်းရှိ ဆာလောင်လို့ ငိုနေကြတဲ့
    ကလေးတွေကို ဘယ်သူမှ နားမထောင်ကြလို့
  • 0:09 - 0:12
    အဲ့ကလေးတွေကိုယ်စား ကျွန်မ
    ပြောကြားပေးဖို့ ရောက်လာပါပြီ။
  • 0:12 - 0:15
    ကမ္ဘာကြီးပေါ်မှာ ထွက်ပြေးစရာ နေရာ
    မရှိတော့လို့ သေနေကြရတဲ့
  • 0:15 - 0:17
    မရေတွက်နိုင်တဲ့ တိရစ္ဆာန်တွေကိုယ်စား
  • 0:18 - 0:20
    စကားပြောဖို့ ရောက်လာတာပါ။
  • 0:20 - 0:23
    (Video) SCS: အိုဇုန်းလွှာထဲက
    အပေါက်တွေကြောင့်
  • 0:24 - 0:27
    ကျွန်မအခု နေရောင်ထဲ ထွက်ဖို့ကိုတောင်
    ကြောက်နေရပြီလေ။
  • 0:27 - 0:29
    ကျွန်မလေကို ရှုရမှာတောင် ကြောက်နေပြီ၊
  • 0:29 - 0:32
    လေထဲမှာ မသိနိုင်တဲ့
    ဓာတုပစ္စည်းတွေ ရှိနေနိုင်တယ်လေ။
  • 0:32 - 0:37
    ကျွန်မနေအိမ်ဖြစ်တဲ့ Vancouver ကို
    အဖေနဲ့ငါးမျှားသွားလေ့ရှိတယ်၊
  • 0:38 - 0:40
    လွန်ခဲ့တဲ့နှစ်အနည်းငယ် မတိုင်ခင်ကပေါ့၊
  • 0:40 - 0:43
    ကျွန်မတို့ ကင်ဆာဖြစ်နေတဲ့
    ငါးကို တွေ့ခဲ့ကြတယ်။
  • 0:44 - 0:48
    SCS: ကျွန်မအသက် ၁၂ နှစ်တုန်းက ဖြစ်ပါတယ်။
  • 0:48 - 0:51
    ၁၉၉၂ နှစ်မှာ၊ ကျွန်မကို
    ငါးမိနစ် အချိန်ပေးခဲ့ကြတာ
  • 0:51 - 0:55
    Rio de Janeiro မြို့မှာ ကုလသမ္မဂ ကမ္ဘာ
    ဂြိုဟ် ထိပ်သီးစည်းဝေးမှာ စကားပြောဖို့ပေါ့။
  • 0:55 - 0:58
    သူငယ်ချင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်
    ဆိုင်ရာအသင်းကို စဖွဲ့လိုက်ပြီး
  • 0:58 - 1:02
    ကျွန်မတို့ နိုင်ငံတကာ
    အစည်းအဝေးပွဲကြီးကို တက်ခဲ့ကြတယ်။
  • 1:02 - 1:04
    သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ
    ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ
  • 1:04 - 1:08
    လုပ်ကိုင်နည်းတွေ ပြောင်းလဲကြဖို့
    လူကြီးတွေကို ပြောပြဖို့ပါ။
  • 1:08 - 1:11
    အဲ့နှစ်မှာပဲ သိပ္ပံပညာရှင် ၁၇၀၀ တို့က
  • 1:12 - 1:16
    ကမ္ဘာ့သိပ္ပံပညာရှင်တွေရဲ့ လူသားများအား
    သတိပေးချက်ကို ဆွေးနွေးခဲ့ကြပြီး
  • 1:16 - 1:19
    လူသားတွေနဲ့ သဘာဝ ကမ္ဘာကြီးဟာ
  • 1:19 - 1:22
    ကပ်ဘေးဆီ ဦးတည်တဲ့ လမ်းကြောင်းဆီ
    သွားနေတာကို သတိပေးဖို့ပါ။
  • 1:22 - 1:25
    ဒီနေ့ခေတ်ထဲက Greta Thunberg နဲ့
    သူ့နဲ့ ရွယ်တူ ကလေးတွေလိုပဲ၊
  • 1:25 - 1:30
    ဆုံးဖြတ်ချက် ချမှတ်ကြသူတို့က သိပ္ပံပညာနဲ့
    အချက်အလက်တွေကို အခြေခံကြမယ်လို့ ယုံပါတယ်။
  • 1:30 - 1:32
    ပြီးတော့ အချက်အလက်တွေ
    ထောက်ပြနေကြတာက ကျွန်မတို့ရဲ့
  • 1:32 - 1:35
    ဂေဟစနစ်ကြီးဟာ ပြိုကွဲရေးဆီ
    ဦးတည်နေတာကိုပါ။
  • 1:36 - 1:39
    (Video) SCS: ဒါက ကျွန်မတို့
    မျက်စိ‌ရှေ့မှာကို ဖြစ်ပျက်နေတာပါ၊
  • 1:39 - 1:43
    ပြီးတော့ ကျွန်မတို့ရဲ့ ပြုမူပုံက
    အချိန်တွေအများကြီး ရှိနေသလို
  • 1:43 - 1:45
    ဖြေရှင်းနည်းတွေ ရှိနေသလို မျိုးပါ။
  • 1:45 - 1:48
    SCS: အဲ့တုန်းက၊ ရာသီဥတု
    ပြောင်းလဲမှုတွေကို ဖော်ထုတ်နိုင်ခဲ့ပါပြီ၊
  • 1:48 - 1:52
    ဒါပေမဲ့ ကျွန်မတို့ အဲဒါကို
    တကယ့်ကို ခံစားသိရှိဖို့ လိုပါသေးတယ်။
  • 1:52 - 1:55
    ဒီနေ့၊ အနှစ် ၃၀ ကြာသွားတဲ့ နောက်မှာ၊
  • 1:55 - 1:57
    ရာသီဥတုပြောင်းလဲမှု ဆိုတာ
    ခန့်မှန်းချက် မဟုတ်တော့ပါဘူး။
  • 1:57 - 2:03
    အဲ့တာ ဖြစ်ပျက်နေပြီး ပါရဂူတွေ
    ခန့်မှန်းခဲ့တာထက် ပိုမြန်ဆန်နေပါတယ်။
  • 2:03 - 2:05
    ကျွန်မတို့ အဲ့တာကို မရပ်တန့်နိုင်ခဲ့ဘူး။
  • 2:05 - 2:09
    ဒီနေ့ကျွန်မတို့ လုပ်ရမှာက အန္တရာယ်ကို
    လျော့ချနိုင်ဖို့ ကြိုးစားရင်း၊
  • 2:09 - 2:12
    ဆိုးဆိုးဝါးဝါး ဖြစ်မလာအောင်
    ကန့်သတ်ဖို့ အားထုတ်ကြရမယ်။
  • 2:12 - 2:16
    ၂၀၁၅ ခုနှစ်တွင် Paris မြို့မှာ
    တစ်ကမ္ဘာလုံး သဘောတူခဲ့တာက
  • 2:16 - 2:20
    ကမ္ဘာဂြိုလ်ရဲ့ ပူနွေးလာမှုကို ၁.၅ ဒီဂရီ
    ဆဲလ်စီယပ်အထိ ကန့်သတ်ပစ်ရေးကိုပါ။
  • 2:20 - 2:25
    အဲဒါကို ကျော်လွန်မှုက လူသားတွေရဲ့ ဘဝကို
    ကြီးမားစွာ ခြိမ်းခြောက်မှာမို့လို့ပါ။
  • 2:25 - 2:27
    ဒါကို လက်လှမ်းမီဖို့၊
  • 2:27 - 2:32
    လာမယ့် ၁ဝ နှစ်အတွင်းမှာ ကမ္ဘာ့့ ဓာတ်ငွေ့
    ထုတ်လွှတ်မှုကို တစ်ဝက် လျော့ချကြရမယ်။
  • 2:33 - 2:37
    (Video) SCS: ကျွန်မက ကလေးပဲဖြစ်သေးလို့
    ကျွန်မမှာ အဖြေတွေမရှိသေးပါဘူး၊
  • 2:37 - 2:41
    ဒါပေမဲ့ ရှင်တို့ပါ မသိကြတာကို
    ကျွန်မက ရှင်တို့ကို နားလည်စေချင်တယ်။
  • 2:41 - 2:46
    SCS: လူငယ်တွေက တော်လှန်ရေးတိုင်းရဲ့
    ရှေ့တန်းမှာ အမြဲပဲ ရပ်တည်လာခဲ့ကြတယ်။
  • 2:46 - 2:49
    ပြီးတော့ လူငယ်တွေ ကျွန်မကို မေးကြတာက
  • 2:49 - 2:52
    "မင်းရဲ့ မိန့်ခွန်းက တကယ်
    လုပ်နိုင်ခဲ့တာက ဘာများလဲ၊
  • 2:52 - 2:55
    ကိုယ်စားလှယ်တွေက လက်တွေ့မှာ
    နားမထောင်ကြတာ ဘာကြောင့်လဲ။"
  • 2:56 - 2:58
    ဟုတ်ပြီ၊ နောက်ကြောင်းပြန်ကြည့်ရင်၊
  • 2:58 - 3:01
    ညီလာခံ ကိုယ်စားလှယ်တွေဟာ
    နားထောင်ခဲ့ကြတယ်၊
  • 3:01 - 3:03
    ကျွန်မကိုတင် မကခဲ့ဘဲ၊
  • 3:03 - 3:07
    ပြောင်းလဲဖို့ လူထောင်ပေါင်းများစွာ
    တို့ရဲ့ အသံတွေကို နားထောင်ခဲ့ကြပါတယ်။
  • 3:07 - 3:11
    Rio က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေ၊
    စာရွက်စာတမ်းတွေကို ကြည့်ကြည့်ရင်၊
  • 3:11 - 3:13
    သိပ်ကို အခြေခံကျကြပါတယ်။
  • 3:13 - 3:17
    အဲ့ထဲမှာ ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲခြင်း
    ဆိုင်ရာ မူဘောင်သဘောတူညီချက်ပါဝင်ပြီး၊
  • 3:17 - 3:20
    လေထုထဲက ဖန်လုံအိမ်ဓာတ်ငွေ့
    စုစည်းမှု တည်ငြိမ်စေရန်နဲ့
  • 3:20 - 3:22
    ရာသိဥတု သဘာဝစနစ်ထဲ
    အန္တရာယ်များလှတဲ့
  • 3:22 - 3:26
    စွက်ဖက်မှုများကို ဟန့်တားပစ်ရန်
    ရည်ရွယ်ထားပါတယ်။
  • 3:26 - 3:29
    Paris သဘောတူညီမှု မတိုင်ခင်
    ၂၃ နှစ်လောက်တုန်းက
  • 3:29 - 3:36
    ၁၅၄ နိုင်ငံက တရားဝင် လိုက်နာရန် နိုင်ငံတကာ
    သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြတယ်။
  • 3:36 - 3:40
    (Video) SCS: ကျွန်မက ကလေးပဲဆိုပေမဲ့
    ဒီထဲမှာ ကျွန်မတို့အားလုံး အတူတူရှိနေပြီး
  • 3:41 - 3:45
    တစ်ခုတည်းသော ကမ္ဘာကြီးအတွက်၊ တစ်ခု
    တည်းသော ပန်းတိုင်အတွက် လုပ်ဆောင်ကြရမယ်။
  • 3:46 - 3:50
    SCS: ဒါဆို ကမ္ဘာကြီးက ဘာဖြစ်လို့
    မလုပ်ဆောင်တာလဲ။
  • 3:50 - 3:54
    အဲ့အစား၊ အစိုးရတွေက စီးပွားရေးကို
    တိုးတက်စေဖို့၊ စီးပွားရေး အကျိုးစီးပွားတွေ
  • 3:54 - 3:56
    အာရုံစိုက် လုပ်ကိုင်နေကြပြီး
  • 3:56 - 4:00
    လာမယ့် ရွေးကောက်ပွဲမှာ နိုင်ဖို့အတွက်
    ကြိုးစားကြမှာလည်း သေချာတာပေါ့။
  • 4:00 - 4:03
    ဒါက လူသားတို့ရဲ့ စီမံအုပ်ချုပ်မှုထဲက
    အကျပ်အတည်းကို ပြသနေပြီး၊
  • 4:03 - 4:06
    ကွန်မတို့ရဲ့ နိုင်ငံရေး စနစ်တွေက
    ပြည်သူတွေနဲ့ လာမယ့် မျိုးဆက်တို့ရဲ့
  • 4:06 - 4:12
    အကျိုးစီးပွား ရှေ့ရှုမယ့် ရေရှည် လုပ်ဆောင်
    ချက်တွေကို ရုပ်လုံးဖေါ်မပေးနိုင်ကြဘူး။
  • 4:12 - 4:14
    အခု ၂၀၂၀ ထဲ ရောက်နေကြပြီ။
  • 4:14 - 4:17
    ကျွန်မတို့ဆီမှာ လုပ်ကိုင်ဖို့
    လိုအပ်ချက်တွေ ရှိနေကြပါပြီ။
  • 4:18 - 4:21
    ကမ္ဘာကြီးပူနွေးလာမှုကို ကန့်သတ်ဖို့
    Paris သဘောတူညီမှု ရှိနေပါတယ်။
  • 4:21 - 4:25
    လူငယ်နဲ့ လူမှုရေးဆိုင်ရာ တရားမျှတရေး
    တောင်းဆိုချက်တွေ ရှိကြပါတယ်။
  • 4:25 - 4:27
    လုပ်ပိုင်ခွင့်တွေကို ရုတ်သိမ်းပေးဖို့
    တောင်းဆိုမှုတွေရှိတယ်။
  • 4:27 - 4:30
    ရာသီဥတု အရေးပေါ်ကိစ္စများ
    ဆိုင်ရာ တောင်းဆိုချက်တွေ ရှိတယ်။
  • 4:30 - 4:33
    ကျွန်မတို့မှာ သိပ္ပံပညာတွေ၊
    ဖြေရှင်းချက်တွေ ရှိနေပြီး
  • 4:33 - 4:37
    ကျွန်မတို့အားလုံး ရာသီဥတုြရဲ့
    ပြောင်းလဲမှုကို ခံစားနေကြရတယ်။
  • 4:37 - 4:40
    ကျွန်မတို့ Rio မြို့တုန်းကလို
    အခြေအနေမျိုးကို ရောက်နေကြတယ်။
  • 4:41 - 4:44
    အခုတော့ လုပ်ဆောင်ကြရမယ့် အချိန်ကာလပါ။
  • 4:44 - 4:47
    (Video) SCS: ဒါကို ဘယ်လို ဖြေရှင်းရမှာကို
    ရှင်တို့ မသိကြရင်၊
  • 4:47 - 4:50
    အဲဒါကို ဖျက်ဆီးနေတာကို ရပ်ပစ်ကြပါ။
  • 4:50 - 4:55
    SCS: ဒီနေ့ ကျွန်မတို့ လုပ်ဆောင်တာ အပြောနဲ့
    ကိုက်ညီရေးကို ဘယ်လို အာမခံပေးကြမလဲ။
  • 4:55 - 4:59
    အကျပ်အတည်း ကာလများ အတွင်းမှာ
    လူ့အဖွဲ့အစည်းဟာ တကယ့်ကိုပဲ
  • 4:59 - 5:02
    ပြောင်းလဲနိုင်စွမ်း ရှိတာကို
    သမိုင်းက ပြသခဲ့ဘူးပါတယ်။
  • 5:02 - 5:05
    စစ်တွေဖြစ်ခဲ့တဲ့ ကာလများတုန်းက၊
    စီးပွားရေး အကျပ်အတည်း ကာလများထဲ၊
  • 5:05 - 5:10
    ကပ်ရောဂါ ကျချိန်မှာ ကျွန်မတို့
    အဲဒီလို မြင်တွေ့ခဲ့ကြရတယ်။
  • 5:10 - 5:14
    ဒီနေ့တွင် ကျွန်မတို့ဟာ ကိုဗစ်-၁၉
    ကာလမျိုးမှာ နေထိုင်နေကြရတယ်နော်။
  • 5:14 - 5:18
    အစိုးရတွေနဲ့ မျက်နှာစာအသီးသီးမှ
    အဖွဲ့အစည်းတွေ
  • 5:19 - 5:22
    လျင်မြန်စွာ လက်တွဲ လုပ်ကိုင်နေကြတာကို
    ကျွန်မတို့ တွေ့မြင်နေရတယ်။
  • 5:23 - 5:26
    လူသားတွေက အရာရာတိုင်းကို
    ထိန်းချုပ်ထားနိုင်တယ်လို့ တွေးထင်ကြပေမဲ့၊
  • 5:27 - 5:29
    သဘာဝတရားတွေကသာ အားလုံးကို
    အဆုံးအဖြတ်ပေးနေတာကို
  • 5:29 - 5:34
    ကျွန်မတို့ အားလုံး ထပ်ပြီး
    သတိပေးခံလိုက်ကြရပါပြီ။
  • 5:34 - 5:40
    အသက်ရှင်ဖို့ သိပ္ပံပညာနဲ့ ကျွမ်းကျင်မှု
    အရေးပါတာကို ထပ်ပြီး သတိပေးခံခဲ့ကြရပြီ။
  • 5:40 - 5:43
    ကိုဗစ်-၁၉ က မမျှတမှုကို
    မီးမောင်းထိုးပြလိုက်ပြီး
  • 5:44 - 5:47
    ကျွန်မတို့ရဲ့ အခြေခံအဆောက်အအုံတွေ
    တရားမမျှတာကို ဖွင့်ထုတ်ပြသခဲ့ပါပြီ။
  • 5:48 - 5:49
    အဲဒါ သတိပေးချက်ပါပဲ။
  • 5:49 - 5:52
    ကျွန်မတို့ နားမထောင်ဘူး၊
    မပြောင်းလဲဘူး ဆိုရင်
  • 5:53 - 5:56
    နောက်တခါမှာ ဒီထက်
    များစွာမှ ပိုဆိုးလာနိုင်ပါတယ်။
  • 5:56 - 6:01
    (Video) SCS: "အဓိကက လုပ်ဆောင်ချက်ပါ၊
    အပြော မဟုတ်ဘူး" လို့ ဖခင်က ပြောတတ်ခဲ့တယ်။
  • 6:02 - 6:05
    ရှင်တို့ လုပ်ကိုင်နေကြပုံက
    ကျွန်မ ညတိုင်းမှာ ငိုစရာကြီးပါ။
  • 6:07 - 6:11
    ရှင်တို့ လူကြီးတွေက ကျွန်မတို့ကို ချစ်တယ်
    ဆိုကြပေမဲ့၊ ကျွန်မစိန်ခေါ်ချင်တာက
  • 6:11 - 6:15
    ကျေးဇူးပြုပြီး ရှင်တို့ လုပ်ဆောင်ချက်တွေ
    ရှင်တို့ရဲ့ အပြောနဲ့ကိုက်ညီပါစေ။
  • 6:15 - 6:20
    SCS: အဲဒီ နောက်ဆုံး မေတ္တာရပ်ခံချက်ဟာ
    Rio က ကျွန်မ မိန့်ခွန်းရဲ့ အကျဉ်းချုပ်ပါ။
  • 6:20 - 6:24
    ကျေးဇူးပြုပြီး၊ ရှင်တို့ လုပ်ဆောင်သမျှ
    ရှင်တို့ရဲ့ အပြောနဲ့ ကိုက်ညီပါစေ။
  • 6:24 - 6:29
    အခု ကျွန်မက သားနှစ်ယောက်ရှိတဲ့ မိခင်ပါ။
  • 6:30 - 6:34
    ရှင်တို့ထဲက မိဘတွေကို ကျွန်မပြောချင်ပါတယ်။
  • 6:34 - 6:39
    ကျွန်မတို့ မျိုးဆက်က ကျွန်မတို့ကလေးတွေရဲ့
    ဘဝကို ဆုံးဖြတ်ပေးနေကြတာပါ။
  • 6:39 - 6:43
    သိသာစွာ ပြောင်းလဲပစ်ဖို့အတွက်
    ကျွန်မတို့ဆီမှာ ၁၀ နှစ် အချိန်ရှိပါသေးတယ်။
  • 6:43 - 6:47
    ကျွန်မတို့ရဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုကို
    တစ်ဝက်လျော့ချဖို့ ၁၀ နှစ် အချိန်ရှိသေးတယ်။
  • 6:47 - 6:50
    ကျွန်မတို့ကလေးတွေကို တကယ်ချစ်ကြောင်း
    ပြသပေးဖို့ နည်းလမ်းက
  • 6:50 - 6:53
    ကျွန်မတို့ လုပ်ဆောင်ကြတာ
    ကျွန်မတို့ရဲ့ အပြောနဲ့ ကိုက်ညီဖို့ပါပဲ။
  • 6:54 - 6:57
    ကဲ၊ အခုတော့ လုပ်ဆောင်ကြရမယ့်
    အချိန် ရောက်လာပါပြီ။
  • 6:57 - 6:59
    ကျေးဇူးတင်ပါတယ်။
Title:
ရာသီဥတုထိန်းသိမ်းဖို့ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်ချက်တွေ ကျွနု်ပ်တို့ရဲ့ အပြောနဲ့ကိုက်ညီအောင် လုပ်ကြပါစို့
Speaker:
Severn Cullis-Suzuki
Description:

ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးသူ Severn Cullis-Suzuki က ‘‘အကျပ်အတည်းကာလမျိုးတွင် လူ့အဖွဲ့အစည်းဟာ တကယ့်ကိုပဲ ပုံစံပြောင်းလဲနိုင်စွမ်း ရှိတာကို သမိုင်းက ပြခဲ့ဘူးပါတယ်‘‘ လို့ ပြောပါတယ်။ လွန်ခဲ့တဲ့အနှစ် ၃၀ နီးပါးတုန်း ၁၂ နှစ်သာရှိခဲ့တဲ့ သူက ကုလသဂ္ဂရဲ့ ကမ္ဘာထိပ်သီး တွေ့ဆုံပွဲတွင် ကျွန်ုပ်တို့ ဂြိုဟ်ကြီးက ဂေဟစနစ် ကပ်ဘေးဆီ လျှောဆင်းနေတာကို တွန်းလှန်ပစ်ရေးဆိုတဲ့ မျှော်လင့်ချက်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံပွဲကို တက်ခဲ့ကြတဲ့ တချို့သူတို့က သူ့ပြောတာကို နာခံခဲ့ကြပြီး အခြေခံကျတဲ့ လုပ်ဆောင်ချက်တွေကို ရုပ်လုံးဖေါ်ခဲ့ကြပေမဲ့၊ ကျန်တဲ့ ကမ္ဘာကြီးကတော့ စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက်ရေး အတွက် လုပ်ငန်းတွေကို၊ နိုင်ငံရေးကို အရင်အတိုင်းပဲ လုပ်မြဲလုပ်ခဲ့ကြတာပါ။ အခုတော့ Cullis-Suzuki ကနေပြီး အနာဂတ်ဆိုင်ရာ နောက်သတိပေးချက် တစ်ခုကို မျှဝေလိုက်ပါတယ်။ ကိုဗစ်-၁၉ အကျပ်အတည်းကို သိရှိလာခဲ့ရတဲ့ နောက်မှာ - ကျွန်ုပ်တို့အားလုံးရဲ့ ရာသီဥတုပြောင်းလဲရေးဆိုင်ရာ လုပ်ဆောင်မှုတွေကို ကျွန်ုပ်တို့ရဲ့ အပြောနဲ့ ကိုက်ညီအောင် လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
07:06

Burmese subtitles

Revisions